← Chapters

သားအဖနှစ်ယောက် ပြန်ပေါင်းဆုံးခြင်း၊ ရွေးချယ်မှု

Vol. 57 Ch. 613

သားအဖနှစ်ယောက် ပြန်ပေါင်းဆုံးခြင်း၊ ရွေးချယ်မှု

Vol. 57 Ch. 613

ဟန်ကျွယ်ဟာ နွီဝါက သူ့ကို ဘာလို့ သံသယဝင်နေရလဲဆိုတာ နားလည်သွားပါတယ် “ပုကျိုးနတ်တောင်က တာအိုဘိုးဘေးရဲ့ ပစ္စည်းလား၊ မသိပါဘူး၊ ကျွန်တော် အရင်တုန်းက ပဋိပက္ခ လျှောက်သွားနေတုန်း လျှို့ဝှက်ဆန်းကြယ်တဲ့ စီနီယာတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်၊ အဲဒီစီနီယာက ကျွန်တော်ကို ရေစက်ပါတယ်လို့ ပြောပြီး ပုကျိုးနတ်တောင် ပေးသွားတာပဲ၊ ကျွန်တော် မထင်ထားတာက... သူက တာအိုဘိုးဘေးများလား...”

“ဒါဆို တာအိုဘိုးဘေးက အသက်ရှင်နေသေးတာပေါ့”

ဟန်ကျွယ်ရဲ့ အံဩတကြီး မျက်နှာဟာ အော်စကာဆုပေးဖို့ လုံးဝကို ထိုက်တန်ပါတယ်။

နွီဝါကတော့ ဟန်ကျွယ်စကားကြောင့် မသိမသာ မျက်မှောင်ကြုတ်သွားပါတယ် “ငါသိပြီ၊ ငါ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ ဒီကိစ္စကို ဆွေးနွေးလိုက်အုန်းမယ်၊ တကယ်လို အနာဂတ်မှာ တာအိုဘိုးဘေးက မင်းကို လာရှာရင် ငါတို့ကိုလည်း ပြောဖို့ မမေ့နဲ့၊ တာအိုဘိုးဘေးက မရိုးရှင်းဘူး၊ သူက ကောလဟာလတွေထဲကလို မကောင်းနိုင်ဘူး”

စကားဆုံးတာနဲ့ နွီဝါဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘တာအိုဘိုးဘေးက ဒီကောင်တွေကို ကြောက်ပြေး ပြေးစေဖို့ မျှော်လင့်ရတာပဲ’ ဟန်ကျွယ်ဟာ သူ့ဘာသာ တွေးလိုက်ပါတယ်။

တကယ်လည်း တာအိုဘိုးဘေးက အသက်ရှင်နေပါသေးတယ်။ ဟိုးအရင်တုန်းက တာအိုဘိုဘေးရဲ့ မျက်နှာသာပေးမှုကို ဟန်ကျွယ် ရရှိခဲ့တယ် မဟုတ်ပါလား။ ဒီမျက်နှာသာပေးမှုက အလွန်နိမ့်ပါးတယ်ဆိုပေမဲ့ တာအိုဘိုးဘေး တည်ရှိနေသေးတာကို သက်သေပြနေပါတယ်။

တာအိုဘိုးဘေးနာမည်က ဟန်ကျွယ် မိတ်ဆွေစာရင်းထဲမှာ မှောင်နေပါတယ်။ တာအိုဘိုးဘေးရဲ့ မျက်နှာအစစ်အမှန်ကိုလည်း မမြင်ရပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် တာအိုဘိုးဘေးက ဘယ်လောက်ထိ လျှို့ဝှက်ဆန်းကြယ်တယ် ဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့် အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ကောင်းကင်တာအိုကြားက လျှို့ဝှက်ကြံစည်မှုတွေဟာ တာအိုဘိုးဘေးနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေအကြားက တိုက်ပွဲလို့ မှတ်ယူနိုင်ပါတယ်။

တာအိုဘိုးဘေးကို တာအိုဘိုးဘေးလို့ ခေါ်တွင်ရတဲ့ အကြောင်းရင်းက တာအိုဘိုးဘေးဟာ မဟာတာအိုရဲ့ ဘိုးဘေး ဖြစ်လို့ပါပဲ။ ပန်ကူး ပဋိပက္ခ နတ်ဘီလူး သုံးထောင်ကို သတ်ဖြတ်ပြီးနောက် တာအိုဘိုးဘေးဟာ ပထမဆုံး တာအိုရရှိပြီး ပထမဆုံး တာအိုဟောကြားခဲ့သူပါ။ ဒါကြောင့် ကျင့်ကြံသူ အကုန်လုံးဟာ တာအိုဘိုးဘေးရဲ့ တပည့်တွေဆိုရင် မှားမယ် မထင်ပါဘူး။

ပန်ကူးက ပထမဆုံး လောကကို ဖွင့်လှစ်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ပါ။ တာအိုဘိုးဘေးက ပထမဆုံး တာအိုဟောကြားခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ပါ။ သူတို့နှစ်ယောက်လုံးမှာ အနန္တ အကောင်းစား ကုသိုလ်ကံတွေ ရှိနေကြပါတယ်။

ဟန်ကျွယ် တွေးတောနေစဉ်မှာပဲ ဟန်ထော်ဟာ တဖြည်းဖြည်းချင်း နိုးလာပါတယ်။ ဟန်ထော်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မတ်တတ်ထရပ်ပါတယ်။

ဟန်ကျွယ်ဟာ တိုက်ပွဲပြီးသွားပြီဖြစ်တဲ့အတွက် နေလ ယင်ယန် အကာအကွယ်ကို အသုံးမပြုထားပါဘူး။ ဒါပေမဲ့ ဟန်ကျွယ် ခန္ဓာကိုယ်ကို လွတ်လပ်မှု နတ်အလင်းရောင်တွေ ဖုံးကာနေတုန်း ဖြစ်တဲ့အတွက် ဟန်ထော်ဟာ ဟန်ကျွယ်ရဲ့ မျက်နှာကို မမြင်နိုင်ပါဘူး။

“ခင်ဗျားက ဘယ်သူလဲ” ဟန်ထော်က သတိကြီးစွာထားပြီး မေးလိုက်ပါတယ်။ ဟန်ထော်ဟာ သူ သတိမမေ့ခင် မြင်ခဲ့တဲ့ပုဂ္ဂိုလ်ကို ပြန်တွေးမိလိုက်ပါတယ်။

‘ငါ ဖေဖေကို မြင်လိုက်ပါတယ်၊ အဲဒါ ပုံရိပ်ယောင် သက်သက်ပဲလား...’

“ငါက ဘယ်သူလို့ မင်းထင်လဲ”

ဟန်ကျွယ်ရဲ့ အသံကို ကြားလိုက်ရတဲ့ ဟန်ထော်ဟာ နှလုံးလှုပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ထော်ဟာ ဒီအသံကို အရင်တုန်းက ကြားဖူးခဲ့လို့ပါပဲ။ ဟန်ကျွယ်ရဲ့ အသံမှာ တာအိုပညာရှိရောင်ဝါ မပါဝင်တဲ့အတွက် ဟန်ထော်က ဟန်ကျွယ်ရဲ့အသံကို မှတ်မိသွားတာ ဖြစ်ပါတယ်။

“ဖေဖေ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဟန်ထော်ဟာ မြေကြီးပေါ် ချက်ချင်း ဒူးထောက်ပြီး သူ့မျက်နှာမှာ အံအားသင့်မှုတွေ ထိတ်လန့်မှုတွေ ပြည့်နှက်သွားပါတယ်။

ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ နတ်အလင်းရောင်ကို မရုပ်သိမ်းဘဲ ဟန်ထော်ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်ပါတယ်။

အတန်ကြာတဲ့အခါမှာတော့ ဟန်ထော်ဟာ စိတ်ငြိမ်သွားပြီး အံကြိတ်ကာ မေးလိုက်ပါတယ် “ဖေဖေက တာအိုပညာရှိလား...”

“အင်း...”

“ဒါဆို ဘာဖြစ်လို့...”

ဟန်ထော်ဟာ ဟန်ကျွယ်က သူ့အမေနဲ့ သူ့ဇနီးကို ဘာဖြစ်လို့ မကယ်တင်တာလဲဆိုတာ မေးဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက်ဆိုသလို ဟန်မိသားစုကို ပြန်တွေးမိသွားပါတယ်။ အရင်တုန်းက ဟန်ယွီလည်း သူ့ကို ဒီလိုမျိုး မေးခွန်းထုတ်ခဲ့တယ် မဟုတ်ပါလား။

ဟန်ထော်ဟာ အဲဒီတုန်းက သူ့စိတ်အခြေအနေကို ပြန်တွေးမိပြီး ရင်ထဲက ‌ဒေါသမီးလျှံတွေဟာ ရေခဲရည် လောင်းချခံရသလို တမုဟုတ်ချင်း ငြိမ်းအေးသွားပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ မှိုင်တွေကျသွားပါတယ်။

ဟန်ထော် ဟန်မိသားစုကို မကယ်တင်တာက ကျင့်ကြံမှုနဲ့ အဆင့်အတန်းချင်း ကွာခြားလွန်းပြီး လိုက်စားတဲ့အရာတွေကလည်း ကွာပြားလို့ပါပဲ။ ဟန်ထော်ဟာ လေ့ကျင့်ဖို့အတွက် ကလေးမွေးခဲ့တာပါ။ သူ့ရဲ့ သေမျိုးဇနီးသည်နဲ့ ကလေးတွေကို ဘယ်တုန်းကမှ မိသားစုလို သဘောမထားခဲ့ပါဘူး။ သေမျိုးအိပ်မက်တစ်ခုလိုပဲ မှတ်ယူခဲ့တာပါ။

နောက်ဆုံးမှာတော့ ဟန်‌ထော်ဟာ ကရုဏာစိတ်ဝင်ပြီး သူ့ကလေးတွေကို ကျင့်စဉ်တွေ သင်ကြားပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဟန်မိသားစု မွေးဖွားလာခဲ့ပြီး နောက်ဆုံးမှာ ကျင့်ကြံမှုကြောင့်ပဲ ဟန်မိသားစု ဇာတ်သိမ်းခဲ့ရပါတယ်။

‘ဖေဖေကလည်း ငါ့ကို လေ့ကျင့်ဖို့အတွက် မွေးဖွားခဲ့တာလား...’ ဒီအတွေးကြောင့် ဟန်ထော်ဟာ ခေါင်းတွေ ရှုပ်ယှက်ခတ်သွားပါတယ်။ ရုတ်တရက်ဆိုသလို အရာအားလုံးက အဓိပ္ပာယ် မရှိတော့ဘူးလို့ ဟန်ထော် ခံစားလိုက်ရပါတယ်။ ဟန်ထော်ဟာ သူ့အဖေကို အပြစ်မတင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်လည်း သူအဖေလို့ လုပ်ခဲ့တာ မဟုတ်ပါလား။

ဒါပေမဲ့ ဟန်ထော်ဟာ ဒီအခြေအနေကို လက်သင့်မခံနိုင်ပါဘူး။

‘ငါ ဘာကို ရှာဖွေနေတာလဲ၊ ငါ တည်ရှိမှုက တန်ဖိုးရှိတယ်ဆိုရင် ဟန်မိသားစုကရော ကိုယ်ပိုင်တန်ဖိုး မရှိဘူးတဲ့လား...’

ဟန်ကျွယ်ကို မော့ကြည့်ရင်း ဟန်ယွီကို တွေးမိသွားတဲ့ ဟန်ထော်ဟာ အထိတ်တလန့် ဖြစ်ပြီး သူပြောချင်တဲ့ စကားလုံးတွေ အကုန်လုံးဟာ တုံဏှိဘာဝ ဖြစ်သွားပါတယ်။

“ကြည့်ရတာ မင်း တွေးပြီးပြီနဲ့တူတယ်” ဟန်ကျွယ်က တစ်လုံးချင်း ပြောလိုက်ပါတယ်။

ဟန်ထော်ဟာ အင်္ကျီလက်စထဲမှာ လက်သီးကို တင်းတင်းဆုပ်ပြီး အံကြိတ်လိုက်ပါတယ်။ ကယ်တင်ခံရလို့ အံအားသင့်မှုနဲ့ အချိန်အကြာကြီး ကြာမှ ပြန်‌ပေါင်းစည်းရလို့ ပျော်ရွှင်မှုတွေအစား ဟန်ထော်ရင်ထဲမှာ ‌ဒေါသပဲ ရှိပါတယ်။

“တကယ်တော့ မင်းအမေက ဒီနေရာမှာ ရှိနေသေးတယ်၊ ငါ သူ့ကို အချိန်မရွေး အသက်ပြန်သွင်းနိုင်တယ်”

ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်ထော် ကျေနပ်အံအားသင့်သွားပါတယ်။

“မင်းမိန်းမ အတွက်ကတော့ အဲဒါ မင်းကိစ္စပဲ”

ဒီစကားက ဟန်ထော်ရဲ့ ပျော်ရွှင်ခါစ စိတ်ကို ရေအောက်ထဲ ဆွဲနှစ်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ထော်ဟာ ရှက်သွားပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ သူ အခုထိ အသက်ရှင်နေတာက အခွင့်အ‌ရေးတွေကြောင့်ပဲ မဟုတ်ဘူးဆိုတာကို သဘောပေါက် နားလည်သွားပါတယ်။

ငရဲမင်းက သူ့ကို ဘာလို့ ကူညီတာလဲ၊ ကျယ်ကျောင်းတော် ဂိုဏ်းချုပ်က သူ့ကို ဘာလို့ မသတ်တာလဲ၊ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးက သူ့ကို ဘာဖြစ်လို့ မိတ်ဆွေလို ဆက်ဆံတာလဲ။ အကုန်လုံးက သူ့အဖေရဲ့ အဆက်အသွယ်ကြောင့် မဟုတ်ပါလား။

သူ့အဖေက သေမျိုးကမ္ဘာမှာရှိခဲ့တဲ့ သူ့ဇနီးကို ကယ်တင်နိုင်ပါသေးတယ်။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ သေမျိုးကမ္ဘာက ဇနီးကို မေ့သွားတာ ကြာပါပြီ။ သူအဖေနဲ့ယှဉ်ရင် သူက အရာအားလုံးမှာ နိမ့်ကျနေတယ်လို့ ဟန်ထော် ခံစားလိုက်ရပါတယ်။

ဒီအချိန်မှာ ဟန်‌ထော်ဟာ ဘာမှ မတောင်းဆိုရဲတော့ဘဲ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ကျေးဇူးတင်ရမလား အပြစ်တင်ရမလားကိုလည်း ဟန်‌ထော် မသိတော့ပါဘူး။ ဒီလိုအရာတွေက အဓိပ္ပာယ်မဲ့တယ် မဟုတ်ပါလား။

“တကယ်တော့ ငါ မင်းကို တာအိုပညာရှိအတုအဆင့် ရောက်မှ ပြန်ခေါ်မလို့ပဲ၊ ဒါပေမဲ့ အမှောင်ဘုရင် တာအိုပညာရှိကို မင်းကို ဖမ်းသွားတယ်”

ဟန်ထော်ဟာ ခေါင်းငုံ့သွားပြီး အံကြိတ်ကာ တစ်လုံးချင်း ပြောလိုက်ပါတယ် “တောင်းပန်ပါတယ်” ဟန်ထော်ဟာ မြေကြီးထဲ တွင်းတူးပြီး တွင်းထဲဝင်ပုန်းချင်သွားပါတယ်။ ဒီအချိန်မှာ ဟန်ထော်ဟာ သူ့ခေါင်းကို လက်တစ်လက်က လာထိတာကို ခံစားလိုက်ရပါတယ်။

ဟန်ထော်ဟာ အလိုလို မော့ကြည့်လိုက်တဲ့အခါ နတ်အလင်းရောင်တွေ ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ ခေါင်းကို အသာပွတ်ရင်း စိုက်ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ မျက်နှာက ခံစားချက် ကင်းမဲ့နေပေမဲ့ ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုက ဟန်ထော်ရဲ့ ဖိနှိပ်ထားတဲ့ ခံစားချက်တွေကို ပေါက်ကွဲထွက်သွားစေပါတယ်။ ဟန်ထော်ရဲ့ မျက်လုံးတွေဟာ ချက်ချင်းဆိုသလို နီရဲသွားပါတယ်။

“ဖေ... ကျွန်တော်...”

ဟန်ထော်ဟာ ဖေဖေလို့ ထပ်ခေါ်ချင်ပေမဲ့ အဲဒီလို ခေါ်ခွင့်မရှိဘူးလို့ ခံစားလိုက်ရပါတယ်။

“အများကြီး မတွေးနဲ့၊ မင်း အခု စဉ်းစားရမှာက အခုကစပြီး ရှေ့ဘာဆက်လုပ်မယ် ဆိုတာကိုပဲ” ဟန်ကျွယ်က တည်ငြိမ်စွာ ပြောလိုက်ပါတယ်။

ဟန်ထော်ဟာ အသက်ပြင်းပြင်းရှူသွင်းပြီး သူ့စိတ်ကို ထိန်းကာ မေးလိုက်ပါတယ် “ဖေဖေက ကျွန်တော် ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ”

ဟန်ထော်ဟာ ကလေးတစ်ယောက် မဟုတ်တော့တဲ့အတွက် ဟန်ကျွယ် ရင်ခွင်ထဲကို တိုးဝင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သွေးသားချင်း နီးစပ်မှုက အချိန်အကြာကြီး ကြာမှ ပြန်ပေါင်းစည်းရတဲ့ အနေခက်မှုကို မတားဆီးနိုင်ပါဘူး။

“မင်းဘာ ရွေးချယ်လေ”

ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်ထော်ဟာ သေချာစဉ်းစားလိုက်ပါတယ်။ သူ့ရဲ့ ဒီတစ်ခါ ဆုံးဖြတ်ချက်က သူ့ရဲ့ အနာဂတ် ကျင့်ကြံမှုလမ်းစဉ်ကို အဆုံးအဖြတ်ပေးမယ်ဆိုတာ ဟန်ထော် သိနေပါတယ်။ သူ့အဖေက သူ့ကို ကယ်တင်ခဲ့တဲ့အတွက် သူ့အဖေလက်အောက်မှာ နေပြီး ကျင့်ကြံဖို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။

ဒါပေမဲ့ အကြောင်းရင်းတချို့ကြောင့် ဟန်ထော်ဟာ ဟန်ယွီကို တွေးမိသွားပါတယ်။ အရင်တုန်းက ဟန်ထော်ဟာ ဟန်ယွီကို ကာကွယ်ချင်ခဲ့ပေမဲ့ ဟန်ယွီက ငြင်းဆန်ခဲ့ပါတယ်။ ဟန်ယွီက သူ့ကို ကျော်တက်အောင် ကြိုးစားမယ်လို့တောင် ပြောခဲ့ပါသေးတယ်။ အဲဒီတုန်းက ဟန်ထော်ဟာ ဟန်ယွီက ရယ်စရာ ကောင်းတယ်လို့ ထင်ခဲ့ပါတယ်။

အခုတော့ ဟန်ထော် ဝဋ်ပြန်လည်ပါပြီ။

ဟန်ထော်ဟာ သူ့ကိုယ်သူ လှောင်ရယ်လိုက်ပါတယ်။ ဟန်ကျွယ်နဲ့သူ သူနဲ့ ဟန်ယွီတို့ရဲ့ ဆက်ဆံရေးက မျိုးဆက်တွေ ခြားနေပေမဲ့ အတူတူပါပဲ။

‘နေအုန်း... ဒါဆို ဖေဖေက ဟန်ယွီကို ကယ်လိုက်တာလား...’ ဟန်ထော်ဟာ ငရဲမင်းဆီကနေ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ဟန်မိသားစုကို ကယ်လိုက်မှန်း ကြားသိခဲ့ရပါတယ်။

‘ဖေဖေ ဒီလိုလုပ်တာက ဟန်ယွီကို အသုံးချပြီး ငါ့ကို သတိပေးချင်လို့လား...’ နောက်ဆုံးတော့ ဟန်ထော်ဟာ အကြောင်းရင်းကို သိသွားပါပြီ။

ဟန်ထော်ဟာ ခိုင်မာပြတ်သားတဲ့ အကြည့်နဲ့ မော့ကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် ကိုယ့်လမ်း ကိုယ်လျှောက်ချင်တယ်၊ ကျွန်တော်ကို သွားခွင့်ပေးပါ၊ ကျွန်တော်ရဲ့ကမ္ဘာကို ကျွန်တော်ဘာသာ ဖန်တီးမယ်၊ ကျွန်တော် တာအိုကို ရရှိခဲ့ရင် ဖေဖေရဲ့ မွေးကျေးဇူး ပြုစုပြိုးထောင်ခဲ့တဲ့ ကျေးဇူးနဲ့ အခွင့်အရေးတွေ ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ်”

“မင်း အထီးကျန်မှုကို သည်းခံနိုင်ရင် ငါ့ဆီမှာနေလည်း တာအိုပညာရှိ ဖြစ်လာမှာပဲ”

“မလိုဘူး၊ တာအိုပညာရှိတစ်ပါးရဲ့ သားတစ်ယောက်အနေနဲ့ လေးစားခံချင်ရင် ကျွန်တော်ကိုယ် ကျွန်တော် သက်သေပြဖို့ လိုတယ်”

“ကောင်းပြီလေ”

ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ လက်မြှောက်ပြီး ဟန်ကျွယ်နဖူးကို လက်ညိုးညွှန်လိုက်ပါတယ်။

“ဝုန်း...” ဟန်ထော်ရဲ့ စိတ်ဟာ ပေါက်ကွဲထွက်သွားပြီး ဟန်‌ထော်ရဲ့ သိစိတ်ဟာ ငေးကြောင်သွားပါတယ်။

ဟန်ကျွယ်က အန္တိမမူလ မဟာတာအိုကို ဟန်ထော်စိတ်ထဲ သွင်းပေးပြီး တာအိုဟောကြားပေးပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ ပေါင်းစပ်သွားပြီမို့ တာအိုဟောကြားဖို့ စကားပြောနေစရာ မလိုတော့ပါဘူး။ သူကိုယ်တိုင်က အန္တိမမူလ မဟာတာအို ဖြစ်နေပြီ မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters