← Chapters

အကြွင်းမဲ့သတ်ခြင်း

Vol. 35 Ch. 697

အကြွင်းမဲ့သတ်ခြင်း

Vol. 35 Ch. 697

ပွဲကြီးပွဲကောင်းဟုတ်လား။ ဘာပွဲလဲ။ အကြီးအကဲ ၂ ၏ အလိုလိုသိစိတ် သည် ကောင်းသည့်အရာမဟုတ်နိုင်ကြောင်း ပြောနေသည်။ သူ ကြယ်တာရာ လခြမ်းလဟာနယ်မှထွက်လာသည်မှာ လအနည်းငယ်ကြာပြီဖြစ်ကာ မစ်ရှင် နှစ်ခုလုံးမပြီးသေးပေ။ ပေယဲ့အားခြေရာခံလိုက်သည်မှာလည်း အလုပ်မဖြစ် သလို လေလံပွဲမှာလည်း အထမမြောက်ပေ။ သူသည် နတ်သခင်အား ပြန်ဖြေ ရန်အဖြေမရှိတော့ပေ။

လေလံပွဲပြီးသည့်နောက် ရတနာကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူတို့ သည် အရည်အချင်းမပြည့်မှီပေ။ တကယ်တော့ ဤလေလံပွဲတွင်ဖြစ်ပျက်ခဲ့ သမျှကို သူတို့ ဘဝတွင် မေ့နိုင်မည်မဟုတ်ပေ။

ပေထင်းဟွမ်၏ စကားများသည် အားလုံး၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲ နေခဲ့သည်။ တုန်ဖန်းအောင်နှင့် ရှီမန်ဆုန်းတို့ကဲ့သို့ ထူးချွန်သည့် အရည်အချင်း ရှိသူများကပင် ထိုလူငယ်သည် လက်ရှိထက်အမြင့်သို့ရောက်နိုင်မည်ဟု ထင်မြင်ကြသည်။ အတိအကျဆိုရလျှင် သူ့တွင် အကြောက်အလန့်ကင်းသော ဝိညာဉ်ရှိပြီး ကမ္ဘာ၏နတ်ဘုရးများကို ငြင်းပယ်နိုင်သောကြောင့် အဆင့်တက် နိုင်ခြင်းဖြစ်သည်။

နန်ကုန်းချန်းနှင့်တခြားသူများသည် ပေထင်းချင်းနှင့် အမြဲတမ်း ရှားစောင်းစေးနှင့် မျက်ချေးဖြစ်ခဲ့ကြသည်။ နှစ်ပေါင်းများစွာအတွင်းတွင် သူတို့ သည် တစ်ယောက်နှင့်တစ်ယောက် အထင်သေးခဲ့ကြသည်။ သို့သော် ယနေ့ သူတို့လေလံအိမ်သို့ ထွက်လာချိန်တွင် ထိုအဘိုးကြီးများသည် နှုတ်ဆိတ်နေပြီး ဘာမှမပြောခဲ့ကြပေ။ သူတို့၏စိတ်ထဲတွင် မည်သူကမှ ပေထင်းချင်းအား အားကျခြင်းမရှိပေ။ ပေထင်းမိသားစုတွင် ဤလူငယ်ရှိပါက သူတို့သည် အနာဂတ်တွင် တခြားမိသားစုများ၏ ခေါင်းဆောင် ကျိန်းသေပေါက်ဖြစ်လာနိုင် သည်။

ပေထင်းကျင်နှင့် တုန်ဖန်းကောက်တို့သည် ပေထင်းဟွမ်ပြောလိုက်သည့် စကားကိုကြားပြီးနောက် မတည်ငြိမ်နိုင်တော့ပေ။ သူတို့သည် အနည်းငယ် ပိန်ပါးသောလူငယ်အားကြည့်ကာ သူတို့၏စိတ်ထဲတွင် အတွေးတစ်ခုသာရှိနေ သည်။ သူသည် သူတို့၏ညီဖြစ်ပြီး သူငယ်ချင်းဖြစ်သည်။ သူတစ်ယောက်သာ အရည်အချင်းပြည့်မှီသည်။

ယန်ယဲ့၏လက်သည် သူမ၏ဦးခေါင်းကို ဖြည်းဖြည်းချင်းပွတ်သပ်ပေးနေ သည်။ သူသည် လက်ဆန့်ထုတ်ကာ သူမအား ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ သူမ ၏ ပခုံးပေါ် မေးစေ့တင်ထားလိုက်သည်။ “ဒီကမ္ဘာမှာ နတ်ဘုရားဆိုတာမရှိဘူး၊ ဒါပေမဲ့ ဟွမ်အာ မင်းကငါ့ရဲ့ ထာဝရနတ်ဘုရားမပဲ”

သူ့အသံသည် အလွန်နူးညံ့နေရာ မည်သူမှမကြားသော်လည်း ပေထင်းဟွမ် ကြားသည်။ ပေထင်းဟွမ်သည် ပြုံးပြီး လက်မြှောက်ကာ ယန်ယဲ့ ၏ နှာခေါင်းကိုဆိတ်လိုက်သည်။ သူမသည် မျက်လုံးများကွေးတက်သွားသည် အထိ ပြုံးလိုက်သည်။ သူမ ခေါင်းလှည့်လိုက်ရာ ယန်ယဲ့၏ မျက်လုံးများနှင့် ဆုံလေသည်။ သူမ၏ မည်းနက်သောမျက်လုံးများသည် နဂါးငွေ့တန်းကဲ့သို့ လှပပြီး တောက်ပသည် “ခင်ဗျားက ကျွန်တော့်စံပြပုဂ္ဂိုလ်ပါလို့ ပြောစေချင်ရင် အိပ်မက်မက်နေလိုက်”

သူ အိပ်မက်မက်နေလို့လား။ သူမ ပြန်လာကတည်းကပင် သူ အိပ်မက် မက်နေခြင်းဖြစ်မည်။ ဤအိပ်မက်မှ မနိုးတော့လျှင်လည်း အဆင်ပြေသည်။

တံခါးခေါက်သံထွက်ပေါ်လာကာ မိန်းမပျိုလေးများသည် ပေထင်းဟွမ် အနိုင်ရထားသည့် ပစ္စည်းများအားလုံးကိုသယ်ဆောင်လာသည်။ သူမ၏ လက် ထဲတွင် အကြွင်းမဲ့သတ်ခြင်း ဓားရှည်ကိုကိုင်ထားသည်။ ရှေးဟောင်းဓားကို ရှုပ်ထွေးသောပုံစံများဖြင့် ထွင်းထုထားကာ ကြည့်ရုံနှင့်တင် မူးဝေသွားစေ သည်။ သူမသည် လက်ချောင်းလှန်ကာ ဓားဆီသို့ သွေးတစ်စက်ချမည်အပြု တွင် ယန်ယဲ့သည် သူမ၏လက်ကိုဆုပ်ကိုင်ကာ မထင်မရှားအသိုက်တစ်ခုထဲသို့ သွေးစက်ချရာ သွေးဝင်သွားသည်နှင့် ဓားရိုနှင့် ဓားတို့ ဆက်သွယ်ပြီးသားဖြစ် သွားလေသည်။

ချက်ချင်းဆိုသလိုပင် သွေးကိုဝါးမျိုလိုက်ကာ ဓားသည် တောက်ပစွာ ထွန်းလင်းလာသည်။ ငွေရောင်အလင်းလက်လာပြီး ဓားပေါ်တွင် အသွား ၈ ခုပါ သော အတန်းနှစ်တန်းပေါ်လာသည်။ ၎င်းသည် လွှမ်းမိုးနိုင်လှသည်။

“သေစမ်း အဲတော့ ဒီဓားက သူ့သခင်ကို ဒီအတိုင်းအသိအမှတ်ပြုလိုက် ပြီပေါ့၊ မဟုတ်ဘူး၊ အားလုံးပေါင်း အသွား ၈ ခုရှိတယ်၊ ဒါ ဒါက ဖြစ်နိုင်လို့လား” တုန်ဖန်းကျောက်သည် ထိတ်လန့်ကာ မျက်လုံးများ ပြူးထွက်ကျတော့မလိုပင်။ သူသည် ဓားရိုးပေါ်မှ အသွားများကို တုန်ယင်သောလက်ချောင်းဖြင့် ညွှန်ပြ လေသည်။

အသွားပေါ်မှ အရည်အချင်းများကို အာရုံခံမိပြီး နဂိုက ထိတ်လန့်နေ သော ပေထင်းဟွမ်သည် တည်ငြိမ်စွာဖြင့် ခေါင်းခါလေသည် “မဟုတ်ဘူး ဒါက အသွား ၈ ခုပဲ ဒါပေမဲ့ အသွားက ၄ ခုပဲရှိတယ်၊ ကျန်တဲ့ ၄ ခုက ထူးဆန်းတယ် ဘာတွေဖြစ်နေလဲမသိတော့ဘူး”

ထိုသို့ပြောပြီးနောက် သူမသည် ယန်ယဲ့အား စူးစူးစိုက်စိုက်ကြည့်လိုက် သည်။ ဤဓားရှည်နှင့်ပတ်သက်ပြီး ယန်ယဲ့သာသိလိမ့်မည်ဟု သူမ ခံစားချက် တစ်ခုခုရနေသည်... “”

All Chapters