စတုတ္ထမြောက် အလွှာတိုက်ပွဲ
Vol. 77 Ch. 1071
အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး၊ စစ်ပွဲခန်းမ
ဝမ်ဝေ့က ပလ္လင်အသစ်အပေါ်တွင် ထိုင်နေရင်း အစီအရင်မှတဆင့် တိုက်ပွဲပုံရိပ်ကို စောင့်ကြည့်နေသည်။ နောက်ဆုံးတွင် သူက မရဏစွမ်းအား ပြည့်လျှံနေသည့် အဖြူရောင်လက်စွပ်ကို မြင်သည့်အခါ စိတ်ဝင်စားလာမိ၏။ သူက ရုပ်သေးရုပ်အတွက် ပါဝင်ပစ္စည်းအနေဖြင့် ထိုသိုင်းပညာရှင်များ၏ အလောင်းများကို ရုပ်သေးရုပ်အတွက် ပါဝင်ပစ္စည်းအနေဖြင့် စုဆောင်းခိုင်းခဲ့ပြီး မရဏချီကိုမူ ဇစ်မြစ်သစ်သီးကို ကျွေးမွေးဖို့ရာအတွက် ဖြစ်သည်။
မရဏချီက ပြင်းအား များသော်လည်း အရည်အသွေး နိမ့်ကျလွန်းနေသည်။ သို့သော်လည်း ဧကရာဇ်အသုံးအဆောင်အတွက်မူ ကွဲပြားပေလိမ့်မည်။ ထိုအရာက သူ့ခန္ဓာကိုယ် လေ့ကျင့်ဖို့အတွက်ပင် အကျိုးရှိပြီး သူ့မရဏတာအို နားလည်နိုင်စွမ်းကို အထောက်အကူ ဖြစ်စေလိမ့်မည်။
စိတ်ဝင်စားစရာပဲ။ ဒီစစ်ပွဲက ငါ ထင်ထားတာထက်ပိုပြီးတော့ အကျိုးအမြတ် ရှိနေတာပဲ။ ကြည့်ရတာ တချို့ကိုလည်း မျှားခေါ်နိုင်လိမ့်မယ်…
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ ပြုံးလိုက်မိသည်။
………………………………
ထျဲ့ကန်က သူ့လက်ထဲ မျက်လုံးအိမ်တွင် အပေါက်သုံးပေါက်ရှိနေသည့် ဦးခေါင်းကို ကိုင်ထားလေသည်။ ဤတိုက်ပွဲအတွင်းနည်းဗျူဟာက ရိုးရှင်းကာ တဲ့တိုးဆန်လှ၏။ သူ့အနေနှင့် တစ်ဖက်သူက အတော်လေး အာရုံစိုက်လာစေရန် ဖိအားပေးဖို့ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ဆင့်ကမူ ထိုသိုင်းပညာရှင်၏ တစ်ခုတည်းအပေါ် အာရုံစိုက်လွန်းနေခြင်းမှ အမြင်အာရုံက အမှားအယွင်း လုပ်လာသည်အထိ စောင့်ဆိုင်းခဲ့သည်။
ထျဲ့ကန်က တစ်ဖက်လူ၏ အမြင်အာရုံ ဟာကွက်ဖြစ်သွားသည်ကို အခွင့်ကောင်းယူကာ တတိယမျက်လုံးကို ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုအရာ မပါရှိဘဲ သိုင်းပညာရှင်၏ အမြင်စွမ်းအားက သိသိသာသာ လျော့ကျသွားမည် ဖြစ်ကာ သူ့ကို မသတ်ခင် တခြားသော မျက်လုံးနှစ်ခုကိုလည်း ဖောက်ယူခဲ့သည်။
မင်းက တကယ်ကို ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ…
ငါ မင်းကို မှတ်ထားမယ်…
ထျဲ့ကန်က ထိုမျက်လုံးသုံးလုံးကို အဖိုးတန်သည်ဟု ယူဆကာ သိမ်းဆည်းထားလိုက်၏။ သူက နောက်ပစ်မှတ်ကို ကြည့်နေရင်း ရှေ့ဆက်တိုးလာခဲ့သည်။
ထာဝရအဆင့်တွေရော တိုက်နေပြီလား။ ကိစ္စတွေက အခုတော့ အရှိန်မြင့်လာတဲ့ပုံပဲ…
ထျဲ့ကန်က ဤအလွှာကို အာရုံစိုက်ထားရင်း တွေးလိုက်သည်။ သိပ်မကြာခင် သူက အားကောင်းသည့် ရန်သူတစ်ဦး ချဉ်းကပ်လာသည်ကို ခံစားမိကာ မျက်မှောင်ကျုံ့လိုက်၏။ ထိုသူက သူ့ကို အလန့်တကြားဖြစ်စေသည့်အတွက် သတိကြီးကြီး ထားထားလိုက်သည်။
ပထမတန်းစား ဆန့်ကျင်ကျင့်ကြံသူကို ထာဝရတန်းစားအဆင့်လောက် နီးကပ်နေပြီလား…
ထျဲ့ကန်က တွေးလိုက်မိသည်။ သူက သံမဏိလက်သီးဘုရင်ဖြင့် အုပ်ချုပ်စဉ်အခါက ကမ္ဘာတစ်ဝှမ်းရှိ ကျင့်ကြံသူအားလုံးကို စိန်ခေါ်ကာ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး သဘာဝလွန်အဆင့် ကျင့်ကြံသူဖြစ်လာခဲ့သည့်အချိန်က ပျော်ရွှင်မှုကို ပြန်လည် ခံစားမိနေသည်။
…………………………………………………………
“ကိစ္စတွေက ဒီလောက်ရိုးရှင်းမှာ မဟုတ်ဘူး။ ကျွန်မတို့တွေ မသေမျိုးပုဂ္ဂိုလ်တွေအများကြီး ဆုံးရှုံးသွားရပြီ” လျှပ်စီးလက်သီးက ညည်းတွားလိုက်သည်။
“ရှင်တို့တွေရော သတိထားမိလား။ အဲဒီမူလကျင့်ကြံသူတွေက ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေးရှိပြီးတော့ သူတို့အားလုံးအတူတူပဲ”
သူတို့က သိုင်းပညာရှင်ဖြစ်ပြီး သူတို့ ကျင့်ကြံရေးစနစ်က တိုက်ခိုက်ရေးကို အလေးထားသော်လည်း တစ်ဖက်သူကြောင့် လွှမ်းမိုးခံနေရသည်။
“သူတို့ တိုက်ခိုက်ပုံက နတ်ဆိုးဂိုဏ်းကို အမှတ်ရစေတယ်” ခရမ်းရောင်နဂါးက ပြောလိုက်သည်။ နတ်ဘုရားနတ်ဆိုးဂိုဏ်းက ကောင်းကင်ရွေးချယ်ခံကို လေ့ကျင့်ပေးဖို့ ရက်စက်သည့် နည်းလမ်းများ ရှိလေသည်။ ဆယ်နှစ်အရွယ်ကတည်းက သူတို့၏ အဖွဲ့သားများသည် ရာချီ သို့မဟုတ် ထောင်ချီအဖွဲ့တွင် ဆွဲသွင်းခံရမည်ဖြစ်ကာ အသက် ၁၅နှစ်အရွယ်တွင် လူတစ်ဦးတည်းသာ ကျန်ရှိလိမ့်မည်။ ထို့နောက် အဖွဲ့ဝင်က အမွေခံသားတော်ဂုဏ်ပုဒ်ကို ရယူကာ တခြားသော အသက်ရှင်ကျန်သူများဖြင့် ဂိုဏ်းချုပ်ငယ်ရာထူးအတွက် ယှဉ်ပြိုင်ကြရမည်။
ဤပြိုင်ပွဲအတွက် နောက်ဆုံးအနိုင်ရရှိသူက ဂိုဏ်း၏ နောက်ခေါင်းဆောင်နှင့် ကောင်းကင်ရွေးချယ်ခံဖြစ်လာမည်ဖြစ်ကာ ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒအတွက် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။
“သူတို့ရဲ့ ကျင့်ကြံရေးစနစ်က အဲ့လောက်တောင် ပြီးပြည့်စုံနေတာလား” လျှပ်စီးလက်သီးက ရေရွတ်လိုက်သည်။
“အမှန်တကယ်ကို စနစ်ကောင်းပဲ။ ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံရဲ့ အကြောင်းအရင်းတော့ မဟုတ်လောက်ဘူး” ချင်းဟိန်က ပြောလိုက်သည်။
“သူတို့ ဘယ်လောက်ပဲ တိုက်ခိုက်ခိုက် အဲဒီလူတွေက ရန်သူများစွာကို ယှဉ်ပြိုင်တဲ့ တိုက်ပွဲရေထောင်ချီကို တွေ့ကြုံခံစားခဲ့ရမှန်း သိသာတယ်။ တကယ်လို့ ငါ ခန့်မှန်းရမယ်ဆိုရင် ရှုရှစ် ပြောတဲ့ အိပ်မက်လောကနဲ့ ဆက်စပ်နေလောက်တယ်”
“အိပ်မက်စွမ်းအားနဲ့ လေ့ကျင့်တာလား” မြွေဓားမော့က ပြောလိုက်သည်။
“အဲဒီစည်းမျဉ်းတွေအားလုံးကို တကယ့်ကမ္ဘာမှာ ပြန်လည်ဖန်တီးနိုင်ရင် တကယ့်ကို ပြီးပြည့်စုံတဲ့ နည်းလမ်းပဲ”
အားလုံးက သူတို့ရင်ဆိုင်နေရသည့် ပြိုင်ဘက်ကို နားလည်သွားသည့်အတွက် သက်ပြင်းချလိုက်ကြသည်။
“ဘာလဲ။ အခုနောင်တရနေပြီလား” ချင်းဟိန်က ပြောလိုက်သည်။
“အခု လက်လျှော့ပြီးတော့ သူတို့ရဲ့ အိပ်မက်ကမ္ဘာကို ဖြန့်ဝေခိုင်းဖို့ မနောက်ကျသေးဘူး။ အဲဒီအခါကျရင် ငါတို့တွေလည်း အသုံးပြုခွင့်ရမှာပဲ”
“မစော်ကားစမ်းပါနဲ့” လျှပ်စီးလက်သီးက ပြောလိုက်သည်။
“သိုင်းပညာရှင်တစ်ယောက်အတွက် သူတို့ရဲ့ ယုံကြည်မှုကို စွန့်ပယ်တာထက် ဘာမှမဆိုးရွားဘူး”
တခြားသူများကလည်း ဘာမှမပြောကြပေ။ သို့သော်လည်း သူတို့က တူညီစွာ ခံစားနေရ၏။ သိုင်းပညာရှင်သည် ခိုင်မာသည့် ယုံကြည်မှုနှင့် စိတ်ဓာတ်မျိုး ရှိသင့်သည်။ မဟုတ်ပါက သေခြင်းတရားနှင့် ရင်ဆိုင်ရသည့် မရဏအဆင့်တွင် အသက်ရှင်သန်မည် မဟုတ်ပေ။
“မင်းတို့လည်း အဲ့လိုတွေးတယ်ဆိုတော့ ဝမ်းသာရတယ်” ချင်းဟိန်က ခေါင်းညိတ်လိုက်သည်။
“ခရမ်းရောင်နဂါး မင်းအလှည့်ပဲ။ အကူအညီမလိုချင်တာ သေချာရဲ့လား”
“သူ့ရဲ့ စွမ်းရည်ကို အရင်ဆုံး စမ်းကြည့်လိုက်မယ်။ တကယ်လို့ တစ်ခုခုမှားသွားရင်တော့ ကူညီကြပေါ့” ခရမ်းရောင်နဂါးက သူ့ခရမ်းရောင်ဝတ်ရုံကို ပြင်ကာ ပြောလိုက်သည်။ ဤသည်က သူ့ဂျူနီယာညီမတစ်ယောက်သည် သူ သူမဆီမှ အထင်ကြီးမှုကိုရဖို့ တိုက်ပွဲတစ်ခုကို အနိုင်ရပြီးသည့်နောက်တွင် သူ့ပုံစံက ဆိုးရွားနေကြောင်း ပြောခဲ့စဉ်အခါက ထိုအလေ့အကျင့်ဖြစ်လာခြင်း ဖြစ်၏။ ထို့ကြောင့် ထိုစဉ်အချိန်ကတည်းကစ၍ တိုက်ပွဲမတိုင်ခင် ပြီးပြည့်စုံသည့် အနေအထားကို ဂရုစိုက်လေ့ရှိသည်။
“ကောင်းပြီလေ”
ခရမ်းရောင်နဂါးက ရှေ့တိုးလာကာ အစီအစဉ်ထဲ ဝင်ရောက်လိုက်သည်နှင့် သူက သီးသန့်နေရာတစ်ခုဆီ ပို့ဆောင်ခံလိုက်ရသည်။ သူက တိုက်ပွဲအတွင်း အဖြစ်အပျက်ကို မြင်တွေ့နိုင်သော်လည်း သူက ဝင်ရောက်မစွက်ဖက်နိုင်ကြောင်း သိကာ သူ့အပြုအမူများက တခြားသူများအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။
“အောင်းရှန် လာပြီး သေလိုက်တော့” သူက အော်ပြောလိုက်သည်။
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အောင်းရှန်က သူ့ရှေ့တွင် ထွက်ပေါ်လာသည်။
“ဒီအနံ့ ရွံဖို့ကောင်းတဲ့အနံ့ပဲ။ မင်းက နဂါးမြင့်တက်ရေးဂိုဏ်းကမလား”
“ဟုတ်တယ်။ ငါတို့ရဲ့ တည်ထောင်သူလိုမျိုး နဂါးတစ်ကောင်ကို နှိမ်နင်းဖို့ ရောက်လာတာ”
အောင်းရှန်၏ မျက်ဝန်းအထက် သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားသည်။ သို့သော်လည်း သူက မထုတ်လွှတ်ခဲ့ပေ။ ထို့အစား သူက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ဒီတိုက်ပွဲမှာ ပါဝင်ဆင်နွှဲတုန်းက အထူးသဖြင့် မင်းတို့တွေကို သတ်ဖို့ပဲ။ တခြားအင်အားစုတွေက ဒီစစ်ပွဲမှာ အသက်ရှင်နိုင်ပေမဲ့ မင်းတို့တွေကိုတော့ သေချာပေါက် သေရစေမယ်လို့ ကတိပေးတယ်”
ခရမ်းရောင်နဂါးက ခေါင်းယမ်းလိုက်၏။
“နဂါးတွေက ပင်ကို သက်ရှိတွေဆိုပေမဲ့ မင်းရဲ့ အတွင်းစိတ်မှာ နတ်ဆိုးတစ်ကောင်လိုမျိုး ရှိနေပြီ”
အောင်းရှန်က ပြုံးသာပြုံးလိုက်သည်။ သူက သူ့အင်အား၏ ဇစ်မြစ်ကို စမ်းသပ်လို၍အတွက် ထိုသူထံ အဓိပ္ပာယ်မရှိသည့်အရာများကို ပြောနေခြင်း ဖြစ်၏။ ထိုသူ့ခန္ဓာကိုယ်မှ အင်မတန် ဝန်လေးရသည့် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေခဲ့သည်။ ထို့အပြင် သူ့ ထာဝရတန်းစားအဆင့် စွမ်းအားက အင်မော်တယ်ချီ၊ အတွင်းကမ္ဘာ သို့မဟုတ် နတ်ဘုရားဘုရင်များကဲ့သို့မဟုတ်ဘဲ သူ့ခန္ဓာကိုယ်မှ ဖြစ်၏။
အောင်းရှန်က ခန္ဓာကိုယ်သပ်သပ်ဖြင့် ထာဝရတန်းစားနှင့် ယှဉ်နိုင်လောက်အောင် လုပ်ဖို့ မည်မျှခက်ခဲကြောင်း မည်သူထက်မဆို ပိုမိုသိထားလေသည်။ သို့သော် ဤအားနည်းလှသည့် ဂိုဏ်းက ထိုသို့ လုပ်ဆောင်နိုင်ခဲ့၏။
ကြည့်ရတာ အားကောင်းပြီးသား ခန္ဓာကိုယ်တစ်ခုကို စုပ်ယူခဲ့တဲ့ပုံပဲ။ ဒီလိုမျိုးဖော်ပြချက်နဲ့ ကိုက်ညီတဲ့သူက သူတို့ဂိုဏ်းရဲ့ တည်ထောင်သူ။ သူက ခန္ဓာကိုယ်ကို ချန်ထားခဲ့တာလား…
ယခု သူက အဖြေထုတ်ပြီးသွားပြီဖြစ်ကာ အောင်းရှန်က ကွဲပြားသည့် အစီအစဉ်မျိုး ရှိလာခဲ့သည်။ သူက ထိုသူ၏ ခန္ဓာကိုယ်ကို သူ့တာအိုသက်သေပြပစ္စည်းတွင် ထည့်ပေါင်းဖို့အတွက် မှတ်ယူထား၏။ ထိုအခြေအနေတွင် သူက သူ့တည်ရှိမှုနှင့် သဘာဝ၏ ရန်သူဖြစ်သည့် နဂါးဖိနှိပ်ရေး ဂုဏ်သတ္တိကို ရရှိလာလိမ့်မည်။ သူ့အနေဖြင့် နောင်အနာဂတ်တွင် သူ့မျိုးနွယ်ကို တိုက်ရိုက်ပစ်မှတ်ထားသည့် နည်းစနစ်များကို စိုးရိမ်စရာလိုတော့မည် မဟုတ်ပေ။
“ဟား…ဟား…ဟား… မင်းက ငါ ချေမွပစ်ရမဲ့ ပိုးမွှားထက် လက်ဆောင်ဖြစ်နေမယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ”
ခရမ်းရောင်နဂါးက ထိုစကားကို ကြားသည့်အခါ တုန်တုန်ယင်ယင်ဖြစ်သွားလေသည်။ သို့သော်လည်း အောင်းရှန်က သူ့တုံ့ပြန်မှုကို အာရုံမစိုက်ဘဲ နိုးထအသက်ဝင်မှုကို အသက်သွင်းလိုက်သည်။ သူက ချက်ချင်းဆိုသလို တစ်ဖက်လူရှေ့ပေါ်ထွက်လာကာ လက်သီးဖြင့် ထိုးချလိုက်၏။
ဝုန်း
ခရမ်းရောင်နဂါးက လေဟာနယ်ထဲ ခြေလှမ်းဒါဇင်ချီ နောက်ဆုတ်လိုက်ရသည်။
“စိတ်ပျက်ဖို့ ကောင်းလိုက်တာ” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ တစ်ဖက်လူဆီမှ ထွက်ပေါ်နေသည့် စွမ်းအားသည် သူ့ကို ခုခံသည့် အလိုလိုအသိစိတ်မျိုး ရှိနေသည်ကို ခံစားမိလိုက်သည်။ ထိုအရာက သူ့တည်ရှိမှုတိုင်းကို ငြင်းဆန်ပြီး လွှမ်းမိုးချင်နေဟန်ပေါ်၏။
အဲဒီခွေးကောင်နဂါးဖိနှိပ်ရေးက ဒီခေတ်ကာလမှာနေရင် သူ့ကို တာအိုအဆုံးသတ်အထိ အမဲလိုက်ပစ်မယ်…
သူက ခရမ်းရောင်နဂါးနားတွင် ပေါ်ထွက်လာပြီး နံရိုးကို ကန်ချလိုက်၏။ သို့သော်လည်း သူက တစ်စုံတစ်ခုကို အာရုံခံစားမိသည့်အခါ မျက်မှောင်ကျုံ့လိုက်သည်။
စိတ်ဆန္ဒသဏ္ဍာန်ပြခြင်း…
အောင်းရှန်က ထိုတိုက်ကွက်၏ သက်ရောက်မှုကို ခံစားမိလိုက်သည်။ သူက ဤကမ္ဘာ၏ ကျင့်ကြံရေးစနစ်ကို နားလည်ဖို့ နှစ်များစွာ အချိန်ယူထားသည့်အတွက် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းအပေါ် အလွန်အကျိုးကျေးဇူးရှိကြောင်း သိထားသောကြောင့် မအံ့ဩမိပေ။
“မင်းက ငါ ထင်ထားတာထက် ပိုအားနည်းနေတာပဲ” ခရမ်းရောင်နဂါးက ပြောလိုက်သည်။ သူ့နံရိုးက နာကျင်နေသော်လည်း သူက အမာရွတ်ထင်ရုံမျှဖြစ်ကာ သူ့အလိုလို ပြန်ကောင်းမွန်သွားသည်။ သို့သော်လည်း အောင်းရှန်က သူ၏ ချွန်ထွက်နေသည့် လက်သည်းတစ်ခုကို အမှောင်ထုစွမ်းအားအပြည့်ဖြင့် အလားအလာကောင်းသည့် အလင်းတန်းအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ခရမ်းရောင်နဂါးက သူ့နဂါးဖိနှိပ်ရေးနည်းစနစ်ကို ထုတ်လွှတ်ရင်း အမူအရာ ပြောင်းလဲသွား၏။ သူ့လက်ဝါးမှ အားကောင်းသည့် တွန်းကန်အားက အမှောင်ထုအလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံနေသည်။ ထိုကြိုးစားမှုက သူ့အတွက် စက္ကန့်ပိုင်းကြာ ကြာမြင့်ခဲ့သော်လည်း မကြာခင် သရုပ်မှန်ပေါ်ထွက်လာခဲ့သည်။
“မဖြစ်နိုင်တာ” ခရမ်းရောင်နဂါးက ဝါးမျိုခြင်းမခံရခင် ရေရွတ်လိုက်သည်။ သူက ထိုတိုက်ကွက်တွင် အသက်ရှင်သန်သော်လည်း သူ့ခန္ဓာကိုယ်က အမာရွတ်အပြည့် ဖြစ်နေသည်။
“ဘာလို့ အံ့ဩသွားတာလဲ။ မင်းစွမ်းအားက ငါ့ရဲ့ ရန်သူ ဖြစ်တယ်ဆိုရင်တောင် ဘယ်သူကိုင်ဆောင်လဲဆိုတဲ့အပေါ်မှာ မူတည်သေးတယ်။ မင်းက လတ်တလောလေးမှ ရယူထားပြီးတော့ ကောင်းကောင်းလည်း မထိန်းချုပ်နိုင်ဘူး” အောင်းရှန်က ပြောလိုက်သည်။
“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့” ခရမ်းရောင်နဂါးက ညည်းတွားလိုက်သည်။
“မင်း ပြောတာမှန်တယ်။ အခု စကားပြောရမဲ့အချိန် မဟုတ်ဘူး။ သတ်ဖြတ်ရမဲ့အချိန်ပဲ”
အောင်းရှန်က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ခရမ်းရောင်နဂါး၏ အရိပ်ထဲမှ ပြန်လည်ပေါ်ထွက်လာသည်။ ပြောရလျှင် ထိုအရာက လေဟာနယ်ထဲတွင် အလင်းမရှိသည့်အတွက် အရိပ်ရှိဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူက သူ့လက်မောင်းကို ရန်သူ၏ ကျောအတွင်း ထိုးသွင်းလိုက်သည်။ ခရမ်းရောင်နဂါး၏ တိုက်ခိုက်ရေး အလိုလိုသိစိတ်က အသက်ဝင်လာ၏။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားကာ လက်သည်းအား နှလုံးသားအစား အဆုတ်ဆီ ရောက်စေလိုက်သည်။
သူက နဂါးဖိနှိပ်ရေးစွမ်းအားကို အပြည့်အဝ ထုတ်သုံးပြီး အောင်းရှန်ကို တွန်းလွှတ်ပြီး အချိန်တချို့ဆွဲထားလိုက်သည်။
သူက ငါနဲ့ကစားနေတာပဲ။ ဒီလိုဆိုရင် သူ့စွမ်းအားကို အကဲဖြတ်နေဖို့ မလိုတော့ဘူး။ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့…
သူက တွေးလိုက်မိသည်။