သေခြင်းတရားနှင့် လက်နက်
Vol. 77 Ch. 1078
ဂိုဏ်းခေါင်းဆောင်က ပလ္လင်ပေါ်တွင် ထိုင်နေရင်း အကြီးအကဲများ ဝန်းရံလျက်ရှိသည်။ သူက ပလ္လင်ကို လက်ချောင်းဖြင့် ခေါက်ကာ စိတ်တိုနေဟန်ပေါ်၏။ စက္ကန့်ပိုင်းကြာပြီးသည့်နောက်တွင် သူက ပြောလိုက်သည်။
“ခင်ဗျားတို့တွေ ဘာလို့ ဘာမှမပြောရတာလဲ”
“ကျွန်တော်တို့ရဲ့ အခြေအနေက သိပ်အကောင်းကြီး မဟုတ်ဘူး” မျက်လုံးနီက ပြောလိုက်သည်။
“အဲဒီသိုင်းပညာရှင်တွေက အရင်ကတည်းက ကျွန်တော်တို့ကို ယုံကြည်ကြတာ မဟုတ်ဘူး။ အခု ပိုဆိုးသွားပြီ”
“သူတို့က ဒီလိုအဓိပ္ပာယ် မရှိတာကို ဘယ်လိုများ ယုံကြတာတုန်း။ ငါတို့ရဲ့ တပ်သားတွေက ရှေ့တန်းမှာလေ။ ပြီးတော့ အကောင်းဆုံးအရင်းအမြစ်နဲ့ အင်အားကြီးပုဂ္ဂိုလ်တွေကိုလည်း ထောက်ပံ့ပေးထားသေးတယ်” အမျိုးသမီးအကြီးအကဲတစ်ဦးက ညည်းတွားလိုက်သည်။
“ငါတို့တွေ အစီအစဉ်ကို အရှိန်မြှင့်တင်ပြီး ခုံရုံးကို သိမ်းပိုက်ရမယ်”
“အဲဒါက တုံးအတာပဲ။ ချင်းဟိန်က လူကြိုက်များတယ်။ လူတွေကလည်း သူ့ကို လေးစားကြတယ်။ အဲဒါဆိုတော့ ငါတို့သာ အတင်းအကြပ် အားသုံးရင် သူတို့က တော်လှန်လာလိမ့်မယ်”
“အဲဒါဆို ဘာမှမလုပ်တော့ဘူးလား”
“ဂိုဏ်းခေါင်းဆောင်အတွက် အကောင်းဆုံးအနေအထားက ဒီစစ်ပွဲမှာ သက်သေပြဖို့ပဲ” မျက်လုံးနီက ပြောလိုက်သည်။
“သူ့ရဲ့ နာမည်ကျော်ကြားမှုနဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့။ စစ်ပွဲပြီးတဲ့နောက် ဒါမှမဟုတ် ချင်းဟိန် တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ဂိုဏ်းခေါင်းဆောင်က အများ လက်ခံတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာမှာပဲ”
“ဒါပေမဲ့ ဒီစစ်ပွဲကို နိုင်မှာမလို့လား”
အခန်းက အတော်လေး တိတ်ဆိတ်သွားခဲ့သည်။ ပထမကောင်းကင်ဧကရာဇ်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူတို့ကို စောင့်ကြိုနေသည့် ကံကြမ္မာကို နားလည်သွားကြ၏။
“ငါတို့တွေ အရှုံးပေးလိုက်မှာလား”
“အဲဒါက ရွေးချယ်စရာ မဟုတ်ဘူး” မျက်လုံးနီက ပြောလိုက်သည်။
“ကျုပ်က ချင်းဟိန်က သဘောမကျပေမဲ့ သူက အဲ့ကိစ္စတော့ မှန်တယ်။ တကယ်လို့ ကျုပ်တို့သာ မျှမျှတတ မတိုက်ခိုက်ဘဲ အညံ့ခံလိုက်မယ်ဆိုရင် ကျုပ်တို့ရဲ့ သိုင်းပညာက ပျောက်ကွယ်သွားပြီး ဂိုဏ်းလည်း ပျက်စီးသွားနိုင်ချေရှိတယ်”
“ဒါပေမဲ့ မျှမျှတတ တိုက်ခိုက်တယ်ဆိုရင်တောင် ရန်သူက သက်ညှာမှုပြတော့မှာ မဟုတ်ဘူးလေ”
ဤသည်က ပြဿနာအကြောင်းအရင်း ဖြစ်သော်လည်း ဖြေရှင်းနည်း မရှိသေးပေ။ သူတို့က တခြားတစ်ခုအတွက် သိုင်းလမ်းစဉ်ကို မစွန့်လိုသရွေ့ဖြစ်သည်။
“ကောင်းပြီ။ မင်းတို့အားလုံး သွားကြတော့” ဂိုဏ်းခေါင်းဆောင်က ပြောလိုက်သည်။
“ငါတစ်ယောက်ထဲ စဉ်းစားဖို့ အချိန်လိုတယ်”
အားလုံးက ထွက်ခွာသွားစဉ် သူက ပလ္လင်ပေါ်တွင် တိတ်တဆိတ်ထိုင်နေရင်း သူ့ရဲ့ ကြယ်တာရာပုံစံ မျက်ဆံများက လှုပ်ရှားနေလေသည်။
…………………………………………………………………
ကမ္ဘာ၏ ယင်ဘက်အခြမ်း
“ခေါင်းဆောင် ကျုပ်တို့ဆီ သတင်းကောင်း ရှိတယ်” အကြီးအကဲ အစီအရင်ဆရာတစ်ဦးက ပြောလာသည်။
“ဘာဖြစ်လို့လဲ” ထျဲ့ကန်က မေးလိုက်သည်။
“အစီအရင်က အားနည်းသွားပြီ”
“ဟင် ဘာလို့လဲ”
“ကြည့်ရတာ ထိန်းချုပ်တဲ့သူတွေက ကျွမ်းကျင်အတတ်ပညာရှင် မဟုတ်တာမျိုး ဒါမှမဟုတ် အကောင်းဆုံး အားစိုက်ထုတ်နေတာမျိုး မဟုတ်ဘူး ထင်တယ်”
“အတွင်းရေး ပဋိပက္ခလား” ထျဲ့ကန်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“ဒီဖျက်ဆီးမှုကို အရှိန်မြှင့်တင်ဖို့ လိုအပ်တဲ့အရာတွေကို ပြောသာပြော”
ဆွေးနွေးပြီးသည့်နောက်တွင် ထျဲ့ကန်က စစ်ပွဲခန်းမနှင့် ဆက်သွယ်လိုက်သည်။ သိပ်မကြာခင် တပ်ဖွဲ့အသစ်များ၊ ကျွမ်းကျင်အတတ်ပညာရှင်များ၊ အရင်းအမြစ်များနှင့် အင်အားကြီးပုဂ္ဂိုလ်များ ပေါ်ထွက်လာဖို့ မုခ်ဝများစွာ ပေါ်ထွက်လာခဲ့သည်။ သူတို့က အဖွဲ့ကို နှစ်ပိုင်းခွဲခြားထားပြီး တစ်ပိုင်းက အစီအရင်ကို ဖြိုချဖို့ကို အာရုံစိုက်ထားပြီး တစ်ဖက်က သေမျိုးများကို ကုသပေးဖို့ ဖြစ်သည်။
နောက်ရက်အနည်းငယ်အတွင်း နတ်ဆိုးမျိုးနွယ် အမြှောက်စာများက ရန်သူဘက်လာရောက်ကျူးကျော်ခဲ့ကြလေသည်။
ထျဲ့ကန်က သတိကြီးကြီး ထားထား၍ နောက်ထပ် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကို မကြုံတွေ့ရပေ။ သို့သော်လည်း ထိုသားရဲများ၏ စိတ်လွတ်လက်လွတ် သတ်ဖြတ်မှုကြောင့် သူ့တပ်ဖွဲ့က အသေအပျောက် များခဲ့ရသည်။
ရှုရှစ်က သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ အလုပ်ကို လက်စသတ်ကာ ကျန်ရှိနေသည့် သေမျိုးများ အားလုံးကို ကုသပေးခဲ့သည်။ သူတို့က ပုံမှန်သွင်ပြင်ဖြစ်သွားကြသော်လည်း လူများစွာက ထိုဖြစ်စဉ်အတွင်း သူတို့၏ သက်တမ်းအများစုကို ဆုံးရှုံးသွားခဲ့ကြသည်။ သို့သော်လည်း ဤသည်က အဓိကပြဿနာ မဟုတ်သေးပေ။ ထိုသူများသည် သေမျိုးလူမှုအဖွဲ့အစည်း ခေတ်ကာလထဲ ရောက်သွားသည်နှင့် သက်တမ်းက သိသိသာသာ တိုးမြင့်လာမည်ဖြစ်၏။
သူမ၏ အလုပ်ပြီးဆုံးသွားသည့်အခါ ရှုရှစ်က ထွက်ခွာသွားခဲ့သည်။ သူမက လေးစားသမှုဖြင့် ဤစစ်ပွဲအတွင်း မပါဝင်လိုပေ။ သေမျိုးများကို ဘေးကင်းသည့် ပတ်ဝန်းကျင်တွင် ထားရှိပြီး စစ်ပွဲများ၏ တုန်ခါလှိုင်းများက သူတို့ကို မသုတ်သင်ပစ်ဖို့ သေချာအောင်လုပ်ဆောင်ပြီးသည့်နောက်တွင် သူမက ခုံရုံးဆီ ပြန်သွားခဲ့သည်။
ဤကမ္ဘာဆီ ရောက်ရှိပြီး ၅ရက်မြောက်နေ့တွင် တစ်ကမ္ဘာလုံးကို တုန်ခါသွားစေသည့် ကောင်းကင်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကောင်းကင်ကိုပင် ဖုံးလွှမ်းလုမတတ် ခန္ဓာကိုယ်ကြီးဖြင့် ဧရာမအပြာရောင် လိပ်ကြီးက ဒိုင်းကာရှိရာဆီ ဦးတည်လာခဲ့သည်။
“လိပ်ဘုရင် ဘာလုပ်နေတာလဲ” ချင်းဟိန်က ဒိုင်းကာ၏ ယန်ဘက်အခြမ်းတွင် ပေါ်ထွက်လာကာ ပြောလိုက်သည်။
“မင်း ပြန်လည်ပေးဆပ်စေရမယ်”
“ကျုပ်တို့ ဘာလို့လုပ်တယ်ဆိုတာကို ခင်ဗျားလည်း နားလည်တာပဲ။ ကျုပ်တို့က…”
“မင်းရဲ့ အဓိပ္ပာယ် မရှိတာတွေကို ငါ ဂရုမစိုက်ဘူး” လိပ်ဘုရင်က အော်ပြောလိုက်သည်။
“ငါက ကြားနေမယ်လို့ ကတိပေးထားပြီးပြီကို မင်းက ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိတဲ့လူတွေကို တိုက်ခိုက်ခဲ့သေးတယ်။ အခု မင်းရဲ့ အပြုအမူရဲ့ အကျိုးဆက်ကို ခံစားရမယ်”
ဝုန်း
သူက ဒိုင်းကာကို ဝင်တိုက်လိုက်၍ တစ်ကမ္ဘာလုံးက တုန်ခါသွားလေသည်။
ချင်းဟိန်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။
“ကျုပ်တို့လုပ်ခဲ့တာက မှားတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အဲဒီကျူးကျော်သူတွေအတွက် အလုပ်လုပ်ပေးဖို့ အကြောင်းပြချက် မဟုတ်ဘူး”
“ငါ ဂရုမစိုက်ဘူး”
ဝုန်း
“လိပ်ဘုရင် အကျိုးအကြောင်းသင့်အောင် စဉ်းစားစမ်းပါ”
“ငါက မိတ်ဆွေဟောင်းကို သူ့မျိုးဆက်ကို ကာကွယ်ပေးမယ်လို့ ကတိပေးပြီးသား” လိပ်၏ အသံက မိုးမြေအထက် ပဲ့တင်ထွက်လာသည်။
“ဒါပေမဲ့ မင်းက မွန်းစတားအုပ်စိုးသူနဲ့ သူ့သွေးမျိုးဆက်အားလုံးကို သတ်ဖြတ်ပြီးတော့ သူ့မျိုးဆက်တစ်ခုလုံးကို ရှင်းထုတ်ပစ်ခဲ့တယ်”
ဝုန်း
“ကျုပ် မသိခဲ့လို့ပါ”
“မင်း စိုက်တာ ပြန်ရုတ်သိမ်းရတာပဲ” လိပ်က အားကုန်သုံး၍ ဆက်လက်တိုက်ခိုက်လိုက်သည်။ တခြားသော မူလကျင့်ကြံသူ အင်အားကြီး ပုဂ္ဂိုလ်များကလည်း ကူညီပေးကြ၍ မိနစ်၃၀ခန့် ကြာမြင့်ပြီးသည့်နောက်တွင် ဒိုင်းကာအထက် အက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။
ချင်းဟိန်က ထိုအရာကို မျက်လုံးနီဖြင့် ကြည့်နေပြီးသည့်နောက်တွင် ထွက်ခွာသွားခဲ့၏။ သူက အချိန်အနည်းငယ်သာ ရှိကြောင်းသိထားလေသည်။
နှစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ဒိုင်းကာက ပြိုလဲသွားပြီး ယန်ဘက်အခြမ်းမှ မြူခိုးများ ထုတ်လွှတ်လာခဲ့သည်။ သို့သော်လည်း ထိုမြူခိုးက လိပ်၏ အသက်ရှူမှုအောက်တွင် လွင့်ထွက်သွားလေသည်။
ကောင်းကင်အထက် ယင်ယန်သင်္ကေတတစ်ခု ပေါ်ထွက်လာပြီး တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိသည့် မမြင်နိုင်ဖွယ် လှိုင်းလုံးတစ်ခုကို ထုတ်လွှတ်ပေးလာသည်။
“ဘာတွေဖြစ်နေတာလဲ” ထျဲ့ကန် မေးလိုက်သည်။
“သူတို့က ကောင်းကင်တာအိုနဲ့ ဒီအစီအရင်ရဲ့ အကူအညီနဲ့ အစီအစဉ်ကျမှု၊ မကျမှုကို ပြောင်းလဲပစ်ခဲ့တာ” အောင်းရှန်က ပြောလိုက်သည်။
“သူတို့က ဘာတွေကို ပြောင်းလဲခဲ့တာလဲ”
“မသေမျိုးတွေက သေမျိုးတွေကို တိုက်ခိုက်လို့ မရဘူး”
“အတိအကျပြောရရင် မသေမျိုးစွမ်းအား ရှိထားတဲ့သူတွေက သေမျိုးစွမ်းအား ရှိထားတဲ့သူတွေကို တိုက်ခိုက်လို့မရဘူး” ဟို့ဖုန်းဟွမ်က ပြောလာသည်။
“အဲဒါဆိုတော့ သူတို့က လီကျွင်းကို ပစ်မှတ်ထားနေတာပဲ”
“အဲ့လိုဖြစ်ပုံပဲ”
ထျဲ့ကန်က ပြောလိုက်သည်။
“အဲဒီစည်းမျဉ်းအသစ်ကို ချိုးဖောက်လို့ ရလား။ အဲဒါကို လျစ်လျူရှုတဲ့ တန်ကြေးကရော”
“နှင်ထုတ်ခံရမယ်” ဟို့ဖုန်းဟွမ်က ကောင်းကင်မျက်လုံးကို အသုံးပြုကာ အခြေအနေကို အသုံးသတ်လိုက်သည်။
“အဲဒါက သိပ်ကြီးတော့ မဆိုးဘူးပဲ”
“မှားနေပြီ” အောင်းရှန်က ပြောလိုက်သည်။
“သူတို့ရဲ့ နောက်ဆုံးဝှက်ဖဲက လူတွေကို ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်ဖို့ ရည်ရွယ်ချက်တစ်ခုပဲရှိတဲ့ ဧကရာဇ်အသုံးအဆောင်ပဲ။ ”
“တကယ်လို့ သူတို့ဖြုန်းတီးလိုတဲ့ ကမ္ဘာ့အရင်းအမြစ်ကို ထည့်ပေါင်းမယ်ဆိုရင် ဒါက ပြဿနာ ဖြစ်လာနိုင်တယ်” ဟို့ဖုန်းဟွမ်က ဆက်ပြောလိုက်သည်။
“ခဏနေပါဦး။ သူတို့ဆီမှာ ဒီလိုဝှက်ဖဲမျိုး ရှိနေတယ်ဆိုရင် ဘာလို့ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုအနေနဲ့ မသုံးရတာလဲ။ ဘာလို့ အစီအရင်ဗဟိုချက်အနေနဲ့သုံးပြီးတော့ ရှာဖွေတွေ့ရှိခံရအောင် လွယ်ကူအောင် လုပ်ထားရတာလဲ”
“အဲဒါတော့ မသိဘူး” အောင်းရှန်က ပြောလိုက်သည်။
“ထိုအဖွဲ့က ဤကမ္ဘာရှိ ပထမဦးဆုံး ထာဝရဧကရာဇ်ဖြစ်သူ ထာဝရလက်သီးဧကရာဇ်က သိုင်းပညာဘိုးဘေး ကံကြမ္မာရှိထားပြီး သူ့မွေးရပ်မြေကို ကာကွယ်ဖို့ ထိုအသုံးအဆောင်ပစ္စည်းကို ချန်ထားခဲ့သည်ကို မသိကြပေ။ သို့သော်လည်း သူက တစ်ကိုယ်ကောင်းဆန်သည့် လိုအင်ဆန္ဒရှိထားပြီး သူ့မိသားစုကို နောက်ဆုံးအထိ ကြာရှည်စွာ ရှိစေလိုကာ သူ့သွေးမျိုးဆက်ကသာ ထိုအသုံးအဆောင်ပစ္စည်းကို အသုံးပြုနိုင်သည့် တားမြစ်ချက်မျိုး ချမှတ်ခဲ့သည်။ နှမြောစရာကောင်းလှစွာဖြင့် ကြမ္မာက သူတို့ကို ကာကွယ်ထားလျက်ပင် သူတို့မိသားစုက ပျက်သုဉ်းသွားခဲ့၍ အသုံးအဆောင်ပစ္စည်းက ဆုံးရှုံးသွားကာ အသုံးမဝင်ဖြစ်လာခဲ့ရသည်။
တစ်စုံတစ်ယောက်က ထိုပစ္စည်းအကြောင်း သတင်းထုတ်လွှတ်လိုက်၍ ဘဝငြိမ်းချမ်းရေးနန်းဆောင်က ပြောင်မြောက်သည့် အစီအရင်ကို သုံးကာ အသက်သွင်းခဲ့ခြင်း ဖြစ်သည်။
အဖွဲ့က စကားပြောနေရင်း အခြေအနေက အလျင်အမြန် ပြောင်းလဲနေလေ၏။ လိပ်ဘုရင်ဝန်းကျင်တွင် လှောင်ချိုင့် သို့မဟုတ် အတားအဆီးတစ်ခု ပေါ်ထွက်လာကာ သူ့ကို စည်းပိတ်ထားလျက် ရှိသည်။ မည်သူကမှ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။
“အခု ဘာဖြစ်သွားတာလဲ” ထျဲ့ကန်က ညည်းတွားလိုက်သည်။
“ကောင်းကင်၊ မြေကြီးနဲ့ လူသားပေါ့။ ဒါက လူသားအစီအရင်ပဲ” အောင်းရှန်က ပြောလိုက်သည်။
“ဒါရောက်လာမယ်ဆိုတာကို သိနေတယ်”
သူက အခြေအနေကို အလျင်အမြန် သုံးသပ်လိုက်ပြီး သတင်းကောင်းလည်း ရှိပေသည်။ ထိုအစီအရင်က အားနည်းဆုံးဖြစ်သည့်အတွက် လိပ်ဘုရင်က သူကိုယ်တိုင် လွတ်မြောက်နိုင်သည်။
ရန်သူ၏ အစီအစဉ်က သူ့အား တိုက်ပွဲမြေပြင်မှ ခေတ္တမျှ ဖယ်ရှားထားဖို့ ဖြစ်ဟန်ပေါ်သည်။
“သတိထား” ဟို့ဖုန်းဟွမ်က အော်ပြောလိုက်သော်လည်း သူမက အချိန်မီ မတုံ့ပြန်နိုင်ခင် ချင်းဟိန်နှင့် ဂိုဏ်းခေါင်းဆောင်တို့က သူမအနားတွင် ပေါ်ထွက်လာကာ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
ထိုစဉ် အောင်းရှန်က သူ့မျက်နှာနှင့် ခန္ဓာကိုယ်အထက် အနက်ရောင်အမှတ်အသားများ ရုတ်ချည်း ပေါ်ထွက်လာလေ၏။
အဲဒါက ဟိုခွေးကောင်ရဲ့ ကျိန်စာလား။ သူက မသေသေးဘူးလား…
လျှပ်စီးလက်သီး၊ ခရမ်းရောင်နဂါးနှင့် နောက်ထပ် ထာဝရဦးသျှောင်တို့က သူ့ရှေ့တွင် ပေါ်ထွက်လာကာ စွမ်းအားကြီးတိုက်ကွက်ကို အသုံးပြုလာခဲ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်က သူတို့ကို တတ်နိုင်သမျှ မြန်မြန်သတ်ဖို့မှန်း သိသာလှသည်။ သူတို့က လေးယောက်မြောက် ထာဝရအဆင့် အင်အားကြီးပုဂ္ဂိုလ် ရှိထားပြီဖြစ်သော်လည်း သူတို့အလုပ်က ရန်သူများဖြစ်သည့် နောက်ထပ် ထာဝရဦးသျှောင် နှစ်ယောက်ကို ခုခံထားဖို့ ဖြစ်သည်။
ဝုန်း
အောင်းရှန်က အဝေးတစ်နေရာသို့ လွင့်စင်သွားစဉ် သူ့အနက်ရောင်ချပ်ဝတ်က အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး သူ့နားနှင့် နှာခေါင်းမှ သွေးများ စီးကျနေသည်။
ထိုသို့ဖြစ်နေသော်လည်း သူက ဒဏ်ရာသာရရှိခဲ့ပြီး မသေဆုံးခဲ့ပေ။ ထိုအကြောင်းအရင်းက သူ့လက်ထဲတွင် ရှိနေသည့် ကြာပွတ်ကြောင့်သာ ဖြစ်၏။ ထိုအရာက နဂါးကြေးခွံများဖြင့် ဖွဲ့စည်းထားလေသည်။
လူများက သူ့အား ထာဝရဦးသျှောင်အလောင်းအတွက် ကောင်းကင်ဧကရာဇ်ထံမှ အဖိုးတန်အရင်းအမြစ်များဖြင့် လဲလှယ်ခဲ့သည်ဟု ထင်ခဲ့ကြသည်။ ထိုသို့ဆိုလျှင်ပင် သူ တစ်ယောက်တည်းကသာ ကောင်းကင်ဧကရာဇ်ဆီ သူ့တာအိုသက်သေပြပစ္စည်းကို တတ်နိုင်သမျှမြန်မြန် ပြီးမြောက်ဖို့ အချိန် ပေးအပ်ခဲ့ဖို့ တောင်းဆိုခဲ့ကြောင်းသာ သိလေသည်။
ထို့နောက် သူ့အစီအစဉ်အရ သူ့ယခင်ခန္ဓာကိုယ်ကို စွယ်စုံသုံး ကြာပွတ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
အောင်းရှန်၏ အရှိန်အဝါက လက်နက်ဖြင့် ရုတ်ချည်းဆိုသလို တိုးပွားလာခဲ့သည်။ သူက နှုတ်ခမ်းကို သပ်ကာ တစ်ဖက်လူကို ကြည့်လိုက်၏။
“အခု မင်းတို့အားလုံးကို ပျော်ပျော်ကြီး သတ်ပေးမယ်။ အထူးသဖြင့် မင်းပဲ။ ဒီတစ်ခါတော့ သေရစေမယ်”
“ဘယ်လိုလုပ် အစီအစဉ်က ကျရှုံးသွားတာလဲ” ခရမ်းရောင်နဂါးက ရေရွတ်လိုက်သည်။ သို့သော် အောင်းရှန်က သူ့ယခင်ခန္ဓာကိုယ်သည် ဟွင်သွမ်းသွေးမျိုးဆက် အရိပ်အမြွက် ပါဝင်နေကြောင်း ပြောပြမည် မဟုတ်ပေ။ သူက ထိုကျိန်စာကို ဖြေရှင်းဖို့ စွမ်းရည်အများကြီး ရှိထားလေသည်။
အောင်းရှန်က လှုပ်ရှားတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူက လှမ်းကြည့်လိုက်သည့်အခါ ချင်းဟိန်နှင့် တခြားတစ်ယောက်သည် ဟို့ဖုန်းဟွမ်ကို စည်းပိတ်ပြီး ခေါင်းဆောင်း ဆောင်းထားသည့် တတိယမြောက်လူ ပေါ်ထွက်လာကာ သူမကို တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရ၏။
သူမက ဒီတစ်ခေါက် အသက်ရှင်မှာ မဟုတ်ဘူး…
သူက တွေးလိုက်သည်။
အဲဒီခေါင်းဆောင်းပုံရိပ်ဆီကနေ ထာဝရတစ်ယောက်ရဲ့ အငွေ့အသက်ကို ခံစားမိတယ်…
ဝုန်း
ဟို့ဖုန်းဟွမ်က တုံ့ပြန်ဖို့အချိန်မရှိဘဲ သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပျက်သုဉ်းသွားလေသည်။ ထာဝရဧကရာဇ် တစ်ယောက်အနေဖြင့် သူမက အစစ်အမှန် သေဆုံးမှုကို မတွေ့ကြုံရသေးပေ။
ဝှစ်
အားလုံးကို အံ့အားသင့်သွားစေသည်က ဟို့ဖုန်းဟွမ်သည် စိတ်တိုနေသည့် အမူအရာမျိုးဖြင့် ပြီးပြည့်စုံစွာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သူမက ဤမျှတစ်ခါမှ ဒေါသမထွက်ခဲ့ဖူးပေ။ ဤနှစ်များစွာကြိုးစားပြီး ပြိုင်ဘက်ကင်း ပါရမီမျိုးဖြင့် သူမက ဇာမဏီသွေးမျိုးဆက်ကို အသက်ရှည် သွေးမျိုးဆက်အဖြစ် ပြောင်းလဲပြီး အပိုအသက်တစ်သက် ရယူနိုင်ခဲ့သည်။
သို့သော် သူမက အသေးအဖွဲဟု မှတ်ယူထားသည့် ဤစစ်ပွဲအတွင်း ဖြုန်းတီးခဲ့ရသည်။ သူမက လုံလောက်သည့်အချိန်နှင့် အရင်းအမြစ်တို့ဖြင့် ထိုအရာကို ပြန်လည်ရယူနိုင်သော်လည်း ဒိုင်မေးရှင်းအနိမ့်တွင် နေစဉ်ကာလအတွင်း လုပ်ဆောင်နိုင်မည်လား မသေချာပေ။ ထိုအချက်က သူမ၏ အစီအစဉ်များစွာကို အနှောင့်အယှက် ဖြစ်စေ၏။
“ရှင်တို့တွေ ပြန်လည်ပေးဆပ်စေရမယ်”
သို့သော် သူမက မတုံ့ပြန်နိုင်ခင် ကောင်းကင်က ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။