← Chapters

တာအိုရယူမယ်

Vol. 58 Ch. 623

တာအိုရယူမယ်

Vol. 58 Ch. 623

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

လီတောက်ခုံးဟာ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်က သူ့ကို တာအိုပညာရှိဖြစ်အောင် ကူညီမှာ သိပေမဲ့ ဒီလောက်ထိ မြန်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ရှေးကတည်းက ဘယ်တာအိုပညာရှိဟာ ကပ်‌ဘေးလေးငါးခုကို မကျော်ဖြတ်ခဲ့ရလို့လဲ။ တာအိုပညာရှိ အကုန်လုံးက ယုဂ်တွေလို အသက်ကြီးပါတယ်။ လီတောက်ခုံးဟာ အဲဒီလို တာအိုပညာရှိတွေနဲ့ နှိုင်းယှဉ်ရင် အတော့်ကို ငယ်ရွယ်ပါသေးတယ်။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး အန္တိမမူလ မဟာတာအိုကို ဖြန့်ကြက်လိုက်တဲ့အတွက် လီတောက်ခုံးဟာ အန္တိမမူလ မဟာတာအိုထဲ နစ်မြုပ်သွားပါတယ်။ တာအိုပညာရှိအတုဖြစ်တဲ့ လီတောက်ခုံးဟာ လွတ်လပ် တာအိုပညာရှိရဲ့ အတွေးကို မခုခံနိုင်ပါဘူး။ လီတောက်ခုံးရဲ့ ခန္ဓာကိုယ်ဟာ အလိုလို တရားထိုင်မိလျက်သား ဖြစ်သွားပြီး တာအို သုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ လီတောက်ခုံးအတွက် အထူးတလည် တာအိုဟောကြားပေးစရာ မလိုပါဘူး။ အန္တိမမူလ မဟာတာအို ဖြန့်ကြက်ပြီး ဆက်လက်ကျင့်ကြံဖို့ပဲ လိုပါတယ်။

ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။

ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံဟာလည်း အမြဲမပြတ် ပြောင်းလဲနေပါတယ်။ ဖန်းလျန် ကောင်းကင်တာအိုကို တည်ထောင်လိုက်ကတည်းက အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိအားလုံးဟာ ဖန်းလျန် လက်အောက်မှာ ခိုလှုံသွားကြပါတယ်။ ကောင်းကင်ဘုံရဲ့ သေမျိုးကမ္ဘာတွေမှာတောင် ကောင်းကင်တာအို တပည့်တွေရဲ့ ခြေရာ ရှိပါတယ်။ တစ်ဆက်တည်းမှာပဲ ဖန်းလျန်ရဲ့ ကံတရား အထောက်အပံ့က ပိုတိုးသွားပါတယ်။

တစ်နေ့မှာတော့ ဖန်းလျန်ဟာ ကောင်းကင်တာအို အထောက်အပံ့ခုံရဲ့ ထိပ်ဆုံးနေရာကို တက်သွားပြီး တစုန်ကောင်းကင်ကို အောက်ကန်ချလိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားကြပါတယ်။

ကောင်းကင်တာအိုက လောကကြီးမှာ နာမည်အကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့ပြီး ဝင်ရောက်ချင်တဲ့ တပည့်တွေ ပိုပိုများလာပါတယ်။ ဖန်းလျန်ဟာ လာသမျှလူ အကုန်လက်ခံပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုဂိုဏ်းထဲ ဝင်ပြီးမှ အပြစ်ကျူးလွန်ရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့အတွက် ကောင်းကင်တာအိုဂိုဏ်းကို ပိုပြီးတော့ အမှန်တရား ဘက်တော်သားအဖြစ် နာမည်ကျော်သွားစေပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ဖန်းလျန်က တာအိုပညာရှိအသစ် ဖြစ်လာဖို့ သေချာသလောက် ရှိနေပါပြီ။ ဖန်းလျန်နဲ့ တစုန်ကောင်းကင်က နံပါတ်တစ်နေရာအတွက် တိုက်ခိုက်နေကြတဲ့အတွက် သက်ရှိတွေဟာ နာမည်တစ်ခုကို သတိမရကြတော့ပါဘူး။

အဲဒီနာမည်ကတော့ ရှီတုတောက်ပါ။

လောကဦး ခရမ်းရောင်ချီကို ရရှိပြီးကတည်းက ရှီတုတောက်ရဲ့ ကံတရား အထောက်အပံ့ဟာ လျင်မြန်စွာ တိုးတက်လာပြီး ထိပ်ဆုံးဆယ်ယောက်စာရင်းကို တိတ်တဆိတ် ဝင်ရောက်သွားပါတယ်။

နှစ်လေးထောင် အကြာမှာတော့...

“ငါ ရှီတုတောက်က ပြိုင်ဘက်ကင်းတာအိုကို အသုံးပြုပြီး လောကဦးပဋိပက္ခ တာအိုအသီးကို ရယူတယ်၊ ငါ့ဘွဲ့နာမည်က တာအိုပညာရှိတုတောက်ပဲ၊ ပြိုင်ဘက်ကင်းနယ်မြေကို ငါ ဖန်တီးထားတယ်၊ ပြိုင်ဘက်ကင်းနယ်မြေကို ဝင်ရောက်သူမှန်သမျှ ငါ့ကံတရား အထောက်အပံ့ရဲ့ ကာကွယ်မှုကို ခံစားခွင့်ရှိတယ်”

“ဝုန်း...”

အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်ဘုံတွေ တုန်ခါသွားပါတယ်။ သက်ရှိအားလုံးဟာ လောကကြီးကို လွှမ်းမိုးလာတဲ့ ကျယ်ပြောတဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ လောကကြီးကို ဆက်သွယ်ထားတဲ့ အလင်းတိုင်တစ်တိုင်ကို မြင်လိုက်ရပြီး ကောင်းကင်ပေါ်ကို ထိုးတက်သွားပါတယ်။ ဒီအလင်းတိုင် ဘယ်လောက် မြင့်လဲဆိုတာတော့ မသိနိုင်ပါဘူး။

ဒီအလင်းတိုင်က ရှီတုတောက်ပါ။ ရှီတုတောက်ဟာ တာအိုကို အောင်မြင်စွာ ရရှိပြီး ကောင်းကင်တာအို ကုသိုလ်ကံကြားမှာ တဖြည်းဖြည်း မြင့်တက်သွားပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိအားလုံးဟာ တာအိုပညာရှိရဲ့ မျက်နှာသာပေးမှုကို လိုချင်တဲ့အတွက် ဒူးထောက်ပြီး အရိုအသေ ပေးကြပါတယ်။

ကောင်းကင်အလွှာတွေကို ဖြတ်သန်းတဲ့ ပုန်းအောင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပေါ်လာပြီး ရှီတုတောက်ကို ဂုဏ်ပြုကြပါတယ်။ ရှီတုတောက်ဟာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ကောင်းကင်တာအို ပညာရှိ တာအိုအသီးကို သုံးသပ်နားလည်ပါတယ်။

‘ဒါက တာအိုပညာရှိလား...’ ရှီတုတောက်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘တာအိုပညာရှိအောက်မှာ အရာအားလုံးက ပုရွက်ဆိတ်လို့ ပြောကြတာ အံဩစရာ မရှိတော့ပါဘူး...’

ရှီတုတောက်ဟာ တာအိုပညာရှိ ဖြစ်လာပြီးနောက်ပိုင်း သူ့အခြေအနေက တာအိုပညာရှိ မဖြစ်ခင်က အခြေအနေနဲ့ မိုးနဲ့မြေလို ကွာခြားတာကို ခံစားသိရှိလိုက်ပါတယ်။ အတိတ်က ရှီတုတောက်သာ သူ့ရှေ့ရောက်လာခဲ့ရင် အခုရှီတုတောက်က လက်ညိုးတစ်ချောင်းနဲ့ ခြေမွှဖျက်ဆီးလို့ ရပါတယ်။

ရုတ်တရက်ဆိုသလို အရင်တုန်းက သူ့လုပ်ရပ်တွေဟာ ဘယ်လောက်ထိ ရယ်စရာ ကောင်းနေလဲဆိုတာကို ရှီတုတောက် ရှာတွေ့သွားပါတယ်။ အတိတ်မှာတုန်းက ရှီတုတောက်ဟာ တာအိုပညာရှိကို လိုက်စိန်ခေါ်ခဲ့ပါတယ်။ ကံကောင်းထောက်စွာပဲ တာအိုပညာရှိတွေက ကောင်းကင်တာအို နိယာမရဲ့ နှောင်ဖွဲ့မှုကို ခံထားရပါတယ်။ မဟုတ်ရင် ရှီတုတောက်တစ်ယောက် အရိုးတောင် ကျန်မှာ မဟုတ်ပါဘူး။

မကြာခင်မှာပဲ ရှီတုတောက်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို ရောက်ရှိသွားပါတယ်။ တာအိုပညာရှိတွေဟာ ရှီတုတောက်ကို ဝမ်းသာစကား လာပြောကြပါတယ်။ ဘယ်လောက် စီနီယာကျပါစေ၊ ရှီတုတောက်က တာအိုကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီဖြစ်တဲ့အတွက် သူတို့နဲ့ တစ်ဆင့်တည်း ဖြစ်သွားပါပြီ။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာတဲ့အထိ သူတို့တွေဟာ ကောင်းကင်တာအိုကို အတူတူ စီမံခန့်ခွဲရမှာပါ။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တာအိုဘုံကျောင်းထဲက လီတောက်ခုံးဟာ မပျော်မရွှင် မျက်မှောင်ကြုတ်လိုက်ပါတယ်။ လီတောက်ခုံးဟာ ရှီတုတောက်က အရင်ဆုံး တာအိုကို ရယူသွားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

နှစ်ထောင်သောင်းချီကြာအောင် သူတို့နှစ်ယောက်က မကြာခဏ တိုက်ခိုက်ခဲ့တာပါ။ သေလောက်အောင် မုန်းတီးတဲ့ ရန်ငြိုးရန်စ မရှိပေမဲ့ မိတ်ဆွေတွေ မဟုတ်တာတော့ သေချာပါတယ်။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးမှာ လီတောက်ခုံးရဲ့ ပြိုင်ဘက် ဖြစ်နိုင်တဲ့လူက လက်ချိုးရေလို့ရပါတယ်။ ဒီအထဲမှာ ရှီတုတောက်က တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

စန့်ချွမ်အဂ္ဂဘိုးဘေးကလွဲရင် ရှီတုတောက်က တာအိုပညာရှိအောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ လီတောက်ခုံးတောင် ဒီကိစ္စကို အသိအမှတ်ပြုပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းအလှည့် ရောက်ပြီ”

မကြာသေးခင်ကမှ လီတောက်ခုံးဟာ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ထိုးဖောက်ပြီး တာအိုရယူဖို့ စောင့်ဆိုင်းနေတာပါ။ ဟန်ကျွယ်ဟာ လောကဦး ခရမ်းရောင်ချီကို ထုတ်ယူလိုက်ပါတယ်။ ဒီခရမ်းရောင်ချီက အကြွင်းမဲ့ သန့်စင်ပြီးသားမို့ လီတောက်ခုံးဟာ ဒီလောကဦး ခရမ်းရောင်ချီကို သောကကင်းကင်းနဲ့ အသုံးပြုလို့ရပါတယ်။

“ကျွန်တော် ကတိပေးဖို့ လိုသေးလား” လီတောက်ခုံးဟာ လောကဦးခရမ်းရောင်ချီကို ယူပြီး ဂရုတစိုက် မေးလိုက်ပါတယ်။

“မလိုဘူး၊ ပုကျိုးနတ်တောင်က မင်းရဲ့ အကြီးမားဆုံး ကံတရား အထောက်အပံ့ပဲ၊ မင်းက ကိုယ့်အင်အားနဲ့ကိုယ် တာအိုကို ရယူနိုင်တယ်၊ ဒါပေမဲ့ ကောင်းကင်တာအိုပညာရှိ ဖြစ်နေတုန်းဆိုတော့ တခြား ကုသိုလ်ကံ တာအိုပညာရှိတွေထက်တော့ စွမ်းအားပိုကြီးလိမ့်မယ်”

လီတောက်ခုံးရဲ့ ကျင့်ကြံမှုလမ်းစဉ်မှာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို များစွာ စုပ်ယူခဲ့တဲ့အတွက် တာအိုကို ရယူပြီးတဲ့အခါမှာ ကောင်းကင်တာအိုနဲ့ ဆက်နွှယ်မှုကို ဖြတ်တောက်လို့ မရပါဘူး။ ဒါကြောင့် ကောင်းကင်တာအိုပညာရှိပဲ ဖြစ်နိုင်တာပါ။

ဟန်ကျွယ်က လီတောက်ခုံးနဲ့ မတူပါဘူး။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို မမှီခိုခဲ့သလို သူရရှိထားခဲ့တဲ့ ကောင်းကင်တာအို ကုသိုလ်ကံကိုလည်း အသုံးမပြုခဲ့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ကောင်းကင်တာအိုနဲ့ အဆက်အစပ် လုံးဝ မရှိပါဘူး။

ဖူစန်းသစ်ပင်ရဲ့ စိတ်ဝိညာဉ်ချီကတော့ တာအိုစက်ကွင်းရဲ့ သီးခြားခွဲထုတ်မှုကြောင့် ကောင်းကင်တာအိုနဲ့ ပိုလို့တောင် မပတ်သက်ပါသေးတယ်။

“လောကဦး ခရမ်းရောင်ချီကို စတင်စုပ်ယူတော့၊ ငါ မင်းကို တာအိုဟောကြားပြီး ကူညီပေးမယ်” ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ်။

လီတောက်ခုံးဟာ ချက်ချင်းပဲ သူ့စိတ်အခြေအနေကို ပြုပြင်လိုက်ပါတယ်။

အန္တိမမူလ မဟာတာအိုက လီတောက်ခုံးကို တာအိုသုံးသပ် နားလည်တဲ့ အခြေအနေဆီ ထပ်ခေါ်သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုကို ရယူပြီးပြီမလို့ တာအိုကို ဘယ်လိုရယူရမလဲဆိုတာ သိပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို အသုံးပြုပြီး လီတောက်ခုံးရဲ့ ဓမ္မစွမ်းအား အဆင့် ထိုးဖောက်နိုင်အောင် လမ်းညွှန်ပေးပါတယ်။

တာအိုကို ရယူတာက သာမန် အဆင့်ထိုးဖောက်တာနဲ့ မတူပါဘူး။ ဘဝရဲ့ အနှစ်သာရမှာ အများ အများကြီး ကွာခြားမှု ရှိပါတယ်။ အချိန်လည်း အများကြီး လိုအပ်ပါတယ်။

ကျယ်ပြောလှတဲ့ စကြဝဠာရဲ့ ထောင့်တစ်နေရာမှာ ဂြိုဟ်ကြီးတစ်လုံး ရှိနေပါတယ်။ ဂြိုဟ်ကြီးပေါ်မှာတော့ သဲဝါတွေဟာ လေထဲ ပြည့်နေပါတယ်။ ဒီဂြိုဟ်ပေါ်မှာ ရေမရှိတဲ့ ကောင်းကင်ပြင်ကိုလည်း သဲတွေက လွှမ်းမိုးထားပါတယ်။ ကမ္ဘာပျက်တော့မဲ့ မြင်ကွင်းအတိုင်းပါပဲ။

ရန်တုဟာ တောင်ခါးပန်းမှာ ထိုင်နေပါတယ်။ ရန်တုနားကို ကပ်လာတဲ့ သဲတွေဟာ မမြင်နိုင်တဲ့အား တစ်ခုရဲ့ တွန်းထုတ်ခြင်းကို ခံရပါတယ်။

ရန်တုဟာ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားပါတယ်။ သူ့ရင်ဘက်မှာ အပေါက်ကြီး ဖြစ်နေပြီး အရိုးဖြူတွေကိုတောင် မြင်နေရပါတယ်။ ဒီဒဏ်ရာက တော်တော်ကြောက်ဖို့ ကောင်းတာပါ။ ဒဏ်ရာရဲ့ အနားသတ်မှာ ထူးဆန်းတဲ့ သွေးရောင်ဝါရှိနေပြီး အနာမကျက်အောင် ဟန့်တားနေပါတယ်။

ရန်တုဟာ ပင့်သက်ရှိုက်လိုက်ပါတယ်။ ရန်တုရဲ့ မျက်လုံးတွေကလည်း ဝေဝါးနေပါတယ်။

ဒီအချိန်မှာပဲ သူ့ရှေ့က အာကာသဟာ ဝဲကတော့လို ရွဲ့လိမ်သွားပြီး ရုပ်သွင်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပါတယ်။ ဒီရုပ်သွင်က လူသားပုံစံရှိပြီး အတိအကျပုံစံကို အလင်းတွေ ဖုံးကွယ်ထားတဲ့အတွက် မမြင်ရပါဘူး။

ရန်တုက ပြောလိုက်ပါတယ် “လုပ်စရာရှိတာ လုပ်၊ ငါမှာ ပြေးစရာမြေ မရှိတော့ဘူး” စကားဆုံးတာနဲ့ ရန်တုဟာ မျက်လုံးမှိတ်ပြီး သူ့ကံကြမ္မာကို လက်ခံလိုက်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်က သရော်လိုက်ပါတယ် “ရန်တု... လွမ်ဟွေအာကာသရဲ့ အသန်မာဆုံး လွမ်ဟွေသမားလို့ မပြောရဘူး၊ မင်း ဘာဖြစ်လို့ လွမ်ဟွေ အာကာသကို သစ္စာဖောက်ရတာလဲ”

ရန်တုဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟုတ်တယ်၊ မင်းပြောသလိုပဲ ငါက အသန်မာဆုံး လွမ်ဟွေသမားပဲ၊ ဒါပေမဲ့ ငါက လွမ်ဟွေအာကာသမှာ ဘာလဲ၊ ငါက ပုရွက်ဆိတ်လို တိုက်ခိုက်ပြီး တာဝန်တွေလုပ်တာ တစ်ခါမှ မနားခဲ့ဘူး၊ ငါ စည်းကမ်း ချိုးဖောက်မိရင်လည်း အပြစ်ပေးခံရသေးတယ်၊ အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိ‌သေးလဲ”

“ဒီနေ့ မင်းငါ့ကို မြန်မြန်သတ်လိုက်၊ မဟုတ်လို့ကတော့ နောက်ကျရင် ငါတွေ့တဲ့ လွမ်ဟွေသမားတိုင်းကို သတ်ပစ်မယ်၊ လွမ်ဟွေ အာကာသမှ တစ်ယောက်မှ မကျန်တော့တဲ့အထိကို သတ်ပစ်မယ်” ရန်တုရဲ့ အသံဟာ ရက်စက်နာကြည်းမှုတွေ ပြည့်နေပါတယ်။

လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်ဟာ တိတ်ဆိတ်သွားပါတယ်။

အချိန်အတန်ကြာတဲ့အခါမှာတော့... လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်က မေးလိုက်ပါတယ် “ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်၊ မင်း လွမ်ဟွေ အာကာသကို အောက်ကျို့မယ်ဆိုရင် ငါ မင်းအတွက် ပြောပေးပြီး လွမ်ဟွေ အာကာသအတွက် ထပ်ပြီးတော့ အကျိုးဆောင်ခိုင်းမယ်၊ မင်းသိထားရမှာက လွမ်ဟွေ အာကာသကြောင့်သာ မဟုတ်ရင် မင်း အရိုးဆွေးတာ ကြာပြီ၊ လွမ်ဟွေ အာကာသကြောင့်သာ မဟုတ်ရင် မင်း ဒီလောက် နှစ်အကြာကြီး ရှင်သန်နိုင်မှာလဲ၊ မင်းရဲ့ လက်ရှိအဆင့်အတန်းနဲ့ အာဏာကို ခံစားနိုင်မှာလား”

“လွမ်ဟွေအာကာသမှ မင်းအဆင့်အတန်းက နိမ့်ကျပေမဲ့ မြေအင်မော်တယ်ကမ္ဘာမှာ မင်းအဆင့်အတန်းက မနိမ့်ပါဘူး၊ လူတွေက ဘဝမမေ့သင့်ဘူး”

ဒီစကားကို ကြားလိုက်ရတဲ့ ရန်တုဟာ ကျိန်ဆဲလိုက်ပါတယ် “မင်းနဲ့ လွမ်ဟွေ အာကာသက ကောင်တွေ အကုန်လုံး ခွေးမသားတွေ၊ သတ်ချင်ရင် သတ်လိုက် အပိုတွေ ပြောမနေနဲ့”

ရန်တုဟာ ဒေါသထွက်လွန်းတဲ့အတွက် ဆဲဆိုပစ်လိုက်ပါတယ်။

ရန်တုရဲ့ ဆဲဆိုစကားကို ကြားရတဲ့ လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်ဟာ မရယ်ဘဲ မနေနိုင်ပါဘူး “ဟားဟား... ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ သွားပေတော့”

ရန်တုဟာ သူ သေတော့မယ်ဆိုတာ သိတဲ့အတွက် လည်ပင်းကို ရှေ့ထုတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်က ရန်တုကို မသတ်ပါဘူး။

လျှိုဝှက်ဆန်းကြယ် ရုပ်သွင်က စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ကြည့်ရတာ မင်းက လွမ်ဟွေ အာကာသကနေ ထွက်သွားဖို့ တကယ် စိတ်ပိုင်းဖြတ်ထားတာပဲ၊ အရမ်းကောင်းတယ်၊ ဒီလိုဆိုမှတော့ ငါတို့ရဲ့ အနန္တအာကာသထဲကိုဝင်၊ မင်းရဲ့ အကျိုးဆောင်မှုသာ မြင့်မားမယ်ဆိုရင် တာဝန်တွေ လုပ်ဆောင်ရတဲ့ ကြွက်ပြေးကွင်းကနေ လွတ်မြောက်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာအောင် လုပ်ပေးမယ်”

ရန်တုဟာ အံအားသင့်လွန်းတာကြောင့် မျက်လုံးပြူးသွားပါတယ်။

လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်ဟာ လက်ဝှေ့ယမ်းပြီး ရန်တုရဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်ပါတယ်။

“မင်းက တကယ်ပဲ သေချင်တာလား၊ လွမ်ဟွေ အာကာသကို လက်စားပြန်ပြီး မချေချင်တော့ဘူးလား” လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်က မေးလိုက်ပါတယ်။

ရန်တုဟာ တိတ်ဆိတ်သွားပါတယ်။ စက္ကန့်အနည်းငယ် အကြာမှာတော့ ရန်တုဟာ အံကြိတ်ပြီး အဖြေ ပြန်ပေးလိုက်ပါတယ် “ကောင်းပြီ၊ ငါ အနန္တအာကာသထဲ ဝင်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters