နတ်မိစ္ဆာစွမ်းအင်
Vol. 35 Ch. 698
အသွား ၈ ခုပါရှိသည်မှာ ၎င်းသည်နတ်ဧကရာဇ်အဆင့်လက်နက်ဖြစ် သည်။ ၎င်းသည် တိုက်ကြီးပေါ်တွင် ပေါ်မလာသည်မှာ အချိန်တစ်ခုကြာပြီဖြစ် သည်။ အသွား ၈ ခုရှိသော်လည်း ပေထင်းဟွမ်နှင့် အကြွင်းမဲ့သတ်ခြင်း၏ အသိ စိတ်တို့ ဆက်သွယ်လိုက်ချိန်တွင် အကွက် ၄ ခုသာ အသက်ဝင်လာသည်။ မည်သို့ဖြစ်သွားသနည်း။
ပုံမှန်အားဖြင့် ဝိညာဉ်လက်နက်တစ်ခုသည် ပိုင်ရှင်ကို အသိအမှတ်ပြုချိန် တွင် ဝိညာဉ်လက်နက်ပေါ်သို့ သွေးချလိုက်သည်နှင့် မည်သည့်နေရာတွင်မဆို ပြုလုပ်နိုင်သည်။ သို့သော် ယန်ယဲ့သည် သူမ၏လက်ကိုကိုင်ပြီး သေးငယ်သော အုံပေါ်သို့ သွေးစက်ချခဲ့သည်။
ထိပ်တန်းအထူးခန်းထဲတွင် မိန်းမပျိုအလှလေးများအပြင် တုန်ဖန်းကျောက်နှင့် ပေထင်းကျင်တို့သာရှိသည်။ သူတို့နှစ်ယောက်သည် သူတို့ကိုယ်သူတို့ သစ္စာဖောက်လျှင်တောင် ပေထင်းဟွမ်အား သစ္စာဖောက်မည့် လူများမဟုတ်ကြပေ။ ယန်ယဲ့သည်လည်း မိန်းမပျိုအလှလေးများကို ထိန်းချုပ် နိုင်သူဖြစ်သည်။
ပေထင်းဟွမ်ဆီမှ အကြွင်းမဲ့သတ်ခြင်းကိုယူပြီးနောက် ဓားသည် အရောင် လက်ကာ ၎င်း၏မူလရိုးရှင်းပြီး အသိစိတ်ကင်းမဲ့သော ပုံစံပြန်ဖြစ်သွားလေ၏။ ယန်ယဲ့သည် ဓားကို သူ၏ကျောက်စိမ်းနှင့်တူသော လက်ဖြင့်ပွတ်သပ်လိုက် သည်။ သူ့မျက်လုံးများထဲတွင် လေးလံသောအကြည့်တစ်ခုလက်သွားသည်။ သို့သော် သူသည် နှစ်ပေါင်းများစွာမတွေ့ရသည့် သူငယ်ချင်းနှင့် ပြန်တွေ့ဆုံရ သကဲ့သို့ စိတ်အေးလက်အေးဖြစ်သွားသည်။
“ဒီပြည်မကြီးမှာ သန့်စင်တဲ့သူက ဘယ်လောက်ပဲအားကောင်းပါစေ အလင်းအရည်အချင်းနဲ့ လက်နက်ကိုပဲသန့်စင်နိုင်မယ်၊ ဒီဓားရှည်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ဆင်းသက်လာပြီးတော့ အထူးသန့်စင်တဲ့သူက သန့်စင်ထားတာ၊ ဒီအသွားအတန်းလိုက်က နတ်မိစ္ဆာစွမ်းအင်ပဲ၊ သူတို့တွေက သွေးဆာတယ်၊ အဆိပ်နဲ့တိုက်ခိုက်နိုင်တယ်၊ နတ်ဘုရားလိုမျိုးစွမ်းပြီးတော့ ရှုပ်ထွေးတယ်၊ ဟွမ်အာ ဒီဓားရှည်ရဲ့ စွမ်းအင်အစစ်အမှန်ကို အာရုံခံနိုင်ရမယ်”
“နတ်မိစ္ဆာစွမ်းအင်လား နတ်မိစ္ဆာချီပေါ့” တုန်ဖန်းကျောက်သည် မျိုးနွယ် ကြီးလေးခုအတွင်းတွင် မွေးဖွားလာခဲ့ရာ ဤပင်မတိုက်ကြီး၏ ဒဏ္ဍာရီများ အကြောင်းကို သိသည်။ သူသည် ယန်ယဲ့အား မယုံကြည်နိုင်စွာဖြင့် မေးလေ သည် “အဲလိုဆိုရင် နတ်မိစ္ဆာချီက တကယ်ကြီးလား၊ ဒီပြည်မကြီးမှာ ဝိညာဉ် ကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာကျင့်ကြံသူတွေ တကယ်ရှိခဲ့တာပဲ”
သို့သော် ပေထင်းကျင်သည် တခြားပြဿနာတစ်ခုကို စိုးရိမ်နေတုန်းပင်။ “ဒဏ္ဍာရီတွေအရဆို လူတွေက ဒီတိုက်ကြီးပေါ်မှာ စွမ်းအင်တွေ မပြည့်စုံလို့ အဲဒီ ဘုံမှာ ကျင့်ကြံချင်ကြတာလို့ ပြောခဲ့တယ်၊ အဲဒါအမှန်ပဲလား”
ပေထင်းဟွမ်နှင့် တုန်ဖန်းအောင်တို့သည် ယန်ယဲ့အား စူးစမ်းမေးမြန်းရုံ အပြင်မတတ်နိုင်ပေ။
သူသည် ယန်းမြို့တော်မှဖြစ်သည်။ သူသည် ရွှံ့နွံ့သန့်စင်သောမြေကို ရောက်ဖူးသည်ဟု ဒဏ္ဍာရီအဆိုရှိသည်။ သူ၏စွမ်းအင်အရင်းအမြစ် မပြည့်စုံ သဖင့် သူသည် နတ်ဘုံကျွမ်းကျင်သူဖြစ်မလာခြင်းဟု ဒဏ္ဍာရီရှိသည်။ အမှန်ပင် လား။
ယန်ယဲ့ ထိုမေးခွန်းကိုမဖြေနိုင်လျှင် ဤတိုက်ကြီးပေါ်တွင် မည်သူမှ မဖြေ နိုင်လောက်ဟု ပေထင်းဟွမ် ခံစားနေရသည်။ ထို့အပြင် သူမ၏ဆရာဖြစ်သူ ကျောင်းအုပ်နန်လင်းပင်လျှင် ဝိညာဉ်သခင်ကြီးဘုံထိပ်ဆုံးအဆင့်တွင် ရပ်တန့် နေပြီး ဆက်လက်မလုပ်ဆောင်နိုင်ပေ။
ယန်ယဲ့သည် လက်မြှောက်ကာ နားထင်ကိုပွတ်ပြီးနောက် ခေါင်းညိတ် လေသည် “ဟုတ်တယ်၊ ဒီကမ္ဘာကြီးမှာ အလင်းပဲရှိပြီး အမှောင်မရှိဘူးဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ မင်းတို့ဘာသာတွေးကြည့်လို့ရတယ်၊ ရှေးခေတ်တွေ တုန်းက လူသားတွေကြားမှာ ဝိညာဉ်ကျင့်ကြံသူပိုများခဲ့တယ်၊ ငှက်နဲ့သားရဲ တွေက မှော်စွမ်းအင်ကျင့်ကြံခဲ့ကြတယ်၊ ဒါပေမဲ့ ဝိညာဉ်ချီနဲ့ နတ်မိစ္ဆာချီတို့က ဒီကမ္ဘာပေါ်မှာ ယှဉ်တွဲရှိခဲ့ကြတယ်၊ နောက်တော့ အကြောင်းအရင်းအမျိုးမျိုး ကြောင့်၊ နတ်မိစ္ဆာအရင်းအမြစ်က ပျောက်ကွယ်သွားပြီး နတ်မိစ္ဆာချီ ခြောက်ခမ်းသွားတယ်၊ နှစ်ပေါင်း တစ်သောင်းကြာပြီးသွားတော့ လူသား သွေးသားထဲမှာ နတ်မိစ္ဆာချီ တစ်စက်မှမကျန်တော့ဘူး၊ အဲဒါကြောင့် လူတွေက နတ်ဘုံအဆင့်ကို မဖြတ်ကျော်နိုင်တာပဲ”
“အမှန်ပဲ တကယ်ကြီးမှန်နေတာပဲ” တုန်ဖန်းအောင်သည် စိတ်ဓာတ်ကျ ပြီး ရူးမတတ်ပင်။ မျှော်လင့်ချက်ကုန်သော အမူအရာမှာ သူ့မျက်နှာတွင်ပေါ် လာရာ ပေထင်းဟွမ်သည် သူ၏ပခုံးကိုပုတ်လိုက်သည် “စိတ်မပူပါနဲ့ သူ့ကို ပြီးအောင်ပြောပါစေဦး”
ယန်ယဲ့သည် ပေထင်းဟွမ်အား လေးစားသောအကြည့်ဖြင့်ကြည့်သည်။ သူမသည် ဉာဏ်ကောင်းပြီး အထူးသဖြင့် တည်ငြိမ်သည်။ သူပြုံးပြီး သူ၏ ကျောက်စိမ်းဖြူရောင်လက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် သူတို့နှစ်ယောက်ရှေ့တွင် လက်ချောင်းနှစ်ချောင်းကို လှည့်လိုက်ရာ လက်ချောင်းများအကြားတွင် အနက်ရောင်မီးတောက်များ ထွက်လာသည်။ အခန်းတစ်ခုလုံးရှိအပူချိန်သည် ချက်ချင်းပင် ကျသွားသည်။ ထိုအနက်ရောင် မီးတောက်သည် အရာအားလုံးကို ဝါးမျိုနိုင်သည့်အလား အားလုံး၏ဝိညာဉ် အတွင်းနက်ပိုင်းသည် စတင်အေးခဲလာသည်။
“နတ်မိစ္ဆာ၊ နတ်မိစ္ဆာမီးတောက်တွေလား” တုန်ဖန်းကျောက်သည် ရုတ်တရက် နောက်ဆုတ်လေသည်။ သူ၏မျက်လုံးများတွင် ကြောက်လန့်မှု များဖြင့်ပြည့်နေကာ မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ပေါ်လာသည်… “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်းက တကယ်ကြီး နတ်မိစ္ဆာကျင့်ကြံသူလား”