← Chapters

ပထမဆုံး အလွှာကြားက စစ်ပွဲ အပိုင်း(၂)

Vol. 77 Ch. 1066

ပထမဆုံး အလွှာကြားက စစ်ပွဲ အပိုင်း(၂)

Vol. 77 Ch. 1066

ဝမ်ဝေ့က စစ်ပွဲအတွက် ချပ်ဝတ်နှင့် စစ်သားများကို ပြင်ဆင်နေသည့် လီကျွင်းကို သွားရောက်စစ်ဆေးခဲ့သည်။

"ဘာလို့ ဒီရောက်လာတာလဲ။ အလုပ်များနေတာ မဟုတ်ဘူးလား။" လီကျွင်းက မေးလိုက်သည်။

"မင်းကို လာကြည့်တာ"

"ကျွန်တော်ကို လာကြည့်တာလား။" သူ့စိတ်ထဲ အတွေးတစ်ခု ရုတ်ချည်း ပေါ်ထွက်လာသည်။

"ကျွန်တော်က ထျဲ့ကန်ကို ခေါင်းဆောင်ထားတာ သဘောမကျမှာ စိုးလို့လား"

"ဘာပဲဖြစ်ဖြစ် သေချာအောင်လို့ပါ။"

"ကျွန်တော် အဆင်ပြေပါတယ်။ သူက ထိုက်တန်တယ်လို့ ထင်တယ်"လီကျွင်းက ရှင်းပြလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်‌တော်က ဒီတိုက်ပွဲမှာ ပါနေရတာကို အတော်လေး သဘောကျနေပြီ။"

သူ့အကြည့်များက တိုက်ခိုက်လိုစိတ်၊ သတ်ဖြတ်ငွေ့ဖြင့် တောက်ပနေသည်။

“မင်းရဲ့ သတ်ဖြတ်ရေးလှံက သတ်ဖြတ်ရေးအ‌ငွေ့အသက်တွေကို စုပ်ယူဖို့ စီစဉ်ထားပြီးပြီလား"

"အင်းအဲဒါကို သီးသန့်အရင်းအမြစ် နည်းစနစ်အဖြစ် ပြောင်းလဲဖို့ စီစဉ်ထားတယ်။ အဲဒါကြောင့် တာအို သက်သေမပြခင် များများလေ့ကျင့်ပေးချင်တယ်"

"အဲဒါက အကြံကောင်းပဲ။"ဝမ်ဝေ့က ချီးကျူးလိုက်ပြီသည်နောက်တွင် သူ့လူများကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့က တပ်ဖွဲ့အပိုင်းမှာ ဆင်နွှဲမှာလား"

"မဟုတ်ဘူး။ ကျင်းမုန့်ယောင်က အဲဒီဘက်ကို တာဝန်ယူထားလိမ့်မယ်။ ကျွန်တော်က သေမျိုးတိုက်ခိုက်ရေးဘက်မှာ နေရာယူထားတာ" လီကျွင်းက သူသည် သေမျိုးတစ်ယောက်ဖြစ်နေသော်လည်း မသေမျိုး စွမ်းအားရှိထားခြင်းဖြင့် ထိုနေရာကို လွှမ်းမိုးဖို့ရာ အခွင့်ရှိလေသည်။ ထျဲ့ကန်၏ အစီအစဉ်များက ထိပ်သီးကောင်းကင်ရွေးချယ်ခံများအား ထိုနေရာသို့ ပို့ဆောင်ထားပြီး သိုင်းပညာအုပ်စိုးသူကမ္ဘာကို လွှမ်းမိုးစေဖို့ ဖြစ်သည်။

"သူကလား"

"သူက လှံတပ်ဖွဲ့ကို ဖန်တီးချင်တာလေ။ အဲဒါကြောင့် ကျွန်တော့်တပ်ဖွဲ့နဲ့ လေ့ကျင့်ဖို့ တောင်းဆိုခဲ့သေးတယ်။ သူက စစ်သူကြီးတစ်ယောက်အနေနဲ့ အတော်လေးတော့ ပါရမီရှိတယ်။"

"သူက ကိုယ်ပိုင်တပ်ဖွဲ့ရှိတာလား"

"သူက အဲ့လိုစီစဉ်ထားပေမယ့် အခုထိတော့ မရသေးဘူး"

"ကောင်းပြီလေ" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ကျင်းမုန့်ယောင်သည် ဂိုဏ်း၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ပြိုင်ဘက်ကင်း လှံတပ်ဖွဲ့ကို လေ့ကျင့်ပေးနိုင်ဖို့ မျှော်လင့်နေမိသည်။

"ချိုက်စုန့်ကရော"

"သူမက အမြောက်အများ ထုတ်တဲ့ဟာထက် သီးသန့်ဟာကိုပဲ အာရုံစိုက်တော့မယ်လို့ ပြောတယ်"

"ဟုတ်လား။ သူမက ရုတ်တရက် အနုပညာဝိညာဉ် ဖွဲ့စည်းသွားတာလား။"

"အနုပညာ ဝိညာဉ်တဲ့လား။ ပြောတာ ထူးဆန်းသားပဲ"လီကျွင်းက ပြောလိုက်သည်။

"ဒါပေမဲ့ အစ်ကိုကြီး ပြောတာမှန်တယ်။ သူမက သေမျိုးလက်မှုပညာတချို့ကြောင့် လှုံ့ဆော်မှုရပြီးတော့ အဲဒီကိစ္စမှာ ပိုအာရုံစိုက်ဖို့ ဆုံးဖြတ်ထားတာ"

"အဲဒါဆိုတော့ ငါတို့အတွက် ရုပ်‌သေးရုပ် အမြောက်အမြား ထုတ်လုပ်တာကို ရပ်တန့်လိုက်တာလား။ ဒါပေမဲ့ အဲဒီအကြောင်းကြားစာက ဘာလို့မရတာလဲ။"

"သူမက မရပ်ခဲ့လို့လေ။ အဲဒါက သူမရဲ့ အဓိကအာရုံစိုက်မှု မဟုတ်ပေမယ့် သူမရဲ့ အလုပ်ကိုတော့ မရပ်တန့်ခဲ့ဘူး။ ကိုယ်ပွားကို ချန်ထားခဲ့တယ်"

"အဲ့ဒါဆိုလည်း ကောင်းပြီလေ။" ဝမ်ဝေ့က အမြောက်အများ ထုတ်လုပ်သည့် အခြေစိုက်စခန်း ရပ်တန့်သွားသည်ကို ထင်မှတ်သွားခဲ့ခြင်း ဖြစ်၏။

သူက သူမကို စစ်ဆေးကြည့်ပြီး ပြဿနာမရှိအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လီကျွင်းနှင့် စကားစမြည်ပြောပြီးနောက် ချိုက်စုန့်ဆီ သွားကာ အရာအားလုံး အဆင်ပြေကြောင်း တွေ့လိုက်ရသည်။ သူမက ပိုမိုအားကောင်းကာ ထူးကဲသည့် ရုပ်‌သေးရုပ်များကို ဖန်တီးဖို့ အာရုံစိုက်ထားလေသည်။ ဝမ်ဝေ့က သူမ၏ အခြားအလုပ်မရပ်တန့်သရွေ့ အဆင်ပြေသည်။

သူက ခုံရုံးဆီ ပြန်လာကာ နောက်ဆုံးသော ပြင်ဆင်မှုများကို ကြည့်ရှုလိုက်သည်။

...................

ကြယ်တာရာသားရဲကမ္ဘာ

ထုံရို့ပင်းက လတ်တလော ခုံရုံးအစည်းအဝေးအကြောင်း သတင်းအချက်အလက်ကို လက်ခံရရှိလိုက်သည်။ သူမက မူလိန်ဆီ ပေးလိုက်စဉ် သူက ပြောလာသည်။

“မင်းရော ဘာတွေတွေးနေလဲ။”

“ကျွန်မတို့အတွက် စတင်ချဲ့ထွင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သေချာရဲ့လား”

“လတ်တလောလေးက မဖြစ်နိုင်ဘူးလေ”

ဟုတ်ပေသည်။ ထုံရို့ပင်းက သိထားသည်။ သူတို့၏ ကမ္ဘာက ထူးကဲကာ နေရခက်သည့် အနေအထားကြား ကျရောက်နေသည်။ ကြယ်တာရာသားရဲကမ္ဘာက ကုန်သွယ်ရေးဗဟိုချက်၏ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်သည်မှာ သူတို့သုံးစွဲသည့် အရင်းအမြစ်ပမာဏ အမြောက်အများကြောင့် ဖြစ်၏။ ဆက်တိုက်ဆိုသလို ကုန်သွယ်ရေးဗဟိုချက်က သူတို့၏ မဟာမိတ် ဝမ်ဝေ့၏ ရန်သူတော် ဖြစ်နေလေသည်။ ထိုအချက်က လူသိရှင်ကြား သိထားပြီးသား ဖြစ်၏။ တခြားနည်းဖြင့် ပြောရလျှင် ကြယ်တာရာသားရဲကမ္ဘာက တိုက်တန်ကြီးနှစ်ယောက် တိုက်ခိုက်သည့် ကြား ညှပ်နေသည်။

ကုန်သွယ်ရေးဗဟိုချက်ရှိ အတွင်းရေးပဋိပက္ခများက ရန်သူကို မဖြေရှင်းသရွေ့ မည်သည့်သူကမှ ကိုယ်ပိုင်ကောင်းကင်ခုံရုံးကို ဖွဲ့စည်းမည် မဟုတ်သလို ချဲ့ထွင်နိုင်မည်လည်း မဟုတ်ပေ။ ခြွင်းချက်ကမူ ကြယ်တာရာသားရဲကမ္ဘာ ဖြစ်၏။ သူတို့က ဆုံးဖြတ်ချက် မချခင်ကတည်းက ခုံရုံးကို တည်ထောင်ပြီးသား ဖြစ်လေသည်။ သို့သော်လည်း သူတို့က ပိုင်နက်ကို ချဲ့ထွင်လိုပါက အခြေအနေသည် ရှုပ်ထွေးသွားလိမ့်မည်။

ကုန်သွယ်ရေးဗဟိုချက်၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူတို့က စည်းမျဉ်းကို ချိုးဖောက်သည့်အတွက် ဂယက်ရိုက်မှု ဖြစ်လာနိုင်သည်။ အကယ်၍ ကုန်သွယ်ရေးဗဟိုချက်က ကြယ်တာရာသားရဲကမ္ဘာကို ပိတ်ဆို့ခြင်း သို့မဟုတ် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပါက ဝမ်ဝေ့သည် ထိုအကြောင်းပြချက်ကို သုံးကာ သူတို့နှင့် တိုက်ခိုက်လာလိမ့်မည်။

သူတို့က မူလိန်နှင့်် ထုံရို့ပင်းသည် စည်းမျဉ်းချိုးဖောက်သည်ကို လျစ်လျူရှုထားသည်ဟု မှတ်ယူထားလိုက်လျှင် … ဤသို့သော ကုန်သွယ်ရေးဗဟိုချက်၏ အနေအထာနှင့် လွှမ်းမိုးမှုက မှေးမှိန်သွားမည်ဖြစ်ကာ အဆုံးမဲ့လေဟာနယ်သည် ပထမဦးဆုံး ကောင်းကင်ဧကရာဇ်ထံ အကြောက်တရားနှင့် သတ္တိကြောင်သည့် အပြုအမူအဖြစ် မှတ်ယူကြလိမ့်မည်။

သူတို့၏ ကမ္ဘာက ဝမ်ဝေ့နှင့် ကုန်သွယ်ရေးဗဟိုချက်သည် တရားဝင်ချိုးဖောက်ပြီး စတင်တိုက်ခိုက်ပေးနိုင်ဖို့ ဆုံးဖြတ်ပေးနိုင်သည့် အဓိကသော့ချက်တစ်ခု ဖြစ်လာခဲ့၏။

“အခု အချိန် အကောင်းဆုံး လှုပ်ရှားဖို့က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေဖို့ပဲ” မူလိန်က ပြောလိုက်သည်။ သူက ကုန်သွယ်ရေးဗဟိုချက်ထက် ဝမ်ဝေ့ကို ပိုမို ယုံကြည်ထားသည်။ ထို့ကြောင့် ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်၏။ သူ တစ်ခုတည်းသော စိုးရိမ်မှုက သူ့ကမ္ဘာသည် ဤထိပ်တိုက်တွေ့ဆုံမှုအတွင်း မပြောပြနိုင်သည့် သေဆုံးမှုများနှင့် ဒုက္ခများကို တွေ့ကြုံခံစားရမည်ကို စိုးထိတ်နေခြင်း ဖြစ်သည်။

“အဲဒါကို သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဆုံးရှုံးတဲ့ အကျိုးအမြတ်တွေကို စဉ်းစားလိုက်တိုင်း နှလုံးနာတယ်” ထုံရို့ပင်းက ပြောလိုက်သည်။ သူမက လက်ရှိကမ္ဘာနှင့် မွေးရပ်မြေကမ္ဘာကြား အာဏာပိုင်းဆိုင်ရာ အခြေအနေကို ညှိနှိုင်းဖို့က ဤမျှခက်ခဲလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

“ကျွန်မ အိမ်ပြန်လိုက်ဦးမယ်” ထုံရို့ပင်းက မတ်တတ်ထရပ်ကာ ပြောလိုက်သည်။

“ဘာလို့လဲ”

“ကျွန်မက ဝင်ရောက်မဆင်နွှဲပေမဲ့ မဟာအဆောင်မြို့တော်ကိုတော့ အကျိုးအမြတ် များများရအောင် လုပ်ပေးရဦးမယ်လေ”

“အဲဒါက အကြံကောင်းပဲ။ ဒီက ကိစ္စတွေကို ကိုယ် စောင့်ကြည့်ထားလိုက်မယ်”

ထုံရို့ပင်းက အိမ်သို့ ပြန်လာခဲ့လိုက်သည်။

……………………………………………………………………..

သိုင်းပညာအုပ်စိုးသူကမ္ဘာ

ချင်းဟိန်က ခုံရုံးတည်ထောင်မှုကို စောင့်ကြည့်နေသည်။ သူက ရက်ပိုင်းလေးအတွင်း တည်နေရာတစ်ခုကို ရွေးချယ်ကာ ဆောက်လုပ်ခဲ့ပြီဖြစ်သော်လည်း သေးနုပ်သည်ဟု ဆိုရပေမည်။ ထိုအရာသည် အလယ်တွင် အဖြူရောင်နန်းဆောင် တစ်ခုရှိထားသည့် ကမ္ဘာငယ်တစ်ခု ဖြစ်၏။ တခြားနည်းဖြင့် ပြောရလျှင် ဘာမှထူးခြားကြီးကျယ်နေခြင်း မရှိပေ။

ဤသို့သော အန္တရာယ်များသည့်အချိန်တွင် သူက ကြီးကျယ်ခမ်းနားအောင် ဆောက်လုပ်ဖို့က မလွယ်ကြောင်း တွေးမိ၏။ ထိုအရာက အရင်းအမြစ် ကုန်ဆုံးမှုသာ ဖြစ်လိမ့်မည်။ ကျန်ရှိနေသည့် တစ်ခုတည်းသော အရာက ရွေးချယ်ခံနတ်ဘုရားစာရင်း၊ အခမ်းအနားနှင့် သူသည် ထိုက်တန်လားဟု ဆုံးဖြတ်ဖို့ စစ်ဆေးမှု ခံယူရန် ဖြစ်သည်။ ထိုကိစ္စအားလုံးသည် အချိန်တချို့ ကြာမြင့်မည်ဖြစ်သော်လည်း အချိန်က သူ့ကမ္ဘာတွင် အနည်းဆုံး ရှိနေလေသည်။

ချင်းဟိန်က ခုံရုံးရှိ အစီအရင် ခင်းကျင်းနေသည်ကို စောင့်ကြည့်ပေးနေစဉ် တစ်စုံတစ်ယောက်က သူနှင့် တွေ့လိုကြောင်း သတင်းစကား လက်ခံရရှိလိုက်သည်။ သူက အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။ ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူက ဧည့်သည်ကို လက်ခံလိုက်၏။

တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦးက အဖြူရောင်အခန်းအတွင်း လျှောက်လှမ်းလာခဲ့သည်။ သူက ချင်းဟိန်ကို အာရုံမစိုက်ခင် အခန်းအပေါ်ရှိ အစီအရင်ကို ကြည့်လိုက်၏။

“အရှင်”

သူက ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်သည်။

“ ငါက ကောင်းကင်ဧကရာဇ် မဖြစ်သေးဘူး။ အဲဒါကြောင့် လောကွတ်ချော်နေဖို့ မလိုဘူး” ချင်းဟိန်က အေးစက်စွာ ပြောလိုက်သည်။

“ဆရာသခင် ငြိမ်းချမ်းရေးက ဘာများလာလုပ်တာလဲ”

“ဘဝငြိမ်းချမ်းရေး နန်းဆောင်က စစ်ပွဲမှာ ဝင်ရောက်ဆင်နွှဲပြီး ခစားချင်ပါတယ်”

ချင်းဟိန်က တိတ်ဆိတ်သွားလေသည်။ ထိုအရာက ရိုးရှင်းသည့် အပေးအယူ မဟုတ်ပေ။ ဤကမ္ဘာက သိုင်းပညာတာအိုဂိုဏ်းများအပါအဝင် တာအိုဘာသာကို မုန်းတီးကြလေသည်။ သို့သော်လည်း နဂါးမြင့်တက်ရေးဂိုဏ်းက ကမ္ဘာထံ လွတ်လပ်မှု ပြန်လည်ရယူပြီးသည့်နောက်တွင် အားလုံးကို ရှင်းထုတ်ပေးခဲ့သော်လည်း ဘဝငြိမ်းချမ်းရေးနန်းဆောင်ကိုသာ ချန်ထားခဲ့သည်။

ထိုအင်အားစုက ရှင်းလင်းရေးအတွင်း အကြောင်းအရင်းတချို့ကြောင့် အသက်ရှင်ကျန်ခဲ့ခြင်း ဖြစ်၏။ သူတို့က နတ်ဘုရားသဟဇာတကမ္ဘာနှင့် ရင်ဆိုင်သည့် စစ်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲခဲ့ကာ များစွာ အကျိုးပြုခဲ့သည်။ သူတို့အောင်မြင်မှု၏ ဆုလာဘ်အနေဖြင့် နဂါးဖိနှိပ်ရေးဧကရာဇ်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အားလုံးက ထိုအရာကို လေးစားကြသည်။

သို့သော် သူတို့၏ အသက်ရှင်ကျန်မှုကို အာမခံဖို့ မလုံလောက်သေးပေ။ ထိုသူများက နဂါးဖိနှိပ်ရေးဧကရာဇ်ကို လေးစားကြသော်လည်း သူက ထွက်သွားသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် အမုန်းထားသည့် တစ်စုံတစ်ယောက်က သူတို့စကားကို ပြန်ရုတ်သိမ်းနိုင်ခြေ ရှိသည်ကို နားလည်၍ ရပေသည်။

သူတို့၏ ဤမျှကြာအောင် နောက်ထပ်အသက်ရှင်သန်ခဲ့သည့် အကြောင်းအရင်းက သူတို့၏ စွမ်းအားကို ပြန်လည် စုစည်းထား၍ ဖြစ်သည်။ ဘဝငြိမ်းချမ်းရေးနန်းဆောင်က သူတို့၏ နဂိုနာမည်ကို ပြောင်းလဲခဲ့သည့်အတွက် ချီကံကောင်းမှု ယိုယွင်းမှုပင် ဖြစ်စေခဲ့သည်။

သူတို့က သူတို့အင်အားစု၏ နာမည်ကို သူတို့၏ သဘောတရား ထင်ဟပ်ပြသနေသည်ကို ဖြစ်စေလိုကြသည်။ သူတို့သည် စိတ်နှင့် စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးသည့် တာအိုသဘောတရားများကို အသုံးပြုသော ငြိမ်းအေးသည့် သိုင်းပညာရှင် အုပ်စုသာ ဖြစ်ကြသည်။

နောက်ဆုံးတွင် သူတို့က တည်ထောင်သူမှအပ ကျွမ်းကျင်အတတ်ပညာရှင် တာအိုဧကရာဇ်များကို လေ့ကျင့်ပေးနိုင်ခဲ့ကြသည်။ သူတို့၏ မဟာဧကရာဇ် ၅ယောက်အနက် ၄ယောက်က ကျွမ်းကျင်အတတ်ပညာဖြင့် တာအိုကို သက်သေပြခဲ့သူများဖြစ်ကာ ပါရမီထူးကဲပြီး ၃ယောက်က အတုအယောင် ထာဝရဧကရာဇ်အဆင့် ဖြစ်ကာ ကျန်သူက မဟာတာအိုအရင်းအမြစ် ၂၀ရာခိုင်နှုန်း ရောက်ရှိခဲ့သော်လည်း တာအိုဆန္ဒဖွဲ့စည်းရာတွင် ကျရှုံးခဲ့သူ ဖြစ်၏။

ဤသို့သော အုတ်မြစ်မျိုးဖြင့် ဘဝငြိမ်းချမ်းရေး နန်းဆောင်က ကျွမ်းကျင်အတတ်ပညာရှင်များ၏ ခေါင်းဆောင်သဖွယ် ဖြစ်လာကြသည်။ သူတို့က နယ်ပယ်တိုင်းကို လွှမ်းမိုးထားသည်။ အထူးသဖြင့် ဆေးလုံးသန့်စင်ခြင်းတွင် ဖြစ်သည်။

သိုင်းပညာရှင်အများစုက အရင်းအမြစ်များစွာကို အသုံးပြုကြသည်။ အထူးသဖြင့် သေခြင်း၊ ရှင်ခြင်းနှင့် နိဗာနအဆင့်တွင်ဖြစ်ကာ ဘဝငြိမ်းချမ်းရေးနန်းဆောင်က အကောင်းဆုံး ဆေးလုံးများကို ပိုင်ဆိုင်ထားကြ၏။

နောက်ဆုံးတွင် ကမ္ဘာက သူတို့နှင့် တာအိုဘာသာ ဆက်သွယ်မှုကြောင့် မုန်းတီးကြသော်လည်း သူတို့က သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် အစားထိုးမရနိုင်သူများ ဖြစ်လာကြသည်။ တချို့သော အတိတ်က ဧကရာဇ်များသည် မုန်းတီးမှု သို့မဟုတ် သူတို့၏ အရင်းအမြစ်များကို သိမ်းပိုက်လိုမှု လောဘတို့ကြောင့် သူတို့ကို သုတ်သင်ပစ်ဖို့ ကြိုးစားခဲ့ကြသော်လည်း မည်သူကမှ သူတို့ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကို မချိုးဖောက်နိုင်ခဲ့ကြပေ။

“သေချာရဲ့လား” ချင်းဟိန်က တစ်မိနစ်ကြာ ငေးမောပြီးသည့်နောက်တွင် မေးလိုက်သည်။

“သေချာပါတယ်” ဆရာသခင် ငြိမ်းချမ်းရေးက ပြန်ဖြေလိုက်သည်။ ချင်းဟိန်က သက်ပြင်းချလိုက်၏။ လူများက ဆုံးဖြတ်ချက်ကို သဘောကျကြမည် မဟုတ်ပေ။ သို့သော် ဤသည်က လုပ်ဆောင်ဖို့ရာ မှန်ကန်သည့်အရာတစ်ခု ဖြစ်၏။ သူတို့က စစ်ပွဲအတွက် ထောက်ပံ့မှု လိုအပ်နေပြီး ဘဝငြိမ်းချမ်းရေး နန်းဆောင်က အများဆုံး ထောက်ပံ့ပေးနိုင်သည်။ ထိပ်သီးအင်အားစုများက တစ်ယောက်ချင်းစီ၏ စွမ်းအားကို အလေးအနက် အာရုံစိုက်ထားကြပြီး ကျွမ်းကျင်အတတ်ပညာများနှင့် ပတ်သက်ပြီး အကောင်းဆုံးစနစ် မရှိကြပေ။

“ကောင်းပြီလေ” ချင်းဟိန်က ခေါင်းညိတ်လိုက်သည်။ သူက ထိုသူများကို မယုံကြည်သော်လည်း ဤစစ်ပွဲအတွင်း ပါဝင်လာသည်က သူတို့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း သိလေသည်။ ဤကမ္ဘာက ဒုတိယအကြိမ် ခုခံပြီးသည့်နောက်တွင် သူတို့ကို ပိုမိုလက်ခံလာနိုင်လောက်သည်။

“အရှင် တခြားသူတွေကရော”

“မစိုးရိမ်နဲ့။ ငါ သူတို့ကို ဖျောင်းဖျလိုက်မယ်”

All Chapters