← Chapters

စိတ်ပျက်မှုနှင့် ကြမ်းတမ်းသောခုခံမှု

Vol. 77 Ch. 1075

စိတ်ပျက်မှုနှင့် ကြမ်းတမ်းသောခုခံမှု

Vol. 77 Ch. 1075

“တခြားတစ်ယောက်ကို ပါဝင်ခိုင်းရင်ရော ဖြစ်နိုင်မလား” ဂိုဏ်းခေါင်းဆောင်က တောင့်တင်းစွာ မေးလိုက်သည်။

“နမူနာအနေနဲ့ဆိုရင် ကုန်သွယ်ရေးဗဟိုချက်နဲ့ မပတ်သက်တဲ့ ကမ္ဘာတစ်ခုပေါ့။ ဥပမာပြရမယ်ဆိုရင် ကြားနေ အနေအထားမှာရှိတဲ့သူတစ်ယောက်ပေါ့”

“ဒီအစီအစဉ်က စာရွက်အပေါ်မှာပဲ ဖြစ်နိုင်တယ်” ရွှေလက်သီးက ပြောလိုက်သည်။

“ကျုပ်တို့တွေက အခုလက်ရှိ သီးသန့်ပိုင်းခြားခံထားရတာ။ ကျုပ်တို့ရန်သူက ကျုပ်တို့ကို တခြားအကူအညီဆီ ဆက်သွယ်ဖို့ အခွင့်အရေးပေးမှာ မဟုတ်ဘူး။ ဒီပဋိပက္ခထဲက အကျိုးအမြတ်ရဖို့ ဘယ်သူမှ မကြိုးစားရတဲ့ အချက်ကတင် ပထမကောင်းကင်ဧကရာဇ်အပေါ် လူတွေရဲ့ အကြောက်တရားကို သက်သေပြသွားပြီးပြီ”

ကမ္ဘာများစွာက စစ်ပွဲအတွင်း စီးပွားရှာလိုကြသည်။ သူတို့က ကြေးစားအနေနှင့် လူအင်အားကို ထောက်ပံ့ခြင်း သို့မဟုတ် သူတို့၏ တပ်မဟာများကို ငှားရမ်းခြင်းနှင့် သတင်းအချက်အလက် ရောင်းချခြင်းအပါအဝင် တန်ကြေးမြင့်မြင့်နှင့် အရင်းအမြစ်များကို ရောင်းချကြသည်။ သို့သော်လည်း ထိုအရာက ဖြစ်ပျက်မလာခဲ့ပေ။ အကုန်လုံးက ဤစစ်ပွဲကို စောင့်ကြည့်နေကြပြီး အားလုံးက တိတ်ဆိတ်နေကြသည်။

လက်ရှိ အရှုပ်ထွေးတိုင်းတွင် ပါဝင်ပြီး လိုအပ်သမျှ နည်းလမ်းဖြင့် အလောင်းများကို စုစည်းလေ့ရှိသည့် အလောင်းရောင်းဝယ်ရေးဂိုဏ်းပင် ပေါ်မလာခဲ့ပေ။

“အဲဒါဆိုတော့ ဒီလိုအခက်အခဲတွေလောက်နဲ့ လက်လျှော့လိုက်တော့မှာလား” ဂိုဏ်းခေါင်းဆောင်က မေးလိုက်သည်။

“လက်ရှိအခြေအနေမှာ နယ်ခြားအကူအညီက ကျုပ်တို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ”

အခန်းက တိတ်ဆိတ်သွားခဲ့သည်။ နယ်ခြားကို မုန်းတီးသလောက် ထိုသိုင်းပညာရှင်များက ပထမတိုက်ပွဲအပြီးတွင် သူတို့က အကူအညီ လိုအပ်နေကြောင်း နားလည်သွားကြသည်။

“ လျှိုဟူ ခင်ဗျားရော ဘယ်လိုထင်လဲ” ချင်းဟိန်က မေးလိုက်သည်။

“ကျုပ်တို့တွေ အကူအညီအတွက် အချက်ပြဖို့ ကြိုးစားကြည့်နိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အကောင်းဆုံးရွေးချယ်မှုက အရင်းအမြစ်ချီနေရာလွတ်ကနေတဆင့် ကိုယ်စားလှယ် စေလွှတ်ဖို့ပဲ။ သူတို့က အဲဒီအတားအဆီးကို ကျော်ဖြတ်နိုင်ဖို့တော့ မျှော်လင့်ရမှာပဲ”

ချင်းဟိန်နှင့် တခြားသူများက ထိုစကားကို ကြားကာ သက်ပြင်းချလိုက်ကြသည်။ အရင်းအမြစ်ချီ နေရာလွတ်ထဲ သွားလာခြင်းက ကျယ်ပြောကာ ရှုပ်ထွေးမှုကြောင့် မဖြစ်နိုင်ပေ။ ထိုအရာသည် ကမ္ဘာ့အသိုက်အဝန်းတစ်ခုမှ တခြားအသိုက်အဝန်းတစ်ခုသို့ သွားလာဖို့ရာ သဘောတရားအရ ဖြစ်နိုင်သော်လည်း တစ်စုံတစ်ယောက်က လမ်းပျောက်သွားခြင်း သို့မဟုတ် ကမ္ဘာဦးဟွင်သွမ်းအတွင်း အဆုံးသတ်သွားခြင်းတို့ ဖြစ်လာနိုင်ချေလည်း ရှိသည်။ စံပြများကသာ အရင်းအမြစ်ချီနေရာလွတ်အတွင်း သွားလာနိုင်ကြသည်။ သို့သော် လူတချို့မျှသာ ဖြစ်သည်။

ထို့ကြောင့် ကိုယ်စားလှယ်အဖြစ် ပို့လွှတ်ခံရမည့်သူတိုင်းက အောင်မြင်နိုင်ချေ နည်းပါးလေသည်။ သူ ကံကောင်းမှု အမြောက်အများရှိလျှင်ပင် အသက်ရှင်ဖို့ ခက်ခဲ၏။

“အဲဒါဆိုရင် ကျုပ်တို့ ဒီလိုလုပ်ကြမယ်” ချင်းဟိန်က ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားတို့ဆီမှာ ပြောစရာရှိတယ်ဆိုလည်း ပြောလိုက်ကြပါ”

အစည်းအဝေးက နောက်ထပ်နာရီပိုင်းကြာ ကြာမြင့်ခဲ့ပြီး သူတို့က လျှပ်စီးလက်သီးကို အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ဖို့ အရင်းအမြစ်များ ထောက်ပံ့ပေးခြင်းအပါအဝင် ခုခံမည့် နည်းလမ်းများစွာကို ဆွေးနွေးခဲ့ကြသည်။ အရာအားလုံးအဆုံးသတ်ပြီး သဘောတူပြီးသည်နှင့် ချင်းဟိန်က သူ့အတွက်သူ အချိန်ရလိုက်သည်။

သူက တစ်ယောက်တည်း ဖြစ်နေသည်ကို သေချာအောင် လုပ်ပြီးသည့်နောက်တွင် လက်တစ်ဖက်ကို မြှောက်လိုက်၏။ သူ့ရှေ့တွင် လူတစ်ယောက် ပေါ်ထွက်လာခဲ့သည်။

“မင်း စထားတာကို ဆက်လုပ်ဖို့ လိုတယ်”

ကိစ္စအားလုံးကို အဆုံးသတ်ပြီးသည့်နောက်တွင် သူက မွန်းစတားအုပ်စိုးသူနှင့် လိပ်အိုကြီးကို တွေ့ဆုံဖို့ ကျွန်းများဆီ သွားခဲ့သည်။

………………………………………………………………………………

သိုင်းပညာအုပ်စိုးသူကမ္ဘာ အပြင်ဘက်

အင်အားကြီးပုဂ္ဂိုလ် အများအပြားက ကမ္ဘာကာကွယ်ရေးအလွှာကို မဆုတ်မနစ် တိုက်ခိုက်နေကြသည်။ အင်မော်တယ်၊ တာအို၊ ဧကရာဇ် အသုံးအဆောင်ပစ္စည်းများက အလင်းတန်းဖြင့် တောက်ပနေလေ၏။ အစီအရင်ဆရာများကလည်း အစီအရင်ကို လေ့လာကာ အားနည်းချက်ကို ရှာဖို့ ကြိုးစားနေကြသည်။

“ခေါင်းဆောင် ကျုပ်တို့တွေ ဘေးဒုက္ခအချက်ပြကို ဝင်ရောက်နှောင့်ယှက်ခဲ့တယ်” အစီအရင်ဆရာခေါင်းဆောင်က ပြောလိုက်သည်။

“ဘေးဒုက္ခအချက်ပြတဲ့လား …”

“ဟုတ်တယ်။ ကျုပ်တို့က တစ်ကမ္ဘာလုံးကို ပိတ်ဆို့ထားပြီး သူတို့တွေကို အပြင်ဘက်ကမ္ဘာနဲ့ ကူးသန်းသွားလာမှုနဲ့ အဆက်အသွယ်ကို တားဆီးထားခဲ့တာ။ ဒါပေမဲ့ သူတို့က ကမ္ဘာ့ကာကွယ်ရေးရဲ့ တုန်ခါမှုကို သုံးပြီး အကူအညီတောင်းခံခဲ့တာ။ ကျုပ်တို့တွေ ဘာလုပ်ရမလဲ။ ဒီအတိုင်းပဲ ပိတ်ဆို့ထားရမလား ဒါမှမဟုတ် တခြားအစီအစဉ်များ ရှိသေးလား”

ထျဲ့ကန်က ခေတ္တမျှစဉ်းစားလိုက်သည်။

“ဒီအတိုင်း ပိတ်ဆို့ထားလိုက်”

“မဟုတ်ဘူး။ ထုတ်လွှတ်လိုက်” ဝမ်ဝေ့က ရုတ်တရက် ပြောလိုက်သည်။

“ငါတို့တွေ ဒီပဋိပက္ခထဲ ဘယ်သူတွေ ဝင်ရောက်စွက်ဖက်မလဲဆိုတာကို မျှားခေါ်လို့ရမလား ကြည့်ရအောင်”

“အရှင့်ရဲ့ သဘောအတိုင်းပါပဲ”

“ကိစ္စမရှိဘူး”

“အဲဒါဆို ငါ အစီအရင်အဖျက်ကောင်ကို အသုံးဝင်လား စစ်ဖို့ ပို့လိုက်မယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ကောင်းပါပြီ” ထျဲ့ကန်က ပြောလိုက်သည်။ အစီအရင်အဖျက်ကောင် နောက်ဆုံးပေါ်ထွက်လာသည့် အခိုက်အတန့်က ကောင်းကင်ရွေးချယ်ခံစစ်ဆေးမှုအတွင်း ဖြစ်၏။ သို့သော်လည်း နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် ထိုအရာက အထွေထွေသောင်းပြောင်း အရှင်အပါအဝင် လူများစွာ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ပြောင်းလဲလာခဲ့သည်။

“သိပ်မကြာခင် အဖွဲ့က အစီအရင်စက်ဝန်းပြားနှင့် တူညီသည့် အနီရောင်စက်ဝန်းပြားတစ်ခုကို လက်ခံရရှိလိုက်သည်။ သူတို့ဘာလုပ်ရမည်ကို ညွှန်ကြားခံပြီးသည့်နောက်တွင် ထိုပစ္စည်းကို အသက်သွင်းလိုက်ကြ၏။ ထင်ထားသည့်အတိုင်း အစီအရင်ချိုးဖောက်နှုန်းက သိသိသာသာအရှိန်ဖြင့် မြင့်တက်လာခဲ့သည်။ သိုင်းပညာစိတ်ဆန္ဒများက ဒိုင်းကာကို အားဖြည့်ထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ဒိုင်းကာက ချက်ချင်း ကျိုးပျက်သွားနိုင်သည်။

ဘန်း

ဟို့ဖုန်းဟွမ်၏ ဓားက ဒိုင်းကာကို ထိုးဖောက်လိုက်နိုင်သည်။ တပ်သားများက ပျော်ရွှင်သွားကြသော်လည်း မည်သူကမှ အလျင်မလိုကြပေ။ ထျဲ့ကန်၊ အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်တို့က တပ်သားအုပ်စုငယ်လေးကို ရှေ့ပြေးအဖြစ် အထဲကို ဦးဆောင်ခေါ်သွားကြသည်။

သူတို့က ကမ္ဘာအတွင်း ဝင်လိုက်သည်နှင့် တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားသည်။ ကံကောင်းစွာဖြင့် ထိုသူများက စွမ်းအား အထွတ်အထိပ် ရောက်ရှိနေသူများ ဖြစ်သည့်အတွက် ထိုကြိုးပမ်းမှုက အသုံးမဝင်ခဲ့ပေ။

“ဘာတွေဖြစ်သွားတာလဲ” ထျဲ့ကန်က သူ့ပတ်ဝန်းကျင်ကို မည်မျှပင်ကြည့်စေကာမူ မမြင်ရသည့်အတွက် မေးလိုက်သည်။

“ငါတို့ကို အစီအရင်တွေနဲ ဝိုင်းထားတာ။” ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ပိုအရေးကြီးတာက ဒီအစီအရင်တွေက ငါ့ရဲ့ မြင်ကွင်းကတောင် ဖုံးကွယ်ထားနိုင်တယ်”

ထိုအရာများသည် မမြင်ရရုံသာမက ကမ္ဘာသည် အံ့ဖွယ်အသိစိတ်နှင့် အမြင်အာရုံတို့ကို ပိုင်းခြားထားသည့် မြူခိုးအဖြစ်လည်း ဝန်းရံထားလေ၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ကမ္ဘာရဲ့ ကောင်းကင်တာအိုက လူတွေကို ကူညီဖို့ ကမ္ဘာ့အရင်းအမြစ်တွေကို ဖြုန်းတီးဖို့ လိုလားနေတာပဲ” အောင်းရှန်က ထိုမြူများနှင့် တခြားမူမမှန်သည့် အရာများကို သတိထားမိကာ ပြောလိုက်သည်။

“သူတို့ကို ဖြေရှင်းနိုင်လား” ထျဲ့ကန်က ပြောလိုက်သည်။

“သူတို့အားလုံးကို ဖျက်ဆီးပစ်တာပေါ့” ဟို့ဖုန်းဟွမ်က မြင်ကွင်းတွင်ရှိသမျှအရာအားလုံးကို စတင်တိုက်ခိုက်လိုက်သည်။ သူမက အားလုံး ထုတ်မသုံးသေးသည်မှာ ကမ္ဘာကို လေ့လာဖို့ရာအတွက် ချန်ထားလေသည်။ သို့သော် သူမ၏ အပြုအမူက အောင်မြင်ခဲ့၏။ လျှို့ဝှက်အစီအရင်အများစုက သူမ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်တွင် ပေါက်ကွဲထွက်သွားကြသည်။

“ဒီလူတွေက အဆင်သင့်ဖြစ်နေတဲ့ပုံပဲဆိုတော့ သတိထားသင့်တယ်။” အောင်းရှန်က သတိပေးလိုက်သည်။ ထျဲ့ကန်က ခေါင်းညိတ်လိုက်၏။ သူကလည်း ပတ်ဝန်းကျင်ရှိ မူမမှန်သည့် စွမ်းအင်များကို ခံစားမိပြီး သူတို့လုပ်သည့် အရာကို အကြမ်းဖျင်းမှန်းဆမိခဲ့သည်။

“ကျုပ်တို့တပ်သားတွေ ခေါ်လို့ရမလား” ထျဲ့ကန်က မေးလိုက်သည်။

“ပြဿနာမရှိဘူး။ ဒါပေမဲ့ ဒီကမ္ဘာမှာ တခြားဝှက်ထားတဲ့အရာတွေ အများကြီးရှိနေတဲ့ပုံပဲ” ဟို့ဖုန်းဟွမ်က သတိပေးလိုက်သည်။

“ဒီလိုဆိုရင် ဒီကမ္ဘာကို အုပ်စိုးဖို့က ထိုက်တန်ရဲ့လား” နဂါးက မေးလိုက်သည်။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ကမ္ဘာ့အရင်းအမြစ်မြောက်များစွာ သုံးပြီးသည့်နောက်တွင် သူတို့က ကမ္ဘာအခွံကိုသာ ရရှိလိမ့်မည်။

“သူတို့တွေက ခုံရုံးတည်ထောင်ထားတာကို မေ့နေတဲ့ပုံပဲ။ အဲဒါဆိုတော့ ကမ္ဘာအရင်းအမြစ်တွေကို စုဆောင်းမိမှာပဲလေ” ဟို့ဖုန်းဟွမ်က သတိပေးလိုက်သည်။

“ဟုတ်တာပဲ။ ပြီးတော့ ဒီနေရာက ကောင်းကင်အလိုဆန္ဒကမ္ဘာ ဖြစ်နေသရွေ့ ထိုက်တန်ပါတယ်”

ထျဲ့ကန်က တပ်ဖွဲ့များကို ကမ္ဘာဆီ ဆင်းသက်ပြီး သူတို့အား အန္တရာယ်ကို သတိပေးခဲ့သည်။ သူက မမြင်ရသည့်အရာအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကင်းထောက်တပ်ဖွဲ့ကိုပင် စေလွှတ်ခဲ့သည်။ ထျဲ့ကန်က ရုတ်တရက်ဆိုသလို အသံကျယ်ကျယ်ကို ကြားလိုက်ရပြီး စစ်ပွဲခန်းမနှင့် မည်သို့ ဖြေရှင်းရမည်ကို ဆွေးနွေးလိုက်သည်။

“သတိထား” ဟို့ဖုန်းဟွမ်က အော်လိုက်သည်။

ဝုန်း

တပ်သားများက မီးစွဲသွားပြီးသည့်နောက် အဆိပ်ပြင်း ပြာမှုန့်များ လိုက်ပါလာသည်။

ကံကောင်းစွာဖြင့် သူမက အချိန်မီတုံ့ပြန်ကာ အားလုံးကို ကာကွယ်ပေးနိုင်ခဲ့၏။

“ဒါက မီးတောင် ပေါက်ကွဲတာလား” တစ်ယောက်က မေးလိုက်သည်။ သို့သော်လည်း ထိုသူ၏ စကားက အဆုံးမသတ်သေးခင် သူတို့ဝန်းကျင်ရှိ မြေကြီးက စတင်တုန်ခါလာပြီး ပြိုကျသွားသည်။ တပ်သားများက သူတို့ကိုယ်သူတို့ ပြုတ်ကျတာကို ကာကွယ်ဖို့ လေထဲတွင် နေလိုက်ရ၏။ သို့သော် ထိုသို့ဆိုလျှင်ပင် သူတို့နေရာရှိ မြေဆွဲအားက အဆသန်းချီတိုးမြင့်လာသည်။ မသေမျိုးတစ်ယောက်၏ အကူအညီမပါရှိဘဲ ထိုတပ်သားများက အသားစိုင် ဖြစ်သွားနိုင်သည်။

“ဘာတွေဖြစ်နေတာလဲ”

“တစ်ကမ္ဘာလုံးက ငါတို့နဲ့ တိုက်နေတဲ့ပုံပဲ”

“အဲ့လိုကိုး” ဟို့ဖုန်းဟွမ်က အဝေးတစ်နေရာကို လှမ်းကြည့်ကာ “အဲဒါ ငါတို့ကို ကျူးကျော်လာတဲ့ မျိုးစိတ် ဒါမှမဟုတ် ကပ်ပါးလိုမျိုး ဆက်ဆံနေတာပဲ”

သူတို့ ဝန်းကျင်ရှိအပူချိန်က ရုတ်တရက်ဆိုသလို မူမမှန်သည့် အနေအထားအဖြစ် ကျရောက်သွားသည့်အတွက် သူမ၏ စကားက မှန်ကန်ကြောင်း သက်သေပြနေခဲ့သည်။ ဤရာသီဥတုမျိုးတွင် ဧကရာဇ်တစ်ပိုင်းအဆင့်ပင် သေဆုံးသည်အထိ အေးခဲသွားလိမ့်မည်။

“သူတော်စင်အဆင့်နဲ့အထက် အားလုံးက ပိုင်နက်ကို ထုတ်သုံးပြီးတော့ ပတ်ဝန်းကျင်ကို ပုံမှန်ဖြစ်အောင်လုပ်ကြ” ထျဲ့ကန်က အမိန့်ပေးလိုက်သည်။ တပ်သားများက သူ့အမိန့်အတိုင်း လိုက်လုပ်ကြ၏။ ပိုင်နက်သန်းထောင်ချီဖြင့် သူတို့၏ ဆင်းသက်ရာနေရာက မိုးမြေ၏ စည်းမျဉ်းများသည် ကောင်းကင်တာအို ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

“အခုတော့ ဘေးကင်းသွားပြီ ထင်တယ်” တပ်သားတစ်ဦးက ပြောလိုက်သည်။ သူ့လက်တွဲဖော်က ဂြိုလ်ဆိုးဝင်စေသည့် စကားမဖြစ်အောင် အလျင်အမြန် ပိတ်ဆို့လိုသော်လည်း ကံဆိုးစွာဖြင့် နောက်ကျလွန်းသွားခဲ့ကာ ထိုအဆင့်နိမ့် ကျင့်ကြံသူများက သူတို့၏ လည်ပင်းနှင့် ခန္ဓာကိုယ်တွင် အနက်ရောင်သွေးကြောများ ပေါ်ထွက်လာပြီး မြေကြီးပေါ် ရုတ်တရက် ပြုတ်ကျသွားကြသည်။

“ဒီတစ်ခါ ဘာဖြစ်ပြန်ပြီလဲ။” ထျဲ့ကန်က ညည်းတွားလိုက်သည်။ သူက အနီးဆုံး တပ်သားဆီ သွားကာ စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူက ဘာမှမတွေ့ရပေ။

“ဒီသိုင်းပညာရှင်တွေက တကယ်ကို မျှော်လင့်ချက် ကုန်ဆုံးနေကြတာပဲ” အောင်းရှန်က ပြောလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ” ထျဲ့ကန်က မေးလိုက်၏။

“သူတို့က မိုးမြေကြားက ဝိညာဉ်ချီကို တိုက်စားခဲ့တာ” ဟို့ဖုန်းဟွမ်က ရှင်းပြခဲ့သည်။

“ဒီနေရာမှာ စွမ်းအင်စုပ်ယူတဲ့သူတွေအားလုံးက အဆိပ်မိသွားလိမ့်မယ်”

ထျဲ့ကန်က ညည်းတွားလိုက်သည်။ မသေမျိုးများကသာ ချီအနှောင်အဖွဲ့မှ ကင်းလွတ်နိုင်ကြသည်။ အဆင့်(၇) မှ (၉) မှီခိုမှုနည်းပါးသော်လည်း လိုအပ်နေဆဲသာ ဖြစ်၏။ ထိုစဉ် အဆင့်(၆)နှင့်အောက် လူအားလုံးက သူတို့၏ မူလအဆီအနှစ်ကို ပြန်လည်ဖြည့်တင်းဖို့ ဝိညာဉ်ချီ မစုပ်ယူဘဲ ကြာကြာအသက်မရှင်နိုင်ကြပေ။

“အခုကစပြီးတော့ တပ်သားတွေအားလုံးက ချီကို အားဖြည့်ဖို့ ဆေးလုံးကိုပဲ သုံးရမယ်” ထျဲ့ကန်က အမိန့်ပေးလိုက်ပြီးသည့်နောက်တွင် ထပ်ပြောလိုက်သည်။

“ခဏနေဦး။ စစ်ပွဲခန်းမက မင်းတို့လေးယောက်ကို အရင်းအမြစ်ချီ နေရာလွတ်ထဲက အပေါက်သေးတချို့ ဖောက်ပြီး တပ်သားတွေအတွက် စွမ်းအားထောက်ပံ့ပေးဖို့ ပြောနေတယ်။ အဲဒါက ပိုပြီးတော့ အဆင်ပြေလိမ့်မယ်”

“အဲဒါက စစ်မက်ရေးရာ အမှတ်အဖြစ် ထည့်တွက်မှာလား”

“ဒါပေါ့” ထျဲ့ကန်က ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ထာဝရအဆင့်ပုဂ္ဂိုလ်များက ချက်ချင်းဆိုသလို လှုပ်ရှားခဲ့ကြသည်။ ခေတ္တမျှအနားယူပြီး လုံလောက်သည့် အချိန်ရရှိပြီးသည့်နောက်တွင် သဘာဝတရားကြီးက သူတို့ကိုသတ်မည့်အကြောင်း စိုးရိမ်စရာ မလိုတော့ပေ။ အဖွဲ့က ဆက်လက်ဆင်းသက်လာကြပြီး မြူခိုးအတွင်း တိုးဝင်ကြသည်။ ထျဲ့ကန်က အစီအစဉ် မချမှတ်ခင် သတင်းအချက်အလက် အလုံအလောက်စုဆောင်းဖို့ ဆုံးဖြတ်ခဲ့သည်။

All Chapters