← Chapters

ရာထူးငယ်လေး! ဖရဲသီးကြီးတာ မြန်လွန်းတယ်!

Vol. 5 Ch. 67

ရာထူးငယ်လေး! ဖရဲသီးကြီးတာ မြန်လွန်းတယ်!

Vol. 5 Ch. 67

အစီအစဉ်ဆွဲပြီးနောက် ချင်လင်ကအကောင်အထည်ဖော်ရတော့မည်။ ဝမ်ချိုင်ကိုပျားရည်ကျွေးပြီးသည်နှင့် သူကကျောက်မိုချင်းအား_ ''ကိုယ်မြို့ထဲသွားပြီး အထူးခွက်တွေမှာပြီး နို့လက်ဖက်ရည်ခွက်ပိတ်တဲ့စက်ဝယ်လိုက်ဦးမယ်... တစ်ခါတည်း ချင်ရန်ရဲ့စတူဒီယိုဝင်ပြီး ဆေးဖက်ဝင်ပျားရည်ကြော်ငြာလုပ်ဖို့နဲ့ အုန်းသီးတချို့မှာလိုက်ဦးမယ်''

ကျောက်မိုချင်းက တစ်ခုခုတွေးမိပြီး_ ''ဒါနဲ့ ကျွန်မအစ်ကိုကအခုတလော နို့လက်ဖက်ရည်ဆိုင်ဖွင့်ဖို့လုပ်နေတာ... သူ့မှာ အုန်းသီးနဲ့နို့လက်ဖက်ရည်ပလတ်စတစ်ခွက်အတွက် အဆက်အသွယ်ရှိလောက်တယ်... ကျွန်မသူ့ကိုတိုက်ရိုက်မေးလိုက်မယ်''

''ဟုတ်ပြီလေ... ဒီကိစ္စကိုမင်းနဲ့လွှဲလိုက်မယ်... ကျန်တာကိုယ်လုပ်လိုက်မယ်'' ချင်လင်ကခေါင်းညိမ့်၍ စားပွဲပေါ်မှလျှပ်စစ်ဆိုင်ကယ်သော့ယူကာထွက်လာခဲ့သည်။

ကျောက်မိုချင်းက ချင်လင်ကိုတား၍ သူ့လက်ထဲ BMW ကားသော့ထည့်ပေးလိုက်၏_ ''ကျွန်မအစ်ကိုကားယူသွား''

''မင်းကားပြန်မပေးရသေးဘူးလား?'' ချင်လင်ကမေးလိုက်သည်။

ကျောက်မိုချင်းက ရှင်းပြလိုက်သည်_ ''ကျွန်မအဖေမှာကားရှိသေးတယ်... သူကျောင်းသွားရင်တောင်မမောင်းနိုင်ဘူး... ကျွန်မအစ်ကိုအဲ့ကားကိုအရင်စီးလိမ့်ဦးမယ်... သူကပြောတယ် လျှပ်စစ်ဆိုင်ကယ်လေးနဲ့အဆင်မပြေဘူးတဲ့... ဒီကားကိုအရင်စီးထားတဲ့''

''ယောက်ဖကိုကျေးဇူးတင်တယ်လို့ ကိုယ့်အစားပြောလိုက်ပါဦး'' ချင်လင်က ကျောက်မိုယွင်၏စေတနာကို ခံစားမိသည်။

အခုသူချမ်းသာလာပြီဖြစ်၍ ကားဝယ်သင့်နေပြီဖြစ်သည်။ အိမ်ကိစ္စလည်းဖြေရှင်းရတော့မည်။

စံအိမ်ဖွင့်သည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး စံအိမ်အကောင့်ထဲတွင် ယွမ် ၁.၅ သန်းကျော်ရှိနေလေပြီ။

ကားပါကင်ရောက်လျှင် ချင်လင်က သူ့ယောက်ဖကားကိုမောင်း၍ ချင်ရန်၏စတူဒီယိုသို့ထွက်လာခဲ့သည်။

''ရို့... သူဌေးကြီးရောက်လာပါပြီ'' ချင်ရန်က သူ့ကိုမြင်သည်နှင့်စလိုက်၏။

တခြားသူ့လုပ်ဖော်ကိုင်ဖက်များကလည်း မတ်တပ်ရပ်ကာ အားတက်သရောကြိုဆိုကြသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ရဲ့လူအင်အားနှင့်ဆိုလျှင် တစ်ဖက်လူကလည်း သူတို့နှင့်ကြော်ငြာစီစဉ်ရန် သေချာပေါက်ပူးပေါင်းကြပေမည်။

ဟူဖေးက နွေးထွေးစွာနှင့်_ ''ဒီနေ့ဘာလုပ်ပေးရမလဲ ဥက္ကဌချင်?''

......

ချင်လင်ကပြုံး၍ပြောလိုက်သည်_ ''ခင်ဗျားကိုမညွှန်ကြားရဲပါဘူးဗျာ... ဒါပေမဲ့ ထုတ်ကုန်တချို့အတွက်ကြော်ငြာဖို့လိုလို့... ရုံးပတီ ဖရဲသီး စတော်ဘယ်ရီ အဲဒါတွေပေါ့... အဓိကက ဆေးဖက်ဝင်ပျားရည်ပဲ... ကျွန်တော် ၂ မီတာအရှည် ၁ မီတာအလျားရှိတဲ့ကြော်ငြာဗီနိုင်းလိုချင်တယ်... ကြော်ငြာစာမှာ မောပန်းတာ အစာအိမ်ရောင်တာ ဝမ်းချုပ်တာတွေကိုသက်သာစေတဲ့အကြောင်းထည့်ပေးပါ...''

ချင်လင်က သူလိုချင်သည်ကို ဟူဖေးအားရှင်းပြလိုက်သည်။

ဘေးမှချင်ရန်က ရုတ်တရက်ပြောလိုက်၏_ ''လင်ဇီ... မင်းရဲ့ဆေးက ဝမ်းချုပ်တာကိုသက်သာစေတယ်လား?''

ချင်လင်ကခေါင်းညိမ့်၍_ ''သူ့မှာ အာနိသင်တချို့ရှိတယ်... မင်းဝမ်းချုပ်လို့လား?''

ချင်ရန်ကချက်ချင်းခေါင်းရမ်း၍ ငြင်းလိုက်သည်_ ''ငါကဘယ်လိုလုပ်ဝမ်းချုပ်မှာလဲ? ငါ့သူငယ်ချင်းတစ်ယောက်... သူ့အတွက်မေးပေးတာ''

ထိုစကားကြားလျှင် ချင်လင်နှင့်ဟူဖေးတို့က ပြုံးလိုက်ကြသည်။

ချင်ရန်က သူတို့၏မယုံနိုင်သောအကြည့်တို့ကိုမြင်လျှင် ချက်ချင်းခေါင်းစဉ်ပြောင်းကာ_ ''ဒါနဲ့ လင်ဇီ... မင်းဒီဆေးဖက်ဝင်ပျားရည်လုပ်ဖို့ ကိုယ်ပိုင်နို့လက်ဖက်ရည်ခွက် အပိတ်နဲ့ ပိုက်တွေလုပ်သင့်တယ်မလား? ငါတို့စတူဒီယိုမှာ ဒါမျိုးလုပ်တဲ့ဖောက်သည်နှစ်ဦးရှိတယ်... ငါမင်းကို Wechat အဖွဲ့ထဲမှာ သူတို့နဲ့ဆက်သွယ်ပေးမယ်... သူတို့ကိုစျေးပြိုင်ခိုင်းလိုက်... မင်းလျှောက်ရှာမနေရတော့ဘူးပေါ့''



''ဒီလိုလုပ်လို့ရလား?'' ချင်လင်ကအံ့သြစွာမေးလိုက်သည်။

သူကဆေးဖက်ဝင်ပျားရည်ခွက်တချို့မှာရုံပဲလေ!

ချင်ရန်ကမေးလိုက်သည်_ ''ဥက္ကဌချင်... မင်းအခုထိရာထူးမပြောင်းရသေးဘူးလား? ရုံချန်းလိုစီရင်စုလေးမှာ မင်းလောက်ဆိုသူဌေးကြီးလို့ သတ်မှတ်လို့ရတယ် ဟုတ်ပြီလား?''

''မင်းလိုဘယ်သူလုပ်နိုင်လို့လဲ? ဧည့်သည်တွေများလွန်းလို့ပါဆိုပြီး လူဦးရေဘယ်သူကန့်သတ်ရလို့လဲ? ရုံချန်းစီရင်စုထဲ ဘယ်နို့လက်ဖက်ရည်ဆိုင်က ဧည့်သည် ၁၅၀၀ လောက်လုပ်နိုင်လို့လဲ?''

''တစ်နေ့ကိုနို့လက်ဖက်ရည်ခွက်တစ်ထောင်ဖြုန်းအားရှိတယ်ဆိုရင်ရော? ခေတ်ပေါ်ခွက်သုံးခွက်တစ်စုံနဲ့ LOG စျေးက ၂ ဒေါ်လာ... သူတို့က ၀.၅ ဒေါ်လာမြတ်တယ်... တစ်လဆိုရင် ဒေါ်လာ ၁၅၀၀၀ ပဲလေ''

''မင်းစံအိမ်ကထပ်ပြီးဖွံ့ဖြိုးလာတာ အားလုံးအသိပဲ... အချိန်ကျရင် အဝင်အထွက်ပိုများပြီး စားသုံးသူပိုများလာမယ်... ရုံချန်းစီရင်စုလိုနေရာငယ်လေးမှာ မင်းကအရည်အချင်းရှိတဲ့ရေရှည်ဖောက်သည်လေ... မင်းလိုဧည့်သည်ကိုမလုချင်တာ အရူးတွေပဲဖြစ်မယ်''

''ဒါအမှန်ပဲ... နေရာသေးသေးလေးမှာ ကုမ္ပဏီထောင်ရတာ ဘယ်လောက်ခက်ခဲမှန်း လုပ်နေတဲ့အဖွဲ့တွေပဲသိတယ်... အမှာသိန်းချီသန်းချီတွေကို ကုမ္ပဏီကလွယ်လွယ်လေးညှိနှိုင်းလို့ရတယ်ထင်လို့လား?''

ချင်လင်ကပြုံး၍_ ''ဟုတ်ပြီလေ... ငါ့ကိုစီစဉ်ပေးပါဦး''

ချင်ရန်ကအချိန်ဖြုန်းမနေ။ ခဏအကြာ ချင်လင်ကိုအဖွဲ့ထဲသွင်း၍ လူနှစ်ယောက်ထပ်ထည့်လိုက်သည်။

တစ်ယောက်က ဖူဟိုင်ဘူးခွံ!

တစ်ယောက်က ရှောင်ချန်ဘူးခွံ!

သူတို့နှစ်ဦးဝင်လာသည်နှင့် သူတို့ကချင်လင်ကိုတွဲ၍စာပို့ကြသည်။

''ဘာကူညီပေးရမလဲ ဥက္ကဌချင်?''

''ဘာမှာချင်ပါသလဲ ဥက္ကဌချင်?''

ချင်ရန်ကအချိန်မလင့်စေဘဲ ချင်လင်ကိုတန်းတွဲ၍စာပို့လိုက်သည်_ ''ဒါငါ့ညီအစ်ကို ချင်းလင်စံအိမ်ရဲ့ဥက္ကဌပဲ... သူကစိတ်ကြိုက်ခွက်လေးတွေလုပ်ချင်တယ်... စျေးပြောပေးပါ''

ချင်ရန်စာပို့လိုက်သည်နှင့် သူတို့နှစ်ဦးက တပြိုင်တည်းစျေးစာရင်းပို့လိုက်သည်။

ဒီအတောအတွင်း ရုံချန်းစီရင်စုတွင်နာမည်အကြီးဆုံးနေရာမှာ ချင်းလင်စံအိမ်ဖြစ်သည်။ နေ့တိုင်းခရီးသည်တွေတဖွဲဖွဲနှင့်။ အကယ်၍ချင်းလင်စံအိမ်သူဌေးက ကိုယ်ပိုင်ခွက်ထုတ်ချင်သည်ဆိုပါလျှင် သေချာပေါက်နေ့တိုင်းအများကြီးသုံးမှာပင်။ ထို့အပြင်ရေရှည်ဖောက်သည်ဖြစ်သဖြင့် လျစ်လျူမရှုရဲကြပေ။

ရုံချန်းစီရင်စုကဲ့သို့နေရာငယ်လေးတွင် စီးပွားရေးလုပ်ရသည်မှာ အလွန်စိတ်ဖိစီးစရာကောင်း၏။

ချင်ရန်က စျေးစာရင်းကိုကြည့်လိုက်ပြီး ချင်လင်အား_ ''စျေးက အရင်ထက်သက်သာတယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

သူတို့နှစ်ဦးလုံးဖြန့်ဝေသည့်စျေးစာရင်းမှာ အစားစားရှိသည်။ စျေးအပေါဆုံးပါးလွှာသည့်ပလတ်စတစ်ခွက်မှာ ၅ ဆင့်၊ စျေးအကြီးဆုံးများမှာ အလွှာထပ်ပုံသွင်းခွက်များဖြစ်ပြီး PP သားကတ်ထူဖုံးခွက်ကြီးများမှာ စိတ်ကြိုက်ပုံထုတ်နိုင်ပြီး နှစ်ယွမ်ဖြစ်သည်။

ချင်လင်ကစျေးအပေါဆုံးကိုမရွေး။ နောက်ပြီးသူက ဆေးဖက်ဝင်ပျားရည်ကိုထွင်၍ အထက်တန်းကျကျလုပ်ချင်သည်လေ။ ထို့ကြောင့် စျေးအကြီးဆုံးဖြစ်သည့် စတစ်ကာပါပြီး PPသားကတ်ထူဖုံးနှင့် ကိုယ်ပိုင် logo ရှိခွက်ကိုရွေးလိုက်သည်။

နှစ်ဦးစလုံးက ၂ ယွမ်ဖြစ်သဖြင့် အုပ်စုနှစ်ခုလုံးအနိမ့်ဆုံးပေးနိုင်သောစျေးဆိုသည့်သဘောပင်။

ချင်လင်က တခဏမျှစဉ်းစားပြီး အဖွဲ့ထဲစာပို့လိုက်သည်_ ''နမူနာပုံထုတ်ပြပါလား... ချင်းလင်စံအိမ် _ ဆေးဖက်ဝင်ပျားရည်တံဆိပ်နဲ့''

အဖွဲ့ထဲကနှစ်ဦးမှာ ထိုစာကိုမြင်လျှင် ချင်လင်ကိုခဏစောင့်ခိုင်းပြီး အချိန်မဆွဲဘဲလုပ်လိုက်ကြသည်။



ခဏအကြာ အဖွဲ့ထဲတွင်လှုပ်ရှားလာပြန်သည်။ သူတို့နှစ်ဦးက ရှေးဟောင်းခွက်ပုံစံဗီဒီယိုကိုတင်ပြ၏။ နှစ်ဦးလုံးက နောက်ခံအရောင်ပေါ်တွင် ချင်းလင်စံအိမ်၏ဆေးဖက်ဝင်ပျားရည်အမှတ်တံဆိပ်ကိုရိုက်နှိပ်ထားသည်။

ရုံချန်းစီရင်စုလိုနေရာငယ်လေး၌ တစ်ဖက်လူတွင် ကိုယ်ပိုင်တံဆိပ်များစွာရှိမည်ဟု မျှော်လင့်ထား၍မဖြစ်။ အားလုံးအတူတူနီးနီးပင်။

ချင်လင်ကတုံ့ဆိုင်းမနေ။ လတ်တလောသုံး၍ရလျှင် အဆင်ပြေသည်။ သို့သော်ပထမဆုံးအမြင်နှင့် ဖူဟိုင်အဖွဲ့ကိုရွေးချယ်လိုက်၏။

ထိုအဖွဲ့ကပါးပါးနပ်နပ်ဖြင့် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၏ပုံကို နောက်ခံအဖြစ်သုံးသွားသည်လေ။

တစ်ခါတရံ ဤသို့ဖြစ်တတ်သည်။ နည်းနည်းပိုထင်းသည်က လူတွေရဲ့ဆုံးဖြတ်ချက်ကိုရတတ်၏။

ချင်ရန်ကလည်း ဖူဟိုင်အား_ ''မင်းတို့ရဲ့နမူနာကို ငါ့စတူဒီယိုဆီယူခဲ့ပါ... ငါလက်ဖက်ရည်ဖျော်ပြီး စောင့်နေမယ်''

''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်'' ဖူဟိုင်ကပြန်ပြောလိုက်သည်။

တစ်ဖက်လူကလည်း ငြိမ်သွားသည်။ သူကပြိုင်ဘက်နမူနာကိုမြင်လျှင် အခွင့်အရေးဆုံးရှုံးပြီဟုသိလိုက်၏။ ဘာပဲဖြစ်ဖြစ်သူက ပြိုင်ဘက်လောက်မှမပါးနပ်ဘဲ။

ဖူဟိုင်ပလတ်စတစ်ဘူးခွံလုပ်ငန်းသူဌေးမှာ ကျန်းရှစ်ဖြစ်သည်။ သူကချင်လင်ကိုမြင်မြင်ချင်း အားတက်သရောနှင့်_ ''ဥက္ကဌချင်... ကျုပ်တို့ဖူဟိုင်ပလတ်စတစ်ဘူးခွံကိုရွေးချယ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်''

''ဥက္ကဌကျန်း... အားနာလွန်းနေပါပြီ!'' ချင်လင်ကပြုံး၍ တစ်ဖက်လူအားလက်ဆွဲနှုတ်ဆက်လိုက်သည်။

သူက ရုံချန်းစီရင်စုတွင်နေရာတစ်ခုရှိသူဖြစ်မည်ဆိုသော တစ်ဖက်လူ၏စိတ်နေသဘောထားကိုခံစားမိလိုက်၏။

''ဥက္ကဌချင်... ဒါကနမူနာပါ!'' ကျန်းရှစ်ကချက်ချင်းပင်နမူနာထုတ်လိုက်ပြီး ချင်လင်လက်ထဲထည့်ပေးလိုက်သည်_ ''သေချာသန့်စင်ပိုးသတ်ပြီးသားပါ... ချက်ချင်းသုံးလည်း ပြဿနာမရှိပါဘူး''

ချင်လင်က နမူနာကိုယူကြည့်လိုက်သည်။ သူကအလွန်စိတ်ကျေနပ်သဖြင့်_ ''ဥက္ကဌကျန်း... ဒီအရည်အသွေးအတိုင်း အရင်ဆုံး ခွက်ကြီး သေး လတ် ၁၀၀၀ စီယူမယ်... ဒါပေမဲ့ အဲဒီ ၃၀၀၀ ကို မနက်ဖြန်မနက်လိုချင်တယ်''

ကျန်းရှစ်ကချက်ချင်းပင်_ ''ကောင်းပါပြီ... အခုချက်ချင်းအချိန်ပိုဆင်းပြီး လုပ်ခိုင်းလိုက်ပါမယ်''

ချင်လင်ကခေါင်းညိမ့်၍_ ''ဒါဆို စာချုပ်ချုပ်ကြတာပေါ့! နောက်မှာမယ့်အော်ဒါတွေက အရင်ဒီတစ်သုတ်အပေါ်မူတည်တယ်''

''ဥက္ကဌချင် ဥက္ကဌဟူ... ခင်ဗျားတို့စတူဒီယိုကပုံနှိပ်စက်ငှားလို့ရမလား?'' ကျန်းရှစ်က ချင်ရန်နှင့်ဟူဖေးအား ဝမ်းသာစွာပြောလိုက်သည်။

ဒီစာချုပ်မှာ ညှိနှိုင်းသည့်သဘောပင်။ သူသာ အရည်အသွေးနှင့်အရေအတွက်ကိုထိန်းသိမ်းထားနိုင်ပါက ချင်းလင်စံအိမ်နှင့်ရေရှည်လက်တွဲနိုင်သည်ဟု လုံးဝယုံကြည်ထားသည်။

အပိတ်နှင့်ကတ်ထူဖုံးခွက်၊ ပိုက်၊ ကြီး သေး လတ် အစုံမှာ ၁.၄ ယွမ်မှ ၂ ယွမ်အထိရှိသည်။

ခွက် ၃၀၀၀၀ စုစုပေါင်းတန်ဖိုးမှာ ယွမ် ၅၀၀၀၀ ဖြစ်၏။ စရံငွေက ၂၀%။ ပို့ခက ယွမ် ၁၀၀၀၀။

နို့လက်ဖက်ရည်ဆိုင်မှာ ထိုပျမ်းမျှကုန်ကျစရိတ်ကို တတ်နိုင်မည်မဟုတ်။ နာမည်ကြီးဆိုင်ခွဲ၊ ဟိုတယ်များနှင့် ရှုမျှော်ခင်းနေရာများသာ တတ်နိုင်ပေမည်။

ကျန်းရှစ်နှင့်စာချုပ်ချုပ်ပြီးနောက် ချင်လင်ကကားမောင်း၍ စံအိမ်ဆီပြန်လာခဲ့သည်။

စံအိမ်ထဲဝင်လိုက်သည်နှင့် ချန်တပေမှာ ခန်းမအနောက်ခြံဝင်းမှထွက်လာသည်ကို တွေ့လိုက်ရ၏။ ဖရဲပျိုးပင်များကိုရေလောင်းပြီးပြန်လာခြင်းဖြစ်ပေမည်။

သူကလှမ်းခေါ်ပြီး မေးလိုက်သည်_ ''ဖရဲပျိုးပင်တွေ အခြေအနေဘယ်လိုလဲ?''

ချန်တပေက ချက်ချင်းအံသြစွာနှင့် သတင်းပို့လိုက်၏_ ''သူဌေး... အဲဒီဖရဲပျိုးပင်တွေက ဆက်ကြီးနေပါပြီ... ကြီးတာအရမ်းမြန်တယ်''

''ကြီးတောင်ကြီးနေပြီလား?'' ချင်လင်အံ့အားသင့်သွားသည်။

ဒီအရည်အသွေး ၂ အစေ့လွတ်ဖရဲမျိုးစေ့တွေက ကြီးထွားချိန်တိုတောင်းတယ်ဆိုပေမဲ့ ဒီကြီးထွားနှုန်းကမမြန်လွန်းဘူးလား?

ဒီမျိုးစေ့စိုက်တာ ဘယ်လောက်ကြာမလဲ?

ဒီနှုန်းအတိုင်းဆို တစ်လမပြည့်ခင် ဖရဲသီးဖြစ်လာပေလိမ့်မည်။



All Chapters