← Chapters

အခန်း (၇၈၈)

Vol. 57 Ch. 788

အခန်း (၇၈၈)

Vol. 57 Ch. 788

ဟန်မူယဲ့က သုံးနှစ်ကြာအောင် ကျင့်ကြံပြီး ကိုယ်ပိုင်စွမ်းအားကို တည်ငြိမ်စေခဲ့သည်။ သူက သူတော်စင်အဆင့်၏ စွမ်းအားများကို ဖြည်းဖြည်းချင်း စုစည်းနိုင်ခဲ့သည်။

သူ၏ ကိုယ်ပိုင်ဓားပညာရပ်သည် တာအိုတစ်ခုအဖြစ် ပုံပေါ်နေပြီဖြစ်သည်။

သို့သော် သူက နားလည်နိုင်စွမ်းကောင်းသော်လည်း အမျိုးမျိုးသော ဓားပညာရပ်များကို တစ်ခုတည်းအဖြစ် စုစည်းရန် အချိန်လိုနေသည်။

သူက အခန်းထဲမှ ထွက်လာသောအခါ ခြံဝိုင်းထဲတွင် ပြန့်ကျဲနေသော ဝိညာဉ်ဆေးပင်နှင့် ပန်းပွင့်များကို မြင်လိုက်ရသည်။

ဤခြံဝိုင်းသာမက တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားတစ်ခုလုံးသည် ပန်းပွင့်များဖြင့် အရောင်အသွေးစုံလင်နေသည်။

တော်ဝင်ဆေးပင်ဥယျာဉ်၏ ဝိညာဉ်ဆေးပင်အမျိုးမျိုးကို ဤနေရာတွင် စိုက်ပျိုးထားပုံပေါ်သည်။

ဆေးတောင်ကြား၏ အဓိကခန်းဆောင်ရှေ့တွင် ကိုးထပ်ဓားစံအိမ်သည် အဆုံးမရှိသောပုံရိပ်ယောင်များကို ထုတ်လွှတ်၍ တိမ်တိုက်ကြားတွင် ရှိနေသည်။

ထိုဓားစံအိမ်ကို တည်နေရာစွမ်းအားဖြင့် ဖုံးအုပ်ထားပြီး ဟန်မူယဲ့သာ မြင်နိုင်သည်။

အပြင်လူများအတွက် ထိုနေရာသည် ပုံရိပ်ယောင်ဆန်နေသည်။

ချီစွမ်းအင်မျဉ်းကြောင်းများသည် သွယ်ယှက်သွားကြပြီး ဓားကျင့်ကြံသူများနှင့် စစ်သည်များသည် တာဝန်ထမ်းဆောင်နေကြသည်။

ဟန်မူယဲ့က ရင်ပြင်တွင်ရပ်နေပြီး ခဏတာနားထောင်၍ ပြုံးသည်။

ယခုအချိန်တွင် ဤနေရာသည် အမျိုးမျိုးသောကမ္ဘာများနှင့် ဆက်သွယ်နေသည်။ ဓားကျင့်ကြံသူနှင့် စစ်သည်များသည် ကမ္ဘာအမျိုးမျိုးကို ရှာဖွေရန်အတွက် ထွက်ခွာသွားကြသည်။

စွန့်ပစ်မြေများကို ပြန်လည်သိမ်းဆည်းခြင်း ....

အားနည်းသော ကျင့်ကြံခြင်းအင်အားစုများနှင့် ပျက်စီးနေသော ကမ္ဘာများကို သိမ်းပိုက်ခြင်း ....

အမျိုးမျိုးသော အရင်းအမြစ်များနှင့် ကမ္ဘာသစ်တစ်ခု၏ ကောင်းချီးကို ရရှိခြင်းသည် စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များပင် ဖြစ်ကြသည်။

လွန်ခဲ့‌သောသုံးနှစ်တွင် စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝခြင်းပုံပြင်များသည် ဆေးတောင်ကြားတွင် ပျံ့နှံ့နေခဲ့သည်။

အာခီမီပညာရှင်များကပင် စူးစမ်းလေ့လာရေးတပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့ကြသည်။

ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ဝင်သွားပြီး လီချင်းရှစ်နှင့် တခြားလူများကို ဆင့်ခေါ်လိုက်သည်။

တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားသည် သုံးနှစ်အတွင်း၌ အလွန်တိုးတက်လာသည်။ လူတိုင်းက ပျော်ရွှင်စွာ တင်ပြလိုက်ကြသည်။

ယခုအချိန်တွင် တော်ဝင်ဆေးပင်ဥယျာဉ်၏ အားကောင်းသောမိစ္ဆာများသည် ဆေးတောင်ကြားတွင် အခြေချနေကြသည်။ ဆေးတောင်ကြားသည် အာခီမီ၏ နက်နဲသောစည်းမျဉ်းများကို လက်ဆင့်ကမ်းပေးနိုင်သည်။

ဆေးတောင်ကြားသည် အာခီမီတော်ဝင်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

ထို့အပြင် တခြားကမ္ဘာများမှ ရရှိလာသော ဝိညာဉ်ဆေးပင်နှင့် အာခီမီအမွေအနှစ်များသည် ဆေးတောင်ကြားသို့ ပြန်ရောက်လာခဲ့သည်။

သွမ်ချန်ကျီ၏ အနန္တကမ္ဘာဝင်္ကပါကြောင့် ကမ္ဘာအသီးသီးကို ပြန်လည်ဆက်သွယ်နိုင်ခဲ့သည်။

အနန္တကမ္ဘာဝင်္ကပါ၏ အကူအညီနှင့် ချမှတ်ထားသော အစီအစဉ်များအရ ကျင့်ကြံခြင်းလောက၏ ဂုဏ်ကျက်သရေကို ပြန်လည်အသက်သွင်းနိုင်လိမ့်မည်။

“အရှင်မင်းကြီး၊ ရှေးတိမ်တိုက်စကြဝဠာနဲ့ ဆည်ရဲ့အင်အားစုတွေက အင်မော်တယ်ရင်းမြစ်ကမ္ဘာကို တိုက်ခိုက်နေကြပါတယ်။ စစ်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်”

ရွှေရောင်ချပ်ဝတ်နှင့် သွမ်မင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး တီးတိုးပြောလိုက်သည်။

ရှေးတိမ်တိုက်စကြဝဠာနှင့် ဆည် ....

ထိုလူများသည် နတ်ဘုရားခုံရုံးကို အသိအမှတ်မပြုသော်လည်း နတ်ဘုရားခုံရုံး၏ အကြွင်းအကျန်များအဖြစ် ကိုယ့်ကိုယ်ကိုယ် ယူဆထားကြသည်။

သူတို့က နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်မည်ဟု အမည်ခံပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာကို သိမ်းပိုက်ချင်ကြသည်။

သူတို့က နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်ပေ။

“ဓားစံအိမ်နဲ့ ယွီလင်တာအိုဂိုဏ်းက လူလွှတ်ပြီး ဆက်သွယ်ခဲ့သေးတယ်။ ဒါပေမဲ့ မင်းက တံခါးပိတ်ကျင့်ကြံနေလို့ ငါတို့က မလှုပ်ရှားခဲ့ဘူး”

ဟွမ်ခြောက်က ပြောလိုက်သည်။

“အဲဒါက အရေးမကြီးပါဘူး။ အခု ကျင့်ကြံခြင်းလောကအတွက် အလက်ရှိအချိန်မှာ ဓားတာအိုစည်းဝေးပွဲက အရေးအကြီးဆုံးပဲ”

ခေါက်ယပ်တောင်တစ်ချောင်း ကိုင်ထားသော ရှုဝေက ခပ်ဟဟရယ်သည်။

သူက လွန်ခဲ့သော၂နှစ်ခန့်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ အထက်ဘုံသို့ ရောက်လာခဲ့သည်။

ဟွမ်ခြောက်က သူ့ကို ခေါ်ခဲ့သည်။

ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံနေသောအချိန်တွင် ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှင့် ဟန်မူယဲ့၏အစ်ကိုဖြစ်နေသော ဟွမ်ခြောက်က ကိစ္စအများအပြားကို တာဝန်ယူထားရသည်။ သူက ပင်ပန်းလာသောအခါတွင် ဟွမ်ကျစ်ဟူကို ရှုဝေ၏အကြောင်း မေးခဲ့သည်။

ထိုနေ့တွင် ဟွမ်ခြောက်က ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ လူလွှတ်ခဲ့သည်။

ကံဆိုးစွာဖြင့် ဆေးတောင်ကြားနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသက်မသွင်းရသေးပေ။

“အမတ်ချုပ်ကြီးဟန်၊ ဓားတာအိုစည်းဝေးပွဲအတွက် စင်မြင့်က ဘယ်နေရာမှာလဲ သိခွင့်ရှိမလား”

ရှုဝေက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“စင်မြင့်ကို တည်ဆောက်ပြီးသွားရင် အဲဒီလူတွေက တိုက်ခိုက်ဖို့ စိတ်ဝင်စားတော့မှာမဟုတ်ဘူး”

ခန်းဆောင်ထဲတွင်ရှိနေသော လူတိုင်းက ရယ်လိုက်ကြသည်။

ဟန်မူယဲ့က စိတ်လှုပ်ရှားနေသောမျက်လုံးများဖြင့် ခေါင်းညိတ်သည်။

“ငါက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီဆိုတော့ စင်မြင့်ကို တည်ဆောက်ရမယ်”

ရှေးခေတ်နတ်ဘုရားခုံရုံး၏ ဓမ္မစင်မြင့်သည် အင်မော်တယ်တက်လှမ်းစင်မြင့်ကဲ့သို့ နာမည်ကြီးသည်။

ဓမ္မစင်မြင့်သည် အင်မော်တယ်တက်လှမ်းစင်မြင့်ကဲ့သို့ ဝင်္ကပါဖြင့် တည်ဆောက်ထားသည်။ မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် ဓမ္မစင်မြင့်ထက်တွင် ပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့သော်လည်း အကာအကွယ်ဝင်္ကပါကို မချိုးဖောက်နိုင်ခဲ့ကြပေ။

ထိုဝင်္ကပါသည် နတ်ဘုရားခုံရုံးအဓိကခန်းဆောင်၏ အကာအကွယ်ဝင်္ကပါထက် တစ်ဆင့်သာနိမ့်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် ဓမ္မစင်မြင့်ကို အသက်သွင်းရန်အတွက် အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ခဲ့သည်။

သူက အာကာသထဲသို့ တိုက်ရိုက်စာပို့လိုက်ပြီး ရန်စောင်နေသော အင်အားစုနှစ်ခုကို ချက်ချင်းရပ်တန့်သွားစေသည်။

အထက်ဘုံ၏ အဓိကအင်အားစုများ၊ ဆည်၏ ပြန်လည်ရှင်သန်လာသော အင်အားစုများနှင့် ရှေးတိမ်တိုက်စကြဝဠာ၏ ကျွမ်းကျင်သူများသည် တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။

ဟန်မူယဲ့က အထက်ဘုံတွင် သိပ်မလှုပ်ရှားခဲ့ပေ။

သို့သော် သူ၏ဂုဏ်သတင်းသည် ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့နေပြီး အင်အားစုများသည် သူနှင့် ရင်မဆိုင်လိုကြပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စွမ်းအားသည် တာအိုပြိုင်ပွဲကို ကျော်လွန်နေသည်။ တာအိုပြိုင်ပွဲ၏ မဟာစစ်ပွဲသည် ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့နေခဲ့သည်။

တာအိုပြိုင်ပွဲတွင် ဟန်မူယဲ့သည် မဟာပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်ပြီး အင်မော်တယ်ရတနာများကိုပင် ဖျက်ဆီးခဲ့သည်။

ဟန်မူယဲ့က လောကတွင် အဆင့်ကိုးဖြစ်သော်လည်း အဆုံးမဲ့နတ်ဘုရားဘုရင်မှလွဲ၍ သူ့ရှေ့တွင်ရှိနေသော လူများသည် သူ့ကို အနိုင်ရလိမ့်မည်ဟု မပြောရဲကြပေ။

ယခုနှစ်များတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အာကာသထဲတွင် လှုပ်ရှားနေသည်။ ကျွမ်းကျင်သူများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့်ရင်မဆိုင်ရဲကြပေ။

မည်သူပင်ဖြစ်စေ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ရှောင်တိမ်းသွားကြသည်။

ကောင်းကင်အံ့ဖွယ်စစ်တပ်သည် ကောင်းမွန်စွာလေ့ကျင့်ထားသော စစ်သည်သန်းသုံးထောင်ကို ပိုင်ဆိုင်သည်။ စစ်တပ်ခေါင်းဆောင်များသည် ပြတ်သားစွာ သတ်ဖြတ်ကြပြီး သူတို့၏နောက်ခံများသည် အဓိကအင်အားစုကြီးများနှင့် ဆက်သွယ်နေလျက် အလွန်နက်ရှိုင်းသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဓားဝင်္ကပါသည် နတ်ဘုရားဘုရင်နှင့် ရင်ဆိုင်နိုင်သည်ဟု ပြောကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဟွမ်ကျစ်ဟူခေါင်းဆောင်သော ဓားကျင့်ကြံသူစစ်တပ်သည် အထက်ဘုံသို့ ရောက်သွားသော်လည်း ကောင်းကင်အံ့ဖွယ်စစ်တပ်သည် အားနည်းမသွားခဲ့ပေ။ ဓားဝင်္ကပါစွမ်းအားသည် အာကာသထဲတွင် သောင်းကျန်းနေဆဲဖြစ်သည်။

ထိုအရာသည် ဟန်မူယဲ့၏နောက်တွင် ရှိနေသော ခွန်အားဖြစ်သည်။

ဟန်မူယဲ့က အထက်ဘုံတွင် ဆယ်နှစ်ကျော်ခန့်သာ ရှိနေသော်လည်း သူ၏ တာအိုလက်တွဲဖော်ဖြစ်သော မူဝမ်သည် ဆေးတောင်ကြားကို ထိန်းချုပ်ထားပြီး ပြိုကွဲသွားခဲ့သော အာခီမီနယ်မြေကို ပြန်လည်အသက်ဝင်စေခဲ့သည်။

ဆေးတောင်ကြားမှ ထွက်ခွာသွားသော အာခီမီပညာရှင်များသည် နောင်တရနေရုံသာ တတ်နိုင်ကြသည်။

ဓားကျင့်ကြံသူတစ်သန်းသည် ဆေးတောင်ကြားတွင် အခြေချပြီး ပတ်ဝန်းကျင်ကို လွှမ်းမိုးထားသည်။

ဟန်မူယဲ့က အထက်ဘုံတွင် လှုပ်ရှားခဲ့ပုံမပေါ်ပေ။

သို့သော် သူ၏ ဂုဏ်သတင်းသည် အထက်ဘုံတွင် ပိုမိုအားကောင်းလာသည်။

သို့သော် မည်သူကမှ ဟန်မူယဲ့ကို မစမ်းသပ်ရဲကြပေ။

အထက်ဘုံ၏ ဂိုဏ်းတစ်ဂိုဏ်းသည် ဟန်မူယဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့သည်။ သို့သော် ဟန်မူယဲ့၏လက်အောက်တွင်ရှိနေသော ဓားကျင့်ကြံသူများသည် ထိုဂိုဏ်းနှင့် နောက်ကွယ်တွင်ရှိနေသော နတ်ဘုရားဘုရင်ကို တိုက်ခိုက်ခဲ့ကြသည်။ ဂိုဏ်းသည် ပျက်စီးသွားပြီး နတ်ဘုရားဘုရင်သည် ဝိညာဉ်အဖြစ် ထွက်ပြေးခဲ့ရသည်။

ဟန်မူယဲ့၏ခွန်အားကို သိချင်လျှင် ကြောက်ရွံ့စိတ်မရှိပါက စမ်းကြည့်နိုင်သည်။

သူတို့က ဓားဝင်္ကပါကို အနိုင်ရသွားလျှင် ဟန်မူယဲ့၏ရှေ့တွင် ပြိုင်ဘက်တစ်ယောက်အဖြစ် ရပ်နိုင်လိမ့်မည်။

ဟန်မူယဲ့က စာတစ်စောင်ဖြင့် အင်အားစုများကို နောက်ဆုတ်သွားစေသောအခါတွင် ကျင့်ကြံခြင်းလောကသည် လှုပ်ရှားသွားခဲ့သည်။

အထက်ဘုံ၏ သက်ဝင်လှုပ်ရှားနေသော ဈေးတန်းမှ စားသောက်ဆိုင်တစ်ခုတွင် ဖြစ်သည်။

“သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်လေးတစ်ယောက်ပဲ။ သူက ထူးခြားတယ်လို့ ထင်နေတာလား။ ငါပြောပြလိုက်မယ်။ ဒီတစ်ကြိမ်မှာ အထက်ဘုံရဲ့ ငါတို့ဂိုဏ်းက သူ့ကို သေချာပေါက် ရှင်းထုတ်ပစ်လိမ့်မယ်”

အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးသည် အေးစက်စွာပြောသည်။

“ဟုတ်တယ်။ သူက တကယ်မောက်မာတာပဲ”

လူတစ်ယောက်က ထောက်ခံလိုက်သည်။

ပတ်ဝန်းကျင်တွင်ရှိနေသော လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းငုံ့ထားကြသည်။

စကားပြောလိုက်သောလူများက တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခံစားချက်များ လှုပ်ရှားလာသည်။ သူတို့က ဆေးတောင်ကြားတွင်ရှိနေသော ဟန်မူယဲ့ကို တိုက်ရိုက်စိန်ခေါ်ချင်ကြသည်။

“ဝီ”

ထိုအချိန်တွင် လေထုထဲမှ အသံတစ်သံကို ကြားရသည်။

ဓားကျင့်ကြံသူများသည် လေထုထဲတွင် ပျံသန်းသွားကြသည်။ ရှစ်ထပ်ဓားစံအိမ်တစ်ခုကို မြင်နိုင်ပြီး ခြောက်ထပ်ဓားစံအိမ်ငါးခုလည်း ပါလာသည်။

ဓားစံအိမ်၏ ကျင့်ကြံသူများ ဖြစ်ကြသည်။

ရှစ်ထပ်ဓားစံအိမ်ပိုင်ရှင်သည် လောက၏ နံပတ်တစ်ဓားကျင့်ကြံသူဟု သိကြသော ဓားစံအိမ်၏ အကြီးအကဲချီယု ဖြစ်သည်။ သူက အဆုံးမဲ့နတ်ဘုရားဘုရင်အောက် တစ်ဆင့်သာနိမ့်သည်။

“ဓားစံအိမ်ရဲ့ အကြီးအကဲချီယုက အလေးအနက်ထားပြီး လှုပ်ရှားနေပြီပဲ”

ဟန်မူယဲ့ကို မကျေမနပ်ပြောခဲ့သော အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ပျော်ရွှင်နေသောမျက်နှာထားဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်တယ်။ ဓားစံအိမ်က ဆေးတောင်ကြားမှာ အခြေချနေတဲ့ ဓားကျင့်ကြံသူတွေကို ရှင်းထုတ်ဖို့အတွက် လှုပ်ရှားလာတာဖြစ်လိမ့်မယ်။ အဲဒီလူတွေက လိမ်လိမ်မာမာနဲ့ အညံ့ခံလိုက်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ဟမ့် ....”

အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူ၏ မျက်နှာချင်းဆိုင်တွင်ရှိသော မောက်မာသည့်လူငယ်က လှောင်ပြောင်လိုက်သည်။

“ဓားစံအိမ်ရဲ့ အကြီးအကဲချီယုက အမတ်ချုပ်ကြီးဟန်ရဲ့ဖိတ်ကြားချက်ကို လက်ခံပြီး ဓမ္မစင်မြင့်ကို ရှာဖွေဖို့အတွက် ရောက်လာပါပြီ”

လေထုထဲတွင် အသံတစ်သံသည် ပဲ့တင်ထပ်သွားသည်။

ဈေးတန်းသည် ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။

စားသောက်ဆိုင်၏ အပေါ်ဆုံးအထပ်တွင် ဧည့်သည်များက မကျေမနပ်ပြောနေသော ကျင့်ကြံသူများ၏စားပွဲဝိုင်းကို ကြည့်လိုက်ကြသည်။

အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ဒေါသထွက်ပြီး မကျေမနပ်ဖြစ်နေသည်။ သူက နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားသည်။

တခြားလူများကလည်း နောက်မှ လျင်မြန်စွာလိုက်လာကြသည်။

“လူကြီးမင်းတို့၊ ငွေမရှင်းရသေးပါဘူး”

စားသောက်ဆိုင်၏ စားပွဲထိုးတစ်ယောက်က လှမ်း‌ခေါ်လိုက်သည်။

စားသောက်ဆိုင်၏ အပေါ်ဆုံးအထပ်သည် ရယ်သံများဖြင့် ပြည့်နှက်သွားသည်။

ရယ်သံများ တိတ်ဆိတ်သွားသောအချိန်တွင် လူတိုင်းက အံ့အားသင့်နေသောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဓားစံအိမ်သည် အထက်ဘုံ၏ နံပတ်တစ်ဓားဂိုဏ်း ဖြစ်သည်။ အကြီးအကဲချီယုသည် တာအိုဘိုးဘေးအဆင့်တွင် ရှိနေပြီး ရှစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသောကြောင့် နတ်ဘုရားဘုရင်များကို ဖိနှိပ်နိုင်သည်။ သူ၏ အဆင့်သတ်မှတ်ချက်သည် ယွီတင်တာအိုဂိုဏ်းမှ နတ်ဘုရားဘုရင်နှစ်ပါးထက် ပိုမြင့်သည်။

ထိုကျွမ်းကျင်သူမျိုးသည် ဟန်မူယဲ့၏ဖိတ်ကြားချက်ကို လက်ခံပြီး ကိုယ်တိုင်ရောက်လာခဲ့သည်။

....

အထက်ဘုံမှ ယွီလင်တာအိုဂိုဏ်း၏ ပိုင်နက်ထဲတွင်ရှိသော ဝမ်ဟွေတာအိုဂိုဏ်းတွင် ဖြစ်သည်။

ယခုအချိန်တွင် ဂိုဏ်းချုပ်ချန်ကျီယုနှင့် အကြီးအကဲများသည် ခန်းဆောင်ထဲတွင် ရှိနေကြသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟန်မူယဲ့က စစ်ပွဲကို တားဆီးခဲ့တယ်။ သူက ဘာလိုချင်နေတာလဲမသိဘူး”

ခန်းဆောင်၏ ဘယ်ဘက်တွင်ရှိသော ရှစ်မြှောင့်တာအိုအင်းကွက်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က တီးတိုးပြောသည်။

ဤတစ်ကြိမ်တွင် ဝမ်ဟွေတာအိုဂိုဏ်းက စစ်ပွဲတွင် လောင်းကြေးထပ်ပြီး အမျိုးမျိုးသော အထောက်အပံ့ပစ္စည်းများကို ပြင်ဆင်ခဲ့သည်။ သို့သော် ဟန်မူယဲ့က စစ်ပွဲစတင်သောအချိန်တွင် ရုတ်တရက် တားဆီးခဲ့သည်။

ဝမ်ဟွေတာအိုဂိုဏ်းက ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။

“ဟမ့်၊ ဟန်မူယဲ့က ဓားတာအိုစည်းဝေးပွဲကို ကျင်းပချင်ပေမဲ့ ဓမ္မစင်မြင့်ကို အခုထိ မတွေ့သေးဘူး။ ဟာသပဲ”

ဘေးတွင်ရှိနေသော တခြားလူတစ်ယောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ဓမ္မစင်မြင့်ကို ရှာမတွေ့ရင် ဟန်မူယဲ့က ဘယ်လိုလုပ်မလဲ ကြည့်ရအောင်”

All Chapters