← Chapters

အချိန်ဆွဲခြင်း

Vol. 77 Ch. 1072

အချိန်ဆွဲခြင်း

Vol. 77 Ch. 1072

ခရမ်းရောင်နဂါးက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ လျှို့ဝှက်ဆန်းကြယ်ပြီး ကြက်သီးထဖို့ကောင်းလာသည်။ ထို့နောက် သူက ထူးဆန်းသည့် စကားများကို စတင်ရွတ်ဖတ်ပြီး သူ့အနောက်ဖက်တွင် သေခြင်းအနိဌာရုံပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာတွင် လက်ခြောက်ဖက်၊ ခေါင်းသုံးလုံးရှိထားပြီး ခြေထောက်များ မရှိပေ။ ထို့အပြင် ရှုံ့တွနေသော မျက်နှာဖုံးနှင့်တူသည့် အနီရောင်မျက်နှာတစ်ခု ပါရှိ၏။ အဝတ်အစား လိုလို သူ့ခန္ဓာကိုယ်အစိတ်အပိုင်းလိုလို ဖြစ်နေသည့် အနက်ရောင်ဝတ်ရုံလည်း ပါရှိလေသည်။

ထိုထူးဆန်းသည့် သတ္တဝါက အောင်းရှန်ကို ကြည့်လာပြီး လက်တစ်ဖက်က သူ့ကို ညွှန်ကာ လက်သီးဆုပ်လိုက်သည်။ နဂါး၏ ခန္ဓာကိုယ်အထက် ထူးဆန်းသည့် စွမ်းအားတစ်ခု ပေါ်ထွက်လာကာ ထိုတိုက်ကွက်ကို တားဆီးအောင်လုပ်လိုက်သည်။

“အဲဒါဆိုတော့ ဒီလိုကိုး။ မင်းတို့ကောင်တွေက ငါ့ကို အမဲလိုက်တုန်းက ငါ့သွေးမျိုးဆက်ကို ယူပြီးတော့ အခုကျိန်စာနဲ့ ငါ့ကို အားနည်းအောင် လုပ်ချင်နေကြတာပဲ” သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

အလုပ်မဖြစ်ဘူးလား…

ခရမ်းရောင်နဂါးက တွေးလိုက်သည်။ ကျိန်စာသက်ရှိက လက်၆ဖက်အားလုံးကို လှုပ်ရှားကာ ကျိန်စာကို တိုးမြှင့်ခဲ့သည်။ ရလဒ်က အောင်းရှန်ဆီမှ လှောင်ပြောင်မှုနှင့် အထင်မြင်သေးသည့် အကြည့်သာ ဖြစ်သည်။

ထို့နောက် နဂါးက သူ့ဆီ ပြေးဝင်လာကာ ခရမ်းရောင်နဂါး၏ ရင်ဘတ်ထဲ လက်သီးထိုးခွင်းလိုက်ပြီး နှလုံးကို ထုတ်ယူလိုက်သည်။

“ဘာလို့ အလုပ်မဖြစ်တာလဲ” ခရမ်းရောင်နဂါးက နှုတ်ခမ်းထောင့်၊ နှာခေါင်းနှင့် တခြားဒွာရပေါက်များမှ သွေးများ စီးကျလာကာ မေးလိုက်သည်။

“ငါက အခု ကွဲပြားတဲ့ သွေးမျိုးဆက် ရှိသွားပြီ” အောင်းရှန်က ပြန်ပြောလိုက်သည်။

“ငါ့ဆီမှာ အခုလို သွေးမျိုးဆက် မရှိရင်တောင် ထာဝရဧကရာဇ်တစ်ယောက်ကို ကျိန်စာတိုက်ဖို့ ဒီလောက်ရိုးရှင်းမယ်များ ထင်နေလား”

အောင်းရှန်က လက်သီးဖြင့် ဦးခေါင်းကို ဖောက်ခွဲပစ်လိုက်သော်လည်း တစ်ဖက်သူက မသေသေးကြောင်း သိလိုက်သည်။ ထိုသူက ခန္ဓာကိုယ်လေ့ကျင့်သူတစ်ဦး ဖြစ်၏။ ထင်ထားသည့်အတိုင်း ခရမ်းရောင်နဂါးက ကျန်ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို ဖောက်ခွဲပစ်ကာ တစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

အောင်းရှန်၏ တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းက သူ့ကို လွှမ်းမိုးထားသည့်အတွက် သူ့မျက်နှာက ဖြူဖျော့နေသည်။ သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ အကူအညီ တောင်းခံလိုက်ရ၏။

လျှပ်စီးလက်သီးနှင့် မြွေဓားမော့တို့က စတုတ္ထမြောက်အလွှာကို ရောက်လာကာ ကူညီပေးကြသည်။

“ရှင့်ရဲ့ အစီအစဉ် အလုပ်ဖြစ်မယ်လို့ ထင်နေတာ” လျှပ်စီးလက်သီးက အသိစိတ်မှတဆင့် ပြောလိုက်သည်။

“အခု အချင်းချင်း ရန်ဖြစ်နေရမဲ့အချိန် မဟုတ်ဘူး။ အခု ရန်သူကို ရှင်းဖို့ ငါတို့ကို ငါတို့ ပြန်လည်ထိန်းညှိသင့်တယ်” မြွေဓားမော့က ဝင်ရောက်ဖျန်ဖြေလိုက်သော်လည်း အစီအစဉ်၏ ကျရှုံးမှုနှင့် ပတ်သက်ပြီး မပျော်ပေ။

“မဟုတ်သေးဘူး။ ငါ့ကို အချိန်နည်းနည်း ဆွဲပေးရင် အဲဒါက အလုပ်ဖြစ်နိုင်တယ်”

“ရှင်က ဘာများလုပ်မှာမလို့လဲ”

“ငါ သုံးနေတဲ့ နည်းစနစ်က ကုန်သွယ်ရေးဗဟိုချက်က နတ်ဘုရားသဟဇာတကမ္ဘာကိုယ်စား ကျူးကျော်လာတုန်းက ဘိုးဘေးတစ်ယောက်ရဲ့ အကြီးမားဆုံး အောင်မြင်မှုတစ်ခုကို သုံးနေတာ” ခရမ်းရောင်နဂါးက ရှင်းပြလိုက်သည်။

“လိုရင်းကို ပြောစမ်းပါ” လျှပ်စီးလက်သီးက ပြောလိုက်သည်။

“ဒီနည်းစနစ်က ကျိန်စာဘုရင်သုံးပါးဆီက တစ်ခုပဲ”

“တကယ်ကြီးလား” လျှပ်စီးလက်သီးက မေးလိုက်သည်။ သူတို့၏ ကမ္ဘာက ကျိန်စာကောင်းကင်ကမ္ဘာမှ နာမည်ကျော် ကျိန်စာနည်းစနစ်အကြောင်း ကြားဖူးထားသည်။

“အခု မင်း ထုတ်ပြောလိုက်မှ အဲဒီပုံရိပ်က မလိုမုန်းထား ကျိန်စာဘုရင်ကို ဖော်ညွှန်းထားသလိုမျိုး တူနေတာပဲ” မြွေဓားမော့က ပြောလိုက်သည်။

“သူပဲလေ။ အဲဒါကြောင့် အချိန်ဆွဲပေးထား။ ငါ သူ့ကို ကျိန်စာတိုက်နိုင်တယ်” ခရမ်းရောင်နဂါးက ပြောလိုက်သည်။

“ကောင်းပြီလေ။ ငါတို့ ဘာလုပ်နိုင်လဲဆိုတာကို ကြည့်ကြသေးတာပေါ့”

သူတို့၏ စကားဝိုင်းက မြန်ဆန်သည်ဟု ဖော်ညွှန်း၍ မရပေ။

အောင်းရှန်က တည်ရှိမှုအသစ်များကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းကင်ဧကရာဇ်က ထာဝရဦးသျှောင်တွေရဲ့ ခန္ဓာကိုယ်အလောင်းအတွက် တန်ကြေးကောင်းကောင်းပေးမယ်လို့ ပြောထားတယ်။ ငါ ကံကောင်းလာတဲ့ပုံပဲ”

သူက ထိုသူနှစ်ဦးနောက်တွင် တင်ပျဉ်ခွေထိုင်နေသည့် ခရမ်းရောင်နဂါးကို အာရုံစိုက်လိုက်သည်။ အောင်းရှန်က ပုံရိပ်၏ ခေါင်းသုံးလုံးထဲမှ တစ်ခုသည် အနည်းငယ် အနီရောင်ပြောင်းလာသည်ကို ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။ ထို့အပြင် သူ့အာရုံ၆ပါးက ရောက်ရှိလာမည့် အန္တရာယ်အကြောင်း သတိပေးနေလေ၏။

မြန်မြန်အဆုံးသတ်လိုက်ရအောင်…

သူက တွေးလိုက်သည်။ ဧရာမ အနက်ရောင်နဂါးအသွင် ပြောင်းလဲလိုက်၏။ သူ့အော်သံက လေဟာနယ်ကို တုန်ခါသွားစေပြီး တခြားအလွှာများကပင် ယာယီတိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြပြီး သူ့ကို လှည့်ကြည့်လာကြသည်။

အမှောင်ထုကပ်ဘေး

အောင်းရှန်က ရှေ့တိုးလာသည့်အခါ သူ့ပတ်ဝန်းကျင်ရှိ အလင်းနှစ်သန်းပေါင်းများစွာက အမှောင်ထုအတွင်း ပြောင်းလဲသွားသည်။ ထိုအရာက အလင်းမရှိဘဲ အာရုံခံစားမှုအပေါ် သက်ရောက်ခံရသည့် ရိုးရိုးရှင်းရှင်း အမှောင်ထုမျိုး မဟုတ်ပေ။ ပြောရလျှင် ထိုအမှောင်ထုက ကမ္ဘာ၏ ပျက်သုဉ်းမှုအပြီးတွင် လိုက်ပါလာသည့် အမှောင်ထု ဖြစ်၏။

“ကျစ်” လျှပ်စီးလက်သီးက သူသည် ဆက်လက် မကစားတော့ကြောင်း သိ၍ ညည်းတွားလိုက်သည်။ သူမက အလားအလာအကောင်းဆုံး တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သည့် အံ့ဖွယ်နဂါးလျှပ်စီးလက်သီးကို အသုံးပြုလိုက်သည်။ သူမက နတ်ဘုရားရာထူးကို ကိုင်စွဲထားစဉ် တန်ခိုး၏ အနှစ်သာရတချို့ကို နားလည်ပြီး ဤနည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။

လက်သီးတစ်ချက်အဝှေ့တွင် သူမက ရွှေရောင်အလင်းတန်းဖြင့် ဖွဲ့စည်းထားသည့် ဧရာမနဂါးတစ်ကောင်ကို ထုတ်ဖော်လိုက်သည်။ နဂါးက အောင်းရှန်လိုမျိုး ဟိန်းဟောက်ကာ အမှောင်ထုနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံလိုက်သည်။

သို့သော် ထိုအရာက အကျိုးမရှိသည့် အပြုအမူသာ ဖြစ်ခဲ့သည်။ အမှောင်ထုက ထိုအရာကို ဝါးမျိုသွားပြီး တခြားဘာမှဖြစ်ပျက်မလာခဲ့ပေ။ အသံ၊ တုန်ခါမှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်သည့် အရိပ်အယောင်များ မရှိပေ။ လျှပ်စီးနဂါးက အမှောင်ထုအတွင်း သုတ်သင်ခံလိုက်ရသလိုမျိုး ပျောက်ကွယ်သွားခဲ့၏။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

လျှပ်စီးလက်သီးက အမှောင်ထုသည် သူမဆီ အလျင်အမြန် ချဉ်းကပ်လာသည်ကို ခံစားမိလိုက်ကာ ထွက်ပြေးဖို့ သို့မဟုတ် အသက်ရှင်သန်ဖို့ အခွင့်အရေးမရှိတော့ကြောင်း သိလိုက်သည်။

ဝှစ်

အဝေးတစ်နေရာမှ ပုဆိန်တစ်လက် ထွက်ပေါ်လာကာ အမှောင်ထုကိုပင် ဆွဲဖြဲပစ်နိုင်သည့် အရှိန်အဝါမျိုး ပါဝင်နေသည်။ ထိုအရာက လျှပ်စီးလက်သီးဆီ ပြေးဝင်လာပြီး သူမကို ကယ်တင်လိုက်သည်။ သို့သော်လည်း အဝေးမရောက်ခင် ဇာမဏီတစ်ကောင်က ပေါ်ထွက်လာပြီး ပုဆိန်ကို မီးလောင်ကျွမ်းသွားစေသည်။

ဒါက အဆုံးသတ်ပဲ…

လျှပ်စီးလက်သီးက သူမရှေ့တွင် ပုံရိပ်တစ်ခု ပေါ်ထွက်မလာခင်အထိ တွေးလိုက်မိသည်။

“ရှင်”

“ငါတို့မှာ အချိန်အများကြီး မရှိဘူး။ ခရမ်းရောင်နဂါးကိုခေါ်ပြီးတော့ ထွက်သွားတော့”

“ရှင်က ဘာလို့ ဒီလိုလုပ်ရတာလဲ”

မြွေဓားမော့က ပြုံးလိုက်သည်။

“လူတွေက ငါ့မျက်နှာကြောင့် ငါ့ကို မကောင်းဘူးလို့ ယူဆကြတယ်။ ကြည့်ရတာ ငါ ဘယ်လိုလူလဲဆိုတာ မသိသေးတဲ့ပုံပါပဲ”

“အဲ့လိုမျိုး တုံးအတဲ့ အကြောင်းပြချက်ကြောင့်လား”

“အဲဒါက ငါ့အတွက် လုံလောက်ပြီ”

သူက အမှောင်ထုနှင့် မျက်နှာချင်းဆိုင်ကာ သူ့မသေမျိုးနန်းဆောင်ကို စွမ်းအား တိုးမြှင့်ဖို့အတွက် ချက်ချင်းစတေးပစ်ခဲ့သည်။ မြွေဓားမော့က သူသိထားသည့် အားအကောင်းဆုံး စည်းပိတ်ရေးနည်းစနစ်ကို ထုတ်သုံးကာ ရောက်ရှိလာသည့် အမှောင်ထုကို ထိန်းချုပ်ပစ်ခဲ့၏။

လျှပ်စီးလက်သီးက နှုတ်ခမ်း ကိုက်ကာ အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ခရမ်းရောင်နဂါးဆီ ပြေးဝင်သွားသည်။

“ကျွန်မတို့ ထွက်သွားရမယ်”

“မဟုတ်သေးဘူး။ ငါ့မှာ အချိန်နည်းနည်းပဲ လိုတော့တာ” မျက်နှာတစ်ဖက်က မျက်လုံးနှစ်လုံးလုံး အနီရောင်ပြောင်းနေပြီဖြစ်ကာ ဒုတိယမျက်နှာက လုပ်ဆောင်နေဆဲ ဖြစ်၏။

“ကျိန်စာကို ကမ္ဘာထဲမှာ လုပ်လို့ မရဘူးလား”

“ရတယ်။ ဒါပေမဲ့ အကွာအဝေးနဲ့ဆိုရင် ငါ့ရဲ့ကျွမ်းကျင်မှု နည်းပါးမှုနဲ့ နဂါးက ပြင်ဆင်ပြီးလောက်ပြီ။ အဲဒီအတွက် အချိန်နဲ့အရင်းအမြစ်တွေ ပိုကုန်လိမ့်မယ်”

“အဲဒါဆို လုံလောက်ပြီ”

“ဘယ်သူမှ အသက်ရှင်ရက် ထွက်မသွားစေရဘူး”

ခရမ်းရောင်နဂါးနှင့် လျှပ်စီးလက်သီးတို့၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့က အမှောင်ထုက သူတို့ကို ဝန်းရံသွားသည်ကို သတိမထားမိလိုက်ပေ။ သူတို့က ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း အောင်းရှန်၏ အရိပ်အယောင်ကို မမြင်ရပေ။

“ရှင့်ရဲ့ မျက်နှာက … ” လျှပ်စီးလက်သီးက ရေရွတ်လိုက်စဉ် ခရမ်းရောင်နဂါးက သူ့မျက်နှာနှင့် ခန္ဓာကိုယ်အထက် အနက်ရောင်အမှတ်အသားများ ပေါ်ထွက်လာသည်ကို သဘောပေါက်သွားခဲ့သည်။

“ကျိန်စာလား”

“မင်း တစ်ယောက်တည်းကပဲ လူတွေကို ကျိန်စာတိုက်တတ်တာ မဟုတ်ဘူး” အောင်းရှန်က သူကိုယ်တိုင်ပေါ်ထွက်လာခြင်းမရှိဘဲ အမှောင်ထုအတွင်းမှ အသံပျံ့လွင့်လာခဲ့သည်။

ခရမ်းရောင်နဂါး၏ အမူအရာက နာကျင်မှုကို ထိန်းချုပ်နေရ၍ ပျက်ယွင်းနေသည်။

“မလိုမုန်းထားဘုရင်”

ပုံရိပ်၏ ခေါင်းသုံးလုံးထဲမှတစ်ခုက ပါးစပ်ကို ဟလိုက်သည့်အချိန် အနက်ရောင် အမှတ်အသားများက ထိုအတွင်း ပြေးဝင်သွားကြသည်။

“ဝါးမျိုရေးကျိန်စာလား။ စိတ်ဝင်စားဖို့ ကောင်းတဲ့ နည်းစနစ်တစ်ခုပဲ။ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး” အောင်းရှန်က ပြောလိုက်သည်။

“ပေါက်ကွဲစမ်း” လျှပ်စီးလက်သီးက အော်ပြောပြီး သူမ၏ ခန္ဓာကိုယ်၊ သေမျိုးနန်းဆောင်၊ အင်မော်တယ်ချီတို့ကို စတေးကာ အမှောင်ထုကို ထိုးခွင်းပစ်နိုင်မည့် စွမ်းအင်အဖြစ် ဖွဲ့စည်းခဲ့သည်။ ခရမ်းရောင်နဂါးနှင့် သူမ၏ ဝိညာဉ်က အစီအရင်မှ ထွက်သွားပြီး မွေးရပ်မြေကမ္ဘာဆီ ဦးတည်နေကြသည်။ သူက ထိုအခါမှ သူတို့သည် အင်အား ပြန်လည်စုစည်းဖို့ အခွင့်အရေး ရလာလိမ့်မည်။

သို့သော်လည်း သူတို့က လွတ်မြောက်တော့မည့် အခွင့်အရေးရလာမည့်ဆဲဆဲတွင် နဂါးဦးခေါင်းတစ်ခုက ရုတ်ချည်း ပေါ်ထွက်လာကာ ခရမ်းရောင်နဂါးကို ဝါးမျိုသွား၏။

လျှပ်စီးလက်သီးက လှည့်ကာ ကူညီတော့မည့်ဆဲဆဲတွင် သူမက သတင်းစကားကို လက်ခံရရှိဟန်ဖြင့် အပေါင်းအပါကို စွန့်ပစ်ခဲ့သည်။

အောင်းရှန်၏ လူသားအသွင်က ပေါ်ထွက်လာပြီး သူက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။

“သူမ လွတ်သွားတာ နှမြောစရာပဲ။ ဒါပေမဲ့ အခု အကျိုးအမြတ်က လုံလောက်ပါတယ်”

ခရမ်းရောင်နဂါး၏ ခန္ဓာကိုယ်ကို အစာချေဖျက်ပြီးသည့်နောက် ခန္ဓာကိုယ် သန့်စင်ခြင်းက အဆများစွာ ခုန်တက်သွားလိမ့်မည်။ ထို့အပြင် သူက မြွေဓားမော့၏ ခန္ဓာကိုယ်ကို ကောင်းကင်ဧကရာဇ်နှင့် လဲလှယ်ဖို့ ထိန်းသိမ်းထားသည်။ ထို့နောက် သူက တခြားသူများ တိုက်ခိုက်နေသည်ကို လှမ်းကြည့်လိုက်၏။

…………………………………………………………………..

ဟို့ဖုန်းဟွမ်က တစ်ဖက်လူကို စောင့်ကြည့်လိုက်သည်။

“အဲဒီလက်စွပ်လေးနဲ့ ကျွန်မကို နိုင်မယ်များ ထင်နေလား”

“မသိဘူး။ ဒါပေမဲ့ စမ်းကြည့်ရမှာပဲ”

သူမက ပြောလိုက်သည်။

“တကယ်လို့ ရှင်တို့ သိုင်းပညာရှင်တွေအပေါ် လေးစားမိတာ တစ်ခုရှိတယ်ဆိုရင် ရှင်တို့ရဲ့ မယိုင်လဲတတ်တဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုပဲ ဖြစ်ရမယ်။ တချို့လူတွေက အသုံးမဝင်တဲ့ ခေါင်းမာမှုလိုပြောကြပေမဲ့ ကျွန်မကတော့ လေးစားပါတယ်”

“မင်းတို့ကမ္ဘာရဲ့ တိုက်ခိုက်ရေးပုံစံနဲ့ဆိုရင် ငါတို့တွေက အတော်လေးကို လိုက်ဖက်ညီတယ်” ချင်းဟိန်က ပြောလိုက်သည်။

“မင်းတို့တွေက ငါတို့တွေကို ပစ်မှတ်ထားတာတော့ နှမြောစရာပဲ”

“ရှင်တို့လူတွေက ကံဆိုးတာလေ။ တကယ်လို့ ရှင်တို့အသိုင်းအဝိုင်းက အဝေးဆုံးမှာရှိနေတယ်ဆိုရင် ကျွန်မတို့ရဲ့ အမျက်ဒေါသကို ပထမဦးဆုံးခံစားမိတဲ့သူ ဖြစ်လာမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ငါတို့တွေက ခံတော့ ခံစားရဦးမှာပဲလေ”

“ဒါမှမဟုတ် ကျွန်မတို့ ဘာလုပ်နိုင်တယ်ဆိုတာကို မြင်ပြီးတဲ့နောက်မှာ ခုခံတာက အသုံးမဝင်ဘူးဆိုတာကိုလည်း သဘောပေါက်သွားနိုင်တာပေါ့”

“မင်းကိုယ်မင်း ပြောခဲ့တာပဲလေ။ ငါကတော့ အသုံးမဝင်ဘဲ ခေါင်းကြောမာတယ်လို့။ အဲဒါကြောင့် တိုက်ပွဲက ရှောင်လွှဲလို့ မရဘူး”

“ကောင်းတာပဲ” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ကောင်းပြီလေ။ စကားပြောတာ တော်သင့်ပြီ။ စလိုက်ကြရအောင်”

သူမက နိုးထအသက်ဝင်ခြင်းကို ချက်ချင်း အသက်သွင်းခဲ့သည်။ သူမ၏ ဝတ်ရုံက ရုတ်ချည်းဆိုသလို ဇာမဏီပုံစံ ချည်ထိုးထားပြီး လိပ်နက်ခါးပတ်ပါသည့် အနီရောင် ဟန်ဖုဝတ်စုံအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမက အပြောရောင်နဂါးသရဖူ၊ ချီလင် လက်စွပ်နှင့် ကျားဖြူဖိနပ်တို့ကို ဝတ်ဆင်ထားလေသည်။

အမြဲလိုလို မြင့်မြတ်မှုရှိသည့် ဟို့ဖုန်းဟွမ်၏ သဘာဝအငွေ့အသက်က ပိုမိုသိသာလာခဲ့သည်။ အကယ်၍ သူမက ပြိုင်ဘက်ကင်း အလှလေးဖြစ်နေပြီဆိုပါက သူမ၏ အသက်ဝင်နိုးထခြင်းသည် သူမ၏ ဆွဲဆောင်မှု သို့မဟုတ် အရှိန်အဝါကို သိသိသာသာ ထပ်မံတိုးမြှင့်ပေးလိမ့်မည်။

ချင်းဟိန်ကလည်း အသက်ဝင်နိုးထမှုကို အသက်သွင်းကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အပြောင်းအလဲများက တစ်ဖက်လူလောက် အသေးစိတ် မရှိလှပေ။ သူက သူ့အနောက်ဖက်တွင် သတ္တုတောင်ပံတစ်စုံနှင့် မျက်လုံးထောင့်တွင် အနီရောင်အမှတ်သား တစ်ခု ရှိနေကာ သူ့ကို ပိုမိုယုံကြည်မှုရှိပြီး ခက်ထန်လာစေသည်။

အသွင်ပြောင်းပြီးသည့်နောက်တွင် သူတို့က တစ်ဖက်လူကို စမ်းသပ်ကြည့်ဖို့ ထိပ်တိုက်တွေ့ဆုံလိုက်ကြသည်။

All Chapters