သစ္စာဖောက်ခြင်း
Vol. 30 Ch. 407
“သွား…” သက်လတ်ပိုင်းလူက ခပ်တိုးတိုးရေရွတ်သည်။ သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ဖြစ်စေပြီးနောက်မှာ တစ္ဆေဦးခေါင်းသည် ၎င်း၏ အစွယ်ကို ဟကာ သခင်ကြီးကျိနစ်ရင်ထံ စူးစူးရှရှ အော်ဟစ်၍ ကြမ်းတမ်းစွာ တိုးဝင်လာသည်။ တချိန်တည်းလိုလို ဟန်လိနှင့် တခြားသူများသည်လည်း သူတို့၏ မှော်လက်နက်များနှင့် ရတနာများကို ပြင်းပြတေးသံဂိုဏ်း၏ သစ္စာဖောက်များထံသို့ ပစ်လွှတ်တိုက်ခိုက်ကြသည်။
သခင်ကြီးကျိနစ်ယင်၏ ဘက်ခြမ်းမှ သူများသည် အသေအကြေ မတိုက်ခိုက်ကြမှာ သဘာဝပင်။ သူတို့က ကိုယ်ပိုင်အလင်းအရံအတားများကိုသာ ထုတ်လွှတ်သည်။ သည့်နောက်တွင်မူ မှော်လက်နက်များနှင့် ရတနာများသည် ထွေလားယှက်တင် ဖြစ်ကုန်၏။
ကျိနစ်ယင်သည် ထိုမြင်ကွင်းကို မထူးခြားနားဟန်ဖြင့် တချက်သာ ကြည့်သည်။ ထို့နောက်တွင်တော့ သူ့ထံ တိုးဝင်လာသော တစ္ဆေဦးခေါင်းကို အေးစက်စက်ပြုံး၍ လှမ်းကြည့်သည်။
၎င်းဦးခေါင်းထံ သူက မီးလုံးနက်နှစ်ခုကို ပစ်သွင်းသည်။ ထိုမီးလုံးများမှာ သူ့လက်ကနေ လွတ်ထွက်သွားပြီးနောက် အသွင်ပြောင်းလဲကာ မင်နက်ရောင်ရှိ မြွေများနှယ် ဖြစ်လာကြသည်။ ဝှစ်ခနဲဖြင့် ယင်းတို့သည် တစ္ဆေဦးခေါင်း၏ ပါးစပ်ထဲသို့ ထွင်းဖောက်သွားသည်။
သက်လတ်ပိုင်းလူ၏ မျက်နှာမှာ ရုတ်တရက် ဖြူရော်သွား၏။ သူသည် စိတ်ထဲကနေ အလန့်တကြား ဖြစ်၏။ တစ္ဆေဦးခေါင်းမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းက စတင်ဖောင်းကြွလာ၏။ ယင်းနောက်မှာ မရေမတွက်နိုင်သော အနက်ရောင်မီးတောက်အမျှင်တန်းများအဖြစ်သို့ ပေါက်ကွဲထွက်သည်။ ထိုသည်ကို မြင်သည့်အခါ သက်လတ်ပိုင်းလူ၏ အသားအရေမှာ ဖြူရော်သွားချေသည်။ သို့သော် သူက ချက်ခြင်း အသက်ဝဝရှိုက်သွင်း၍ အလေးအနက်ဟန်ပန် ဖြစ်ပေါ်သည်။
သူက သူ့ခေါင်းအနောက်ဘက်ကို ခွန်အားရှိသမျှ ရိုက်ချပစ်သည်။ သူ့နဖူးထံမှ လက်မအရွယ်ခန့် ပုတီးစေ့တစ်စေ့ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုပုတီးစေ့မှာ သန့်စင်လှသော အဖြူရောင်သလင်းနှင့် ပြုလုပ်ထားပြီး အေးစက်စက်အဖြူရောင်အော်ရာတစ်ခုကို ထုတ်လွှတ်နေ၏။
ထိုပုတီးစေ့ အပြည့်အဝ ပေါ်ထွက်လာပြီးနောက်မှာတော့ သက်လတ်ပိုင်းလူသည် အလေးအနက်ဟန်ပန်ဖြင့် လူထူးခြားမီးတောက်နီထံ လျှို့ဝှက်အသံ ပို့လွှတ်သည်။
“အစ်ကိုမီးတောက်နီ၊ ဒီမိစ္ဆာအိုကြီးရဲ့ ကောင်းကင်ကျယ်ပြန့်အလောင်းမီးကို အစွန်းရောက်ယင်မှော်ရတနာနဲ့ပဲ ထိန်းချုပ်နိုင်တာ။ ကျုပ်က ဒီအမှောင်အေးစက်ပုတီးစေ့ကို အသုံးပြုပြီး သူ့အာရုံကို ဖမ်းစားထားမယ်။ အဲ့အချိန်အတွင်း ခင်ဗျားရဲ့ ရေနေကြာမိစ္ဆာပညာရပ်တွေ အသုံးပြုပြီး ဒီမိစ္ဆာအိုကို ထိန်းချုပ်နိုင်ဖို့ အခွင့်အရေးတစ်ခုကို ခင်ဗျားက ရှာပါ။ ဒီနည်းနဲ့ဆို ကျုပ်တို့ အနိုင်ရနိုင်ဖို့ ပိုများလိမ့်မယ်…”
တုန့်ပြန်သည့်အနေဖြင့် အနက်ရောင်တိမ်တိုက်ထံမှ ခပ်အုတ်အုတ် အသံများ ထွက်ပေါ်လာသည်။ ထိုအခါ သက်လတ်ပိုင်းလူသည် စိတ်အားတက်ကြွလာသည်။
တုန့်နှေးမနေလေဘဲ သူက ပါးစပ်ဟကာ သွေးမြူများကို ပုတီးစေ့အပေါ် ထွေးထုတ်သည်။ ပုတီးစေ့က စတင်လည်ပတ်၍ သွေးမြူကို စုပ်ယူ၏။ ၎င်း၏ အဖြူရောင်အော်ရာသည် ကြုံ့သွားကာ လင်းလက်တောက်ပသော ငွေရောင်စက်ဝန်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းလေ၏။
“မိစ္ဆာအိုကြီး…လျှို့ဝှက်ပင်လယ်နက်သလင်းကနေ သန့်စင်ထားတဲ့ ဒီအမှောင်အေးစက်ပုတီးစေ့ရဲ့ ကြမ်းတမ်းပုံကို ကျုပ် ပြသပေးမယ်…”
သက်လတ်ပိုင်းလူသည် သခင်ကြီးကျိနစ်ယင်ကို ရက်စက်လိုဟန်ဖြင့် လှမ်းကြည့်ကာ အံတင်းတင်းကြိတ်သည်။ တအောင့်အကြာ သူက သူ့လက်နှစ်ဖက်ကို အမှောင်အေးစက်ပုတီးစေ့ထံသို့ ညွှန်၍ အော်ဟစ်သည်။
“သွား…”
ငွေရောင်အလင်းစက်ဝန်းက သုံးလေးကြိမ် ဝေ့ယမ်းသွားပြီး ကြည်လင်သော မြည်သံတစ်ခုကို ထုတ်လွှတ်ကာ အဖြူရောင်စပါးအုံးမြွေတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသည်။ ထို့နောက်တွင်မူ ၎င်းမြွေက သခင်ကြီးကျိနစ်ယင်ထံ ကြမ်းတမ်းစွာ ခုန်ပေါက်ဝင်သွားသည်။
“အန်…” သခင်ကြီးကျိနစ်ယင်သည် အနည်းငယ် အံ့အားသင့်ထိတ်လန့်ဟန် ဖြစ်ပေါ်သည်။ သို့သော် ခဏအကြာတွင် သူ့မျက်နှာထက်၌ အထင်သေးသည့်အပြုံးတစ်ခု ပေါ်လာသည်။ သူ့ပုခုံးနှစ်ဖက်မှာ မသိမသာ တုန်ယင်သွားပြီး သူ၏နောက်မှ မိစ္ဆာချီကျာပွတ်ရှစ်ခု မြင့်တက်လာခဲ့သည်။ ထိုမိစ္ဆာချီများသည် အလွန်တရာ မြန်လွန်း၏။ ၎င်းတို့က လေထဲသို့ လွင့်မြောလာပြီး ဝံပုလွေအသွင် သားရဲများအဖြစ်သို့ ပြောင်းကာ အစွယ်တကားကားနှင့် တိုးဝင်လာသော မြွေကြီးထံသို့ ဦးတည်လာခဲ့သည်။
သက်လတ်ပိုင်းလူသည် မျက်ခုံးပင့်ကာ ဤသည်ကို စောင့်ကြည့်နေသည်။ ယင်းနောက် သူက သူ့လက်နှစ်ဖက်ကို အဆက်မပြတ် လှုပ်ရှားပြီး ကျယ်လောင်စွာ အော်သံပြုသည်။ သူ၏လက်နှစ်ဖက်မှ ရောင်စုံချိပ်ဟန်များစွာသည် ပျံသန်းထွက်ကာ အဖြူရောင်စပါးအုံးမြွေ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လေသည်။
ထိုစပါးအုံးမြွေ၏ မျက်လုံးမှာ ရုတ်ချည်း အစိမ်းရောင်လင်းလက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်က ရစ်ခွေသွားကာ ရေခဲမြူများကို တိတ်တဆိတ် ထွေးထုတ်သည်။ ထိုအခါ အနက်ရောင်မြူဝံပုလွေများကား သဲလွန်စမရှိ ပျောက်ကွယ်သွားရသည်။ ထို့နောက်တွင်မူ ထိုမြူသည် သခင်ကြီးကျိနစ်ယင်ထံ ချဉ်းကပ်လာချေသည်။ သခင်ကြီးကျိနစ်ယင်သည် နောက်ဆုံးတွင်တော့ အတန်ငယ် အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။ သူက သူ့ခန္ဓာကိုယ်ရှေ့သို့ အသာအယာ လက်ဝေ့ယမ်းလိုက်ရုံဖြင့် ဘန်းခနဲ မြည်သံနှင့်အတူ အနက်ရောင်အလင်းနံရံတစ်ခုကို မြေပြင်ထက်မှ ဆင့်ခေါ်ပြီး ဖြစ်သည်။ ထိုအလင်းနံရံက အဖြူရောင်မြူကို တားဆီး၏။
အဖြူရောင်မြူက သခင်ကြီးကျိနစ်ယင်၏ အာရုံကို အပြည့်အဝ သိမ်းပိုက်ထားတာ မြင်သည့်အခါ သက်လတ်ပိုင်းလူသည် လူထူးခြားမီးတောက်နီထံ အသံပို့လွှတ်သည်။
“အစ်ကိုမီးတောက်နီ…ခု လှုပ်ရှားတော့…”
“ ကောင်းပြီ…” မီးတောက်နီက ချက်ခြင်း တုန့်ပြန်သည်။
ခဏအကြာတွင် သက်လတ်ပိုင်းလူ၏ အော်သံ ထွက်ပေါ်လာပြီးနောက် တိမ်တိုက်နက်မှာ အလျင်အမြန် ဖောင်းကြွလျက် ကြမ်းတမ်းစွာ စတင်လိမ့်ကာ မိုးကြိုးခြိမ်းသံများကို ထုတ်လွှတ်လေသည်။ ၎င်းတိမ်တိုက်နက်အောက်ဘက်တွင်လည်း လျှပ်စီးတန်းတို့မှာ ပေါက်ကွဲဆူညံလျက်။
“မီးတောက်နီ…မင်း…” မီးတောက်နီသည် အလန့်တကြား အော်ဟစ်လိုက်သည်။ ထို့နောက်တွင်မူ မီတာတစ်ရာလောက်သည် တိမ်တိုက်နက်များဖြင့် ထွေးခြုံသွားလေသည်။
ထိုအခိုက်တွင် မီးတောက်နီသည် ထူးခြားသည့်လေသံဖြင့် ရယ်မောလေသည်။ တိမ်တိုက်နက်သည် အဖြူရောင်မြူထံမှ ရုတ်တရက် ထိုးထွက်ကာ စပါးအုံးမြေကို ဆုပ်ကိုင်ဖမ်းဆုပ်၍ ၎င်းကို လွင့်ပျောက်သွားစေပြီး ပုတီးစေ့အသွင် ပြန်ပြောင်းလဲစေသည်။ သို့ပေမည့် ၎င်းပုတီးစေ့မှာ အတောမသပ်လေသည်နှယ် တလက်လက် တဖြတ်ဖြတ် တောက်ပသည်။ ၎င်းက အလျော့မပေးဟန်ဖြင့် ဆုပ်ကိုင်ထားသော လက်ထဲမှ ရုန်းကန်နေခြင်းပင်။
တချိန်တည်းမှာ သက်လတ်ပိုင်းလူ၏ ဒေါသတကြီးအော်ဟစ်သံများကို မိုးကြိုးခြိမ်းသံများကြားထဲကနေ ကြားရသည်။
“မိစ္ဆာအိုကြီး…မီးတောက်နီ။ မင်းတို့ ခွေးကောင်တွေ အတူတူ ပူးပေါင်းထားတာပေါ့လေ…”
သူ၏အသံတွင် ခါးသီးမှု၊ မကျေနပ်မှု၊ ဒေါသတို့ ပြည့်လျှံလျက်။
“ဟားဟား…။ ဒါကတော့ မင်းက တုံးလွန်းတာကို။ အခုတော့ မီးတောက်နီနဲ့ပဲ မင်း ကစားလိုက်အုံး။ ကျုပ်က တခြားသူတွေကို ကျုပ်ရဲ့ တပည့်ခံမလား ကိစ္စကို အရင် ရှင်းလိုက်အုံးမယ်…”
မထူးခြားနားသော စကားများကို ပြောဆိုခြင်းနှင့်အတူ အနက်ရောင်လက်ကြီးသည် လွင့်ပါးသွားကာ သခင်ကြီးကျိနစ်ယင် ပေါ်လာသည်။
အနက်ရောင်တိမ်တိုက်နက်ကို တချက် ကြည့်ပြီးနောက်မှာ သူက သူ့လက်ထဲရှိ အမှောင်အေးစက်ပုတီးစေ့ထံ အကြည့်ရောက်သွားပြီး ပါးစပ်ဟကာ ၎င်းပေါ်သို့ အနက်ရောင်ချီတို့ကို ထွေးထုတ်သည်။ ပုတီးစေ့မှာ ၎င်း၏ တောက်ပမှု ချက်ခြင်း ဆုံးရှုံးကာ နက်မှောင်သွားလေသည်။
သခင်ကြီးကျိနစ်ယင်သည် ကျေနပ်သွားသည့်ပုံ ရသည်။ သူ့လက်ကို ဖြတ်ခနဲ ဆုပ်လိုက်ရာ ပုတီးစေ့မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ထိုအဖြစ်အပျက်က ကြာသည်ဟု ထင်ရသော်ငြားလည်း လူထူးခြားမီးတောက်နီ၏ ရုတ်တရက် သစ္စာဖောက်မှုနှင့် သခင်ကြီးကျိနစ်ယင်က ပုတီးစေ့ကို သိမ်းပိုက်လိုက်ခြင်းမှာ မျက်စိတမှိတ်အတွင်းသာ။ သို့သော်လည်း ထိုအဖြစ်သနစ်သည် တခြားသူများကို ပါးစပ်အဟောင်းသား ဖြစ်ကုန်စေသည်။
နတ်သမီးခရမ်းဝိညာဉ်မှာ မယုံကြည်နိုင် ဖြစ်နေသည်။
ကျင့်ကြံသူ အများစုကတော့ မည်သို့ဖြစ်ပျက်သွားတာကို ချက်ခြင်း သဘောပေါက်ကြသည်။ အပြန်အလှန် ကြည့်မိကြပြီးနောက်မှာ သူတို့သည် ပြင်းပြတေးသံဂိုဏ်း၏ သစ္စာဖောက်များကို သူတို့၏ မှော်လက်နက်များကို ချက်ခြင်း သိမ်းဆည်းကာ လူစုခွဲ၍ စကားတခွန်းမှ မဆိုလေဘဲ ပျံသန်းထွက်ပြေးလေတော့သည်။
သူတို့သည် ငတုံးများ မဟုတ်ပေ။ ခုလက်ရှိ အခြေအနေအောက်တွင် သူတို့က ကျိန်းသေပေါက် သေနိုင်ပြီကို သိကြသည်။ သူတို့က ဘက်ပေါင်းစုံသို့ လူခွဲကာ ထွက်ပြေး၍ သူတို့ကိုယ်သူတို့ ကံကြမ္မာက မျက်နှာသာပေးဖို့သာ မျှော်လင့်ရတော့သည်။ အမြန်ဆုံးသူများကတော့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသာ။ အံ့အားသင့်ဖို့ ကောင်းတာတစ်ခုကတော့ နတ်သမီးခရမ်းဝိညာဉ်၊ အမျိုးသမီးဖန်နှင့် ကျိုးယုထင်တို့ပင်။ သူတို့က အမည်မသိ လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုကာ ကျောက်ပြားမှော်ပစ္စည်းတစ်ခုကို အသုံးပြု၍ သူတို့ကိုယ်သူတို့ သုံးရောင်စုံအလင်းတန်းများအဖြစ်သို့ ပြောင်းလဲစေလိုက်ခြင်းပင်။ ထိုအခါ သူတို့၏ အမြန်နှုန်းမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထက် မနှေးတော့ပေ။
သူတို့ထဲ၌ အမြန်ဆုံးကတော့ ဟန်လိနှင့် ဝိညာဉ်သေတို့သာ။ လူထူးခြားမီးတောက်နီသည် သက်လတ်ပိုင်းလူကို သစ္စာဖောက်တာ မြင်သည်နှင့် ဟန်လိနှင့် ဝိညာဉ်သေတို့က သူတို့၏ မှော်ရတနာများကို ချက်ခြင်း ရုတ်သိမ်းပြီး အစိမ်းရောင်အလင်းတန်းနှင့် အဝါရောင်အလင်းတန်းတို့အဖြစ် ပြောင်းကာ စကားတခွန်းမှ မဆိုလေဘဲ အဝေးသို့ ထွက်ပြေးနှင့်ပြီး ဖြစ်လေသည်။ တခြားကျင့်ကြံသူများက စထွက်ပြေးလာစဉ် ဟန်လိတို့ကတော့ မီတာတစ်ရာကျော်သို့ ရောက်နှင့်နေပြီ။ သို့သော် သူက နောက်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့အား အံ့အားသင့်၊ ပျော်ရွှင်သွားစေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရချေသည်။
လျှို့ဝှက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများသည် ထွက်မပြေးရုံသာမက သက်လတ်ပိုင်းလူနှင့်အတူ ပေါ်လာခဲ့သော လေးယောက်တို့က အတူတူ ပူးပေါင်း၍ မီးတောက်နီနှင့် သခင်ကြီးကျိနစ်ယင်တို့ကို ထိုးနှက်တိုက်ခိုက်နေခြင်းပင်။ သူတို့ကား သူတို့၏ အသက်များကိုပင် ပဓာန မထားလေဘဲ အသည်းအသန် ထိုးနှက်တိုက်ခိုက်နေခြင်းပင်။ ထိုအခါ သခင်ကြီးကျိနစ်ယင်နှင့် မီးတောက်နီတို့သည် အလုပ်ရှုပ်သွားတော့သည်။
“ကောင်းတယ်…ကောင်းတယ်။ ဒီလူတွေက မင်းရဲ့ မိစ္ဆာအမြုတေတစ္ဆေတွေ ဖြစ်နေလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး…”
ထိုတိုက်ခိုက်မှုများသည် သခင်ကြီးကျိနစ်ယင်ကို အတော်လေး ဒေါသထွက်သွားစေသည်။ သူက ဒေသတကြီး အော်ဟစ်၏။ ရုတ်တရက် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထဲမှ တစ်ယောက်သည် စူးရှသော အော်ငြီးသံတစ်ခု ထုတ်ဖော်သည်။ ယင်းနောက် သူသည် ကြမ်းတမ်းရုန့်ရင်းသော အနက်ရောင်မီးအဖြစ်သို့ သိပ်သည်းခံရပြီး ပြာဖြစ်သွားလေသည်။
ဟန်လိမှာ စိတ်ထဲ၌ တုန်လှုပ်သွားသည်။ သူ ဆက်ကြည့်မနေဝံ့တော့ပေ။ ထိုအစား ထွက်ပြေးနိုင်ဖို့ သူ့အစိမ်းရောင်တောက်ပခြင်းဓားမြှောင်ပေါ်တွင်သာ အာရုံအပြည့်စိုက်သည်။
သို့သော် သူသည် ဝိညာဉ်သေထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
မိစ္ဆာအမြုတေ၊ မိစ္ဆာတစ္ဆေတွေ ဟူသော စကားများကို ကြားရသည့်နောက်မှာတော့ ဟန်လိစိတ်ထဲ ဖြစ်ခဲ့သော သံသယများသည် နောက်ဆုံးတွင် ရှင်းလင်းသွားတော့သည်။
သူသည် အစတည်းက ဝူချောင်၏ မဟာလေးနက်ယင်ပညာရပ်သည် သူ အင်ပါယာယွဲ့ထံမှ ရခဲ့သော ကျောက်စိမ်းပြားထဲမှ လေးနက်ယင်ကျမ်းစာနှင့် ပတ်သတ်မှု တချို့ ရှိနေနိုင်ကြောင်း သံသယရှိခဲ့တာ ဖြစ်သည်။ အခု သူ၏ ထင်မြင်ချက်သံသယများသည် သေချာသွားခဲ့လေပြီ။
ထိုပညာရပ်နှစ်ခုသည် ကောင်းကင်တောင်ပိုင်းဒေသနှင့် ပြန့်ကြဲကြယ်ပင်လယ်များတွင် တည်ရှိကြသောကြောင့် ယင်းတို့သည် သူ အသုံးပြုခဲ့သော ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကြောင့် တည်နေရာရွှေ့ပြောင်းခံရတာဟု မှတ်ယူထားလိုက်သည်။
ခုချိန်၌ ထိုသို့ တွေးမိပြီး ဟန်လိသည် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဘေးရှိ သက်တံအရိုးစုအပေါ် မေးခွန်းတစ်ခု ထုတ်မိတော့သည်။
အစောပိုင်းတုန်းက တိုက်ကြခိုက်ကြတုန်းက မီးတောက်နီသည် တိုက်ပွဲအတွင်း သစ္စာဖောက်မှုက သူ လုံးဝ မမျှော်လင့်ထားသည့်အရာပင်။ အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်လာပြီးနောက်မှာ ပထမဆုံး တိုက်ခိုက်ခဲ့ရသော သည်တိုက်ပွဲက အလွန်ခက်ခဲခြင်းများနှင့် ကြုံခဲ့ရသည်။ ဟန်လိအဖို့ အရင်တုန်းက အခြေခံတည်ဆောက်ခြင်းအဆင့်မှာတုန်းက ကဲ့သို့ပင် ထွက်ပြေးရုံကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
စိတ်ထဲ၌ ခါးသီးစွာ ခံစားမိနေရင်း ဟန်လိသည် သုန်မှုန်နေတော့သည်။ သို့သော် ခုလက်ရှိ အခြေအနေမှာ သူ ငါးကြင်းသားပေါက်သားရဲကို သတ်ခဲ့ချိန်တုန်းကနှင့် အတော်လေး ဆင်တူနေသည်။ ဘက်နှစ်ဖက်ကြား အနီးကပ်တိုက်ပွဲ ဖြစ်သင့်ခဲ့သည်။ သို့ပေမည့် သစ္စာဖောက်များ ပေါ်လာခဲ့ကာ သူတို့၏ အရင်မဟာမိတ်များကို သတ်လားဖြတ်လားဖြင့် အဆုံးသပ်ခဲ့ပေသည်။
စိတ်ထဲ၌ ထိုသို့တွေးမိပြီး ဟန်လိသည် မကောင်းဆိုးဝါး တစ္ဆေဦးခေါင်းတစ်ခု ရေးထွင်းထားသော တံဆိပ်ပြားအကြောင်းကိုလည်း ပြန်စဉ်းစားမိသည်။ အရာအားလုံးသည် ၎င်းနှင့် ဆက်စပ်နေလိမ့်မည်ဟု သူ ခံစားမိသည်။ ထိုအတွေးများက ဟန်လိ၏ စိတ်ထဲ၌ ပေါ်လာစဉ် သူ့နောက်မှာ ဆိုးဝါးစွာ အော်သံနှစ်သံကြောင့် သူ့အတွေးများမှာ ပြတ်တောက်သွား၏။ သူ့စိတ်နှလုံးလည်း တင်းကြပ်သွားသည်။
ခုလက်ရှိတွင် သခင်ကြီးကျိနစ်ယင်၏ မော်ကြွားမှုကြောင့် တခြား အစီအစဉ်များ ကြိုတင် ချမှတ်မထားဖို့ ဟန်လိသည် မျှော်လင့်မိသည်။ သို့မှသာ သူသည် လွတ်မြောက်နိုင်ပေလိမ့်မည်။