← Chapters

ပဋိပက္ခနတ်မင်း ကျဆုံးခြင်း

Vol. 58 Ch. 630

ပဋိပက္ခနတ်မင်း ကျဆုံးခြင်း

Vol. 58 Ch. 630

လဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ၅ ကွာဒလီယံနီးပါး လျော့ကျသွားပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေကလည်း သွေးလို နီရဲလာပါတယ်။ ဒီက အလောင်းအစားကြီးကြီး လုပ်လိုက်တာပါ။ ဒီအတောအတွင်း ဟန်ကျွယ်ဆီကို စာ‌စောင်သုံးစောင် ရောက်လာပါတယ်။

[သင့်ရန်သူ ပဋိပက္ခ နတ်မင်းသည် သင့်ကျိန်စာကြောင့် တာအိုနှလုံးသား ထိခိုက်သွား၏။]

[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပဋိပက္ခနတ်မင်းသည် ပဋိပက္ခ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]

[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပဋိပက္ခနတ်မင်း၏ မဟာတာအိုသည် ဖရိုဖရဲ ဖြစ်သွားပြီး အာဏာစက် စတင်ပြိုလဲသွား၏။]

နောက်ထပ် ၅ ကွာဒလီယံဆိုရင် ပဋိပက္ခနတ်မင်းက မသေတောင် လူညွန့်တုံးဖို့ သေချာသလောက် ရှိနေပါပြီ။ ဟန်ကျွယ်ဟာ အံကြိတ်ပြီး ကျိန်စာဆက်တိုက်ပါတယ်။ လောလောဆယ် ဟန်ကျွယ် ခန္ဓာကိုယ်က ကြီးကြီးမားမား မထိခိုက်သေးပါဘူး။ သက်တမ်းကုန်ဆုံးလွန်းလို့ နှမြောတသ ဖြစ်ရုံပါ။

၅ ကွာဒလီယံ။

ကောင်းကင်တာအိုတောင် ဒီလောက်ထိ ရှည်ကြာအောင် မတည်တံ့နိုင်လောက်ပါဘူး။

‘တောင့်ခံထား... ငါသာ ပဋိပက္ခနတ်မင်းကို သေအောင် ကျိန်စာတိုက်လိုက်ရင် တခြားရန်သူတွေလည်း လန့်သွားမှာပဲ’

အင်အားချင်းယှဉ်ရင် ဟန်ကျွယ်ဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်မှာက ကြမ္မာဆိုးစာအုပ်နဲ့ သက်တမ်းအများကြီး ရှိနေပါတယ်။ အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ဘယ်လောက်ပဲ အကြံအစည် ကောင်းကောင်း ဟန်ကျွယ်ရဲ့ ကျိန်စာတိုက်မှုကိုတော့ ခံနိုင်မှာ မဟုတ်ပါဘူး။

[ပဋိပက္ခနတ်မင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[ပဋိပက္ခနတ်မင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[ပဋိပက္ခနတ်မင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဒီအသိပေးချက်က ဟန်ကျွယ်ရှေ့မှာ ရုတ်တရက် ကောက်ကာငင်ကာ ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘ပဋိပက္ခနတ်မင်းက ငါ အမှောင်သခင်ကြီးဆိုတာကို ရှာတွေ့သွားပြီလား...’ ဟန်ကျွယ် မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ ထိုးထွက်လာပါတယ် ‘ဒီလိုဆိုမှတော့ မင်းက ပိုသေသင့်တယ်’

အကြိမ်ဒါဇင်ကျော် ကြိုးစားပြီးတဲ့နောက်မှာတော့ ပဋိပက္ခနတ်မင်းဟာ ဟန်ကျွယ်ကို ထပ်ပြီးတော့ အိပ်မက်မပေးတော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ကျိန်စာဆက်တိုက်နေတုန်းပါ။

ဟန်ကျွယ်ရဲ့ သက်တမ်း ၈ ကွာဒလီယံ နီးပါး ကုန်ဆုံးသွားတဲ့အခါမှာတော့ နောက်ထပ် စာနှစ်စောင် ထပ်ရောက်လာပါတယ်။

[သင့်ရန်သူ ပဋိပက္ခနတ်မင်းသည် သင့်ကျိန်စာကြောင့် တာအိုနှလုံးသား ထိခိုက်သွား၏။]

[သင့်ရန်သူ ပဋိပက္ခနတ်မင်းသည် တာအိုခွဲပညာရပ်ကို အသုံးပြုပြီး ကံတရားကို လွင့်ပြယ်စေကာ အာဏာစက်အား ဆုံးရှုံးသွား၏။]

ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ မရတော့ပါဘူး။ ဒီခံစားချက်က အရမ်းထူးဆန်းပါတယ်။ ဒါပေမဲ့ အရမ်းထင်ရှားပြီး ပဋိပက္ခနတ်မင်းကို ကျိန်စာတိုက်လို့ မရတော့ပါဘူး။ ပဋိပက္ခနတ်မင်းက သေသွားတဲ့အတိုင်းပါပဲ။

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ ပဋိပက္ခနတ်မင်းရဲ့ ပုံရိပ်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။

‘ဒီကောင်က မသေသေးပါလား... ဒါဆို ဘာဖြစ်လို့ ကျိန်စာတိုက်လို့ မရတာလဲ’

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ပဋိပက္ခနတ်မင်းရဲ့ လက်ရှိအခြေအနေက ဘယ်လိုအခြေအနေလဲ”

[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ပဋိပက္ခနတ်မင်းသည် ကံတရားနှင့် ဝိညာဉ်အား ပဋိပက္ခထဲသို့ ဖြန့်ကြက်လိုက်သဖြင့် လုံးဝ မသေသွားသော်လည်း သင့်အား ခြိမ်းခြောက်မှု မပေးနိုင်တော့ပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး အတော်လေး နေသာထိုင်သာ ရှိသွားပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ကြည့်လိုက်ပါတယ် ‘လွတ်လပ်မှု စိတ်ဝိညာဉ်ရတနာလို့ မပြောရဘူး၊ တကယ် စွမ်းအားကြီးတာပဲ’

ပညာရှင်မျက်လုံးနဲ့ကြည့်ရင် ကြမ္မာဆိုးစာအုပ်က အမှိုက်သာသာပဲ ရှိပါတယ်။ သူ့ရဲ့ တစ်ခုတည်းသော အားသာချက်က တခြားသူတွေ တွက်ချက်လို့မရတာပါ။ ကျိန်စာစွမ်းအားကလည်း သက်တမ်း အများကြီး ကုန်ပါတယ်။ ဟန်ကျွယ်ကလွဲပြီး တခြား ဘယ်သက်ရှိမှ ကြမ္မာဆိုးစာအုပ်ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ တခြားသက်ရှိတွေ ကြမ္မာဆိုးစာအုပ်ကို ရခဲ့ရင်လည်း မကောင်းဆိုးဝါးစာအုပ်လို့ သတ်မှတ်ပြီး အသုံးပြုရဲမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အခုအဆင့်ထိရောက်အောင် တစ်ဆင့်ချင်း ပျိုးထောင်ခဲ့တာပါ။ ဒါ့အပြင် ဟန်ကျွယ် သက်တမ်းကလည်း အများကြီးရှိတာကြောင့် အခုလိုမျိုးအစွမ်း ရှိနေတာပါ။

[သိကျွင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

နောက်ထပ် အိပ်မက်ပေးတဲ့ အသိပေးချက်တစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။ သူက အမှောင်သခင်ကြီးဆိုတာ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေ ရိပ်မိသွားပုံပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဟန်ဆောင်နေအုန်းမှာပါ။ သူဝန်မခံရင် ဘယ်သူက အတပ်သိနိုင်မှာလဲ။

ဒီတစ်ခါ အိပ်မက်နယ်မြေက တိမ်ပင်လယ်ထက်မှာပါ။ ရှုခင်းက သာယာလှပပြီး လေပြည်လေညင်းလေးက တသုန်သုန် တိုက်ခိုက်နေပါတယ်။ နွေးထွေးတဲ့ နေရောင်ခြည်ကို ထုတ်လွှတ်နေတဲ့ နေမင်းကြီးကလည်း လှပနေပါတယ်။

သိကျွင်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း အမှောင်သခင်ကြီးကို သိလား”

ဟန်ကျွယ်ဟာ မျက်‌မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့ အဲဒီလို မေးတာလဲ”

“မင်း တကယ်ရော ကျိန်စာတိုက်ခံရလို့လား”

“တိုက်ခံရတာပေါ့၊ ဘာလဲ... စီနီယာက ကျွန်တော့်ကို အမှောင်သခင်ကြီးလို့ ထင်ပြီး အပြစ်တင်ချင်နေတာလား... ကျွန်တော် ဟန်ကျွယ်က အမြဲတမ်း ဂူအောင်း ကျင့်ကြံနေတာ၊ ဘယ်သူကိုမှ အရင်ရန်မစဘူး၊ ဒါပေမဲ့ ပြဿနာတက်လာရင်လည်း မကြောက်ဘူးနော်... စီနီယာက အတင်းစွပ်စွဲလည်း ကျွန်တော် မဟုတ်တဲ့အတွက် ဝန်မခံနိုင်ဘူး”

ဟန်ကျွယ်က မခံမရပ်နိုင် ပြောလိုက်ပါတယ် “စီနီယာ... စီနီယာက ဒီအတောအတွင်း ကျွန်တော် အိပ်မက်ထဲကို လာလည်တာ အကြိမ်ရေ မနည်းတော့ဘူး၊ စီနီယာ ပြောင်းလဲသွားပြီ၊ စီနီယာက ကျွန်တော်ကို အမြဲတမ်း စမ်းသပ်နေတာလား၊ အတိတ်မှာတုန်းက စီနီယာ ကျွန်တော်အတွက် အခွင့်အရေးတွေ တိုက်ခိုက်ပေးခဲ့တာကို မေ့သွားပြီလား၊ စီနီယာ... ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ၊ ကျွန်တော် စီနီယာ မကြိုက်တာ တစ်ခုခုလုပ်မိလို့များလား... စီနီယာ သိထားဖို့က ကျွန်တော် စီနီယာဆီက တစ်ခါမှ အကူအညီ မတောင်းခဲ့ဖူးဘူးဆိုတာပဲ”

ဟန်ကျွယ်ရဲ့ စကားကြောင့် သိကျွင်းဟာ မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းချလိုက်ပါတယ် “ပဋိပက္ခမှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားတယ်”

“ပဋိပက္ခမှာ ဖြစ်ပျက်တဲ့ ကိစ္စက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ၊ အရင်တစ်ခေါက် အမှောင်ဘုရင် တာအိုပညာရှိနဲ့ တိုက်ခိုက်တာလွဲရင် ကျွန်တော် တစ်ခါမှ အင်မော်တယ်ကမ္ဘာကနေ ထွက်မသွားဖူးဘူး”

ဟန်ကျွယ်ဟာ ဒေါသထွက်နေတုန်းပါ။

သိကျွင်းက ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “ပဋိပက္ခအာဏာကို ထိန်းချုပ်တဲ့ ပဋိပက္ခနတ်မင်းက အမှောင်သခင်ကြီး လက်ချက်နဲ့ သေအောင် ကျိန်စာတိုက်ခံလိုက်ရတယ်၊ အခု ပဋိပက္ခအာဏာက ဖရိုဖရဲ ဖြစ်ပြီး အဲဒီ နှောင်ဖွဲ့ခံထားရတဲ့ မိစ္ဆာယုတ်တွေက ပဋိပက္ခမှာ သောင်းကျန်းတော့မယ်၊ ရှေးပျက်သုဉ်းနယ်မြေရဲ့ စည်းတွေကလည်း ပြေလျော့သွားလိမ့်မယ်”

“ပဋိပက္ခနတ်မင်းက ဘယ်သူလဲ၊ မိစ္ဆာယုတ်က ဘယ်သူတွေလဲ၊ ရှေးပျက်သုဉ်းနယ်မြေရဲ့ စည်း ပြေလျော့သွားတယ်... အဲဒီမှာ ဘာတွေ ပုန်းနေလို့လဲ”

ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပုံ ရှိပါတယ်။ သိကျွင်း ယုံသည်ဖြစ် မယုံသည်ဖြစ်စေ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အမှောင်သခင်ကြီး မဟုတ်ဘူး၊ ပဋိပက္ခနတ်မင်းကို လုံးဝ မသိဘူးလို့ ဟန်ဆောင်ပါတယ်။

သိကျွင်းဟာ သက်ပြင်းချလိုက်ပါတယ် “ငါလည်း မင်း အမှောင်သခင်ကြီးနဲ့ မပတ်သက်ဖို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင် မင်းပါရောပြီး ဒုက္ခရောက်လိမ့်မယ်”

စကားဆုံးတာနဲ့ သိကျွင်းဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။

[သိကျွင်းသည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]

‘ဟီးဟီး... တာအိုပညာရှိတွေက တကယ်ကို ဘက်ရွေးတတ်တာပဲ’ ဟန်ကျွယ်ဟာ သိကျွင်းက သူ့စကားကို ယုံတာ မယုံတာ ဂရုမစိုက်ပါဘူး။ ဘာကိစ္စပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲမှာ ပုန်းနေမှာပါ။ သူ့ကို ရန်လာစရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ကျိန်စာတိုက်ပစ်မှာပါ။

ဟန်ကျွယ်ဟာ စိတ်အခြေအနေကို ပြုပြင်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

အဆုံးသတ် အပျက်အစီး နတ်ဘုံက ကြီးမားတဲ့ မျှော်စင်တစ်ခုရဲ့ ထိပ်ဆုံးမှာ စွမ်းအားကြီးပုဂ္ဂိုလ် ဆယ်ပါးကျော်ဟာ ခန်းမထဲမှာ စုဝေးနေကြပါတယ်။

ရုပ်သွင်တစ်ခုက ပြောလိုက်ပါတယ် “သူ ဝန်မခံဘူး”

ဒီရုပ်သွင်က သိကျွင်းပါ။

“သူ ဝန်မခံတာ ပုံမှန်ပဲလေ”

“သူက လွတ်လပ်မှုကို ရထားတာ မကြာသေးဘူးမလား၊ ဘယ်လိုလုပ်ပြီး ပဋိပက္ခနတ်မင်းကို သေအောင် ကျိန်စာတိုက်နိုင်မှာလဲ”

“ဟုတ်တယ်၊ ကျင့်ကြံမှုမြင့်လေလေ ကွားခြားချက်က ကြီးလေလေပဲ၊ မဟာတာအိုပညာရှိက အကာအကွယ် မဲ့နေရင်တောင် လွတ်လပ် တာအိုပညာရှိက မဟာတာအိုပညာရှိကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“အမှောင်သခင်ကြီးက တကယ်ပဲ ကောင်းကင်တာအိုကလား...”

“အခု ပဋိပက္ခနတ်မင်းက ပျက်စီးသွားပြီ၊ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ တာအိုမိစ္ဆာတွေကလည်း စပြီးတော့ အထိန်းအကွပ်မဲ့ သတ်ဖြတ်နေကြပြီ၊ ငါတို့တွေ ရှေးပျက်သုဉ်းနယ်မြေရဲ့ ကန့်သတ်စည်းတွေကို စောင့်ကြည့်ရမယ်”

“တာအိုမိစ္ဆာတွေထက်စာရင် ရှေးပျက်သုဉ်းနယ်မြေထဲက တည်ရှိမှုတွေကို ငါတို့ ပိုကြောက်သင့်တယ်”

တခြားရုပ်သွင်တွေက တစ်ယောက်ပြီး တစ်ယောက် ပြောဆိုကြပါတယ်။ ဒီအထဲမှာ ဆွမ်တိ၊ နွီဝါနဲ့ ဖူရှီတို့လည်း ပါဝင်ပါတယ်။

နွီဝါဟာ သက်ပြင်းချလိုက်ပါတယ် “ငါတို့တွေ ကောင်းကင်တာအိုကို တိုက်ခိုက်ဖို့ အမှောင်ဘုရင် တာအိုပညာရှိကို မလွှတ်ခဲ့သင့်ဘူး၊ အမှောင်သခင်ကြီးက ဟန်ကျွယ်နဲ့ ဘာမှမဆိုင်ဘူးလို့ ငါ ထင်တယ်၊ လူတစ်ယောက်ပဲ အမှောင်သခင်ကြီး ဖြစ်နိုင်ပြီး သူ့စွမ်းအားက အမှောင်သခင်ကြီးဖြစ်ဖို့ အသင့်တော်ဆုံးပဲ”

ရုပ်သွင်တွေ အကုန်လုံး တိတ်ဆိတ်သွားပါတယ်။ နွီဝါက ဘယ်သူလဲ မပြောပေမဲ့ ဘယ်သူ့ကို ဆိုလိုလဲဆိုတာ သူတို့အားလုံး သိပါတယ်။ အဲဒီလူကတော့ တာအိုဘိုးဘေးပါ။

သူတို့တွေဟာ ဟန်ကျွယ် အိပ်မက်ထဲကို သွားလည်နိုင်ပေမဲ့ အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာကိုတော့ မတွက်ချက်နိုင်ကြပါဘူး။ သူတို့ကို ဘာမှမတတ်နိုင်အောင် လုပ်နိုင်တဲ့လူက တာအိုဘိုးဘေးပဲ ရှိပါတယ်။

အရပ်ရှည်ရှည် ရုပ်သွင်က ပြောလိုက်ပါတယ် “အမှောင်သခင်ကြီး ပဋိပက္ခနတ်မင်းကို ပစ်မှတ်ထားတာက ကောင်းကင်တာအိုကို ကာကွယ်ဖို့အတွက် မဟုတ်တာလည်း ဖြစ်နိုင်တယ်”

“မင်းစကားက ဘာကိုဆိုလိုတာလဲ” သိကျွင်းက မေးလိုက်ပါတယ်။

“ဒဏ္ဍာရီအရ တာအိုဘိုးဘေးဟာ ရှေးပျက်သုဉ်းနယ်မြေကို တည်ထောင်ပြီး လောကဦးကမ္ဘာရဲ့ ကံတရား အထောက်အပံ့ အကုန်လုံးကို ရှေးပျက်သုဉ်းနယ်မြေမှာ ဖိနှိပ်ထားတယ်၊ ဒီအထဲမှာ ပုကျိုးနတ်တောင်၊ အဆုံးမဲ့သွေးပင်လယ်၊ ဘိုးဘေးမှော်ဆရာ အလောင်းနဲ့ မိုးကောင်းကင် ဂိုဏ်းချုပ်တွေ ပါတယ်”

“ပုကျိုးနတ်တောင်က ပန်ကူးရဲ့ ကျောရိုးပဲ၊ ဘိုးဘေးမှော်ဆရာက ပန်ကူးရဲ့ အသွေးအသားပဲ၊ မိုးကောင်းကင်ဂိုဏ်းချုပ်က ပန်ကူးရဲ့ ဝိညာဉ်နှစ်ပဲ...”

လူတိုင်း ထိတ်လန့်သွားကြပါတယ်။

“ဘာလဲ... တာအိုဘိုးဘေးက ပန်ကူးကို အသက်ပြန်သွင်းချင်တာလား”

“အဲဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သူ ရူးသွားပြီလား...”

“ဟုတ်တယ်၊ တာအိုဘိုးဘေးက တစ်ခုခုကို ကြောက်နေပုံပဲ၊ သူသာ တစ်ဖက်တည်ရှိမှုကို မယှဉ်နိုင်ဘူးဆိုရင် သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ဒဏ္ဍာရီတွေရဲ့ ဘိုးဘေး ပန်ကူးကို အသက်ပြန်သွင်းပြီး ထွက်လမ်းရှာမှာပဲ”

“ဒါ... ပန်ကူးသာ ပြန်ရှင်လာပြီး ငါတို့က ကောင်းကင်တာအိုကို လျှို့ဝှက်ကြံစည်တာ သိသွားရင်...” တုန်လှုပ်ချောက်ချားမှုနဲ့ စိတ်လေးလံမှုတွေဟာ ခန်းမထဲမှာ ကြီးစိုးသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters