နတ်မိစ္ဆာကျင့်ကြံခြင်း၊ နတ်မိစ္ဆာအရင်းအမြစ်ကျောက်၊ အမှောင်နတ်မိစ္ဆာကမ္ဘာ
Vol. 35 Ch. 699
“နတ်မိစ္ဆာကျင့်ကြံသူလား” ပေထင်းဟွမ်လည်း မမျှော်လင့်ထားပေ။ “ယဲ့ ကျွန်တော် ရှန့်မိသားစုက လန်ချန်ဖုန်းနဲ့တိုက်ခိုက်တုန်းက နောက်ဆုံးချိန်မှာ နတ်စွမ်းအင်ထဲကနှင်းဖြူက ကျွန်တော့်ကိုကယ်ခဲ့တာမှတ်မိသေးတယ်၊ အဲဒါ ကလည်း နှင်းဖြူကိုသန့်စင်တုန်းက ကျွန်တော့်ကိုကာကွယ်ဖို့ ချန်ထားခဲ့တဲ့ဟာ လို့ထင်ခဲ့တာ၊ ဒါပေမဲ့ အဲဒီနတ်စွမ်းအားက ဝိညာဉ်ကျင့်ကြံသူတွေပဲ ပိုင်တဲ့ဟာ မဟုတ်ဘူးလား”
မီးတောက်များသည် ယန်ယဲ့၏လက်ချောင်းများအကြားတွင် ပျောက်ကွယ်သွားသည် “ဟွမ်အာ မင်းအခု ဝိညာဉ်နဲ့ နတ်မိစ္ဆာဓားသိုင်းက ကျင့်နိုင်သလိုမျိုး ကမ္ဘာပေါ်မှာ အစကတည်းက ဝိညာဉ်နဲ့ နတ်မိစ္ဆာကျင့်ကြံသူ တွေရှိခဲ့တယ်၊ ဒီကမ္ဘာကြီးက မင်းအခုမြင်ရသလောက် မကြီးဘူး၊ မင်း ကျောင်း ပြိုင်ပွဲအောင်ရင် အကုန်လုံးပြောပြပါမယ်”
“အနာဂတ်က အချိန်နဲ့လေဟာနယ် အကြောင်းကိုလည်း ပြောပြလို့ရ တယ်၊ ကမ္ဘာကြီးက အရမ်းကြီးတယ် ဒါပေမဲ့ အခု မင်း...” စိတ်လိုက်မာန်ပါနှင့် တုန်ဖန်းကျောက်သည် ယန်ယဲ့၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ယန်ယဲ့သည် အထိအတွေ့ခံစားချက်ကို မကြိုက်လှပေ။ သူ့မျက်လုံးများသည် တုန်ဖန်းကျောက်၏လက်ဆီသို့ မကြည်ဖြူစွာရောက်သွားသည်။ တုန်ဖန်းကျောက်သည် ဓားသွားတစ်ခုဖြတ်သွားသကဲ့သို့ လက်ကောက်ဝတ်မှ အေးစိမ့်မှုကိုခံစားရလေသည်။ သူသည် အလျင်အမြန်ပင်လက်လွှတ်ပြီး ရေရွတ်လိုက်သည် “မင်း ပြောပြရမယ် ဘယ်လိုလုပ် နတ်မိစ္ဆာချီကို ကျင့်ကြံနိုင် တာလဲ”
“နတ်မိစ္ဆာကျင့်ကြံမှုလား” ယန်ယဲ့သည် နှာမှုတ်လေသည် “နတ်မိစ္ဆာ အရင်းအမြစ်ကျောက်ကို ဘယ်မှာသွားရှာမှာလဲ”
“ဒါဆို နတ်မိစ္ဆာအရင်းအမြစ်ကို ကျင့်ကြံဖို့ ဘယ်လိုရှာတွေ့ခဲ့တာလဲ” တုန်ဖန်းကျောက်သည် ပေထင်းဟွမ်သာရှိလျှင် ညအရှင်သခင်မှာ မည်မျှပင် အထင်ကြီးစရာကောင်းအောင် တော်စေကာမူ သူ့ကိုဘာမှမလုပ်နိုင်ဟု တွေး ထားသည်။
“အမှောင်နတ်မိစ္ဆာကမ္ဘာအကြောင်းသိလား” ယန်ယဲ့သည် သဲ့သဲ့ပြုံး လိုက်သည် “ငါ ရွှံ့နွံသန့်စင်တဲ့မြေကိုသွားဖူးတာ အမှန်ပဲ၊ ဒါပေမဲ့ မင်းတို့ ဝိညာဉ်ကျင့်ကြံသူတွေ လိုချင်တာ ဘာမှမရှိဘူး၊ ဒီပြည်မကြီးမှာက နတ်မိစ္ဆာ အရင်းအမြစ်ကျောက်တောင်မရှိဘူး၊ နတ်မိစ္ဆာအရင်းအမြစ်ကျောက်တုံးလိုချင် ရင် အမှောင်နတ်မိစ္ဆာကမ္ဘာကိုပဲသွားလို့ရမယ်”
“အမှောင်နတ်မိစ္ဆာကမ္ဘာဟုတ်လား၊ အဲဒါဘာလဲ” တုန်ဖန်းကျောက်သည် သူ့ခေါင်းသူရိုက်လေသည် “အန္တရာယ်ကြီးရှိတဲ့ ဒဏ္ဍာရီနေရာလား၊ အဲဒီနေရာ ကို အမှောင်နတ်မိစ္ဆာကမ္ဘာလို့ခေါ်တာမဟုတ်ဘူးလား”
ယန်ယဲ့ခေါင်းခါလေသည် “အန္တရာယ်ကြီးနယ်မြေဆိုတာက ပင်မတိုက် ကြီးထက် ပိုမြင့်တဲ့မန္တလာနယ်မြေကိုပြောတာ၊ ပြီးတော့ အမှောင်နတ်မိစ္ဆာ ကမ္ဘာက နတ်မိစ္ဆာကျင့်ကြံသူတွေအတွက် နယ်မြေပဲ၊ အထဲမှာ နတ်မိစ္ဆာ စွမ်းအင်တွေပေါများတယ်၊ ဒါပေမဲ့ ပင်မတိုက်ကြီးကနေ အမှောင်နတ်မိစ္ဆာ ကမ္ဘာကို ဝင်မယ်ဆိုရင် ပြန်မလာနိုင်တာလည်ဖြစ်နိုင်တယ်”
ဒါအဓိပ္ပာယ်မရှိလွန်းဘူးလား။
တုန်ဖန်းကျောက်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားကာ ပေထင်းကျင်သည် စိတ်ပျက်သွားသည်မှာ ထင်ရှားသည်။ ကျင့်ကြံခြင်းနောက် ကို သူတို့ငယ်စဉ်ကတည်းက လိုက်လာခဲ့သည်။ ယခုအခါ သူတို့လျှောက်နေ သည့်လမ်းသည် သေဆုံးမှအဆုံးသတ်မည်ဟု တစ်စုံတစ်ယောက်က ပြောနေ သည်။ သူတို့ ဘယ်လိုများအသက်ရှင်တော့မည်နည်း။
ပေထင်းဟွမ်သည် ယန်ယဲ့အား စိုက်ကြည့်ပြီးမေးလိုက်သည် “နတ်မိစ္ဆာ ရောင်ဝါကရော၊ ဝိညာဉ်ခွဲချောက်မှာတုန်းက ခင်ဗျားနဲ့အဂူးတို့တိုက်ခိုက်တုန်း က ခင်ဗျား နတ်မိစ္ဆာစွမ်းအင်သုံးခဲ့တယ်မလား၊ အဲဒီအနက်ရောင်စွမ်းအင် အမျိုးအစားလား”
ယန်ယဲ့သည် သူ၏အကြောကိုအနည်းငယ် ပင့်မြှောက်လိုက်သည်နှင့် ဝိညာဉ်ကျင့်ကြံသူများဆီမှ အဖြူရောင်ဝိညာဉ်စွမ်းအင် သို့မဟုတ် အပြာနုရောင် ဒြပ်စင်စွမ်းအင်ထွက်လာသကဲ့သို့ မြူခိုးမည်းအလွှာတစ်ခုသည် သူ့ပတ်ပတ်လည်တွင်ထွက်လာသည်။ ပေထင်းဟွမ်၏ မျက်ခွံများလှုပ်ခတ် သွားသည်။ ထိုနေရာတွင် ဤကဲ့သို့နတ်မိစ္ဆာစွမ်းအင်အမျိုးအစားရှိသည်ကို သူမ သိသည်။ သူမ၏လက်ပတ်ထဲတွင်လည်း ထိုအရာများနှင့် ပြည့်နေသည်။
“ဟွမ်အာ.. အဆင့်တက်ဖို့အတွက် ဆေးသန့်စင်တုန်းက မင်းကို ငါ ပြောခဲ့တာမှတ်မိလား” ယန်ယဲ့သည် လက်မြှောက်ပြီး ပေထင်းဟွမ်၏ ဦးခေါင်း ကို ပွတ်လေသည် “အဲဒီဝိညာဉ်နဲ့ နတ်မိစ္ဆာ စွမ်းအင်အမျိုးအစား နှစ်မျိုးကို စုပ်ယူတဲ့ ဆေးပင်ကို သုံးရင် အဆင့်တက်ဖို့အတွက် ဆေးသန့်စင်လို့ရမယ်ဆို တာလေ”
ပေထင်းဟွမ်သည် ဉာဏ်အလင်းပွင့်သွားသလိုပင်။ သူမ၏ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် လေဟာနယ်ထဲမှ ဝိညာဉ်၊ နတ်မိစ္ဆာချီတို့ ဖြစ်ကြသည်။ သူမသာ ထိုအရာသုံးခုကို ပေါင်းပြီး ဆေးသန့်စင်ပါက နတ်ဘုံ အဆင့်ကျွမ်းကျင်သူ ဖြစ်မလာမည်ကို စိုးရိမ်ရန်မလိုတော့ပေ။
ဆရာနန်လင်းသည်လည်း နတ်ဘုံအဆင့်သို့တက်ရန် မျှော်မှန်းချက်ရှိ သည်။ ဓားဂိုဏ်းထိပ်ဆုံးအဆင့်ရောက်နေသည့် ဆရာလန်ချန်းမိုလည်းရှိသည်။ သူမသည် သူမအနားမှ သူငယ်ချင်းများနှင့် မိသားစုကို ယခုလိုမျိုး တုန်ဖန်းကျောက်နှင့် သူမ၏အစ်ကိုကဲ့သို့ စိတ်ပျက်သွားမည်ကို မလိုလားပေ...