← Chapters

အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံ

Vol. 57 Ch. 612

အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံ

Vol. 57 Ch. 612

“ဘာပဲဖြစ်ဖြစ် အမှောင်ဘုရင် တာအိုပညာရှိ သတ်လိုက်တာက ကောင်းကင်တာအိုကို ကယ်တင်လိုက်တာပဲ” ကောင်းကင်အရှင်ရွှမ်တုက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်နဲ့ အတူတူ အလုပ်လုပ်ခဲ့တာမို့ တခြား တာအိုပညာရှိတွေက ဟန်ကျွယ်ကို ကြောက်လန့်ပြီး မလိုမုန်းထား ဖြစ်မှာကို မမြင်ချင်ပါဘူး။

ရှေးကတည်းက တာအိုပညာရှိတစ်ပါး စွမ်းအားကြီးလွန်းရင် တခြားတာအိုပညာရှိတွေ ဝန်းရံတာကို ခံရစမြဲပါပဲ။ ဒါပေမဲ့ ဒီတာအိုပညာရှိတွေက ဟန်ကျွယ်ကို မယှဉ်နိုင်ဘူးဆိုတာ ကောင်းကင်အရှင်ရွှမ်တု သိနေပါတယ်။ ကောင်းကင်အရှင်ရွှမ်တု စိုးရိမ်တာက ဒီတာအိုပညာရှိတွေ သေသွားမှာကိုပါ။

“ဟုတ်တယ်၊ ငါတို့တွေ အမှောင်ဘုရင် တာအိုပညာရှိကို သတ်နိုင်ရင် ကျန်တာက ကိစ္စမရှိဘူး”

“ငါတို့တွေကို မလိုအပ်တော့ဘူးလို့ ခံစားရတာ ငါတစ်ယောက်တည်းလား”

“ဘာလို့ မလိုရမှာလဲ၊ ငါတို့ စီနီယာတွေကိုသာ ကိုယ်တိုင်လှုပ်ရှားဖို့ မပြောရင် တာအိုရောင်းရင်းဟန်က ဒီကို လာရဲမှာတဲ့လား၊ တာအိုရောင်းရင်းဟန်က ဒါကို ထောင်ချောက်လို့ ထင်မှာ”

“ကျွတ်..ကျွတ်... တာအိုရောင်းရင်းဟန်က ဒီလောက် စွမ်းအားကြီးတာတောင် အမြဲတမ်း သတိထားနေတုန်းပဲ”

“သတိဆိုတာ ပိုတယ်မှ မရှိတာ၊ ဟန်ကျွယ်က တစ်ခါမှ သူ့ဘက်ကနေပြီး ရန်စလေ့မရှိဘူး၊ တိုက်ခိုက်ဖို့ ဖိအားပေးခံရတာချည်းပဲ၊ ဒါက ငါတို့တွေ အတုယူသင့်တဲ့ အရာတစ်ခုပဲ၊ ငါတို့တွေသာ စည်းလုံးပြီး ကောင်းကင်တာအိုကို အင်အားကြီးအောင်လုပ်ရင် ငါတို့ရဲ့ ကျင့်ကြံမှုတွေကလည်း ကျိန်းသေပေါက် တိုးတက်မှာပဲ၊ တာအိုပညာရှိတွေ အချင်းချင်း မတိုက်ခိုက်ရင် ဒီထက်ကောင်းတဲ့ ရလဒ်တစ်ခု ထွက်လာနိုင်တယ်”

တာအိုပညာရှိတွေဟာ လျင်မြန်စွာ ခရီးနှင်ရင် ဆက်သွယ် ပြောဆိုကြပါတယ်။

ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရှေ့မှာ ပေါ်လာပြီး ဆင့်ခေါ်ပညာရပ်ကို ရုတ်သိမ်းခိုင်းလိုက်ပါတယ်။ ဆင့်ခေါ်ပညာရပ်ကို ရုတ်သိမ်းလိုက်တာနဲ့ ဝဲကတော့နက်ကလည်း ကျုံ့ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။

လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ကျွယ်ပြောတဲ့အတိုင်း လုပ်ဆောင်ရင်း စပ်စုလိုက်ပါတယ် “ဘာတွေ ဖြစ်လို့လဲ၊ ဘာဖြစ်လို့ ဂိုဏ်းချုပ် ဒီလောက် အလျင်လိုနေတာလဲ”

“ငါတို့တွေ ခုနလေးတင် တိုက်ခိုက်နေကြတာ”

“ဘယ်သူနဲ့လဲ”

“ကောင်းကင်တာအိုပညာရှိတွေထက် ကျော်လွန်တဲ တည်ရှိမှုတစ်ခုနဲ့...”

လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မှင်သက်အံဩသွားပြီး ရုတ်တရက်ဆိုသလို လွန်ခဲ့တဲ့တစ်ခေါက် ဆင့်ခေါ်ပညာရပ် အသုံးပြုတုန်းက ခံစားခဲ့ရတဲ့ ကြောက်မက်ဖွယ် ရောင်ဝါကို ပြန်တွေးမိလိုက်ပါတယ်။

‘ဂိုဏ်းချုပ်က ဘယ်လိုတည်ရှိမှုမျိုးလဲ...’

အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို သွားပါတယ်။

[ပဋိပက္ခနတ်မင်းသည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

‘အရမ်းကောင်းတယ်... ကြမ္မာဆိုးစာအုပ်ကို ထုတ်သုံးရမဲ့ အချိန်ပဲ’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ပဋိပက္ခအဖွဲ့ရဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်က အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံ ဖြစ်နေလိမ့်မယ်လို့ ဟန်ကျွယ် ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ အများကြီးတော့ မတွေးပါဘူး။ ဘာပဲဖြစ်ဖြစ် ပဋိပက္ခနတ်မင်းက မဟာတာအို နတ်စိတ်ဝိညာဉ်သာ ဖြစ်တဲ့အတွက် တာအိုစက်ကွင်းထဲ ဝင်မလာနိုင်ပါဘူး။

တာအိုဘုံကျောင်းအတွင်း။

ဟန်ကျွယ်ဟာ ဟန်ထော်ကို အပြင်ထုတ်လိုက်ပါတယ်။

ဟန်‌ထော်ဟာ ကြမ်းပြင်မှာ သတိကင်းမဲ့စွာ လဲလျောင်းနေပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဝိညာဉ်တစ်ခုကို ဆွဲထုတ်လိုက်ပါတယ်။ ဒီဝိညာဉ်က ဟန်ထော် အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ တွေ့ခဲ့တဲ့ ဝတ်ရုံဖြူပါ။

ဝတ်ရုံဖြူက ဝိညာဉ်အပိုင်းအစ တစ်စသာ ဖြစ်ပါတယ်။

ဝတ်ရုံဖြူဟာ လေးနက်တဲ့ မျက်နှာထားနဲ့ မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ၊ မင်းက တကယ်ကြီး အမှောင်ဘုရင် တာအိုပညာရှိကို သတ်လိုက်တာလား၊ သူ့နောက်မှာ ဘယ်သူရှိတယ်ဆိုတာ မင်း သိလား”

ဟန်ကျွယ်ဟာ စကားတစ်ခွန်းမဆိုဘဲ ဝတ်ရုံဖြူကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။ ဝတ်ရုံဖြူက ဝိညာဉ်အပိုင်းအစ တစ်စသာ ဖြစ်တဲ့အတွက် သူမြင်တွေ့ခဲ့ရတာတွေကို ပင်မခန္ဓာကိုယ်ဆီ ပြန်ပို့နိုင်မှာ မဟုတ်ပါဘူး။

[ဆွမ်တိသည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

[လောင်ဇီသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]

[လောကဦး ကောင်းကင်အရှင်သခင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]

[ခုနစ်ပါး တာအိုပညာရှိသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]

[ကျောက်စိမ်းဗောဓိသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]

[နွီဝါသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]

[ကံကောင်းကင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

မုန်းတီးမှု အသိပေးချက်တွေ တရစပ် တက်လာတဲ့အတွက် ဟန်ကျွယ် ကြက်သေသေသွားပါတယ်။ စုစုပေါင်း စွမ်းအားကြီးပုဂ္ဂိုလ် ၂၆ ပါးဟာ ဟန်ကျွယ်ကို မုန်းတီးသွားပါတယ်။

‘ဘာတွေ ဖြစ်ကုန်တာလဲ’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပြီး ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေကို တစ်ယောက်ချင်း စစ်ဆေးလိုက်တဲ့အခါ တစ်ယောက်မှ တာအိုဖန်တီးရှင်အဆင့် မရှိတဲ့အတွက် ရင်ထဲက အလုံးကြီး ကျသွားပါတယ်။

ပိုပြီးစိတ်ချရအောင် ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။

“ငါ့ကို မုန်းတီးတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေထဲမှာ ငါ့တာအိုစက်ကွင်းရဲ့ အရံအတားကို ထိုးဖောက်နိုင်တဲ့လူ ရှိလား”

[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ လုံးဝ စိတ်ချလက်ချ ဖြစ်သွားပါတယ်။ စိတ်ငြိမ်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သေချာစဉ်းစား သုံးသပ်လိုက်ပါတယ်။

‘ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက အမှောင်ဘုရင် တာအိုပညာရှိနောက်မှာ ရှိနေတာလား... ဒါဆိုရင် ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက ဘာဖြစ်လို့ ငါတို့ကို ကူညီတာလဲ၊ ဒရမ်မာ ခင်းနေတာလား...’

အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး တုန်လှုပ်ချောက်ချားသွားပါတယ် ‘ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက အမှောင်ဘုရင် တာအိုပညာရှိကို အသုံးချပြီး ကောင်းကင်တာအိုကို ကွဲကြေစေချင်တာလား...’

‘ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ’ ဟန်ကျွယ်ဟာ ဒီကိစ္စရဲ့ အကြောင်းရင်းကို စဉ်းစားလို့ မရပါဘူး။

[သိကျွင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်တဲ့အခါမှာ ချက်ချင်း လက်မခံဘဲ ပြန်မေးလိုက်ပါတယ် “ငါ သိကျွင်း အိပ်မက်ပေးတာကို လက်ခံလိုက်ရင် အန္တရာယ် ရှိနိုင်လား”

[သက်တမ်း ၁၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

စိတ်သက်သာရာ ရသွားတဲ့ ဟန်ကျွယ်ဟာ သိကျွင်းရဲ့ အိပ်မက်ကို လက်ခံလိုက်ပါတယ်။

အိပ်မက်ထဲမှာ သိကျွင်းနဲ့ ဟန်ကျွယ်ဟာ တိမ်တွေထက် မတ်တတ်ရပ်နေကြပါတယ်။ သိကျွင်းက ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း ဘယ်တုန်းက လွတ်လပ်မှုအဆင့်ကို ရသွားတာလဲ”

စွမ်းအားကြီးပုဂ္ဂိုလ်တွေ အန္တိမမူလ မဟာတာအိုကို တွေးမိမှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ လုပ်ဇာတ်ခင်းလိုက်ပါတယ် “အမှန်အတိုင်း ပြောရရင် ကျွန်တော်က နဂိုကတည်းက လွတ်လပ်မှုအဆင့်မှာ၊ ဟန်ကျွယ်က ဒီဘဝ အင်မော်တယ်ကမ္ဘာမှာ ကျွန်တော် လေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ”

သိကျွင်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်စကားသာ မှန်တယ်ဆိုရင် ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်က သူ့ထက် စွမ်းအားကြီးရာ ရောက်နေလို့ပါ။ အရင်က သူ ဟန်ကျွယ်ကို ထိုးဖောက်မမြင်ခဲ့ဘူး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တည်ငြိမ်ဟန် ဆောင်လိုက်ပါတယ်။ လောလောဆယ်မှာ သိကျွင်းက ဟန်ကျွယ်ရဲ့ မိတ်ဆွေဖြစ်နေပါသေးတယ်။ ဟန်ကျွယ်ဟာ သိကျွင်း ဘာပြောလာမလဲဆိုတာကို နားစွင့်လိုက်ပါတယ်။

“မင်း အမှောင်ဘုရင် တာအိုပညာရှိကို သတ်လိုက်တယ်၊ ဒီကိစ္စက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး” သိကျွင်းက ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ်။

“ကျွန်တော်က သူ့ကို ကောင်းကင်တာအိုအတွက် သတ်လိုက်တာ၊ တခြားတာအိုပညာရှိတွေကလည်း ကျွန်တော်ကို အကူအညီပေးဖို့ တောင်းပန်ကြတယ်လေ၊ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ကျွန်တော်တို့ကို ကာကွယ်ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်”

“အင်း... မင်းက တကယ်ပဲ ကောင်းကင်တာအိုကို ကာကွယ်ချင်ရုံလား”

“အဲဒါကလွဲပြီး တခြားအကြောင်းအရင်း ရှိနိုင်သေးလို့လား”

သိကျွင်းက ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ခန့်မှန်းချက် တစ်ခုထုတ်လိုက်ပါတယ်။ ဒါပေမဲ့ ထုတ်မပြောပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ် ၂၆ ပါးက သူ့ကို မုန်းတီးနေတာ မသိသလိုမျိုးပေါ့။

“နောက်ကျလို့ ကောင်းကင်တာအို အန္တရာယ်တွေ့ရင် ဘာမှမလုပ်နဲ့၊ ငါတို့ စီစဉ်ထားတာတွေ ရှိတယ်” စကားဆုံးတာနဲ့ သိကျွင်းဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စနစ်ကို စိတ်ထဲကနေ မေးလိုက်ပါတယ် “သိကျွင်းက အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံတွေထဲက တစ်ယောက်လား”

[သက်တမ်း ၁၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မှန်ပါသည်။]

ဟန်ကျွယ်ရဲ့ နှလုံးသားတစ်ခုလုံး ရေထဲ စုံးစုံးမြုပ်သွားပါတယ်။

“ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေ ဒရမ်မာခင်းပြီး ကောင်းကင်တာအိုကို ဖျက်ဆီးချင်တာက တာအိုဘိုးဘေးရဲ့ မျိုးဆက်ကို တော်လှန်ချင်တာလား”

ဟန်ကျွယ်ဟာ ဒီအကြောင်းရင်းကလွဲပြီး တခြားအကြောင်းရင်းကို စဉ်းစားမရပါဘူး.

[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မှန်ပါသည်။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးရဲ့ ပစ်မှတ်ထားတာကို ခံရတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ တစ်ခုတည်းသော အားသာချက်က တာအိုစက်ကွင်း ရှိနေတာပါ။ ဟန်ကျွယ်ဟာ နောက်ကျရင် အပြင်ဘက်ကို အလွယ်တကူ မထွက်တော့ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေက အမှန်တရားကို ဟန်ကျွယ် မသိသေးဘူးလို့ ထင်တဲ့အတွက် ဟန်ကျွယ်ကို နဂိုအတိုင်း ဆက်ဆံကြအုန်းမှာပါ။ အများဆုံး ဟန်ကျွယ်နာမည်ကို သတိပိုထားရုံပါ။ သိကျွင်းက အကောင်းဆုံး ဥပမာပဲ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းတော်တော် ရှုပ်သွားရပါတယ်။ ဒီအချိန်မှာပဲ နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာပါတယ်။

[ဧကရီနွီဝါသည် သင့်အား အိပ်မက်ပေးလိုက်၏။ လက်ခံမည်လော။]

‘ဘာလို့ လက်မခံရမှာလဲ၊ လက်ခံတာပေါ့...’

ဟန်ကျွယ် အိပ်မက်ထဲကို ဝင်လိုက်တဲ့အခါ နွီဝါကို ထပ်တွေ့လိုက်ရပါတယ်။ ဒီအိပ်မက်နယ်မြေက ပုကျိုးနတ်တောင်တန်းပေါ်မှာဖြစ်ပြီး ရှုခင်းက တကယ်ကို ခမ်းနားထည်ဝါလှပါတယ်။

နွီဝါက ဟန်ကျွယ်ကို မြင်တာနဲ့ တန်းမေးလိုက်ပါတယ် “ဟန်ကျွယ်... မင်းနဲ့ တာအိုဘိုးဘေးက ဘယ်လိုဆက်ဆံရေးရှိလဲ”

‘ငါထင်တဲ့အတိုင်းပဲ... နောက်ထပ် သံသယဝင်တဲ့ လူတစ်ယောက် လာပြန်ပြီ’ ဟန်ကျွယ်ဟာ ဘာမှမသိတဲ့ မျက်နှာနဲ့ ပြန်မေးလိုက်ပါတယ် “ဘာမှမရှိပါဘူး၊ ဘာဖြစ်လို့ ဒီအကြောင်းကို မေးရတာလဲ”

အဲဒီနောက် ဟန်ကျွယ်ဟာ နားမလည်နိုင်တဲ့ပုံ ဖမ်းလိုက်ပါတယ် “ကျွန်တော် အမှောင်ဘုရင် တာအိုပညာရှိကိုပဲ သတ်လိုက်တာပါ၊ ဘာဖြစ်လို့ စီနီယာတွေ အကုန်လုံးက ကျွန်တော်ကို အိပ်မက်လာပေးကြတာလဲ၊ ကျွန်တော် လူမှား သတ်မိလို့လား”

နွီဝါက ခေါင်းခါလိုက်ပါတယ် “မဟုတ်ဘူး၊ မင်း သတ်လိုက်တာ မှန်တယ်၊ မင်းရဲ့ စွမ်းအားကို ငါတို့က အံအားသင့်ရုံပါ”

‘ငါ့ကို ကလေးကလားများ မှတ်နေတာလား... ငါက မင်းတို့ အကြံအစည်ကို တွက်ချက်ပြီးပြီ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော် စွမ်းအားကြီးတာ မကောင်းဘူးလား၊ ကောင်းကင်တာအိုကို ပိုပြီးတော့ ကာကွယ်နိုင်တာပေါ့”

“ဟုတ်တယ်၊ ဒါနဲ့ မင်းဆီမှာ ဘယ်လိုလုပ်ပြီး ပုကျိုးနတ်တောင် ရှိနေတာလဲ၊ အတိတ်မှာတုန်းက ဘိုးဘေးမှော်ဆရာ လက်ချက်နဲ့ ပုကျိုးနတ်တောင်က ကျိုးပျက်သွားတာ၊ လက်ကျန်တောင်ကိုလည်း တာအိုဘိုးဘေး ယူသွားတာ...” နွီဝါက လေးနက်တဲ့ အဓိပ္ပာယ်နဲ့ မေးခွန်းထုတ်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters