တစ်နေ့ ၂၅၀၀၀၀ ပေါက်ခြင်း!
Vol. 5 Ch. 65
လူများလွန်း၍ လူဝင်နှုန်းကန့်သတ်ရခြင်း!
ဒီနေ့စံအိမ်ခရီးသည်အရေအတွက်က ၁၅၀၀ ကျော်ပြီး ၁၅၁၂ ပင်ဖြစ်နေပြီ။ လက်မှတ်အစောင် ၇၆၀၅၀ ရောင်းလိုက်ရသည်!
ဂိမ်းထဲမှထုတ်လာသော အရည်အသွေး ၁ ရုံးပတီ၊ ကန်စွန်းဥနှင့် ပန်းပွင့်စိမ်းအားလုံးကုန်လုနီးနီးရောင်းလိုက်ရ၏။ ၄င်းတို့မှာ တစ်နေ့နှစ်ကြိမ်မှည့်သည်။ အရည်အသွေး ၁ ရုံးပတီ ၁၆၅၀ ကတ်တီ၊ ကန်စွန်းဥ ၉၀၀ ကတ်တီနှင့် ပန်းပွင့်စိမ်း ၇၅၀ ကတ်တီဖြစ်၏။ အားလုံးမှာ တစ်ကတ်တီ ၁၅ ယွမ်ဖြစ်၍ စုစုပေါင်း ၄၉၅၀၀ ယွမ်ရလိုက်သည်။
အရည်အသွေး ၁ စတော်ဘယ်ရီ ၁၂၅၀ ကတ်တီနှင့် အရည်အသွေး ၁ ဖရဲသီး ၆၈ လုံးရောင်းရသည်။ အရည်အသွေး ၂ ဖရဲသီး ၁၁ လုံးလည်းရောင်းရသဖြင့် စုစုပေါင်း ၈၂၉၂၀ ယွမ်ရ၏။
ငါးမျှားတံ၊ မီးဖို၊ အကင်စက်ငှားခြင်း၊ သဘာဝငါး၊ တောတွင်းစွန့်စားခန်း၊ မြက်ခင်းလျှော စသည်တို့ကလည်း စုစုပေါင်း ယွမ် ၂၃၆၅၀ ရသည်။
ထို့အပြင် အခုရက်ပိုင်းအတွင်း လင်ဖုန်းနှင့်ဝမ်ဝေတို့ဆီမှ သီးနှံနှင့်ပင်လယ်စာလက်ကားမှာ အမျိုးအမည်တိုးလာရုံမက ပင်လယ်စာအားလုံး၏ပမာဏမှာ ကတ်တီ ၃၀ မှ ၁၀၀ အထိအတိုးအလျှော့ရှိလေသည်။ ဝင်ငွေမှာ ၂၃၈၇၅ ယွမ်အထိရှိလာ၏။
ယနေ့စံအိမ်၏ဝင်ငွေမှာ ၂၅၄၄၈၅ ယွမ်ရသည်။
အများစုမှာ ဂိမ်းမှအလကားရသော ကုန်များဖြစ်လေသည်။
သို့သော် တစ်နေ့ယွမ် ၂၅၀၀၀၀ ကျော်ဝင်ငွေနှင့်တွက်ကြည့်လျှင် ခရီးသည်တစ်ဦးစံအိမ်၌သုံးစွဲငွေမှာ ယွမ် ၁၆၀ သာရှိ၏။
ဤသည်မှာ စားသုံးမှုနှုန်းအလွန်အမင်းလျော့ကျနေသည်။
သူ့မိသားစုဒုက္ခရောက်နေလျှင်တောင် သူအချိန်ပိုင်းအလုပ်လုပ်၍ဝင်ငွေရပြီး ကျောက်မိုချင်းနှင့်ခရီးတိုထွက်မည်ဆိုပါက ယွမ် ၁၆၀ ထက်တော့ပိုကုန်ဦးမည်။
ထို့ကြောင့် ဤအချိုးအတိုင်းတွက်ကြည့်လျှင် စံအိမ်မှာအမှန်ပင် မျက်နှာငယ်စရာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် စံအိမ်ရဲ့ဖျော်ဖြေရေးအပြင်အဆင်နှင့် စားသုံးမှုလုပ်ငန်းမှာ လုံးဝခြုံငုံမိခြင်းမရှိ။
ယခုစံအိမ်မှာ ဧည့်သည်ဝင်ရောက်နိုင်စွမ်းထက် ခရီးသည်ပိုများလာပြီဖြစ်သည်။ တိုးလာသည့်ပမာဏကို ဝန်ထမ်းများကအပြည့်အဝဧည့်ခံနိုင်စွမ်းမရှိသည့်အပြင် လူသစ်ထပ်ဖြည့်ဖို့လည်းလိုအပ်နေ၏။ ပန်းပင်လယ်အတွင်းလူဦးရေမှာလည်း ကန့်သတ်ချက်ထက်ကျော်လွန်နေပေပြီ။
ချင်လင်က မတတ်သာစွာဖြင့်_ ''မိုချင်း... စံအိမ်ရဲ့တရားဝင် Tiktok နံပါတ်ကိုသုံးပြီး အသိပေးလိုက်ပါ... မနက်ဖြန် သုံးပွင့်ဆိုင်ပန်းပင်လယ်က ခရီးသည် ၁၅၀၀ ပဲဝင်လို့ရမယ်လို့... နောက်ပြီး တို့ကိုခွင့်လွှတ်ပေးဖို့နဲ့ ရုံချန်းစီရင်စုအနီးအနားက ရှုခင်းသာနေရာတွေကို ကြော်ငြာပေးလိုက်ပါ''
''ကောင်းပြီ! ကျွန်မနောက်ကျရင် ယောင်ယောင်ကိုခေါ် ဗီဒီယိုရိုက်ပြီး ပြန်ရောက်ရင်တည်းဖြတ်လိုက်မယ်!'' ကျောက်မိုချင်းကခေါင်းညိမ့်၍ စိုးရိမ်သံနှင့်ပြောလိုက်သည်_ ''ဒီလိုလုပ်တာ ခရီးသည်တွေကို စိတ်ထိခိုက်စေလိမ့်မယ်''
''ဒါတော့ မတတ်နိုင်ဘူးပေါ့ကွာ!'' ချင်လင်က မဟန်နိုင်ဘဲပြောလိုက်၏။
သတင်းကလျင်မြန်စွာ ပြန့်သွားမည်။ စံအိမ်တွင် အခြေခံအုတ်မြစ်ကမရှိ။ ဤသည်မှာ အများစုအင်တာနက်ဆယ်လီအရပ်သားများကဲ့သို့ပင်။ ရုတ်တရက်ပေါက်သွားပြီး ခြေလှမ်းကျယ်ကျယ်လှမ်းလိုက်လျှင် ချက်ချင်းနာမည်ကျသွားတော့၏။
အချိန်ကုန်လွန်သည်နှင့်အမျှ သူ့ကိုယ်သူပိုထိန်းချုပ်နေရသည်။ နောက်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ရှုမျှော်ခင်းနေရာဖြစ်၏။ လူဦးရေသိပ်သည်းမှုကျော်လွန်သွားလျှင် မြင်ကွင်းလှတော့မည်မဟုတ်ချေ။
ဤသည်ကိုကျောက်မိုချင်းလည်းနားလည်၍ ကောင်းယောင်ယောင်ကိုရှာကာ ဗီဒီယိုရိုက်လိုက်သည်။ ရွေးချယ်စရာမရှိပေ။ သူမနှင့်ချင်လင်မှာ ကင်မရာကိုမကြည့်နိုင်သူများဖြစ်သဖြင့် ဖြူစင်ပြီးချစ်စရာကောင်းသောအလုပ်သမားခေါင်းယောင်ယောင်ကိုသာဆွဲ၍ သန်မာသည့်ပုံလုပ်ခိုင်းရလေသည်။
ညတွင်_
ကျောက်မိုချင်းကအိမ်ပြန်ရောက်သည်နှင့် ကွန်ပျူတာရှေ့ထိုင်ကာ ရိုက်ထားသောဗီဒိယိုကိုတည်းဖြတ်လိုက်သည်။ သူမက စံအိမ်အနီး ရုံချန်းစီရင်စုတွင်ရှိသော ရှုခင်းသာနေရာများကိုရှာကြည့်ရန် အကြံပြုလိုက်၏။
သူမက ဗီဒီယိုတည်းဖြတ်ခြင်းကို အကျွမ်းတဝင်သိပ်မရှိပေ။ အတိုင်းအတာတစ်ခုရောက်လျှင် ချင်လင်ကို ဗီဒီယိုတည်းဖြတ်သူခန့်ခိုင်းရမည်။ နောက်ပြီး ဤစံအိမ်၏ Tiktok ပရိသတ်များမှာ အလျင်အမြန်တိုးလာပြီး ၄၀၀၀၀၀ ပြည့်တော့မည်ဖြစ်သည်လေ။

ချင်လင်က အရည်အသွေး ၂ ဖရဲသီးကိုအတုံးလေးများလှီးထားသည့်ပန်းကန်အား အခန်းထဲယူလာသည်။ သူကဖရဲသီးတစ်စိတ်ကို သွားကြားထိုးတံနှင့်ထိုးလိုက်ပြီး ကျောက်မိုချင်းကိုခွံ့ကျွေးလိုက်၏_ ''အရမ်းကြိုးစားနေတာပဲ... ဖရဲသီးစားလိုက်ပါဦး''
ကျောက်မိုချင်းကပါးစပ်ဟ၍ ဖရဲသီးစားလိုက်သည်။ သူမက အတည်ပေါက်နှင့်_ ''ကျွန်မပခုံးတွေခဲနေတယ်''
''ကိုယ်နှိပ်ပေးမယ်!'' ချင်လင်ကချက်ချင်းအလိုက်တသိနှင့် သူ့လက်ကိုဆန့်၍ ကျောက်မိုချင်းပခုံးကိုနှိပ်ပေးလိုက်သည်။
''ဝု!'' ခွေးကအသံပြုလိုက်၏။ သူကအထဲပြေးဝင်လာပြီး သူ့ခေါင်းကိုကျောက်မိုချင်းပေါင်နားကပ်ထားလိုက်ကာ ဖရဲသီးကိုစူးစိုက်၍မျှော်ကြည့်နေလေသည်။
ကျောက်မိုချင်းက ဝမ်ချိုင်ခေါင်းကိုသပ်၍ သွားကြားထိုးတံနှင့်ဖရဲသီးယူကာ ဝမ်ချိုင်ကိုကျွေးလိုက်၏။
''...'' ဤသည်ကိုချင်လင်မြင်လျှင် ဖြည်းဖြည်းချင်းသက်ပြင်းချလိုက်သည်။ သူကသူ့ဇနီးကိုကျွေးတယ်... သူ့ဇနီးကတော့ ခွေးကိုကျွေးတယ်။
ရုတ်တရက်သူ့မိသားစုအခြေအနေမှာ စိုးရိမ်စရာကောင်းမှန်းသိလိုက်ရလေသည်။
ကျောက်မိုချင်းက ဗီဒီယိုတည်းဖြတ်ပြီးသည်နှင့် တင်လိုက်သည်။
သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ရေပန်းစားခြင်းကြောင့် ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်သောဗီဒီယိုမှာ ရေပန်းစားလွယ်၏။ သိပ်မကြာခင် လူအတော်များများမြင်သွားကြသည်။
နောက်တစ်နေ့တွင် ချင်လင်နိုးလာသောအခါ ကျောက်မိုချင်းနိုးနေပြီဖြစ်ကြောင်းသိလိုက်၏။
''အစောကြီးနိုးနေပါလား... ဘာလို့ပြန်မအိပ်တာလဲ?'' ချင်လင်ကသမ်းရင်းမေးလိုက်သည်။
ကျောက်မိုချင်းက_ ''မနေ့ကကျွန်မတို့အသိပေးလိုက်တာ... အပြောခံရမှာ ရှင်စိတ်မပူဘူးလား?''
ချင်လင်ကထိုအကြောင်းတွေးမိပြီး သဘောတူလိုက်သည်။ ဘာပဲဖြစ်ဖြစ် ငါကမင်းဆီကိုလာလည်ချင်တာ၊ မင်းကလူဦးရေအကန့်အသတ်ရှိတယ်လို့ပြောလိုက်ရင် လူတိုင်းက ကန့်ကွက်လာကြမည်ပင်။
သူလည်းဖုန်းထုတ်ပြီး မနေ့ညက စံအိမ်တရားဝင်အကောင့်တွင်တင်ထားသောဗီဒီယိုကိုကြည့်လိုက်သော်လည်း စိုးရိမ်အခြေအနေရှိမနေ။ ထို့အပြင် ဗီဒီယိုအောက်တွင်မှတ်ချက်ကောင်းများနှင့် အကြံပြုချက်အမျိုးမျိုးကိုတွေ့လိုက်ရလေသည်:
''စံအိမ်ပိုင်ရှင်က အမြင်ကျယ်တာပဲ... သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကို ခရီးသည်အရေအတွက်ကန့်သတ်လိုက်တယ်... စံအိမ်မှာတခြားထပ်တိုးလုပ်ငန်းတွေမရှိသေးဘူး... ခရီးသည်အရေအတွက်ကိုကန့်သတ်လိုက်တာ အကောင်းဆုံးပဲ... မဟုတ်ရင် မြင်ကွင်းကိုထိခိုက်လိမ့်မယ်''
''ပိုင်ရှင်က ခရီးသည်တွေမြင်ကွင်းကောင်းကောင်းရဖို့ လည်ပတ်သူအရေအတွက်ကန့်သတ်လိုက်သေးတယ်... အနည်းဆုံးတော့ ကြက်သွန်မိတ်လိုဖြတ်လိုက်တာမဟုတ်ဘူးပေါ့... တခြားရှုခင်းသာနေရာကို ဂရုမစိုက်လောက်ပါဘူး''
''ကျွန်တော့်အထင်တော့ စံအိမ်ကအချိန်သတ်မှတ်ထားသင့်တယ်... ဒါမှကျွန်တော်တို့နိုင်ငံခြားသားတွေ ခရီးစဉ်အချည်းနှီးမဖြစ်မှာ!''
''အွန်လိုင်းကြိုတင်ယူစနစ်လုပ်လိုက်ပါ... လက်မှတ်ရမှလာခဲ့မယ်... လာရတာ အလကားမဖြစ်တော့ဘူးပေါ့!''
“…”
''ဘယ်သူမှအပြစ်မပြောဘူးလို့မထင်ထားဘူး!'' ကျောက်မိုချင်းက ဖုန်းကိုင်ထားရင် အံ့သြစွာနှင့်ပြောလိုက်သည်။
''အင်း!'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။ သူလည်းအပြစ်ပြောခံရမည်ဟုထင်ထားသော်လည်း အင်တာနက်ကိုသူအမီမလိုက်နိုင်ဟုတော့ထင်လိုက်သည်။
သို့သော် သူတို့ရှုခင်းသာနေရာသို့ လည်ပတ်သူအရေအတွက်ကန့်သတ်မထားသော ရှုမျှော်ခင်းနေရာများစွာရှိ၏။
သို့သော်လည်း အပြစ်ပြောမခံရတော့ တော်သေး၏။
သူကစိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သီးနှံများမှည့်နေပြီ။ သူကဂိမ်းဇာတ်ကောင်ကို သီးနှံများခူးစေပြီး သိုလှောင်ခန်းထဲထည့်လိုက်သည်။ ထို့နောက် မျိုးစေ့အသစ်များစိုက်ထားလိုက်သည်။

သူကဂိမ်းဇာတ်ကောင်အား တောင်များဆီသွားစေလိုက်သည်။ သန့်စင်သည့်သဘာဝပျားရည် ထပ်ရနေပြီဖြစ်၏။ ထင်ထားသည့်အတိုင်း ဂိမ်းဟောင်းပုံစံထဲကလိုပင် သဘာဝပျားရည်မှာ နေ့တိုင်းနီးပါးထပ်ရသည်ဖြစ်သည်။
ဤသည်ကြောင့်သူက ပျားရည်လုပ်ငန်းလုပ်ရန် တွေးမိသည်။
ထို့အပြင် တောထဲရှာကြည့်လိုက်ရာ သဘာဝပျားအုံသုံးခုထပ်ရ၏။
ပျားအုံအားလုံးဖွပ်၍ သိုလှောင်ခန်းထဲထည့်ပြီးလျှင် အိပ်ရာမှထလိုက်သည်။ ထို့နောက်သူ့မိခင်၏ဆန်ပြုတ်သောက်ကာ ဂိုဒေါင်ဆီသွားလိုက်သည်။
ဂိုဒေါင်ဆီရောက်လျှင် ဂိမ်းထဲဝင်ပြီးသိုလှောင်ခန်းထဲသွားလိုက်၏။ ပထမဆုံးသူလုပ်သည်မှာ သန့်စင်သည့်သဘာဝပျားရည်ထည့်ထားသောခွက်ဆီသွားခြင်းပင်။
မနေ့က ကတ်တီ ၉၀၊ ဒီနေ့ ကတ်တီ ၉၀။ မနေ့ကသူထုတ်ယူသွားသော တစ်ကတ်တီနှင့်ဆိုလျှင် ခွက်ထဲတွင်ပျားရည် ၁၇၉ ကတ်တီရှိသည်။
မနေ့ကပျားရည်အကြောင်းစဉ်းစားမိလျှင် စံအိမ်တွင်လုံးဝပျားရည်လုပ်ငန်းစလို့ရပြီး လူအများစိတ်ဝင်စားအောင် ဆေးဖက်ဝင်ပျားရည်ကိုသုံးနိုင်သည်။ ယခုရှုမျှော်ခင်းနေရာအတော်များများတွင် နွားနို့တစ်ခွက်ကို ယွမ် ၂၀ ပေးရ၏။ သူ့ပျားရည်က နွားနို့ထက်တော့ မလျော့နိုင်ဘူးမလား?
ထိုသို့တွေးမိသည်နှင့် ချင်လင်ကအစီအစဉ်လုပ်လိုက်သည်။
သီးနှံအမှည့်များကို တောင်တန်းစံအိမ်သို့အသုတ်ခွဲပို့လိုက်ပြီးနောက် စူပါမားကတ်သို့သွား၍ အကြည်ခွက်ကြီးကြီးများဝယ်ကာ ဂိမ်းထဲဝင်ပြီး သန့်စင်သဘာဝပျားရည်ကိုထည့်လိုက်သည်။
ရုံချန်းစီရင်စုတွင်_
ချန်လီရိမှာလည်း သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးနှင့် ခရီးသွားဌာနတွင်တွေ့ဆုံနေသည်။
''စွန်းရှန်... ဒါကချင်းလင်စံအိမ်အတွက် ထောက်ပံ့ငွေစာရင်းအချက်အလက်တွေ... ငါတို့ဆွေးနွေးခဲ့တဲ့လုပ်ငန်းသုံးခုအရ ထောက်ပံ့ငွေက ယွမ် ၂၃ သန်းလောက်ဖြစ်လိမ့်မယ်... ငွေကုန်ကြေးကျအများဆုံးက တည်းခိုခန်းနဲ့စားသောက်ဆိုင်လိုမျိုး ချဲ့ထွင်တဲ့လုပ်ငန်းတွေဖြစ်မယ်... အဲဒါပြီးရင် ရွက်လွှင့်တဲ့လုပ်ငန်းပဲ... ပန်းပင်လယ်လုပ်ငန်းကတော့ အနိမ့်ဆုံးပေါ့''
စွန်းရှန်က အချက်အလက်ကိုယူကြည့်လိုက်သည်။ သူက_ ''အကြီးအကဲချန်... ဒီတစ်ကြိမ်မှာ ချင်းလင်စံအိမ်က ရုံချန်းစီရင်စုထဲရုတ်တရက်ပေါ်လာခဲ့တာ... ကျုပ်တို့က အွန်လိုင်းအကျိုးအမြတ်တွေအတိုးချရလိုက်တယ်... ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့မှာဖွံ့ဖြိုးပြီးသားရှုမျှော်ခင်းနေရာတွေရှိပေမဲ့ စီရင်စုနဲ့အလှမ်းဝေးကြတယ်ဆိုတော့... အဲဒီစံအိမ်အကြောင်းထပ်ပြောစမ်းပါဦး''
ချန်လီကခေါင်းညိမ့်၍_ ''ဒီစံအိမ်ကအရမ်းနာမည်ကြီးတယ်... နောက်ဆုံးဘယ်လောက်နာမည်ကြီးလာမလဲမသိဘူး... လက်ရှိစံအိမ်မှာ နေ့တိုင်းခရီးသည် ၁၀၀၀ လောက်ရှိတယ်... စံအိမ်ဖွံ့ဖြိုးတဲ့အကြောင်းက ရှည်တယ်ဆိုတော့ ဒီထောက်ပံ့ငွေအစီအစဉ်အတွက် ခင်ဗျားကိုအစည်းအဝေးဖိတ်ရမှာစိုးနေတာ... ကျုပ်တို့ရဲ့အကူအညီနဲ့ အထူးရံပုံငွေက အနည်းဆုံးတစ်လအတွင်းသုံးနိုင်လိမ့်မယ်''
''အဓိကတွေ့ရတာက ပင်လယ်ပြာအဖွဲ့အစည်းကချန်ရှန်းဖေရယ် ဟန်ယွင်အဖွဲ့အစည်းကမာလဲ့ဝမ်ရယ် စံအိမ်ပိုင်ရှင်ရယ်က ဆက်သွယ်ရေးကောင်းကြတာပဲ... ဒီစံအိမ်မှာ အထက်တန်းစားဧည့်သည်တွေ တိုးလာမယ့်အလားအလာလည်းရှိနေတယ်... ဒါကိုထပ်စုံစမ်းရဦးမယ်''
ထိုစကားများက စွန်းရှန်ကိုလုံးဝစိတ်လှုပ်ရှားသွားစေသည်။
သူက ပင်လယ်ပြာအဖွဲ့အစည်းနှင့် ဟန်ယွင်အဖွဲ့အစည်းအကြောင်းသိသည်။
ဒီလိုအဖွဲ့အစည်းက ရုံချန်းစီရင်စုမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် အကျိုးထိရောက်မှုကကြီးမားပေမည်။
ရုံချန်းစီရင်စုတွင် ရင်းနှီးမြှုပ်နှံဖို့ကောင်းသောအရာများစွာရှိသော်လည်း စီရင်စုမြို့ငယ်လေးများမှာ ရင်းနှီးမြှုပ်နှံသူများကို မဆွဲဆောင်နိုင်ပါချေ။
သူတို့နှစ်ဦးစကားပြောနေစဉ် ချန်လီ၏နောက်လိုက်လူငယ်လေးလျှောက်လာသည်ကို တွေ့လိုက်ရသည်_ ''အကြီးအကဲချန်... ကျွန်တော့်ကို ချင်းလင်စံအိမ်စောင့်ကြည့်ခိုင်းထားတာ... မနေ့ညကပဲစံအိမ်က ဒီနေ့ကစပြီး လူဦးရေကန့်သတ်လိုက်ပြီလို့ကြေညာထားတယ်''
''ဘာလို့ကန့်သတ်ရတာတဲ့လဲ?'' ချန်လီက မျက်မှောင်ကြုတ်လိုက်သည်။
အခုနာမည်ကျော်ပုံနှင့်ဆို စံအိမ်ကဒါကိုကောင်းကောင်းအသုံးချပြီး ပြဿနာမလုပ်ဖို့သူမျှော်လင့်ထား၏။
လူငယ်ကရှင်းပြလိုက်သည်_ ''မနေ့ကချင်းလင်စံအိမ်မှာ ဧည့်သည် ၁၅၀၀ ကျော်တဲ့ပုံပဲ... သူတို့ဧည့်သည်လက်ခံနိုင်စွမ်းက အကန့်အသတ်ရှိနေတော့ ရွေးချယ်စရာမရှိလို့လူဦးရေကန့်သတ်လိုက်ရတယ်... သူတို့အခုအရမ်းနာမည်ရနေပြီ... သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်နဲ့တင် သူတို့ရဲ့တရားဝင်အကောင့်ကိုကြည့်တဲ့သူ ၄၀၀၀၀၀ လောက်ရှိပြီ''
''မနေ့က လူ ၁၅၀၀ ကျော်တာလား?'' ချန်လီကမယုံနိုင်ပေ။ ဒါကသူမှန်းထားတဲ့ တစ်နေ့လူ ၂၀၀၀ ဖြစ်ဖို့ ၅၀၀ ပဲလိုတော့သည်။
စံအိမ်၏အပြင်အဆင်ကညံ့လွန်းခြင်းကြောင့်သာမဟုတ်လျှင် လူ ၂၀၀၀ ရဖို့မခက်တော့။
လူငယ်ကဆက်၍_ ''ချင်းလင်စံအိမ်ကလူဦးရေကန့်သတ်လိုက်ပေမဲ့ ဗီဒီယိုထဲမှာ စီရင်စုမြို့ထဲကအနီးအနားရှုမျှော်ခင်းနေရာတွေကိုကြော်ငြာပေးထားပါတယ်''
''သူဌေးချင်က အမြင်ကျယ်ကျယ်ကြည့်တတ်တာတော့ တကယ်တော်တယ်'' ထိုသတင်းကြားလျှင် ချန်လီကမပျော်ဘဲမနေနိုင်တော့ပေ။
''အစည်းအဝေးလုပ်ကြတာပေါ့... တခြားလူတွေကိုခေါ်လိုက်မယ်'' စွန်းရှန်က လှုပ်ရှားတော့သည်။ စီရင်စုကမြှုပ်နှံထားတဲ့ရှုခင်းသာနေရာတွေက သူရဲကောင်းတောင်ကြားမှာသာရှိသေးသည်လေ။