ပထမဆုံးအလွှာကြားကစစ်ပွဲ အပိုင်း(၅)
Vol. 77 Ch. 1069
သိုင်းပညာရှင်များ၏ မျက်နှာထားက ပျက်ယွင်းသွားကြသည်။ ထိုအရာက မငြင်းဆန်နိုင်သည့် အမှန်တရား ဖြစ်နေလေ၏။ သူတို့လုပ်ခဲ့သည့်အရာက သူတို့ လူ၊ အကြီးအကဲ၊ ဘိုးဘေးနှင့် ကမ္ဘာမြေထံ လေးစားမှုမရှိခြင်း ဖြစ်သည်။
"မျှော်လင့်ချက် ကုန်ဆုံးတဲ့အချိန်မှာ အစွန်းရောက် နည်းလမ်းတွေကို လုပ်ဖို့ အချိန်ကျလာတာပဲ။" ချင်းဟိန်၏ အသံက အားလုံး၏ စိတ်ထဲ ပဲ့တင်ထွက်သွားသည်။
"ငါတို့လုပ်တဲ့ကိစ္စက ငါတို့တစ်ဘဝလုံး သယ်ပိုးထားရမဲ့ အရှက်တရားပဲ။ ဒါပေမဲ့ မှတ်ထား။ ငါတို့တွေက အားနည်းလို့ အသက်ရှင်သန်ဖို့ လုပ်ခဲ့ရုံပဲ။ ငါတို့တွေက သေလူတွေအပေါ် မှားယွင်းခဲ့ပေမယ့် အသက်ရှင်ကျန်ခဲ့တဲ့သူတွေက ငါတို့ကို အားကိုးနေတယ်။ အဲဒါကြောင့် ခေါင်းကိုမော့ပြီး ရန်သူကို ရင်ဆိုင်ကြ။ ဒီအရှက်တရားနဲ့ ဒေါသကို သုံးပြီး ငါတို့ရွေးချယ်မှုကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ လူတွေကို ကာကွယ်ပေးဖို့ မီးစာအနေနဲ့သုံးကြ။"
"လူတွေအတွက်၊ ကမ္ဘာအတွက်၊ ငါတို့ရဲ့ အရှက်တရားအတွက်"
သူတို့အားလုံးက ကျင့်ကြံသူများဖြင့် ထိပ်တိုက် တွေ့ဆုံဖို့ ပြေးသွားလိုက်ကြသည်။ အစီအရင်က ချက်ချင်း အသက်ဝင်လာကာ အားလုံးကို နေရာအလွှာလိုက် ပိုင်းခြားလိုက်၏။ သိုင်းပညာရှင်များက အဖြေကို မထုတ်နိုင်ခင်အထိ ဖရိုဖရဲ ဖြစ်သွားကြသည်။
ချင်းဟိန်က နည်းဗျူဟာကို ပြောင်းလဲဖို့ လူများကိုအလျင်အမြန် အမိန့်ပေးကာ တပ်ဖွဲ့များ သို့မဟုတ် လူများကို ကွဲပြားသည့် နေရာများဆီ ချထားခဲ့သည်။
ထျဲ့ကန်က ရန်သူ ၏တုံ့ပြန်မှုကို ကြည့်နေပြီးသည့်နောက် တချို့ကို ဆက်သွယ်လိုက်သည်။
"ထိပ်သီးကောင်းကင်ရွေးချယ်ခံ ၁၅ယောက် စွမ်းအားအပြည့်ကို ထုတ်မသုံးသေးနဲ့။ အထူးသဖြင့် လီကျွင်း မင်းပဲ။ သေမျိုးတိုက်ခိုက်ရေးနေရာကို ရှင်းထုတ်ဖို့ အခွင့်အခါကောင်းကို စောင့်နေ"
"ကောင်းပြီ" လီကျွင်းက ပြောလိုက်သည်။
ထျဲ့ကန်က အရှုပ်ထွေးဆုံးဖြစ်သည့် ပထမနေရာသို့ ပျံသန်းသွားလိုက်သည်။ ထိုနေရာက တပ်ဖွဲ့နေရာ ဖြစ်သော်လည်း ထိုတပ်ဖွဲ့များ၏ ခေါင်းဆောင်များက ကွဲပြားသည့် ကျင့်ကြံဆင့်ရှိကာ မသေမျိုးများပင် ပါဝင်နေသည်။
သိပ်မကြာခင် သူက တစ်စုံတစ်ခုကို သတိထားမိ၍ မျက်မှောင်ကြုတ်လိုက်၏။
"ဒါက ပြဿနာပဲ"
အသင်္ချေအင်ပါယာကမ္ဘာရှိ တပ်ဖွဲ့များက သိုင်းပညာအုပ်စိုးသူကမ္ဘာထက် ပိုမိုကောင်းမွန်နေသည်။ သူတို့က ပိုမိုကောင်းမွန်သည့် လက်နက်နှင့် ချပ်ဝတ်များ ရှိပြီး အဆောင်လက်နက်များလည်း ပါရှိကြသည်။ သူတို့က တကယ့်တပ်မဟာအဖြစ် ရွေးချယ်ခံထားရသူများ ဖြစ်စဉ် သိုင်းပညာရှင်အများစု၏ တပ်ဖွဲ့များကမူ လတ်တလောလေးမှ စုစည်းထားမှန်း သိသာလာသည်။
ထို့အပြင် သိုင်းပညာရှင်များက တစ်ယောက်ချင်းစီ ဖြစ်သည့်အတွက် သူတို့က ကိုယ်ပိုင်အင်အားကိုသာ အရေးထားပြီး အဖွဲ့လိုက် လှုပ်ရှားမှုနည်းပါးကြသည်။
ထို့နောက် ထိုသိုင်းပညာရှင်များက သူတို့သည် အားကောင်းသည့် ခုခံနိုင်စွမ်းနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိသည့် အရေးသာချက်ကို ဆုံးရှုံးလိုက်ရကြောင်း သဘောပေါက်သွားကြသည်။ ထိုအချက်က တာအိုဘာသာနှင့် ရင်ဆိုင်စဉ်အခါက အနိုင်ရရှိခဲ့သည့် အဓိကအကြောင်းရင်း တစ်ချက်လည်း ဖြစ်ပေသည်။
သို့သော်လည်း မူလကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်ကို အနေအထားတစ်ခု ရောက်အောင် လေ့ကျင့်ထားခဲ့သည်။ အထူးသဖြင့် မူလစနစ်အသစ်က ထိုအရာကို အလေးထားခဲ့သည်။ သူတို့က စနစ်အသစ်ကို အပြည့်အဝ အသုံးမပြုရသေးလျှင်ပင် ပင်ကိုချီဖြင့် ဆက်တိုက်လွှမ်းခြုံထားမှုက သူတို့ကို ပို၍ အားကောင်းလာစေ၏။
ဤတိုက်ပွဲအတွင်း သူတို့၏ တစ်ခုတည်းသော အရေးသာချက်က ပြန်လည်ကောင်းမွန်နိုင်စွမ်းသာ ဖြစ်သည်။ များပြားသည့် အသက်စွမ်းအားဖြင့် ထိုဘက်မှ ပါရမီရှင်များမှလွဲ၍ ကုစားရေးကဏ္ဍ၌ သူတို့နှင့်ယှဉ်နိုင်မည် မဟုတ်ပေ။ ပို၍အရေးကြီးသည်က သူတို့သည် ဒဏ်ရာများကို ကုစားဖို့ တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်ထားကြ၏။ တခြားနည်းဖြင့်ပြောရလျှင် သူတို့၏ တပ်ဖွဲ့အားလုံးက ထျဲ့ကန်၏ ပင်ကိုစွမ်းရည်မှ လေ့ကျင့်ပေးထားသော မသေနိုင်သောတပ်ဖွဲ့ပုံစံ ဖြစ်ပေသည်။
သူတို့အားလုံးက အသားတကျမဖြစ်သေးဘူး။ အဲဒါဆိုတော့ အသက်ဓာတ်မျှဝေတဲ့နေရာအပေါ် သက်ရောက်လာတာပဲ ...
ထျဲ့ကန်က တွေးလိုက်သည်။
ဒါပေမဲ့ ပြီးပြည့်စုံစွာ နေသားတကျဖြစ်နေတဲ့သူတွေက တပ်ဖွဲ့ထက်တောင် ပိုပြီးတော့ ကောင်းနေသေးတယ်။ အဆိုးဆုံးက သူတို့ရဲ့ စွမ်းရည်က သူတို့ရဲ့ ကျင့်ကြံရေးစနစ်ကနေ ဖြစ်လာတော့ အဓိကလူဆိုပြီး မရှိဘူး
အကယ်၍ ထျဲ့ကန်ထံ တစ်စုံတစ်ခုဖြစ်သွားပါက မသေနိုင်သောတပ်ဖွဲ့သည် သိသိသာသာ အားနည်းသွားလိမ့်မည်။ သို့သော်လည်း ထိုသိုင်းပညာရှင်တပ်ဖွဲ့ကမူ ထိုသို့သော အားနည်းချက်မျိုး မရှိပေ။
ငါတို့တွေက အရင် နည်းစနစ်ကို သုံးလို့မရဘူး။ အခုအသိစိတ်က အသက်စွမ်းအားကို ထိန်းချုပ်ထားတာဆိုတော့ အစီအရင်က အသုံးမဝင်ဘူး...
ထျဲ့ကန်က ဘယ်ဘက်ကို ကြည့်ကာ ကျင်းမုန့်ယောင် ဦးဆောင်နေသည့် လီကျွင်း၏ တပ်ဖွဲ့သည် သူတို့၏ တပ်ဖွဲ့စွမ်းအား သို့မဟုတ် မရဏချီကို လဲလှယ်ခြင်းဖြင့် ကျန်သူများကို သတ်ဖြတ်နေသည့်အတွက် မျှခြေကိစ္စ ပြဿနာ မရှိကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း ထိုနည်းဗျူဟာက ပထမအကြိမ်သာ အလုပ်ဖြစ်လေ၏။ သိုင်းပညာအုပ်စိုးသူကမ္ဘာ၏ ကျင့်ကြံသူများက သေခြင်းရှင်ခြင်းချီကို ထိန်းချုပ်ရာ၌ ဆရာတစ်ဆူ ဖြစ်ကြသည်။
အခြေအနေက ရှေးဟောင်းမျိုးနွယ် တပ်ဖွဲ့ထဲတွင်လည်း အတူတူသာ ဖြစ်၏။ သူတို့အများစုကို အထွတ်အထိပ်သားရဲဧကရီက လေ့ကျင့်ပေးထားသည်။
ထျဲ့ကန်က သူဘေးနားရှိ ပေါက်ကွဲမှု၊ အော်ဟစ်သံ၊ သွေးများ၊ အားလုံးကို လျစ်လျူရှုထားပြီး သူ့စိတ်က တိုက်ပွဲမြေပြင်ကို အာရုံစိုက်ကာ အကောင်းဆုံးတန်ပြန်တိုက်ခိုက်မှုကို စဉ်းစားနေသည်။
သူ့အကြည့်က မဟာအဆောင်မြို့တော်၏ တပ်ဖွဲ့ဆီ ကျရောက်လာကာ ထူးကဲနေကြောင်း မြင်လိုက်ရသည်။ တချို့ပါရမီထူးကဲသည့် အဆောင်ပြုလုပ်သူများက တပ်ဖွဲ့၏ ဗဟိုချက်အဖြစ် ထမ်းဆောင်ထားကြသည်။ အခြားသူအားလုံးကမူ အစီအရင်မှတစ်ဆင့် သက်ဆိုင်ရာစွမ်းအားကို ငှားယူပြီး သူတို့ တိုက်ခိုက်လိုသည့် သို့မဟုတ် ထောက်ပံ့ပေးလိုသည့် အဆောင်များကို ပြုလုပ်နေကြသည်။
သူတို့က အသက်ဓာတ်ချီ ဖိနှိပ်ရေးအဆောင်များကို တိုက်ပွဲအတွက် ဖန်တီးခဲ့ပြီး သိုင်းပညာရှင်များ၏ စွမ်းဆောင်ရည်ကို ဖိနှိပ်ကာ သတ်ဖြတ်ဖို့ လွယ်ကူစေခဲ့သည်။
"အဆောင်အဖွဲ့ အလယ်ကို ရွှေ့ပြီးတော့ မင်းတို့ရဲ့အဆောင်နဲ့ တပ်ဖွဲ့အားလုံးကို ကောင်းချီးပေးလိုက်" ထျဲ့ကန်က တာအိုဘိုးဘေးနှစ်ယောက်ကို အဆောင်တပ်ဖွဲ့၏ အစီအရင်ဖြင့် ပေါင်းစည်းကာ သူတို့ကို ပိုမိုအားကောင်းစေခဲ့သည်။
ဤအပြောင်းအလဲဖြင့် တခြားသောတပ်ဖွဲ့များကလည်း ယခုအခါ အသက်ဓာတ်ချီ ဖိနှိပ်ရေးအဆောင်ဖြင့် ထောက်ပံ့ပေးခံရသည် ဖြစ်သည့်အတွက် သူတို့၏ တိုက်ပွဲက ပိုမိုလွယ်ကူလာခဲ့သည်။ တစ်ဖက် တပ်ဖွဲ့ဘက်တွင် သူတို့၏ တစ်ခုတည်းသော အရေးသာချက်က အသုံးမဝင်ဖြစ်သွားခဲ့၍ အသေအပျောက်က ပိုမိုသိသာလာခဲ့၏။
ထျဲ့ကန်က စစ်ပွဲခန်းမမှ ချီးကျူးမှုတစ်ခုကို လက်ခံရရှိခဲ့၏။ သို့သော် သူက တိုက်ပွဲကိုသာ အာရုံစိုက်ထားခဲ့သည်။
"အား"
ငရဲ၏ အနက်ပိုင်းမှာ နာကျင်မှုခံစားပြီး ယခုမှ လွတ်မြောက်လာဟန်ဖြင့် စူးစူးဝါးဝါး အော်သံတစ်ခု ထွက်ပေါ်လာပြီး မရှင်းပြနိုင်လောက်သည့် ဒေါသဖြင့် လွှမ်းခြုံထားသည်။ အားလုံးက ထိုသိုင်းပညာရှင်ကို မြင်လိုက်ရ၏။ သူခန္ဓာကိုယ်က ရွှေရောင်အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို အပိုစွမ်းအားအတွက် သူ့ရွှေရောင်ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ခဲ့သည်။ ထို့နောက် သူ့မျက်ဝန်းထဲတွင် ရူးသွပ်မှုဖြင့် ထျဲ့ကန်ဆီ ပြေးဝင်သွားခဲ့၏။ သူ့ကို မရပ်တန့်နိုင်သလို သူလမ်းတွင် ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပြီး အစီရင်များစွာကို ချိုးဖောက်ခဲ့သည်။
ထာဝရအရှင်တစ်ယောက်က သူ့ကို ရပ်တန့်ဖို့ ကြိုးစားခဲ့သော်လည်း သိုင်းပညာရှင်က သူ့ကို လျစ်လျူရှုထားပြီး ထျဲ့ကန်ဆီသာ ဦးတည်လာသည်။
စိတ်ဝင်စားစရာပဲ...
ထျဲ့ကန်က တွေးလိုက်မိသည်။
ဒေါသ၊ အမုန်းတရားနဲ့ မျှော်လင့်ချက်ကုန်ခမ်းမှုတွေက သူစိတ်ဝိညာဉ်ကို ပြောင်းလဲသွားစေပြီးတော့ ယာယီစိတ်ဆန္ဒာသဏ္ဌာန်းပြခြင်းကို ရရှိသွားစေတာပဲ။ အရှင် ပြောတာ မှန်တယ်။ ဒီကျင့်ကြံရေးစနစ်က စိတ်ဆန္ဒ ပုံဖော်ဖို့ ပိုပြီးတော့ လွယ်ကူစေတယ်......
ထျဲ့ကန်က အမိန့်စေလွှတ်ကာ ထာဝရဘိုးဘေးတစ်ယောက်က လှုပ်ရှားလိုက်သည်။ ထိုဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူအပေါ် ဧရာမလက်ဝါးချက်ကြီး ကျရောက်လာကာ သူ့ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို ပျက်သုဉ်းသွားစေသည်။ သို့သော် ထျဲ့ကန်၏ အောင်ပွဲခံမှုက သိပ်မကြာမြင့်လိုက်ဘဲ အနက်ရောင်အရိပ်တစ်ခုက သူ့ဆီ ဆက်လက်လာနေသည်ကို ခံစားမိလိုက်သည်။
ငါ့ကို သတ်ဖို့က မင်းရဲအစွဲအလမ်းတစ်ခုအဖြစ် ပြောင်းလဲသွားတာလား...
သူက သုံးသပ်လိုက်၏။ သူက အားလုံးကို ထိုသူအား ဖြတ်လာခွင့်ပေးဖို့ အမိန့်ပေးလိုက်သည်။ ထိုအရာက သူနှင့် နှစ်မီတာအကွာသို့ ရောက်ရှိသည့်အခါ သူက လေဖြင့် မှုတ်ချလိုက်သည်။ သူ့ပါးစပ်မှ ကံကြမ္မာကြိုးမျှင်၏ ထောက်ပံ့မှုရှိသည့် ကြောင်မက်ဖွယ် တုန်ခါနှုန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုစွဲလမ်းမှုက စက္ကန့်ပိုင်းမျှသာ ခုခံနိုင်လိုက်ပြီး ပျောက်ကွယ်သွားသည်။
"ဘယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ခပ်ဩဩအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အဲဒါက မင်းက အားနည်းလို့ပဲ။ စွဲလမ်းခြင်း စွမ်းအားနဲ့တောင် မင်းရဲ့ကံကြမ္မာကို မပြောင်းလဲနိုင်ဘူး။" ထျဲ့ကန်က ပြောလိုက်သည်။
သိုင်းပညာရှင်က သူ့ကို မျက်လုံးနီဖြင့် ကြည့်လိုက်သည်။ သူက သူ့ဆီမှ အရာအားလုံးကို ယူဆောင်သွားသည့်လူကို ကြည့်ချင်နေသည်။ သူက မပျောက်ကွယ်သွားခင် အခိုက်အတန့်လေး၌ သူ့ဘဝကို ပြန်လည်တွေးတောမိသွားသည်။
သူ့နာမည်က ရှောင်နင် ဖြစ်သော်လည်း သိုင်းလောကရှိ လူများက သူ့ကို ဝတ်ရုံဖြူပုလွေ အသူရာဟုသိကြသည်။ အစောပိုင်းနှစ်များအတွင်း သူ့ဆရာက အကောင်းဆုံး အားစိုက်ထုတ်ခဲ့သော်လည်း သူက သိုင်းပညာအပေါ်စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ သူက တေးဂီတကိုသာ မြတ်နိုးလေ၏။ အထူးသဖြင့် ပုလွေ ဖြစ်သည်။ ထိုနောက် ကံကြမ္မာဖန်သည့် ညတစ်ည၌ သူက သူ့ဆရာဖြစ်သူကို လာရောက်တွေ့ဆုံခဲ့သည်။
သူက ခံစားခဲ့ရသည့် နာကျင်မှုနှင့် အပြစ်ရှိစိတ်ကို အမှတ်ရနေဆဲ ဖြစ်၏။ ထိုနေ့ရက်တွင် သူက ပြောင်းလဲကာ သူ့ဆရာဖြစ်သူကို မြှုပ်နှံပေးခဲ့သည်။ သူက သိုင်းပညာကို အာရုံစိုက်ခဲ့ပြီး သတ်ဖြတ်ရေးအသံဟု ခေါ်ဆိုသည် ကောင်းကင်သိုင်းကျမ်းကိုပင် ရယူနိုင်ခဲ့သည်။
သူ့သိုင်းကျမ်းပြီးမြောက်သွားသည့်အခါ ရှောင်နင်က ကမ္ဘာတစ်ဝန်း သောင်းကျန်းပြီး သူ့ဆရာဖြစ်သူအတွက် လက်စားချေဖို့ ကြိုးစားခဲ့သည်။ သူ သွားရာလမ်းတလျှောက်၌ အလောင်းများစွာ ကျန်ရှိခဲ့သည့်အတွက် ဝတ်ရုံဖြူပုလွေ အသူရာဟု အမည်တွင်လာခြင်း ဖြစ်၏။
ရှောင်နင်က သူ့ဘဝသည် သွေးများ သို့မဟုတ် အမှောင်ထုများဖြင့် ပြည့်နှက်နေလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ ထိုအရာက သူ လက်စားချေမည့် စာရင်းတွင် နောက်ဆုံးသူကို မတွေ့သေးသည့်အချိန်ထိသာ ဖြစ်သည်။ တောင်ပေါ်ရှိ ထိုနေ့ရက်ကို ပြန်လည်အမှတ်ရနေဆဲ ဖြစ်သည်။ သူ့ဆံပင်ရှည်တို့က လေနှင့်အတူ မြောလွင့်နေပြီး အနောက်ဘက်တွင် လှပသည့် တောင်တန်းတစ်ခုရှိနေကာ ဗျပ်စောင်းသံက သူ့ကံကြမ္မာကို လက်ခံကြောင်း ညွှန်ပြနေဟန်ပေါ်သည်။
ရှောင်နင်က သတိလက်လွတ်ဖြင့် ပုလွေကို ထုတ်ကာ လိုက်လံတီးခတ်ခဲ့သည်။ သူ နိုးထအသိဝင်လာသည့်အခါ သူတို့က အတူတီးခတ်နေသည်မှာ ၃ရက်တာ ကြာမြင့်သွားပြီ ဖြစ်၏။ ပို၍အရေးကြီးသည်က သူ့အမုန်းတရားနှင့် ဒေါသအားလုံးက ပျောက်ကွယ်သွားခဲ့သည်။
သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ သူ ကထိုသူကို ခွင့်လွှတ်ပေးဖို့ ဖြစ်သည်။ သူက ထိုအရာကို ဘယ်သောအခါမှ နောင်တမရခဲ့ပေ။
ထိုနေ့ရက်တွင် သူက လက်တွဲဖော်နှင့် တွေ့ဆုံခဲ့ရသည်။ သူတို့က လောကီရေးရာအပေါ် ဝင်ရောက်မစွက်ဖက်ပဲ တေးဂီတအပေါ်သာ မြှုပ်နှံထားခဲ့သည်။ သူတို့က သိုင်းလမ်းစဉ် သို့မဟုတ် ဧကရာဇ်လမ်းစဉ်ကို ဂရုမစိုက်ကြဘဲ သူတို့တွင် တစ်ယောက်နှင့်တစ်ယောက်၊ တေးဂီတသာ ရှိလေသည်။ ထိုအရာက သူတို့အတွက် လုံလောက်နေပြီ ဖြစ်၏။ ကိစ္စများကဤစစ်ပွဲမတိုင်ခင်အထိ အဆင်ပြေနေခဲ့သည်။
ရှောင်နင်က ဤကိစ္စမှ ပြေးထွက်လိုမိသည်။ အစောပိုင်းအနေအထားတွင် ဖြစ်၏။
သို့သော် သူ့လက်တွဲဖော်က ပါဝင်ဖို့စိတ်အားထက်သန်နေခဲ့သည့်အတွက် သူက လိုက်လာခြင်း ဖြစ်သည်။
သို့သော် တိုက်ပွဲစတင်သည်နှင့် သူချစ်ရသူကို သူ့ဆီမှ ယူဆောင်သွားခံရသည်ကို ကြည့်နေရသည်။ ဒေါသနှင့်ဝမ်းနည်းမှုတို့က သူ့စိတ်ကို ဖုံးလွှမ်းသွားပြီး သူ့မွေးရပ်မြေအတွက် တစ်စုံတစ်ခုလုပ်ဖို့ရာ ဆုံးဖြတ်ခဲ့သည်။ နှမျောစရာကောင်းလှစွာဖြင့် သူ့အားစိုက်မှုက အသုံးမဝင်ခဲ့ပေ။
" လိုင်ချန် … မစိုးရိမ်နဲ့။ ငါ မင်းနဲ့တွေ့ဖို့လာနေပြီ။ မြင်တယ်မလား။ ငါ မင်း မကျေမနပ် မဖြစ်အောင် အကြာကြီးမစောင့်ခိုင်းပါဘူး … "