ပထမဆုံး အလွှာကြားက စစ်ပွဲ အပိုင်း(၁)
Vol. 77 Ch. 1065
"ကျုပ်" အောင်းရှန်က ချက်ချင်းဆိုသလို ရှေ့တိုးလိုက်သည်။ သူက သူ့မျက်ဝန်းမှ သတ်ဖြတ်ငွေ့ကို ဖုန်းကွယ်ထားခြင်း မရှိပေ။ သူ သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် နေထိုင်ခဲ့စဉ်အခါက ထိုသိုင်းပညာရှင်များသည် သူ့ကို အမဲလိုက်ခဲ့ကြသည်။ အထူးသဖြင့် နဂါးမြင့်တက်ရေးဂိုဏ်းမှ ဖြစ်၏။ သူတို့က သူ့သွေး၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အသုံးပြုကာ သူတို့၏ နဂါးဖိနှိပ်ရေးကျမ်းကို သူတို့ဘိုးဘေးနှင့် ယှဉ်နိုင်သည့် အနေအထားတစ်ခုသို့ ရောက်အောင် ကျင့်ကြံချင်ကြသည်။ သို့သော် ယခု သူ့တွင် လက်စားချေဖို့ အခွင့်အရေးရလာပြီဖြစ်သည့်အတွက် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
"မင်း သေချာရဲ့လား" ဝမ်ဝေ့က မေးလိုက်သည်။ သူ သိထားသလောက် အောင်းရှန်သည် လက်နက်သန့်စင်နေဆဲ အနေအထားတွင် ရှိနေကာ စွမ်းအားကို တိုးမြှင့်ဖို့ အာရုံစိုက်ထားဆဲ ဖြစ်သည်။
"သေချာပါတယ်"
ဝမ်ဝေ့က တိတ်တဆိတ် ညည်းတွားလိုက်သည်။ သူက ဤစစ်ပွဲအတွင်း နတ်ဆိုးမျိုးနွယ်ကို ရှေ့ပြေးတပ်အဖြစ် မပို့လိုပေ။ ဤတိုက်ပွဲသည် တိုက်ခိုက်ဖို့ရာ အကျိုးမရှိကြောင်း မြင်တွေ့ပြီးသည်နောက်တွင် သိုင်းပညာအုပ်စိုးသူကမ္ဘာအား လက်လျှောဖို့ ဖြောင်းဖျလိုဆဲ ဖြစ်၏။
နတ်ဆိုးနှင့် လူသားမျိုးနွယ် အခြေအနေက ပိုမိုရှုပ်ထွေးသွားစေနိုင်သည်။
သို့သော်လည်း ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် သူက ထိုအရာသည် အသုံးမဝင်ကြောင်း တွေးလိုက်မိ၏။ ပြောရလျှင် ဤကိစ္စက ကမ္ဘာအချင်းချင်းကြားမှ ကိစ္စဖြစ်ပြီး လူသားမျိုးနွယ်က တခြားမျိုးနွယ်များနှင့် ဆန့်ကျင်နေခြင်း မဟုတ်ပေ။
"ကောင်းပြီ။ နောက်ထပ် ဘယ်သူရှိသေးလဲ"
"ကျွန်မလည်း ပါမယ်" ဟို့ဖုန်းဟွမ်က ရှေ့တိုးကာ ပြောလိုက်သည်။ ဤသည်က သူတို့၏ ရှေးဟောင်းမျိုးနွယ် ပြန်လည်ရှင်သန်ရေးအတွက် ပထမခြေလှမ်းဖြစ်သည့်အတွက် သူမက အကျိုးအမြတ်များစွာ ရယူချင်မိသည်။ တခြားသော ကမ္ဘာ့အသိုက်အဝန်းများက သူတို့၏ ချဲ့ထွင်မှုကို တားဆီးဖို့ရာ မဖြစ်နိုင်ကြောင်း မြင်တွေ့ပြီးသည်နောက်တွင် တခြားသော ကမ္ဘာများက ခုခံကြတော့မည် မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်ကလည်း စစ်ပွဲအစား သံတမန်ရေးရာကိုသာ အသုံးပြုဖို့ လိုလာလိမ့်မည်။ ထိုကြောင့် ဟို့ဖုန်းဟွမ်က ထိုစစ်ပွဲအတွင်း ပါဝင်ဆင်နွှဲပြီး အကျိုးအမြတ်များကို ရယူဖို့ ဆုံးဖြတ်ထားခဲ့သည်။
"ကောင်းပြီ။ မင်းတို့နှစ်ယောက်ကရော" ဝမ်ဝေ့က ဖုန်းဟွမ်နှင့် ရှုရှစ်ကို ကြည့်လိုက်သည်။
"ပိုများလေ ကောင်းလေပဲ။ ငါ ဒီစစ်ပွဲကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ချင်တယ်"
"ကျွန်မ တောင်းပန်ပါတယ်။ သိုင်းပညာအုပ်စိုးသူကမ္ဘာနဲ့ ဆက်ဆံရေးကြောင့် ကျွန်မ မပါတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။"ရှုရှစ်က လက်နှစ်ဖက်ယှက်ကာ ဦးညွတ်လိုက်သည်။ ရှုရှစ်အနေဖြင့် သူမအပေါ်သာ မူတည်ပါက ကျောင်းတော်အား တပ်ဖွဲ့များကို မစေလွှတ်ဖို့ တားဆီးမိလိမ့်မည်။ သို့သော်လည်း ဤစစ်ပွဲ၏ အကျိုးအမြတ်ကို နားလည်ထားသည့်အတွက် တားဆီးမည် မဟုတ်ပေ။
"ဒီကိုယ်တော်ကလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်မဆင်နွှဲတော့ပါဘူး။ ဒါပေမဲ့ ဂိုဏ်းရဲ့ ကိုယ်စား ကူညီဖို့အတွက် ဂိုဏ်းသားတွေကို စေလွှတ်ပေးပါမယ်။" ဖုန်းဟွမ်က ပုတီးစိပ်ရင်း ပြောလိုက်သည်။ သူက ယခုအခါ ဗုဒ္ဓဘာသာ၏ အဖွဲ့ခွဲအသစ်ကို အာရုံစိုက်ထားသည်ဖြစ်သည့်အတွက် သိသာသည့် အကျိုးအမြတ်များ ရှိနေသော်လည်း စစ်ပွဲအတွက် အာရုံမရှိပေ။ အရိုးသားဆုံးပြောရလျှင် သူက ဤစစ်ပွဲကို ဆန့်ကျင်မိ၏။ ပြောရလျှင် ဘုန်းကြီးများအား အကုသိုလ်များစွာ မဖြစ်လိုပေ။
နှမြောစရာကောင်းလှစွာဖြင့် သူသာ သူ့လူများကို မစေလွှတ်ပါက ပြစ်တင်ဝေဖန်ချက်များသာ ရရှိမည်ဖြစ်ကြောင်း သိထားသည်။ တချို့က သူသည် အင်အားကို ထိန်းသိမ်းကာ အခြေအနေကို အခွင့်ကောင်းယူလိမ့်မည်ဟု စွပ်စွဲကြလိမ့်မည်။ နောက်ဆုံးအနေဖြင့် ဂိုဏ်းသားများစွာက အကျိုးအမြတ်ကို မစွန့်ပစ်လိုကြပေ။
"ကောင်းပြီလေ" ဝမ်ဝေ့က ခေါင်းညိတ်ပြီး ထာဝရဦးသျှောင်နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်ကရော"
"ပင်လယ်မျိုးနွယ်က လူတွေကို စေလွှတ်ပေးမယ်ဆိုပေမယ့် ကျုပ်ကတော့ ပါဝင်ဆင်နွှဲမှာ မဟုတ်ပါဘူး"
"ကျုပ်ကလည်း ပါဝင်ဆင်နွှဲဖို့ ပြဿနာမရှိဘူးဆိုပေမယ့် သူတို့က ကျုပ်အကူအညီ လိုတယ်လို့တော့ မထင်ဘူး" ကျန့်ရှားက မလုံမလဲ ပြုံးကာပြောလိုက်သည်။ သူက ဤအခန်းထဲ လျှောက်လာစဉ်ကတည်းက ဟို့ဖုန်းဟွမ်၏ အကြည့်ကို သတိထားမိခဲ့သည်။ စစ်ပွဲအတွင်း ထိုအမျိုးသမီးက သူ့ကို တိတ်တဆိတ်ကြံစည်ကာ သတ်ပစ်မည်ကို စိုးထိတ်နေခြင်း ဖြစ်၏။ ထို့ကြောင့် သူက ဤအကြောင်းပြချက်ဖြင့် ဘေးဖယ်နေလိုက်ခြင်း ဖြစ်သည်။
ဝမ်ဝေက သူတို့ကို ကြည့်ပြီးသည့်နောက်တွင် ငြိမ်နေသည့် ဟို့ဖုန်းဟွမ်ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူ့ကို ပြန်ကြည့်လိုက်ပြီး
"အဲ့ဒါဆိုရင် ခင်ဗျားက အရန်အနေနဲ့ အသင့်ရှိနေပေါ့။ တစ်စုံတစ်ခု မထင်မှတ်ထားတာ ဖြစ်လာတယ်ဆိုရင် ခင်ဗျားကို အရင်ဆုံးခေါ်လိမ့်မယ်"
"အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားပါပေတယ်"
"အခု ငါတို့မှာ ထိပ်သီးအင်အားစုတွေလည်း ရလာပြီဆိုတော့ တိုက်ပွဲနဲ့ တိုက်ခိုက်ရေးဖွဲ့စည်းပုံကို ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးရအောင်" ဝမ်ဝေ့က ပြောလိုက်သည်။
"စစ်မက်ရေးရာအဆင့်ဇယားပေါ် မူတည်ပြီးတော့ တိုက်ပွဲခေါင်းဆောင်ကို ရွေးချယ်ထားတယ်"
သူ့လက်တစ်ချက်အဝှေ့တွင် တစ်စုံတစ်ယောက်က အခန်းအတွင်း လျှောက်လှမ်းလာခဲ့၏။ ထိုသူက ထျဲ့ကန် ဖြစ်ပေသည်။
ထျဲ့ကန်က အခန်းထဲ ရိုကျိုးစွာဦးညွှတ်လိုက်ပြီးသည့်နောက်တွင် လက်ဝှေ့လိုက်ပြီး ပုံရိပ်ယောင်တစ်ခုကို ထုတ်ပြလာခဲ့သည်။
"ရန်သူတွေက သူတို့ကမ္ဘာကို ဆင်းသက်ခွင့်ပြုမှာ မဟုတ်ဘူး။ အဲဒါဆိုတော့ သူတို့ရဲ့ ကမ္ဘာ့ကာကွယ်ရေးအစီအရင်ကို ကျော်ဖြတ်ဖို့က လွယ်ကူမှာတော့ မဟုတ်ဘူး" ထျဲ့ကန်က ပြောလိုက်သည်။
အကယ်၍ သူ့ခေါင်းဆောင်သာ ဝင်ရောက်စွက်ဖက်ခဲ့ပါက ဤသည်က ပြဿနာရှိမည် မဟုတ်ပေ။ သို့သော်လည်း ယခု ဤသို့ဖြစ်လာမည် မဟုတ်ပေ။
"အဲဒါဆိုတော့ ပထမဆုံးတိုက်ပွဲက သိုင်းပညာအုပ်စိုးသူကမ္ဘာရဲ့ အပြင်ဘက် လေဟာနယ်ထဲမှာ တိုက်ခိုက်ရလိမ့်မယ်။ အဲဒါကြောင့် ခင်ဗျားတို့တပ်ဖွဲ့တွေက အနည်းဆုံး ကမ္ဘာဦးစိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတွေ ပါရမယ်။ ပြီးတော့ သူတို့ကိုအသက်ရှင်ရက် ထားဖို့ အစီအရင်ကိုလည်း အသုံးပြုရမယ်"
လူများစွာက ထိုအချက်ကို မစဉ်းစားမိသည့်အတွက် အလေးအနက် နားထောင်နေကြသည်။ သူတို့က အလွှာကြားမှ စစ်ပွဲသည် မရိုးရှင်းကြောင်း သဘောပေါက်သွားကြ၏။ အသင်္ချေအင်ပါယာကမ္ဘာသည် အဆုံးမဲ့လေဟာနယ်ထဲမှ သီးသန့်ပိုင်းခြားထားသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ဤသို့သော ကိစ္စမျိုးကို ယခုမှ ကြုံတွေ့နေရခြင်း ဖြစ်၏၊
"တိုက်ပွဲမြေပြင်ကို လေးပိုင်း ခွဲခြားထားတယ်။ တစ်ခုချင်းစီကို အစီအရင်နဲ့ ကန့်သတ်ထားမယ်။"ထျဲ့ကန်က လေးလွှာ ပိုင်းခြားထားသည့် သုံးဖက်မြင် ပုံရိပ်ယောင်တစ်ခုကို ထုတ်ကာ ပြောလိုက်သည်။
"အောက်ဆုံးအပိုင်းက တပ်ဖွဲ့တွေ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ရမယ့်နေရာပဲ။ ဒုတိယတခုက တပ်မဟာရဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ထိန်းချုပ်ထားတာကို မခံချင်တဲ့ သေမျိုးတိုက်ခိုက်သူတွေအတွက်။ တတိယနေရာကတော့ မသေမျိုး တိုက်ခိုက်သူတွေအတွက်။ နောက်ဆုံးနေရာက ထာဝရတန်းစား ပုဂ္ဂိုလ်တွေအတွက်ပဲ။ မေးစရာ ရှိသေးလား"
"ကျုပ်မှာ မေးစရာတစ်ခုရှိတယ်" ကိုယ်စားလှယ်တစ်ဦးကပြောလိုက်သည်။
"တကယ်လို့ ရန်သူက ဒီလိုမျိုး ပိုင်းခြားထားတဲ့အတိုင်း လိုက်မလုပ်ရင် ဘယ်လိုလုပ်မလဲ"
"အဲဒါကြောင့် အစီအရင်တွေက အသုံးဝင်နေတာပေါ့။ သူတို့တွေကို စစ်ထုတ်ပြီးတော့ မှန်ကန်တဲ့နေရာမှာ ချထားပေးလိမ့်မယ်"
"သူတို့က အစီအရင်ကို ဖျက်ဆီးရင်ရော"
"အစီအရင်က အလွယ်တကူ ဖျက်ဆီးလို့မရဘူး။ အထူးသဖြင့် နေရာတစ်ခုချင်းစီက သေချာဖန်တီးထားတဲ့ ကမ္ဘာဖြစ်နေတဲ့အချိန်မှာပေါ့။ တကယ်လို့ ခင်ဗျားတို့သာ ကောင်းကောင်းလုပ်ရင် ရန်သူတွေက သူတို့ကိုဖျက်ဆီးဖို့ အစီအစဉ်ရော၊ အချိန်ရော ရှိမှာမဟုတ်ဘူး"ထျဲ့ကန်က ပြောလိုက်သည်။
"ဘာမေးစရာရှိသေးလဲ"
လူတချို့က မေးခွန်းများစွာရှိနေစဉ် ထျဲ့ကန်က အားလုံးကို ဖြေဆိုပေးခဲ့သည်။ နောက်ဆုံးတွင် သူက ပြောလိုက်၏။
"သူတို့ရဲ့ ခုခံကာကွယ်မှုကို ချိုးဖောက်ပြီး ကမ္ဘာထဲဝင်ဖို့ အစီအစဉ်အသစ်ကို ဆွေးနွေးကြမယ်။ နောက်ဆုံးအနေနဲ့ တစ်ပတ်ကြာပြီးတဲ့နောက်မှာ ထွက်ခွာကြမယ်။ အားလုံး အဆင်သင့်ပြင်ထားကြပါ။"
"အဲဒါက အချိန်မနည်းလွန်းဘူးလား။"
" ဟင့်အင်း တကယ်တမ်းတော့ ကြာလွန်းတယ်။"ထျဲ့ကန်က ပြောလိုက်သည်။
"အချိန်ကွာဟမှုကြောင့် ၇ရက်ကြာမြင့်ပြီးတဲ့နောက်မှာ ရန်သူရဲ့ ကမ္ဘာမှာ သုံးလကြာမြင့်သွားလိမ့်မယ်"
ထိုအချက်က လူများစွာ၏ စိတ်ထဲ ဝင်ရောက်လာသည်။ ယခုအခါ သူတို့က အချိန်နည်းပါးကြောင်း သဘောပေါက်သွားကြ၏။ တချို့ဉာဏ်ရှိသည့် ကိုယ်စားလှယ်များက ကောင်းကင်ဧကရာဇ်ကို ကြည့်ကာ ဤပြဿနာကို တစ်စုံတစ်ခု ဖြေရှင်းဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြသည်။ သို့သော်လည်း ဝမ်ဝေ့က မလိုအပ်သရွေ့ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
လူများစွာက ထိုအချက်ကြောင့် စိတ်သက်သာရာရသွားမိကြ၏။ သူတည်ရှိမှုက သူ တစ်ယောက်တည်းဖြင့် အလုပ်ပြီးဆုံးနိုင်ကြောင်း ဆိုလိုနေသည့်အတွက် သူတို့အတွက် ဘာမှရရှိစရာ ကျန်မည် မဟုတ်ပေ။
ထျဲ့ကန်က သူ့နေရာသူ ပြန်ယူလိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။
"မြေကမ္ဘာအဆင့် ကျွမ်းကျင်အတတ်ပညာရှင်တွေအားလုံးက အိပ်မက်လောကထဲမှာ တွေ့ဆုံရမယ်။ မင်းတို့တွေအားလုံးက ဒီစစ်ပွဲအတွက် ပစ္စည်းတွေကို သန့်စင်ဖို့ မီးပြင်းဖိုနဲ့ အလုပ်လုပ်ကြမယ်။"
အိပ်မက်လောကက လုပ်ဆောင်ချက်အသစ် ရှိလာတာလား...
ရှုရှစ်က တွေးလိုက်မိသည်။ ဤသတင်းအချက်အလက်ကို သူမသာလျှင် သတိထားမိခြင်း မဟုတ်ပေ။
"ဒီစစ်ပွဲအတွင်းမှာ အသုံးပြုတဲ့ အရင်းအမြစ်တွေကို စစ်မက်ရေးရာ ကုသိုလ်အဖြစ် ထည့်တွက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပမာဏကို မှတ်တမ်းတင်ထားပြီးတော့ အားလုံးက နောက်ပိုင်းမှာ ပြန်လည်ဆုချီးမြှင့်ခံရမယ်။"ဝမ်ဝေ့က ပြောလိုက်သည်။
"အခု တစ်စုံတစ်ယောက်က မေးခွန်းမရှိသရွေ့ ဒီနေ့တော့ ဒီလောက်ပဲ" မည်သူကမှ အရာအားလုံးကို တဲ့တိုးဆန်ဆန် ရှင်းပြထားပြီးသားဖြစ်သည့်အတွက် မည်သူကမှ မေးစရာမရှိတော့ပေ။ ထို့ကြောင့် ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး တာအိုဆရာအမြဲစိမ်းဆီ ထိုကမ္ဘာကို အုပ်စိုးပြီးသည်နှင့် နယ်ခံများအပေါ် ဘယ်လိုဆက်ဆံရမည့် ကိစ္စအရေးကို သတင်းစကားပို့ဆောင်လိုက်သည်။
"နောက်ဆုံးအနေနဲ့"ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
" ဒီလောက်ကြာမြင့်ပြီးတဲ့နောက် ငါတို့ကမ္ဘာက ဒီစစ်ပွဲနဲ့ အဆုံးမဲ့လေဟာနယ်ထဲ တရားဝင် ပထမဦးဆုံး ပြန်လည်ဝင်ရောက်လာမှုပဲ။ ငါတို့တွေ ကျရှုံးလို့ မဖြစ်ဘူး။ အထူးသဖြင့် တိုက်ခိုက်ရေးမှာပေါ့။ နားလည်ကြလား"
"ဟုတ်ကဲ့ အရှင်"
ဝမ်ဝေ့က အားလုံးကို ပြန်လွှတ်ပြီး ကိစ္စများနေသားတကျ ဖြစ်သွားသည်အထိ စောင့်ဆိုင်းနေသည်။ သူက ဤစစ်ပွဲအတွက် ရည်ရွယ်ချက်များစွာရှိပြီး အလွှာကြားစစ်ပွဲအကြောင်း လုံလောက်သည့် သတင်းအချက်အလက်များကို စုဆောင်းပြီး တိုက်ပွဲမျှော်စင်အတွင်း ထည့်သွင်းဖို့ရာ ဖြစ်သည်။ ထို့နောက် လူအားလုံးက တခြားသော စစ်ပွဲများကို လှုံ့ဆော်ပြီး တခြားသောချဲ့ထွင်မှုများတွင် တတ်နိုင်သမျှမြန်မြန် အကျိုးရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်။ ထို့ကြောင့် သူက ကွဲပြားသည့် နည်းဗျူဟာများကို အသုံးပြုဖို့ ပြင်ဆင်ထားပြီး သိုင်းပညာအုပ်စိုးသူကမ္ဘာက သူ အချက်အလက်များများ စုစည်းနိုင်ရန် ကောင်းကောင်းတိုက်ခိုက်ဖို့ရာ အထိ မျှော်လင့်ထားခဲ့သည်။
အစည်းအဝေးပြီးဆုံးပြီးနောက် သိပ်မကြာခင် စစ်မက်ရေးရာ နည်းဗျူဟာရှင်များက ခုံရုံးအတွင်း ရောက်ရှိလာကာ တိုက်ပွဲအခန်းအတွင်း ဝင်ရောက်သွားကြသည်။ တိုက်ပွဲ၏ တိုက်ရိုက်အခြေအနေကို ပြသထုတ်လွှင့်ပေးလိမ့်မည့် အစီအရင်ကိုလည်း ဖန်တီးထားပြီးသား ဖြစ်၏။
ကျွမ်းကျင်အတတ်ပညာရှင်များက စုစည်းပြီး စတင် အလုပ်လုပ်ကိုင်လိုက်ကြသည်။ မီးပြင်းဖိုများကို အဆုံးစွန်အထိ အသက်သွင်းထားကြသည်။ သူတို့က အထဲတွင် ကမ္ဘာကြီးတစ်ခုပါဝင်နေသည့်အတွက် တစ်ကြိမ်တည်း ဆေးလုံးတစ်လုံးထက်ပိုပြီးသန့်စင်နိုင်လေသည်။
ကျွမ်းကျင်အတတ်ပညာရှင် တစ်ယောက်ချင်းစီက သူတို့၏ထုတ်လုပ်မှု မြင့်မားစေဖို့အတွက် ဆန့်ကျင်ကျင့်ကြံသူအဆင့် ပုဂ္ဂိုလ်ကို စီမံခန့်ခွဲသူအဖြစ် ရွေးချယ်ထားကြသည်။
တစ်ကမ္ဘာလုံးက သက်ဝင်လှုပ်ရှားနေကြပြီး သေမျိုးများပင် အပါအဝင် ဖြစ်သည်။ သူတို့က အဆင့်နိမ့်တိုက်ပွဲအတွင်း (အဆင့် ၁ - ၄) ပါဝင်ဆင်နွှဲလိုကြကာ လူများစွာက အိပ်မက်လောကအတွင်း သူတို့၏ အမြင်ကို ထုတ်ဖော်ကာ ကောင်းကင်ဧကရာဇ်က ကြားဖို့ရာ မျှော်လင့်နေကြသည်။
သေမျိုးအတတ်ပညာ၊ အနုပညာ မျိုးနွယ်များက တိုက်ပွဲတွင် ဝင်ရောက်မဆင်နွှဲနိုင်သည့်အတွက် တိတ်ဆိတ်နေကြသည်။ သူတို့၏ ကမ္ဘာက တခြားကမ္ဘာကို ကျူးကျော်မည်ဖြစ်လေရာ ဗိမာန်ဆီမှာ စွမ်းအားကို သူတို့က ကျူးကျော်ဖို့ အသုံးပြုနိုင်မည် မဟုတ်ပေ။ ထိုကြောင့် သူတို့က ဘေးဘက်တွင်သာ ငြိမ်းအေးစွာ နေနေကြ၏။ သို့သော် အားလုံးက တိတ်ဆိတ်နေကြခြင်း မဟုတ်ပေ။
ပညာသင်ကျောင်းသား သို့မဟုတ် အတွေးအခေါ်ပညာရှင်များက ဤကျူးကျော်မှုနဲ့ ပတ်သက်ပြီး ကဗျာ၊ ဆောင်းပါး၊ စာအုပ်များကို ရေးသားကာ ကောင်းကင်ဧကရာဇ်၏ အပြုအမူများကို ဝေဖန်နေကြသည်။ ဝမ်ဝေ့က သူတို့ကို သတိထားမိခဲ့၏။
ထိုသူများက သူ့အား ကမ္ဘာမြေမှ ဧကရာဇ်၏ အပြုအမူများကို ဝေဖန်လေ့ရှိသည့် ကွန်ဖြူးရှပ်ပညာရှင်များကို ပြန်လည်အမှတ်ရသွားစေသည်။ သူတို့၏ ရည်ရွယ်ချက်က သမိုင်းကြောင်းအတွင်း နာမည်တစ်ခု ချန်ထားခဲ့ပြီး ဧကရာဇ်၏ ဂုဏ်ကျက်သရေကို ညှိုးနွမ်းအောင် လုပ်ဖို့ ဖြစ်သည်။
ထိုမိသားစုများက တူညီသည့် စိတ်သဘောထားမျိုး ရှိကြသော်လည်း ဝမ်ဝေ့က သူတို့အား မည်သူမှအမှတ်မရစေရန် သမိုင်းကြောင်းမှ ဖယ်ထုတ်ပစ်နိုင်ကြောင်း သဘောမပေါက်ကြပေ။ နောက်ဆုံးတော့ ဝမ်ဝေ့က သူတို့၏ အပြုအမူသည် သက်ရောက်မှု မရှိသည့်အတွက် လျစ်လျူရှုထားလိုက်၏။