← Chapters

အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်၊ တာအိုပညာရှိများ အတူပူးပေါင်းခြင်း

Vol. 56 Ch. 605

အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်၊ တာအိုပညာရှိများ အတူပူးပေါင်းခြင်း

Vol. 56 Ch. 605

ဟန်ကျွယ်ဟာ ဒီအကျဉ်းထောင်ကို မြင်လိုက်ရတဲ့အခါမှာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါ ဘယ်နေရာလဲ’

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်: အမှောင်တားမြစ်နယ်မြေ၌ တည်ရှိသော အကျဉ်းထောင်ဖြစ်ပြီး တည်ဆောက်သူမှာ အမှောင်ဘုရင် တာအိုပညာရှိ ဖြစ်သည်။ ဤအကျဉ်းထောင်ထဲသို့ တာအိုပညာရှိများ ဝင်ရောက်မိလျှင်ပင် သေတာတောင် မလွတ်မြောက်နိုင်ဟု ဆိုရိုးရှိ၏။]

‘တော်တော် လေကြီးတာပဲ..’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ အမြင်ကတ်သွားပါတယ်။

ဒီအချိန်မှာပဲ အကျဉ်းထောင် အပြင်ဘက်ကနေ ဩဇာအာဏာ ပြည့်ဝတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

“မင်းတို့တွေ ပြင်ဆင်ထားကြတော့၊ အမှောင်ဘုရင် တာအိုပညာရှိက တာအိုဟောကြားတော့မယ်၊ မင်းတို့ သားရိုင်းကောင်တွေ သေသေချာချာ နားထောင်ကြ၊ မရိုမသေ မလုပ်ကြနဲ့...”

အနက်ရောင် နွယ်လက်ချောင်းတွေဟာ အကျဉ်းထောင်ရဲ့ ကြမ်းပြင်ကနေ ထွက်ပေါ်လာပြီး အထဲမှာရှိတဲ့ သက်ရှိအားလုံးကို ရစ်ပတ်လိုက်ပါတယ်။ ဟန်ထော်ရဲ့ နောက်ကျာဟာလည်း ဒီအနက်ရောင် နွယ်လက်ချောင်းရဲ့ ထိုးဖောက်တာကို ခံလိုက်ရတဲ့အတွက် အလွန်တရာ နာကျင်ပုံ ပေါက်သွားပါတယ်။

ယီတျန်က ကျိန်ဆဲလိုက်ပါတယ် “ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ၊ မင်းတို့က ငါတို့ကို ကျွန်ပြုချင်နေတာမလား၊ မင်းတို့မှာ သတ္တိရှိရင် ငါ့ကို လာသတ်ချည်၊ ငါ့ကို အခွင့်အရေးတစ်ခု မရစေနဲ့၊ မဟုတ်လို့ ငါ အနာဂတ်မှာ ဒီနေရာကနေ ထွက်ပြေးလွတ်မြောက်ခဲ့ရင် မင်းတို့ကို အမှုန့်ကြိတ်ပစ်မယ်”

“ဝုန်း...”

အနက်ရောင်လျှပ်စီးဟာ အပေါ်ကနေ ထိုးဆင်းလာပြီး ယီတျန်ကို တစ်စစီ လုပ်ပစ်လိုက်ပါတယ်။ သွေးစသွေးနတွေလည်း ကြမ်းပြင်ပေါ် ပြန့်ကျဲကုန်ပါတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ထပ် အလင်းရောင်တစ်ခု ဆင်းသက်လာပြီး ယီတျန်ရဲ့ ခန္ဓာကိုယ်ကို မူလပကတိ ပြန်ဖြစ်သွားစေပါတယ်။

တခြားသက်ရှိတွေဟာ ဒီအဖြစ်ကို အံအားသင့်ခြင်း မရှိပါဘူး။ မြင်ရပါများလို့ ရိုးအီနေပါပြီ။ သူတို့အကုန်လုံး ဒီနာကျင်မှုကို ခံစားခဲ့ရပါတယ်။ သေလိုက် ရှင်လိုက်နဲ့ အဆုံးမသတ်နိုင်ပါဘူး။

ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။

ဟန်ကျွယ်က ဆက်မေးပါတယ် “ငါ အလျင်မြန်ဆုံး တိုက်ခိုက်ရင် အမှောင်ဘုရင် တာအိုပညာရှိကို တစ်ချက်တည်း သတ်နိုင်မလား”

[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မျှော်လင့်ချက် ရှိသည်။]

စနစ်က သတ်နိုင်တယ်လို့ မပြောပဲ မျှော်လင့်ချက်ရှိတယ်လို့ပဲ ပြောတဲ့အတွက် ဟန်ကျွယ်ဟာ အမှောင်ဘုရင် တာအိုပညာရှိကို သာမန်အခြေနေမှာပဲ သတ်နိုင်စွမ်း ရှိနိုင်ပါတယ်။

“အမှောင်ဘုရင် တာအိုပညာရှိနောက်မှာ ငါ့ထက် စွမ်းအားကြီးတဲ့လူရှိလား”

[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ရှိပါသည်။]

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိမှာ နောက်ခံ ရှိနေတာက အံဩစရာတော့ မဟုတ်ပါဘူး။ ကောင်းကင်တာအို ပညာရှိ အကုန်လုံးမှာတောင် စွမ်းအားကြီးမားတဲ့ နောက်ခံကိုယ်စီ ရှိနေတာပဲ မဟုတ်ပါလား။ ဒီလိုအခြေနေမျိုးမှာတောင် အမှောင်ဘုရင် တာအိုပညာရှိက ဘာကိုမှမကြောက်ဘဲ ကောင်းကင်တာအိုကို တိုက်ခိုက်ရဲပါတယ်။

တာအိုပညာရှိတွေ တိုက်ခိုက်ရင် အမြဲတမ်းလိုလို သူတို့နောက်က တည်ရှိမှုတွေ ပါဝင်ပတ်သတ်ကြတာချည်းပါပဲ။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ထပ်မေးလိုက်ပါတယ် “အမှောင်ဘုရင် တာအိုပညာရှိက ကောင်းကင်တာအို သက်ရှိတွေက ဘာလို့ ဖမ်းဆီးရတာလဲ”

[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ဟာ နောက်ထပ် ပုံရိပ်ယောင်တစ်ခုထဲ ထပ်ဝင်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ လျှို့ဝှက်ဆန်းကြယ်တဲ့ ခန်းမတစ်ခုကို ရောက်သွားပါတယ်။

အမှောင်ဘုရင် တာအိုပညာရှိဟာ ခမ်းနားထည်ဝါလှတဲ့ ကျောက်တုံးရုပ်တုသုံးတုရှေ့မှာ မတ်တတ်ရပ်နေပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိဟာ ဦးမညွှတ်ဘဲ မတ်မတ် ရပ်နေတာပါ။

“အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ ဖရိုဖရဲ စဖြစ်နေပြီ၊ မင်း ဘာဆက်လုပ်မှာလဲ” လျှို့ဝှက်ဆန်းကြယ်တဲ့ အသံတစ်သံဟာ ခံစားချက်ကင်းမဲ့စွာ ထွက်ပေါ်လာပါတယ်။

အမှောင်ဘုရင် တာအိုပညာရှိက ပြန်ဖြေလိုက်ပါတယ် “ကောင်းကင်တာအိုက အကြီးမားဆုံး ကံတရား အထောက်အပံ့ရှိတဲ့လူကို ဖမ်းဆီးပြီး ကျွန်တော်ရဲ့ အစေခံအဖြစ် ပြောင်းပစ်မယ်၊ ပြီးလို့ ကျွန်တော်တို့တွေ ကောင်းကင်တာအိုကို တိုက်ခိုက်တဲ့အါကျရင် ဒီအစေခံတွေကို ရှေ့ကနေ ဦးဆောင်တိုက်ခိုက်ခိုင်းပြီး ကောင်းကင်တာအို နိယာမကို ဆုတ်ဖြဲပစ်မယ်”

“မင်းမှာ ယုံကြည်ချက် ဘယ်လောက်ရှိလဲ”

“၁၀၀ ရာခိုင်နှုန်း ရှိပါတယ်”

“ကောင်းပြီလေ၊ အဆုံးသတ်အပျက်အစီး နတ်ဘုံမှာ ဒီတစ်ခါ ဖရိုဖရဲဖြစ်တာက ရှေးဟောင်း တည်ရှိမှုတစ်ခုက ဓမ္မစွမ်းအားကို အကြီးအကျယ်သုံးပြီး ဖန်တီးလိုက်တာ၊ မင်းရဲ့ ကိစ္စတွေကို မလွဲချော်စေနဲ့”

“ကျွန်တော် နားလည်ပါတယ်”

ပုံရိပ်ယောင် ပြီးဆုံးသွားပါတယ်။ ဒီပုံရိပ်ယောင်က တိုတောင်းပေမဲ့ ဒီထဲမှာ ပါဝင်တဲ့ သတင်းအချက်အလက်က အများကြီးပါ။ အမှောင်ဘုရင် တာအိုပညာရှိနောက်က တည်ရှိမှုဟာ တကယ်ကြီး အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို ကြံစည်နေပါတယ်။

“အမှောင်ဘုရင် တာအိုပညာရှိနောက်မှာရှိတဲ့ အင်အားစုက ဘယ်အင်အားစုလဲ၊ ဘယ်သူ ဦးဆောင်တာလဲ” ဟန်ကျွယ်ဟာ ထပ်မေးလိုက်ပါတယ်။

[စနစ်၏ အကန့်အသတ်ထက် ကျော်လွန်သော ကံအကြောင်းအရာများ ပါဝင်နေ၍ တွက်ချက်ရန် မဖြစ်နိုင်ပါ။]

‘စွမ်းအားကြီးလှချည်လား...’

ဟန်ကျွယ်ဟာ ဟန်ထော်ကို ဘယ်လိုကယ်ရမလဲဆိုတာ စပြီးတော့ စဉ်းစားပါတယ်။ အင်မော်တယ်ကမ္ဘာဆိုရင် ဟန်ကျွယ်ဟာ ဒီအတိုင်း ကြည့်နေမှာပါ။ ဒါပေမဲ့ အခုဟာက ဟန်ထော်ကို အမှောင်ဘုရင် တာအိုပညာရှိ ဖမ်းသွားတာ ဖြစ်တဲ့အတွက် သူမတိုက်ခိုက်ဘူးဆိုရင် သူ့သား ဘဝဆုံးဖို့က သေချာသလောက် ရှိနေပါပြီ။

ဟန်ကျွယ်ဟာ ဟန်ထော်ကို ဖိတ်ခေါ်ပညာရပ် သင်ပေးပြီး လှမ်းဆင့်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုလုပ်လို့ သူ့သရုပ်မှန် ပေါ်သွားမယ်ဆိုပေမဲ့ အခုအချိန်မှာ ဟန်ကျွယ်ဟာ ဒီကိစ္စတွေကို ဂရုမစိုက်နိုင်တော့ပါဘူး။

စဉ်းစားဆုံးဖြတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဟန်ထော်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ဟန်ကျွယ် မျက်မှောင်ကြုတ်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် အိပ်မက်ပေးလို့ မရလို့ပါပဲ။

ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုလိုက်ပေမဲ့ ဘာတုံ့ပြန်မှုမှ မရပါဘူး။ ကြည့်ရတာ အမှောင်ထုရဲ့ ကျဆုံးခြင်း အကျဉ်းထောင်က မရိုးရှင်းပုံပါပဲ။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကို တွေးမိသွားပါတယ်။

‘ခုမှသတိရတယ်... အမှောင်ဘုရင် တာအိုပညာရှိက ကောင်းကင်တာအို သက်ရှိတွေကို ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကနေ ဖမ်းထားတာဆိုတော့ ငါ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေဆီ လူလွှတ်ပြီး ဟန်ထော်လိုမျိုး အဖမ်းခံခိုင်းရမယ်’

တစ်ခဏတွေးပြီးတာနဲ့ ဟန်ကျွယ်ဟာ လျူပေ့ကို လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လျူပေ့က ဟန်ကျွယ်ရဲ့ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားဖြစ်ပြီး နောက်ပိုင်းမှာ ဗုဒ္ဓဂိုဏ်း တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို ခန္ဓာသိမ်းခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ အခုဆိုရင် လျူပေ့ရဲ့ ကျင့်ကြံမှုက မူလဆန်းကြယ် နတ်စွမ်းအား ငါးပါးအဆင့်ကို ရောက်နေပါပြီ။

လျူပေ့ရဲ့ အရည်အချင်းက သိပ်ကြီး ထက်မြက်တဲ့အထဲမှာ မပါပါဘူး။ ဒီလိုဖြစ်ရတာက ဟန်ကျွယ် ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားကို ဖန်တီးတဲ့အချိန်တုန်းက အရည်အချင်း သိပ်မထက်မြက်သေးတာကြောင့်ပါ။ ဒါကြောင့် လျူပေ့ရဲ့ တိုးတက်နှုန်းက‌ နှေးကွေးနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်ရုပ်အနေနဲ့ ဒီလောက်က လုံလောက်ပါတယ်။

လျူပေ့ဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီး ဒူးထောက်လိုက်ပါတယ်။

“ငါ မင်းကို ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေဆီ လွှတ်မလို့ ခေါ်လိုက်တာ...”

ဟန်ကျွယ်ဟာ အဖြစ်အပျက် အလုံးစုံကို ရှင်းပြလိုက်ပါတယ်။ လျူပေ့ဟာ နည်းနည်းတော့ ကြောက်ရွံ့ပေမဲ့ သူ့ကိုယ်သူ အားပေးပြီး ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကို သွားဖို့ လက်ခံလိုက်ပါတယ်။

“မင်းလည်း ဖိတ်ခေါ်ခြင်း ပညာရပ်ကို တတ်မြောက်ထားပြီးပြီပဲ၊ မင်း အန္တရာယ်တွေ့ရင် ငါ့ကို ဆင့်ခေါ်လိုက်၊ မင်း ဒီတာဝန်ကို နားလည်ပြီဆိုတော့ မင်း မသွားခင် ငါ မင်းမှတ်ဉာဏ်ကို ချိပ်ပိတ်လိုက်မယ်၊ မင်း မှတ်ထားဖို့က ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကို ရောက်လို့ အမှောင်ဘုရင် တာအိုပညာရှိနဲ့ တွေ့ရင် ငါ့ကို ဆင့်ခေါ်ဖို့ပဲ”

“ကျွန်တော် နားလည်ပါပြီ”

“သွားတော့...”

ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး လျူပေ့ကို အပြင်ဘက် ပို့လိုက်ပါတယ်။

လျူပေ့က သူရဲဘောကြောင်ပေမဲ့ အလုပ်လုပ်တဲ့ နေရာမှာတော့ တကယ် အလုပ်ဖြစ်ပါတယ်။ ငရဲပြည်မှာတုန်းကလည်း တိတ်ဆိတ်ကျွန်းကို ရှာတွေ့ခဲ့ပါတယ်။

ဟန်ကျွယ်ဟာ စိုးရိမ်စိတ် မပြေသေးတာမို့ ကောင်းကင်အရှင်ရွှမ်တုကို အိပ်မက်ပေးလိုက်ပါတယ်။

အိပ်မက်နယ်မြေက တိမ်ပင်လယ်ပင်ဖြစ်ပြီး ကောင်းကင်ပြင်က အလွန်တရာ ကျယ်ဝန်းကာ ရှုမငြီးအောင် လှပပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်လုံးဖွင့်လိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မျက်လုံးတွေ အရောင် တောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်း စကားမပြောပါဘူး။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို တိုက်ခိုက်တာက အမှောင်ဘုရင် တာအိုပညာရှိလို့ မှန်းဆလိုက်ပြီး တာအိုပညာရှိတွေက အမှောင်ဘုရင် တာအိုပညာရှိကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် သူ့ကို ရှာနေတယ်လို့ ခန့်မှန်းလိုက်ပါတယ်။

အမှောင်ဘုရင် တာအိုပညာရှိ ပေါ်လာတာက ကောင်းကင်တာအို ပညာရှိတွေကို တစ်ဖက်တည်းမှာ ရပ်တည်သွားစေပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ် “မင်း ငါ့ကို အိပ်မက်ပေးတာ မင်းသားကြောင့်လား”

တာအိုပညာရှိတွေဟာ တကယ်တော့ ဟန်ထော်ရဲ့ သရုပ်မှန်ကို သိပါတယ်။ ထုတ်မပြောရုံတင်ပါ။ တာအိုပညာရှိတွေဟာ ငတုံးတွေ မဟုတ်တဲ့အတွက် ဟန်ထော်ကို ဖမ်းပြီး ဟန်ကျွယ်ကို ခြိမ်းခြောက်ဖို့ဆိုတာ မဖြစ်နိုင်မှန်း သိပါတယ်။ အဲဒီအစား လုံးဝကို ရန်သူတွေ ဖြစ်သွားမှာပါ။

တာအိုပညာရှိ ဖြစ်လာပြီးနောက် ခံစားချက်တွေကို ဖြတ်တောက်တာက သာမန်ပါပဲ။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းတို့တွေ အမှောင်ဘုရင် တာအိုပညာရှိနဲ့ တိုက်ခိုက်ချင်လား...”

“တိုက်ခိုက်ချင်တာပေါ့” ကောင်းကင်အရှင် ရွှမ်တုက ပြန်ဖြေလိုက်ပါတယ် “အတူပူးပေါင်းရအောင်... အမှောင်ဘုရင် တာအိုပညာရှိရဲ့ ပစ်မှတ်က ကောင်းကင်တာအိုပဲ၊ လောလောဆယ် အမှောင်ဘုရင် တာအိုပညာရှိက ကောင်းကင်တာအိုကို တိုက်ခိုက်ပြီး ဝင်မလာနိုင်သေးဘူး၊ ဒါပေမဲ့ အမှောင်ဘုရင် တာအိုပညာရှိက ပဋိပက္ခထဲမှာရှိတဲ့ ကောင်းကင်တာအိုငယ်လေးတွေကို လိုက်ဝါးမြိုနေတယ်၊ သူ့မှာ လုံလောက်တဲ့ စွမ်းအားရှိမှ ကောင်းကင်တာအိုထဲကို သတ်ဖြတ်ပြီး ဝင်လာမှာ၊ အဲဒီအချိန်ကျရင် ငါတို့ တာအိုပညာရှိတွေက သူ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

“ငါတို့တွေ ပူးပေါင်းပြီး အမှောင်ဘုရင် တာအိုပညာရှိကို ရင်ဆိုင်မယ်ဆိုရင် သူ့နောက်က တည်ရှိမှုရဲ့ အကောက်ကြံတာကို ခံရနိုင်လား”

“သူ့မှာ နောက်ခံရှိသလို ငါတို့မှာလည်း ရှိတာပဲလေ”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

ကောင်းကင်အရှင် ရွှမ်တုဟာ တစ်ခဏတွေးတောပြီး ဆက်ပြောပါတယ် “ငါတို့ တာအိုပညာရှိတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ ငါတို့ဆရာသခင်တွေကို ဆက်သွယ်ပြီး အမှောင်ဘုရင် တာအိုပညာရှိနောက်က တည်ရှိမှုကို မအားအောင် လုပ်ခိုင်းထားတယ်၊ အတိတ်မှာတုန်းက သူတို့တွေ စိုးရိမ်ကောင်း စိုးရိမ်နိုင်တယ်၊ ဒါပေမဲ့ ဒီကြားထဲ အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံက လွန်လာတာမို့ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက တော်တော် ဒေါသထွက်နေကြပြီ၊ ဒါကြောင့် ဒီကိစ္စအတွက် စိုးရိမ်စရာ မလိုဘူး”

အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဝင်မနှောင့်ယှက်ရင် ငါတို့တွေ ပူးပေါင်းပြီး အမှောင်ဘုရင် တာအိုပညာရှိကို သတ်ပစ်ဖို့က ဖြစ်နိုင်တယ်မလား...”

ကောင်းကင်အရှင် ရွှမ်တုက တကယ်ကို စိတ်မရှည်နိုင်တော့တာပါ။ အရင်က သူလည်းပဲ လွတ်လပ် တာအိုပညာရှိ ဖြစ်တဲ့အတွက် အမှောင်ဘုရင် တာအိုပညာရှိကို ရင်ဆိုင်ဖို့ဆိုတာ ဘာမှ မခက်ပါဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုပညာရှိ နေရာရဲ့ နှောင်ဖွဲ့မှုကြောင့် အမှောင်ဘုရင် တာအိုပညာရှိကို ဘယ်လိုမှ မယှဉ်နိုင်တော့တာပါ။

ဒါကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ သူ့မျှော်လင့်ချက်ကို ဟန်ကျွယ် အပေါ်မှာပဲ ထားနိုင်ပါတော့တယ်။ ဟန်ကျွယ်ဟာ ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကို ရယူခဲ့တဲ့အတွက် ကောင်းကင်တာအို ပညာရှိတွေထက် အများကြီး ပိုစွမ်းပါတယ်။ ဒါကြောင့် သူတို့တွေသာ အတူ ပူးပေါင်းမယ်ဆိုရင် အမှောင်ဘုရင် တာအိုပညာရှိကို သတ်ပစ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “ငါ မင်းကို ယုံလို့ရတယ်မလား...”

ကောင်းကင်အရှင်ရွှမ်တုက တည်ငြိမ်စွာပဲ ပြန်ဖြေပါတယ် “မင်း အခုမယုံရင်တောင် နောက်ကျ ယုံလာရမှာပဲ၊ မင်းရဲ့ အုတ်မြစ်က ပဋိပက္ခနတ်ဘီလူး ပြန်ဝင်စားတာမလား၊ ဒါပေမဲ့ အမှောင်ဘုရင် တာအိုပညာရှိကလည်း အတူတူပဲ၊ သူက ကောင်းကင်တာအိုငယ်လေးကို ဆက်တိုက် စုပ်ယူနေတာဆိုတာ မင်း စွမ်းအားကြီးလာသလို သူကလည်း စွမ်းအားကြီးလာတာပဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters