← Chapters

မရဏလက်စွပ်

Vol. 77 Ch. 1070

မရဏလက်စွပ်

Vol. 77 Ch. 1070

ထျဲ့ကန်က တိုက်ပွဲမြေပြင်ရှိ အပြောင်းအလဲ အသေးလေးကို သတိထားမိကာ မျက်မှောင်ကျုံ့လိုက်သည်။ လေဟာနယ်တစ်လျှောက် ပြန့်ကျဲနေသည့် အလင်းတန်းများမှ ရွှေရောင်အလင်းတန်းများစွာ ထွက်ပေါ်လာ၏။ သိုင်းပညာရှင်များက ပိုမိုရက်စက်ကာ သူတို့၏ ရွှေခန္ဓာကိုယ်ကို လောင်ကျွမ်းပြီး တစ်ဖက်လူကို ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြင့် တိုက်ခိုက်လာကြသည်။

တခြားနည်းဖြင့် ပြောရလျှင် သူတို့က အပြင်းထန် တိုက်ခိုက်နေခြင်း ဖြစ်၏။ ထို့ကြောင့် သူက သူ့လူများအား သေချာဂရုတစိုက် တိုက်ခိုက်ပြီး ထိုနည်းဗျူဟာများကို စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့သည်။

တိုက်ပွဲမြေပြင်၏ တခြားတစ်ဖက်တွင် ချင်းဟိန်က အားလုံးကို ကြည့်နေရင်း လက်သီးကျစ်ကျစ် ဆုပ်ထားလိုက်မိသည်။ သူတို့က ဤတိုက်ပွဲကို ရှုံးနိမ့်နေပြီး တစ်ဖက်သတ် သတ်ဖြတ်မှုဟု ဆိုရပေမည်။ ထိုမူလကျင့်ကြံသူများ၏ နည်းလမ်းသည် စွယ်စုံသုံးနိုင်ကြသည်။ ထိုအရာများအပြင် သူတို့က ခုခံမှု၊ သက်လုံနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိသည့် အားကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။

ဒါက ငါတို့ကမ္ဘာက လက်အောက်ခံဘဝကို မရှောင်လွှဲနိုင်တဲ့ ကံကြမ္မာများလား…

ချင်းဟိန်က ပေါက်ကွဲမှုအသေးစားကိုပင် ဖြစ်ပေါ်နိုင်လောက်အောင် လက်သီးကျစ်ကျစ် ဆုပ်ထားလိုက်မိသည်။

“အားနာပါတယ်” သူက တခြားသုံးယောက်ကို ပြောလိုက်၏။ သူတို့ကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြကြသည်။

“ကျွန်မတို့တွေ ဘာလုပ်ကြမလဲ” လျှပ်စီးလက်သီးက မေးလိုက်သည်။

“ငါတို့တွေ မူလအစီအစဉ်အတိုင်း ဆက်လုပ်မယ်” ချင်းဟိန်က သက်ပြင်းချကာ ပြောလိုက်သည်။ သူက နတ်ဘုရား နတ်ဆိုးဂိုဏ်းမှ ဆက်သွယ်မှုကို လက်ခံရရှိလိုက်၍ ရပ်တန့်လိုက်သည်။

“တကယ်လို့ မင်းတို့တွေဆီမှာ အဲ့လိုအရာမျိုးရှိရင် ဘာလို့အဲ့လိုမျိုး စောင့်နေရတာလဲ” သူက အမူအရာ ပျက်ယွင်းလျက် မေးလိုက်သည်။

“ကျုပ်တို့တွေက အချိန်မှန်မှာ ထုတ်ဖော်လိုက်တာပဲ။ အရှင် ကျုပ်တို့က နက်နဲတဲ့အုတ်မြစ်ကို ပြတယ်ဆိုတာနဲ့တင် ပျော်ရွှင်သင့်နေပြီ”

ချင်းဟိန်က သက်ပြင်းချလိုက်သည်။

“ကောင်းပြီ ပို့လိုက်”

“အဲဒီနတ်ဆိုးတွေက ဘာတွေလှည့်စားနေပြန်ပြီလဲ” လျှပ်စီးလက်သီးက မေးလိုက်သည်။

“ကျုပ် စိုးရိမ်တာက ဘာလို့အခုမှလဲ” ခရမ်းရောင်နဂါးက ဝင်ပြောလိုက်သည်။

“အဲဒါက သိသာတယ် မဟုတ်ဘူးလား။ သူတို့က သူတို့ဂိုဏ်းခေါင်းဆောင်အတွက် လုံလောက်တဲ့ ကုသိုလ်တွေကို စုဆောင်းဖို့ အချိန်ယူထားစေချင်တာလေ” မြွေဓားမော့က ပြောလိုက်သည်။

“သူ့ကို တကယ်ကြီး အသက်ပြန်မသွင်းသင့်ဘူး” လျှပ်စီးလက်သီးက ညည်းတွားလိုက်သည်။

“သူ တာအိုကို သက်သေပြတာနဲ့ ကောင်းကင်ဧကရာဇ်ရာထူးအတွက် ရှင်နဲ့ ယှဉ်ပြိုင်လာလိမ့်မယ်”

“ဒီစစ်ပွဲအတွက် သူတို့က အရင်းအမြစ်တွေ လူအင်အားတွေ ဘယ်လောက်စိုက်ထုတ်ထားလဲဆိုတာကို မင်းလည်းမြင်ပါတယ်” ချင်းဟိန်က ရှင်းပြလိုက်သည်။

“ပြီးတော့ ငါက အဲဒီရာထူးကို ဂရုမစိုက်ဘူး”

“ရှင်က ဂရုမစိုက်ပေမဲ့ ကျွန်မတို့က ဂရုစိုက်တယ်။ အဲဒီနတ်ဆိုးကောင်စုတ်တွေ အုပ်ချုပ်မဲ့အစား ခေါင်းဆောင် မရှိတာကမှ ပိုကောင်းသေးတယ်” လျှပ်စီးလက်သီးက လှောင်ပြောင်လိုက်သည်။

သူတို့ရှေ့တွင်ရှိနေသည့် လေဟာနယ်က တုန်ခါနေပြီး တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာက အရိုးများဖြင့် ပြုလုပ်ထားသည့် အဖြူရောင်လက်စွပ်တစ်ခု ဖြစ်၏။

“မြေအောက်သိုင်းဧကရာဇ်ရဲ့ တာအိုသက်သေပြပစ္စည်းပဲ။” မြွေဓားမော့က ရေရွတ်လိုက်သည်။

“ဒါက ငါထင်ထားသလိုမျိုး အားကောင်းသားပဲ”

မြေအောက်သိုင်းဧကရာဇ်က သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် ဒဏ္ဍာရီတစ်ခုဖြစ်သည်မှာ သူ့စွမ်းအားနှင့် ကမ္ဘာကြီးထံ ဖြစ်စေခဲ့သည့် အကြီးအကျယ် ပျက်စီးစေမှုတို့ကြောင့် ဖြစ်သည်။ ဗလာခေတ်ကာလအပြီးတွင် ကမ္ဘာက သိုင်းမူလခေတ်ကာလသို့ ဝင်ရောက်သွားခဲ့ပြီး သူတို့၏ ကျင့်ကြံရေးစနစ်များက ဖန်တီးကာ ပြီးပြည့်စုံသွားသည်။ ထို့နောက် ထိုခေတ်ကာလအဆုံးသတ်တွင် အရူးတစ်ယောက် ရောက်ရှိလာခဲ့၏။

သူက မရဏချီကို အလောင်းကောင်တပ်ဖွဲ့ ဖန်တီးဖို့ အသုံးပြုဖို့ရာ မည်မျှကြောက်ဖို့ကောင်းကြောင်း ပြသခဲ့သည့် ပထမဦးဆုံးလူ ဖြစ်ပေသည်။ သူ့မရဏတာအိုဖြင့် သူသည် ကမ္ဘာကို လွှမ်းမိုးဖို့ သောင်းကျန်သည့် လမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီး ထိုအရာကို ကောင်းကင်အလိုဆန္ဒ ပျိုးထောင်ရန်အတွက် မရဏကမ္ဘာအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့သည်။

ကြောက်ဖို့ကောင်းသည့်အရာက သူသည် အောင်မြင်လုနီးပါး ဖြစ်ခဲ့၏။ သိုင်းမူလခေတ်ကာလသည် ထာဝရဦးသျှောင်၊ ဆန့်ကျင် ကျင့်ကြံသူနှင့် အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များစွာရှိသည့် စည်ပင်ကြွယ်ဝသော ခေတ်ကာလ ဖြစ်ခဲ့သည်။ သို့သော် သူတို့က ထိုမြေအောက်သိုင်းဧကရာဇ်နှင့် မယှဉ်နိုင်ပေ။ ထိပ်တိုက်ရင်ဆိုင်မှုထဲ ထိုအင်အားကြီးပုဂ္ဂိုလ်များသည် သေဆုံးသွားကြပြီး ရန်သူ၏ အလောင်းကောင်စစ်သား ဖြစ်သွားကြသည်။

ဤကမ္ဘာအတွက် ကံကောင်းသွားသည်က မြေအောက်သိုင်းဧကရာဇ်၏ အနီးကပ်မိတ်ဆွေဆီမှ သစ္စာဖောက်မှုကြောင့် သူ့ကို စည်းပိတ်ကာ နှင်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်အပြီးတွင် သေလူများကို အမြောက်စာအဖြစ် အသုံးပြုသည့် နည်းဗျူဟာက တွင်ကျယ်လာခဲ့ကာ မဟာဧကရာဇ်တစ်ဦးက မရဏတားမြစ်ရေးသဘောတူညီချက်ကို မထုတ်ဖော်ခင်အထိ ဖြစ်သည်။

ချင်းဟိန်က အချိန်မဖြုန်းဘဲ ထိုလက်စွပ်ကို ဝတ်ကာ စွမ်းရည်တစ်ခုကို အသက်သွင်းလိုက်သည်။

အင်မော်တယ်ကျိန်စာ

ဤစစ်ပွဲရှိ သေမျိုးသိုင်းပညာရှင်သည် သူတို့နဖူးအထက် အနက်ရောင်အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရပြီး အဖြစ်အပျက်ကို နားလည်လိုက်ကြသည်။ သူတို့က မသေမျိုးသဖွယ် ဖြစ်လာကြ၏။ သူတို့၏ ရန်သူများက မည်သို့ပင်လုပ်စေကာမူ သူတို့ကို သတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ရူးသွပ်ကာ တစ်ဖက်သူကို အမုန်းတရားအပြည့် ဒေါသအပြည့်ဖြင့် တိုက်ခိုက်နေကြသည်။ ဤသည်က သူတို့၏ ချစ်မြတ်နိုးရသော ညီအစ်ကို၊ မိတ်ဆွေများနှင့် ကျရှုံးသွားသော ရဲဘော်ရဲဖက်များအတွက် လက်စားချေပေးဖို့ အခွင့်အခါကောင်း ဖြစ်ပေသည်။

ဒါက မကောင်းတော့ဘူး…

ထျဲ့ကန်က အခြေအနေကို သတိထားမိကာ တွေးလိုက်သည်။

ဒီဧကရာဇ်အသုံးအဆောင်က မရဏစွမ်းအားနဲ့ မျိုးဆက်ဘီလီယံပေါင်း အားဖြည့်ခဲ့တာပဲ…

သူက သူ့ခေါင်းဆောင်သည် ထိုအရာကို စိတ်ဝင်စားလိမ့်မည်ဟု တွေးခဲ့ကာ အကြည့်များ တောက်ပလာ၏။ သို့သော်လည်း ထိုအရာက နောက်ပိုင်းမှသာ ဖြစ်သည့်အတွက် ဤအခြေအနေကို အရင်ဖြေရှင်းရလိမ့်မည်။

ထိုနည်းစနစ်က သေမျိုးကျင့်ကြံသူများအတွက်သာ သက်ရောက်မှု ရှိသော်လည်း တိုက်ပွဲကို ပြောင်းပြန် ပြန်ပြောင်းပစ်ဖို့ လုံလောက်နေပြီဖြစ်သည်။

