← Chapters

ဆေးဖက်ဝင်ပျားရည်ကြော်ငြာခြင်း! ခေါင်ခိုက်အောင်စျေးကြီးတဲ့သောက်စရာ?

Vol. 5 Ch. 70

ဆေးဖက်ဝင်ပျားရည်ကြော်ငြာခြင်း! ခေါင်ခိုက်အောင်စျေးကြီးတဲ့သောက်စရာ?

Vol. 5 Ch. 70

ချန်ရှောက်က သူ့ယောက်ျား၊ သားနှင့်ချွေးမတို့၏ထူးဆန်းသောအကြည့်ကိုသတိထားမိပြီး ဇဝေဇဝါနှင့်မေးလိုက်သည်_ ''ဘာလို့ငါ့ကို ဒီလိုကြည့်နေကြတာလဲ?''

ကျောက်ရှန်ဟုန်က သူ့ဇနီးမသိတာရှိမည်ဟုမထင်ခဲ့။ သူမလက်ထဲဖုန်းထည့်ပေးလိုက်ရင်း ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ်သူလည်း ထိုဆန်ရှိမှန်းတောင်မသိပါချေ။

သို့သော်ချန်ရှောက်မှာ ဖုန်းထဲမှအကြောင်းအရာကိုမြင်လိုက်သည်နှင့် မျက်နှာနီရဲသွားလေသည်။

သူတို့ ဒီဆန်ကိုလုံးဝမဝယ်နိုင်။ ကံကောင်းလို့ သူ့မိသားစုရှေ့မှာပဲပြောမိတာ။ အပြင်လူတွေသာရှိနေရင် အရမ်းရှက်စရာကောင်းမှာပဲ။

သူမကဘာမှမဖြစ်ခဲ့သလို ဖုန်းပြန်ပေးလိုက်ရင်း ချက်ချင်းစကားလမ်းကြောင်းပြောင်းကာ ချင်လင်ကိုချီးကျူးလိုက်သည်_ ''အခုချင်လင်က အရမ်းလုပ်နိုင်တာပဲ... စံအိမ်ကလည်း လည်ပတ်နေတယ်... တို့ဒီလိုဆန်မျိုးစားနိုင်တာ သူ့ကိုကျေးဇူးတင်ရမှာပဲ...''

လင်းဖန်မှာ ချန်ရှောက်သူ့သားကိုချီးကျူးသံကြားတော့မှ သက်ပြင်းချနိုင်တော့သည်။ သူ့ခမည်းခမက်က သူ့သားလုပ်ခဲ့တာကိုအပြစ်မမြင်ဘူးပဲ။ သူမကချက်ချင်း ကျောက်မိုချင်းကိုချီးကျူးလိုက်သည်_ ''ရှောင်လင်ကလူဆိုးလေးပါ... မိုချင်းလိုသိမ်မွေ့တဲ့မိန်းမကောင်းလေးကို လက်ထပ်နိုင်တာ သူကံကောင်းတာပါပဲ''

ချန်ရှောက်ကခေါင်းခါ၍_ ''ကျွန်မသမီးက ရှင်ပြောသလောက်လဲမဟုတ်ပါဘူး... သူကအရမ်းနူးညံ့လွန်းတယ်... ချင်လင်ကအကောင်းဆုံးပါ...''

လင်းဖန်ကလည်း ခေါင်းခါပြီးပြောလိုက်ပြန်သည်_ ''မဟုတ်ဘူး... အခုဆို မိုချင်းလိုမိန်းမကောင်းလေးတွေ အရမ်းရှားသွားပြီ...''

ကျောက်မိုယွင်နှင့်လီကျားဝမ်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ အမှန်အတိုင်းဆိုရလျှင် သူတို့နည်းနည်းမနာလိုနေပြီဖြစ်၏။ သူတို့စေ့စပ်တုန်းက နှစ်ဖက်မိဘတွေ ဒီလိုမျိုးမချီးကျူးကြဘူးလေ။

ကျောက်မိုချင်းက သဘာဝငါးခေါင်းဟင်းရည်နှင့်ထွက်လာသည်။ ချန်ရှောက်နှင့်လင်းဖန်တို့၏စကားများကိုကြားလျှင် သူမဝမ်းသာသွား၏။

ကိုယ့်အမေနှင့်ယောက္ခမကြည်ဖြူနေတာကို မလိုချင်တဲ့အမျိုးသမီးရောရှိပါ့မလား? မိသားစုနှစ်ခုမှာ သဟဇာတဖြစ်နေလေပြီ။

ငါးခေါင်းဟင်းရည်ကိုချပြီးနောက် သူမကချင်လင်အား_ ''ကျွန်မကို ဟင်းပွဲတွေကူချပေးပါဦး''

''ဟုတ်ပြီ!'' ချင်လင်လည်း မီးဖိုချောင်ထဲလိုက်ဝင်သွား၏။



......

လင်းဖန်ကပန်းကန်အလွတ်ယူ၍ ချန်ရှောက်အတွက် ငါးခေါင်းဟင်းရည်နှင့်နူးညံ့သောအသားတချို့ထည့်ပေးကာ_ ''ခမည်းခမက်... ဒီငါးခေါင်းဟင်းရည်မြည်းကြည့်... အဲဒါသဘာဝငါးကြီးတွေ... အရမ်းရှားတာ''

ကျောက်မိုယွင်နှင့်လီကျားဝမ်စံအိမ်ရောက်စဉ်က ခန်းမထဲတွင်ထိုငါးကြီးမျိုးတွေ့ခဲ့ဖူးသည်။ ထိုငါးကြီးမျိုးမှာ တစ်ကတ်တီ ယွမ် ၂၈၀ တန်ကြောင်း သူတို့လည်းသိ၏။ အဓိကက အမှန်တကယ်တစ်ကတ်တီ ယွမ် ၂၈၀ တန်ပြီး အပြင်မှာဝယ်ရဖို့လည်းမဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် လူကြီးသုံးယောက်တစ်ပန်းကန်စီခပ်ပြီးသည်နှင့် ထိုစုံတွဲမှာ သူတို့အတွက်မြန်မြန်ဆန်ဆန်ထည့်လိုက်ကြသည်။ သူတို့ကတစ်လုတ်မြိုကျပြီးရုံရှိသေး နောက်တစ်လုတ်ဆက်ဆက်ပြီးစားကြ၏။

အထက်တန်းကျသည်!

အမှန်တကယ်ပိုက်ဆံရှိလျှင်တောင်မဝယ်နိုင်သော ငါးကြီးမျိုးဖြစ်လေသည်။

ချန်ရှောက်နှင့်ကျောက်ရှန်ဟုန်လည်း အံ့အားသင့်သွား၏။

အတော်များများဆယ်ကျော်သက်အရွယ်တွင်အိမ်လက်ရာနှင့် စားသောက်ဆိုင်၊ဧည့်ခံပွဲများ၌သာ စားလေ့ရှိကြသည်။ ဒီလိုအရသာရှိတဲ့ငါးမျိုးတစ်ခါမှမစားခဲ့ဖူးချေ။

ဒါမှမဟုတ် ငါးကိုဒီလောက်ကောင်းနိုင်သည်ဟု မတွေးမိတာလည်းဖြစ်နိုင်သည်။

စားကောင်းသောက်ဖွယ်များအကြောင်း သူတို့ကြားခဲ့ဖူး၏။

ဤဟင်းပွဲမျိုးဖြစ်မည်မဟုတ်ပါလား?

မကြာမီ သဘာဝဆာမွန်ငါးကြီးယူလာသည်။

စားသောက်ပြီးလျှင် အားလုံးကသက်သောင့်သက်သာခံစားကြရ၏။ အချိန်လွန်သည်နှင့်အမျှ ငါးကအစာကြေသွားပြီး သူတို့ခန္ဓာကိုယ်ထဲတွင် အနွေးစီးကြောင်းစီးဝင်သလို အလွန်သက်သောင့်သက်သာရှိလေသည်။

''ဒီငါးကအရသာရှိရုံတင်မဟုတ်ဘူး... မင်းတို့ဆေးဖက်ဝင်အရွက်တွေဘာတွေများထည့်ချက်ထားသေးလား?'' ကျောက်မိုယွင်ကမနေနိုင်ဘဲမေးလိုက်သည်။ သက်သောင့်သက်သာခံစားရပုံမှာ ပြောမပြတတ်အောင်ပင်။

လီကျားဝမ်ကလည်း ကျောကိမိုချင်းလက်ကိုတွဲ၍ အားကျသံနှင့်ဆိုလိုက်သည်_ ''မိုချင်း... နင့်ကိုအရမ်းအားကျတာပဲ... နောက်ဆို ဒီလိုအရသာရှိတဲ့အစားအသောက်တွေ အမြဲတမ်းစားရတော့မယ်... ငါနင့်အိမ်ကိုခဏခဏလာပြီး ကုန်းဆင်းဖို့ဆုံးဖြတ်လိုက်ပြီ... ငါ့ကိုမငြိုငြင်ရဘူးနော်''

နှစ်ဦးနှစ်ဖက်ပထမဆုံးညစာစားသည့်ရက်မှာ အလွန်ကြည်နူးစရာပင်။



ထို့နောက်ကျောက်မိုချင်းက မိသားစုကို အရှေ့ပိုင်းခရိုင်ထဲပြန်ပို့ရန်တာဝန်ယူလိုက်သည်။

ချင်လင်က ကျောက်မိုယွင်အပြန်ယူသွားရန် ရှန်းရွှေလက်ဆောင်ဆန် ၅ ကတ်တီနှင့် သဘာဝငါး ၂ ကောင်ကိုပြင်ထားလိုက်သည်။ သူက ကျောက်မိုချင်းမိသားစုတုန်လှုပ်သွားမည်စိုး၍ အများကြီးမပေးရဲပေ။

အရှေ့ပိုင်းခရိုင်ထဲရောက်လျှင် ကျောက်မိုချင်းကကားရပ်၍_ ''အဖေ အမေ အစ်ကို ယောက်မ... ကျွန်မအပေါ်မတက်တော့ဘူး... ချင်းလင်စံအိမ်က မနက်ဖြန်ထုတ်ကုန်အသစ်ကြေညာတော့မှာ... ကျွန်မတို့နေ့လယ်ပိုင်းကျရင် အရောင်းစင်တာဖွဲ့ပြီး ထုတ်ကုန်အသစ်ကြော်ငြာဖို့ရှိသေးတယ်... ကျွန်မအိမ်ပြန်ပြီး သူ့ကိုစံအိမ်ခေါ်သွားရဦးမယ်''

ချန်ရှောက်ကပြုံးပြုံးနှင့်ပြောလိုက်သည်_ ''ကောင်းပါပြီ... သွား လုပ်စရာရှိတာလုပ်... ချင်လင်နဲ့လည်း ရန်ဖြစ်မနေနဲ့ဦး... ဒီလောက်ကောင်းတဲ့သားမက်မျိုး ဘယ်သွားရှာမလဲ?''

''အင်းပါ အမေ... ကျွန်မသိပါတယ်'' ကျောက်မိုချင်းက ချိုချိုသာသာပြန်ဖြေလိုက်သည်။ အခုတော့ သူ့အမေက ချင်လင်ကိုသတိထားဖို့ပြောတာမျိုးနားထောင်စရာမလိုတော့ပြီ။

အလွန်အံ့သြဖို့ကောင်းသည်။

ချန်ရှောက်လည်း သူ့သားနှင့်ယောက်ျားကို အပေါ်ထပ်သို့ ဆန်နှင့်သဘာဝငါးနှစ်ကောင်သယ်သွားစေလိုက်၏။

တံခါးဝရောက်သော် အိမ်နီးချင်းတစ်ဦးဆင်းလာသည်နှင့်ကြုံသည်_ ''ချန်ရှောက်... ရှင်တို့အပြင်ကပြန်လာကြတာလား? ကြီးလိုက်တဲ့ငါး... ဒါသဘာဝငါးလား?''

ချန်ရှောက်ကပြုံး၍_ ''ဟုတ်ပါ့... အကုန်လုံးသဘာဝတွေချည်းပဲ!''

အိမ်နီးချင်းက အံ့သြစွာနှင့်_ ''သဘာဝငါးက ဒီလောက်ကြီးတာအံ့သြစရာပဲ... အပြင်မှာဝယ်လို့မရဘူးမလား? ဘယ်ကရခဲ့တာလဲ?''

ချန်ရှောက်ကဂုဏ်ယူစွာနှင့်_ ''ဘယ်ရမလဲ... ဒါငါ့သားမက်ဆီက''

''သားမက်?''အိမ်နီးချင်းက ဇဝေဇဝါနှင့်မေးလိုက်သည်_ ''မိုချင်းလက်ထပ်ပြီးပြီလား? ရှင့်မိသားစုဆီက ဘာသံမှလည်းမကြားလိုက်ပါလား!''

ချန်ရှောက်က အလျင်စလိုရှင်းပြလိုက်၏_ ''သူတို့က တို့လိုမဟုတ်ဘူး... သူတို့ကလက်ထပ်စာချုပ်အရင်ချုပ်ထားပြီး နောက်မှလက်ထပ်ဖို့အခွင့်အရေးရှာကြတာ... ဒါနဲ့.. အခုတလောနာမည်ကြီးနေတဲ့ချင်းလင်စံအိမ်က ငါ့သားမက်ပိုင်တာလေ''

ရုတ်တရက် ချန်ရှောက်ကြွားလုံးထုတ်တတ်လာသည်ကို ကျောက်မိုယွင်နှင့်လီကျားဝမ်က ဘေးမှကြည့်နေလိုက်ကြ၏။

အရင်ကသူတို့ ချင်လင်ကိုစောင့်ကြည့်ခဲ့ရတယ်ဆိုတာ ဘယ်သူကထင်မိပါ့မလဲ? မိုချင်းအိမ်ပြန်နည်းနည်းနောက်ကျသည်နှင့် သူတို့နှစ်ဦးကိစ္စရှုပ်မည်စိုး၍ ချန်ရှောက်ကဖုန်းခေါ်တော့သည်။ အခုကြည့်ရတာတော့ သူတို့ကိစ္စရှုပ်မည်ကို ချန်ရှောက်ကမစောင့်တော့တဲ့ပုံ။

…

ကျောက်မိုချင်းက ချင်လင်ကိုခေါ်ပြီးနောက် စံအိမ်သို့တန်းမသွားသေး။ အကြီးဆုံးကားဆိုင်ကိုမောင်းသွားလိုက်သည်။ သူအချိန်ရတုန်း ကားအရင်ဝယ်၍ အိမ်တစ်ချက်လိုက်ကြည့်ရန်စီစဉ်လိုက်သည်။

နှစ်ဖက်မိဘဆုံပြီးမှတော့ အိမ်နှင့်ကားက အသင့်ဖြစ်သင့်ပြီလေ။

ရုံချန်းစီရင်စုတွင် 4S စတိုးမရှိ။ ကားရောင်းဝယ်သူအားလုံးမှာ ပူးပေါင်းဝန်ဆောင်မှုပေးကြခြင်းဖြစ်သော်လည်း မည်သည့်ကားမဆိုမှာ၍ရသည်။ သူတို့က 4S စတိုးကို သင့်ကိုယ်စားသွား၍ ရုံချန်းစီရင်စုထဲသို့ကားသယ်လာပေးမည်ဖြစ်ပေသည်။



All Chapters