တာအိုပညာရှိတို့ရဲ့ တိုက်ပွဲ
Vol. 56 Ch. 610
တာအိုပညာရှိတွေရဲ့ ဆန်းကြယ်စွမ်းအားဟာ ကျွန်းပျံပေါ်ကို တစ်ချိန်တည်းနီးပါး ကျရောက်သွားပါတယ်။ ကျွန်းပေါ်က အနက်ရောင် အလင်းတန်းဟာ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး တာအိုပညာရှိတွေရဲ့ ဆန်းကြယ်စွမ်းအားတွေကို သီခြားခွဲထုတ်လိုက်ပါတယ်။
အမှောင်ဘုရင် တာအိုပညာရှိဟာ လက်မြှောက်ပြီး တစ်စုံတစ်ခုကို ဆုပ်ကိုင်ဟန် ပြုလိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ ဓမ္မရတနာတွေဟာ အမှောင်ထုထဲကနေ ရုတ်တရက် ပျံသန်းထွက်လာပြီး တာအိုပညာရှိတွေဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။
ချုံရှီလိုင်ဟာ ရွှေကြာပလ္လင်ပေါ်ထိုင်ပြီး ပေသန်းတစ်ရာကျော် မြင့်မားတဲ့ ရွှေရောင်ဗုဒ္ဓအသွင် ပြောင်းလဲလိုက်ပါတယ်။ ချုံရှီလိုင်ရဲ့ လက်က စက်ဝိုင်းတစ်ခု ဆွဲလိုက်တဲ့အခါမှာ လက်ပေါင်းဆယ်သန်း ထွက်ပေါ်လာပါတယ်။ ချုံရှီလိုင်ဟာ လက်ဝါးဆယ်သန်းကို ဦးတည်ရာ တစ်ခုတည်းကို ဝှေ့ယမ်းလိုက်ပါတယ်။
တာအိုပညာရှိတွေရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ လေအရှိန်ဟာ ကျွန်းပေါ်က မိစ္ဆာကောင်းကင်ဧကရာဇ်ကို ရပ်တည်ခြင်းငှာ မစွမ်းနိုင် ဖြစ်သွားစေပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိရဲ့ ကာကွယ်မှုအောက်မှာတောင် အချိန်မရွေး အမှုန့်ဖြစ်သွားနိုင်တယ်လို့ မိစ္ဆာ ကောင်းကင်ဧကရာဇ် ခံစားလိုက်ရပါတယ်။
ဧကရာဇ်ရှောင်ဟာ နတ်ဆိုးခန္ဓာကိုယ်ကို ပြောင်းလဲလိုက်တဲ့အခါ ရှည်လျားလှတဲ့ ဆံပင်တွေဟာ အရူးအမူး တဖျတ်ဖျတ် ခတ်သွားပါတယ်။ ဧကရာဇ်ရှောင်ဟာ ကြက်သွေးရောင်လှံကို ကိုင်ပြီး တစ်ခါတည်း ကျွန်းထဲကိုဝင်ကာ အမှောင်ဘုရင် တာအိုပညာရှိကို တိုက်ခိုက်ပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ကလည်း မှော်ဓားလေးချောင်းကို ထုတ်ယူပြီး ဓားအစီအမံတစ်ခု ဖြစ်ပေါ်စေကာ ကျွန်းပျံပေါ်မှာ ဝဲပျံစေပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ကလည်း လက်နှစ်ဖက်နဲ့ မန္တန်တွေ ထုတ်သုံးပြီး ပါးစပ်ကလည်း တရစပ် ရွတ်ဖတ်တဲ့အခါ ကောင်းကင်ကနေ ရွှေရောင်းအလင်းတွေ ဆင်းသက်လာပြီး ကျွန်းပျံကို ဖိနှိပ်ပါတော့တယ်။
ကောင်းကင်အရှင်ဝူဖာကလည်း ထိုင်ကြည့်မနေပါဘူး။ ဓားကိုင်ပြီး ဓားချီတွေ ဆက်တိုက် ထုတ်လွှတ်ကာ ကျွန်းပျံကို ကာကွယ်နေတဲ့ အနက်ရောင်း အလင်းကို ထိုးဖောက်ဖို့ ကြိုးစားပါတယ်။
ဖူရှီရဲ့ ခေါင်းပေါ်မှာ မြစ်တစ်စင်း ထွက်ပေါ်လာပါတယ်။ မြစ်ထဲကနေ အော်ဟစ်ကြုံးဝါးနေတဲ့ ရုပ်သွင်တွေ ပျံထွက်လာပြီး ကျွန်းပျံကို ဝင်တိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းဓားချီ ဆန်းကြယ်စွမ်းအားကို ထုတ်သုံးပြီး မရေမတွက်နိုင်တဲ့ ဓားချီတွေကို အချင်းချင်း ရစ်ပတ်စေကာ တောက်ပတဲ့ ဓားအလင်းတန်း ဖြစ်ပေါ်စေပြီး အနက်ရောင် အလင်းကို အားသုံးချိုးဖျက်လိုက်ပါတယ်။
“ဟင်...” အမှောင်ဘုရင် တာအိုပညာရှိရဲ့ အကြည့်ဟာ ဟန်ကျွယ်ဆီ ရောက်သွားပြီး တအံတဩ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အာရုံထဲမှာ ဟန်ကျွယ်က ကောင်းကင်တာအိုပညာရှိ အဆင့်ပဲ ရှိပြီး သူ့ရဲ့ ဓမ္မစွမ်းအားကို ထိုးဖောက်နိုင်လို့ပါ။
‘ဒီတာအိုပညာရှိတွေ ထပ်လာရဲတာ ဒီလူကြောင့်လား...’
အနက်ရောင် အလင်း ကွဲကြေသွားတဲ့အခါ ကျွန်းပျံဟာ ပြန်ပေါ်လာပါတယ်။ တာအိုပညာရှိတွေဟာ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားကို ဆက်သုံးပါတယ်။
အမှောင်ဘုရင် တာအိုပညာရှိဟာ တာအိုပညာရှိတွေကို တစ်ကိုယ်တော် ရင်ဆိုင်ပါတယ်။ တာအိုပညာရှိတွေရဲ့ ဆန်းကြယ်စွမ်းအားကို ညာလက်နဲ့ ဖျက်ဆီးပြီး ဘယ်လက်နဲ့ အမှောင်ထုထဲက ဧရာမ လျှပ်စီးကြာပွတ်ကို ဆွဲထုတ်ကာ တာအိုပညာရှိတွေကို လှမ်းရိုက်လိုက်ပါတယ်။
အငိုက်မိသွားတဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ပထမဆုံး အရိုက်ခံ ထိသွားပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်သွားပြီး သူ့ရဲ့ တာအိုပညာရှိဝိညာဉ်ဟာလည်း ကြီးကြီးမားမား ဒဏ်ရာရသွားပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ကောင်းကင်တာအိုပညာရှိ ဖြစ်တာကြောင့် ရုပ်ခန္ဓာကိုယ်ကို လျင်မြန်စွာပဲ ပြန်ခဲလိုက်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားတာပါ။
နတ်ဆိုးချီတွေ ရစ်ပတ်ထားတဲ့ ဧကရာဇ်ရှောင်ဟာ အမှောင်ဘုရင် တာအိုပညာရှိကို ဝင်တိုက်ပါတယ်။ ဧကရာဇ်ရှောင်ရဲ့ လှံရှည်ဟာ လှံအရိပ်ပေါင်း ထောင်သောင်းချီ ဖြစ်ပေါ်လာပြီး အမှောင်ဘုရင် တာအိုပညာရှိကို ထိုးဖောက်ဖို့ ကြိုးစားပါတယ်။
“မင်းက မိစ္ဆာဘိုးဘေး လျိုဟုန်ထက် အများကြီး ညံသေးတယ်” အမှောင်ဘုရင် တာအိုပညာရှိဟာ အထင်အမြင်သေးစွာ ပြောလိုက်ပြီး ဧကရာဇ်ရှောင်ကို လက်ညိုးနဲ့ ကောက်ထိုးလိုက်ပါတယ်။
“ဝုန်း...”
ဧကရာဇ်ရှောင်ဟာ မမြင်နိုင်တဲ့ အင်အားနဲ့ ဝင်တိုက်မိပြီး မခံနိုင်ဘဲ နောက်ကို ဆုတ်သွားရပါတယ်။ ဧကရာဇ်ရှောင်ရဲ့ နောက်မှာလည်း တွင်းနက်တစ်ခု ပေါ်လာပြီး ဧကရာဇ်ရှောင်ကို ဝါးမြိုကာ ကျုံ့ဝင်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဓားကို မြှောက်လိုက်တဲ့အခါ သူ့နောက် ထိုက်ချီပုံရိပ်လည်း မြင့်တက်သွားပြီး အနက်ရောင်နဲ့ အဖြူရောင်ဟာ လျင်မြန်စွာ ဘောလုံးတစ်လုံးအဖြစ် ရောနှောသွားပါတယ်။ အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ကိုယ်ပွားနှစ်ခု ခွဲထုတ်လိုက်ပါတယ်။
“သုံးပါးအရှင်...”
အမှောင်ဘုရင် တာအိုပညာရှိဟာ နှလုံးလှုပ်သွားပြီး အင်္ကျီလက်စကို ဝှေ့ယမ်းကာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အပြင်ဘက် ရွှေ့ပြောင်းလိုက်ပါတယ်။
မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ကျွန်းပျံပေါ်ကနေ လျင်မြန်စွာ ထွက်ခွာသွားပြီး တာအိုပညာရှိတွေရဲ့ တိုက်ပွဲကိုကြည့်ရင်း တဖြည်းဖြည်း အဝေးကို ရောက်သွားပါတယ်။
တစ်ချိန်တည်းမှာ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ထဲက အကျဉ်းသားတွေဟာ မြင်ကွင်းထဲက တာအိုပညာရှိတွေရဲ့ တိုက်ပွဲကိုကြည့်ပြီး ထိတ်လန့်သွားကြပါတယ်။
တာအိုပညာရှိတွေရဲ့ အလျင်က အရမ်းကို မြန်ဆန်လွန်းပါတယ်။ ဆန်းကြယ်စွမ်းအားမျိုးစုံဟာ လက်ချောင်းထိပ်က ထွက်ပေါ်လာပါတယ်။ နတ်မင်းအဆင့်မှာရှိတဲ့ ဟန်ထော်နဲ့ ယီတျန်တောင် ငေးကြောင်သွားပါတယ်။
အာကာသ ခြားနေတာတောင် ကြောက်မက်ဖွယ် တန်ခိုးစွမ်းအားက သူတို့တွေကို တုန်လှုပ်ချောက်ချားစေပါတယ်။
“ဒါက တာအိုပညာရှိလား”
“မင်းတို့ တွေ့လား၊ ငါတို့ ချန်ကျောင်းတော် တာအိုပညာရှိက ငါတို့ကို လာကယ်တာ”
“ဟီးဟီး... ငါတို့ လူသားမျိုးနွယ်စုရဲ့ တာအိုပညာရှိလည်း ပါတာပဲ မဟုတ်ဘူးလား”
“ဖူရှီက ငါတို နတ်ဆိုးမျိုးနွယ်စုရဲ့ တာအိုပညာရှိလေ၊ ဘယ်လိုလုပ်ပြီး လူသားမျိုးနွယ်စုရဲ့ တာအိုပညာရှိ ဖြစ်သွားရတာလဲ”
“ကြည့်ရတာ ငါတို့တွေ လွတ်မြောက်ဖို့ အခွင့်အရေးရှိပုံပဲ”
အကျဉ်းသားတွေဟာ စိတ်လှုပ်ရှားသွားကြပြီး အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ဟာ ပွက်ပွက်ညံသွားပါတယ်။
ဟန်ကျွယ်ရဲ့ အကောင်းစား ရတနာဟာ ကျွန်းပျံပေါ်ကို အမှောင်ဘုရင် တာအိုပညာရှိရဲ့ ဓမ္မစွမ်းအားနဲ့အတူ ဆင်းသက်သွားပါတယ်။ ဟန်ကျွယ်ဟာ အမှောင်ဘုရင် တာအိုပညာရှိဆီကို လျှောက်သွားပြီး မြေကြောရှုံ့လိုက်ပါတယ်။ အဲဒီနောက် ခြေနှစ်လှမ်းတည်းနဲ့ အမှောင်ဘုရင် တာအိုပညာရှိရှေ့ကို ရောက်သွားပြီး ဓားနဲ့ ခုတ်ချလိုက်ပါတယ်။
အမှောင်ဘုရင် တာအိုပညာရှိဟာ လက်မြှောက်ပြီး ဟန်ကျွယ်ဓားကို ဟန့်တားလိုက်ပါတယ်။ ဒါပေမဲ့ အမှောင်ဘုရင် တာအိုပညာရှိရဲ့ ဓမ္မစွမ်းအား အရံအတားဟာ လွယ်ကူစွာပဲ ချိုးဖျက်ခံလိုက်ရပါတယ်။
တွင်းနက်ထဲက လွတ်သွားတဲ့ ဧကရာဇ်ရှောင်ဟာ ထပ်ပြီးတော့ တိုက်ခိုက်ရင်း အလောတကြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ငါ မင်းကိုပဲ အားကိုးတော့မယ်”
အဲဒီနောက် ဧကရာဇ်ရှောင်ဟာ အနက်ရောင် အလင်းတန်းအသွင် ပြောင်းလဲပြီး ကြက်သွေးရောင်လှံနဲ့ ပူးပေါင်းကာ တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ တိုက်ခိုက်ပါတော့တယ်။ ဒါပေမဲ့ အမှောင်ဘုရင် တာအိုပညာရှိဟာ ကြက်သွေးရောင်လှံရဲ့ တိုက်ခိုက်မှုကို အလွယ်တကူပဲ တိမ်းရှောင်လိုက်ပါတယ်။
အမှောင်ဘုရင် တာအိုပညာရှိဟာ လက်မြှောက်ပြီး တစ်စုံတစ်ခုကို ရေရွတ်လိုက်ပါတယ်။ ကျွန်းပျံထက်မှာ မိုးကြိုးတိမ်တိုက်တွေ ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ လျှပ်စီးနက်တွေဟာ ဟန်ကျွယ်နဲ့ ဧကရာဇ်ရှောင်အပေါ် တရစပ် ပစ်ချပါတော့တယ်။
ဟန်ကျွယ်ဟာ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး တောင်မခံနိုင်တော့တဲ့ဟန် ဆောင်လိုက်ပါတယ်။
ဧကရာဇ်ရှောင်ကတော့ ဟန်ကျွယ်ထက် အခြေအနေ ပိုဆိုးပါတယ်။ လျှပ်စီးနက်တွေရဲ့ ဖိနှိပ်မှုကြောင့် မြေကြီးပေါ် ပြုတ်ကျသွားပါတယ်။ လျှပ်စီးနက်တွေဟာ အနှောင်အဖွဲ့အဖြစ် အသွင်ပြောင်းလဲပြီး ဧကရာဇ်ရှောင်ကို ချုပ်နှောင်လိုက်ပါတယ်။
အမှောင်ဘုရင် တာအိုပညာရှိဟာ အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တု၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ချုံရှီလိုင်၊ ကောင်းကင်အရှင်ဝူဖာ၊ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ ဖူရှီတို့ကတော့ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။
ဒါက တာအိုပညာရှိတွေရဲ့ တိုက်ပွဲဖြစ်တဲ့အတွက် အချိန်တိုအတွင်း အနိုင်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အမှောင်ဘုရင် တာအိုပညာရှိဟာ ကောင်းကင်တာအို ပညာရှိတွေကို ဖိနှိပ်နိုင်တယ်ဆိုရင်တောင် အလွယ်လေး သတ်ပစ်ဖို့က မဖြစ်နိုင်ပါဘူး။
တာအိုပညာရှိတွေဟာ အတော်လေး ဖိအားများနေပါတယ်။ သူတို့ဟာ ဟန်ကျွယ်က အမှောင်ဘုရင် တာအိုပညာရှိကို တောင့်မခံနိုင်ဘူးလို့ ထင်မထားကြပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ တိုက်ခိုက်ဖို့ကလွဲပြီး တခြားလမ်း မရှိပါဘူး။
ကောင်းကင်အရှင်ရွှမ်တုရဲ့ သုံးပါးအရှင်ဟာ အလွန်တရာ စွမ်းအားကြီးတဲ့ ဓမ္မရုပ်တုနှစ်ပါးကိ ဖြစ်ပေါ်စေပါတယ်။ သူတို့တွေဟာ အမှောင်ဘုရင် တာအိုပညာရှိရှေ့ကို လျင်မြန်စွာ ရောက်သွားပြီး အမှောင်ဘုရင် တာအိုပညာရှိ ဘယ်ဆန်းကြယ်စွမ်းအားသုံးသုံး သူတို့ဓားတွေနဲ့ လျင်မြန်စွာ ဖျက်ဆီးပစ်ပါတယ်။
“ဒီသေချင်းဆိုး လောင်ဇီရဲ့ ဓမ္မရုပ်တုတွေ...” အမှောင်ဘုရင် တာအိုပညာရှိဟာ မျက်လုံးကျဉ်းသွားပြီး အရူးအမူး ဖြစ်သွားပါတယ်။
“ဟမ်... ရှေးဟောင်း တာအိုပညာရှိရဲ့ ကူညီမှု ရှိနေရင်တောင် မင်းတို့တွေ အကုန်လုံး ဒီနေ့ သေရမယ်” အမှောင်ဘုရင် တာအိုပညာရှိဟာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမှောင်ဘုရင် တာအိုပညာရှိရဲ့ ပတ်လည်မှာ ကြောက်မက်ဖွယ် လေပြင်းတစ်ခု ဖြစ်ပေါ်လာပြီး လောင်ဇီရဲ့ ဓမ္မရုပ်တုတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။
အဲဒီနောက် အမှောင်ဘုရင် တာအိုပညာရှိဟာ ကောင်းကင်အရှင်ရွှမ်တုကို လှည့်ကြည့်ပြီး ဝင့်ကြွားစွာ ပြုံးလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တု... မင်းက အရင်ကထက် စွမ်းအားပိုကြီးလာတာပဲ၊ ဒါပေမဲ့ ငါ စောစောတုန်းက အတည် မတိုက်သေးဘူး၊ အခု ငါ မင်းကို ငါရဲ့ မဟာဆန်းကြယ်စွမ်းအား အကြောင်း ပြပေးမယ်၊ မင်းတို့တွေ ဒီမှာနေပြီး ငါ့ကို အညံခံဖို့ ပြင်ထားကြတော့...”
အမှောင်ဘုရင် တာအိုပညာရှိဟာ ပမာမခန့် ရယ်မောလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကြောက်မက်ဖွယ် စွမ်းအားက အရပ်ဆယ်မျက်နှာမှာရှိတဲ့ အမှောင်ထုထဲကနေ ထွက်ပေါ်လာပြီး အမှောင်ဘုရင် တာအိုပညာရှိရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဝင်သွားပါတယ်။
ဧကရာဇ်ရှောင်ဟာ လှံကို ပစ်ခွင်းလိုက်ပေမဲ့ အမှောင်စွမ်းအားရဲ့ ဟန့်တားတာကို ခံလိုက်ရပါတယ်။ တာအိုပညာရှိတွေလည်း နှလုံးလှုပ်သွားကြပါတယ်။ တာအိုပညာရှိတွေဟာ အမှောင်ဘုရင် တာအိုပညာရှိရဲ့ စွမ်းအားကို တဖြည်းဖြည်း တိုးတက်လာတာကို ခံစားမိကြပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ အမှောင်ဘုရင် တာအိုပညာရှိ နောက်မှာ ရုတ်တရက် ပေါ်လာပါတယ်။ ဟန်ကျွယ်ခေါင်းထက်မှာ နတ်ဘီလူး ဓမ္မရုပ်တုနှစ်ပါး တစ်ပြိုင်တည်း ပေါ်လာပြီး သူတို့လက်ဝါးတွေနဲ့ အမှောင်ဘုရင် တာအိုပညာရှိရာကို ဝှေ့ယမ်းလိုက်ပါတယ်။
ချုပ်နှောင် နတ်ဘီလူးနဲ့ အရံအတား နတ်ဘီလူး။
နတ်ဘီလူးနှစ်ပါးရဲ့ စွမ်းအားဟာ အမှောင်ဘုရင် တာအိုပညာရှိကို ရပ်တန့်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ ဟန်ကျွယ်ဟာ အစွမ်းကုန် ထုတ်လိုက်တာ ဖြစ်ပါတယ်။
အမှောင်ဘုရင် တာအိုပညာရှိဟာ ဒီအဖြစ်ကြောင့် ထိတ်လန့်သွားပါတယ် “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
အရံအတား နတ်ဘီလူးရဲ့ စွမ်းအားက အမှောင်ဘုရင် တာအိုပညာရှိနဲ့ အမှောင်ထုရဲ့ ဆက်နွှယ်မှုကို တစ်ခါတည်း ဖြတ်တောက်ပြီး အမှောင်ဘုရင် တာအိုပညာရှိ စွမ်းအားကြီးလာတဲ့အလျင်ကို အားသုံးနှောင့်ယှက်ကာ ဖျက်ဆီးပစ်လိုက်ပါတယ်။
နတ်ဘီလူးဓမ္မရုပ်တုတွေဟာ ဟန်ကျွယ် ခေါင်းထက်မှာ တစ်ရုပ်ပြီးတစ်ရုပ် ပေါ်လာပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူး။
ခွန်အား နတ်ဘီလူး။
တိုက်ခိုက်မှု နတ်ဘီလူး။
အရှုံးမဲ့နတ်ဘီလူး။ ဧရာမ နတ်ဘီလူး။
နတ်ဘီလူးဓမ္မရုပ်တု ဒါဇင်ကျော်ဟာ ပေါ်လာချင်းချင်းပဲ ဟန်ကျွယ် ခန္ဓာကိုယ်ထဲကို ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ သူ့လက်ဝါးကို ဝှေ့ယမ်းပြီး အမှောင်ဘုရင် တာအိုပညာရှိကို တိုက်ခိုက်လိုက်ပါတယ်။
လောကဦးနတ်ဒေါသ။
ဒီဆန်းကြယ်စွမ်းအားဟာ နတ်ဘီလူးအများကြီးရဲ့ ဆန်းကြယ်စွမ်းအားကို အတူပေါင်းစပ်ပြီး အလွန်စွမ်းအားကြီးမားတဲ့ ဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်ပေါ်စေပါတယ်။
လွတ်လပ် တာအိုပညာရှိအဆင့်ကို ထိုးဖောက်ပြီးနောက် ဟန်ကျွယ် ပေါင်းစပ်နိုင်တဲ့ နတ်ဘီလူး အရေအတွက်ကလည်း အများကြီး တိုးသွားပါတယ်။ ဟန်ကျွယ်ဟာ ရုပ်ခန္ဓာ အင်အားကြီးမားတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကို အတူပေါင်းစပ်လိုက်ပါတယ်။
ဒီလက်ဝါးလက်ချက်နဲ့ အမှောင်ဘုရင် တာအိုပညာရှိဟာ တစ်ချက်တည်း သုတ်သင်ခံလိုက်ရပါတယ်။
[အမှောင်ဘုရင် တာအိုပညာရှိသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟ အသိပေးချက်ကို လျစ်လျူရှုပြီး လက်ဝါးကို ထပ်ဝှေ့ယမ်းလိုက်ပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိဟာ ခန္ဓာကိုယ် ပြန်မခဲနိုင်ခင်မှာပဲ ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရပါတယ်။
“မဟုတ်ဘူး”
အမှောင်ဘုရင် တာအိုပညာရှိရဲ့ အသံဩဩကြီးဟာ ကြောက်ရွံ့ထိတ်လန့်မှုတွေ အပြည့်ပါပဲ။
စစ်မြေပြင်ကနေ ထွက်ခွာသွားတဲ့ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ သူ့ကို ရစ်ပတ်ထားတဲ့ အမှောင်ထုစွမ်းအား ပျောက်ကွယ်သွားတာကို ခံစားမိလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမှောင်ဘုရင် တာအိုပညာရှိရဲ့ အသံကို ကြားလိုက်ရတာကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... တာအိုပညာရှိတွေက အမှောင်ဘုရင် တာအိုပညာရှိကို သတ်လိုက်တယ်တဲ့လား...”
မြန်မာပြည် ငြိမ်းချမ်းပါစေ။