← Chapters

ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ခွန်အား

Vol. 30 Ch. 420

ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ခွန်အား

Vol. 30 Ch. 420

ဟန်လိသည် လူသားအရိုးခေါင်များကို မြင်သည့်အခါ၌ မင်သက်သွားသလို မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းထဲမှ တစ္ဆေဝိညာဉ်ဂိုဏ်းအကြောင်းကို ပြန်အမှတ်ရသွားမိသည်။ တစ္ဆေဝိညာဉ်ဂိုဏ်းတပည့်များသည် တိုက်ခိုက်ရာတွင် လူသားအရိုးခေါင်းအသွင် မှော်ပစ္စည်းများကို အသုံးပြုကြသည်။ သို့သော် ယင်းတို့မှာ တုပထားသော ပစ္စည်းများလောက်သာ။

ဟန်လိသည် လူထူးခြား၏ လူသားအရိုးခေါင်းနှစ်ခုထဲမှ တစ်ခုသည် ထိပ်တိုက်တွေ့ချိန်တွင် ပို၍ပင် တုန်လှုပ်သွားရတော့သည်။

ကျင့်ကြံသူကျန်းသည် ကျယ်လောင်စွာ အော်ဟစ်၍ သူ့အလံများထံ လက်ညွှန်သည်။ သိပ်သည်းလှသော အနက်ရောင်အမျှင်တန်းများစွာသည် ထိုးထွက်လာသည်။ ထို့နောက်တွင်မူ ၎င်းတို့သည် ယှက်လိမ်ကာ ပိုက်ကွန်ကြီးတစ်ခုအသွင် ဖွဲ့စည်း၍ တိုးဝင်လာသော လူသားအရိုးခေါင်းထံ တရကြမ်း ဝင်ရောက်သည်။

ထိုအမျှင်တန်းများက ရှုပ်ယှက်ခတ်နေကာ အနက်ရောင်ချီ ခပ်ဖျော့ဖျော့ကိုလည်း သယ်ဆောင်ထားသည်။ ၎င်းတို့မှာ သာမန်မဟုတ်တာ ထင်ရှားသည်။

ထိုအနက်ရောင်အမျှင်တန်းများကို မြင်သည့်အခါ အရိုးခေါင်း၏ မျက်လုံးအိမ်သည် အနီရောင် ဖြတ်ခနဲ လင်းလက်ကာ ပြန်ပိတ်သည်။ ယင်းနောက် ပြန်ဖွင့်သည်။ ထို့နောက်တွင်မူ အစိမ်းရင့်ရောင်မီးအမျှင်တန်းများစွာသည် ၎င်း၏ ပါးစပ်ကနေ ထိုးထွက်လာသည်။

ထိတွေသည်နှင့် မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများသည် ချက်ခြင်းပင် လောင်ကျွမ်းခံရချေသည်။ ၎င်းတို့သည် မိုးပြာမီးခိုးငွေ့များအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားသည်။

ထိုအဖြစ်ကြောင့် ကျင့်ကြံသူကျန်းမှာ အကြီးအကဲ ဖြူရော်သွားပြီး နောက်ထပ် မန္တာန်ချိပ်ဟန်တစ်ခုကို ခပ်သွက်သွက် ဖန်တီးသည်။ သူသည် အနက်ရောင်အလံများ၏ နောက်ထပ် နတ်စွမ်းရည်ကို အသက်သွင်းချင်နေပုံ ရသည်။

ထိုအနက်ရောင်အရိုးခေါင်များသည် ရထားလုံးအရွယ်လောက်ထိ ဖောင်းကားလာပြီးနောက် အသက်တရှိုက်စာအတွင်း အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာသည်။ ထို့နောက်တွင်မူ အလံနက်သုံးခုသည် ထိုအလင်း၏ ခြုံလွှမ်ခြင်းကို ခံရကာ အရိုးခေါင်း၏ ပါးစပ်ထဲသို့ ဆွဲသွင်းခြင်း ခံရသည်။ ယင်းနောက်မှာ အရိုးခေါင်းကာ အားဖြင့် ကြိတ်ဝါး၏။ အက်သံပေါက်ကွဲသံတချို့ ကြားရပြီးနောက် အလံများသည် လုံးဝ တစစီ ဖြစ်သွားတော့သည်။ တချိန်တည်းမှာ ကျင့်ကြံသူကျန်း၏ မျက်နှာသည် သေလောက်အောင် ဖြူရော်သွားတော့သည်။ သူနှင့် အလံနက်များကြားရှိ ချိတ်ဆက်မှုမှာလည်း ပြတ်တောက်သွားပြီဟု ခံစားလိုက်ရ၏။

“နတ်ဆိုးကောင်…မင်းက ကျုပ်ရဲ့ ရတနာတွေကို ဖျက်စီးဝံ့တယ်လား…”

ကျင့်ကြံသူကျန်းက ဒေါသတကြီးဖြင့် ထအော်သည်။ သို့သော် သူ့မျက်လုံးထဲတွင်မူ ကြောက်လန့်မှု အရိပ်အယောင် ရှိနေလေပြီ။

တခြားသူများက သတိမထားမိကြသော်လည်း ထိုအနက်ရောင်အလံသုံးခုသည် ရှေးမှော်ရတနာများဖြစ်ကြောင်းကို သူကိုယ်တိုင်ကတော့ ကောင်းကောင်း သိထားပေသည်။ ၎င်းသည် ရန်သူများစွာနှင့် အရင်တုန်းက ရင်ဆိုင်ခဲ့ဖူးပြီး ဖြစ်သည်။ သို့သော် ခုချိန်တွင်မူ ၎င်းသည် မထင်မှတ်စွာဖြင့် အရိုးခေါင်း၏ ပါးစပ်ထဲတွင် အဆုံးသပ်သွားခဲ့ရပြီ။ တချိန်တည်းမှာ ဟုယွဲ့၏ မိုးကြိုးလျှပ်စီးမှာလည်း တခြားအရိုးခေါင်းတစ်ခုထဲ ဆွဲသွင်းခံရကာ ၎င်း၏ သက်ရောက်မှု လုံးဝ ဆုံးရှုံးသည်။

ဟုယွဲ့နှင့် ကျင့်ကြံသူကျန်းတို့က တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်မိပြီး နောက်ဆုတ်ချင်စိတ်များ ဖြစ်ပေါ်ကုန်သည်။ ဤသည်မှာ ဟန်လိကို ထိတ်လန့်အံ့အားသင့်စေသည်။ အခုအခါ၌ လူထူးခြားသည် သူတို့ ကျင့်ကြံသူအုပ်စုကို အဘယ်ကြောင့် တိုက်ခိုက်ဝံ့သလဲကို သူ သဘောပေါက်နေလေပြီ။ ထိုသူ့တွင် မှော်ရတနာများစွာကို ပိုင်ဆိုင်ထားရုံသာမက တစ်ခုချင်းစီမှာလည်း သိသာထင်ရှားသော စွမ်းရည်များ ရှိသည်။

ဟန်လိသည် သူ လပေါင်းများစွာ အားစိုက်ထုတ်၍ ချိုးဖျက်ခဲ့ရပြီး အောင်မြင်ခါနီးဆဲဆဲကျမှ တခြားအပြင်လူတစ်ယောက်က အကျိုးအမြတ်များကို ရသွားခွင့် ပြုနိုင်မည် မဟုတ်ပေ။ သည့်အပြင် သူသည် စွန့်စား မတိုက်ခိုက်ချင်သော်လည်း သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ စွမ်းအားကိုလည်း စမ်းသပ်ချင်နေသည်။ ထူးခြားအင်းဆက်များ၏ စာရင်း၌ ၎င်းအင်းဆက်များ၏ အဆင့်က ထိုက်တန်လော၊ မထိုက်တန်လောကို သူ မြင်ချင်သည်။ သူ့ရှေ့ရှိ လူထူးခြားကား သာမန်မဟုတ်သော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။ သူက ထိုသူနှင့် တိုက်ခိုက်၍ အင်းဆက်များ၏ အစွမ်းကို စမ်းသပ်၍ ရနိုင်သည်။

ထိုအတွေးဖြင့် ဟန်လိသည် တိုက်ပွဲထံ တချက်ထပ် လှမ်းကြည့်သည်။

ဟုယွဲ့နှင့် တခြားသူများသည် ကောင်းကင်ထက်မှာ လှည့်ပတ် ပျံသန်းလျက် အဆင့်နိမ့်မှော်ပညာရပ်များနှင့်အတူ ၎င်းတို့နောက်သို့ လိုက်လံနေသော အရိုးခေါင်းနှစ်ခုအား ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေကြသည်။ သူတို့သည် ထိုနတ်ဆိုးပစ္စည်းအမယ်များအပေါ် သာမန် မှော်ရတနာများက သက်ရောက်မှု မရှိတာကို ကောင်းကောင်း သဘောပေါက်နေပြီ။

ကျင်းချင်၏ အဖြူရောင်တံဆိပ်တုံးကြီးသည်လည်း ၎င်း၏ တမူထူးသော စွမ်းအားကို မပြသနိုင်ဘဲ ရှိသည်။ ပန်းခြင်းအတွင်းသို့ ၎င်းတံဆိပ်တုံး ဆွဲသွင်းခံရပြီး အဖြူရောင်ချီနှင့် ဝန်းရံခံရပြီးနောက်မှာတော့ ကျင်းချင်၏ မျက်နှာထက်တွင် ချွေးများဖြင့် ရွှဲနစ်နေလေပြီ။

သူ့ဘေးရှိ ဝိညာဉ်သေနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသဲတို့ကမူ ကြည့်နေရုံသာ တတ်နိုင်ပြီး မည်သို့မျှ ကူညီပေးနိုင်စွမ်း ရှိမနေပေ။ ဤသည်ကို မြင်သည့်အခါ ဟန်လိသည် လူထူးခြားထံ လေးနက်စွာ တချက် လှမ်းကြည့်သည်။ ထို့နောက်တွင်မူ သူ့ လက်တစ်ဖက်ဖြင့် သားရဲသိုလှောင်အိတ်ထံ လက်နှိုက်သည်။

ဟန်လိ၏ အပြုအမူက လူထူးခြားကို အာရုံစိုက်မိစေသည်။ သူက ချက်ခြင်းပင် သူ့အာရုံကို ဟန်လိထံသို့ ပြောင်းကာ သူ့ရင်ဘက်ထဲမှ တစုံတခုကို နှိုက်ယူလေသည်။ သူက ဟန်လိနှင့် ရင်ဆိုင်ဖို့ငှာ နောက်ထပ် မှော်ရတနာတစ်ခုကို ထုတ်ယူချင်နေတာ ဖြစ်မည်။ တု့န်ပြန်သည့်အနေဖြင့် ဟန်လိသည် လက်ဦးမှုယူကာ စတိုက်ရန် ဆုံးဖြတ်သည်။

သူက ဝိညာဉ်သားရဲအိတ်ကို လေထဲသို့ ပစ်တင်သည်။ သူ့တခြားလက်တစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ခပ်မြန်မြန် ဖြစ်စေကာ ၎င်းသိုလှောင်အိတ်ထံသို့ စေလွှတ်သည်။ တုန်ခါမှုနှင့်အတူ သားရဲသိုလှောင်အိတ်ထံမှ စက်ဝန်းဆယ်ခုကျော်သည် လူထူးခြားထံ တန်းတန်းမတ်မတ် ဦးတည်ဝင်သည်။

ထိုစက်ဝန်းများကား တစ်ပေမျှ ကြီးမားပြီး ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသည်။ လူထူးခြားက ဤသည်ကို မြင်သည့်အခါ အထင်သေးဟန် ပေါ်သည်။ သူက ဓမ္မဘီးတစ်ခုကို ထုတ်ယူပြီး အေးတိအေးစက် ရယ်မောကာ ပစ်လွှတ်လိုက်သည်။ ထိုအရာဝတ္တုက တဝီဝီလည်ထွက်ပြီး အရွယ်အစား ကြီးမားလာလျက် တိုးဝင်လာသော စက်ဝန်းများထံ ဝင်ရောက်သည်။

ပေါက်ကွဲသံများ ဆက်တိုက်။ စက်ဝန်းများက ဓမ္မဘီးနှင့် ထိပ်တိုက်တွေ့ချိန်တွင် ရွေရောင်နှင့်ငွေရောင် အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲကာ တစစီ ဖြစ်သွားသည်။

“ဟားဟား…” လူထူးခြားသည် အားပါးတရ ရယ်မောကာ ဟန်လိထံသို့ လက်ညွှန်သည်။

သို့သော် ထိုအခိုက်တွင် တဝီဝီအသံများ ဟိန်းထွက်လာသည်။ ချက်ခြင်းပင် ထိုအသံတို့မှာ နားစည်ကွဲလုမတတ် ဖြစ်လာသည်။ လူတိုင်းသည် ထိုအသံ ထွက်ပေါ်ရာဆီ အလန့်တကြားဖြင့် လှမ်းကြည့်ကြသည်။ လူထူးခြားမှာလည်း ရယ်မောနေရာကနေ အံ့အားတသင့် ဖြစ်နေလေသည်။

စက်ဝန်းများထံမှ အစိတ်အပိုင်းများသည် အသက်ဝင်လာကာ လက်မအရွယ်ခန့် ရှိသော ရွှေငွေပိုးတောင်မာ ထောင်ချီသို့ ပြောင်းလဲလျက် ဓမ္မဘီးဘေးနားဝန်းကျင်တွင် သိပ်သည်းစွာ ပြန့်ကြဲနေသည်။ ၎င်းတို့၏ တောင်ပံခတ်သံများထံ စူးရှသော အသံကို ထုတ်လွှတ်နေတာပင်။

ဟန်လိသည် လူထူးခြားကို စဉ်းစားနေဖို့ အချိန်ပေးမည် မဟုတ်ပေ။ သူက သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ပိုးတောင်မာများကို ဓမ္မဘီးထံသို့ ပျံသန်းသွားစေသည်။ ချက်ခြင်းပင် ထိုမှော်ရတနာသည် ငွေရောင်၊ရွှေရောင်များဖြင့် စွန်းထင်းခြင်း ခံရသည်။

“ခင်ဗျားက သေချင်နေတာပဲ…” လူထူးခြားသည် အံ့အားသင့်နေရာကနေ ပြန်သတိဝင်လာပြီး သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူက သူ၏ဓမ္မဘီးထံမှ အနက်ရောင်တိမ်တိုက်များ တဝီဝီလှည့်ပတ်ကာ ထူးခြားအင်းဆက်များကို ရှင်းထုတ်ပစ်ဖို့ ကြိုးစားလေသည်။ သို့သော် ဆက်ဖြစ်လာသော မြင်ကွင်းက လူထူးခြားကို မင်သက်သွားစေသည်။ အနက်ရောင်တိမ်မြူများ ပေါ်လာသည်နှင့် ပိုးတောင်မာများက သူတို့၏ ပါးစပ်ကို ဖွင့်ဟကာ ဝါးမြိုပစ်လေသည်။ အနက်ရောင်အစက်အပြောက်တစ်ခုတလေပင် မကျန်ခဲ့ချေ။

ဓမ္မဘီးက လျင်မြန်သောနှုန်းဖြင့် လှည့်ပတ်နေရင်း ပိုးတောင်မာများထဲမှ အစိတ်အပိုင်းအနည်းငယ်ကိုသာ လွင့်ထွက်အောင် လုပ်နိုင်သည်။ ရွေဝါးမြိုခြင်း ပိုးတောင်မာများထဲမှ အများစုကမူ ဘီးကို နီးကပ်စွာ ချဉ်းကပ်၍ အကြောက်အလန့်ကင်းစွာ ၎င်းအား ဆုတ်ဖြဲနေသည်။

ဟန်လိသည် လူထူးခြား၏ အံ့အားသင့် ထိတ်လန့်သွားသော အမူအရာကို ကြည့်ကာ စိတ်ထဲ၌ ကြိတ်ပျော်သွားသည်။

မျက်စိတမှိတ်အတွင်း ထိုဘီးသည် မြင်ရသောနှုန်းဖြင့် ကြုံ့လာခဲ့ကာ နောက်ဆုံး၌ လုံးဝ မကျန်တော့သည့်အထိပင်။ ဘီးကို ရှင်းလင်းစွာ ဝါးမြိုပြီးနောက်မှာ တစီစီအော်မြည်သံများက ပို၍ ကျယ်လောင်လာသည်။

လူထူးခြား၏ အသားအရေမှာ အခုအခါ၌ အနည်းငယ် အစိမ်းရောင်သမ်းသွားသည်။

ဟန်လိသည် ရွှေဝါးမြိုခြင်းပိုးတောင်မာအုပ်ထံသို့ လက်ညွှန်ပြီး ၎င်းတို့ကို ရွှေငွေတိမ်တိုက်အဖြစ်သို့ ပြောင်းလဲစေလျက် လူထူးခြားထံသို့ အုပ်လိုက်ကြီး တိုးဝင်သွားစေသည်။

ထိုပိုးတောင်မာများ၏ ကြမ်းလှမှုကို သိသွားပြီ ဖြစ်၍ လူထူးခြား၏ မျက်နှာထက်တွင် အလန့်တကြား ဖြစ်ဟန် ပေါ်ကာ သူက သူ၏ အနက်ရောင်အရိုးခေါင်းများကို အလျင်အမြန် ပြန်ရုတ်သိမ်းသည်။ ၎င်းတို့က သူ့ရှေ့တွင် ကာဆီးပေးသွား၏။

နောက်ဆုံး၌ လေထုတွင် အသည်းအသန် ဖြစ်နေသော ဟုယွဲ့နှင့် ကျင့်ကြံသူကျန်းတို့သည် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ သူတို့က အကွာအဝေးတစ်ခုတွင် ရပ်ကာ ထိုမြင်ကွင်းကို အတန်ငယ် အံ့အားသင့်ဟန်ဖြင့် ၎င်းမြင်ကွင်းကို ငေးကြည့်နေကြသည်။

လူထူးခြားသည်လည်း အခြေအနေ သိပ်မကောင်းပုံ ရသည်။ သူက သူ့လက်ထဲသို့ ဓားတိုတစ်လက်ကို ဖြတ်ခနဲ ဆင့်ခေါ်သည်။ ခဏ တွေဝေနေပြီးနောက်မှာ သူက ကြမ်းတမ်းသော အမူအရာဖြင့် ခုတ်ပိုင်းချကာ သူ့နောက်ထပ် လက်ချောင်းနှစ်ခုကို ဖြတ်တောက်လိုက်သည်။

အရိုးခေါင်းနှစ်ခုသည် ချက်ခြင်းပင် တစ်ကောင်နှင့်တစ်ကောင် စားကာ ပျံသန်းထွက်သည်။ တအောင့်အကြာတွင် ၎င်းတို့သည် ထူးခြားသော အော်မြည်သံတစ်ခု ထုတ်လွှတ်၏။

မျက်လုံးမျက်ဆန်ပြူးကာ ထိုလူထူးခြားသည် ပါးစပ်ဟပြီး အနက်ရောင်အလင်းနှစ်ခုကို အရိုးခေါင်း၏ နဖူးထံသို့ ပစ်လွှတ်သည်။ ထိုဦးခေါင်းနှစ်ခုသည် နာကျင်စွာ ငြီးသံများ ဆက်တိုက် ထုတ်လွှတ်၍ ထူးခြားသော ပြောင်းလဲမှုတစ်ခု စတင်သည်။

အက်သံများ ထွက်ပေါ်ခြင်းနှင့်အတူ တောင်ဆိတ်ဂျိုနှင့်တူသော ထူးခြားသော ဦးဂျိုနှစ်ခုသည် ၎င်းအရိုးခေါင်းနှစ်ခု၏ ထိပ်ကနေ ထိုးထွက်လာသည်။ ၎င်းတို့၏ ကြမ်းကြုတ်ထက်ရှသော သွားများသည် လက်မအနည်းငယ် ပိုကြီးလာပြီး ပို၍လည်း ထက်ရှလာသည်။ ယင်းနောက်မှာ အရိုးခေါင်းများး၏ ဆံပင်များသည် သွေးနီရောင်သို့ ပြောင်းလဲသည်။ အရိုးခေါင်းများကား တစ္ဆေဦးခေါင်းများအဖြစ်သို့ အလုံးစုံ ပြောင်းလဲသွားသည်။

“သွား…” ထိုအရိုးခေါင်းများသည် လုံးဝ အသွင်ပြောင်းလဲပြီးသည်နှင့် လူထူးခြားသည် စိတ်သက်သာရာရကာ သက်ပြင်းချတော့သည်။ သူက သူ့လက်ချောင်းကို အနာခံကာ အသုံးပြု၍ အင်းဆက်များထံ တိုးဝင်သွားဖို့ အရိုးခေါင်းများကို အမိန့်ပေးသည်။

တစ္ဆေဦးခေါင်းများ၏ မျက်လုံးများမှာလည်း အစိမ်းရောင်အလင်း လင်းလက်ပြီး အင်းဆက်အုပ်ထံ တိုးဝင်လာလေပြီ။ ရွေဝါးမြိုခြင်းပိုးတောင်မာများသည် တစ္ဆေဦးခေါင်းများကို မြင်သည့်အခါ ဟန်လိ၏ အမိန့်အောက်တွင် အစုနှစ်စု ကွဲသွားသည်။ တစ်စုစီက တစ္ဆေအရိုးခေါင်းတစ်ခုစီထံ ထိပ်တိုက်တွေ့သည်။

အသွင်ပြောင်းသွားသော တစ္ဆေဦးခေါင်းများသည် သူတို့၏ ပါးစပ်များကို အကျယ်ကြီး ဖွင့်ဟကာ အစိမ်းရောင်မီးတောက်အမျှင်တန်းများကို ထွေးထုတ်သည်။ ပေါက်ကွဲသံများ ဆက်တိုက် မြည်ဟိန်းလျက် သည်ထိပ်တိုက်တွေ့မှုတွင် ရွှေဝါးမြိုခြင်းပိုးတောင်မာအုပ်များသည် ဆယ်မီတာဝန်းကျင်လောက်ထိ နောက်သို့ လွင့်ထွက်သွားသည်။ ၎င်းတို့သည် ကစဉ့်ကလျား ဖြစ်သွား၏။

လူထူးခြားမှာ ပျော်ရွှင်ဟန် ဖြစ်ပေါ်သည်။ သို့သော် ထိုအပျော်က ခဏသာ ခံ၏။

ရွှေဝါးမြိုခြင်းပိုးတောင်မာများထံ တိုးဝင်လာသော မီးအမျှင်တန်းများသည် ပိုးတောင်မာများကို နည်းနည်းလေးမျှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ အခုအခါ လူထူးခြား၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေသည်။

သူ၏ တစ္ဆေဦးခေါင်းထံမှ ထုတ်လွှတ်သော မီးတောက်အမျှင်တန်းများသည် အမြုတေမီးတောက်များထက် အဆများစွာ ပိုအားကောင်းလာသည်။

သို့သော် သူ၏ တစ္ဆေဦးခေါင်းများသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့် ရင်ဆိုင်နိုင်စွမ်း မရှိသော်လည်း မီးတောက်အမျှင်တန်းများက ပိုးတောင်မာများကို အကွာအဝေးတစ်ခုမှာ ဟန့်တားနိုင်သည်ပင်။ သားရေအနေအထား ဖြစ်နေသည့်ပုံပင်။

လူထူးခြားသည် မျက်မှောင်ကြုတ်ကာ မည်သို့ တုန့်ပြန်ရမလဲဟု စဉ်းစားနေသည်။

ထိုအခိုက်တွင် အရင်ထက် အဆများစွာ ပိုကျယ်လောင်သော တဝီဝီအသံများ ထွက်ပေါ်လာသည်။ လူထူးခြားက ခေါင်းမော့ကြည့်ချိန်တွင် သူ၏မျက်နှာသည် သေလောက်အောင် ဖြူရော်သွားလေသည်။

All Chapters