← Chapters

ပြောင်းလဲမှု

Vol. 57 Ch. 620

ပြောင်းလဲမှု

Vol. 57 Ch. 620

“လက်ရှိ အင်မော်တယ်ကမ္ဘာမှာ ဘယ်သူက ဟန်ကျွယ်ကို ကျိန်စာတိုက်ရဲမှာလဲ၊ အဲဒါ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ မဟုတ်ဘူးလား၊ ဖြစ်နိုင်ချေ တစ်ခုပဲရှိတယ်၊ တစ်ဖက်လူက အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံ ဖြစ်ရမယ်၊ သေချာ စဉ်းစားကြည့်၊ အမှောင်သခင်ကြီးနဲ့ အမှောင်ဘုရင် တာအိုပညာရှိက ရှင်းရှင်းလင်းလင်းကြီးကို ဆက်စပ်နေတာပဲ” ချုံရှီလိုင်က အသံနှိမ့်ပြီး ပြောလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျေးကျွန် ဖြစ်တာကြောင့် ချုံရှီလိုင်ဟာ ဟန်ကျွယ်အတွက် ပြောပေးတာ ဖြစ်ပါတယ်။

ကောင်းကင်အရှင်ဝူဖာက ထပ်ပေါင်းလိုက်ပါတယ် “ဟုတ်တယ်၊ ငါတို့ တာအိုပညာရှိတွေ ဟန်ကျွယ်နဲ့ ကွဲပြားရင် ဘယ်သူက အကျိုးအမြတ် အများဆုံး ရမှာလဲ”

ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းချလိုက်ပါတယ် “ကြည့်ရတာ ငါတို့တွေ အဆုံးသတ် အပျက်အစီး နတ်ဘုံကို ဆက်သွယ်ပြီး အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံကို စုံစမ်းခိုင်းရမဲ့ပုံပဲ”

“အမှောင်သခင်ကြီးက ကျိန်စာနဲ့ နာမည်ကျော်တာ၊ ပြီးခဲ့တဲ့ ကပ်ဘေးတုန်းကလည်း အခြေအနေကို ရှုပ်ထွေးအောင်လုပ်ပြီး ကောင်းကင်တာအိုကို ပြိုလဲအောင် လုပ်ခဲ့တယ်၊ ကောင်းကင်တာအိုက ရွေးချယ်စရာ မရှိဘဲ ပြန်စတင်ခဲ့ရတယ်၊ အခုလည်း ထပ်ပြီးတော့ ပေါ်လာပြန်ပြီ၊ ငါတို့တွေ ဂရုစိုက်မှ ဖြစ်လိမ့်မယ်၊ ကောင်းကင်တာအိုက ဒုတိယတစ်ခါ ပြန်စတင်ကို တောင့်မခံနိုင်တော့ဘူး”

ကောင်းကင်အရှင်ရွှမ်တုဟာ ချုံရှီလိုင်ကို ကြည့်လိုက်ပါတယ်။ တခြား တာအိုပညာရှိတွေကလည်း အတူတူပါပဲ။

ပြီးခဲ့တဲ့ကပ်ဘေးတုန်းက တာအိုပညာရှိမင်ကျွယ်ဟာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး သက်ရှိအားလုံးကို ရှင်းလင်း သုတ်သင်ခဲ့တဲ့အတွက် ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို ခါးကနေ ဖြတ်တောက်လိုက်သလိုပါပဲ။ အခုအချိန်မှာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သိတာက ချုံရှီလိုင်ပဲ ရှိပါတော့တယ်။

‘ချုံရှီလိုင်သာ ငါတို့ကို သစ္စာဖောက်ရင်...’

ချုံရှီလိုင်ဟာ နှာမှုတ်သံ ပြုလိုက်ပါတယ် “ငါ့ကို မကြည့်နဲ့၊ ငါ စိတ်လိုက်မာန်ပါ မလုပ်ဘူး”

မကြာခင်မှာပဲ တာအိုပညာရှိတွေဟာ လူစုခွဲလိုက်ကြပါတယ်။ အမှောင်သခင်ကြီး ထွက်ပေါ်လာတာက သူတို့နောက်ကနေ အရိပ်မည်းတစ်ခု ကပ်ပါလာသလိုပါပဲ။

တောင်ထိပ်တစ်ရာ အင်‌မော်တယ်မြစ်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

‘ငါ သရုပ်ဆောင်တာ တကယ်တော်တာပဲ’

ဟန်ကျွယ်ဟာ တစ်ခဏကြာရင် ကျိန်စာထပ်တိုက်ဖို့ စီစဉ်ထားပါတယ်။ ဒီတစ်ခါ ကျိန်စာတိုက်တာက ဟန်ကျွယ်ကို သက်တမ်း ၁.၅ ကွာဒလီယံ ကုန်သွားစေပါတယ်။ ဟန်ကျွယ် သက်တမ်းက အရှည်ကြီးဆိုပေမဲ့ မကုန်ဆုံးနိုင်တဲ့ ပမာဏာ မဟုတ်ပါဘူး။

‘ကြည့်ရတာ ဒီအတိုင်းဆို ကြမ္မာဆိုးစာအုပ်နဲ့ မဟာတာအိုပညာရှိနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်ကို သေအောင် ကျိန်စာတိုက်ဖို့က အတော်ခက်မဲ့ပုံပဲ၊ ငါ သူတို့ကို အချင်းချင်း ရန်တိုက်ပေးရမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ အသေးစိတ်ကအစ ဆောင်ရွက်ထားတာမို့ စိုးရိမ်စရာ ဘာတစ်ခုမှ မရှိပါဘူး။

‘မင်းတို့တွေ ငါ့ကို မုန်းတီမှတော့ အေးအေးဆေး‌ဆေးနေဖို့ မစဉ်းစားနဲ့’ ဟန်ကျွယ်ဟာ မျက်စိမှိတ်လိုက်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

တခြားတစ်ဖက်မှာတော့ ကောင်းကင်ဘုံ ၉ ဘုံမြောက်မှာ ဖန်းလျန်ဟာ စိတ်ဝိညာဉ်နန်းတော်ထဲ လျှောက်ဝင်သွားပြီး လူသူကင်းမဲ့နေတဲ့ နန်းတော်ကို ကြည့်ကာ သက်ပြင်းအကြိမ်ကြိမ် ချလိုက်ပါတယ်။

လီတောက်ခုံး၊ ဟန်ယွီ၊ ရှန်စစ်သူကြီးနဲ့ မုန့်ရှောင်တို့ဟာ နောက်ကနေ လိုက်လာကြပါတယ်။ အင်မော်တယ် တော်တော်များများလည်း ခန်းမအပြင်ဘက်မှာ မတ်တတ်ရပ်နေကြပါတယ်။ သူတို့အကုန်လုံးက ဖန်းလျန်ရဲ့ လက်အောက်ကပါ။

လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူ ဘာတွေးနေတယ်ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဖန်းလျန်ဟာ လှည့်လာပြီး ဟန်ယွီကို ကြည့်ကာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မိတ်ဆွေလေး ဟန်ယွီ... ငါရဲ့ ကောင်းကင်တာအိုထဲကို နတ်အဖြစ် ဝင်ချင်လား”

ဟန်ယွီက ဟန်ကျွယ်နဲ့ တော်တော်လေး ဆင်တူပါတယ်။ ဖန်းလျန်ဟာ ဟန်ယွီက ဟန်ထော်ရဲ့ မျိုးဆက်မှန်းသိတဲ့အတွက် အခုလို ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

ဟန်ယွီဟာ လီတောက်ခုံးကို ကြည့်လိုက်ပါတယ်။ သဘောကတော့ ဆရာသဘောအတိုင်းပါပေါ့။ ဒီနှစ်တွေမှာ ဟန်ယွီဟာ တစ်စုံတစ်ခုကို နားလည်ခဲ့ပါပြီ။

အတိတ်မှာတုန်းက မိုးကောင်းကင်မျိုးနွယ်စုဟာ ဘုန်းတန်ခိုးကြီးမားခဲ့ပါတယ်။ ဟန်ယွီဟာ သူတို့နဲ့ ဆက်သွယ်ဖို့ အခွင့်အရေး လုံးဝ မရခဲ့ပါဘူး။ အခု လီတောက်ခုံးနောက် လိုက်တဲ့အခါမှာတော့ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ရော ဒုခေါင်းဆောင်ရော သူ့ကို စည်းရုံး သိမ်သွင်းချင်နေကြပါတယ်။

ဟန်ယွီဟာ လီတောက်ခုံးကို အစွန်းရောက်တဲ့အထိ ကြည်ညိုလေးစားတာပါ။ လီတောက်ခုံးကလည်း စွမ်းအားကြီးလွန်းတယ် မဟုတ်ပါလား။

လီတောက်ခုံးက ပြောလိုက်ပါတယ် “ဖန်းလျန်... မင်းက မင်းရဲ့ ကိုယ်ပိုင် ကောင်းကင်တာအိုကို ဖန်တီးပြီး တာအိုဘိုးဘေးရဲ့ နာမည်ကိုတောင် မင်းနာမည်အဖြစ် အသုံးပြုလိုက်သေးတယ်၊ အခုမင်းက ဘယ်ဘက်ကလဲ”

ဖန်းလျန်ဟာ တိတ်ဆိတ်သွားပါတယ်။ ရှန်စစ်သူကြီးက ဘာမှ ဝင်မပြောပါဘူး။ ဘာပဲဖြစ်ဖြစ် ရှန်စစ်သူကြီးက ဖန်းလျန်နောက်ကို လိုက်မှာပါ။

ဖန်းလျန်က ယဲ့ယဲ့လေး ပြောလိုက်ပါတယ် “ငါ တာအိုဘိုးဘေး ဖြစ်ချင်တယ်၊ အနာဂတ်မှာ ငါ ကောင်းကင်တာအိုကို ထိန်းချုပ်ရင် ဆရာဘိုးဘိုးရဲ့ ကြင်နာမှုကို မမေ့ပါဘူး”

“ဟမ်” လီတောက်ခုံးဟာ နှာခေါင်းရှုံ့ပြီး ထွက်သွားပါတယ်။

ဟန်ယွီဟာ နောက်ကနေ ချက်ချင်း လိုက်သွားပါတယ်။

ဖန်းလျန်ကလည်း နေဖို့ မပြောပါဘူး။ လူတိုင်းမှာ လမ်းကိုယ်စီရှိတယ် မဟုတ်ပါလား။ ဖန်းလျန် အလေးစားဆုံးပုဂ္ဂိုလ်က ဟန်ကျွယ်ပါ။ ဒါပေမဲ့ ဖန်းလျန်ဟာ ဟန်ကျွယ်လက်အောက်မှာ မနေလိုပါဘူး။ ဟန်ကျွယ် လက်အောက်မှာ သူ့ထက် ထူးချွန်ထက်မြက်တဲ့ တပည့်တွေ အများကြီး ရှိနေတယ် မဟုတ်ပါလား။

ဖန်းလျန်သာ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်ဆုံးမှာရောက်ချင်ရင် ကိုယ်လမ်း ကိုယ်လျှောက်ဖို့ လိုအပ်ပါတယ်။ မဟုတ်လို့ရှိရင် ဂျိရှင်းရှန် မရှိတောင် မုရုံချီ၊ တာအိုအရှင်သခင်၊ ကျန်းယီ၊ ကျောက်ရွှမ်ယွမ်၊ စုချီနဲ့ ဟန်ကျွယ်ကို အမြဲတမ်း အဖော်ပြုပေးနေတဲ့ တခြားကိုယ်ပိုင်တပည့်တွေ ရှိပါသေးတယ်။

ဒါ့အပြင် ဖန်းလျန်ဟာ တိတ်ဆိတ်ဂိုဏ်းကို မမှီခိုချင်ပါဘူး။ သူ ပိုင်ဆိုင်တဲ့ အင်အားစုတစ်စုကို ပြုစုပြိုးထောင်ချင်ပါတယ်။

ရှန်စစ်သူကြီးက မေးလိုက်ပါတယ် “ဒီကိစ္စကို တိတ်ဆိတ်ဂိုဏ်းကို ရန်စမိမလား”

“မစမိပါဘူး၊ အနာဂတ်မှာ ကောင်းကင်တာအိုနဲ့ တိတ်ဆိတ်ဂိုဏ်းကြားက ဆက်ဆံရေး ပြန်ကောင်းအောင် ငါ နည်းလမ်း ရှာလိုက်ပါ့မယ်”

ရှန်စစ်သူကြီးဟာ ခေါင်းညိတ်ပြီး ဘာမှမပြောတော့ပါဘူး။ ရှန်စစ်သူကြီးဟာ ဖန်းလျန်ကို မမြင်နိုင်‌တော့ပါဘူး။ ဒါပေမဲ့ ဖန်းလျန်ကြောင့်သာ မဟုတ်ရင် သူ ဒီလိုနေရာမျိုးကို ရောက်လာမှာ မဟုတ်ပါဘူး။

“နောက်ထပ်လုပ်ရမှာက ကောင်းကင်တာအို တပည့်တွေကို လက်ခံဖို့ပဲ၊ အတိတ်က ကောင်းကင်ရုံးတော်က ကောင်းကင်တာအိုရဲ့ တာအိုစက်ကွင်းပဲ၊ မိုးကောင်းကင်မျိုးနွယ်စုက ကောင်းကင်တာအိုအတွက် အလုပ်လုပ်ပေး နေသေးတယ်လို့ အပြင်လောကကို ကြော်ငြာလိုက်၊ ငါ မိုးကောင်းကင်မျိုးနွယ်စုရဲ့ အင်မော်တယ် နတ်ဘုရားတွေကို စည်းရုံးသိမ်းသွင်းချင်သေးတယ်” ဖန်းလျန်က ညွှန်ကြားလိုက်ပါတယ်။

ရှန်စစ်သူကြီး ခေါင်းညိတ်လိုက်ပြီး ချက်ချင်း လိုအပ်တာတွေ သွားစီစဉ်ပါတယ်။

တိမ်ပင်လယ်ထက်မှာ လီတောက်ခုံးဟာ မှောင်မည်းတဲ့ မျက်နှာနဲ့ တိမ်စီးနေပါတယ်။

ဟန်ယွီဟာ လမ်းတစ်လျှောက်လုံး မြိုသိပ်ထားခဲ့ရတဲ့အတွက် မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဆရာသခင်.. ကောင်းကင်ဧကရာဇ်ဖန် မုန့်ရှောင်အတွက် ရပ်တည်ပေးတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား၊ တိတ်ဆိတ်ဂိုဏ်းက အင်အားစုအများကြီးကို ထောက်ပံ့ပေးတယ်လို့ ကျွန်တော် ကြားထားတယ်၊ ကောင်းကင်ဧကရာဇ်ဖန် ကောင်းကင်တာအို ဖန်တီးတာက တိတ်ဆိတ်ဂိုဏ်းကို သစ္စာဖောက်တယ်လို့ ယူဆလို့ မရဘူးမလား”

“မင်း ဘာသိလို့လဲ၊ သူက တာအိုဘိုးဘေး နာမည်ကို ယူထားတာ၊ တိတ်ဆိတ်ဂိုဏ်းချုပ်က တာအိုပညာရှိ၊ သူ တာအိုဘိုးဘေး ဖြစ်သွားရင် တိတ်ဆိတ်ဂိုဏ်းချုပ်က ဘယ်နေရာမှာ နေရမှာလဲ၊ သူက သူ့အထက်လူကြီးကို ရန်စနေတာ၊ သူ့အတွက် ဘာက ကောင်းတယ်ဆိုတာကို မသိဘူး”

လီတောက်ခုံးဟာ ဖန်းလျန်ကို တော်တော်လေး မကျေမနပ် ဖြစ်နေတာပါ။ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ် နတ်ဘုရားတွေနဲ့ သူ့ရဲ့ ထောက်ပံ့မှုကြောင့်သာ မဟုတ်ရင် ဂျိရှင်းရှန်က အခုလိုမျိုး အရှုံးပေးမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဂျိရှင်းရှန် ဦးညွှတ်လိုက်တယ်ဆိုရင်ပဲ ဖန်းလျန်က ကောင်းကင်တာအိုကို တည်ထောင်လိုက်ပါတယ်။ ဒါက သူတို့အကုန်လုံးကို ရန်စလိုက်တာပါ။

“နောက်ကျရင် မင်း ကောင်းကင်တာအို တပည့်တွေနဲ့ မဆက်ဆံနဲ့၊ မဟုတ်ရင် ငါ မင်းကို ဂိုဏ်းထဲကနေ ထုတ်ပစ်မယ်” လီတောက်ခုံးရဲ့ အေးစက်တဲ့ စကားသံကြောင့် ဟန်ယွီဟာ လန့်ဖျပ်သွားပြီး ကောင်းကင်တာအို တပည့်တွေနဲ့ မဆက်ဆံပါဘူးလို့ ချက်ချင်း ကတိပေးလိုက်ပါတယ်။

ဟန်ယွီက ဟန်ကျွယ်နဲ့ တူတဲ့အတွက် ဂျိရှင်းရှန်နဲ့ ဖန်းလျန်က သူ့ကို စည်းရုံးသိမ်းသွင်းဖို့ တစ်နည်းမဟုတ် တစ်နည်း စဉ်းစားမှာပါ။

လီတောက်ခုံးဟာ ဟန်ယွီကို တစ်ချက်ကြည့်ပြီး ဟန်ကျွယ်က ဒီကိစ္စအပေါ် ဘယ်လိုသဘောထားမလဲဆိုတာ စဉ်းစားလိုက်ပါတယ်။

ဒါပေမဲ့ လီတောက်ခုံးဟာ ဟန်ကျွယ်က ဟန်ယွီကို ကျိန်းသေပေါက် ဂရုစိုက်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ မဟုတ်ရင် ဟန်မိသားစု သုတ်သင်ခံရတုန်းက ဟန်ကျွယ် လှုပ်ရှားခဲ့မှာ မဟုတ်ပါဘူး။ ဟန်ယွီဟာ သူ့ဆရာ ဒေါသထွက်နေတယ် ထင်တဲ့အတွက် အပြုံးနဲ့ တောင်းပန်ပြီး စိတ်ကျေနပ်အောင် ပြုမူပြောဆိုပါတယ်။

လီတောက်ခုံးဟာ ဟန်ကျွယ်က သူ့ကို မြောက်ပင့်နေသလိုမျိုး ခံစားရတဲ့အတွက် သူ့ရဲ့ ကျောက်စိုင်ကျောက်ခဲ တာအိုနှလုံးသား ပျော်ရွှင်မှုတွေ ပြည့်နှက်သွားစေပါတယ်။ အရင်တုန်းက လီတောက်ခုံးဟာ ဟန်ကျွယ်ကို သူ့တပည့်အဖြစ် တကယ် လက်ခံချင်ခဲ့တာပါ။

မျက်တောင်တစ်ခတ်အတွင်း နှစ် ၂,၀၀၀ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို တာအို စတင်ဟောကြားပါတယ်။

တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ဟန်ကျွယ်ရဲ့ တာအိုအသံကို ကြားရတဲ့အချိန်မှာ အဆင်သင့် မဖြစ်ကြသေးပါဘူး။ ဒါပေမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က တပည့်အားလုံး တာအို သုံးသပ်နားလည်တဲ့ အခြေနေကို ဝင်ရောက်သွားကြပါတယ်။ တကယ်ကို ဆန်းကြယ်လွန်းတာပါ။

နှစ်တစ်ရာဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

တပည့်အကုန်လုံးနီးပါး အဆင့်ထိုးဖောက်ကြပါတယ်။ ရှေ့ဆုံးမှာရှိတဲ့ တာအိုအရှင်သခင်လည်း အဆင့်ထိုးဖောက်တဲ့အထဲမှာ ပါပါတယ်။

လက်ရှိ ဟန်ကျွယ်က အန္တိမမူလ မဟာတာအိုကို ကိုယ်စားပြုတဲ့အတွက် အရင်ကနဲ့ လုံးဝ ကွဲပြားခြားနားသွားပါပြီ။

တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပါတယ်။ ဟန်ထော်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကို ရောက်နေပြီး ကောင်းကင်ဘဝဂ် အဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။ သူ့အရည်အချင်းက လုံးဝပွင့်သွားပြီ ဖြစ်တဲ့အတွက် ယီတျန်ထက်တောင် ပိုကြမ်းလာပါတယ်။

ဟန်ကျွယ်ဟာ ဟန်ထော်ကို ကောင်းကင်ဘဝဂ် အဆင့် ရောက်အောင် ကူညီပြီး အပြင်ကန်ထုတ်ဖို့ စီစဉ်ထားပါတယ်။ ဒါမှ ဟန်ကျွယ် ပြုစုပြိုး‌ထောင်နေတဲ့ နတ်ဘီလူးတွေကို မသိမှာပါ။

ဟန်ထော် မျက်လုံးမဖွင့်ခင်မှာပဲ ဟန်ကျွယ်ဟာ တစ်ခါတည်း တာအိုဟောကြားပြီး ကောင်းကင်ဘဝဂ် အဆင့်ကို ထိုးဖောက်နိုင်အောင် လမ်းညွှန်ပေးပါတယ်။

နှစ်သုံးရာ ကြာတဲ့အခါမှာတော့ ဟန်ထော်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို အောင်မြင်စွာ ရောက်ရှိပြီး ပြန်လည်မွေးဖွားသွားပါတယ်။ ဟန်ထော် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ ဟန်ကျွယ်က သူ့ကို အင်္ကျီလက်စထဲ စုပ်ယူလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကို ပြန်ပြီး ဟန်ထော်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်ဆီ လွှင့်ပစ်လိုက်ပါတယ်။

မြေပြင်ပေါ် ရောက်ပြီးနောက် ဟန်ထော်ဟာ မျက်လုံးဖွင့်ကာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ကြည့်လိုက်ပါတယ်။ ဟန်ထော်ဟာ ကြက်သေသေသွားပြီး အခြေအနေကို ချက်ချင်း နားလည်သွားပါတယ်။

‘အရင်တုန်းက...’ ဟန်ထော်ဟာ ဟိုးအရင်တုန်းက သူ တိတ်ဆိတ်ဂိုဏ်းဆီ လာခဲ့တဲ့မြင်ကွင်းကို ပြန်တွေးမိသွားပါတယ်။ အခုတော့ အရာအားလုံး မတူတော့ပါဘူး။ ဒီတစ်ခါက ဟန်ထော် ဒုတိယအကြိမ် မောင်းထုတ်ခံရတာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဟန်ထော်ဟာ ကျေးဇူး အရမ်းတင်မိနေပါတယ်။

ဟန်ထော်ဟာ ဟန်ကျွယ်ကို အပြစ်မတင်ပါဘူး။ သူလည်း သူလျှောက်မဲ့လမ်းကို ရွေးချယ်ခဲ့ပြီ မဟုတ်ပါလား။ ဟန်ကျွယ်က သူ့ကို ကောင်းကင်ဘဝဂ် အဆင့်ရောက်အောင် ကူညီတာက တော်တော်လေး ဂရုစိုက်လိုက်တာပါ။

ဟန်ထော်ဟာ ဒူးထောက်ပြီး ရှိခိုးလိုက်ပါတယ်။ အဲဒီနောက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ လှည့်ထွက်လာခဲ့ပါတယ်။

ဖူစန်းသစ်ပင်အောက်။

ငရဲကြက်နက်က တအံတဩ ပြောလိုက်ပါတယ် “သခင်ရဲ့သားက ကောင်းကင်ဘဝဂ် အဆင့်ကိုတောင် ‌ရောက်နေပြီ၊ သူက တကယ်ကို မရိုးရှင်းဘူးပဲ”

တခြား ကိုယ်ပိုင်တပည့်တွေဟာလည်း မျက်လုံးဖွင့်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်က ဟန်ထော်ကို မျက်နှာအမူအရာ အမျိုးမျိုးနဲ့ ကြည့်လိုက်ကြပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters