← Chapters

ဂိမ်းထုတ်ကုန် အံ့သြဖွယ်သဘာဝပျားရည်!

Vol. 5 Ch. 61

ဂိမ်းထုတ်ကုန် အံ့သြဖွယ်သဘာဝပျားရည်!

Vol. 5 Ch. 61

ချင်လင်နှင့်ချန်တပေမှာ ခန်းမနောက်ကျောရှိကွင်းပြင်ထဲဝင်လာခဲ့သည်။ ဝင်ဝင်ချင်း အရည်အသွေး ၂ ဖရဲသီးမျိုးစေ့များအပင်ပေါက်နေသည်ကိုတွေ့လိုက်ရ၏။

ဤသည်မှာသူ့အတွက် သတင်းကောင်းပင်။

တစ်နည်းအားဖြင့် ဂိမ်းထဲမှမျိုးစေ့များကို အပြင်ထုတ်၍ရနိုင်ပြီလေ။

နောက်တစ်ခုသူသိရန်လိုသေးသည်မှာ အရည်အသွေး ၂ အစေ့လွတ်ဖရဲမျိုးကို အရည်အသွေး ၂ ဖရဲမျိုးနှင့် စိုက်နိုင်မစိုက်နိုင်ပင်ဖြစ်သည်။

အကယ်၍ အရည်အသွေး ၂ ကိုထိန်းမထားနိုင်လျှင် အရည်အသွေး ၁ ဆိုရင်ရော?

ဒါမှမဟုတ် မျိုးစေ့တစ်စေ့နှစ်စေ့လောက်က ပတ်ဝန်းကျင်အပြောင်းအလဲနှင့်ထိတွေ့ပြီး တကယ့်မြေအစစ်နှင့်သင့်တော်သော အရည်အသွေး ၂ မျိုးစေ့ကိုပျိုးထောင်လို့ရနိုင်မလား?

သူအားလုံးကိုစမ်းကြည့်ရမည်။

ထို့နောက်သူက ရှန်းရွှေလက်ဆောင်ဆန်အကြောင်းတွေးမိသည်နှင့် ချန်တပေအားညွှန်ကြားလိုက်သည်_ ''ဒီနားမြာ နောက်ထပ်လယ်ကွက်အသေးလေးလုပ်ပေးထားပါဦး... ပြီးရင်စပါးစိုက်တဲ့မြေအတိုင်း မြေသြဇာကျွေးပေး... ကျွန်တော်သုံးစရာရှိလို့''

မျိုးစေ့မှာတိတိကျကျညွှန်ထားတာက မျိုးပြောင်းနိုင်စွမ်းရှိပြီး ပတ်ဝန်းကျင်နှင့်အလိုက်သင့်ဖြစ်သည်တဲ့။ ဤမျိုးစေ့သာ ရုံချန်းစီရင်စုနယ်မြေနှင့် တကယ်အလိုက်သင့်ဖြစ်လျှင် ရုံချန်းစီရင်စုမှာပဲစိုက်နိုင်ပေမည်။

ဤဆန်မျိုးမှာ ပတ်ဝန်းကျင်အလွန်ရွေးသည်။ နေရာမရွေးမဖြစ်ထွန်းနိုင်။

ထိုအချိန်ရောက်လျှင် ချင်လင်ဆန်ဟုခေါ်ပါက ဝင့်ကြွားလွန်းရာကျမည်ဖြစ်၍ ရုံချန်းဆန်ဟုခေါ်ရပေမည်။

''ကောင်းပါပြီ သူဌေး!'' ချန်တပေကပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်ပို၍မတင်မကျဖြစ်လာလေသည်။ သူဌေးက ဖရဲသီးပင်စိုက်ပြီးအိုးထဲထည့်တယ်။ အခုလယ်ကွက်တောင်လုပ်ခိုင်းနေပြန်ပြီ။ ဆောင်းတွင်းကြီး စပါးစိုက်ဦးမလို့လားမသိ?

ချန်တပေကိုညွှန်ကြားပြီးနောက် ချင်လင်ကခန်းမထဲပြန်လာခဲ့သည်။ သူအားလပ်သည်နှင့် ဂိမ်းထဲကြည့်လိုက်၏။ ဂိမ်းဇာတ်ကောင်အဆင့်မှာ အပင်စိုက်ခြင်းနှင့်သီးနှံခူးဆွတ်၍အတွေ့အကြုံစုဆောင်းခြင်းအပေါ်မူတည်နေလေသည်။ အဆင့်တက်ရန်နည်းလမ်းမရှိပေ။

သီးနှံများမမှည့်ခင် ဂိမ်းဇာတ်ကောင်ကို ဂိမ်းထဲအနှံ့လျှောက်သွားစေရန်သာရှိသည်။ ထိုအတွေးနှင့်သူက ဂိမ်းဇာတ်ကောင်ကို တောထဲဝင်စေလိုက်သည်။ သူကဂိမ်းထဲတွင် ချက်ချင်းလက်ငင်းဇာတ်ကြောင်းတစ်ခါကိုတွေ့လိုက်ရ၏။

တရားဝင်မိတ်ဆက်စာတွင် ဤမွေးမြူရေးခြံပုံပြင်တင်ဆက်မှုထဲ၌ ဇာတ်ကြောင်းများစွာပါဝင်ပြီး ကျပန်းဖွင့်သည်ဟုဆိုထားသည်။ ကစားသူက သွားလာစူးစမ်းမှုအပေါ်မူတည်ပေသည်။

သို့သော်သူက ငါးမျှားတံပေးသော Zach နှင့် အဆောင်အယောင်ငါးပေးသော လူပုလေးအာနီတို့နှင့်သာဆုံဖူးသည်။

အဓိကမြာ ယခင်ကသူ ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်၊ ပင်လယ်ကမ်းနား၊ ပန်းခြံစသည်တို့ကိုဖြတ်သွားခိုင်းဖူးသည်... တောထဲအကြိမ်များစွာဝင်ဖူးသော်လည်း ဇာတ်ကြောင်းနှင့်မကြုံခဲ့။ ယနေ့မူ ဝင်လိုက်သည်နှင့်တန်းတွေ့လေသည်။

(ဒီမှာပျားတစ်ကောင်ရှိတယ်... သွားကြည့်ကြည့်... အဲဒီမှာပျားရည်ရလိမ့်မယ်!)

ချင်လင်က အချက်ပြစာကို အံ့သြစွာကြည့်လိုက်သည်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအဟောင်းထဲတွင် ပျားရည်ယူလို့ရတာ သူမှတ်မိသည်။ ထို့အပြင်ပျားရည်အဟောင်းမှာ အိမ်ရှေ့သစ်ပင်ပေါ်တွင်ဖြစ်သော်လည်း ယခုတော့ သစ်တောထဲမှာတဲ့။

သူကဂိမ်းဇာတ်ကောင်ဦးတည်ထားသော သစ်ပင်ဆီသွားစေလိုက်၏။ အမှန်ပင် ပျားအုံကိုတွေ့ရသည်။ ဂိမ်းဇာတ်ကောင်သစ်ပင်အနားရောက်လျှင် အရင်တွေ့ဖူးသော Zach ထပ်ရောက်လာ၏။

''ဝိုး... ပျားတွေကဒီမှာပဲ... သတ္တုမြို့တော်ဈေးထဲမှာ ပျားရည်တွေအဝယ်လိုက်နေတယ်... ငါမင်းကိုပျားဖွတ်ဖို့ကိရိယာတစ်စုံပေးခဲ့မယ်... မင်းပို့တဲ့ပျားရည်ရဖို့ တကယ်မျှော်နေတာ!''

Zach မှာကွန်ပျူတာဇာတ်ကောင်အနေနှင့် ဂိမ်းဇာတ်ဆောင်အား သူပြောစရာရှိသည်ကိုပြောပြီးတာဝန်ပြီးလျှင်ထွက်သွားလေသည်။

ချင်လင်ကလည်း ဇာတ်ကောင်၏ကိရိယာထဲတွင် ပျားရည်ဖွပ်စရာရှိမည်မှန်းသဘောပေါက်လိုက်၏။ သူကတုံ့ဆိုင်းမနေဘဲ ဂိမ်းဇာတ်ကောင်အား သစ်ပင်ပေါ်မှပျားအုံကိုဖွပ်စေလိုက်သည်။

(သန့်စင်သောသဘာဝပျားရည် ကတ္တီ ၃၀ ရရှိသည့်အတွက် ဂုဏ်ယူပါတယ်!)

၄င်းမှာအမှန်တကယ်သန့်စင်သော သဘာဝပျားရည်ပင်!

လက်ရှိဈေးထဲတွင် သန့်စင်သောသဘာဝပျားရည်မှာ အလွန်ဈေးကြီးမှန်းသိကြလေသည်။ တစ္ကတ္တီကို ယွမ် ၁၅၀ ထက်မလျော့ပေ။ တချို့ဈေးကြီးသောပျားရည်များမှာ တစ္ကတ္တီ ယွမ် ၃၀၀ အထိပင်ရှိသည်။

ဘာကြောင့်ဈေးကြီးရသည်မှာလည်း ရှင်းပါသည်။ သန့်စင်သည့်သဘာဝပျားရည်မှာ မြို့ပြနှင့်အလှမ်းဝေးပြီး သဘာဝပတ်ဝန်းကျင်မှာအဆင့်မြင့်၏။ လေကောင်းလေသန့်ရပြီး အညစ်အကြေးကင်းစင်သည်။ လူများကဝင်ရောက်ပြုပြင်ထားခြင်းမရှိ။ ဆိုလိုသည်မှာ မွေးမြူရေးပျားများကဲ့သို့ ပဋိဇီဝေဆးဝါးမ်ား (သို့) ရောဂါဆန့်ကျင်သည့်ပိုးမွှားအကြွင်းအကျန်များမရှိပေ။

ထို့အပြင် သန့်စင်သည့်သဘာဝပျားရည်မှာ အထွက်နည်းပြီး ထုတ်လုပ်ချိန်ကြာမြင့်သည်။ ရှာတွေ့ဖို့လည်းခက်၏။ အဓိကအကျဆုံးအချက်မှာ သဘာဝအာဟာရတန်ဖိုးမြင့်မားစွာပါဝင်ခြင်းပင်။ တချို့မှာဆေးအဖြစ်မှီဝဲနိုင်သည်။ ၄င်းတို့၏တန်ဖိုးမှာ ယွမ် ၅၀၀ အထိရှိနိုင်သည်။ ဆေးဖက်ဝင်ပျားရည်ဟုခေါ်ကြ၏။

ချင်လင်ကဂိမ်းဇာတ်ကောင်အား သဘာဝပျားရည်ကို သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထို့နောက်သူက ဂိမ်းဇာတ်ကောင်ကိုတောထဲဝင်ပြီးရှာစေ၏။ သူကသစ်တောတစ်ခုလုံး လှည့်ပတ်သွားလိုက်ရာ နောက်ထပ်ပျားအုံနှစ်ခုကိုတွေ့သဖြင့် သဘာဝပျားရည် ကတ္တီ ၆၀ ထပ်ရလိုက်သည်။

ထို့နောက်သူက ခန်းမထဲသွား၍ ကရားအလွတ်ရှာလိုက်သည်။ ဂိမ်းထဲတွင်ဖွပ်ထားသော သန့်စင်သည့်သဘာဝပျားရည်မှာ ထည့်စရာခွက်သီးသန့်မရှိသော်လည်း အထူးလုံသည့်ခွက်ထဲတွင်ထည့်ထား၏။

ချင်လင်က အခန်းလွတ်တစ်ခုထဲဝင်၍လော့ချပြီးလျှင် ဂိမ်းထဲဝင်လိုက်သည်။

စံအိမ်ကိုချဲ့ထွင်ပြီးလျှင် သူသီးသန့်နေထိုင်ရန်အသစ်ဆောက်ရပေမည်။ မဟုတ်လျှင် ဂိမ်းထဲဝင်ရအဆင်မပြေဖြစ်ပေလိမ့်မည်။

လက်ရှိအဆောင်အချို့မှာ ကောင်းယောင်ယောင်၏ဝန်ထမ်းများနေနေပြီဖြစ်၏။

ဂိမ်းထဲဝင်ပြီးလျှင် ချင်လင်က သိုလှောင်ခန်းထဲတန်းသွားလိုက်သည်။ ပျားရည်ထည့်ထားသောခွက်နားရောက်လျှင် မွှေးပျံ့သောပျားရည်ရနံ့မှာ သူ့နှာခေါင်းထဲသင်း၍ သွားရည်ယိုစေလေသည်။

သူကဆိုင်းဘုတ်ပေါ်ရှိမှတ်ချက်ကိုကြည့်လိုက်သည်:

(သန့်စင်သောသဘာဝပျားရည်: အရည်အသွေး ၂ _ ၉၀ ကတ္တီ)

(မည်သည့်အဆိပ်အတောက် အညစ်အကြေးမှမပါသောပျားရည်ဖြစ်သည်။ အံ့သြဖွယ်အာနိသင်များရှိသည်: အတွေ့အထိ +၂၊ အနံ့အရသာရှိခြင်း +၂၊ မောပန်းပြေစေခြင်း +၂၊ ဝမ်းချုပ်သက်သာစေခြင်း +၂၊ နာတာရှည်အစာအိမ်ရောင်နာကိုသက်သာစေခြင်း +၂!)

ပျားရည်ပင်ရင်းမတူခြင်းကြောင့် ဒေသအမျိုးမျိုးနှင့်သဘာဝပျားရည်အမျိုးအစားများမှာ ကွဲပြားခြားနားကြောင်း ချင်လင်သိထားသည်။ ဂိမ်းမှထုတ်လုပ်သော သန့်စင်သည့်သဘာဝပျားရည်မှာ အာနိသင်သိပ်မရှိ။ အာရုံပွင့်စေခြင်းနှင့်အရသာရှိသည်မှလွဲ၍ နာတာရှည်အစာအိမ်သက်သာစေခြင်း၊ ဝမ်းချုပ်သက်သာစေခြင်းအာနိသင်သာရှိ၏။

သို့သော်လည်း ဝမ်းချုပ်သက်သာစေသည်ကပင် သေချာပေါက်ကောင်းကျိုးတစ်ခုဖြစ်သည်။

ဝမ်းချုပ်တတ်သူမှန်သမျှ ပထမအကြိမ်ဖြစ်ဖူးသည်နှင့် နောက်တစ်ကြိမ်ဖြစ်မည်ကိုတွေးကြည့်ပါလေ။ အလွန်နာကျင်ရသည်။ အိမ်သာထဲတွင်သေတော့မတတ်ခံစားရစမြဲပင်။

ချင်လင်က ပျားရည်ကို ကရားခပ်သေးသေးနှင့်ခပ်လိုက်သည်။

ကရားလေးမှာ တစ်ကတ်တီလောက်သာဆန့်၏။ ထို့နောက်သူက သူ့စိတ်ထဲမှဖန်သားပြင်ကိုထပ်ကြည့်လိုက်သည်။ အထဲရှိပုံရိပ်တွင် အိမ်သာအပြင်ဘက်ပတ်ဝန်းကျင်ကိုမြင်နေရ၏။

ဘာအရိပ်အယောင်မှမတွေ့သောအခါ သူကအတွေးနှင့် ဂိမ်းထဲမှထွက်လိုက်သည်။

ချင်လင်ကတံခါးဖွင့်၍ အိမ်သာအပြင်ထွက်လိုက်၏။ ခရီးသည်တချို့မှာ အိမ်သာဝင်မည်အပြု သူ့လက်ထဲမှအဝါရောင်အရည်ဖြည့်ထားသောကရားကိုကြည့်ကာ အံ့သြသွားကြသည်။

ခရီးသည်များမှာ ချင်လင်ကိုအံ့သြတကြီးကြည့်ရင်း ချက်ချင်းသရဲတစ်ဆေတွေ့သလိုဖြစ်သွားကြ၏။ သူတို့က သူ့ကိုစက်ဆုပ်ရွံရှာပုံနှင့် ခပ်ခွာခွာဖြစ်သွားကြသည်။

''...'' ချင်လင်စိတ်ထဲတွင် အမှောင်လိုင်းများပြည့်သွား၏။

ဒီလူတွေက တစ်ခုခုအထင်လွဲသွားကြတာလား?

သူကချက်ချင်းပင် ဘာမှမဖြစ်သလိုနှင့် မြန်မြန်ထွက်လာခဲ့ပြီး ခန်းမဆီပြန်သွားလိုက်သည်။ အထဲရောက်လျှင်ဖန်ခွက်တွေ့သဖြင့် ပျားရည်ဖျော်လိုက်၏။

အတွေ့ရအများဆုံးပျားရည်စားနည်းမှာ ပျားရည်နှင့်ရေစိမ်သောက်ခြင်းပင်။ ပျားရည်အေးအေးတစ်ခွက်သည် လုံးဝကောင်းပေသည်။ သို့သော်ဆောင်းတွင်းဝင်ပြီဖြစ်၍ ရေနွေးနှင့်သောက်ခြင်းမှာအကောင်းဆုံးဖြစ်၏။

ထို့အပြင် သဘာဝပျားရည်ကိုရေနွေးနှင့်သောက်ခြင်းမှာ နည်းမှန်လမ်းမှန်လည်းဖြစ်သည်။ ဤနည်းဖြင့် လွယ်လွယ်ကူကူပျော်ဝင်စေ၏။ အပူချိန်အရမ်းမများသည့်အပြင် လူ့ခန္ဓာကိုယ်မှစုပ်ယူရပိုလွယ်ကူစေလေသည်။

ပျားရည်ဖျော်ပြီးလျှင် ချင်လင်ကကောက်၍မြည်းကြည့်လိုက်သည်။ နှစ်ငုံခန့်သောက်ပြီးလျှင် သူ့မျက်လုံးများဖြည်းဖြည်းချင်းကျယ်သွား၏။ ထိုပျားရည်ကိုသောက်ပြီးနောက် ပြောမပြနိုင်အောင်လန်းဆန်းသွားပြီး ပစ္စည်းများရွှေ့ရခြင်းကြောင့်မောပန်းမှုမှာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

သူကခပ်မြန်မြန်ပင် ပျားရည်ခွက်ကိုကောက်ကိုင်၍မော့ချလိုက်၏။ ထူးဆန်းသည့်ခံစားမှုမှာ ဖြည်းဖြည်းချင်းပြင်းထန်လာသည်။

ဤသည်မှာ မောပန်းမှုကိုသက်သာစေခြင်း +၂ အာနိသင်ကြောင့်ပင်ဖြစ်မည်။

အရင်ကတီဗွီတွင် မကြာခဏကြည့်ဖူးသော မောပန်းပြေစေသည့်အချိုရည်ကြော်ငြာများမှာ ချက်ချင်းလန်းဆန်းသွားသည်ကိုမြင်ဖူးသည်။ ထိုအချိုရည်များတကယ်ဟုတ်မဟုတ်မသိသော်လည်း ဂိမ်းထဲမှသဘာဝပျားရည်နှင့်လုပ်ထားသောပျားရည်ကမူ အမှန်တကယ်ထိုအာနိသင်ရှိလေသည်။

All Chapters