← Chapters

အမိုက်မှောင်ထဲမှ မျှော်လင့်ချက်ရောင်ခြည်

Vol. 57 Ch. 611

အမိုက်မှောင်ထဲမှ မျှော်လင့်ချက်ရောင်ခြည်

Vol. 57 Ch. 611

ဟန်ကျွယ်ဟာ လောကဦးနတ်ဒေါသကို ထပ်သုံးပြီး အမှောင်ဘုရင် တာအိုပညာရှိ မလွတ်အောင် လုပ်ပါတယ်။ လေးငါးဆယ်ကြိမ် တိုက်ခိုက်မှု အပြီးမှာတော့ ကျွန်းပျံဟာ အမှုန့်ဖြစ်သွားပြီး မှောက်မိုက်တဲ့ အာကာသမှာ ဟန်ကျွယ်ရဲ့ အားကောင်း ကျယ်ပြောတဲ့ ဓမ္မစွမ်းအားသာ ကျန်ရှိပါတော့တယ်။

ဒီအဖြစ်အပျက်ကို ကြည့်ပြီး တာအိုပညာရှိတွေဟာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုတောင် မျက်လုံးတွေ ပြူးကျယ်သွားပါတယ်။

‘အမှောင်ဘုရင် တာအိုပညာရှိက သေသွားပြီလား... မဖြစ်နိုင်တာ...’

‘အမှောင်ဘုရင် တာအိုပညာရှိက အားသုံဂပြီး အသတ်ခံလိုက်ရတာလား...’

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို စစ်ဆေးပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိ မရှိတော့ဘူးဆိုတာ ကျိန်းသေတဲ့အခါ ဟန်ကျွယ်ဟာ ထပ်ပြီးတော့ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။ လူမှုဆက်ဆံရေးထဲမှာလည်း အမှောင်ဘုရင် တာအိုပညာရှိရဲ့ ပုံရိပ် မရှိတော့တဲ့အတွက် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို လှည့်ကြည့်လိုက်ပါတယ် “ကောင်းကင်တာအို သက်ရှိတွေကို ကယ်ရမဲ့အချိန်ပဲ”

ဒီတော့မှ တာအိုပညာရှိတွေဟာ သတိပြန်ဝင်လာပြီး သူတို့ရဲ့ ဆန်းကြယ်စွမ်းအားကို အသုံးပြုကာ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ရဲ့ တည်နေရာကို ဖမ်းဆုပ်လိုက်ပါတယ်။

အမှောင်ဘုရင် တာအိုပညာရှိ သေဆုံးရှိ သေဆုံးသွားတဲ့အခါ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ထဲက မြင်ကွင်းဟာလည်း ပျောက်ကွယ်သွားပါတယ်။ ဒီအဖြစ်ကြောင့် အကျဉ်းသားတွေဟာ မှင်သက်သွားကြပါတယ်။ အကျဉ်းသားတွေဟာ ဘာဖြစ်ခဲ့တယ်ဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြပါဘူး။

ဟန်ထော်နဲ့ ယီတျန်ဟာ တစ်ယောက်ကို တစ်ယောက် ခေါင်းရှုပ်စွာ ကြည့်လိုက်ကြပါတယ်။

သေမျိုးတွေက တာအိုပညာရှိတွေရဲ့ တိုက်ပွဲကို ရှင်းရှင်းလင်း မမြင်နိုင်ပါဘူး။ ဒီအချိန်မှာပဲ အနက်ရောင် အလင်းတိုင်တွေဟာ ကောင်းကင်ပေါ်ကနေ ထိုးဆင်းလာပြီး အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ရဲ့ အကျဉ်းသားတိုင်းဆီကို ကျရောက်သွားပါတယ်။

ဟန်ထော်ဟာလည်း အနက်ရောင် အလင်းတိုင်ရဲ့ ရစ်ပတ်နှောင်ဖွဲ့မှုကြောင့် မလှုပ်ရှားနိုင်တော့ပါဘူး။ ဟန်ထော် ခန္ဓာကိုယ်ထဲက အမှောင်ထု စွမ်းအားဟာ စတင်ဆူပွက်လာပြီး သွေးစည်းနဲ့ ဝိညာဉ်ဆီ စိမ့်ဝင်သွားပါတယ် “ဘာတွေ ဖြစ်နေတာလဲ” ဟန်ထော်ဟာ လန့်သွားပြီး အလွန်တရာမှာ ကြောက်လန့်သွားပါတယ်။

ဒီအမှောင်ထု စွမ်းအားအောက်မှာ ဟန်ထော်ဟာ သူ့ခန္ဓာကိုယ်ကို သူ မပိုင်ဆိုင်နိုင်တော့ပါဘူး။ ယီတျန်လည်း ကြောက်လန့်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့တွေ အသွင် ပြောင်းလဲနေတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားနိုင်ပါတယ်။ ဒီအသွင်ပြောင်းလဲတာက ကောင်းတာလား ဆိုးတာလားတော့ သူတို့လည်း မသိပါဘူး။

“ဝုန်း...”

အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ဟာ စတင်ပြီးတော့ ကွဲကြေလာပါတယ်။ အောက်ကြမ်းပြင်ဟာ ကွဲကြေပြီး အကျဉ်းသားအားလုံး အဆုံးမဲ့ အမှောင်ထုထဲကို ပြုတ်ကျကုန်ပါတယ်။

တခြားတစ်ဖက်မှာတော့...

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ရုတ်တရက် လှမ်းဖမ်းကာ အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ် “မင်းက အမှောင်ဘုရင် တာအိုပညာရှိဆီမှာ ခိုလှုံလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာလည်း အလွန်တရာ ဒေါသထွက်နေတာ ဖြစ်တဲ့အတွက် တောင်ဘက်စွန်း ကောင်းကင်အရှင်ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဖြေရှင်းချက်တော့ မထုတ်ပါဘူး။

“သူ့ကို အသက်ရှင်ခွင့် ပေးလိုက်ပါ”

ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးတွေ ပြူးကျယ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသံက ဟန်ကျွယ်ရဲ့အသံ ဖြစ်နေလို့ပါပဲ။

မိစ္ဆာ ကောင်းကင်ဧကရာဇ် လှည့်ကြည့်လိုက်တဲ့အခါ နတ်အလင်းရောင်တွေ တောက်ပနေတဲ့ လျှို့ဝှက်ဆန်းကြယ် တာအိုပညာရှိက သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အကြည့်ချင်း ဆုံသွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ မျက်နှာအမူအရာကို မမြင်နိုင်တာကြောင့် စိတ်ထဲမှာ အတော်လေး ရှုပ်ထွေးသွားပါတယ်။ တစ်ချိန်က သူ ကာကွယ်ခဲ့တဲ့ သစ်ပင်ငယ်လေးဟာ အခုအချိန်မှာ ဧရာမသစ်ပင်ကြီး ဖြစ်နေခဲ့ပြီး သူ မုန်းတီးတဲ့ တာအိုပညာရှိတွေဘက်မှာ အမြစ်တွယ်နေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး။

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်သွားပြီး ပါးစပ်ဟဖို့ ပြင်လိုက်စဉ်မှာပဲ ဟန်ကျွယ်က ထပ်ပြောလိုက်ပါတယ် “ငါ့မျက်နှာထောက်ပါ”

ဒီစကားကြောင့် တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ မျက်နှာဟာ ၁၈၀ ဒီဂရီ ပြောင်းလဲကာ ချက်ချင်း ပြုံးရွှင်သွားပါတယ် “ကောင်းပြီလေ... တာအိုရောင်းရင်းဟန်က သူ့အတွက် ပြောပေးမှတော့ ကျုပ်ကလည်း တာအိုရောင်းရင်းဟန်ရဲ့ မျက်နှာကို ထောက်ရမှာပေါ့”

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို လွှတ်ပေးပြီး တခြား တာအိုပညာရှိတွေနဲ့ သွားပေါင်းကာ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ကို ရှာဖွေပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို အဝေးကနေ တိတ်တဆိတ် ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ မင်းကို ကာကွယ်နိုင်တယ်၊ ငါနဲ့ အတူပူးပေါင်းဖို့ ဆန္ဒရှိလား”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “မလိုပါဘူး၊ ငါက ကောင်းကင်တာအိုနဲ့ ကမ္ဘာမကျေတဲ့ ရန်သူတွေ ဖြစ်နေပြီ၊ အနာဂတ်မှာ အမှောင်ထုနဲ့ ကောင်းကင်တာအို တိုက်ခိုက်ကြရင် ငါလည်း မင်းကို အသက်ရှင်ခွင့်ပေးမယ်”

စကားဆုံးတာနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လှည့်ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကို ဟန်ကျွယ်ကို အလိုလို သတ်ဖြတ်ငွေ့ ထုတ်လွှတ်သွားစေပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို အမှီပြုပြီး စွမ်းအားကြီးရန်သူတွေ လက်ကနေ ပုန်းရှောင်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်တာအို ရန်သူတွေ ဖြစ်မှာကို ဟန်ကျွယ် မမြင်ချင်ပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်ဟာ သတ်ဖြတ်ငွေ့ကို ဖိနှိပ်ပြီး ကောင်းကင်ဧကရာဇ်ကို မတိုက်ခိုက်ပါဘူး။ အတိတ်မှာတုန်းက သူတို့နှစ်ယောက်ဟာ သားအဖတွေလိုမျိုး ရင်းနှီးခဲ့ကြတာ မဟုတ်ပါလား။ အဲဒီတုန်းက ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို လုံးဝ အကာအကွယ်ပေးပြီး ဟန်ကျွယ် တောင်းဆိုသမျှကို လိုက်လျောပေးခဲ့ပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ သူ့အလှည့် ရောက်လာတဲ့အခါမှာလည်း ကောင်းကင်ဧကရာဇ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ။ ဟန်ကျွယ်ရဲ့ ဝင်ပါမှုကြောင့်သာ မဟုတ်ရင် ကောင်းကင်ဧကရာဇ်ရဲ့ ကံကြမ္မာက ကပ်ဘေးထဲမှာ သေဆုံးဖို့ သတ်မှတ်ပြီးသားပါ။

ဟန်ကျွယ်ဟာ တစ်ဖက်ကို လှည့်လိုက်တဲ့အခါမှာ တစ်စုံတစ်ခုကို နားလည်သွားပါတယ် ‘ငါက တာအိုပညာရှိ ဖြစ်တော့ရော ဘာဖြစ်လဲ၊ ကံကြမ္မာကို ပြောင်းလဲနိုင်တာမှ မဟုတ်တာ...’

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဖမ်းချုပ်ပြီး လောကဦးထောင်ထဲ ပစ်ထည့်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ ဘာအတွက် အဲဒီလိုလုပ်ရမှာလဲ။ အများဆုံး မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့စကားကို အကြွင်းမဲ့ နားထောင်ရုံပါ။ ကောင်းကင်တာအိုနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကြားက မုန်းတီးမှုရန်ငြိုးကို ဖြေဖျောက်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ဒီအကြောင်းကို ဆက်မတွေးတော့ပါဘူး။ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို အိပ်မက်ပေးပြီး ဆင့်ခေါ်ပညာရပ် အသုံးပြုခိုင်းလိုက်ပါတယ်။ ဒါမှ ဟန်ကျွယ်ဟာ အချိန်မရွေး ထွက်ပြေးနိုင်မှာပါ။

ဟန်ကျွယ်ဟာ သူပြောချင်ရာ ပြောပြီးတာနဲ့ အိပ်မက်ကို အဆုံးသတ်လိုက်တဲ့အတွက် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ပါးစပ်တောင် မဟလိုက်ရပါဘူး။ အဲဒီနောက်ပိုင်း လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ ညွှန်ကြားချက်အတိုင်း ဆင့်ခေါ်ပညာရပ်ကို ဆက်တိုက် အသုံးပြုပါတယ်။

ဝဲကတော့နက်ဟာ ဟန်ကျွယ်နောက်မှာ ပေါ်လာပြီး ဟန်ကျွယ်နောက်ကို အမြဲတမ်း လိုက်ပါတယ်။ တခြားတာအိုပညာရှိတွေဟာ ဒါကို မြင်တော့ အံအားသင့်သွားကြပါတယ်။ ဒါပေမဲ့ တခြား တာအိုပညာရှိတွေဟာ မေးလည်း မမေးရဲသလို တာအိုပညာရှိအာရုံနဲ့လည်း မစစ်ဆေးရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကို အပြစ်ပြုမိမှာ ကြောက်လို့ပါ။

ဟန်ကျွယ် အမှောင်ဘုရင် တာအိုပညာရှိကို အားသုံးပြီး သတ်လိုက်တာ တာအိုပညာရှိတွေရဲ့ စိတ်ထဲမှာ ထင်ထင်ရှားရှားကြီး ရှိနေပါသေးတယ်။ တိုက်ပွဲရဲ့ ဓမ္မစွမ်းအား အကြွင်းအကျန်တွေကလည်း လုံးဝ မပျောက်ကွယ်သေးပါဘူး။ ဒါကြောင့် တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို တော်‌တော်လေး ကြောက်လန့်နေကြပါတယ်။

ဟန်ကျွယ်က အမှောင်ဘုရင် တာအိုပညာရှိကိုတောင် သတ်နိုင်တဲ့အတွက် သူတို့ကို သတ်ပစ်ဖို့ဆိုတာကလည်း ခက်မှာ မဟုတ်ပါဘူး။ သူတို့က အမှောင်ဘုရင် တာအိုပညာရှိလောက် စွမ်းအားမကြီးဘူး မဟုတ်ပါလား။

......

အမှောင်ထုထဲမှာ ဟန်ထော်ရဲ့ သိစိတ်ဟာ တဖြည်းဖြည်းချင်း နိုးထလာပါတယ်။ ဟန်ထော်ဟာ အသူရာချောက်ထဲကို ပြုတ်ကျနေသလိုမျိုး ဆက်တိုက် ကျဆင်းနေတယ်လို့ ခံစားလိုက်ရပါတယ်။

‘ဘာတွေ ဖြစ်ကုန်တာလဲ... ငါ သေတော့မှာလား...’ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ဟာ ထုံထိုင်းနေပါတယ်။

“မင်းသာ မင်းခန္ဓာကိုယ်ကို နေရာယူခွင့်ပေးရင် ငါ မင်းကို ကယ်ပေးမယ်” ဝတ်ရုံဖြူရဲ့ အသံဟာ ဟန်ထော်ရဲ့ နားထဲမှာ ထပ်မံ ထွက်ပေါ်လာပါတယ်။

“ဒီလိုသာ ဆက်သွားနေရင် မင်း အမှောင်ဘုရင် တာအိုပညာရှိရဲ့ အမှောင်ထုစွမ်းအား ဝါးမြိုတာကို ခံရပြီး အမှောင်တားမြစ်နယ်မြေထဲက အမင်္ဂလာ မကောင်းဆိုးဝါး ဖြစ်လာလိမ့်မယ်’

“မင်းမှာ ဒီနည်းလမ်းပဲ ရှိတော့တာနော်”

တစ်ဖက်လူရဲ့ သွေးဆောင်စကားကို ဟန်ထော်ဟာ ပြန်မဖြေပါဘူး။ ဟန်ထော်ဟာ သူ့ဘဝကို ပြန်သုံးသပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုကိုရော နောင်တရားကိုရော နာကျင်မှုကို‌ရော ကျေနပ်အားရမှုတွေကိုရော ကြုံတွေခံစားခဲ့ရပါတယ် ‘ငါက ဒီလိုမျိုး အဆုံးသတ်သင့်တယ်နဲ့ တူတယ်’

ဟန်ထော်ရဲ့ တစ်ခုတည်းသော နောင်တက သူ့မိဘနှစ်ပါးနဲ့ သူ့ဇနီးသည်ကို အသက်ပြန် မသွင်းနိုင်တာပါ။ နှစ်ပေါင်းတစ်သိန်း ကြာပြီးတာတောင် သူတို့ရဲ့ ဝိညာဉ်ကို ပြန်ရှာဖို့က ဟန်ထော်ရဲ့ စိတ်ကူးယဉ် အတွေးသက်သက်သာ ဖြစ်ခဲ့ရပါတယ်။

‘သေခြင်းတရားက တကယ် လွတ်မြောက်မှုလည်း ဖြစ်နိုင်ပါတယ်လေ’ ဟန်ထော်ဟာ ခါးသီးစွာ တွေးတောလိုက်ပါတယ်။

ဒီအချိန်မှာ အလင်းတန်းတစ်ခုဟာ အမှောင်ထုကို ထိုးခွင်းပြီး ဟန်ထော်အပေါ်မှာ တောက်ပသွားပါတယ်။ ဒီအလင်းရောင်ကြောင့် ဟန်ထော် နှလုံးသားက မျှော်လင့်ချက် ရောင်ခြည်ဟာ တစ်ဖန်ပြန်ပြီးတော့ နိုးထလာပါတယ်။

ဟန်ထော်ဟာ လက်တစ်ဖက်က သူ့ကို လှမ်းဖမ်းလိုက်တာကို တွေ့လိုက်ရပါတယ်။

“ဒါ...” ဟန်ထော်ရဲ့ မျက်ဆံတွေဟာ ပြူးကျယ်သွားပါတယ်။ ဒီလက်နောက်က ရုပ်သွင်ဟာ ဟန်ထော်ရဲ့ မှတ်ဉာဏ်တွေထဲမှာ ဝိုးတိုးဝါးတားပဲ ရှိတော့တဲ့ ရုပ်သွင်တစ်ခုပါ။

အဖေ။

ဝေဝါးနေတဲ့ ဟန်ထော်ရဲ့ မှတ်ဉာဏ်တွေဟာ ရှင်းလင်း ပြတ်သားသွားပါတယ်။ ဟန်ထော်ဟာ အလွန်တရာမှ စိတ်လှုပ်ရှားသွားပြီး စကားပြောဖို့ ပြင်လိုက်ပေမဲ့ ပါးစပ်မဟနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ဟန်ထော်ကို အင်္ကျီလက်အိုးထဲ ကောက်ထည့်လိုက်ပါတယ်။ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင် ပြိုလဲသွားတာက အားကောင်းတဲ့ အာကာသ ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားစေခဲ့ပါတယ်။ တာအိုပညာရှိတွေဟာ ဒီအာကာသ ရိုက်ခတ်မှုကနေ အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်ကို ရှာတွေ့သွားပါတယ်။

ကောင်းကင်တာအို သက်ရှိတွေကို ကယ်တင်ပြီးတာနဲ့ တာအိုပညာရှိတွေဟာ တစ်ဖန်ပြန်ပြီးတော့ စုစည်းလိုက်ကြပါတယ်။ ဟန်ကျွယ်ကတော့ ဝဲကတော့နက်ထဲဝင်ပြီး ပျောက်ကွယ်သွားပါတယ်။

“တာအိုရောင်းရင်းဟန် ဘယ်ရောက်သွားလဲ” တောင်ဘက်စွန်း ကောင်းကင်အရှင်က တအံတဩ မေးလိုက်ပါတယ်။

ချုံရှီလိုင်က ဖြေလိုက်ပါတယ် “တာအိုရောင်းရင်းဟန်က ထွက်သွားပြီ၊ ငါတို့လည်း ပြန်ကြရအောင်၊ အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံက ငါတို့ကို ပြဿနာ လာရှာနိုင်တယ်”

“ကောင်းပြီ”

တာအိုပညာရှိတွေဟာ ချက်ချင်း ထွက်ပြေးကြပါတယ်။

ဟန်ကျွယ်ဟာ မထွက်ခွာခင် ချုံရှီလိုင်နဲ့ ကောင်းကင်အရှင်ဝူဖာကို အသံလွှင့်ပြီး ခပ်မြန်မြန် ထွက်ပြေးဖို့ ပြောခဲ့ပါတယ်။

တာအိုပညာရှိတွေဟာ အာကာသကို ထိုးဖောက်ပြီး လျင်မြန်စွာ ခရီးနှင်ပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရုတ်တရက်ပေါ်လာပြီး သူတို့ကို သတ်ဖြတ်မှာကို ထိတ်လန့်နေကြပါတယ်။

ခရီးနှင်ရင်း ဖူရှီဟာ သက်ပြင်းချလိုက်ပါတယ် “တာအိုရောင်းရင်းဟန်က ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားဘူး၊ သူက လွတ်လပ်မှုအဆင့်ကို ရောက်နေလောက်ပြီ”

တခြား တာအိုပညာရှိတွေရဲ့ မျက်နှာ အမူအရာဟာလည်း ရှုပ်ထွေးကုန်ပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က တစ်ဆင့်ချင်း စွမ်းအားကြီးလာပြီး သူတို့ကို ကျော်တက်ကာ နောက်ချန်ခဲ့တာကို ထိုင်ကြည့်နေရပါတယ်။ ဒီအံအားသင့်မှုက စကားလုံးနဲ့ ဖော်ပြလို့ မရပါဘူး။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “လွတ်လပ် တာအိုပညာရှိအဆင့် ဖြစ်လိမ့်မယ်၊ ကြည့်ရတာ တာအိုရောင်းရင်းဟန်က ငါတို့တွေ မမြင်နိုင်တဲ့ နောက်ခံကြီးကြီး ရှိနေပုံပဲ”

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်က ဒီအဆင့်အထိ သူ့ဘာသာ ကျင့်ကြံခဲ့တယ်လို့ မယုံပါဘူး။ ကျိန်းသေပေါက် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါး ဖြစ်ရမယ်လို့ ယုံကြည်ထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters