← Chapters

အံဝင်ခွင်ကျ၊ သူမနှင့်ရေစက်ပါခြင်း

Vol. 35 Ch. 700

အံဝင်ခွင်ကျ၊ သူမနှင့်ရေစက်ပါခြင်း

Vol. 35 Ch. 700

စိတ်ပိုင်းဖြတ်ပြီးနောက် ပေထင်းဟွမ်သည် ကျောင်းပြိုင်ပွဲပြီးသည်နှင့် အဆင့် ၆ နတ်ဆေးကို ဖြစ်နိုင်သလောက် မြန်မြန်သန့်စင်မည်ဟု ဆုံးဖြတ်လိုက် သည်။ သူမသည် အလွန်အမင်း စိုးရိမ်နေသည့် တုန်ဖန်းကျောက်နှင့် သုန်မှုန် နေသော ပေထင်းကျင်တို့အား အလျင်အမြန်ပြောလိုက်သည်။ “အစ်ကိုတုန်ဖန်း နဲ့ အစ်ကိုကြီး စိတ်မပူပါနဲ့ ကျွန်တော်ရှိတယ်၊ ဝိညာဉ်သခင်ကြီးဘုံထိပ်ဆုံး အဆင့်ရောက်ရင် နတ်ဘုံကိုအဆင့်တက်ဖို့က ကျွန်တော့်ကိုသာ အပ်ထားလိုက် တော့”

ပေထင်းဟွမ် လုပ်နိုင်သည့်အရာကို သူ မသိသော်လည်း ပေထင်းဟွမ်၏ စကားများသည် ဘာမှမလုပ်နိုင်လျှင်တောင် ပေထင်းကျင်အတွက် လုံလောက် နေပြီဖြစ်သည်။ သူသည် ချက်ချင်းပင် ပေထင်းဟွမ်၏ ဦးခေါင်းကို ပွတ်သပ် လေသည် “ဟုတ်ပြီ ရှောင်ကျို့ရဲ့ စကားတွေနဲ့ဆို နတ်ဘုံအဆင့်မတက်နိုင်ရင် တောင် ကျေနပ်ပါတယ်”

“သေစမ်း ညီအစ်ကိုတွေ ချစ်ပြနေလိုက်ကြတာ၊ မင်းတို့ကို ဂရုမစိုက် တော့ဘူး”တုန်ဖန်းကျောက်သည် ပေထင်းကျင်အား ပြောစရာစကားများ ပျောက်ဆုံးနေသည်။ ဤကဲ့သို့ ညီအစ်ကိုချစ်ခြင်းရှိလျှင် ပေထင်းဟွမ်အား မကောင်းကြံရန် ပို၍ဂရုစိုက်ရတော့မည်ဟု ခံစားနေရသည်။ သူသည် ဤလေးနက်သော အကြောင်းအရာကို ဆက်မပြောချင်တော့ပေ။ တုန်ဖန်းကျောက် ဆော်ဩလေသည် “မြန်မြန် မြန်မြန် ဒီအကြွင်းမဲ့သတ်ခြင်း မှာ ဘာစွမ်းအင်ရှိလဲဆိုတာ သိချင်သေးတယ်၊ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ”

ပေထင်းဟွမ်သည် အတန်ကြာအောင် မှင်တက်ပြီးနောက် သတိပြန်ဝင် လာသည်။ သူမသည် ယန်ယဲ့၏လက်ထဲမှ ဓားရှည်ကို ယူလိုက်သည်။ ဓားရှည် သည် သူမကို သခင်အဖြစ်အသိအမှတ်ပြုပြီးနောက်တွင် ဓားနှင့်သူမအကြား တွင် တစ်စုံတစ်ရာဆက်နွယ်မှုရှိသည်ကို ခံစားမိသည်။ ၎င်းသည် အသိဉာဏ် မဖွံ့ဖြိုးသေးသည့်ကလေးမှ မိခင်ဖြစ်သူအား မှီခိုနေခြင်းနှင့်တူသည်။

“မြန်မြန် ရှောင်ကျို့ ဘာစွမ်းအင်ရှိလဲဆိုတာ ပြောပါဦး၊ သေလိုက်ပါတော့ ဒီလိုမျိုး မိုက်လွန်းတဲ့လက်နက်ကို ငါတစ်ခါမှမတွေ့ဖူးဘူး၊ တိုက်ကြီးပေါ်က လူတွေက အထွတ်အမြတ်သားရဲ အတွင်းအမြုတေကို ဆုံးရှုံးရုံတင်မကဘဲ ဒီလို မိုက်တဲ့လက်နက်ကိုပါ မရလိုက်တာကိုသိရင် နောင်တရလို့ သွေးအန်လောက် တယ်” တုန်ဖန်းကျောက်သည် နောက်ဆုံးတွင် မတည်ငြိမ်နိုင်တော့ပေ။ သူသည် နောက်ကိစ္စတစ်ခုတွင် အာရုံရောက်သွားကာ စိတ်လှုပ်ရှားနေပြန်၏။

ရေခဲတုံးကဲ့သို့ အေးစက်သည့် ပေထင်းကျင်သည် ဤအခိုက်အတန့်တွင် မျက်လုံးထဲမှ မီးတောက်များတောက်နေသည်။ တိုက်ခိုက်ရေးသမားအတွက် အနီးစပ်ဆုံး အဖော်သည် လက်နက်များဖြစ်ကြသည်။ အားကောင်းသော လက်နက်ကို စိတ်မဝင်စားသည့်သူ မရှိကြပေ။

ပေထင်းဟွမ်သည် အနည်းငယ် အပြစ်မကင်းသလို ခံစားရသည်။ သူမ သာ ဤလက်နက်ကို စိတ်မဝင်စားလျှင် ပေထင်းမိသားစုမှ ခေါင်းဆောင်အို သည် ဤလက်နက်ကိုလေလံဆွဲပြီး သူမ၏ ၁၅ နှစ်ပြည့် မွေးနေ့လက်ဆောင် အစား သူမ၏အစ်ကိုကို ပေးလိမ့်မည်။

ထို့အပြင် သူမ၏မွေးနေ့သည် နှစ်လသုံးလလိုသေးသည်။

“ရှောင်ကျို့.. ဒီအကြွင်းမဲ့လက်နက်အတွက် သခင်အိုသာ လေလံမဆွဲရင် အစ်ကိုကြီးက မင်းအတွက်လုပ်ပေးမှာပါ၊ ရှောင်ကျို့ရဲ့မွေးနေ့ကရောက်တော့ မယ်၊ အစ်ကိုကြီးက ရှောင်ကျို့အတွက် ဘာလက်ဆောင်ပေးရမလဲဆိုတာ မစဉ်းစားရသေးဘူး” ပေထင်းကျင်သည် ဉာဏ်ကောင်းသည့်ဗီလိန်ဖြစ်သည်။ ထို့ကြောင့် ပေထင်းဟွမ်၏ အတွေးများကို နားလည်သည်။ သူသည် ပေထင်းဟွမ်အတွက် စိတ်ရင်းနှင့် ပျော်ရွှင်ပေးသည်။ သူသည် ဤလက်နက်ကို ပိုင်ဆိုင်ရသည်ထက်ပင် ပို၍ပျော်ရွှင်သည်။

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမသည် အစ်ကို ဖြစ်သူအတွက် လက်ဆောင်ပြင်ထားသော်လည်း ထုတ်ပေးရန် အခွင့်အရေးမရ ခဲ့ပေ။ သူမသည် လက်ပိုက်ကာ စိတ်ပြောင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဓားရှည်သည် ညကွပ်မျက်နှင့်တူသည့် အရွယ်အစားအဖြစ်ပြောင်းသွားလေ သည်။ ၎င်းသည် တခြားပုံစံဖြစ်သည်။

“ဝိုး” တုန်ဖန်းကျောက်သည် တအံ့တဩခေါင်းခါနေသည်။ “ဒါက မိုက် လိုက်တာ၊ ဒါက မင်းနဲ့လုံးဝအံဝင်ခွင်ကျပဲ၊ သေစမ်း ဒါကို ဘယ်သူသွန်းလုပ်တာ လဲ မင်းနဲ့ရေစက်ကိုပါနေတာ”

ပေထင်းဟွမ်သည်လည်း အထူးသဖြင့် အံ့အားသင့်မိသည်။ ညကွပ်မျက် သည်ယန်ယဲ့၏လက်ရာဖြစ်ပြီး အကြွင်းမဲ့သတ်ခြင်းသည် မည်သူ့လက်ရာဖြစ် သနည်း။ သူမသည် အတွေးပြောင်းလိုက်ရာ အကြွင်းမဲ့သတ်ခြင်းသည် ညကွပ်မျက်၏ ဓားတိုအရွယ်အစားကဲ့သို့ ဓားတိုအဖြစ်ပြောင်းသွားလေသည်။ ပေထင်းဟွမ်၏ ညွှန်ကြားမှုအောက်တွင် အကြွင်းမဲ့သတ်ခြင်း ပေါ်လာပြီးနောက် ပေထင်းဟွမ်၏ပတ်ပတ်လည်ကို အဖြူရောင်အလင်းတန်း များဖြင့် လွှမ်းခြုံသွားလေသည်။ အကြွင်းမဲ့သတ်ခြင်းသည် ယန်ယဲ့နှင့် ပတ်သက်နေလိမ့်မည်ဟု ပေထင်းဟွမ် သံသယမဝင်တော့ပေ...

All Chapters