← Chapters

ဂိမ်းတန်ဖိုးကို ချဲ့ထွင်ခြင်း!

Vol. 5 Ch. 68

ဂိမ်းတန်ဖိုးကို ချဲ့ထွင်ခြင်း!

Vol. 5 Ch. 68

ဖရဲသီးရင့်မှည့်ချိန်မှာ ၈၅ ရက်မှ ၉၅ ရက်အထိကြာတတ်ပြီး မျိုးစေ့ချချိန်မှရိတ်သိမ်းချိန်အထိ သုံးလခန့်ကြာသည်။

ယခုစိုက်ပျိုးရေးပညာရှင်များမှာ ဖရဲသီးစိုက်သက်တမ်းလျှော့ချရန်ကြိုးစားလျက်ရှိသည်။ ဖရဲသီးမှည့်ချိန်ကိုထက်ဝက်လျှော့ချနိုင်မည့်အလားအလာရှိသည့်နည်းပညာများလည်းရှိနေပြီဖြစ်၏။

ထိုနည်းပညာကိုဖွံ့ဖြိုးစေသည့်ပညာရှင်မှာ စိုက်ပျိုးရေးဆုတံဆိပ်အချို့လည်းရခဲ့ပုံရှိသည်။

ချင်လင်က ထိုနယ်ပယ်အကြောင်းသိပ်မသိသော်လည်း ဖရဲပျိုးပင်ထွက်လာပုံအရ သူသာမျိုးစေ့အပင်ဖောက်နိုင်ခဲ့လျှင် ဂိမ်းမြေမှာစိုက်သလိုဖရဲသီးအရည်အသွေးမကောင်းစေဦးတော့၊ ဒီတစ်လအတွင်းကြီးထွားလာပုံနှင့် ဆုတောင်ရမည်မဟုတ်ပါလား?

သူ့နံဘေးတွင် အိုးထဲအပင်ကူးပြောင်းစိုက်ပျိုးထားသော သက်တန့်ရောင်ဇီးပန်းပင်မှာလည်း မသေသေး။

ဤသက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းပင်ကို အောင်မြင်စွာစိုက်ပျိုးနိုင်ပါက ရွှေ့ပြောင်းအိုးစိုက်အပင်မှာ ပန်းပင်လယ်ထဲမှသုံးပွင့်ဆိုင်ဇီးပန်းပင်လောက်ဖြစ်မလာလျှင်တောင်၊ ဂိမ်းထဲမှမရည်အသွေးမျိုးမရှိလျှင်တောင် သာမန်သုံးပွင့်ဆိုင်ဇီးပန်းပင်ထက်တော့ သေချာပေါက်လှနေဦးမည်။

အချိန်ကျလာလျှင် အိုးစိုက်အပင်အုပ်စုလိုက်ရွှေ့ပြောင်းစိုက်နိုင်ပေမည်။ ၄င်းတို့မှာ ခရီးသည်များအကြားလူကြိုက်များလာလိမ့်မည်။

''သူဌေး... အစိမ်းရောင်မှန်လုံအိမ်မရှိဘဲ ဖရဲသီးတကယ်စိုက်လို့ရတယ်ပေါ့'' ချန်တပေက ချီးမွှမ်းသည့်ပုံနှင့်ပြောလိုက်သည်။

သူကလည်း ကျေးလက်တွင်မွေးဖွားလာသူဖြစ်သဖြင့် ဖရဲသီးစိုက်ပျိုးသည့်အပူချိန်မှာ ၂၅ - ၃၅ ဒီဂရီကြားသာရှိရမည်မှန်းသိသည်။ မဟုတ်လျှင် မျိုးစေ့အပင်ပေါက်ဖို့ခက်၏။ သို့သော်ယခုမူ ဆောင်းတွင်းဝင်နေပြီဖြစ်၍ လူတိုင်းကထူထူထဲထဲလက်ရှည်ဝတ်နေရပြီး အပူချိန်ကလည်း ထိုနှုန်းထက်ကျော်လွန်နေပြီဖြစ်သည်။

စပ်မျိုးအသစ်ကြောင့်ထင့်။

ဂိမ်းမျိုးစေ့ကို လက်တွေ့ဘဝတွင်စိုက်ပျိုးနိုင်သည်ဆိုပါက ပထမအဆင့်အတွက်ပူရန်မလိုတော့ချေ။ ဒုတိယအဆင့်ဖြစ်သည့် အရည်အသွေး ၂ အစေ့လွတ်ဖရဲမျိုးစေ့များကို လက်တွေ့ပျိုးထောင်ခြင်းအပေါ်တွင်သာ မူတည်တော့သည်။

အစေ့လွတ်ဖရဲမျိုးမှာ အစေ့မပါ၍ မျိုးစေ့တိုက်ရိုက်မထုတ်နိုင်ပေ။ ဤသည်ကြောင့် အစေ့လွတ်ဖရဲမျိုးစေ့မှဖရဲသီးပျိုးထောင်ရခြင်းမှာ အလွန်ဒုက္ခများ၏။

ဤရက်ပိုင်းအတွင်းသူလည်း သက်ဆိုင်ရာဗဟုသုတများကြည့်ရှုနေသည်။ အရင်ဆုံးဂိမ်းထဲမှထုတ်လာသော အရည်အသွေး ၂ အစေ့လွတ်ဖရဲပျိုးပင်များကို ပျိုးထောင်၍အပင်ပွားရပေမည်။ ထို့နောက်ပန်းပွင့်ချိန်တွင် သာမန်ဖရဲမျိုးနှင့် ဝတ်မှုန်ကူးရမည်... ကရိကထလုပ်ငန်းစဉ်များပြီးနောက် ပြန်လည်စိုက်ပျိုးထားသောဖရဲပင်မှာ အစေ့လွတ်ဖရဲမျိုးစေ့မှာရမည်ဖြစ်သည်။

အခြားမျိုးပွားနည်းစနစ်များလည်းရှိပြီး ၄င်းတို့မှာအသိပညာများစွာပါ၍ ပညာရပ်ဆန်လွန်းသည်။ သူကနှိုက်နှိုက်ချွတ်ချွတ်မလေ့လာတော့။ အားလုံးကိုလည်းနားမလည်နိုင်ပေ။

သူကအလွယ်ဆုံးနည်းနှင့်သာ ပျိုးထောင်နိုင်သည်။ အောင်မြင်ခြင်း မအောင်မြင်ခြင်းက ကံအပေါ်သာမူတည်ပေ၏။ တကယ်အလုပ်မဖြစ်ခဲ့လျှင် ၄င်းတို့ကိုပျိုးထောင်ရန် သာမန်အဖွဲ့အစည်းတစ်ခုကိုအသုံးချရပေမည်။ အကြီးအကျယ်ကြော်ငြာရန်မရှိ။

တစ်နည်းအားဖြင့် သာမန်ဖရဲမျိုးစေ့များကိုစိုက်ရဦးမည်။

ထို့ကြောင့်သာမန်ဖရဲမျိုးမှာ ဆောင်းတွင်း၌ သေချာပေါက်အစိမ်းရောင်မှန်လုံအိမ်လိုမည်ဖြစ်သည်။

ထို့အပြင် အစေ့လွတ်ဖရဲမျိုးနှင့်သာမန်ဖရဲမျိုး၏ပန်းပွင့်ချိန်ကိုမှတ်သားထားမှသာ ဝတ်မှုန်ကူးချိန်ကိုထိန်းနိုင်ပေမည်။

နောက်ပြီး ဖရဲပင်ပန်းပွင့်ချိန်မှာ နှစ်ရက်သာကြာသည်။ တချို့မှာ မနက်ပိုင်းပွင့်၍ ညနေပိုင်းညှိုးသွား၏။

ဂိမ်းထုတ်ကုန်အစေ့လွတ်ဖရဲမျိုးမှာ မည်မျှတန်ဖိုးကြီးသည်ဖြစ်စေ သာမန်ဖရဲမျိုးစိုက်မှသာ ပျိုးထောင်နိုင်မည်ဖြစ်လေသည်။



ထိုသို့တွေးမိသည်နှင့်ချင်လင်က ချန်တပေအား_ ''မြေ ၃ ဧကလောက်ရှင်းပေးပါဦး... အစိမ်းရောင်မှန်လုံအိမ်ဆောက်ချင်လို့!''

''ဟုတ်ကဲ့ သူဌေး!'' ချန်တပေကခေါင်းညိမ့်လိုက်သည်။

ချင်လင်ကခန်းမထဲပြန်ရောက်လျှင် လိုင်းပေါ်တက်၍ အစိမ်းရောင်မှန်လုံအိမ်ဆောက်လုပ်ရေးကုမ္ပဏီကိုဆက်သွယ်ကာ မှာကြားလိုက်၏။ သူတို့က မနက်ဖြန်တစ်ယောက်ယောက်လွှတ်၍ ဆောက်စေမည်ဖြစ်သည်။

ကျောက်မိုချင်းက အုန်းသီးအိတ်ပိုက်လျက် အပြင်မှဝင်လာသည်_ ''ချင်လင်... ကျွန်မအစ်ကိုက အုန်းသီးနဲ့နို့လက်ဖက်ရည်ပိတ်စက်ရောင်းတဲ့ဆီဆက်သွယ်လိုက်တယ်... အခုမှာထားတာကိုပို့ဖို့အချိန်ယူရဦးမယ်တဲ့... ကျွန်မအစ်ကိုကပြောတယ် ကျွန်မတို့အသင့်ပြင်ပြီးသားအုန်းသီးနဲ့ နို့လက်ဖက်ရည်ပိတ်စက်ကိုသုံးသင့်တယ်တဲ့... သူ့နို့လက်ဖက်ရည်ဆိုင်ပြန်ပြင်ပြီးရင် ကျွန်မတို့မှာထားတာကိုသုံးလို့ရတယ်တဲ့''

''ကိုယ့်အစားယောက်ဖကို ကျေးဇူးတင်တယ်လို့ပြောလိုက်ပါဦး'' ချင်လင်ကပြုံး၍ခေါင်းညိမ့်လိုက်သည်။

''အုန်းသီးပျားရည်မြည်းကြည့်ရအောင်'' ကျောက်မိုချင်းက အုန်းသီးအိတ်ကိုဖွင့်ပြီးပြောလိုက်သည်။ သူမကနှစ်ဇွန်းခပ်၍ ခွက်ထဲထည့်လိုက်၏။ ထို့နောက် အရည်အသွေး ၂ သဘာဝပျားရည်ကိုရေရောလိုက်သည်။ သူမကထိုခွက်ထဲပိုက်တပ်၍ ချင်လင်လက်ထဲထည့်ပေးလိုက်၏။

ချင်လင်ကတစ်ငုံနှစ်ငုံသောက်ကြည့်ပြီး_ ''မဆိုးဘူး!''

အစက ဂိမ်းမှထုတ်သော အရည်အသွေး ၂ ပျားရည်မှာ အလွန်အရသာရှိသည်။ သို့သော်အုန်းသီးကြောင့် နည်းနည်းထိန်းသွား၏။ သို့သော်လည်း အရသာကိုမပျက်စေသဖြင့် သူတို့ပိုရောင်း၍ရသည်။

''နေ့လယ်ကျရင်ကျွန်မ ကောင်းယောင်ယောင်နဲ့ ပျားရည်အသစ်ကိုဗီဒီယိုရိုက်ပြီး တရားဝင်အကောင့်မှာတင်မယ်'' ကျောက်မိုချင်းက ချင်လင်လက်ကိုဆွဲ၍ပြောလိုက်သည်_ ''အခုတော့ အရင်ပြန်မှဖြစ်မယ်... အမေက ကျွန်မတို့ကို ညစာအတွက်လိုအပ်တာတွေ မြန်မြန်ယူလာခဲ့ဖို့ပြောနေတယ်''

''ကိုယ်ကအသင့်ပဲ!'' ချင်လင်ကပြုံး၍ ခေါင်းညိမ့်လိုက်၏။

နေ့လယ်ကျအိမ်တွင် ကျောက်မိုချင်းမိဘများကိုဧည့်ခံရမည်။ အရည်အသွေး ၂ ပစ္စည်းများနှင့် သာမန်ပင်လယ်စာတချို့ကိုပြင်ဆင်ထားပြီးဖြစ်သည်။

ကောင်တာနောက်ဘက်စတိုခန်းထဲဝင်၍ ပစ္စည်းများထုတ်ပြီးလျှင် ချင်လင်ကကောင်းယောင်ယောင်အား_ ''ယောင်ယောင်... နေ့လယ်ကျစံအိမ်ကိုကြည့်လိုက်ပါဦး... ငါတို့အရင်ပြန်လိုက်ဦးမယ်''

ကောင်းယောင်ယောင်မှာ ငယ်သေးသော်လည်း လုပ်နိုင်စွမ်းရှိသည်။ ယခုဆိုအလုပ်သမားခေါင်းပင်ဖြစ်နေလေပြီ။ ကြီးကြီးမားမားမဟုတ်လျှင် သူမကိုင်တွယ်နိုင်ပေမည်။

ကျောက်မိုချင်းက သူမအစ်ကို၏ BMW နှင့် ချင်လင်ကိုအိမ်ခေါ်သွားလိုက်သည်။ ပြီးမှ အရှေ့ပိုင်းခရိုင်ရှိသူမမိဘများအား သွားကြိုလိုက်၏။

ကားပါကင်ထိုးပြီးနောက် သူမမိဘများကိုခေါ်လိုက်သည်။

ခဏအကြာ ချန်ရှောက်၊ ကျောက်ရှန်ဟုန်၊ ကျောက်မိုယွင်နှင့် လီကျားဝမ်တို့အတူတကွထွက်လာကြသည်။

လီကျားဝမ်က ချက်ချင်းကျောက်မိုချင်းဆီသွားလိုက်ကာ_ ''မိုချင်း... ဒီနေ့ငါနင့်အစ်ကိုနဲ့ နေ့လယ်စာလိုက်စားမလို့... မှန်မှန်ပြောနော်... ကတ်တီ ၃၀ ကျော်တဲ့ငါးအကြီးကြီးရှိတယ်မလား?''

ကျောက်မိုချင်းက စလိုက်သည်_ ''ကျားဝမ်... နင်ကအစားတစ်လိုင်းပဲ... ဘာလို့ဝမလာတာလဲ!''

လီကျားဝမ်က ဂုဏ်ယူစွာနှင့်_ ''ဒါကသဘာဝအလှလေ... စားလည်းဝိတ်မတက်ဘူး''

''ဟုတ်ပါ့... ညည ဝလာလို့ဆိုပြီး ပွစိပွစိလုပ်နေတာလည်း နင်ပဲမလား'' ဟုကျောက်မိုချင်းက စလိုက်ရာ လီကျားဝမ်က အံကြိတ်၍ကြည့်လိုက်သည်။

''အဖေ... အမေ!'' ကျောက်မိုချင်းက ရှေ့တိုး၍လက်တွဲလိုက်သည်။

အခုတော့ အရင်တုန်းကနှင့် အနည်းနှင့်အများကွာခြားသွားပြီဟုခံစားလိုက်ရသည်။ အရင်က သူမမိဘများ၏မိသားစုဝင်မျှသာ။ အခုတော့ သူမမိဘများကို သူ့ကိုယ်ပိုင်အိမ်ဆီဧည့်သည်အဖြစ်ဖိတ်နေရသည်တဲ့။

''ဟွန့်!'' ချန်ရှောက်ကသူ့သမီးအား ဂရုမစိုက်သလိုဟန်ဆောင်နေလိုက်သည်။



''အမေ!'' ထိုအခြင်းအရာကို ကျောက်မိုချင်းမြင်လျှင် ကလေးမလေးသဖွယ်ပြုမူ၍ သူ့အမေကိုကပ်ချွဲလိုက်သည်။

ကျောက်ရှန်ဟုန်ကပြုံး၍_ ''မိုချင်း... မင်းအမေကိုအဟုတ်မှတ်မနေနဲ့... သူအခုပဲ အသည်းအသန်ဝတ်စားနေသေးတာ... သူ့သမီးကိုအရှက်ရအောင်လုပ်မိမှာစိုးတယ်တဲ့!''

ချန်ရှောက်က သူ့ယောက်ျားကိုမကျေမနပ်နှင့်မျက်လုံးလှန်ကြည့်လိုက်သည်။

ကားထဲဝင်ကြပြီးနောက် ကျောက်ရှန်ဟုန်က ကျောက်မိုချင်းအား_ ''ဒီနေ့ မင်းဦးလေးကိုမဖိတ်ဘူးလား? အခွန်ဌာနထဲကို သူ့အဆက်အသွယ်နဲ့ရောက်ခဲ့တာလေ... အလုပ်ထွက်ပြီဆိုရင်လည်း သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ ထမင်းဖိတ်ကျွေးသင့်တယ်''

''သူ့ကိုဖိတ်ပြီးပါပြီ'' ကျောက်မိုချင်းက ခေါင်းညိမ့်၍_ ''ဒါပေမဲ့ ဦးလေးက တခြားမြို့နယ်လုပ်ငန်းပြဿနာရှိသေးလို့တဲ့... အဲဒါအပြီးသတ်အစီရင်ခံစာထပ်တင်ဖို့ လူခေါ်သွားမယ်တဲ့''

''အင်း... ဒါကပိုအရေးကြီးတာပဲ'' ကျောက်ရှန်ဟုန်ကခေါင်းညိမ့်လိုက်သည်။

ကားထဲဝင်ပြီးနောက် တစ်ချိန်လုံးနှုတ်ဆိတ်နေသည့်ချန်ရှောက်မှာ မနေနိုင်တော့ဘဲ_ ''မိုချင်း... အခုချင်းလင်စံအိမ်အခြေအနေကရော? ငါလိုင်းပေါ်မှာတွေ့တာ... စံအိမ်မှာ ဧည့်သည်တွေအများကြီးပဲ''

''ဟုတ်တယ်!'' ကျောက်မိုချင်းကရှင်းပြလိုက်သည်_ ''အရင်စာရင်းအရ နေ့စဉ်ဝင်ငွေက ယွမ် ၂၅၀၀၀၀ တောင်ကျော်နေပြီ''

''တစ်နေ့ ယွမ် ၂၅၀၀၀၀?'' ကျောက်မိုယွင်ကအံ့သြပြီး ရုတ်တရက်ရေရွတ်လိုက်သည်။

သူက ယခုချင်းလင်စံအိမ်အလွန်နာမည်ကြီးသည်ကိုသိ၍ လက်ရှိဝင်ငွေကိုတွက်ဆထားကြည့်သော်လည်း ဝင်ငွေသည်လောက်များမည်မထင်ထားပေ။

သူ့ KTV လစဉ်ဝင်ငွေမှာ ယွမ် ၄၀၀၀၀၀ သာရှိမည်ကိုသိကြပေမည်။ ချင်လင်၏စံအိမ်မှာ သူ့လစဉ်ဝင်ငွေကိုနှစ်ရက်တည်းနှင့် ကျော်နိုင်၏။

ထို့အပြင် သူ့ညီမအတွက်စိတ်ပူသဖြင့် သက်ဆိုင်ရာသတင်းများကိုစုံစမ်းကြည့်ရာ ထိုကဲ့သို့နာမည်ကြီးရှုမျှော်ခင်းနေရာမျိုးမှာ အမြတ်အစွန်းများသည်ကိုသိလိုက်ရသည်။

တစ်နည်းဆိုသော် သူတစ်လလုံးကြိုးစားရသည်က နှစ်ရက်စာတောင်မတန်ဘူးလား?

ထိုအချိန်တွင် ကျောက်မိုချင်းက_ ''ဒါပေမဲ့ဒီဝင်ငွေက ယာယီပါ... ကျွန်မတို့မနက်ဖြန်ထုတ်ကုန်အသစ်ကြေညာမယ်... နောက်ပြီး စံအိမ်မှာဧည့်သည်ဦးရေအကန့်အသတ်ကရှိနေတယ်... အခုကစပြီး ဧည့်သည်လက်ခံတဲ့အရေအတွက်ကန့်သတ်တော့မယ်... စံအိမ်လုပ်ငန်းသစ်စတော့မှ လူပိုပြီးလက်ခံနိုင်မယ်''

''...'' ကျောက်မိုယွင်မှာ ရုတ်တရက်စကားပြောချင်စိတ်မရှိတော့။

ကျောက်မိုချင်းကဆက်၍_ ''စီရင်စုကလည်း ချင်လင်အတွက်စိတ်ပူနေတာ... သူ့ကိုလုပ်ငန်းဖွံ့ဖြိုးအောင်ကူညီဖို့ ဆန္ဒစောနေတယ်... ကြည့်ရတာ ချင်လင်ကိုစံအိမ်ဖွံ့ဖြိုးအောင်လုပ်ဖို့ ယွမ် ၂.၃ သန်းကျော်ထောက်ပံ့ငွေပေးဖို့လျှောက်ထားတယ်ထင်တယ်''

''...'' ကျောက်မိုယွင်မှာ လုံးဝနှုတ်ဆိတ်သွားသည်။

သူ့ညီမကို နန်းထိုက်စံသူဟုပင်ခံစားလိုက်ရ၏။

ဤသည်ကိုကျောက်ရှန်ဟုန်နှင့်ချန်ရှောက်ကြားလျှင် လှုပ်လှုပ်ရွရွဖြစ်လာသည်။ ချန်ရှောက်ကတိတ်တိတ်လေးသက်ပြင်းချ၍ မျက်နှာနည်းနည်းပူသွား၏။ ချင်လင်သာ ဒီလောက်မြန်မြန်အောင်မြင်လာမည်မှန်းသိလျှင် သူ့သမီးကိုဘာလို့ဂရုစိုက်နေရမလဲ?

ကျောက်ရှန်ဟုန်က သူ့ဇနီး၏ခံစားချက်ကိုရိပ်မိပုံပေါ်သည်။ သူကပြုံး၍စလိုက်သည်_ ''မင်းအတွက် ငါရွေးပေးတဲ့သမက်လောင်းလေးမလား?''

“…” ချန်ရှောက်။

ကျောက်မိုချင်းကလည်းပြုံးပြီး_ ''အမေ... ကျွန်မတောက်လျှောက်ပြောခဲ့တယ်မလား ချင်လင်ကအရမ်းတော်ပါတယ်လို့?''

“…” ချန်ရှောက်။

ဒီသူ့ယောက်ျားနဲ့သမီးက သူ့စိတ်အခြေအနေကိုမသိကြဘူးတဲ့လား?

သူ့ချွေးမက အတော်ဆုံးပဲ။ သူကတိတ်တိတ်လေးနေပြီး ဖြည့်တွေးပေးတယ်။

ရုတ်တရက် လီကျားဝမ်စလိုက်ပြန်သည်_ ''အဖေ မိုချင်း... အမေကသူ့သိက္ခာကိုအလေးထားတယ်ဆိုတာ အဖေတို့မသိတာလည်းမဟုတ်... အမေကသေချာပေါက် ဒီမေးခွန်းကိုဖြေမှာမဟုတ်ဘူး''

''...'' ချန်ရှောက်!

ကြည့်ရတာ မိသားစုထဲမှာ ဘယ်သူမှပြောလို့ဆိုလို့မကောင်းဘူး။



All Chapters