သတ်ဖြတ်ခြင်း
Vol. 77 Ch. 1073
ဟို့ဖုန်းဟွမ်၏ ကျားဖြူသတ်ဖြတ်ရေးဓားက ချင်းဟိန်၏ ပုဆိန်တစ်လက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ သူမက ခန္ဓာကိုယ်ကို ရွေ့လျားကာ ဒုတိယတစ်ခုကို ရှောင်ရှားလိုက်၏။ သူတို့က တစ်မိနစ်ကြာ ရိုးရှင်းသည့်တိုက်ကွက်များဖြင့် ဆက်လက်တိုက်ခိုက်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် စမ်းသပ်ခဲ့ကြသည်။ သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုက ကမ္ဘာ့အသိုက်အဝန်းများကိုပင် ပဲ့တင်ထွက်သွားစေသည်။
ထို့နောက် ဟို့ဖုန်းဟွမ်က လျင်မြန်သွက်လက်စွာ လှုပ်ရှားပြီး အရှိန်နည်းဗျူဟာကို ရုတ်တရက် ပြောင်းလဲလိုက်ကာ သူမ၏ ဓားဖြင့် စက္ကန့်ပိုင်းအတွင်း အကြိမ်သန်းထောင်ချီ ထိုးစိုက်လိုက်သည်။ ချင်းဟိန်က ပုဆိန်များကို ကြက်ခြေခတ်ပုံစံဖြင့် ရှေ့ကာထားကာ ရှောင်ရှားလိုက်သည်။
ဘန်း
ဟို့ဖုန်းဟွမ်၏ ဓားတိုက်ကွက်က အယောင်ပြသက်သက်သာဖြစ်ပြီး သူမ၏ တကယ့်တိုက်ကွက်က ချင်းဟိန်၏ ရင်ဘတ်ကို ဆောင့်ကန်လိုက်ခြင်း ဖြစ်သည်။ ချင်းဟိန်၏ တိုက်ပွဲအလိုလိုသိစိတ်က အသိဝင်လာကာ ဒူးကို မြောက်လျက် ကန်ချက်ကို တားဆီးခဲ့သည်။
သူက သူ့ခြေထောက်ပေါ် သတ်ဖြတ်ရေးအငွေ့အသက်ရှိသည့် အနီရောင်အမှတ်အသားကို အာရုံခံမိသည့်အခါ မျက်မှောင်ကြုတ်လိုက်၏။
သူက တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းကို အသက်သွင်းကာ သတ်ဖြတ်ရေးအမှတ်အသားကို ဖယ်ရှားပစ်ခဲ့သည်။ သို့သော် ဟို့ဖုန်းဟွမ်က ထိုအရာများကို သူ့ကို ဆန့်ကျင်ဖို့ ထားရှိခဲ့ခြင်း ဖြစ်၏။
ဝုန်း
ချင်းဟိန်က တစ်ဖက်သူကို အမှတ်အသားရှိသည့် ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ ထိုအရာ နီးကပ်သွားသည်နှင့် သူက ခြေထောက်ကို ဖောက်ခွဲပစ်လိုက်ကာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် ထိုနည်းဗျူဟာက ကျရှုံးသွားပြီး အမှတ်အသားက ရှိနေဆဲသာ ဖြစ်၏။ ထို့အပြင် ထိုအမှတ်အသားက သူ့သွေးနှင့် သက်လုံကို ဖြည်းဖြည်းချင်း တိုက်စားနေကြောင်း သတိထားမိခဲ့သည်။
မရဏအငွေ့အသက်
ချင်းဟိန်၏ လက်စွပ်က ထိုအမှတ်အသားကို အလျင်အမြန် စားသုံးပစ်သည့် အနက်ရောင်အငွေ့အသက်တစ်ခု ထုတ်လွှတ်လာခဲ့သည်။ ထို့နောက် သူက တစ်ဖက်လူဆီ ပြေးဝင်သွားကာ လေဟာနယ် ပုဆိန်ခုတ်ချက် နှစ်ချက်ကို အသုံးပြုခဲ့သည်။ သူ့ပုဆိန်ကို နှစ်ခါဝှေ့ယမ်းပြီး လေဟာနယ်ရှိ ဖရိုဖရဲအာကာပြင်စွမ်းအား အားလုံးက ပျောက်ကွယ်သွားခဲ့သည်။
ဟို့ဖုန်းဟွမ်က ဓားကို တည်တည်ငြိမ်ငြိမ် ဝှေ့ယမ်းပြီး သူမရှေ့တွင် ယင်ယန်သင်္ကေတကို ထုတ်ဖော်လိုက်သည်။ ထိုအရာက ပုဆိန်နှစ်လက်မှ စွမ်းအားများကို စုပ်ယူသွားလေ၏။ ထို့နောက် သူမက သူတို့ကို ဖန်တီးထားသူထံ ပြန်လည်ပို့ဆောင်ခဲ့သည်။
ချင်းဟိန်က ထိုတိုက်ကွက်ကို ဘေးသို့ ပို့ဖို့ ကြိုးစားခဲ့သော်လည်း ယင်ယန်သင်္ကေတက သူတို့ကို ပြန်လည်ထုတ်ပေးရုံသာမက သူတို့၏ အလားအလာကိုပါ တိုးမြှင့်ပေးခဲ့သည်။
နောက်ဆုံးတွင် သူက စွမ်းအားကြီးသည့် တိုက်ကွက်ကို ခုခံလိုက်ရပြီး ဒဏ်ရာအနည်းငယ် ရရှိသွားလေသည်။ ဟို့ဖုန်းဟွမ်က တစ်ဖက်လူကို အသက်ရှူဖို့ အချိန်မပေးခဲ့ပေ။ သူက တားဆီးနေစဉ် သူမက သူ့ရှေ့မှောက် ပေါ်ထွက်လာသည်။ သူ့ဓားက အနီရောင် တောက်ပနေလေ၏။
ပုဆိန်ဝှေ့ယမ်းရေး နည်းစနစ်
ချင်းဟိန်က ရုပ်ပိုင်းဆိုင်ရာ ဝှေ့ယမ်းနေခြင်း မဟုတ်ဘဲ ပုဆိန်ကို အရှိန်ပြင်းပြင်းဖြင့် ဝေ့ယှမ်းနေသလိုမျိုး သူ့ခန္ဓာကိုယ်ကို ပုဆိန်ခုတ်ချက်များ၏ မုန်တိုင်းဖြင့် ဝန်းရံထားသလို ဖြစ်နေသည်။
ထိုတောက်ပနေသည့် ဓားချက်က ထိုလေဆင်နှာမောင်းကို ထိုးဖောက်သွားသော်လည်း မရဏစွမ်းအားမှ ဖွဲ့စည်းထားသည့် ဒိုင်းကာဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အချိန်အလုံအလောက် ရရှိခဲ့သည်။
ဟို့ဖုန်းဟွမ်က ယင်ယန်တာအိုကို အသုံးပြုပြီး သူမ၏ ဓားကို ပုံပွားကာ ဘယ်လက်ဖြင့် အသုံးပြုခဲ့သည်။
ချင်းဟိန်က သတိလက်လွတ်ဖြစ်သွားပြီး တုံ့ပြန်ဖို့ရာ နောက်ကျလွန်းသွားခဲ့၏။ သူမ၏ ဓားက မရဏကို သတ်ဖြတ်ပစ်သည့် နည်းစနစ်တစ်ခု ပါဝင်နေသည့်အတွက် ချင်းဟိန်၏ ညာဖက်ခန္ဓာကိုယ်တစ်လျှောက်နှင့်အတူ ဒိုင်းကာက ပိုင်းပြတ်သွားခဲ့သည်။
ဝုန်း
ဟို့ဖုန်းဟွမ်က ချင်းဟိန်၏ ဘယ်ဖက်လက်မှ လက်သီးကြောင့် မီတာ သောင်းချီလွင့်စင်သွားသည်။ သူမက အံ့အားသင့်သွားပြီး ထိုအရာကို မျှော်လင့်မထားခဲ့မိပေ။ သို့သော်လည်း သူမက ဒဏ်ရာ မရရှိပေ။ သူမ ထိမှန်ခဲ့သည့်နေရာတိုင်းတွင် နဂါးကြေးခွံ ပေါ်ထွက်လာခဲ့သည်။
ပုဆိန်က လေးလံတဲ့ လက်နက်အဖြစ် မှတ်ယူရမယ်။ သူ့ခန္ဓာကိုယ်က ဒီလက်နက်ရဲ့ ဂုဏ်သတ္တိကို ယူပြီးတော့ သူ့ရုပ်ပိုင်းဆိုင်ရာကို တိုးမြှင့်ခဲ့တာလား…
ဟို့ဖုန်းဟွမ်က သုံးသပ်လိုက်သည်။
ဒါက စိတ်ဝင်စားဖို့ ကောင်းတဲ့ နည်းစနစ်ပဲ။ ငါ သူ့ကို လျှော့တွက်မိသွားတဲ့ပုံပဲ…
ထို့နောက် သူမက ချင်းဟိန်သည် ညာဖက်ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာက တခြားအစိတ်အပိုင်းနှင့် ယှဉ်လိုက်လျှင် အသက်မဲ့ကာ ဖြူဖျော့နေသော်လည်း ပြန်လည်ကောင်းမွန်လာဆဲသာ ဖြစ်၏။
တာအိုဆန္ဒနဲ့ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းတို့နဲ့ ထိမှန်ခဲ့တာလေ။ သူက ဒဏ်ရာအပြင်းအထန် ရရှိသွားသင့်တယ်။ ဒါပေမဲ့ အခု သူက အတော်လေး အဆင်ပြေနေတဲ့ပုံပဲ။
သူမ၏ အကြည့်က လက်စွပ်အပေါ် ကျရောက်လာခဲ့သည်။ ထို အသုံးအဆောင်ပစ္စည်းက ချင်းဟိန်သည် လေးဆတိုက်ခိုက်ရေးရှိသည့် သူမနှင့် အမှီလိုက်နိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်လိမ့်မည်။
ဒီဟာကို ညီမျှခြင်းကနေ ဖယ်ရှားပစ်လိုက်တာပေါ့…
ဟို့ဖုန်းဟွမ်က သူ့ဆီ ပြေးဝင်သွားသော်လည်း ချင်းဟိန်က ထွက်ပြေးသွားပြီး မွေးရပ်မြေဆီ ဦးတည်နေကြောင်း မြင်လိုက်ရသည်။
မဖြစ်သေးဘူး…
သူမက ဇာမဏီအသွင်ပြောင်းလဲကာ နောက်မှ လိုက်ဖမ်းခဲ့သည်။
ဝေါင်း
အရိုးခြောက်နှင့် အလောင်းကောင်သန်းထောင်ချီက သူမ လမ်းအတွင်း ပေါ်ထွက်လာခဲ့သည်။ ချင်းဟိန်က လက်စွပ်ကို အသုံးပြု၍ သူတို့ကို ဆင့်ခေါ်လိုက်ခြင်းဖြစ်၏။ သို့သော်လည်း ဟို့ဖုန်းဟွမ်က နည်းနည်းလေးမှ မရပ်တန့်ပစ်ဘဲ လမ်းတွင်ရှိသမျှ အရာအားလုံးကို လောင်ကျွမ်းပစ်ခဲ့သည်။ သူမက သူ့ဆီ ရောက်သည့်အခါ သူမစိတ်ထဲ အသံတစ်သံပေါ်ထွက်လာ၏။
“လိုက်ဖမ်းဖို့ မလိုဘူး”
ဝမ်ဝေ့လား…
သူမက သူ အဘယ့်ကြောင့် တားဆီးနေတာလဲဟု တွေးလိုက်မိသည်။ ထို့နောက် သူမ၏ ကောင်းကင်မျက်ဝန်းက အကြောင်းအရင်းကို မြင်လိုက်ရသည်။ ချင်းဟိန်က သိုင်းပညာအုပ်စိုးသူကမ္ဘာကို ကာကွယ်ထားသည့် အစီအရင်နယ်နိမိတ်အတွင်း ရောက်ရှိလုနီးပါးဖြစ်နေပြီဖြစ်ကာ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ အကယ်၍ သူသာ ထိုအရာကို အသုံးပြုလိုက်သည်နှင့် သူ့စွမ်းအားသည် ငါးဆတိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။
“ငကြောက်” သူမက ရေရွတ်လိုက်သည်။ သူမ၏ လေသံက လေဟာနယ်တစ်လျှောက် ပဲ့တင်ထွက်သွားလေ၏။
သို့သော်လည်း ချင်းဟိန်က ဂရုမစိုက်ပေ။ ထိုအစား သူက အော်ပြောလိုက်သည်။
“နောက်ဆုတ်ကြ”
သိုင်းပညာရှင်များက ထိုအမိန့်ကြောင့် အံ့အားသင့်သွားကြသည်။ အကြောင်းအရင်းက သူတို့သည် မသေနိုင်စွမ်းကြောင့် အရေးသာချက်ရှိနေသော်လည်း သူတို့၏ ခေါင်းဆောင်ကို မနာခံပဲ မနေရဲပေ။
ထိုစဉ် ထျဲ့ကန်က စစ်ပွဲအခန်းမှ ဆက်သွယ်ရေးအဆောင်ကို လက်ခံရရှိလိုက်ပြီး ပြန်လည်တုံ့ပြန်ဖို့ အလျင်အမြန်လှုပ်ရှားလိုက်သည်။
“အဆောင်တပ်ဖွဲ့ စည်းပိတ်ရေးအဆောင်ကို အားလုံးကို ထောက်ပံ့လိုက်။ အဖွဲ့တွေအားလုံးက နေရာတစ်ခုလုံးကို စည်းပိတ်ပြီး ရန်သူတွေ ထွက်မသွားအောင် တားဆီးရမယ်။ တတိယအလွှာ မသေမျိုးတိုက်ခိုက်သူတွေကလည်း အတူတူပဲ။ ရန်သူကို ဆုတ်ခွာသွားတာကို တားဆီးရမယ်”
“လီကျွင်း မင်းအလှည့်ပဲ”
“အခု အားလုံးထုတ်သုံးရမဲ့အချိန်လား”
“ဟုတ်တယ်။ မင်း သတ်ချင်သလောက် မြန်မြန်သာသတ်လိုက်”
“ဟား…ဟား…ဟား…ဒါကိုပဲ ကြားချင်တာ” လီကျွင်းက ရယ်မောလိုက်သည်။ သူက ချုပ်ထိန်းထားခြင်း မရှိတော့ဘဲ အဆင့်(၃)တာအိုဘိုးဘေးနှင့် တူညီသည့် အရှိန်အဝါကို ထုတ်လွှတ်လာခဲ့သည်။ သူက ခန္ဓာကိုယ်မှ သွေးကို လှုပ်ရှားလိုက်လျှင် ခန္ဓာကိုယ်မှ အပူချိန်က ဤလေဟာနယ်ထဲနှင့် ဗလာလေဟာနယ်အတွင်း အပူချိန်ကို တိုးမြင့်လာစေခဲ့သည်။
သူက လှံကို ဝှေ့ယမ်းလိုက်သည့်အခါ ထိုအရာက ကြောက်ဖို့ကောင်းသည့် နှုန်းဖြင့် ရှည်လာလေသည်။ ထိုအရာက မြွေတစ်ကောင်လိုမျိုး ဖြစ်ကာ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သိုင်းပညာရှင်များ၏ ဦးခေါင်းကို ထိုးဖောက်သွားလေ၏။ တိုက်ကွက်တစ်ကွက်တည်းဖြင့် လှံက သိုင်းပညာရှင်တစ်သောင်းကျော်ကို ထိုးဖောက်ပြီး အလင်းနှစ်သန်းချီ ပြန့်ကျဲသွားစေခဲ့သည်။
အတွေးတစ်ချက်ဖြင့် လှံက နဂိုအနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် လီကျွင်းက သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို လှံ၏ ထိပ်ဖျားထံ ထည့်သွင်းကာ သိုင်းပညာရှင်တစ်သန်းကျော်ကို ဝါးမျိုပစ်နိုင်သည့် တွင်းနက်ကြီးကို ဖန်တီးခဲ့သည်။
“သူ့ကို တားကြ” သိုင်းပညာအုပ်စိုးသူကမ္ဘာမှ ထိပ်သီးကောင်းကင်ရွေးချယ်ခံ တစ်ယောက်က အော်ပြောလိုက်သည်။ သူက ဤမျိုးဆက်အတွင်း ပွင့်ချပ်နှစ်လွှာ စွမ်းအားကို ရရှိထားပြီးသည့်နောက်တွင် ထိပ်သီး ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ နှမြောစရာကောင်းလှစွာဖြင့် ကမ္ဘာတွင် နတ်ဆိုးဂိုဏ်းခေါင်းဆောင်နှင့် ရုတ်ချည်း ကံကြမ္မာအပြောင်းအလဲ ရှုရှစ်တို့ကို ရှိထားလေသည်။
လီကျွင်းက သူ့ကို လျစ်လျူရှုထားလေ၏။ သူ့ရှေ့တွင် မသေမျိုးဟု ခေါ်ဆိုသည့်လူများက ဟာသမျှသာ ဖြစ်၏။ သူက ဘယ်ဖက်လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သတ္တုကြိုးမျှင် သန်းပေါင်းများစွာက ထွက်ပေါ်လာခဲ့သည်။ ထိုအရာကို ဆွဲလိုက်သည့်အခါ သိုင်းပညာရှင်သန်းရာချီက ခေါင်းများ ပြတ်ထွက်သွား၏။
လီကျွင်းက ထိပ်သီးကောင်းကင်ရွေးချယ်ခံကို ကြည့်ကာ သတ်ဖြတ်ရေး စကားပညာရပ်ကို အသုံးပြုခဲ့သည်။
“ပေါက်ကွဲစမ်း”
ထိုစကားကို ရေရွတ်လိုက်သည်နှင့် ထိုလူများသည် မတောင့်ခံနိုင်တော့ပေ။ ပေါက်ကွဲမှုဖြစ်စဉ်က လေဟာနယ်ထဲ ပဲ့တင်ထွက်လာပြီး စစ်ပွဲနှင့် ဖျက်ဆီးခြင်း၏ ပြယုဂ်ကို ဆောင်ကြဉ်းပေးနေသည်။
မရဏကပ်ဆိုး
လီကျွင်း၏ ခန္ဓာကိုယ်မှ အနက်ရောင်အရှိန်အဝါတစ်ခု ထုတ်လွှတ်လာကာ ထိုအရာထိမှန်သည့်သူအားလုံးက မျက်နှာဖြူဖျော့ကာ သေဆုံးသွားကြသည်။ အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်သည့်အခါ ထိုအရာသည် သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပစ်မှတ်ထားသည့် ကြောက်ဖို့ကောင်းသည့် ဗိုင်းရပ်စ် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုတိုက်ကွက်ဖြင့် နောက်ထပ် တစ်သန်းကျော်က သေဆုံးသွားကြရပြန်သည်။
လီကျွင်းက သတ်ဖြတ်ရေးစက်ယန္တရားလိုမျိုး သတ်ဖြတ်နေလေ၏။ သူက ထိုသူများ၏ မသေနိုင်စွမ်းကို သူ့သတ်ဖြတ်ရေးတာအိုဖြင့် သတ်ဖြတ်ဖို့ရာ ပြဿနာ မရှိပေ။ ထိုအရာက သူ့အား သိုးခြံထဲမှ နဂါးတစ်ကောင်အလား ဖြစ်စေ၏။ သူက ထူးကဲသည့် နည်းလမ်းများဖြင့် တတ်နိုင်သမျှ လူများများကို တိုက်ခိုက်နေသည်။
တခြားအလွှာရှိ သိုင်းပညာရှင်များက သူတို့၏ အငယ်များကို ကယ်တင်လိုကြသည်။ အထူးသဖြင့် ပါရမီကောင်းကာ အလားအလာရှိသည့်သူများကို ဖြစ်၏။ ကံကောင်းစွာဖြင့် သူတို့ကလည်း ကိုယ်တိုင် စိုးရိမ်ရမည့် ပြဿနာများ ရှိနေလေသည်။
ထို့အပြင် ဤသို့သော အခြေအနေမျိုးတွင် သူတို့က စိတ်ဓာတ်ကျကာ ထွက်ပြေးဖို့နှင့် နောက်ဆုတ်ဖို့သာ ရွေးချယ်ကြသည်။
အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများက ထိုတိုက်ပွဲကို တုန်လှုပ်တကြီး ကြည့်နေကြ၏။ သူတို့က လီကျွင်းသည် ကောင်းကင်ဧကရာဇ်နှင့် တူညီသည့်မျိုးဆက်မှဖြစ်ကာ အရမ်းအားကောင်းမှန်း သိထားလေသည်။ သူတို့က နံပါတ်တစ်နေရာအတွက် သူ့ကို စိန်ခေါ်ဖူးခဲ့ကြ၏။ သို့သော်လည်း သူတို့က သူ့စွမ်းအား အလားအလာအပြည့််ကို မသိခဲ့ရပေ။
ချိုက်ရန်ရှုက ထိုတိုက်ပွဲကို လက်သီးဆုပ်လျက် ကြည့်နေမိသည်။ သူက ထိပ်သီးကောင်းကင်ရွေးချယ်ခံ ဆယ်ယောက်သည် ဖြတ်ကျော်ဖို့ရာ ခက်ခဲသည့် ချောက်နက်ကြီးလိုမျိုးဖြစ်ကြောင်း သိလေ၏။ သို့သော် နံပါတ်တစ်လူ၏ စွမ်းအားကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။
သူက လက်ရှိအဆင့် ၂၃ ဖြစ်သည့်အတွက် ပါဝင်သူ သန်းပေါင်းထောင်ချီအတွင်း ထူးချွန်သည်ဟု ဆိုရပေမည်။ သူ့ကမ္ဘာရှိ လနတ်ဘုရားမကပင် လူသုံးထောင်အကြား ၂၈၇၉ မြောက်အဆင့်သာ ရှိထားလေသည်။
သို့သော်လည်း သူ့အခြေအနေက အကောင်းဆုံး မဟုတ်ကြောင်း သိထား၏။ ဤချဲ့ထွင်မှုဖြင့် သိုင်းပညာအုပ်စိုးသူကမ္ဘာက ဤယှဉ်ပြိုင်မှုအတွင်း ဝင်ရောက်လာကာ သူ့အဆင့်က ထပ်မံလျော့ကျသွားနိုင်သည်။ သတင်းကောင်းကမူ လီကျွင်းက ထိုပါရမီရှင်များကို သတ်ဖြတ်နေခြင်း ဖြစ်သော်လည်း စည်းပိတ်ခံထားရသည့်သူများကမူ ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။
ဒုတိယသတင်းဆိုးကမူ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်နှင့် ပတ်သက်၍ ဆက်ဆံရေး ဖြစ်၏။ သူတို့က သူ့အား ကမ္ဘာကို အုပ်စိုးဖို့ ထောက်ခံပေးကြပြီး သေမျိုးလူမှုအဖွဲ့အစည်းနှင့် တခြားသောစီမံကိန်းများကို ရိုးရှင်းအောင် ဖြန့်ဝေခွင့်ပြုထားသည်။ သို့သော်လည်း ချိုက်ရန်ရှုက သူသည် သူတို့ထံ ဝင်ရောက်လိုကြောင်း ပြောဆိုသည့်အခါတိုင်း သူတို့၏ တုံ့ပြန်မှုက ဝေဝေဝါးဝါးသာ ဖြစ်နေသည်။ ထိုအကြောင်းအရင်းက သူသည် သူတို့၏ ကျောင်းအုပ်ကို စော်ကားခဲ့မိသည့်အတွက်လား သို့မဟုတ် တခြားအကြောင်းအရင်းအတွက်လား မသိရပေ။ သို့သော် အခြေအနေက သူ့ကို စိုးရိမ်လာစေသည်။
သူ့စုတိုင်းပြည်သည် ကျောင်းတော်၏ နယ်မြေပိုင်နက်အတွင်း ရှိနေသည့်အတွက် တခြားအင်အားစုကို မေးမြန်းဖို့ရာ မတတ်နိုင်ပေ။ သူ့ အပြုအမူက ထိပ်တန်းထာဝရဧကရာဇ်ကို ရန်စမိသလို ဖြစ်သွားနိုင်လေသည်။