ပုံသွင်းခြင်း
Vol. 30 Ch. 414
ဟန်လိက မျက်လုံးများ မှေးစင်း၍ သူ့လက်ချောင်းများကို လှုပ်ခါပြီး ထိုစိတ်ဝိညာဉ်အမျှင်တန်းဆယ်ခုကို ဖြတ်တောက်သည်။ ထို့နောက်တွင် သူ၏ သိုလှောင်အိတ်ကို ပုတ်၏။ အဖြူရောင်အလင်းတန်းဆယ့်နှစ်ခုသည် ပျံသန်းထွက်လာပြီး မြောလွင့်နေသော အစိမ်းရောင်အရည်လုံးများ၏ အောက်တွင် ရပ်တန့်သည်။
ထိုအဖြူရောင်အလင်းများ လွင့်ပါးသွားချိန်တွင် သေတ္တာငယ်ဆယ့်နှစ်ခု လှစ်ဟပေါ်လာသည်။ ထိုသေတ္တာတို့သည် လက်မအနည်းငယ်လောက် အရွယ်အစား ရှိပြီး အဖြူရောင်ကျောက်စိမ်းဖြင့် ထွင်းထုထားခြင်းပင်။ ဟန်လိက အင်္ကျီလက်အိုးကို ဝေ့ယမ်း၍ သည်ကျောက်စိမ်းသေတ္တာများကို ဖွင့်ဟသည်။ ထို့နောက်တွင်မူ သူက ‘ကျစေ’ ဟု ရေရွတ်သည်။ အစိမ်းရောင်အရည်လုံးများသည် ဆိုင်ရာ သေတ္တာငယ်များထဲသို့ ကျရောက်သွားလေသည်။
ထိုသို့ ပြုလုပ်ပြီးမှသာ ဟန်လိသည် နောက်ဆုံး၌ စိတ်အေးနိုင်တော့သည်။ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများ၏ အကူအညီဖြင့်ပင် သူ၏ မှော်စွမ်းအားသည် သန့်စင်မွန်းမံနေခြင်းကြောင့် လုံးဝ ကုန်ခမ်းလို့နေပေပြီ။
သည့်နောက်မှာ ဟန်လိသည် လေးငါးရက်လောက် ချီပြန်ကျင့်ကြံနေပြီးမှ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်သည်။ ထို့နောက်တွင် သူက တခြားသော ကောင်းကင်လျှပ်စီးဝါးပိုင်းများကို ဆက်လက်၍ သန့်စင်သည်။
မျက်စိတမှိတ်အတွင်း သုံးလတာ ကုန်လွန်သွားခဲ့လေပြီ။ ဟန်လိသည် နောက်ဆုံးတွင်တော့ သူ၏ ကောင်းကင်လျှပ်စီးဝါးအားလုံးကို အလွန်တရာ သန့်စင်သော အရည်အဖြစ် သန့်စင်နိုင်ခဲ့ပါပြီ။ ခဏတဖြုတ် အနားယူပြီးနောက်မှာ သူက သူ၏ လျှို့ဝှက်ခန်းထဲတွင် အလွန်အမင်း ရှုပ်ထွေးသော အစီအရင်မန္တာန်တစ်ခုကို နေရာစချသည်။
သူသည် ထိုမှော်အစီအရင်၏ အမည်ကို မသိနေပေ။ ၎င်းပညာရပ်က ဝါးတိမ်အုပ်ဓား ရတနာအတွက် သန့်စင်ရာတွင် လိုအပ်သည်ဟုသာ သူ သိထားသည်။ ရွှေရောင်စာအုပ်တွင် ဖော်ပြထားသော ထိုသန့်စင်ခြင်း နည်းလမ်းကို ထပ်တလဲလဲ ဖော်ပြထားပေသည်။
သို့ဖြစ်၍ ဟန်လိသည် ၎င်းအစီအရင်နှင့် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော်ငြားလည်း အစီအရင်မန္တာန်ကို အလွန်ဂရုစိုက်၍ ချခင်းနေခြင်းပင်။ တကယ်တော့ အစီအရင်ရှိ သင်္ကေတများတွင် တစ်ခုတလေ မှားသွားခဲ့လျှင်ပင် သန့်စင်ခြင်း ဖြစ်စဉ်အတွင်း အနှောက်အယှက်များစွာ ဖြစ်သွားစေနိုင်သည်။
ထိုအစီအရင်ကို အပြီးသပ်သည့်အထိ ချခင်းဖို့အတွက် ဟန်လိသည် လဝက်လောက် အချိန်ယူလိုက်ရသည်။ ၎င်းပတ်ပတ်လည်တွင် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး လေးငါးတုံး နေရာချထားပြီး သူ မျှော်လင့်ထားသည့်အတိုင်း ၎င်းက လုပ်ဆောင်မှု ရှိသည်ဟု ခံစားမိသည့်အခါကျမျှ ဟန်လိသည် နောက်ဆုံး၌ စိတ်အေးနိုင်တော့သည်။
ဟန်လိသည် သူ၏ မှော်ရတနာ သန့်စင်ခြင်းကို ချက်ခြင်းလက်ငင်း မစတင်သေးပေ။ ထိုအစား သူက အချိန်တခုကြာ သူ၏ လျှို့ဝှက်ခန်းထဲကနေ ထွက်နေဖို့ ဆုံးဖြတ်သည်။ သူ၏ အမြုတေမီးတောက်ကို နှစ်ဝက်လောက် အဆက်မပြတ် အသုံးပြုနေရခြင်းကြောင့် သူသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လျှင်ပင် ၎င်းအမြုတေမီးတောက်ကို ဆက်လက်ပြီး အသုံးပြုဖို့မှာ အလွန်ခက်ခဲနေပြီမှန်း သူ တွေ့ရှိရသည်။
သူက သူ၏ မှော်ရတနာကို မသန့်စင်ခင်တွင် အချိန်တခု ခြားထားရပေမည်။ မှော်ရတနာကို သန့်စင်ခြင်းသည် အရေးကြီးဆုံး အခိုက်အတန့် မဟုတ်လော။ ဟန်လိသည် အခန်းထဲကနေ ထွက်လာပြီးနောက်မှာ အတော်လေး ကျေနပ်အားရမှု ဖြစ်စရာ တစ်ခုနှင့် ကြုံရလေသည်။
သက်တံမြက်များကို ကျွေးမွေးနေခြင်းဖြင့် ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် တစ်ကောက်နှင့်တစ်ကောင် စတင်၍ ဝါးမြိုကြပြန်သည်။ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် အရေအတွက်အားဖြင့် သောင်းဂဏန်းလောက်ထိကို ရောက်လာခဲ့ချိန်မှစ၍ ၎င်းတို့သည် နောက်ထပ် မျိုးဥများ ချဖို့ ခက်လာသည်။ သက်တံမြက်များ အသုံးပြုခြင်းဖြင့် ၎င်းတို့ကို ရှေ့ဆက် ဆင့်ကဲတိုးတက်ဖို့မှာ ခက်ခဲလာခဲ့ပေပြီ။ သည့်အပြင် သူသည် ပြီးခဲ့သော နှစ်များတည်းက အစိမ်းရောင်အရည် အများစုကို ကောင်းကင်လျှပ်စီးဝါးကို သက်တမ်းရင့်လာရန်အတွက်သာ အသုံးပြုခဲ့ရပေသည်။ သို့ဖြစ်၍ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် အပြောင်းအလဲ ဖြစ်လာဖို့ သိပ်မရှိပေ။
သို့သော် ကောင်းကင်လျှပ်စီးဝါးကို သက်တမ်းရင့်မှည့်စေပြီးနောက်မှာတော့ ဟန်လိသည် ဝိညာဉ်သေကို ထိုပိုးတောင်မာများအပေါ် အစာကျွေးခြင်းကို အာရုံစိုက်စေခဲ့သည်။ တကယ်တော့ ဟန်လိသည် ထိုထူးကဲသော အင်းဆက်များအပေါ် အများကြီး မျှော်လင့်ထားပေ၏။
ဝိညာဉ်သေက ဟန်လိကို လာခေါ်သည့်အခါ သူက ချက်ခြင်းပင် အင်းဆက်အခန်းထံ ဦးတည်လာခဲ့သည်။ အသက်ရှင်သန်လျက် ကျန်ရစ်ခဲ့သော ရွှေပိုးတောင်မာများ၏ ကြေးခံတဝက်ကျော်မှာ ရွှေရောင်အစက်အပြောက်များစွာဖြင့် ခြုံလွှမ်းနေခဲ့လေပြီ။
ရွှေပိုးတောင်မာများ၏ နောက်ထပ်မျိုးဆက်သည် ရွှေအစက်အပြောက်များစွာ ပို၍ စုဝေးနေလိမ့်မည်ဟု ဟန်လိက မှတ်ယူထားသည်။ သို့သော် သူက ထိုပိုးတောင်မာများကို အချိန်အတော်ကြာ ကြည့်နေပြီးနောက်မှာ သူ၏ ပျော်ရွှင်နေသော ဟန်အမူအရာမှာ ပျောက်ကွယ်ကာ မျက်မှောင်ကြုတ်သွားသည်။ သည်နှုန်းဖြင့်ဆို ရွှေဝါးမြိုခြင်း ပိုးတောင်မာများသည် ရွှေရောင်လုံးဝ အတိပြီးသည့်အထိ ဖွံ့ဖြိုးဖို့ မဖြစ်နိုင်ချေ များသည်။
ဆင့်ကဲတိုးတက်ပြီးတိုင်း ၎င်းတို့၏ အရေအတွက်သည် သုံးလေဆလောက် တိုးတက်လေ့ ရှိသည်။ သို့ဖြစ်၍ ၎င်းတို့၏ နောက်ထပ်ဆင့်ကဲတိုးတက်ဖို့အတွက် သက်တံမြက် အရေအတွက်သည် လောက်ငှပါ့မည်လား။ သူ၏ အစိမ်းရောင်အရည်သည် သက်တံမြက်မြောက်များစွာကိုသာ သက်တမ်းရင့်မှည့်စေနိုင်သော်ငြားလည်း ရွှေဝါးမြိုခြင်း ပိုးတောင်မာများ တပြိုင်နက်တည်း ဆင့်ကဲတိုးတက်လျှင်တော့ လောက်ငှဖို့ မဖြစ်နိုင်တော့ပေ။ သို့ဖြစ်၍ ရွှေဝါးမြိုခြင်း ပိုးတောင်မာများ နောက်ထပ် ဖွံ့ဖြိုးဖို့မှာ မည်မျှကြာမြင့်အောင် အချိန်ယူရမည်မှန်း မသိနိုင်တော့ချေ။
ဟန်လိသည် အင်းဆက်ခန်း၏ အပြင်ဘက်တွင် ရပ်နေရင်း အတွေးထဲ နစ်မြောနေသည်။
ကြည့်ရတာ သူသည် ၎င်းပိုးတောင်မာများထဲ တစိတ်အပိုင်းပေါ်တွင်သာ အာရုံစိုက်၍ ပျိုးထောင်ရတော့မည့် ပုံပင်။ မဟုတ်ပါက သူသည် ရွှေရောင်အပြည့်အဝကြေးခွံများဖြင့် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို မြင်ရဖို့ အခွင့်အရေး ရချင်မှ ရပေတော့မည်။ ထိုအတွေးဖြင့် ဟန်လိသည် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ချသည်။
သို့ရာတွင် ဤသည်ကို ရွှေဝါးမြိုခြင်းပိုးတောင်မာများက ၎င်းတို့၏ မျိုးဥများကို ချပြီးမှသာ လုပ်ဆောင်မည် ဖြစ်သည်။ အခုတော့ သည်ကိစ္စကို ခဏ ဘေးဖယ်ထားဖို့သာ ရှိသည်။ အရင်ဦးဆုံး သူ၏ မှော်ရတနာ သန့်စင်ခြင်းတွင်သာ အာရုံစူးနစ်ထားရမည်။
ထို့နောက်တွင်တော့ ဟန်လိသည် တလလုံး အနားယူပြီးမှ ဆက်၍ လုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်သည်။ အရင်ဆုံး သူက သူ့အိပ်ယာပေါ်တွင် အမွှေးတိုင်တစ်တိုင်ကို ထွန်းသည်။ နှစ်ရက်လုံး ဆုတောင်းထောပနာ ပြုနေပြီး သူ့စိတ်နှလုံးကို ငြိမ်းအေးစေသည်။ ယင်းနောက် သူက လျှို့ဝှက်ခန်းသို့ ပြန်လာပြီး အစီအရင်မန္တာန်၏ ဗဟိုချက်တည့်တည့်တွင် ရပ်သည်။
အလေးအနက်အသွင်ဖြင့် သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ သန့်စင်ထားသော ကောင်းကင်လျှပ်စီးဝါးသေတ္တာများကို ထိုမှော်အစီအရင်ထဲသို့ နေရာတကျ ချသည်။
၎င်းသေတ္တာများ၏ အဖုံးများက ပွင့်ဟကာ လိုအပ်သော အထောက်အပံ့သတ္တုအမယ်များ ပေါ်လာသည်။ ၎င်းတို့ကို တချက်ကြည့်ပြီးနောက်မှာ သူက အသက်ဝဝရှိုက်သွင်း၍ တင်ပလွေချိတ်ကာ ထိုင်ပြီး မျက်လုံး ဖြည်းဖြည်းချင်း မှိတ်ကာ ကျင့်ကြံသော အခြေအနေသို့ ဝင်ရောက်သည်။
ဆယ့်ငါးမီနစ်လောက် ကြာပြီးနောက်မှာ ဟန်လိက မျက်လုံး ပြန်ဖွင့်လာသည်။ သူ၏ ခန္ဓာကိုယ်ကို မိုးပြာအလင်းမြူက ခြုံလွှမ်းထားသည်။ ထိုမြူများ ပေါ်လာသည်နှင့် အစီအရင်တွင်း၌ နှစ်မြုပ်ထားသော စိတ်ဝိညာဉ်ကျောက်တုံးများက လင်းထင်းစွာ စတင် တောက်ပလာကာ တိုးတိုးလျလျ အသံတစ်ခုကို ထုတ်လွှတ်လေသည်။
ဟန်လိ၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဆက်ရှိနေသော်လည်း သူ့လက်ချောင်းများကမူ လျင်မြန်သွက်လက်စွာ လှုပ်ရှားကာ သေတ္တာထဲမှ ကောင်းကင်လျှပ်စီးဝါး အရည်လုံးများကို ဆွဲယူသည်။
ထို့နောက်တွင်တော့ အစီအရင်တွင်းမှ အလင်းတိုင်လုံးများသည် ထိုးထွက်ကာ ထိုအရည်လုံးများကို ခြုံလွှမ်း၍ ၎င်းတို့၏ လှုပ်ရှားမှုများကို လုံးဝ ကန့်သတ်ပစ်သည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိက မျက်လုံး ပြန်မှိတ်သည်။ သူ့စိတ်ဝိညာဉ်အာရုံကို တည်ငြိမ်စွာ ထုတ်လွှတ်၍ သူ၏ ထိန်းချုပ်မှုအောက်မှာ အလင်းတိုင်လုံးများကို ယူဆောင်သည်။ အလင်းတိုင်လုံးများမှာ ရုတ်တရက် အသက်ဝင်လာပုံ ရကာ အရောင်များ အဆက်မပြတ် ပြောင်းလဲလေသည်။ ထိုထူးဆန်းသော မြင်ကွင်းက အလင်းတိုင်လုံးများ တဖြည်းဖြည်း တွဲစပ်သည့်အထိ ဆက်၍ ဖြစ်လာလေသည်။
နောက်ဆုံးသော အရောင်ပြောင်းလဲမှု ဖြစ်ပွားပြီးသည့်နောက်တွင်မူ အလင်းတိုင်လုံးအားလုံးသည် နီရဲရဲ အရောင်တောက်ပကာ အားကောင်းလာပြီး ၎င်းတို့အတွင်းရှိ အစိမ်းရောင်အရည်နှင့် ယှဉ်တွဲ၏။
ဟန်လိက ပါးစပ်ဟကာ အလင်းတိုင်လုံးများထဲမှ တစ်ခုထံသို့ အစိမ်းရင့်ရောင် အမြုတေမီးတောက်အမျှင်တန်းတစ်ခုကို ထွေးထုတ်သည်။ ဝှစ်။ အလင်းတိုင်လုံးမှာ လောင်ကျွမ်းခံရသည်။ ၎င်းသည် ချက်ခြင်းပင် မီးတောက်တိုင်လုံးတစ်ခု ဖြစ်လာသည်။
ဟန်လိသည် နှေးဖင့်ခြင်းမရှိဘဲ အမြုတေမီးတောက်ကို ဆက်၍ ထုတ်လွှတ်ကာ အလင်းတိုင်လုံးအားလုံး မီးဖြင့် တိုက်သည်။ ရလဒ်ကတော့ ခုနစ်ဆယ့်နှစ်မီတာ မြင့်သော မီးတောက်တိုင်လုံးများသည် အခန်းထဲတွင် ပြည့်နှက်နေတော့သည်။ အခန်းတစ်ခုလုံးမှာ အနီရောင်လင်းထင်းနေသည်။ ဟန်လိသည် သက်ပြင်းချ၏။
ထိုမီးတောက်များ၏ စွမ်းအားချင်း ယှဉ်လျှင် အမြုတေမီးတောက်တစ်ခုသည် သည်မီးတောက်တိုင်လုံးများထက် အဆများစွာ ပိုအားကောင်းသည်။ ကံဆိုးသည်မှာ ပိုအားကောင်းသော မီးတောက်များသည် ဓားသန့်စင်ခြင်းတွင် နည်းနည်းလေးမျှ ပိုကောင်းမွန်ခြင်း မရှိတာ ဖြစ်၏။ ကြည့်ရတာ ဟန်လိအဖို့ သူ၏ မူလချီကို ယာယီအထိခိုက်ခံကာ သူ့အမြုတေ၏ ခွန်အားများကို ညှစ်ထုတ်ဖို့ကလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ပေ။
ထိုအတွေးဖြင့် ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံနှင့် အစီအရင်၏ စွမ်းအားတို့ကို အသုံးပြုကာ မီးတောက်တိုင်လုံးများအတွင်းရှိ အစိမ်းရောင်အရည်ကို လွှမ်းမိုးစေပြီး ၎င်းအား ဖြည်းဖြည်းချင်း ပြောင်းလဲစေသည်။ မီးတောက်များ၏ ဝန်းဝိုင်းသော အသွင်များမှာ ဆက်၍ မရှိလေတော့၊ ၎င်းတို့က ပိုပိုပါးလှပ်လာသည်။ ယင်းနောက်မှာ ထိုမီးတောက်များသည် ဓားတစ်ခု၏ စဦးအမြုတေတစ်ခု ဖြစ်လာခဲ့ကာ ငါးလက်မစီ ရှည်လျားသည်။
ဤဖြစ်စဉ်ကို ပြောရတာ လွယ်၏။ မြန်၏။ အမှန်တကယ်တွင်မူ ဟန်လိသည် မီးတောက်တိုင်လုံးများအတွင်းရှိ တလက်လက် တောက်ပနေသော အစိမ်းရောင်အရည်ကို ဓားများ အသွင် ပုံစံဖော်ဖို့ တနေ့လုံး ထိန်းချုပ်နေရပေသည်။
ဟန်လိသည် မှုန်တေစွာ အသက်ရှုထုတ်လိုက်ပြီး အာရုံစူးနစ်ထားမှုကို ဖြေလျှော့လိုက်တော့သည်။ ခဏအကြာ သူ့ခေါင်းထဲ၌ အနည်းငယ် နာကျင်မှု ခံစားရသည်။ သူသည် ခါးသီးစွာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရလေ၏။ ဟန်လိကဲ့သို့ အားကောင်းလှသော စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားသူသည်ပင် သည်ဓားခုနစ်လက်ကို ပုံသွင်းနိုင်ရန် ထိန်းချုပ်ထားနိုင်ခဲ့ရုံမျှသာ။
ထိုပုံသွင်းသည့် အဆင့်သည် ပြီးခါနီးပြီ ဖြစ်သော်ငြားလည်း ဟန်လိသည် စိတ်မအေးဝံ့သေးပေ။
သူက သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးကာ မီးတောက်တိုင်လုံးများအား လေးငါးကြိမ်လောက် လင်းဖြာတောက်ပသွားစေသည်။ ယင်းနောက်မှာတော့ ၎င်းမီးတောက်တိုင်လုံးများသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး အစိမ်းရောင်ဓားငယ်များသည် လေထဲတွင် မြောလွင့်ကျန်ခဲ့လေသည်။ ဟန်လိက သူ့လက်များကို လှုပ်ရှားသည်။ ၎င်းဓားငယ်များသည် သူ့ထံ ဖြည်းဖြည်းချင်း ပျံသန်းလာပြီး သူ့အား စက်ဝန်းအသွင် လှည့်ပတ်သည်။
အနီးအနားတွင် ထိုဓားခုနစ်ဆယ့်နှစ်လက် ရှိနေတာ မြင်သည့်အခါ ဟန်လိသည် သူ့လျှာထိပ်ကို ရုတ်တရက် ကိုက်၍ သွေးအနှစ်သာရကို ထွေးထုတ်ပြီး ကြက်ဥလောက် အရွယ်အစား ရှိသည့် သွေးလုံးတစ်လုံးအဖြစ် သိပ်သည်းစေသည်။ ဟန်လိက ထိုသွေးစက်များကို ဓားများပေါ်သို့ ကျရောက်စေသည်။
သွေးအနှစ်သာရ သွေးစက်များသည် ဓားများနှင့် ထိသည့်အခါ ၎င်းတို့သည် ဓားများအတွင်း လျင်မြန်စွာ ပျော်ဝင်၍ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ထိုသို့ ပြုလုပ်ပြီးနောက်မှာ ဟန်လိသည် ကြေမ်းပြင်ပေါ်သို့ ငွေရောင်အမှုန့်များ ထည့်ထားသော သေတ္တာတစ်ခုကို ပစ်ချသည်။ ထိုငွေရောင်အမှုန့်များသည် ဓားများကြား၌ ပြန့်ကြဲကာ ယင်းဓားများကို ငွေရောင်တောက်ပစေသည်။
ယင်းနောက် ဟန်လိက အနက်ရောင်အမှုန့်များ ထည့်ထားသော သေတ္တာတစ်ခုကိုလည်း ထိုနည်းအတိုင်း ပြုလုပ်သည်။ ဟန်လိသည် သန့်စင်ရာတွင် ညွှန်ကြားချက်များအတိုင်း ဓားခုနစ်ဆယ့်နှစ်လက် အမြုတေများထံ အထောက်အပံ့ သတ္တုအမယ်များကို ထပ်ပေါင်းသည်။ ယင်းနောက်မှာ ဓားများကို မီးတောက်တိုင်လုံးများက ထပ်မံ ခြုံလွှမ်းသွားပြီး ၎င်းတို့အား နောက်ထပ် သန့်စင်မွန်းမံ ပြန်သည်။
သည်တစ်ကြိမ်တွင် ဟန်လိသည် တပြိုင်နက်တည်း ဓားအားလုံးကို သန့်စင်ရန် မလိုတော့ပေ။ ထို့နောက်တွင် ရွှေရောင်စာအုပ်တွင် ဖော်ပြထာသည့်အတိုင်း ဟန်လိသည်
သူ့စိတ်ဝိညာဉ်အာရုံဖြင့် ဓားအားလုံးအပေါ်သို့ အစီအရင်မန္တာန်တစ်ခုအား ရွှေရောင်စာအုပ်တွင် ဖောပြထားသည့်အတိုင်း ပြုလုပ်ပေသည်။