← Chapters

ကောင်းကင်တာအို တည်ထောင်ခြင်း

Vol. 57 Ch. 617

ကောင်းကင်တာအို တည်ထောင်ခြင်း

Vol. 57 Ch. 617

ဂျိရှင်းရှန်ဟာ ဖန်းလျန်ရဲ့ စီစဉ်မှုကို မငြင်းပါဘူး။ ဖန်းလျန်ကိုသာ အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ပါတယ်။

အတိတ်မှာတုန်းက ဂျိရှင်းရှန်ဟာ ဖန်းလျန်ရဲ့ လက်အောက်ငယ်သား ဖြစ်ခဲ့တာပါ။ အခုအချိန်မှာ နေရာပြောင်းနေတော့ သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး စည်းလုံးနိုင်မှာလဲ။

မကြာခင်မှာပဲ ရှန်စစ်သူကြီးက မုန့်ရှောင်ကို ညီလာခံခန်းမထဲ ခေါ်လာပါတယ်။

ဒါက မုန့်ရှောင် ပထမဆုံးအကြိမ် အင်မော်တယ် နတ်ဘုရားတွေကို ရင်ဆိုင်ရတာပါ။ ဒါပေမဲ့ မုန့်ရှောင်ဟာ မကြောက်ပါဘူး။ မုန့်ရှောင်ဟာ ကောင်းကင် နတ်ဘုရား စစ်သူကြီးဆီ လျှောက်သွားပြီး ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပါတယ်။ ကောင်းကင်နတ်ဘုရား စစ်သူကြီးက ခန်းမအလယ်မှာ ဒူးထောက်နေတဲ့အတွက် သူတိုင်တန်းတဲ့ ကိစ္စနဲ့ ပတ်သက်နေမယ်ဆိုတာကို မုန့်ရှောင် ခန့်မှန်းမိပါတယ်။

ဒါပေမဲ့ မုန့်ရှောင်ဟာ စိတ်ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက သူသိတဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီး မဟုတ်တာကြောင့်ပါ။

“ဒီနတ်ဘုရားက မင်းရဲ့ မျိုးနွယ်စုကို သတ်ဖြတ်ခဲ့တာလား” ဂျိရှင်းရှန်က မေးလိုက်ပါတယ်။

မုန့်ရှောင်က ခေါင်းခါလိုက်ပါတယ် “သူမဟုတ်ဘူး၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးပါ”

“သူက ကောင်းကင်နတ်ဘုရား စစ်သူကြီးပဲ”

“မဖြစ်နိုင်တာ၊ ကျွန်တော် ကြုံခဲ့တဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးက ကောင်းကင်မီးကို ထိန်းချုပ်နိုင်တယ်”

မုန့်ရှောင်ဟာ ချက်ချင်း ပြန်လှန်ပြောပြီး မျက်လုံးတွေ နီရဲသွားပါတယ်။ မုန့်ရှောင်ဟာ အင်မော်တယ် နတ်ဘုရားတွေက သူ့ကိစ္စအတွက် တခြားလူတစ်ယောက်ကို တာဝန်ယူခိုင်းတယ်လို့ ထင်သွားပါတယ်။ ဒါပေမဲ့ ဒီကိစ္စက သွေးကြွေး ဖြစ်တဲ့အတွက် မုန့်ရှောင်ဟာ ဒီလိုမျိုး လက်လွှတ်မခံနိုင်ပါဘူး။

အင်မော်တယ် နတ်ဘုရားတွေဟာ မုန့်ရှောင်ရဲ့ စကားကို ကြားရတဲ့အခါမှာ အပြစ်ကျူးလွန်သူက ရှင်းလျန့် ကောင်းကင်စစ်သူကြီးမှန်း သိသွားကြပါတယ်။

ဂျိရှင်းရှန်ဟာ ရွေးချယ်စရာ မရှိဘဲ ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို ဆင့်ခေါ်လိုက်ရပါတယ်။ အင်မော်တယ် နတ်ဘုရားတွေက စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် ဂျိရှင်းရှန်ဟာ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းမှာပါ။

ငါးမိနစ်ကြာတဲ့အခါမှာတော့ ရှင်းလျန့် ကောင်းကင်စစ်သူကြီး ရောက်လာပါတယ်။ ရှင်းလျန့် ကောင်းကင်စစ်သူကြီးဟာ ခန္ဓာကိုယ် ထွားကျိုင်းပြီး ရင်ဘက်က ဗလာကျင်းနေပါတယ်။ သူ့နောက်မှာတော့ ရွှေရောင် လခြမ်းသံကွင်းတစ်ကွင်း ပေါလောမျောပြီး ကပ်လျက်ပါလာပါတယ်။ ဒီရွှေရောင်လခြမ်းက မီးလျှံတွေ ဝန်းရံနေတဲ့တွက် မီးနတ်ဘုရားလိုပါပဲ။

ရှင်းလျန့် ကောင်းကင်စစ်သူကြီးဟာ မုန့်ရှောင်ကို တစ်ချက်တောင် မကြည့်ဘဲ ဒူးထောက်ပြီး ဂျိရှင်းရှန်ကို ဦးညွှတ်လိုက်ပါတယ်။

“မင်းပဲ”

မုန့်ရှောင်ဟာ ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်ပါတယ်။ မုန့်ရှောင်ဟာ ဖြစ်နိုင်မယ်ဆိုရင် ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို တစ်စစီ ဆွဲဆုတ်ပစ်ချင်နေပါတယ်။

ဒါပေမဲ့ မုန့်ရှောင်ဟာ စိတ်မလွတ်ပါဘူး။ သူအနေနဲ့ ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို မယှဉ်နိုင်တဲ့အတွက် သူသာ အလျင်စလို လုပ်မယ်ဆိုရင် ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို သူ့ကိုသတ်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာပါ။ ဒီလိုဆိုရင် မုန့်ရှောင် ကြိုးစားခဲ့သမျှက သဲထဲရေသွန် ဖြစ်သွားမှာပါ။

မုန့်ရှောင်ရဲ့ အမြင်မှာ အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံးက မကောင်းဆိုးဝါးတွေပါ။ မုန့်ရှောင် ပုကျိုးနတ်တောင်ထိပ်ပေါ် တက်ပြီး အော်ဟစ်တာကလည်း မိုးကောင်းကင်ဘိုးဘေးကို တွေ့ချင်ရုံ သက်သက် မဟုတ်ပါဘူး။ လောကမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ကြားအောင် အော်ပြောပြီး မိုးကောင်းကင်မျိုးနွယ်စုက သူ့ကို မတိုက်ခိုက်ရဲအောင် ဖိအားပေးစေချင်တာပါ။

“ဒီလူရဲ့ နာမည်က မုန့်ရှောင်ပဲ၊ သူ့မိသားစုကို မင်း သတ်သွားတယ်လို့ တိုင်တန်းထားတယ်၊ အဲဒါ အမှန်ပဲလား” ဂျိရှင်းရှန်က မျက်နှာသေနဲ့ မေးလိုက်ပါတယ်။

ရှင်းလျန့် ကောင်းကင်စစ်သူကြီးက ငြင်းဆန်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ကျွန်တော်က သူမိသားစုကို နတ်ဆိုးတွေရဲ့ မျက်စိအောက်ကနေ ကယ်တင်ခဲ့တာပါ၊ အဲဒီလို ကယ်တင်ခဲ့လို့ ကျွန်တော် ဒဏ်ရာတောင် ရခဲ့ပါတယ်”

အဲဒီနောက် ရှင်းလျန့် ကောင်းကင်စစ်သူကြီးဟာ မုန့်ရှောင်ကို စိတ်ပျက်တဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ် “သေမျိုး... မင်းက ငါ့ကို ဘာဖြစ်လို့ စွပ်စွဲရတာလဲ”

“မင်းပဲ၊ မင်းက ငြင်းချင်သေးတာလား”

မုန့်ရှောင်ဟာ သေလောက်အောင် ဒေါသထွက်သွားပြီး ဒေါသစိတ်ကြောင့် ဒဏ်ရာတွေ ပြန်ကြွကာ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာပါတယ်။

“လက်လျှော့လိုက်... မင်း ငါ့ကို တိုင်တန်းတာ အောင်မြင်မှာ မဟုတ်ဘူး၊ မင်း သေဖို့သာ ပြင်ထား၊ ငါ မင်းကို အလွတ်မပေးဘူး” ရှင်းလျန့် ကောင်းကင်စစ်သူကြီးရဲ့ စကားသံဟာ မုန့်ရှောင်ရဲ့ နားထဲကို ဝင်ရောက်လာပါတယ်။ ရှင်းလျန့် ကောင်းကင်စစ်သူကြီးရဲ့ စကားက တော်တော်ကို မောက်မာတာပါ။ ဒါပေမဲ့ တခြားအင်မော်တယ်တွေက ဘာမှမဖြစ်တာကို မုန့်ရှောင်တွေ့သွားပါတယ်။

အသံလွှင့် စကားပြောခြင်း။

မုန့်ရှောင်ဟာ မျှော်လင့်ချက် ကင်းမဲ့သွားပါတယ် ‘ငါ့ရဲ့ သွေးကြွေးကို လက်စားမချေနိုင်တော့ဘူးလား...’

ဒီအချိန်မှာပဲ ဖန်းလျန်ဟာ လက်မြှောက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပါတယ် “ငါ့မှာ ရတနာတစ်ခု ရှိတယ်၊ ဒီဟာက မုန့်ရှောင်နဲ့ ရှင်းလျန့် ကောင်းကင်စစ်သူကြီးရဲ့ သွေးကို စုပ်ယူပြီးရင် သူတို့နှစ်ယောက်ရဲ့ ကံရေစက်ကို ပြသနိုင်တယ်၊ ဒီလိုဆို ဘယ်သူက အမှန်ပြောတာလဲဆိုတာ ငါတို့တွေ သိရလိမ့်မယ်”

အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ သူတို့ဟာ ဖန်းလျန်က ဒီလောက်ထိ ပြတ်သားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဖန်းလျန်က ဂျိရှင်းရှန်ကို စိန်ခေါ်ချင်ပုံပါပဲ။

ဂျိရှင်းရှန်က ဒီကိစ္စကို အကြီးအကျယ် မဖြစ်ချင်ပေမဲ့ ဖန်းလျန်က အကြီးအကျယ် ဖြစ်ချင်နေပါတယ်။ ရှင်းလျန့် ကောင်းကင်စစ်သူကြီးရဲ့ မျက်နှာဟာလည်း ချက်ချင်းဆိုသလို ဘီလူးမ သံပရာသီး ကိုက်ထားသလို ဖြစ်သွားပါတယ်။ ရှင်းလျန့် ကောင်းကင်စစ်သူကြီးဟာ သိုသိုသိပ်သိပ်နေတဲ့ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ဒုခေါင်းဆောင် ဖန်းလျန်ကို သူ ဘယ်တုန်းက ရန်စလိုက်တယ်ဆိုတာ နားမလည်နိုင်ပါဘူး။

မုန့်ရှောင်ဟာ ဖန်းလျန်ကို တအံတဩ ကြည့်လိုက်ပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုမှာ ဒီလိုမျိုး ကြင်နာတက်တဲ့ အင်မော်တယ် နတ်ဘုရားတစ်ပါး ရှိနေလိမ့်မယ်လို့ မုန့်ရှောင် ထင်မထားခဲ့ပါဘူး။

ဂျိရှင်းရှန်ဟာ အသံလွှင့်ပြီး ဖန်းလျန်ကို မေးလိုက်ပါတယ် “မင်း ဘာဖြစ်နေတာလဲ၊ ဒီကိစ္စက အကြီးအကျယ် မဖြစ်သင့်ဘူး၊ မဟုတ်ရင် ငါတို့ မိုးကောင်းကင်မျိုးနွယ်စုက ငါတို့ရဲ့ ဂုဏ်သတင်းကို ဘယ်လို ထိန်းသိမ်းမလဲ၊ နောက်ပြီး ရှင်းလျန့် ကောင်းကင်စစ်သူကြီးရဲ့ နောက်ခံက မရိုးရှင်းဘူး”

ဖန်းလျန်ဟာ ဂျိရှင်းရှန်ပြောတာကို မကြားတဲ့ပုံနဲ့ ပြောလိုက်ပါတယ် “ဦးစီး... မိုးကောင်းကင် မျိုးနွယ်စုက အင်မော်တယ် နတ်ဘုရားတွေကို ထိန်းချုပ်တယ်၊ အင်မော်တယ် နတ်ဘုရားတွေက စွမ်းအားကြီးရုံတင် မဟုတ်ဘူး၊ ထမ်းဆောင်ရမဲ့ တာဝန်ဝတ္ထရားတွေလည်း ရှိတယ်၊ ကောင်းကင်တာအို ပြန်စတာ နှစ်တစ်သိန်းရှိပြီဆိုတော့ ကောင်းကင်ဥပဒေကို သတ်မှတ်ဖို့ အချိန်ရောက်ပြီ၊ တာအိုပညာရှိတွေဆီ ဒီကိစ္စ ရောက်သွားရင်တောင် တာအိုပညာရှိတွေက ဒီကိစ္စကို ငြင်းမှာ မဟုတ်ဘူး၊ ကောင်းမှု မကောင်းမှုက တာအိုဘိုးဘေး တာအိုဟောကြားကတည်းက စတင်တည်ရှိခဲ့တာ၊ ဒီဟာက ကောင်းကင်တာအိုရဲ့ အခြေခံဥပဒေပဲ၊ အင်မော်တယ် နတ်ဘုရားတွေက ကောင်းမှု မကောင်းမှုကို ဂရုမစိုက်ဘူးဆိုရင် ကောင်းကင်တာအိုကို လျစ်လျူရှုတာနဲ့ အတူတူပဲ”

ဒီစကားကြောင့် ဂျိရှင်းရှန်ဟာ မျက်နှာတစ်ခုလုံး ထူပူသွားပြီး ဖန်းလျန်က သူ့ကို ဆန်ကျင်တော့မယ်ဆိုတာ လုံးဝသေချာသွားပါတယ်။

ညီလာခံခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ဘယ်အင်မော်တယ်မှ ပါးစပ်မဟရဲပါဘူး။

အတော်အတန်ကြာတဲ့အခါမှာတော့...

တိတ်ဆိတ်ဂိုဏ်းရဲ့ အင်မော်တယ်ဧကရာဇ် တစ်ပါးက ရှေ့ထွက်လာပြီး ပြောလိုက်ပါတယ် “မိုးကောင်းကင်ဘိုးဘေး... ဒုခေါင်းဆောင်ကို စုံစမ်းခွင့်ပြုလိုက်ပါ”

တစ်ယောက် ပါးစပ်ဟတာနဲ့ ကျန်တဲ့ တိတ်ဆိတ်ဂိုဏ်းက တခြားအင်မော်တယ်တွေဟာလည်း ချက်ချင်း ‌ထောက်ခံကြပါတယ်။ ဒီအဖြစ်ကြောင့် ဂျိရှင်းရှန်ရဲ့ မျက်နှာဟာ ပိုပိုမည်းမှောင်သွားပြီး ဒီကိစ္စကို ဆက်ပြီးတော့ မတားနိုင်မှန်း သိလိုက်ပါတယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်၊ တာအိုဘုံကျောင်း။

ဟန်ကျွယ်ဟာ နောက်ထပ်ဆယ်နှစ် ကျင့်ကြံအားထုတ်ပြီးလို့ မျက်စိဖွင့်ကာ စာစောင်တွေကို ဖတ်လိုက်ပါတယ်။ ဒီအတောအတွင်း သူ့မိတ်ဆွေတွေကြားထဲမှာ ထူးထူးခြားခြား ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ် ပထမဆုံးကြည့်တာက မယ်တော်ဂိုဏ်းပါ။

မယ်တော်ဂိုဏ်းဟာ အဆင်ပြေ ချောမွေ့စွာနဲ့ အင်အားကြီးမားလာပါတယ်။ လီယောင်က ဂိုဏ်းတည်ထောင်သူဆိုပေမဲ့ ဘာမှမဟုတ်ပါဘူး။ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေပါတယ်။ မယ်တော်ဂိုဏ်း ကြီးထွားလာတာနဲ့အမျှ ကံတရား အထောက်အပံ့လည်း တိုးပွားလာပြီး လီယောင်ရဲ့ ကျင့်ကြံမှုကို အကူအညီ ပိုဖြစ်စေလေလေပါပဲ။ ဒါကြောင့် လီယောင်ဟာ ပိုပိုပြီးတော့ သန်မာလာပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ယွီကို ကြည့်လိုက်ပါတယ်။ ဟန်ယွီက ပုကျိုးနတ်တောင်မှာ မရှိဘဲ ကောင်းကင်ဘုံ ၁၃ ဘုံမြောက်ကို ရောက်နေပါတယ်။

‘ဟင်...’

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုန့်ရှောင်ရဲ့ ကိစ္စနဲ့ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ လုံးဝမတည့်ကြတော့လိုပါပဲ။ ဥပမာအနေနဲ့ ပြောရရင် မိုးကောင်းကင်မျိုးနွယ်စုရဲ့ အတွင်းရေးဟာ ဖရိုဖရဲ ဖြစ်နေပါပြီ။ အင်မော်တယ် နတ်ဘုရားတွေကလည်း အုပ်စုနှစ်စုကွဲပြီး ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို အပြစ်ပေးသင့် မပေးသင့် အငြင်းပွားကြပါတယ်။

လီတောက်ခုံးက ရုတ်တရက် ဟန်ယွီကိုခေါ်ပြီး ကောင်းကင်ဘုံကို သွားကာ မုန့်ရှောင်ကို ထောက်ပံ့ပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုက မုန့်ရှောင်အတွက် တရားမျှတမှု ပေးခိုင်းပါတယ်။

ဒီမတိုင်ခင်မှာ မုန့်‌ရှောင်ဟာ မိုးကောင်းကင်မျိုးနွယ်စုရဲ့ နန်းတော်တစ်ခုမှာ အကျဉ်းချခံထားရပြီး နှိပ်စက်ညဉ်းပန်းခံရပါတယ်။ ဒါပေမဲ့ မုန့်ရှောင်ဟာ လုံးဝ ခေါင်းမငုံ့ဘဲ နှိပ်စက်မှုမှန်သမျှကို ခါးစည်းခံပါတယ်။

လီတောက်ခုံး ရောက်သွားတာက မုန့်ရှောင်ကို နှိပ်စက်မှုဒဏ်ကနေ လွတ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ ဒီကိစ္စကို ဝင်ပါဖို့ စိတ်ကူး မရှိပါဘူး။ လူသားတွေက ကောင်းကင်တာအို မျိုးနွယ်စု မဟုတ်တော့ပါဘူး။ နောက်ပြီး မုန့်ရှောင်ထက် ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ကြုံတွေ့ရသူတွေ တပုံကြီးပါ။ ဒီလိုမျိုးကိစ္စက ဟန်ကျွယ် မျက်လုံးထဲမှာ ဘာမှမဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ အခွင့်အာဏာကို မဆုံးရှုံးချင်တဲ့ ဂျိရှင်းရှန်ကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နည်းနည်းတော့ စိတ်ပျက်မိသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျိရှင်းရှန်က နောက်ဆုံးစည်း မရှိတော့လို့ပါ။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ အပြုအမူကို သုံးသပ်လိုက်ပါတယ်။

ဖန်းလျန်က နှစ်ပေါင်းများစွာ သည်းခံပြီး အခုလို ရုတ်တရက် လှုပ်ရှားလိုက်တာ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ တာအိုဘိုးဘေးအတွက် အရှိန်အဟုန် တည်ဆောက်ပြီး ကောင်းကင်တာအို ကစားပွဲထဲ ပြန်ဝင်နိုင်အောင် ကြိုးစားနေတာပါ။

ဖန်းလျန်သာ မုန့်ရှောင်အတွက် အောင်မြင်စွာ ကလဲ့စားချေပေးနိုင်ခဲ့မယ်ဆိုရင် ဖန်းလျန်ရဲ့ နာမည်က အင်မော်တယ်ကမ္ဘာမှာ ကျိန်းသေပေါက် ကျော်ကြားသွားမှာပါ။ လူသားတွေက ဖန်းလျန် လက်အောက် အညံခံလာမှာ ဖြစ်သလို တခြားမျိုးနွယ်စုတွေကိုတောင် သက်ရောက်စေမှာ ဖြစ်ပါတယ်။

ကောင်းမှုနဲ့ မကောင်းမှုသာ ပြန်ကွဲပြားသွားရင် ကောင်းကင်တာအိုက လမ်းမှန်ပေါ်ကို ရောက်သွားမှာပါ။

အခုအချိန်မှာ ဖန်းလျန်က လီတောက်ခုံးရဲ့ ထောက်ပံ့မှုကို ရရှိထားပါတယ်။ လီတောက်ခုံးက မောက်မာပေမဲ့ ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့် ဖြစ်ခဲ့ဖူးတာကြောင့် လူသားတွေကို မျက်နှာသာပေးပါတယ်။

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ ရှင်းလျန့် ကောင်းကင်စစ်သူကြီး အဖေရဲ့ နောက်မှာ ဂိုဏ်းချုပ်တျန်ကျွယ် ရှိနေတာကို သိလိုက်ရပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်က ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ နေထိုင်တဲ့လူ ဖြစ်တဲ့အတွက် ဒီကိစ္စကို သိပုံမပေါ်သလို ဝင်ပါမဲ့ပုံလည်း မရှိပါဘူး။

ဂိုဏ်းချုပ်တျန်ကျွယ်သာ မလှုပ်ရှားရင် လီတောက်ခုံးရဲ့ ကူညီမှုကြောင့် ဂျိရှင်းရှန်တစ်ယောက် ကျိန်းသေပေါက် လက်မြှောက် အရှုံးပေးရမှာပါ။ ကြည့်ရတာ မိုးကောင်းကင်မျိုးနွယ်စုက အကြီးအကျယ် ပြောင်းလဲတော့မဲ့ပုံပါပဲ။

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး မျက်လုံးမှိတ်ကာ ဆက်လက် ကျင့်ကြံပါတယ်။

အဲဒီနောက်ပိုင်း မုန့်ရှောင်ရဲ့ အမှုဟာ အင်မော်တယ်တစ်ခွင် ပျံ့နှံ့သွားပြီး မိုးကောင်းကင်မျိုးနွယ်စုဟာ ဒီကိစ္စအတွက် အဖြေမရှိတာကြောင့် တော်တော်လေး ခေါင်းခဲခဲ့ရပါတယ်။ ဒီသတင်းက တောမီးလို လျင်မြန်စွာ ပျံ့နှံ့သွားတဲ့အတွက် အင်မော်တယ်ကမ္ဘာက သက်ရှိတွေအဖို့ ပြောစရာ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဖန်းလျန်က အမှန်တရားဘက်က ရပ်တည်တာကြောင့် သက်ရှိအများစုရဲ့ ထောက်ပံ့မှုကို ရရှိသွားပါတယ်။

ငါးနှစ်ကြာတဲ့အခါမှာတော့ ဂျိရှင်းရှန်ဟာ ခေါင်းငုံ့အရှုံးပေးပြီး ရှင်းလျန့် ကောင်းကင်စစ်သူကြီးကို ပြင်းပြင်းထန်ထန် အပြစ်ပေးကာ ကောင်းကင်ဒဏ်ခတ်မှုကို ဆောင်ရွက်ပါတယ်။ မုန့်ရှောင်ကိုလည်း လွှတ်ပေးလိုက်ပါတယ်။ ဒီကိစ္စက သက်ရှိတွေ အကုန်လုံးကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားစေပါတယ်။

ဖန်းလျန်ရဲ့ နာမည်ကလည်း အနန္တကမ္ဘာမှာ ပဲ့တင်ထပ်သွားပါတယ်။ ဖန်းလျန်ဟာ မုန့်ရှောင်ကိစ္စနဲ့ လူသားမျိုးနွယ်စုတစ်စုလုံးရဲ့ နှလုံးသားကို လုံးဝ သိမ်းပိုက်သွားပါတယ်။

“ငါ ဖန်းလျန်က တာအိုဘိုးဘေးရဲ့ အမွေကို ဆက်ခံပြီး တာအိုဘိုးဘေးရဲ့ အလိုကို လိုက်နာကာ ကောင်းကင်တာအို ဥပဒေကို ပြန်တည်ဆောက်မယ်၊ ကောင်းကင်တာအို ဥပဒေနဲ့ အနန္တကမ္ဘာကို အစီအစဉ်တကျ ပြန်ဖြစ်စေမယ်၊ သက်ရှိအားလုံး ကောင်းမှုကို ယုံကြည်ပြီး မကောင်းမှုကို ပြင်းထန်စွာ အပြစ်ပေးကြပါ၊ ကောင်းကင်တာအိုရဲ့ ငြိမ်းချမ်းရေးအတွက် ငါ ကောင်းကင်တာအိုကို တည်‌ထောင်တယ်၊ သက်ရှိအားလုံး ကောင်းကင်တာအိုထဲဝင်ပြီး အပြစ်တွေကို ဆေးကြာသန့်စင်နိုင်တယ်”

ဖန်းလျန်ရဲ့အသံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ်။ အလွန်ကျယ်ပြော များပြားတဲ့ ကောင်းကင်တာအို ကုသိုလ်ကံဟာလည်း ကောင်းကင်ဘုံ ၁၃ ဘုံမြောက်ကို ဆင်းသက်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters