← Chapters

တာအိုဂိုဏ်း တာအိုပညာရှိများ၏ ပြတ်သားမှု

Vol. 58 Ch. 628

တာအိုဂိုဏ်း တာအိုပညာရှိများ၏ ပြတ်သားမှု

Vol. 58 Ch. 628

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “မင်းတို့တွေ တစုန်ကောင်းကင်ကို ထပ်ပြီးတော့ ဂရုစိုက်စရာ မလိုတော့ဘူး၊ ဟန်ကျွယ်က သူ့ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းတို့တွေ သူ့ကို မဖိနှိပ်တော့နဲ့”

ခန်းမထဲမှာ တာအိုဂိုဏ်း ကျယ်ကျောင်းတော်သုံးကျောင်းရဲ့ တာအိုပညာရှိတွေပဲ ရှိတာပါ။ ဒါက တာအိုပညာရှိတွေကြားထဲက အသိုက်အဝန်းလေးတစ်ခုပါ။

ကျယ်ကျောင်းတော်၊ ရွမ်လိန့်ကျောင်းတော်နဲ့ ချန်ကျောင်းတော်တို့ဟာ ကွဲပြားသွားကြပြီဆိုပေမဲ့ အရင်းစစ် အမြစ်မြေကဆိုသလို တာအိုဂိုဏ်းတစ်ခုတည်းက ဆင်းသက်လာကြတာပါ။

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ငါ နားလည်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က ငါတို့နဲ့ ဆက်ဆံရေး ကောင်းနေတာပဲ”

တိတ်ဆိတ်ဂိုဏ်းက လျင်မြန်စွာ ကြီးထွားလာပေမဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဟန်ကျွယ်အပေါ် အကောင်းမြင်စိတ် ရှိနေပါသေးတယ်။

အင်မော်တယ်ကမ္ဘာရဲ့ အင်အားစု အခြေအနေတွေက ကိစ္စသေးသေးလေးပါ။ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တစ်ဂိုဏ်းတည်း ထိန်းချုပ်ရင်တောင် တာအိုပညာရှိတွေဟာ ဂရုမစိုက်ပါဘူး။ ကပ်ဘေးဆိုတာက သက်ရှိအားလုံးအတွက် ကပ်ဘေး ဖြစ်ပေမဲ့ တာအိုပညာရှိတွေ အတွက်တော့ ကစားပွဲတစ်ခုပါ။

ကစားပွဲမှာ အရှုံး အနိုင်က သဘာဝပဲ မဟုတ်ပါလား။

“ငါ့ကို ဖန်းလျန် အကြောင်း ပြောစမ်းပါ၊ သူက မင်းတို့ကို ဘာကိစ္စနဲ့ ရှာတာလဲ” ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုကို ရောက်ပြီးကတည်းက လူသားပိုဆန်လာပါတယ်။ အရင်လို မအေးစက်တော့ပါဘူး။

ဂိုဏ်းချုပ်တျန်ကျွယ်က ဖြေလိုက်ပါတယ် “ဖန်းလျန်က အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို စမ်းသပ်နေတာ”

တောင်ဘက်စွန်း ကောင်းကင်အရှင်က ခေါင်းညိတ်လိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်စိကျဉ်းသွားပါတယ် “အဲဒါဆို ဒီကိစ္စကို မင်းတို့ ဘယ်လိုထင်လဲ”

တာအိုပညာရှိနှစ်ပါးဟာ အရူးမဟုတ်တဲ့အတွက် ဖန်းလျန် ဘာကိုဆိုလိုလဲဆိုတာ နားလည်ကြပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိ သေဆုံးပြီးကတည်းက တာအိုပညာရှိတွေဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ကွဲလွဲမှုတွေ ရှိလာပါတယ်။ ဒါပေမဲ့ တာအိုပညာရှိတွေဟာ ဘာမှမပြောရဲသေးပါဘူး။

“စီနီယာ... စီနီယာကပဲ အရင်ဆုံးပြောပါ” တောင်ဘက်စွန်း ကောင်းကင်အရှင်က ခပ်တိုးတိုး ပြောလိုက်ပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်ကလည်း ကောင်းကင်အရှင်ရွှမ်တုကို စိုက်ကြည့်လိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ သူတို့တွေ ဘာကိုဆိုလိုလဲဆိုတာ ချက်ချင်း နားလည်သွားပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်က စိတ်ထင်တိုင်း မကြဲရဲတာမို့ ခေါင်းဆောင် ရှာနေတာပါ။

စဉ်းစားပြီးတဲ့နောက် ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ကောင်းကင်တာအိုကို စီမံဖို့ဆိုပြီး ငါ့ကို လွှတ်လိုက်တာ၊ ငါ ရွမ်လိန့်ကျောင်းတော်ရဲ့ စကားကို နားထောင်သင့်တယ်၊ ဒါပေမဲ့ ငါက ကောင်းကင်တာအိုမှာ မွေးဖွားခဲ့တာဆိုတော့ ပြင်ပကမ္ဘာက ကောင်းကင်တာအိုကို လွှမ်းမိုးတာ မမြင်ချင်ဘူး၊ ငါမျှော်လင့်တာက ကောင်းကင်တာအို လွတ်လွတ်လပ်လပ် ကြီးထွားလာဖို့ပဲ၊ တစ်ယောက်ယောက်က ကောင်းကင်တာအိုကို ဖျက်ဆီးတာလည်း ငါ မမြင်ချင်ဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့တွေ အဲဒီလိုလုပ်ရဲရင် ငါက သူတို့နဲ့ ရန်သူပဲ၊ ငါ့ရဲ့ ရုပ်နာမ်နှစ်ပါး ပျက်ဆီးရင်တောင် ငါ လုံးဝ နောင်တ မရဘူး”

ကောင်းကင်အရှင်ရွှမ်တုရဲ့ လေသံက အလွန်တရာမှ လေးနက်ပြီး ကြားရသူတွေကို သွေးဆူစေပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တုန်လှုပ်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ရွှမ်တုကို စမ်းသပ်တာပါ။ ကောင်းကင်အရှင်ရွှမ်တုက အခုလောက်ထိ ဆုံးဖြတ်ချက် ပြတ်သားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ အဲဒီနောက် ဂိုဏ်းချုပ်တျန်ကျွယ်က အံကြိတ်လိုက်ပါတယ် “ငါတို့လည်း ကောင်းကင်တာအိုမှာ မွေးဖွားခဲ့တာပဲ၊ ငါတို့တွေ အစက ရည်မှန်းချက် အကြီးကြီး ရှိခဲ့တယ်၊ ဒါပေမဲ့...”

တာအိုဘိုးဘေး မပျောက်ကွယ်ခင်တုန်းက ကောင်းကင်တာအို ပညာရှိအကုန်လုံးကို ကောင်းကင်တာအိုကနေပဲ ရွေးချယ်ခဲ့တာပါ။ သူတို့အကုန်လုံးက ရည်မှန်းချက် ကြီးမားကြပါတယ်။ ဒါပေမဲ့ တာအိုပညာရှိ ဖြစ်လာပြီးနောက် ကိစ္စတွေက အဲဒီလောက်ထိ မရိုးရှင်းတာကို ရှာတွေ့သွားကြပါတယ်။

ကောင်းကင်တာအို အပြင်ဘက်မှာ မဟာတာအို ရှိနေပြီး မဟာတာအိုက ကောင်းကင်တာအိုကို ထိန်းချုပ်ထားပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်က ပြောလိုက်ပါတယ် “စီနီယာက ဒီလိုပြောမှတော့ ကျွန်တော်တို့လည်း ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘူး၊ ဟုတ်တယ်၊ ကျွန်တော်တို့တွေလည်း အဆုံးသတ် အပျက်အစီး နတ်ဘုံကို ထပ်ပြီးတော့ သည်းမခံနိုင်တော့ဘူး၊ အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံက အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေလို့တောင် ကျွန်တော် သံသယဝင်မိတယ်၊ သူတို့က သရုပ်ဆောင်နေကြတာ”

“နွီဝါနဲ့ ဖူရှီကလည်း တကယ်သေတာ မဟုတ်လောက်ဘူး”

ဒီအကြောင်းကို ပြောတဲ့အခါမှာတော့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ တော်တော်လေးကို မပျော်မရွှင် ဖြစ်သွားပါတယ်။

အဆုံးသတ် အပျက်အစီး နတ်ဘုံက ကောင်းကင်တာအိုရဲ့ ကြီးထွားမှုကို အမြဲတမ်း ကန့်သတ်ချင်နေခဲ့တာပါ။ ကပ်ဘေး ဖြစ်ပေါ်လာတိုင်း အဆုံးသတ် အပျက်အစီး နတ်ဘုံက ဘယ်သူ အနိုင်ရမယ်ဆိုတာကို သတင်းပေးလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ မိုးကောင်းကင် မျိုးနွယ်စုကလည်း အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ စီစဉ်မှုပါ။

တာအိုပညာရှိ မင်ကျွယ်နဲ့ တာအိုပညာရှိကျင်အန်းက စကားနားထောင်တဲ့ ခွေးလိမ္မာတွေ ဖြစ်ခဲ့ပေမဲ့ ဇာတ်သိမ်း မကောင်းခဲ့ပါဘူး။ ရူးသွပ်တဲ့ တာအိုပညာရှိ ဖြစ်သွားတာနဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံက တစ်ခါတည်း စွန့်ပစ်ပြီး လောကဦး ခရမ်းရောင်ချီကိုတောင် လုယူလိုက်ပါသေးတယ်။

ယုန်သေအတွက် မြေခွေးက ပူဆွေးသလိုပါပဲ။ တာအိုပညာရှိနှစ်ပါ သေဆုံးသွားတဲ့အခါမှာ တခြားတာအိုပညာရှိတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ သိပ်မကြည်တော့ပါဘူး။ ဒါကြောင့်လည်း သူတို့က ဟန်ကျွယ်နဲ့ ရန်သူမလုပ်တာပါ။

သူတို့တွေဟာ အချင်းချင်း ပြန်သတ်တဲ့ ဓားတစ်လက် မဖြစ်ချင်ပါဘူး။ နောက်ပြီး ဟန်ကျွယ်က ကောင်းကင်တာအိုကို ကာကွယ်ဖို့ သူတို့ကို ကူညီတယ် မဟုတ်ပါလား။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “မင်းတို့တွေ နားလည်မှတော့ ငါ့အစီအစဉ်ကို တစ်ခါတည်း ပြောမယ်၊ ကောင်းကင်တာအို ပညာရှိတွေ အကုန်လုံး တစ်ဖက်တည်းမှာ ရပ်သင့်တယ်၊ ဖန်းလျန်ကလည်း ဒီလိုဆိုလိုတာပဲ၊ လီတောက်ခုံးက ဟန်ကျွယ်ရဲ့ တပည့်ဆိုတော့ စိုးရိမ်စရာ မလိုဘူး၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ အရှေ့ဧကရာဇ်နဲ့ ရှီတုတောက်တို့က ငါတို့ရဲ့ ပစ်မှတ်တွေပဲ”

“သူတို့ကို ငါတို့ဘက်ပါလာအောင် ဆွဲဖို့လိုတယ်”

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အရှေ့ဧကရာဇ်က ဒီလောက် စွမ်းအားကြီးတာ၊ သူက ငါတို့ဘက် မပါချင်ရင်ရော...”

ကောင်းကင်အရှင်ရွှမ်တုက သာမန်ကာလျှံကာ ပြောလိုက်ပါတယ် “ဟန်ကျွယ်က တာအိုပညာရှိ တစ်ပါးကို ဖျက်ဆီးနိုင်ရင် ငါတို့လည်း ဖျက်ဆီးနိုင်တာပဲ”

တာအိုပညာရှိ နှစ်ပါးဟာ လန့်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ ကောင်းကင်အရှင်ရွှမ်တုက ဒီလောက် ပြတ်သားလိမ့်မယ်လို့ ထင်မထားပါဘူး။

“ပဋိပက္ခနက်ထဲမှာ ဘာဖြစ်နေလဲ ငါ မသိဘူး၊ ဒါပေမဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံက ကောင်းကင်တာအိုကို ဖျက်ဆီးချင်နေတာ သိသာလာပြီ၊ အရှေ့ဧကရာဇ်က ခေါင်းလောင်းထိုးသံပဲ၊ အ‌ရှေ့ဧကရာဇ်ကို ပံ့ပိုးနိုင်ဖို့ သူတို့က ဘိုးဘေးရှီတျန်ကိုတောင် တိုက်ခိုက်ရဲတယ်” ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်က မေးလိုက်ပါတယ် “ဒါပေမဲ့ ငါတို့တွေက အရှေ့ဧကရာဇ်ကို မယှဉ်နိုင်ဘူးလေ...”

“ငါတို့တွေ သူ့ကို မသတ်နိုင်တာက ကောင်းကင်တာအိုထဲမှာပဲ၊ နောက်ပြီး သူကလည်း ငါတို့ကို မသတ်နိုင်ဘူး၊ ငါတို့လုပ်ရမှာက သူ့ကို ကန့်သတ်ပြီး အင်အားစုတစ်စု မတည်ထောင်နိုင်အောင် လုပ်ရမှာ၊ ဟန်ကျွယ်က အရှေ့ဧကရာဇ်ကိုသတ်ဖို့ လုံးဝယုံကြည်ချက် ရှိသွားရင် ကျိန်းသေပေါက် တိုက်ခိုက်လိမ့်မယ်၊ ဟန်ကျွယ်က ဉာဏ်ကောင်းတဲ့လူပဲ၊ သူက ကောင်းကင်တာအိုကို ကျိန်းသေပေါက် ကာကွယ်လိမ့်မယ်”

ကောင်းကင်အရှင်ရွှမ်တုက ပြတ်သားစွာ ဆိုပါတယ် “အခုအချိန်ကစပြီး တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းက အရှေ့ဧကရာဇ်နဲ့ နတ်ဆိုးတွေကို ပစ်မှတ်ထားမယ်၊ အရှေ့ဧကရာဇ်က နတ်ဆိုးတွေပဲဖြစ်ဖြစ် တခြားအင်အားစုကိုပဲဖြစ်ဖြစ် ပံ့ပိုးရဲရင် တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းက အဲဒီအင်အားစုကို ဝိုင်းတိုက်မယ်၊ ငါတို့တွေ သူ့ကို အခွင့်အရေးတစ်ကြိမ်တောင် ပေးလို့ မဖြစ်ဘူး”

ဒီစကားကို တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ သဘောတူကြပါတယ်။

နှစ်တစ်ရာကြာအောင် ဒူးထောက်ပြီးတဲ့နောက်....

ဟန်ကျွယ်ဟာ တစုန်ကောင်းကင်ကို တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့ တစုန်ကောင်းကင်ဟာ ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်း ရှိခိုးလိုက်ပါတယ်။ တာအိုပညာရှိကို ရှိခိုးတာက ရှက်စရာတော့ မဟုတ်ပါဘူး။

“တာအိုပညာရှိ နေရာတွေက ပြည့်နေပြီ၊ မင်း ငါ့လက်အောက်ထဲ ဝင်တာက အသုံးဝင်လို့လား”

တစုန်ကောင်းကင်ဟာ အံကြိတ်လိုက်ပါတယ် “တာအိုပညာရှိနေရာက တိတ်ဆိတ်ဂိုဏ်းချုပ် မပါဘဲ ပြည့်နေတာပါ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ နတ်အလင်းရောင်က ဟန်ကျွယ်ရဲ့ အမူအရာကို ဖုံးကွယ်ထားပါတယ်။

“ငါ မင်းကို တာအိုပညာရှိ ဖြစ်အောင် ကူညီပေးရင်... ငါက ဘာရမှာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။

တစုန်ကောင်းကင်ဧကရာဇ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ပြန်ဖြေပါတယ် “ထာဝရ သစ္စာရှိပါ့မယ်”

“အို... ဒီလိုဆို ငါ မင်းကို လျှို့ဝှက် ကြံစည်ရင်ရော...”

“ကျွန်တော် စိတ်မရှိပါဘူး”

“ကြည့်ရတာ မင်းက တော်တော်ကို စိတ်ပိုင်းဖြတ်ထားပုံပဲ”

“တာအိုပညာရှိတွေက ကျွန်တော်ကို စိတ်ပျက်စေတယ်၊ ဒါက ကျွန်တော့်အတွက် တစ်ခုတည်းသော နည်းလမ်းပဲ၊ တခြားတာအိုပညာရှိတွေရဲ့ ခွေးဖြစ်မဲ့အစား တိတ်ဆိတ်ဂိုဏ်းချုပ်ရဲ့ ခွေးပဲ လုပ်ပါ့မယ်၊ ဂိုဏ်းချုပ်က တပည့်တွေကို ဘယ်လိုဆက်ဆံတယ်ဆိုတာ လီတောက်ခုံးကို ကြည့်ရုံနဲ့ သိပါတယ်၊ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို နောင်တမရပါဘူး၊ ကျွန်တော်ကို အခွင့်အရေးတစ်ကြိမ် ပေးပါ”

တစုန်ကောင်းကင်ဟာ နဖူးနဲ့ ကြမ်းပြင်ကို ထပ်ဦးတိုက်လိုက်ပါတယ်။

တစုန်ကောင်းကင်ဟာ တုန်တက်သွားပါတယ်။ တာအိုပညာရှိအတုတောင် သူ့ခံစားချက်ကို မဖိနှိပ်နိုင်ပါဘူး။ တာအိုပညာရှိ ဖြစ်လာဖို့အတွက် တစုန်ကောင်းကင်ဟာ ဘာကိုမှ ဂရုမစိုက်တော့ပါဘူး။

ဟန်ကျွယ်သာ ငြင်းလိုက်မယ်ဆိုရင် သူမပြောနဲ့ တစုန်ကောင်းကင်ဂိုဏ်းရော တစုန်ကောင်းကင်ကမ္ဘာပါ လူရယ်စရာ ဖြစ်ကုန်မှာပါ။ တကယ်တော့ တစုန်ကောင်းကင်ဟာ လောင်းကြေးထပ်နေတာပါ။ ဒီလိုလောင်းကြေး မထပ်လို့ကလည်း မရပါဘူး။ သူ့မှာ ရွေးချယ်စရာမှ မရှိတာကိုး။

“ကောင်းပြီ၊ မင်းဂိုဏ်းကိစ္စကို သွားဖြေရှင်းချည်၊ ပြီးရင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ကြိုးကြိုးစားစား ကျင့်ကြံပေတော့၊ မင်း တာအိုပညာရှိ ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ အချိန်တစ်ခုထိတော့ သည်းခံရလိမ့်မယ်”

“ကိစ္စမရှိပါဘူး” တစုန်ကောင်းကင်ဟာ တအံ့တဩ သဘောတူလိုက်ပါတယ်။

[တစုန်ကောင်းကင်သည် သင့်အား အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တစုန်ကောင်းကင်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက် ပြန်ပို့လိုက်ပါတယ်။ တစုန်ကောင်းကင် အညံ့ခံတာက ဟန်ကျွယ်အတွက် ကောင်းလည်း ကောင်းသလို မကောင်းလည်း မကောင်းပါဘူး။

ဟန်ကျွယ် မျက်လုံးထဲမှာ ကောင်းကင်တာအို ကစားပွဲက သိပ်အရေးမကြီးပါဘူး။ အခုအချိန်မှာ ဟန်ကျွယ်ဟာ တာအိုပညာရှိ စွမ်းအားကို ပိုအာရုံစိုက်ပါတယ်။

အဲဒီနေ့မှာပဲ...

ခံ့ညားထည်ဝါတဲ့အသံတစ်သံ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ်။

“ငါက အ‌ရှေ့ဧကရာဇ် တာအိုပညာရှိပဲ၊ ငါက နတ်ရွှေကျီးကန်း မိသားစုမှာ မွေးဖွားခဲ့ပြီး နတ်ဆိုးတွေရဲ့ ပထမဆုံး ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့ဖူးတယ်၊ အခုအချိန်မှာ ကောင်းကင်တာအိုက စနစ်တကျမရှိဘဲ တာအိုပညာရှိတွေလည်း ပြောင်းလဲသွားတယ်၊ အခု ငါ ပြန်ရောက်လာပြီ ဖြစ်တဲ့အတွက် နတ်ဆိုးတွေကို ပြန်စုစည်းပြီး အင်မော်တယ်ကမ္ဘာကို စနစ်တကျ ပြန်ဖြစ်စေမယ်၊ ငါတို့ ကောင်းကင်တာအို သက်ရှိတွေက ကံတရား အထောက်အပံ့အတွက် မတိုက်ခိုက်သင့်သလို အချင်းချင်းလည်း မသတ်ဖြတ်သင့်ဘူး၊ ငါတို့တွေ စည်းလုံးညီညွတ်ပြီး ကောင်းကင်တာအိုကို ပဋိပက္ခဆီ ချဲ့ထွင်ရမယ်”

“ဒီနေ့ကစပြီး နတ်ဆိုးတွေက ကောင်းကင်တာအို ချဲ့ထွင်ဖို့အတွက် အားထုတ်ရမယ်၊ ငါရဲ့ ကံတရား အထောက်အပံ့ကို နတ်ဆိုးတွေဆီ ပေးသနားမယ်၊ သက်ရှိအားလုံး နတ်ဆိုးမျိုးနွယ်စုထဲ ဝင်ပြီး တာအိုပညာရှိရဲ့ ကံတရား အထောက်အပံ့ကို စံစားနိုင်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters