← Chapters

မတတ်နိုင်လို့မဟုတ်၊ ဝယ်လို့မရတာ!

Vol. 5 Ch. 62

မတတ်နိုင်လို့မဟုတ်၊ ဝယ်လို့မရတာ!

Vol. 5 Ch. 62

''ချင်လင်... ရှင်ပျားရည်သောက်နေတာလား?'' ကျောက်မိုချင်းက ဝမ်ချိုင်ကိုဆွဲထားသောလင်းဖန်နှင့်အတူ အပြင်မှဝင်လာသည်။

ဝမ်ချိုင်က အနံ့တစ်ခုခုရနေသည့်ပုံပင်။ သူကအခန်းထဲပြေးဝင်ပြီး သန့်စင်သည့်သဘာဝပျားရည်ရှိရာကို အနံ့ခံနေသည်။

''မြည်းကြည့်!'' ချင်လင်က ပျားရည်ခွက်ကို ကျောက်မိုချင်းလက်ထဲထည့်ပေးလိုက်သည်။

ကျောက်မိုချင်းက ပျားရည်တစ်ငုံသောက်ကြည့်ပြီး အံ့သြသွား၏_ ''ချင်လင်... ဒီပျားရည်ကအရမ်းအရသာရှိတယ်မလား?''

ချင်လင်က ကျောက်မိုချင်းဖြစ်သွားပုံကိုနားလည်သည်။

၄င်းတွင် အတွေ့အထိ +၂၊ စားကောင်းသောက်ဖွယ်ဖြစ်ခြင်း +၂၊ မောပန်းပြေစေခြင်း +၂ ဟူသောအရည်အသွေးများရှိ၏။ တစ်ငုံသောက်ပြီးသည်နှင့် လန်းဆန်းသွားသည်။

ဤသည်မှာ လုံးဝအံ့သြဖွယ်ရာပင်။

''အမေလည်း နည်းနည်းမြည်းကြည့်'' ကျောက်မိုချင်းကပျားရည်ကို လင်းဖန်ထံပေးလိုက်သည်။

လင်းဖန်ကမြည်းကြည့်ပြီး သူမလည်းပဲမယုံနိုင်စွာနှင့်_ ''ရှောင်လင်... ဒါသာမန်ပျားရည်မဟုတ်ဘူးမလား?''

''ဟုတ်တယ်... အဲဒါသန့်စင်တဲ့သဘာဝပျားရည်!'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။

''ဝု!'' ထိုစဉ်ဝမ်ချိုင်က စိတ်မရှည်စွာအသံပေးလိုက်၏။

သူကလင်းဖန်နား ခုန်ဆွခုန်ဆွလုပ်လိုက်ပြီး သူ့အလှည့်ရောက်ပြီဟုပြောနေသည့်အလား ပျားရည်ကိုစိုက်ကြည့်နေသည်။

''နင့်လောက်လောဘကြီးတဲ့ခွေး ငါမတွေ့ဖူးဘူး!'' လင်းဖန်ကဆူလိုက်၏။ သူမက အိတ်ထဲမှခွေးစာကျွေးရန်အထူးသုံးသည့်ခွက်အကြည်လေးကို နှိုက်ယူလိုက်သည်။ ထိုခွက်ထဲပျားရည်ထည့်၍ ဝမ်ချိုင်ရှေ့ချပေးလိုက်၏။

......

လင်းဖန်က သိသိသာသာခွေးကိုအလိုလိုက်လာသည်။ လူကြီးများအဖို့ အိမ်မွေးတိရစ္ဆာန်များပြာယာခတ်နေလျှင် သူတို့ကလေးများကဲ့သို့ခံစားရလွယ်မြဲ။

ခွေးကနှာမှုတ်၍ ပျားရည်ကိုမြန်မြန်ဆန်ဆန်သောက်လိုက်သည်။ ခဏအကြာ ခုန်ပေါက်လှည့်ပတ်၍ အရသာရှိသည်ဟုပြောနေသကဲ့သို့ပင်။

''သူဌေး... လူတွေပိုများလာပြီ... လူသစ်ထပ်ခေါ်ရတော့မယ်... ကျွန်မတို့အလုပ်ရှုပ်လာတော့မှာ'' ကောင်းယောင်ယောင်က ချွေးပြိုက်ပြိုက်ကျလျက် ခန်းမထဲဝင်လာပြီး ချင်လင်အားပြောလိုက်၏။

''အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးပါပဲ... ငါအမြန်ဆုံးစီစဉ်လိုက်မယ်'' ချင်လင်ကပြုံး၍ ကောင်းယောင်ယောင်အား ပျားရည်တစ်ခွက်ပေးလိုက်သည်။

သူလည်းလူရှာရတော့မည်မှန်းသိသည်။

စံအိမ်၏သတင်းမှာ Tiktok တွင်ရေပန်းစားနေဆဲ။ နေ့တိုင်းခရီးသည်ပိုပိုများလာ၏။



''ကျေးဇူးတင်ပါတယ် သူဌေး!'' ကောင်းယောင်ယောင်က ချိုသာစွာကျေးဇူးတင်စကားဆိုလိုက်သည်။ သူမသူဌေးကိုယ်တိုင်ငှဲ့ပေးသဖြင့် အထွန့်တက်ရမည်ကိုပင်အားနာသွား၏။

သို့သော် ပျားရည်ကိုမြိုချပြီးသည်နှင့် တမူထူးခြားမှုကိုခံစားလိုက်ရပြီး_ ''သူဌေး... ဒီပျားရည်က...''

သူမယုံကြည်နိုင်။ ဒီပျားရည်ကအလွန်ကောင်းလွန်းသည်။ တခြားဖျော်ရည်များထက်ပိုကောင်း၏။

ဒါပျားရည်မှဟုတ်ရဲ့လား?

ကောင်းယောင်ယောင်၏ရေရွတ်သံက ခန်းမထဲရှိခရီးသည်များကိုစိတ်ဝင်စားသွားစေသည်။

ဝမ်းဗိုက်နှိပ်ထားသောကလေးမလေးကို ဆေးတိုက်နေသည့်လူကြီးကလှမ်းကြည့်လိုက်ပြီး ရှေ့တိုးလာကာ ရှက်အန်းအန်းနှင့်မေးလာသည်_ ''တဆိတ်လောက် မေးပါရစေ... မင်းပျားရည်သောက်လိုက်တာလား?''

''ဟုတ်ပါတယ် လူကြီးမင်း'' ချင်လင်က ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်သည်။

ထိုလူကြီးက အိုးတိုးအန်းတန်းနှင့်_ ''နည်းနည်းတော့ရဲတင်းသလိုဖြစ်သွားတယ်... ပျားရည်တစ်ခွက်လောက်ပေးလို့ရမလား? ကျုပ်မြေးမလေးမှာ နာတာရှည်အစာအိမ်ရောင်ရှိလို့ပါ... ရုတ်တရပ်ကြီးထဖြစ်လာမယ်လို့ဘယ်ထင်ပါ့မလဲ? ပျားရည်က သရက်ရွက်နဲ့အစာအိမ်ကိုအားဖြည့်ပေးပြီး အစာအိမ်ရောင်လို့နာတာကိုသက်သာစေတယ်လေ''

ချင်လင်က ကလေးမလေးကိုကြည့်လိုက်သည်။

ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ?

သူ့ရဲ့သန့်စင်တဲ့သဘာဝပျားရည်မှာ နာတာရှည်အစာအိမ်ရောင်နာကိုသက်သာစေခြင်း +၂ အာနိသင်ရှိသည်လေ။

သူကသဘောထားသေးသိမ်သူမဟုတ်၍ ချက်ချင်းပင် ထိုလူကြီးအား_ ''အဘ... ခဏလေးစောင့်နော်''

သူကပျားရည်တစ်ခွက်ဖျော်လိုက်ပြီး ထိုလူကြီး၏လက်ထဲထည့်ပေးလိုက်သည်။

''ကျေးဇူးပါပဲ!'' လူကြီးမှာ လူကြီးလူကောင်းအမူအရာမျိုးရှိလေသည်။ သူကပျားရည်ကိုယူမသွားခင် ကျေးဇူးတင်စကားဆိုလိုက်ပြီး သူ့မြေးမလေးဆီလျှောက်သွား၍ ထိုကလေးမလေးလက်ထဲထည့်ပေးလိုက်၏။

ကလေးမလေးက ပျားရည်ကိုယူသောက်လိုက်သည်။ ခံတွင်းအကြည့်သောက်ပြီးလျှင် သူမကအံ့သြစွာနှင့်_ ''ဘိုးဘိုး... ဒီပျားရည်ကအရမ်းအရသာရှိတယ်... သောက်ကြည့်''

သူ့မြေးမလေးကဆိုလာသည်နှင့် လူကြီးကတစ်ငုံသောက်ကြည့်လိုက်သည်_ ''အာ... ဒီအရသာက တကယ်ကောင်းတာပဲ!''

ဤပျားရည်၏အတွေ့အထိနှင့်အရသာမှာ အရင်သူသောက်ဖူးသမျှထက် လုံးဝကောင်းလေသည်!

မကြာမီ ကလေးမလေးမှာ ပျားရည်သောက်ကုန်သွားသည်။

သူမအစာအိမ်ထဲတွင် ပူနွေးနွေးခံစားရသဖြင့် အံ့အားသင့်သွားပြီး_ ''ဘိုးဘိုး... ဒီတစ်ခေါက်ဆေးကပိုကောင်းတာလား? သိပ်မနာတော့ဘူး''

''တကယ်လား?'' လူကြီးကအံ့သြသွားသော်လည်း ပျားရည်ကိုနောက်တစ်ကြိမ်ထပ်ကြည့်လိုက်သေးသည်။

သူကဆရာဝန်ဖြစ်၍ ဆေးကအရင်ဆေးပဲမှန်းသိသည်။ ဒါပျားရည်၏အာနိသင်ကြောင့်ပင်ဖြစ်ရမည်။ အခုတင်သူသောက်လိုက်သောပျားရည်မှာ အရသာကိုချန်လှန်ထားပါက သာမန်ပျားရည်မဟုတ်မှန်းသိလိုက်၏။

ဒီလိုသိသာတဲ့အာနိသင်မျိုးနဲ့ဆို အထူးသုံးတဲ့ဆေးပျားရည်ပဲဖြစ်မည်မဟုတ်ပါလား?

ဒီလိုပျားရည်မျိုးကအလွန်ရှားသည်။ စျေးသက်သာသည့်အမျိုးအစားကပင် တစ်ကတ်တီယွမ် ၅၀၀ ကျော်ပြီး စျေးအကြီးဆုံးဆိုလျှင် ယွမ် ၁၀၀၀ ကျော်ရှိ၏။ သာမန်လူများမှာမတတ်နိုင်၍မဟုတ်သော်လည်း အစစ်ကိုမဝယ်နိုင်ခြင်းဖြစ်လေသည်။



စျေးထဲတွင် ဤကဲ့သို့ဆေးဖက်ဝင်ပျားရည်မျိုးအနည်းငယ်သာရှိပြီး အတုအပပေါများခြင်းကြောင့် လူအများစုမှာ မည်သို့ခွဲခြားရမည်ကိုမသိကြချေ။

''ဘိုးဘိုး... ဒီပျားရည်ကအရမ်းကောင်းတာပဲ... ထပ်သောက်ချင်တယ်'' ကလေးမလေးကပတားရည်ခွက်ကိုလတ်စသတ်လိုက်ပြီး လူကြီးကိုချစ်စရာပုံစံလေးနှင့်ကြည့်လိုက်သည်။

လူကြီးကခွက်ကိုယူ၍ ကောင်တာဆီရှက်ရှက်နှင့်သွားပြန်၏။ သူကချင်လင်အား_ ''တကယ်စိတ်မရှိပါနဲ့... ဒါကဆေးဖက်ဝင်ပျားရည်မှန်းသိပါတယ်... နောက်တစ်ခွက်လောက်ထပ်ပေးနိုင်မလား? ပိုက်ဆံနဲ့ဝယ်ပါ့မယ်''

လူကြီး၏စကားကို ချင်လင်ကိုအံ့သြသွားစေသည်။ ဒီလူကြီးက ဆေးဖက်ဝင်ပျားရည်မှန်းသိနေသည်။ တစ်နည်းဆိုရလျှင် ဂိမ်းထုတ်ကုန် သဘာဝပျားရည်မှာ အမှန်ပင်ဆေးဖက်ဝင်ပျားရည်ဖြစ်လေသည်။

''လူကြီးမင်းက အားနာလွန်းနေပါပြီ... ပျားရည်တစ်ခွက်ပဲဟာ... ရပါတယ်'' ချင်လင်က ပျားရည်တစ်ခွက်ကိုတွန့်တိုမနေဘဲ လူကြီးအတွက် နောက်တစ်ခွက်ချက်ချင်းငှဲ့ပေးလိုက်၏။

ဆေးဖက်ဝင်ပျားရည်မှာ အထူးပျားရည်မျိုးဖြစ်သည်။ အာနိသင်ပိုကောင်း၍ စျေးပိုကြီးကာ ဆေးဖက်ဝင်တန်ဖိုးလည်းရှိ၏။

ဆေးဖက်ဝင်ပျားရည်ကိုလည်း အဆင့်အမျိုးမျိုးခွဲခြားထားသည်။ သာမန်အမျိုးအစားများမှာ သာမန်အာနိသင်ရှိပြီး ဆေးဖက်ဝင်အနံ့အသက်လည်းရှိ၏။

တချို့အဖိုးတန်များမှာ ပျားရည်၏အချိုဓာတ်ထိန်းသိမ်းထားရုံသာမက ဆေးဖက်ဝင်တန်ဖိုးလည်းပိုကောင်းသည်။ ဆေးကုသရန်တိုက်ရိုက်အသုံးချနိုင်ပြီး တစ်ကတ်တီယွမ် ၁၀၀၀ ကျော်ပေးရ၏။

ချင်လင်က ဂိမ်းမှဖွပ်လာသောပျားရည်မှာ ဆေးဖက်ဝင်ပျားရည်မဟုတ်မှန်းသိသော်လည်း မောပန်းပြေစေခြင်း +၂၊ ဝမ်းချုပ်သက်သာစေခြင်း +၂၊ နာတာရှည်အစာအိမ်ရောင်နာသက်သာစေခြင်း +၂ တို့မှာ အဖိုးတန်ဆေးဖက်ဝင်ပျားရည်တို့ထက် လုံးဝမနိမ့်မှန်းသိလေသည်။

ထို့အပြင်ပျားရည်မှာ အလွန်ကောင်းသဖြင့်နောက်ထပ်ပိုက်ဆံဝင်နိုင်သောလမ်းကြောင်းမှန်း တွေးမိလေသည်။

သူကဂိမ်းထဲတွင် ပျားများပေါ်လာပြီး နေ့တိုင်းပျားရည်ရနိုင်မလားတွေးမိသည်။ မနက်ဖြန်ဘယ်လိုဖြစ်မလဲစောင့်ကြည့်ရပေဦးမည်။

လင်းဖန်လက်ထဲကပျားရည်ကုန်သွားသည်ကိုမြင်သည်နှင့် ချက်လင်ကခွက်ယူ၍ ကျောက်မိုချင်းနှင့်လင်းဖန်အတွက် ထည့်ပေးလိုက်သည်။

''ဝု!'' ဤသည်ကိုဝမ်ချိုင်မြင်သောအခါ ပတပ်ရပ်၍ သူ့ခွက်အကြည်ကို ကောင်တာပေါ်တင်လိုက်၏။

ချင်လင်ကြောင်သွားသည်။

ခွေးရဲ့ရည်ရွယ်ချက်မှာသိသိသာသာပင်။

ဒီကောင်ကွာ!

လင်းဖန်ကပြုံး၍ ခွေးခေါင်းကိုသပ်လိုက်သည်_ ''ငါ့ကလေးက တော်လိုက်တာ!''

''...'' ချင်လင်ဘာမှမပြောနိုင်တော့။ သူကခွေးအတွက်ပျားရည်ထည့်၍ ခပ်ဝေးဝေးယူသွားလိုက်၏။

ဘယ်လိုကလေးမျိုးကို သူ့မိခင်ကရမ်းသမ်းအသိအမှတ်ပြုလိုက်တာလဲ?

ဒီတော့ သူဘာဖြစ်သွားလဲ?

သူနဲ့ဝမ်ချိုင်က မွေးချင်းတွေဖြစ်မသွားဘူးလား?

''ရှောင်လင်... မိုချင်းမိဘတွေ မနက်ဖြန်အိမ်ကိုလာလိမ့်မယ်... စားပွဲတွေပြင်ဖို့မမေ့နဲ့'' လင်းဖန်ကတစ်ခုခုသတိရသွားပြီး ချင်လင်ကိုမမေ့မလျော့မှာလိုက်သည်။

ထိုစကားလုံးများက ကျောက်မိုချင်းကိုရှက်အမ်းအမ်းဖြစ်သွားစေသည်။ မနက်ဖြန်နှစ်ဖက်မိဘတွေဆုံကြတော့မည်။

သူမနှင့်ချင်လင်သာ တိတ်တဆိတ်လက်ထပ်ထားပြီးမဟုတ်လျှင် ပထမဆုံးတွေ့ဆုံခြင်းမှာ စေ့စပ်ပွဲဖြစ်ရပေမည်။

''အမေ... ကျွန်တော်သိပါတယ်... အားလုံးအဆင်သင့်ဖြစ်နေပါပြီ'' ချင်လင်ကချက်ချင်းခေါင်းညိမ့်လိုက်သည်။ ကျောက်မိုချင်းနှင့်ကိစ္စကို ခွင့်လွှတ်ပေးထားပြီးပြီ။ ဘယ်လိုလုပ်ပြီး ပေါ့လျော့လို့ဖြစ်ပါ့မလဲ?

အရည်အသွေး ၂ ဟင်းသီးဟင်းရွက်၊ ငါး၊ သစ်သီးနှင့်ရှန်းရွှေလက်ဆောင်ဆန်တို့ကို အသင့်ပြင်ထားသည်။ အချိန်ကျလျှင် တချို့ဟင်းသီးဟင်းရွက်နှင့်ပင်လယ်စာများပြင်ဆင်ရပေလိမ့်မည်။

သူတို့စကားပြောနေစဉ် ချင်လင်က ချန်လီကိုအရင်လူငယ်တစ်ယောက်နှင့်အတူ လျှောက်လာသည်ကိုတွေ့လိုက်ရသည်။ သူကထောက်ပံ့ငွေပေးရန် ထပ်ရောက်လာခြင်းဖြစ်ပေမည်။



All Chapters