← Chapters

ပထမဆုံး အလွှာကြားက စစ်ပွဲ အပိုင်း(၃)

Vol. 77 Ch. 1067

ပထမဆုံး အလွှာကြားက စစ်ပွဲ အပိုင်း(၃)

Vol. 77 Ch. 1067

ချင်းဟိန်က ဆရာသခင်ငြိမ်းချမ်းရေးနှင့် တွေ့ဆုံပြီးသည့်နောက်တွင် အရာအားလုံးကို အရှိန်မြှင့်တင်ခဲ့သည်။ အရာအားလုံးက ၅ရက်ကြာမြင့်ပြီးသည့်နောက်တွင် အဆင်သင့် ဖြစ်သွားပြီး သူက အခမ်းအနားကို စတင်ကာ အချိန်ဖြုန်းမနေတော့ပေ။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြပြီး အသက်အောင့်ထားကြ၏။ အခမ်းအနား ပြီးဆုံးသွားသည့်အခါ ချင်းဟိန်က နေရာလွတ်တစ်ခုထဲ ပျောက်ကွယ်သွားကာ ကောင်းကင်တာအို၏ စမ်းသပ်ချက်ကို ခံယူပြီး သူက ထိုနေရာနှင့် ထိုက်တန်လားဟု စစ်ဆေးကြည့်နေသည်။

အပြင်ဘက်ကမ္ဘာတွင် သူက ဆယ်စက္ကန့်မျှသာ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သို့သော် ချင်းဟိန်က နေရာလွတ်အတွင်း အချိန်အတော်ကြာ ကုန်ဆုံးခဲ့ရ၏။ သူ့တာအိုနှလုံးသား၊ စိတ်စွမ်းအားနှင့် ယေဘုယျ တိုက်ခိုက်စွမ်းရည် အားလုံးကို စစ်ဆေးခဲ့ရသည်။

ချင်းဟိန်က ထိုနေရာမှ ပြန်ရောက်လာပြီးသည့်နောက်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ပေါ်ထွက်လာ၏။ သူသည် သူ့ကမ္ဘာ၏ ကျူးကျော်သူ ဝမ်ဝေ့အား သူ ကောင်းကင်ဧကရာဇ် ဖြစ်လာသည့်အတွက် မူပိုင်ခွင့်ကြေး ပေးရမည်ဖြစ်ကြောင်း သိလိုက်ရသည်။ အဆိုးဆုံးအနေအထားက ထိုအရာသည် ညှိနှိုင်း၍ မရပေ။ အစစ်အမှန်ကောင်းကင်တာအိုက သူ့ကုသိုလ်များကို တန်ကြေးအဖြစ် အလိုအလျောက် နှုတ်ယူသွားခြင်း ဖြစ်သည်။

သူက အားလုံးကို ဆင့်ခေါ်ပြီး ရွေးချယ်ခံနတ်ဘုရားရာထူးများကို ကြေညာခဲ့သည်။ ချင်းဟိန်က ကမ္ဘာ၏ အခြေအနေကို သိထားသည့်အတွက် အတွင်းပိုင်းပဋိပက္ခ မဖြစ်စေရန်အလို့ငှာ ကိုယ်ကျိုးမဲ့ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ ရာထူးအကြောင်း ညည်းတွားလာခဲ့လျှင် သူက စစ်ပွဲပြီးသည့်နောက် အင်အားစုတစ်ခုချင်းစီ၏ ရလဒ်နှင့် အောင်မြင်မှုအပေါ်မူတည်၍ နေရာများကို ပြန်လည်ခွဲဝေမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

“အခု ကိစ္စတွေအားလုံး‌ ဖြေရှင်းပြီးသွားပြီဆိုတော့ ကျန်တဲ့ဟာကို စလိုက်ကြရအောင်” ချင်းဟိန်က ပြောလိုက်သည်။

“ပထမဦးဆုံး ဘဝငြိမ်းချမ်းရေးနန်းဆောင်က ဒီစစ်ပွဲမှာ ပါဝင်ဆင်နွှဲလာပြီးတော့ ငါတို့ကို ကျွမ်းကျင်အတတ်ပညာရှင် အထောက်အပံ့ကို ပေးလိမ့်မယ်”

“အရှင် အဲ့လိုလုပ်လို့ မရပါဘူး”

“ဟုတ်ပါတယ်။ အဲဒီတာအိုသူတော်စင်တွေကို ယုံကြည်လို့မရပါဘူး”

“အဲ့လောက်ကြီး မလွန်ကြနဲ့။ ဘဝငြိမ်းချမ်းရေးနန်းဆောင်က ငါတို့ကို သူတို့က ယုံနိုင်တယ်ဆိုတာကို ပြပြီးပြီ”

“သူတို့က ကျုပ်တို့ကို သစ္စာဖောက်သွားရင် ဘယ်လိုလုပ်မှာလဲ။ အဲဒီအတွက် တာဝန်ယူနိုင်ရဲ့လား”

“မင်းတို့ရဲ့ အားနည်းတဲ့ အကြောက်တရား နည်းဗျူဟာတွေက ဒီမှာ အသုံးမဝင်ဘူး။ ငါတို့က တာအိုဘာသာနဲ့ တိုက်ခိုက်နေတာ မဟုတ်ဘူး။ ဘာလို့ သူတို့က ငါတို့ကို သစ္စာဖောက်ရမှာလဲ။ ပြောရရင် သူတို့အတွက် ရစရာမှမရှိတာ”

“သစ္စာဖောက်ဖို့အတွက် အမြဲတမ်း တစ်ခုမဟုတ် တစ်ခုတော့ ရနိင်တာပဲလေ ”

“ဒီလိုသဘောတရားနဲ့ဆိုရင် ဘေးကင်းမှု ဒါမှမဟုတ် အကျိုးအမြတ်အတွက် အားလုံးက သစ္စာဖောက်နိုင်တယ်လို့ ပြောတာပေါ့”

“ငါ့ကို သစ္စာဖောက်လို့ ပြောတာလား။ ငါ့ရဲ့ဘိုးဘေးတွေက ဒီကမ္ဘာရဲ့ ရှင်ကျန်မှုအတွက် တိုက်ခိုက်ခဲ့တာလား”

“ဘဝငြိမ်းချမ်းရေးနန်းဆောင်ရဲ့ ဘိုးဘေးတွေကလည်း အတူတူလုပ်ခဲ့တာပဲ။ သူတို့က အသိအမှတ်ပြုခံရတာထက်တောင် လွန်လွန်းနေသေးတယ်”

“တော်သင့်ပြီ” ချင်းဟိန်က ကြေညာလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အားလုံးက ရပ်တန့်သွားကြ၏။

“ငါတို့က ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာ။ အကောင်းဆုံးအခြေအနေမှာ ငါတို့ရဲ့ ကမ္ဘာက ဖိနှိပ်ရေးခေတ်ကာလကို ထပ်မံကြုံတွေ့နိုင်တယ်။ အဆိုးဆုံးအခြေအနေအတွက်ဆိုရင် ငါတို့ရဲ့ ယဉ်ကျေးမှု၊ မျိုးဆက်နဲ့ အမွေအနှစ်တွေအားလုံးက သမိုင်းကြောင်းကနေ ဖျောက်ဖျက်ခံရနိုင်တယ်”

ချင်းဟိန်က စက္ကန့်ပိုင်းကြာ တိတ်ဆိတ်စေလိုက်သည်။

“ငါတို့တွေ ရနိုင်သမျှ အကူအညီတွေ အားလုံးလိုတယ်”

နဂါးမြင့်တက်ရေး ဂိုဏ်းချုပ်က ဝင်မပြောခင် မည်သူကမှ လုံးဝမပြောကြပေ။

“ငါတို့ရဲ့ တည်ထောင်သူက ဘဝငြိမ်းချမ်းရေးနန်းဆောင်ရဲ့ ကြင်နာမှုကို ယုံကြည်တယ်။ ငါတို့က သူတို့အတွက် မဲပေးမယ်”

“ငါတို့လည်း သူတို့ရဲ့ပါဝင်မှုကို သဘောတူတယ်” အားလုံးက နတ်ဘုရားနတ်ဆိုးဂိုဏ်းကို ကြည့်လိုက်ကြသည်။ ထိုနတ်ဆိုးများက ဤကမ္ဘာအကြောင်း ဘယ်တုန်းက ဂရုစိုက်တာလဲဟု စဉ်းစားနေဟန်ပေါ်၏။ သို့သော်လည်း ဤဂိုဏ်းကြီးနှစ်ခုက မဲပေးလာပြီဖြစ်ကာ ကျန်သူများကလည်း အလိုအလျောက် သဘောတူလာကြသည်။

ဆရာသခင် ငြိမ်းချမ်းရေးက‌ နောက်ဆုံးတွင် အားလုံးကို ကျေးဇူးတင်လိုက်ကာ အကောင်းဆုံးလုပ်ဖို့ ကတိပေးခဲ့သည်။

“အဲဒါဆိုရင် ဆုံးဖြတ်ပြီးသွားပြီ။ ငါတို့ရဲ့ ဒုတိယကိစ္စက စစ်မက်ရေးရာနည်းဗျူဟာကို ဆွေးနွေးဖို့ပဲ။ ပထမဦးဆုံး မရဏတားဆီးရေး သဘောတူစာချုပ်ကို ဖယ်ရှားပစ်ဖို့လိုတယ်”

“အရှင် တကယ် ပြောတာပါလား။ ပထမဦးဆုံးတော့ တာအိုဘာသာက ကောင်စုတ်တွေ။ အခု ဒါတဲ့လား”

“ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ဘိုးဘေးတွေကို အေးဆေး အနားယူပါစေ။

“ဟုတ်ပါတယ်။ သူတို့ကို လွှတ်ထားပေးလိုက်ပါ”

“မင်းတို့တွေထဲက ငါတို့တွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုကို နားမလည်နိုင်ကြသေးဘူးပဲ။ အဲဒါကြောင့် ဒီလိုလုပ်ဖို့ ငြင်းဆန်နေတာ။ ဒီနည်းလမ်းက ငါတို့တွေ ဒီစစ်ပွဲမှာ ခုခံနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ”

“ဒါပေမဲ့ အကြီးအကဲနဲ့ ဘိုးဘေးတွေကို လေးစားမှုနဲ့ ဝတ္တရားကျေပွန်ဖို့ အတွက်ကရော။ ကျုပ်တို့တွေက သိုင်းပညာရှင်ဆိုပေမဲ့ အဲ့လောက် မရက်စက်ဘူး”

“မင်းတို့တွေ ရှေ့ဆက်မလား ဒါမှမဟုတ် ငါတို့ရဲ့ သေဆုံးနှုန်းကို မြင့်တက်လာစေမလား”

တိတ်ဆိတ်မှုက ကြီးစိုးသွားပြီး အားလုံးက အချင်းချင်း ဆွေးနွေးနေကြသည်။ အစည်းအဝေးက နာရီပိုင်းကြာ ကြာမြင့်ပြီးသည့်နောက် ရောက်ရှိလာမည့် စစ်ပွဲအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ကြသည်။ ရန်သူက မည်သည့်အချိန်တွင် ရောက်လာမည်မှန်း မသိသော်လည်း အချိန်များစွာ ကြာမြင့်မည် မဟုတ်ကြောင်း နားလည်ထားကြသည်။

သူတို့က တပ်မဟာများနှင့် အရင်းအမြစ်များကို စုစည်းကာ အကောင်းဆုံးပူးပေါင်းမှုအတွက် လေ့ကျင့်နေကြသည်။

နောက်ဆုံးတွင် နတ်ဘုရားရာထူးရှိသည့်သူများက သူတို့နတ်ဘုရား၏ အရေးသာမှုကို အသုံးပြုကာ သူတို့၏ စွမ်းအားကို တတ်နိုင်သမျှ မြန်မြန် တိုးမြင့်နေကြသည်။ အများစုက တားမြစ်နည်းလမ်းများကို သုံးကာ စွမ်းအားကို မြင့်တင်နေကြသည်။

အစည်းအဝေးအပြီးတွင် ချင်းဟိန်က ခေတ္တအနားယူချိန်ရှိပြီဟု ထင်လိုက်မိသည်။ သူ လုပ်ဖို့ လိုအပ်သည့် နောက်ကိစ္စက ဤစစ်ပွဲတွင် ပါဝင်ဆင်နွှဲဖို့ မသေမျိုးတချို့ကို ဖန်တီးဖို့ ဖြစ်သည်။ သို့သော် ပို၍ကောင်းသည်က သူသည် ထာဝရတန်းစား ဆန့်ကျင်ကျင့်ကြံသူကို လေ့ကျင့်ဖို့ အချိန်နှင့် အရင်းအမြစ် အလုံအလောက်ရှိဖို့ရာ မျှော်လင့်နေမိ၏။ သို့သော်လည်း သူက တစ်စုံတစ်ခုကို အာရုံခံမိပြီး အရှေ့ဘက်ပိုင်းကို ကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ ထွက်ပေါ်လာသည်။

“အဲဒီအကောင်စုတ်တွေ …”

သူက ရွှေရောင်ပလ္လင်မှ ပျောက်ကွယ်သွားပြီး ညည်းတွားလိုက်သည်။

…………….

၇ရက်တာ ကုန်ဆုံးသွားပြီး အချိန်က ကျရောက်လာသည့်အခါ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲမည့်သူအားလုံးက ခုံရုံးအတွင်း စောင့်ဆိုင်းနေကြသည်။

ဝမ်ဝေ့က ကျင့်ကြံသူ သန်းရာချီကျော်ရှေ့တွင် ရပ်နေသည်။

“ငါ ဒီမှာ ရှိနေရင် ငါတို့တွေက ဒီစစ်ပွဲကို ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရလိမ့်မယ်” သူ့အသံက ပျော့ပျောင်းသော်လည်း လက်ရှိတွင် ရှိနေသည့်သူအားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

“မင်းတို့တွေ စိုးရိမ်ဖို့လိုတာက ငါတို့တွေ ဘယ်လောက်မြန်မြန် နိုင်မလဲ။ စစ်ပွဲ အဆုံးမသတ်ခင် ငါတို့လူတွေကို ဘယ်လောက်များများ ကယ်နိုင်မလဲဆိုတာ။ ပြီးတော့ တစ်ဖက်သူကို ဘယ်လောက်များများ သတ်နိုင်မလဲ။ အားလုံးပြီးဆုံးသွားရင် ဘယ်လိုအောင်ပွဲခံကြမလဲ”

စစ်သားတိုင်း၏ တည်ရှိမှုထဲ တက်ကြွမှုတို့ ပေါ်ထွက်လာကာ သူတို့၏ အရှိန်အဝါက သိသိသာသာ တိုးတက်လာသည်။

အေးစက်ကာ အတွေ့အကြုံ များပြားသည့် မသေမျိုးများကပင် ဤရိုးရှင်းသော်လည်း တိုက်ရိုက်ကျသည့် စကားလုံးများ၏ လှုံ့ဆော်မှုကို ခံစားမိလိုက်ကြ၏။ သူတို့ဘက်တွင် ဤသို့သော မကောင်းဆိုးဝါးမျိုးကို ရှိထားစဉ် အပြည့်အဝ ယုံကြည်ချက်မျိုး ရှိလာစေသည်။

“အခု သွားကြတော့” ဝမ်ဝေ့က လက်ဝှေ့ကာ အာကာပြင်မုခ်ပေါက်ကို ဖွင့်လှစ်လိုက်သည်။

“ဒီစစ်ပွဲကို အနိုင်ယူပြီးတော့ အဆုံးမဲ့လေဟာနယ်ထဲ ငါတို့ ဝင့်ထည်စွာ ပြန်ရောက်လာမှုကို ကြေညာလိုက်ကြ”

“အရှင့်ရဲ့ ဂုဏ်ကျက်သရေနဲ့ မွေးရပ်မြေအတွက် ဂုဏ်ယူစရာ”

“အရှင့်အတွက် ဂုဏ်ကျက်သရေ မွေးရပ်မြေအတွက် ဂုဏ်ယူစရာ”

“အရှင့်အတွက် ဂုဏ်ကျက်သရေ မွေးရပ်မြေအတွက် ဂုဏ်ယူစရာ”

တပ်ဖွဲ့များက ပြိုင်တူ ရွတ်ဆိုကာ အာကာပြင်မုခ်ပေါက်အတွင်း ချီတက်သွားကြသည်။ ဤအရာက သိုင်းပညာအုပ်စိုးသူကမ္ဘာ၏ အပြင်ဘက်သို့ တိုက်ရိုက် ရောက်ရှိသွားလေ၏။ တပ်ဖွဲ့များက ထိုနေရာသို့ ရောက်ရှိလာသည်နှင့် သူတို့က အစီအစဉ်တကျ နေရာယူကာ စောင့်ဆိုင်းနေလိုက်သည်။

“သူတို့က လေဟာနယ်ထဲ တိုက်မယ်လို့ ထင်လား” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။

“ပုံမှန်ဆိုရင် သူတို့က ဒီအစီအရင်က ထာဝရဧကရာဇ်နှစ်ယောက်ကို တောင့်မခံနိုင်ဘူးဆိုတာ နားလည်မှာပါ။ အဲဒါဆိုတော့ အကောင်းဆုံးလှုပ်ရှားမှုက အပြင်ဘက်မှာ တိုက်ခိုက်ဖို့ပဲ” အောင်းရှန်က ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့ဆီမှာ သူတို့ကို ဒီလိုလုပ်ဖို့ လိုအပ်တဲ့ အမည်မသိ နည်းဗျူဟာတစ်ခု ရှိနေနိုင်တယ်”

သူမကလည်း ခေါင်းညိတ်လိုက်သည်။

“ခေါင်းဆောင် ကြည့်ရတာ အပြင်မှာ တိုက်ခိုက်မယ်လို့ ယုံကြည်ချက် ရှိနေတဲ့ပုံပဲ”

သူမက တည်ငြိမ်ကာ အေးဆေးနေသည့် ထျဲ့ကန်ကို လှမ်းကြည့်လိုက်သည်။

“သူက ငါတို့ မသိထားတဲ့ တစ်စုံတစ်ခုကို သိထားတာနေမယ်။ ဒါမှမဟုတ် သူက အဲ့လောက် ယုံကြည်ချက်ကြီးနေတာမျိုးလည်း ဖြစ်နေနိုင်တယ်”

မိနစ်သုံးဆယ်ခန့် စောင့်ဆိုင်းနေပြီးသည့်နောက်တွင် သိုင်းပညာအုပ်စိုးသူကမ္ဘာဝန်းကျင်ရှိ မှော်စက်ဝန်းတစ်ခု ပေါ်ထွက်လာကာ တပ်ဖွဲ့များ ပေါ်ထွက်လာခဲ့သည်။

“အဲဒီအနံ့ဆိုးကြီးက ဘာလဲ။ အော် အကြောက်တရားနဲ့ စိုးရိမ်မှုပဲ” ဟို့ဖုန်းဟွမ်၏ အသံက လေဟာနယ်ထဲ ပဲ့တင်ထွက်သွားကာ တစ်ဖက်တပ်ဖွဲ့က ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ထျဲ့ကန်က ပြုံးလိုက်ပြီး သူမကို တိတ်တဆိတ် ချီးကျူးလိုက်သည်။

စိတ်ဓာတ်က တိုက်ပွဲအတွင်းအရေးပါသည့် အချက်တစ်ခုဖြစ်ရာ သူမ၏ အပြုအမူအသေးလေးက သူတို့ဘက်မှ လူများကို အားတက်မှု ပေးနိုင်ခဲ့သည်။

“ငါတို့အားလုံးက သိုင်းပညာရှင်တွေပဲ။” နောက်ဆုံးတွင် ချင်းဟိန်က ပေါ်ထွက်လာသည်။

“ငါတို့က ခန္ဓာကိုယ်နဲ့ စိတ်သာလွန်မှုနောက်လိုက်နေကြတာ။ ငါတို့တွေ ကြောက်တော့လည်း ဘာဖြစ်လဲ။ အဲဒါက လွှမ်းမိုးရမဲ့ စိတ်ခံစားချက် တစ်ခုသာသာပဲ”

အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်တို့က နှာခေါင်းရှုံ့လိုက်ကြသော်လည်း သူတို့က မပြောပေ။

“အစီအစဉ်က ဘာလဲ” သူမက အံ့ဖွယ်အသိစိတ်မှတဆင့် မေးလိုက်သည်။

“သူတို့ခေါင်းဆောင်ကို ချက်ချင်း သတ်ပစ်စေချင်လား”

“လူတချို့အတွက် ဒီစစ်ပွဲက ကစားပွဲဆိုတာကို သဘောမပေါက်ဘူးလား” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“သူတို့က အလျင်မလိုမှတော့ ငါတို့တွေလည်း အရမ်းတက်ကြွနေစရာ မလိုဘူး”

“ဟီးဟီး” ဟို့ဖုန်းဟွမ်က ရယ်မောလိုက်သည်။ သူမက သတိထားမိသော်လည်း သူမ၏ ရည်ရွယ်ချက်က ထိုစစ်ပွဲကို အသုံးပြုကာ သူမ၏ သတ်ဖြတ်ရေးတာအိုကို လေ့ကျင့်ပေးဖို့ ဖြစ်၏။ သူမ သွေးကြောထဲရှိ ကျားဖြူသွေးက စိတ်တက်ကြွစွာ အော်ဟစ်နေသည်။

ထိုစဉ် ထျဲ့ကန်က ရန်သူ၏ ကောင်းကင်ဧကရာဇ်သည် ဤမျှလုပ်နိုင်စွမ်းရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

ကြည့်ရတာ ဒီစစ်ပွဲက ငါ ထင်ထားသလိုမျိုး လွယ်မှာမဟုတ်ဘူးပဲ…

ထျဲ့ကန်က တွေးလိုက်သည်။ ဤကမ္ဘာက ထင်ထားသည်ထက် ပိုမိုရုန်းကန်ရမည်ဆိုလျှင်ပင် သူက ဂရုမစိုက်ပေ။ ထိုအရာကို လိုချင်နေခြင်းသာ ဖြစ်၏။ သူက ဤဘဝကို နောင်ဘဝအတွက် အတွေ့အကြုံ စုဆောင်းနေသည့် ပုံစံတစ်ခုအဖြစ် မှတ်ယူထားသည့်အတွက် အခက်အခဲက ပိုမိုကြမ်းတမ်းလေလေ နောက်ဘဝအတွက် ပိုမို ကောင်းမွန်လေလေ ဖြစ်သည်။

“ငါ့ဧကရာဇ်ရဲ့ အမိန့်အရ မင်းတို့ကမ္ဘာကို နောက်ဆုံးအနေနဲ့ အခွင့်အရေး တစ်ခုပေးလိုက်မယ်။” ထျဲ့ကန်က အော်ပြောလိုက်သည်။

“ဒီစစ်ပွဲကို ရပ်ရင် အရင်အပေးအယူက အကျုံးဝင်သေးတယ်။ အရှင့်ရဲ့ ဂုဏ်ကျက်သရေနဲ့ မင်းတို့ခုံရုံးကို လွှမ်းမိုးမှုကို အာမခံပေးနိုင်တယ်”

“ငါ့အဖြေက အတူတူပဲ” ချင်းဟိန်က ပြောလိုက်သည်။

“ငါတို့က နယ်ခြားကျူးကျော်မှုကို လက်မခံဘူး။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အတူတူပဲ”

“မင်းတို့က ဒီစစ်ပွဲကို မနိုင်မှန်းသိပေမဲ့ ဘာလို့များ ခေါင်းကြောမာနေရတာလဲ။ မင်းရဲ့ တုံးအတဲ့ ဆုံးဖြတ်ချက်ကြောင့် အသက်ပေါင်းသန်းချီ ဆုံးရှုံးရလိမ့်မယ်။ သူတို့ရဲ့ အသက်က မင်းလက်ထဲမှာပဲ” ထျဲ့ကန်က ပြောလိုက်သည်။

“ငါတို့က အညံ့ခံမဲ့အစား သေပဲ သေလိုက်မယ်။ မဟုတ်သေးဘူး။ သူတို့ရဲ့ သေဆုံးမှုက ငါတို့အပေါ် မဟုတ်ဘဲနဲ့ မင်းတို့ကသာ ဒီလမ်းစဉ်ကို ရွေးချယ်ကြတဲ့သူတွေ”

“ဒါက ခင်ဗျားရဲ့ ရွေးချယ်မှုဆိုရင်လည်း ကောင်းပြီလေ” ထျဲ့ကန်က ပြောလိုက်သည်။

“ငါ့လူတွေ မြင်ပြီလား။ ငါတို့က တစ်ဖက်လူကို သက်ညှာမှုပေးပြီးပြီ။ သူတို့က ငါတို့ရဲ့ ကြင်နာမှုကို ငြင်းဆန်ခဲ့တာ။ အခု စွမ်းအားက ဘာဆိုတာ ပြကြရအောင်”

“အရှင့်ရဲ့ ဂုဏ်ကျက်သရေ မွေးရပ်မြေအတွက် ဂုဏ်ယူစရာ” အသင်္ချေအင်ပါယာကမ္ဘာ၏ တပ်ဖွဲ့မှအော်သံများက လေဟာနယ်တစ်လျှောက် ပဲ့တင်ထွက်လာကာ အာကာြပင်ကို အနည်းငယ် တုန်ခါသွားစေသည်။ ထို့နောက် သူတို့က ရှေ့တိုးလာကြ၏။

“သူတို့ကို လွှတ်လိုက်” ချင်းဟိန်က အော်ပြောလိုက်သည်။

All Chapters