တစ်ယောက်တည်းစားခြင်းနှင့် ခေါင်းဆောင်ဖြစ်ခြင်းကွာခြားချက်! ချန်လီ၏တောင်းဆိုမှု!
Vol. 5 Ch. 74
ချန်လီကချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်_ ''သူဌေးချင်... အလုပ်အကြောင်းဆက်ပြောရအောင်... ထောက်ပံ့ငွေသဘောတူညီချက်က အချက်အလက်တွေကိုကြည့်လိုက်ပါဦး''
ချင်လင်ကခေါင်းညိမ့်၍ ချန်လီဆီမှစာဖိုင်ယူလိုက်သည်။
သဘောတူစာချုပ်သတင်းအချက်အလက်နှင့် နောက်ထပ်နိဒါန်းစာများမှာ စာရွက် ၁၂ ရွက်မကရှည်လျား၏။
အချက်အလက်များကိုတစ်ချက်ကြည့်ပြီးနောက် အဖြေမှာ အရင်ဆွေးနွေးထားသည့်အတိုင်းပင်။ စီရင်စုက စံအိမ်ချဲ့ထွင်ခြင်း၊ သတို့သမီးခန်းနှင့် ဧက ၁၀၀ ကျယ်သောပန်းပင်လယ်လုပ်ရန်ထောက်ပံ့ပေးသည်။ စုစုပေါင်းထောက်ပံ့ငွေမှာ ယွမ် ၂၃ သန်းကျော်၏။
အချိန်ကျလျှင် စံအိမ်အတွက်သီးသန့်ဘဏ်ကတ်လျှောက်ရမည်။ ထောက်ပံ့ငွေကိုထိုကတ်ထဲထည့်၍ စီရင်စုဘဏ္ဍာငွေစာရင်းဌာနမှလူများက အသုံးစရိတ်တိုင်းကိုကြီးကြပ်ကြပေလိမ့်မည်။
လုပ်ငန်းဖွံ့ဖြိုးလာလျှင် လုပ်ငန်းသုံးခုမှဝင်ငွေကို အတိုးမဲ့ပြန်ဆပ်ရမည်။ ထောက်ပံ့ငွေအကျေဆပ်ပြီးလျှင် လုပ်ငန်းအမြတ်ငွေအားလုံးမှာ စံအိမ်ထဲသို့ရောက်မည်ဖြစ်သည်။
ထို့အပြင် နောက်ထပ်ယွမ် ၁၀ သန်းထောက်ပံ့ငွေရှိသေး၏။ ၄င်းထောက်ပံ့ငွေမှာ မြစ်စီးဆင်းရာတောင်ခြေ၌ သဘာဝပန်းခြံဖွံ့ဖြိုးလာစေရန်ဖြစ်သည်။
၄င်းမှာ သူ့စံအိမ်နှင့်မသက်ဆိုင်။ စီရင်စုက ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ စီရင်စု၏တရားဝင်ပိုင်ဆိုင်မှုတစ်ခုလည်းဖြစ်၏။
၄င်းကိုထည့်ထားရခြင်းမှာ စံအိမ်၏ရွက်လွင့်လုပ်ငန်းနှင့်ညှိနှိုင်းလုပ်ဆောင်ရန်ဖြစ်သည်။ စီရင်စုက ထိုလုပ်ငန်းကြောင့် သဘာဝပန်းခြံကိုဖွံ့ဖြိုးစေချင်၏။
ဥပမာအားဖြင့် ခရီးသည်များကိုတောင်ပေါ်ပို့ချင်သည်ဆိုလျှင် အထူးကားတစ်စီးလိုအပ်သည်မဟုတ်ပါလား?
ထို့နောက်စီရင်စုက သဘာဝရှုခင်းသာပန်းခြံဆောက်၍ ရွက်လွှင့်ဆုံမှတ်သို့တန်းတန်းသွားမည့် ရှုခင်းကြည့်ရထားတစ်စင်းထောင်မည်။ အတော်များများက လက်မှတ်ဝယ်၍ တောင်တက်ရထားစီးကာရှုခင်းကြည့်ချင်ကြပေမည်။
ထိုလုပ်ငန်းမှာ စံအိမ်နှင့်ဆက်စပ်နေသောကြောင့် သေချာပေါက်ငွေဝင်မည့်လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းကစံအိမ်ကို အစုပေါ်အမြတ်ပေးလိမ့်မည်။
ထို့အပြင်စီရင်စုက ရွက်လွင့်နေရာတွင် ရုံချန်းစီရင်စုအထူးပစ္စည်းများရောင်းခြင်း (သို့) ဘောကွင်း၊ ရေကူးဝတ်စုံ၊ မျက်မှန် စသည်တို့ကိုရောင်းချရန် လူစုပေးနိုင်သည်။
လူအဝင်အထွက်များလာသည်နှင့်အမျှ အကျိုးများစွာလည်းရှိပေမည်။
ချင်းလင်စံအိမ်က ထိုအရာများလုပ်နိုင်သော်လည်း ထိုသို့လုပ်ရန်ရည်ရွယ်ချက်မရှိပေ။ ပင်လယ်ရေကို တစ်ယောက်တည်းသောက်၍မကုန်နိုင်ပေ။
တစ်ယောက်တည်း ပိုက်ဆံအားလုံးသိမ်းကြုံးယူနေပါက မနာလိုခံရပေမည်။ ကိုယ်ကိုယ်တိုင်ပိုက်ဆံအများကြီးရှာနိုင်ပြီဆိုလျှင် သူများကိုလည်းပေးစားမှ နောက်လိုက်များများရပေလိမ့်မည်။

အပေါ်ယံကြည့်လျှင် ထိုထပ်တိုးစာပိုဒ်မှာ စီရင်စုက တောင်တန်းစံအိမ်၏ခရီးသည်အပေါ်အမြတ်ထုတ်သလိုဖြစ်နေသော်လည်း ချင်လင်က သူ့အတွက်မမြင်နိုင်သောအကျိုးအမြတ်များစွာရှိမှန်းသိသည်။
သူသာကောင်းကောင်းလုပ်ပြီး ရလဒ်များကိုသာမန်မျက်စိနှင့်မြင်ကြည့်လျှင် ရုံချန်းစီရင်စုထဲကဘယ်သူမှ သူ့စံအိမ်ကိုဒုက္ခရောက်အောင်လုပ်နိုင်မည်မဟုတ်ပေ။
အရင်တစ်ခေါက်က ယုတ္တိမရှိသောအမျိုးသမီး၏အပြုအမူနှင့်ပတ်သက်၍ သူဘာမှလုပ်စရာမလို။ စီရင်စုကထိုပြဿနာများကိုဖြေရှင်းပြီး သူ့ကိုစင်ပေါ်တင်ပေးလိမ့်မည်။
တချို့လူများအတွက်မူ ပူးပေါင်းလုပ်ဆောင်ခြင်းတွင်အလှည့်အပြောင်းများရှိမည်ကို သေချာပေါက်စိုးရိမ်ကြပေမည်။
သို့သော်အများစုက ဤစီရင်စုအား အမြဲတမ်းသူတို့ကိုအကာအကွယ်ပေးမည်၊ တစ်ကမ္ဘာလုံးကအားကျရအောင်ငြိမ်းချမ်းသောဘဝပေးမည်ဟု ယုံကြည်ထားကြ၏။
ပုဂ္ဂိုလ်ရေးပြဿနာရှိခဲ့လျှင်တောင် ထိုပုဂ္ဂိုလ်၏ပြဿနာလျှင်ဖြစ်သည်။
ထို့အပြင် ယခုခေတ်မှာ အင်တာနက်ခေတ်ဖြစ်၏။ တစ်ခါတရံ တခြားလူများကိုလုံးဝစိုးရိမ်နေစရာမလို။
အင်တာနက်ခေတ်တွင် အကြောက်တရားနှင့်နေသူဘယ်လောက်ရှိနေပါသလဲ? တစ်စုံတရာအမှားပါခဲ့လျှင် သူတို့မိသားစုဒုက္ခရောက်မှာစိုးကြသူတွေ။
အင်တာနက်ခေတ်က ဆိုးကျိုးများသလို ကောင်းကျိုးလည်းများသည်။
''သူဌေးချင်... ဒီစာချုပ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာရှေ့နေနဲ့တိုင်ပင်လို့ရပါတယ်... ဘာပြဿနာမှမရှိဘူးဆိုတာသေချာပြီဆိုရင် ကျုပ်တို့စီရင်စုကိုသွားပြီး စာချုပ်လက်မှတ်ထိုးရမယ်... မရှင်းတာရှိသေးတယ်ဆိုရင် အမြန်ဆုံးအစည်းအဝေးကျင်းပပြီးတော့ ညှိနှိုင်းလို့လည်းရပါတယ်'' ချန်လီက ချင်လင်စာချုပ်ကြည့်နေသည်ကိုမြင်၍ ကြိုတင်သတိပေးလိုက်သည်။
သူက ဤပူးပေါင်းဆောင်ရွက်မှုအား အလွန်အလေးအနက်ထားသည်။ နှစ်ဦးနှစ်ဘက်စလုံးကိုမျှမျှတတဖြစ်စေချင်ပြီး ချိန်ခွင်လျှာမစောင်းစေချင်။ ဘာပဲဖြစ်ဖြစ်သူတို့က မတူညီသည့်ဘက်မှာရပ်နေကြသူတွေဖြစ်၍ သူတို့ကသင့်လျော်သည်ထင်လျှင်တောင် တစ်ဖက်ကလက်မခံနိုင်တာမျိုးဖြစ်တတ်သည်လေ။
ချင်လင်ကခေါင်းညိမ့်လိုက်သည်။
သူကဥပဒေကျောင်းသားမဟုတ်။ စာချုပ်နှင့်ပတ်သက်၍အမှားအယွင်းမရှိဟုထင်မြင်မိသော်လည်း သတိဟူသည်ပိုသည်မရှိ။
ချန်လီကဒီလိုပြောမှတော့ သူက Wechat ဖွင့်၍ ဥပဒေဌာနမှစီနီယာထံ စာချုပ်ဓာတ်ပုံပို့လိုက်ကာ_ ''စီနိယာအစ်ကိုချူ... ဒီစာချုပ်လေးတစ်ချက်ကြည့်ပေးပါဦး''
သူကစီနီယာချူနှင့် တက္ကသိုလ်အဖွဲ့ထဲတွင်ဆုံခဲ့ခြင်းဖြစ်ပြီး ခင်မင်ရင်းနှီးကြသည်။ သူ့ကောင်မလေးကိုချစ်ခွင့်ပန်စဉ်က အဖွဲ့သားများကိုခေါ်၍မြင်ကွင်းကိုအလှဆင်ပေးခဲ့သေး၏။
ထိုအချိန်ကမြင်ကွင်းမှာကြည်နူးဖို့ကောင်းလွန်း၍ ကျောက်မိုချင်းတောင်အားကျခဲ့ရသေးသည်။
စီနိယာအစ်ကိုချူက ဘွဲ့ရပြီးသည်နှင့် နာမည်ကျော်ချွမ်ကျင်းဥပဒေကုမ္ပဏီထဲဝင်လိုက်သည်။နောက်ဆုံး ချွမ်ကျင်းဥပဒေကုမ္ပဏီတွင်ပင် အောင်အောင်မြင်မြင်ဖြစ်သွား၏။ အလွန်အထင်ကြီးဖို့ကောင်းသည်။
ဓာတ်ပုံပို့ပြီးသည်နှင့်သူက ယွမ် ၃၀၀၀ လွှဲပေးလိုက်၏။ ၄င်းမှာ နှစ်နာရီစာတိုင်ပင်ဆွေးနွေးခဖြစ်သည်။
ခဏအကြာ တစ်ဖက်လူက OK ပုံပို့၍ အံ့သြသွားကြောင်းစာပါရောက်လာသည်_ ''ချင်လင် ဟုတ်လှချည်လား... ချင်းလင်စံအိမ်ကို မင်းပိုင်တာပေါ့? အဲဒီနာမည်ကတစ်ခုခုလို့တော့ထင်သားပဲ... ချင်လင် ကျောက်မိုချင်း သိပြီ''

''စီနိယာအစ်ကိုချူ... အချိန်ရရင်လာလည်ပါဦး'' ချင်လင်ကစာပြန်လိုက်သည်။
''OK သေချာပေါက်လာမှာ!''
ချန်လီက ထိုကိစ္စများမှာနေ့ချင်းညချင်းဖြစ်လာမည်မဟုတ်မှန်းသိသဖြင့် ချင်လင်အားအကြံပြုလိုက်သည်_ ''သူဌေးချင်... အချိန်ရရင် မြစ်ကိုတစ်ချက်လောက်သွားကြည့်ကြမလား? ကွင်းဆင်းလေ့လာတဲ့အနေနဲ့လေ?''
''ကောင်းပါပြီ... လမ်းလျှောက်ကြတာပေါ့'' ချင်လင်ကငြင်းပယ်ခြင်းမရှိ၊ ခန်းမအပြင်ထွက်၍ ချန်လီနှင့်အခြားနှစ်ယောက်နောက်မှလိုက်လာသည်။
ချန်တပေကလည်း အစောင့်နှစ်ယောက်နှင့်အတူလိုက်လာ၏။
ဤစီရင်စုထဲတွင်လူကြီးများ၊သူဌေးများအပြင်ထွက်လျှင် သေချာဂရုစိုက်ပေးရသည်။ အတိမ်းအစောင်းဖြစ်၍မရ။
ဖွံံ့ဖြိုးလာမည့်မြစ်မှာ စံအိမ်နှင့် ၁၀ မိနစ်ခန့်အကွာအဝေးတွင်ရှိသည်။ ၄င်းမြစ်သည် ရေလှောင်တမံနှင့်လည်း ဆက်သွယ်ထား၏။ တိတိကျကျဆိုရလျှင် မူလကမြစ်မှာဗဟိုရေကန်ထဲစီးဝင်သွားသည်။ နောက်မှရေလှောင်တမံဆောက်ပြီး ကြားခံသွားခြင်းဖြစ်၏။
ထိုအချိန်ကျလျှင် ရွက်လွှင့်ခြင်းအဆုံးမှာ ရေလှောင်တမံနားကျမည်ဖြစ်ပြီး ဤလမ်းကိုသေချာပြင်ဆင်ထားမည်။ ခြံစည်းရိုးကာမည်။ လှပသောကျောက်စရစ်လမ်းလေးတွင် ပန်းပင်နွယ်ပင်များစိုက်ထားမည်။
ရေလှောင်ကန်နားတောင်ခြေတွင် ချင်လင်နှင့်ချန်လီက ရေလှောင်ကန်နားတွင်ငါးဖမ်းလှေငယ်လေးနှင့် အလုပ်လုပ်နေသောလူသုံးဦးကိုတွေ့ရ၏။
ထိုထဲမှတစ်ယောက်ကိုမြင်သောအခါ သူကြောင်သွားသည်။ အဲဒါ ကျောက်မိုချင်းအစ်ကိုယောက်မတို့နဲ့အတူတူလာတဲ့.. သူ့ကိုငါးဘယ်နားဖမ်းလဲလို့မေးတဲ့ လျိုဟွာမလား?
ဒီကောင်က တကယ်ငါးလာဖမ်းတယ်ပေါ့?
ချင်လင်က တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ ဒီလူကတကယ်ယုံတာပဲ။
လျိုဟွာကလည်း ချင်လင်တွေ့မည်ကိုအလွန်ရှက်၏။ ဘာပဲဖြစ်ဖြစ်သူလုပ်နေတာအတော်ရှက်ဖို့ကောင်းမှန်းသူသိသည်။ သို့သော်လည်း ယွမ် ၆၅၀၀၀၀ ဆိုသောသွေးဆောင်မှုကို တွန်းလှန်နိုင်လှန်ခက်ခဲလေသည်။
သူကတိတ်တိတ်လေးခေါင်းငုံ့ထားပြီး သူ့သူငယ်ချင်းနှစ်ယောက်အား လှေပေါ်တက်ရန်တိုက်တွန်းလိုက်ကာ ရေလှောင်တမံနှင့်ရေကန်ဆက်စပ်နေသည့်နေရာသွားရန် စက်နှိုးလိုက်သည်။
သဘာဝအဆောင်အယောင်ငါးတစ်ကောင်မိပြီဆိုတာနှင့် နောက်ထပ်ကားတစ်စီးချက်ချင်းပြောင်းနိုင်မည်။
ချင်လင်ကသူတို့ကိုဂရုမစိုက်နေတော့ဘဲ ချန်လီနောက်လိုက်၍ တောင်တန်းဆီသွားလိုက်သည်။
သူတို့နှစ်ဦးမှာ လမ်းတလျှောက်ခရီးသည်များအကြောင်းပြောသွားကြ၏။ သူတို့တွင်တူသောအချက်များစွာရှိသည်။
ချန်လီ၏အကြုံပြုချက်အတော်များများက အဓိပ္ပါယ်ရှိသည်ဟုခံစားရ၏။ သူကရုံချန်းစီရင်စုခရီးသွားဌာနတွင် သုတေသနများစွာလုပ်ခဲ့ဖူးပုံရသည်။
သူတို့စကားပြောနေရင်း ရုတ်တရက်ချန်လီက အားနာနာနှင့်ဆိုလာလေသည်_ ''သူဌေးချင်... တကယ်တော့ဒီနေ့ ခက်ခက်ခဲခဲတောင်းဆိုစရာရှိတယ်... မင်းကူညီနိုင်မယ်ထင်ပါတယ်''
''အကြီးအကဲချန်... 'တောင်းဆိုတယ်'လို့သုံးနှုန်းရအောင် ဘာများလဲ?'' ချင်လင်ကသိချင်စိတ်နှင့်မေးလိုက်သည်။
ဤကိစ္စမှာ ထောက်ပံ့ငွေနှင့်ဆိုင်မည်မထင်။ မဟုတ်ရင် စာချုပ်အချက်အလက်ထဲမှာထည့်ထားမှာပေါ့။
နောက်ပြီး ချန်လီကဒီလိုဆိုလာမှတော့ သူတတ်နိုင်တာတစ်ခုခုပဲဖြစ်ရပေမည်။