“အဆောင်တပ်ဖွဲ့ … အားလုံးကို စည်းပိတ်ရေးအဆောင်တွေ ပေးလိုက်။ ငါတို့က သူတို့ကို အခု မသတ်နိုင်ပေမဲ့ စည်းပိတ်ထားပြီးတော့ နောက်မှ သတ်လို့ရတယ်” ထျဲ့ကန်က ဝူမင်၏ ထူထန်တပ်ဖွဲ့ကို အာရုံမစိုက်ခင် အမိန့်ပေးလိုက်သည်။

“အခု မင်းအလှည့်ပဲ။ စည်းပိတ်ရေးအစီအရင်နဲ့ တပ်ဖွဲ့ကို သုံးပြီးတော့ အခြေအနေကို ဖြေရှင်းလိုက်”

ဝူမင်က ချက်ချင်းဆိုသလိုလှုပ်ရှားကာ သူ့တပ်ဖွဲ့ထဲ သူတို့ခန္ဓာကိုယ်အပေါ် စည်းပိတ်ရေးအခြေပြု ထူထန်စစ်သည်တော်များကို ဆင့်ခေါ်ခဲ့သည်။

“အခု ခဏနေဦး” ထျဲ့ကန်က စစ်ပွဲအခန်းမှ အမိန့်ကို လက်ခံရရှိ၍ ရုတ်တရက် ပြောလိုက်သည်။

“ထားလိုက်တော့။ ငါတို့တွေ ခုခံကြမယ်။ ကြားထဲမှာ မသေမျိုးအဆင့် တိုက်ပွဲကို စကြတာပေါ့။”

“ဘာလို့ရုတ်တရက် ပြောင်းလဲသွားတာလဲ…”

ဝူမင်က မေးလိုက်သော်လည်း ထျဲ့ကန်က အတွေးနက်နေလေသည်။

ထိုဆုံးဖြတ်ချက်က ချစ်ရသူများကို ကာကွယ်နိုင်ဖို့ သို့မဟုတ် တိုက်ပွဲကို အဆင်ပြေချောမွေ့စေဖို့ ပြုလုပ်လိုက်ခြင်း ဖြစ်၏။ ကိစ္စများကို နှေးကွေးဖို့လိုအပ်ပြီး နည်းဗျူဟာအသီးသီးကို အသုံးပြု၍ သတင်းအချက်အလက်များကို စုဆောင်းရမည်။

သူ့အမိန့်အောက်တွင် တပ်ဖွဲ့အားလုံးက ခုခံရေးအနေအထားသို့ ဝင်ရောက်ကာ စွမ်းအင်ဒိုင်းများကို ပေါင်းစည်းလျက် သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ကြသည်။ သူတို့က စွမ်းအင်များကို ထိန်ချန်ဖို့ မလိုကြောင်း အမိန့်ပေးထားခဲ့သည်။ အဂ္ဂိရတ်ပညာရှင်များက ကြာရှည်သည့် တိုက်ပွဲအတွက် လိုအပ်သမျှ ဆေးလုံးများကို ထောက်ပံ့ပေးနိုင်လေသည်။

“လီကျွင်း တခြားကောင်းကင်ရွေးချယ်ခံတွေကို ကာကွယ်ထားလိုက်” ထျဲ့ကန်က အမိန့်ပေးလိုက်သည်။

“ငါ့ကို ကလေးထိန်းစေချင်တာလား။ ငါ ငြင်းတယ်”

“ဘာလို့လဲ”

“ဒီလူတွေက အဲဒီမသေမျိုး ပြိုင်ဘက်တွေနဲ့ မရင်ဆိုင်နိုင်ဘူးဆိုရင် သူတို့ကိုယ်သူတို့ ကောင်းကင်ရွေးချယ်ခံလို့ မခေါ်သင့်ဘူး”

“အဲဒါလည်း ဟုတ်တာပဲ။ မင်းတို့တွေ ကြားကြတယ်မလား” ထျဲ့ကန်က ပြောစဉ် ထိုသူများက ဒေါသထွက်နေကြသည်။ တည်ငြိမ်သည့်သူတစ်ဦးက နံပါတ်နှစ်နေရာတွင် ရှိသည့် တိကျားယင်သာ ဖြစ်၏။

ထျဲ့ကန်၏ ပါးစပ်ဖျားတွင် အပြုံးတစ်ပွင့် ပေါ်ထွက်လာကာ “အခု ငါ လှုပ်ရှားရတော့မဲ့အချိန်ပဲ”

သူက တုံ့ဆိုင်းခြင်းမရှိဘဲ သူ့အရှိန်အဝါကို ထုတ်လွှတ်ကာ ပုံဖော်လိုက်သည်။

၃.၅မီတာ မြင့်မားပြီး တူနှစ်လက်ကို ကိုင်ဆောင်ထားသည့် သိုင်းပညာရှင်တစ်ယောက်က ထွက်ပေါ်လာသည်။ ထိုအမျိုးသားက အတွင်းကမ္ဘာ၏ ပုံရိပ်ယောင်ကို ထုတ်ပြကာ ပထမတန်းစား ဆန့်ကျင်တာအိုဘိုးဘေးဖြစ်ကြောင်း ပြသနေသည်။

ဒီတိုက်ပွဲကို သုံးပြီးတော့ သူတို့ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးရမယ်…

ထျဲ့ကန်က တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။

ပထမကြိုးမျှင်

ထျဲ့ကန်က ကြိုးမျှင်များကို ထိန်းချုပ်သည့် ရုပ်သေးရုပ်ဆရာအလား လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ ထို့နောက် ထိုဧရာမလူကြီးက မတုံ့ပြန်နိုင်ခင် မမြင်နိုင်ဖွယ် ကြိုးမျှင်များက ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် အတွင်းကမ္ဘာကိုပင် အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်လိုက်သည်။

သိုင်းပညာရှင်က ထျဲ့ကန်ကို တုန်လှုပ်တကြီး ကြည့်ကာ သူသည်ဤသို့ အလွယ်တကူ သေဆုံးသွားရသည်ကို မယုံကြည်နိုင်ဖြစ်နေမိသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အပိုင်းရာချီ ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ လေထုအားနှင့် စွမ်းအားများကလည်း အဆုံးသတ်သွားခဲ့သည်။

“အဲဒါက ဘာလဲ” ထျဲ့ကန်က ထိုလူ၏ အတွင်းကမ္ဘာမှ တောက်ပနေသည့် အဝါရောင် ရွှံ့မြေကို မြင်သည့်အခါ မေးလိုက်သည်။

“အင်မော်တယ် မြေဓာတ် အဆီအနှစ်လား။ အဲဒါဆိုတော့ ဒါကြောင့် သူက ပထမတန်းစား ဖြစ်လာတာကိုး”

သူက ထိုအရာသည် အတော်လေးအဆင်ပြေကြောင်း သိ၍ ပြုံးလိုက်သည်။ သူက ထိုအရာကို သူ့နောက်ဘဝအတွက် ပထမတန်းစား ဆန့်ကျင်တာအိုဘိုးဘေးကို ပြုစုပျိုးထောင်ဖို့ ချန်ထားနိုင်သလို ဂိုဏ်းအတွက် တူညီသည့် တန်ဖိုးရှိသည့်အရာနှစ်ခုနှင့် လဲလှယ်နိုင်သည်။

“နောက်ထပ် ဘယ်သူရှိသေးလဲ” ထျဲ့ကန်က လူအုပ်ကြီးကို ကြည့်လိုက်သည်။

“ငါက မင်းပြိုင်ဘက်ပဲ”

နောက်ထပ် ပထမတန်းစား ဆန့်ကျင်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သို့သော် သူက နဖူးအထက် တတိယမျက်လုံးရှိထားသည့် ပိန်ပါးပါး လူတစ်ယောက် ဖြစ်၏။

ထျဲ့ကန်က ထိုသူသည် လူသားမျိုးစိတ် ဖြစ်သည်လား သို့မဟုတ် နည်းစနစ်တစ်ခု ဖြစ်သည်လား မပြောနိုင်ပေ။ ထိုသူက နောက်ထပ် သေရမည့်သူဖြစ်သည့်အတွက် သိပ်အရေးမကြီးပေ။ သူက တူညီသည့် နည်းစနစ်ကို တုံ့ဆိုင်းခြင်းမရှိ အသုံးပြုလိုက်သော်လည်း ထိုသူက သူ့ကံကြမ္မာကြိုးမျှင်များကို မြင်တွေ့နိုင်ဟန်ဖြင့် ရှောင်ရှားခဲ့သည်။

ကောင်းတယ်…

ထျဲ့ကန်က တွေးလိုက်မိသည်။

ဒါပေမဲ့ အဲဒီကြိုးမျှင်က ထွက်ပေါ်လာတဲ့ တုန်ခါမှုတွေကိုရော…

သို့သော် သူ့အား အံ့အားသင့်သွားစေသည်က တစ်ဖက်လူသည် သူ့လျှို့ဝှက်တိုက်ကွက်များကိုပင် ရှောင်ရှားနိုင်ခဲ့သည်။

ထို့အပြင် ထိုသိုင်းပညာရှင်က အတော်လေး မြန်ဆန်လှ၏။

အရွေ့တုန်ခါခြင်း

ထျဲ့ကန်က လှုပ်ရှားနိုင်သည့် အရာအားလုံးဆီမှ တုန်ခါမှုကို စစ်ထုတ်လိုက်သည်။ ဤတိုက်ပွဲကွင်းပြင်တွင် နတ်ဆိုးများနှင့် မွန်းစတာများက တစ်ယောက်နှင့်တစ်ယောက် သတ်ဖို့ ကြိုးစားနေကြ၍ သူ့တွင် တုန်ခါသည့် အရင်းအမြစ်များစွာ ရှိနေလေသည်။ တစ်ဖက်လူ၏ မြန်ဆန်လွန်းသည့် လှုပ်ရှားမှုကပင် သူ့အတွက် စွမ်းအားအရင်းအမြစ် ဖြစ်နေနိုင်၏။

“မင်း မသိသေးဘူးလား” မျက်လုံးသုံးလုံး သိုင်းပညာရှင်က ပြောလာသည်။

“ငါ မြင်နိုင်သမျှ အရာအားလုံးကို ငါ့ကို ဒဏ်ရာမပေးနိုင်ဘူး”

သူ့အမြင်တွင် သူ့ဝန်းကျင်တွင် ရှိသည့်အရာအားလုံးက တုန်ခါမှုနှင့် အတက်အကျလှိုင်းများအဖြစ် ပြောင်းလဲသွားသော်လည်း အရေးမကြီးပေ။ သူက အိမ်ထဲတွင် လမ်းလျှောက်နေသလိုမျိုး သက်သက်သာသာ ဖြစ်နေ၏။ တုန်ခါနှုန်းများက မည်သည့်နေရာမှ ထွက်ပေါ်လာစေကာမူ အရေးမကြီးပေ။ သူက မြင်တွေ့နိုင်သရွေ့ ရှောင်ရှားနိုင်သည်။

စိတ်တိုစရာပဲ…

ထျဲ့ကန်က တွေးလိုက်မိသည်။

ဒီနည်းစနစ်က သူ့အား တိုက်ပွဲရူး အရင်းအမြစ်နည်းစနစ်ကို ပြန်လည်အမှတ်ရသွားစေသည်။

ငါသာ သူ့ထက် မြန်သရွေ့ သူ့ကို တိုက်ခိုက်နိုင်တယ်…

သို့သော်လည်း ထိုအကြံအစည်က ပြစ်ချက် ရှိနေသည်။ အကြောင်းအရင်းမှာ သူသည် တစ်ဖက်လူထက် မြန်ဆန်ဖို့ လိုအပ်နေသော်လည်း မလုပ်ဆောင်နိုင်ပေ။

ဒီလိုဆိုရင် တစ်ခုတည်းသော ဖြေရှင်းနည်းက သူ့အမြင်အာရုံကို ဖယ်လိုက်ဖို့ပေါ့…

ထျဲ့ကန်က ချက်ချင်းဆိုသလို ဤတိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ပစ်ဖို့ နည်းဗျူဟာကို ဖန်တီးခဲ့သည်။

All Chapters