← Chapters

ဘိုးဘေးရှီတျန်၏ ကျေးဇူးတရားအား ပြန်ပေးဆပ်ခြင်း

Vol. 58 Ch. 629

ဘိုးဘေးရှီတျန်၏ ကျေးဇူးတရားအား ပြန်ပေးဆပ်ခြင်း

Vol. 58 Ch. 629

ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ရဲ့ စကားကို ကြားရတဲ့အခါမှာ ထူးဆန်းသွားပါတယ် ‘အမှန်တရား ဘက်တော်သားပါလား...’

အတိတ်မှာတုန်းက တာအိုပညာရှိတွေဟာ ကောင်းကင်တာအိုထဲမှာ ဘာလုပ်မယ်ဆိုတာကိုပဲ ကြေညာခဲ့တာပါ။ ဒါပေမဲ့ အရှေ့ဧကရာဇ်ကတော့ တစ်ခါတည်း သူ့ပစ်မှတ်ကို ကောင်းကင်တာအို အပြင်ဘက်ဆီ ရွှေ့လိုက်ပါတယ်။

ကောင်းကင်တာအိုထဲမှာ အာဏာအတွက် ပြိုင်ဆိုင်တာက ကောင်းကင်တာအို နယ်ပယ် ချဲ့ထွင်တာကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။

ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်က သူပြောတဲ့အတိုင်း တကယ်လုပ်လိမ့်မယ်လို့ မထင်ပါဘူး။ အဆုံးသတ် အပျက်အစီး နတ်ဘုံက ကိုယ့်လူ သူ့ဘက်သားဖြစ်မဲ့လူကို ကျိန်းသေပေါက် နှစ်ခါလွှတ်မှာ မဟုတ်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တု ပေါ်လာတာကပဲ ယုတ္တိမဲ့လွန်းနေပါပြီ။ အရှေ့ဧကရာဇ်က ကောင်းကင်တာအိုကို ကျိန်းသေပေါက် မဖျက်ဆီးရင်တောင် ကောင်းကင်တာအို ကြီးထွားမှုကို ကျိန်းသေပေါက် နှေးကွေးစေမှာပါ။

ဒါကြောင့် အရှေ့ဧကရာဇ်ရဲ့ ကြေညာချက်ဟာ သက်ရှိအများကြီး နတ်ဆိုးမျိုးနွယ်စုထဲ ဝင်လာအောင် အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆွဲဆောင်တာပဲ ဖြစ်နိုင်ပါတယ်။

“ငါက ရွမ်လိန့်ကျောင်းတော်ရဲ့ ကောင်းကင်အရှင်ရွှမ်တုပဲ၊ နတ်ဆိုးတွေက မိုးကောင်းကင်မျိုးနွယ်စုရဲ့ အစိတ်အပိုင်း လုံးဝ မဟုတ်တော့ဘူး၊ သေမင်းတံခါးဝမှာ ရုန်းကန်နေတာက ကောင်းကင်တာအိုရဲ့ ကြီးထွားမှုကို နှေး‌ကွေးစေလိမ့်မယ်၊ ဒီနေ့ဒီအချိန်ကစပြီး နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းရမယ်၊ နတ်ဆိုးတွေကိုမြင်ရင် သက်ရှိအားလုံး သုတ်သင်နိုင်တယ်”

“ငါက ကောင်းကင်တာအိုဂိုဏ်းရဲ့ ဖန်းလျန်ပဲ၊ ကောင်းကင်တာအိုဂိုဏ်းကလည်း နတ်ဆိုးတွေကို ကောင်းကင်တာအို ကြီးထွားမှုလမ်းမှာ အခက်အခဲအဖြစ် ရှုမြင်သုံးသပ်တယ်၊ ကောင်းကင်တာအိုရဲ့ ကြီးထွားမှုလမ်းမှာ အခက်အခဲ ဖြစ်တဲ့အတွက် ရှင်းလင်း သုတ်သင်ပစ်ရမယ်၊ နတ်ဆိုးတွေ အကုန်လုံး ကောင်းကင်တာအိုဂိုဏ်းကနေ ထွက်သွားပါ၊ ကောင်းကင်တာအိုဂိုဏ်းကို လျစ်လျူရှုသူ အကုန်လုံး ကောင်းကင်တာအို အပြစ်ပေးတာကို ခံရပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကို ဝင်ခွင့်မရစေရဘူး”

“ငါက ချန်ကျောင်းတော်ရဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ပဲ...”

“ငါက ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ပဲ....”

“ငါက ဗုဒ္ဓဂိုဏ်းရဲ့ ချုံရှီလိုင်ပဲ...”

တာအိုပညာရှိငါးပါးဟာ တစ်ပါးပြီးတစ်ပါး ကြေညာချက်ထုတ်ကာ အရှေ့ဧကရာဇ်ကို စိန်ခေါ်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သက်ရှိတွေ အကုန်လုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြပါတယ်။

နတ်ဆိုးတွေဟာ တာအိုပညာရှိ နောက်ခံရသွားတာကြောင့် ဂုဏ်ပြုပွဲ ကျင်းပနေကြတာပါ။ တာအိုပညာရှိ နောက်ခံရှိတာကြောင့် နတ်ဆိုးတွေက အနာဂတ်မှာ ကျိန်းသေပေါက် အင်အားကြီးလာမှာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ကို ရှင်းပစ်ချင်တဲ့ တာအိုပညာရှိငါးပါးတောင် ထွက်ပေါ်လာပါတယ်။

နတ်ဆိုးတွေ အကုန်လုံး မျှော်လင့်ချက် ကင်းမဲ့သွားပါတယ်။

တာအိုပညာရှိတစ်ပါးက ဘယ်လိုလုပ်ပြီး တာအိုပညာရှိငါးပါးကို အနိုင်ယူနိုင်မှာလဲ။

ဒီဖြစ်ရပ်ကြောင့် ကောင်းကင်အရှင်ရွှမ်တုနဲ့ တခြား တာအိုပညာရှိတွေ အပေါ် ထားရှိတဲ့ ဟန်ကျွယ်ရဲ့ အမြင်ဟာ ပြောင်းလဲသွားပါတယ်။ ဒီကိစ္စက သရုပ်ဆောင်တာ မဖြစ်နိုင်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအိုကို တကယ်ကာကွယ်ချင်တာ ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို မော့ကြည့်လိုက်တဲ့အခါ ဘာတိုက်ပွဲမှ မရှိဘဲ ထူးဆန်းစွာ တိတ်ဆိတ်နေပါတယ်။ အရှေ့ဧကရာဇ်က ဒီအတိုင်း ငြိမ်ခံနေမှာတော့ မဟုတ်လောက်ပါဘူး။

ဟန်ကျွယ်ဟာ သူတို့ရဲ့ တိုက်ပွဲကို မျှော်ကြည့်လိုက်ပါတယ်။

ကောင်းကင်တာအို နယ်ပယ်ထဲမှာ ကောင်းကင်တာအိုပညာရှိကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရှေ့ဧကရာဇ်က တာအိုပညာရှိတွေကို ဘာမှမလုပ်နိုင်တဲ့အတွက် အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ကျိန်းသေပေါက် အသုံးချမှာပါ။

တာအိုပညာရှိတွေရဲ့ ကြေညာချက်ကြောင့် အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေဟာ ပြောင်းလဲသွားပါတယ်။ ဒုက္ခအရောက်ဆုံးကတော့ နတ်ဆိုးတွေပါ။ နတ်ဆိုးမျိုးနွယ်စုထဲ ဝင်ထားတဲ့ မျိုးနွယ်စု တော်တော်များများဟာ နတ်ဆိုးမျိုးနွယ်စုထဲကနေ ထွက်သွားကြပါတယ်။ ဒါကြောင့် နတ်ဆိုးမျိုးနွယ်စုဟာ ပြိုလဲလုနီး ဖြစ်သွားရပါတယ်။

ကျယ်ကျောင်းတော်၊ ဂိုဏ်းချုပ် တာအိုဘုံကျောင်းအတွင်း။

ဟွမ်ဇွမ်တျန်ဟာ သူ့လက်ထဲက ကျောက်စိမ်းကို အသာချလိုက်ပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်က နတ်ဆိုးတွေကို ရတဲ့နည်းနဲ့ ရှင်းပစ်ဖို့ သူ့ကို အမိန့်ပေးလိုက်ပါတယ်။

“တာအိုပညာရှိတွေရဲ့ တိုက်ပွဲက ဘာဖြစ်လို့ ဒီလောက် ထင်ရှားလာရတာလဲ” ဟန်ကျွယ်ဟာ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။

အတိတ်မှာတုန်းက တာအိုပညာရှိတွေဟာ တိတ်တဆိတ်ပဲ လျှို့ဝှက်ကြံစည်ကြတာပါ။ အခုတစ်ကြိမ်လိုမျိုး ပေါ်တင် မတိုက်ခိုက်ကြခဲ့ပါဘူး။ ဟွမ်ဇွမ်တျန်ဟာ ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်တော့မယ်လို့ ခံစားလိုက်ရပါတယ်။

အဲဒီနောက် ဟွမ်ဇွမ်တျန်ဟာ အတွေးနက်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို ဆက်သွယ်ပြီး အမှန်တရားကို မေးချင်သွားပါတယ်။ မဟုတ်လို့ နတ်ဆိုးတွေကို အလျင်စလို ပစ်မှတ်ထားလိုက်ရင် ဂိုဏ်းချုပ်တျန်ကျွယ်က တောင့်ခံနိုင်ပေမဲ့ သူက တောင့်ခံချင်မှ တောင့်ခံနိုင်မှာပါ။

အခုနတ်ဆိုးတွေက တာအိုပညာရှိ နောက်ခံရှိနေပါပြီ။ နတ်ဆိုးတွေရဲ့ တာအိုပညာရှိက ဂိုဏ်းချုပ်တျန်ကျွယ်ကို မသတ်နိုင်ပေမဲ့ သူ့ကို သတ်ပစ်ဖို့က မှောက်ထားတဲ့လက်ကို လှန်ပစ်လိုက်ရုံပါပဲ။

ဟွမ်ဇွမ်တျန်ဟာ ခေါင်းကိုက်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပြီး ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ချင်တာပါ။

ဟွမ်ဇွမ်တျန်ဟာ တစ်ခဏတွေးတောပြီးနောက် နတ်ဆိုးတွေကို ဝိုင်းတိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အကြီးစား တိုက်ခိုက်မှုတွေတော့ လုပ်မှာ မဟုတ်ပါဘူး။

လောလောဆယ်မှာတော့ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို မဆက်သွယ်သေးပါဘူး။ တကယ်လို့ ဟန်ကျွယ် လိုအပ်လာရင် သူ့ကို ကျိန်းသေပေါက် ဆက်သွယ်လာမှာပါ။ အလျင်စလို ဆက်သွယ်လိုက်လို့ အမှောင်ထဲက ရန်သူကို အားနည်းချက် ရှာတွေ့သွားအောင် ကူညီမိရင် ပြဿနာ အကြီးကြီးတက်မှာပါ။

တစ်ချိန်တည်းမှာပဲ တာအိုပညာရှိငါးပါး ပံ့ပိုးထားတဲ့ အင်အားစုတွေဟာ နတ်ဆိုးတွေကို ဝိုင်းတိုက်ဖို့ အမိန့်ထုတ်ကြပါတယ်။ ဒီကိစ္စက အချိန်ဆွဲလို့ မရပါဘူး။ အချိန်ဆွဲနေရင် တာအိုပညာရှိတွေက အပြောသက်သက်ပဲလို့ နတ်ဆိုးတွေက ထင်ကုန်မှာပါ။

နတ်ဆိုးတွေရဲ့ တကယ့်အဆုံးသတ်က အခုမှ စတင်တာပါ။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တာအိုဘုံကျောင်းထောင့်က တစုန်ကောင်းကင်ကို တစ်ချက် ကြည့်လိုက်တဲ့အခါ နည်းနည်းတော့ ကျေနပ်သွားပါတယ်။

တစုန်ကောင်းကင်ရဲ့ ကျင့်ကြံမှုက အတော်မြင့်ပါတယ်။ ဂိုဏ်းထဲက ကိစ္စတွေကို စီမံပြီးကတည်းက တစုန်ကောင်းကင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကိုလာပြီး အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်က ဘာမှမပြောတဲ့အတွက် တစုန်ကောင်းကင်လည်း ဟန်ကျွယ်ကို မနှောင့်ယှက်ပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ရန်တုသည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် အမှောင်ထုအသွင် ပြောင်းလဲပြီး လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အသိဉာဏ် လင်းလက်ပေးခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၉

[သင့်မိတ်ဆွေ ကောင်းကင်နက္ခ နတ်ဘီလူးသည် ဆန်းကြယ်စွမ်းအား တစ်ပါးကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဖန်းလျန်သည် အချိန်မြစ်သို့ ဝင်ရောက်ပြီး သူ့ဝိညာဉ်သည် လောကဦးခေတ်သို့ ခရီးသွား၏။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

‘ဘိုးဘေးရှီတျန်က ဒဏ်ရာရသွားတာလား...’ ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ ဘိုးဘေးရှီတျန်က တာအိုဖြတ်ကျော် ဆရာကြီးပါ။ အခုထက်ထိ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ထိခိုက်အောင် မလုပ်နိုင်သေးပါဘူး။

ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးပြီး ဘယ်သူက ဘိုးဘေးရှီတျန်ကို ဒဏ်ရာရအောင် လုပ်လိုက်လဲဆိုတာ တွက်ချက်ပါတယ်။

[ကံကောင်းကင်: မဟာတာအို နတ်စိတ်ဝိညာဉ်၊ ကံတရား မဟာတာအိုမှ ဖြစ်တည်လာပြီး နှောင်းပိုင်း၌ ဘိုးဘေးရှီတျန်၏ ထိန်းချုပ်မှုကို ခံရကာ မဟာတာအိုမူလ စွမ်းအား ဆွဲထုတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ကံကောင်းကင်သည် ကောင်းကင်တာအိုကို မုန်းတီးသည်။ သင်က ကောင်းကင်တာအိုကို ဖျက်ဆီးသည့် သူ့အစီအစဉ်ကို ဟန့်တားခဲ့သောကြောင့် ကံကောင်းကင်သည် သင့်အား မုန်းတီးသွားခဲ့သည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

‘ဒီကောင်ကိုး...’ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်အတွက် ဝမ်းနည်းပူဆွေးသွားပါတယ်။ ကမ္ဘာမကျေရန်သူရဲ့ ပစ်မှတ်ထားတာကို ခံရတာက ပြင်းပြင်းထန်ထန် ဒဏ်ရာရတာလောက်နဲ့ ပြီးမသွားလောက်ပါဘူး။

ဟန်ကျွယ်ဟာ သိကျွင်း၊ ကျောက်စိမ်းဗောဓိနဲ့ ခုနစ်ပါး တာအိုပညာရှိကို သတိရသွားပါတယ်။ ပြန်တွေးကြည့်ရင် သူတို့လေးယောက်က ဟန်ကျွယ်အပေါ်မှာ မျက်နှာသာပေးမှုတွေ ရှိခဲ့ကြပါတယ်။ သူတို့အချင်းချင်းလည်း ဆက်ဆံရေး ကောင်းခဲ့မှာပါ။ အခုလိုမျိုး ဘိုးဘေးရှီတျန်ကို နောက်ကျော ဓားနဲ့ထိုးလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။

ဘိုးဘေးရှီတျန်ရဲ့ ကံဆိုးမိုးမှောင်ကျမှုက ဟန်ကျွယ်ရဲ့ ကောင်းကင်တာအိုကနေ မထွက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေပါတယ်။

ဟန်ကျွယ်ဟာ တစုန်ကောင်းကင်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “တာအိုဘုံကျောင်း အပြင်မှာ ကျင့်ကြံအားထုတ်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို စူးစမ်းလေ့လာချည်”

ဒီစကားကို ကြားလိုက်ရတဲ့ တစုန်ကောင်းကင်ဟာ မျက်လုံးဖွင့်ပြီး ဦးညွှတ်ကာ ထွက်ခွာသွားပါတယ်။ တစုန်ကောင်းကင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို စပ်စုချင်တာ ကြာပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းက သူ့နတ်အာရုံကို ကန့်သတ်ထားတဲ့အတွက် အပြင်ကို ချောင်းကြည့်လို့ မရပါဘူး။

တစုန်ကောင်းကင် ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို စစ်ကူပေးဖို့ ပြင်ဆင်လိုက်ပါတယ်။ တိုက်ဆိုင်စွာပဲ ကံကောင်းကင်ကလည်း သူ့ကို သတ်ချင်နေပါတယ်။

ဘိုးဘေးရှီတျန်နဲ့ ကံကောင်းကင် တိုက်ခိုက်နေတုန်းဆိုရင် ဟန်ကျွယ်ရဲ့ ကျိန်စာတိုက်မှုက ကံကောင်းကင်ကို တော်တော်လေး အထိနာစေမှာပါ။

ငါးရက်ကြာတဲ့အခါမှာ‌တော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းနဲ့ စာအိတ်ကိုဖွင့်ပြီး စိုက်ကြည့်ပါတယ်။

၁၀ ဘီလီယံ။

၁၀၀ ဘီလီယံ။

၁ ထရီလီယံ။

၁၀ ထရီလီယံ။

ဟန်ကျွယ်ဟာ သူ့သက်တမ်းကို အခုထိ နှမြောတသ မဖြစ်ပါဘူး။ ကြည့်ရတာ သူ ဘဝင်မြင့်လာတာနဲ့ တူပါတယ်။ ဟန်ကျွယ်ဟာ သူ့သက်တမ်းကို ၁ ကွာဒလီယံထက် ပိုမသုံးရင် သိပ်ပြီးတော့ ကိစ္စမရှိပါဘူး။

ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ဆက်လျော့ကျပါတယ်။

၅၀ ထရီလီယံ။

၆၀၀ ထရီလီယံ။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကံကောင်းကင်၏ တာအိုနှလုံးသားသည် ယိမ်းယိုင်သွားသည်။]

[သင့်ရန်သူ ကံ‌ကောင်းကင်သည် သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ပါတယ် “ဘိုးဘေးရှီတျန်... အရင်တုန်းက ဘိုးဘေး တာအိုဟောကြားပေးခဲ့တဲ့ ကျေးဇူးကို ကျွန်တော် ပြန်ဆပ်လိုက်ပြီနော်”

လေးငါးရက် နားပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆွမ်တိကို ကျိန်စာ စတိုက်ပါတယ်။ ဟန်ကျွယ်ဟာ မုန်းတီးမှု ကြယ်ပွင့်ကို ကြည့်ပြီး ကျိန်စာတိုက်ပါတယ်။ မုန်းတီးမှု ကြယ်ပွင့်များလေလေ အရင်ဆုံး ကျိန်စာတိုက်လေလေပါ။ ဟန်ကျွယ်ဟာ မုန်းတီးမှု ကြယ်သုံးပွင့်အောက်ပဲ ရှိတဲ့ လူတွေကိုတော့ ကျိန်စာမတိုက်ပါဘူး။

တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆွမ်တိနဲ့ ပဋိပက္ခနတ်မင်းကို ၁ ကွာဒလီယံစီ ကျိန်စာတိုက်ပေးလိုက်ပါတယ်။ ဒီနှစ်ယောက်ကို တာအိုနှလုံးသား မထိခိုက်မချင်း ကျိန်စာတိုက်လိုက်တာပါ။

ဟန်ကျွယ်ရဲ့ သက်တမ်းက အလွန်များပြားတဲ့ ပမာဏမို့ ဒီအရေအတွက်က ဘာမှမဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အကြံကြီးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ သက်တမ်း ၁၀ ကွာဒလီယံသုံးပြီး ကျိန်စာတိုက်ဖို့ပါ။

ဒီပမာဏနဲ့ဆိုရင် ပဋိပက္ခနတ်မင်းကို သေအောင် ကျိန်စာမတိုက်နိုင်ရင်တောင် အနည်းဆုံး ပြင်းပြင်းထန်ထန်တော့ ဒဏ်ရာရစေမှာပါ။ ဒီအတွေး ပေါ်လာတယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ်။

‘ငါ စမ်းကြည့်သင့်တယ်... ပဋိပက္ခနတ်မင်းက မုန်းတီးမှု ကြယ်ခြောက်ပွင့်ခွဲတောင် ရှိတာ၊ ငါ သူ့ကို မြန်မြန်ရှင်းနိုင်လေလေ ငါ့အတွက် ကောင်းလေလေပဲ’

ဟန်ကျွယ်ဟာ အကာင်းပကတိ ပြန်ဖြစ်ဖို့အတွက် ရက်အနည်းငယ် အနားယူပြီး ကြမ္မာဆိုးစာအုပ်ကို ထပ်မံထုတ်ယူလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters