← Chapters

ဒီလူက ငွေပုံလာပေးတာ!

Vol. 5 Ch. 63

ဒီလူက ငွေပုံလာပေးတာ!

Vol. 5 Ch. 63

ချန်လီကဝင်လာပြီး ချင်လင်အား_ ''သူဌေးချင်... စကားပြောဖို့တစ်နေရာသွားကြမလား?''

''ညွှန်ကြားရေးမှူးချန်... ဟိုဘက်သွားကြတာပေါ့" ချင်လင်က ချန်လီအားထောင့်စားပွဲကိုညွှန်ပြလိုက်ပြီး ထိုင်လိုက်သည်။

သူကတစ်ဖက်လူမှာ ထောက်ပံ့ငွေအကြောင်းပြောရန် ထပ်ရောက်လာခြင်းဖြစ်ကြောင်းသိသည်။

''သူဌေးချင်... စီရင်စုက စံအိမ်ထောက်ပံ့ငွေကိစ္စနဲ့ပတ်သက်ပြီး ခွင့်ပြုလိုက်ပြီ'' ချန်လီကထိုင်လိုက်ရင်း_ ''ကျုပ်တို့က သူဌေးချင်စံအိမ်အတွက် အတိုးမဲ့ထောက်ပံ့ငွေအစီအစဉ်နဲ့ ၁+၂ အစီအစဉ်ကိုဖော်ဆောင်မယ်... ကျုပ်သိချင်တာက သူဌေးချင်မှာ ဘယ်လိုလုပ်ငန်းစိတ်ကူး ဒါမှမဟုတ် အစီအစဉ်များရှိထားလဲ?''

ချင်လင်က ထောက်ပံ့ငွေမူဝါဒကိုလေ့လာထားပြီး ၁+၂ အစီအစဉ်မှာ လုပ်ငန်းကြီးတစ်ခုနှင့်အသေးနှစ်ခုမှန်းသိထားသည်။

စီရင်စုကသူ့စံအိမ်ကို လုပ်ငန်းသုံးခုအတွက်ထောက်ပံ့ရန်စီစဉ်ထားခြင်းပင်။

အတိုးမဲ့လုပ်ငန်းထောက်ပံ့ငွေမှာ အတိုးပေးရန်မလိုဟုဆိုလိုသည်။ ထို့အပြင် ပိုက်ဆံလည်းပေးရန်မလိုချေ။ လုပ်ငန်းတည်ထောင်ပြီးသည်နှင့် လုပ်ငန်းမှရသောငွေကိုပေးမည်ဖြစ်သည်။ ငွေကျေသွားလျှင် ထိုလုပ်ငန်းမှာ စံအိမ်၏အပိုင်ဖြစ်ပေမည်။

သဘောမှာစီရင်စုကလည်း သူ့စံအိမ်အပေါ် မျှော်လင့်ချက်ကြီးကြီးထားရှိခြင်းဖြစ်၏။

ချင်လင်က_ ''အကြီးအကဲချန်... အစီအစဉ်ရှိပါတယ်... ခင်ဗျားအရင်ကပြောဖူးတဲ့ ရွက်လွှင့်အစီအစဉ်လည်း စဉ်းစားထားတယ်... တကယ်လည်း ၁၀ ကီလိုမီတာရွက်လွှင့်အစီအစဉ်လုပ်လို့ရတယ်... လိုအပ်တဲ့အပြင်အဆင်တွေက ယွမ် ၆ သန်းကျော်ကျနိုင်တယ်''

ဤသည်မှာ ယခင်ကတည်းက သူစီစဉ်ထားခြင်းဖြစ်သော်လည်း ဤသို့ဆိုခြင်းက ချန်လီကိုလုံးစိတ်သက်သာစေမည်ဖြစ်ကြောင်းသိလေသည်။

ထင်ထားသည့်အတိုင်း ချန်လီကပြုံး၍_ ''ဒါကလည်း လုပ်ငန်းတစ်ခုပေါ့... သူဌေးချင် မင်းမှာတခြားအစီအစဉ်ရှိသေးလား?''

ချင်လင်ကပြုံး၍ဆိုလိုက်သည်_ ''နောက်ထပ်ရှိပါတယ်... အဲဒါက စံအိမ်ကိုချဲ့ဖို့ပါ... အခုဧည့်သည်တွေအတွက် မီးဖိုတွေလုံးဝပြတ်လပ်နေပါတယ်... နောက်ပြီးတည်းခိုဖို့ပြဿနာကလည်းရှိနေပါတယ်... အဲဒီတည်းခိုခန်းပြဿနာကိုဖြေရှင်းဖို့ သူရဲကောင်းတောင်ကြားလို သတို့သမီးအခန်းလေးတွေဆောက်ချင်ပါတယ်... ဒါကလည်း ကုန်ပါဦးမယ်''

သတို့သမီးခန်းဟုခေါ်သောအခန်းမှာ မွန်ဂိုအိမ်ပုံစံနှင့်စစ်စခန်းချရွက်ဖျင်တဲအရွယ်အစားရှိသော အဆောက်အဦးဖြစ်သည်။ ၄င်းကိုအထူးတလည်တည်ဆောက်ရခြင်းဖြစ်၏။

ဤရှုမျှော်ခင်းနေရာရှိသတို့သမီးခန်းမှာ အလွန်သေးသော်လည်း အစုံပလုံရှိသည်။ နေရာကျဉ်းကျဉ်းနှင့် အခြေခံလိုအပ်ချက်အားလုံးပြည့်စုံ၏။ လက်ရှိရှုခင်းသာနေရာအတော်များများမှာ ထိုကဲ့သို့တည်းခိုခန်းမျိုးကိုသုံးကြသည်။

ထို့အပြင် ထိုသတိုးသမီးခန်းမှာ အဖိုးမကြီး။ မြန်မြန်ဆန်ဆန်ဆောက်နိုင်သည်။ ထောက်ပံ့ငွေကျသည်နှင့် တစ်လအတွင်းဆောက်၍ရ၏။

''အင်း... ဒါကလည်း လုပ်ငန်းတစ်ခုလို့ယူဆလို့ရတယ်!'' ချန်လီကခေါင်းညိမ့်ကာ မေးလိုက်သည်_ ''နောက်လုပ်ငန်းတစ်ခုကရော?''

ချင်လင်က_ ''လောလောဆယ် မစဉ်းစားရသေးဘူး... အကြီးအကဲချန် ကျွန်တော့်ကိုအကြံဉာဏ်မပေးတော့ဘူးလား?''

ချန်လီကမငြင်းပယ်ဘဲ အကြံပြုလိုက်သည်_ ''သူဌေးချင်... မင်းရဲ့စံအိမ်က သုံးပွင့်ဆိုင်ပန်းပင်လယ်ကြောင့်ကျော်ကြားတာ... မင်းနောက်ထပ်ပန်းပင်လယ်ဖန်တီးလို့ရတယ်... စံအိမ်က ဧက ၅၀၀ တောင်ကျယ်တာ... အများစုကမဖြစ်ထွန်းဘူးဖြစ်နေတယ်... မင်းဧက ၁၀၀ ကျယ်တဲ့ပန်းပင်လယ် လုံးဝဆောက်လို့ရတယ်... အဲဒါအရမ်းကျော်ကြားလာမယ်လို့ငါထင်တယ်''

''ကောင်းပါပြီ... ဒါဆိုအကြီးအကဲချန်ပြောသလို နောက်ထပ်ကျယ်ပြောတဲ့ပန်းပင်လယ်ဆောက်ကြတာပေါ့!'' ချင်လင်ကသဘောတူလိုက်သည်။ လောလောဆယ်သူလည်း ထိုအလဟဿဖြစ်နေသည့်မြေအတွက် ပိုကောင်းတဲ့အစီအစဉ်မတွေ့သေးတာချင်းအတူတူ ချန်လီ၏အကြံပြုချက်ကိုလိုက်နာလိုက်၏။

ထိုလုပ်ငန်းသုံးခုနှင့် ထောက်ပံငွေပမာဏမှာ ယွမ် ၂၅ သန်းကျော်ပေလိမ့်မည်။

တောင်တန်းစံအိမ်၏ဝင်ငွေကိုရင်းနှီး၍ သူ့ဘာသာဖြည်းဖြည်းချင်းအချိန်ယူပြီးလုပ်မည်ဆိုပါက သေချာပေါက်အချိန်လင့်ပေမည်။

စီရင်စု၏ထောက်ပံငွေနှင့် လက်ရှိခရီးသည်အရေအတွက်နှင့်ဆိုလျှင် တစ်ချိန်တည်းလောက် စီရင်စုကိုငွေပြန်ချေနိုင်ပေမည်။ အဓိကကတော့ သူပိုက်ဆံခြူးတစ်ပြားမှစိုက်ရန်မလိုခြင်းပင်။

သူတို့သဘောတူညှိနှိုင်းပြီဆိုတော့မှ ချန်လီက_ ''သူဌေးချင်... ထောက်ပံ့ငွေဆိုတာထက် စီရင်စုကမင်းကို စီရင်စုခရီးသွားလုပ်ငန်းအဖွဲ့ထဲဝင်ဖို့ မျှော်လင့်ထားတယ်... တောင်တန်းစံအိမ်ရဲ့အဝင်ဝမှာ ရုံချန်းစီရင်စုရဲ့တခြားရှုခင်းသာနေရာတွေကိုကြော်ငြာလို့ရနိုင်မယ်... အားလပ်ရက်တွေမှာ ခရီးသွားအဖွဲ့က ခရီးသွားလုပ်ငန်းတွေကိုကြော်ငြာပြီး စျေးလျှော့ချပေးမယ်... အချိန်ကျရင် တို့အဖွဲ့ထဲဝင်ဖို့မျှော်လင့်ပါတယ်''

ဤသည်မှာ လုံးဝနောက်ထပ်အခြေအနေတစ်ခုပင်။

သူ့တောင်တန်းစံအိမ်ရှိခရီးသည်အရေအတွက်ကို စီရင်စုကအကြိုက်တွေ့ရခြင်းနောက်တစ်ချက်မှာ တောင်တန်းစံအိမ်သည် စီရင်စုတစ်ခုလုံး၏ခရီးသွားလုပ်ငန်း +အစီအစဉ်ကို အလွန်အထောက်အကူပြုခြင်းကြောင့်ဖြစ်လေသည်။

ဤသည်မှာ သူ့အတွက်အရှုံးမရှိပေ။ သူ့မွေးရပ်မြေရှိခရီးသွားလုပ်ငန်းအတွက်ပါဝင်ဆောင်ရွက်ရသည်မှာ ကောင်းသည့်ကိစ္စပင်။

အဓိကက ဤနည်းဖြင့်သူမမြင်နိုင်သောအကျိုးအမြတ်များစွာရနိုင်ပေသည်။ သူတိုးတက်လာသည်နှင့်အမျှ သူ့နောက်ခံရှိလာခြင်းလည်းဖြစ်ပေသည်။

ထို့ကြောင့် ချင်လင်ကခေါင်းညိမ့်၍_ ''အကြီးအကဲချန်... ပြဿနာမရှိပါဘူး... လူတိုင်းက စီရင်စုခရီးသွားလုပ်ငန်းရဲ့အားလုံးအတွက်အကျိုးရှိတဲ့ +အစီအစဉ်ကိုလုပ်ကြမှာပါ''

''သူဌေးချင်သဘောထားက ဒီလိုဆိုရင်ကောင်းပါတယ်... ဒါဆိုရင် စာချုပ်စာတမ်းအတိအကျကို စီရင်စုထဲမှာဆွဲပြီးမှ မင်းကိုအသိပေးမယ်... မင်းဘည်းအရင်ဆုံးစီစဉ်ထားလို့ရတယ်... အချိန်ကျလာရင် မင်းလည်း ဘဏ္ဍာရေးဌာနရဲ့အစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ ကြီးကြပ်ဖို့လိုလိမ့်ဦးမယ်'' ချန်လီကလည်း ရလဒ်ကိုအလွန်ကျေနပ်နေသည်။ ထို့နောက်သူက အချိန်ဖြုန်းမနေတော့ဘဲ သူ့လူများနှင့်ထွက်သွားလေသည်။

ဤသည်က သူဌေးချင်၏ခြုံငုံသုံးသပ်အမြင်ကို သိလိုက်ရ၍ မဆိုးပေ။ ဒီလိုလူမျိုးက စံအိမ်ကိုဆိုးဆိုးဝါးဝါးဖြစ်စေမည်မဟုတ်။ စီရင်စု၏ ထောက်ပံ့မှုလည်း သေချာပေါက်ထောက်ပံ့ရကျိုးနပ်ပေမည်။

ချင်လင်က ကောင်တာဆီပြန်လာသည်။

ကျောက်မိုချင်းက သိချင်စိတ်နှင့်မေးလိုက်၏_ ''ချင်လင်... အခုတွေ့တာဘယ်သူလဲ?''

''ခရီးသွားလုပ်ငန်းဌာနက ညွှန်ကြားရေးမှူးချန်!'' ချင်လင်ကရှင်းပြပြီး ကျောက်မိုချင်းအားပြုံး၍မေးလိုက်သည်_ ''မိုချင်း... သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အပြင် နိုင်ငံရဲ့ဘယ်နေရာကပိုလှတယ်လို့ထင်လဲ?''

ကျောက်မိုချင်းက ခဏစဉ်းစားပြီးနောက်_ ''ကျွန်မရှန်မြို့တော်ရဲ့အလင်းမြို့မှာ ပြည်သူ့ပန်းပင်လယ်စိုက်ထားတာမြင်ဖူးတယ်... အဲဒီပန်းတွေထဲမှာ မုန်ညင်း ပါရှန်းဂန္ဓမာ ရက်တစ်ရာမြက် ရွှေဒင်္ဂါးပန်း ကျားသစ်ခွ ဘီဂိုးနီးယားနဲ့ မိုရန်ပန်းတွေ... ပန်းမျိုးစုံပန်းပင်လယ်က တစ်နှစ်လုံးမှာ ရက် ၂၈၀ လောက်မရပ်မနားပွင့်တာ... အရမ်းလှတာပဲ... အဲဒီမှာ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ဆိုပြီး သွားကြတဲ့အတွဲတွေအများကြီးပဲ''

ထိုစကားကြားလျှင် ချင်လင်ကပြုံး၍ ကျောက်မိုချင်းခါးကိုဖက်လိုက်ပြီး_ ''ဒါဆိုတို့စံအိမ်မှာလည်း တို့ကိုယ်ပိုင်အလင်းမြို့တည်မယ်... အဲဒီပန်းတွေစိုက်မယ်... ပန်းပင်လယ်ပြီးသွားရင် အဲဒီအထဲမှာ မင်္ဂလာဓာတ်ပုံရိုက်မယ်''

ကျောက်မိုချင်းကအံ့အားသင့်၍ ချင်လင်အားကြက်သေသေနှင့်ကြည့်လိုက်သည်_ ''ချင်လင်... အတည်ကြီးလား? စံအိမ်က အခုပဲအကြွေးသန်းချီတင်နေပြီ။ ရှင်ပိုက်ဆံဘယ်ကရလဲ??''

''အဲဒီလူက အခုပဲပိုက်ဆံပို့လိုက်ပြီ'' ချင်လင်ကပြုံးပြီး သူမအားထောက်ပံ့ငွေအကြောင်းပြောပြလိုက်၏။

''အမှန်ပဲလား?'' ကျောက်မိုချင်းက အံ့သြနေသည်။ သူမက ချင်လင်စံအိမ်ဆောက်ရန် စီရင်စုကဒီလောက်ငွေအများကြီးထောက်ပံ့မည်ဟုမထင်ထားပေ။

''ဒါပေါ့!'' ချင်လင်ကအတည်ပြုလိုက်၏_ ''ကိုယ်တို့ထောက်ပံ့ငွေရောက်လာတာနဲ့ လုပ်ငန်းစလို့ရပြီ''

ထို့နောက်ချင်လင်ကဖုန်းထုတ်၍ အွန်လိုင်းတွင်ထောက်ပံ့ငွေစီမံချက်ကိုစစ်ဆေးကြည့်လိုက်သည်။

ကျောက်မိုချင်းက ချင်လင်အား ရွှန်းလဲ့သောမျက်လုံးများနှင့်ကြည့်လိုက်ရာ သူမအတွေးထဲတွင် စာတစ်ကြောင်းပေါ်လာသည်:

သူမက ပြင်သစ်သဖန်းပင်ကြိုက်သည်ပြောသည့်နှစ်တွင် လမ်းများ၌သဖန်းပင်များစိုက်ထားသည်တဲ့!

All Chapters