← Chapters

အရှေ့ဧကရာဇ်နှင့် တိုက်ခိုက်ခြင်း

Vol. 59 Ch. 634

အရှေ့ဧကရာဇ်နှင့် တိုက်ခိုက်ခြင်း

Vol. 59 Ch. 634

“နောက်ပြီး ဒီနေ့ကစပြီး ကောင်းကင်တာအိုက လွတ်လပ်သွားပြီ၊ အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ ဘယ်လိုဝင်ပါမှုမျိုးကိုမှ လက်သင့်မခံတော့ဘူး၊ အနာဂတ်မှာ တာအိုပညာရှိ ရွေးချယ်ရင် ကောင်းကင်တာအိုကပဲ ရွေးချယ်မယ်၊ အဆုံးသတ် အပျက်အစီး နတ်ဘုံက မရွေးချယ်ရဘူး” ကောင်းကင်အရှင်ရွှမ်တုက ယတိပြတ် ပြောလိုက်ပါတယ်။

တာအိုပညာရှိတွေ အကုန်လုံးဟာ အရှေ့ဧကရာဇ်ကို ကြည့်လိုက်ပါတယ်။

အရှေ့ဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းကလည်း အဆုံးသတ် အပျက်အစီး နတ်ဘုံက မဟုတ်ဘူးလား”

“ဟုတ်တယ်၊ ဒါပေမဲ့ ငါက ကောင်းကင်တာအိုမှာ မွေးဖွားခဲ့တာ၊ ငါတို့က ငါတို့ရဲ့ ဇာတိကို မမေ့ဘူး၊ ငါ အရင်ဆုံး ကြေညာမယ်၊ ဒီနေ့ ဒီအချိန်ကစပြီး အဆုံးသတ် အပျက်အစီး နတ်ဘုံက ရွမ်လိန့်ကျောင်းတော်နဲ့ ငါနဲ့ ဘာမှ မပတ်သက်တော့ဘူး၊ အခုအချိန်ကစပြီး ရွမ်လိန့်ကျောင်းတော်က ကောင်းကင်တာအို ရွမ်လိန့်ကျောင်းတော်နဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံက ရွမ်လိန့်ကျောင်းတော်ဆိုပြီး ကွဲသွားပြီ”

တာအိုပညာရှိတွေဟာ နှလုံးလှုပ်သွားကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ဘုရင့်နောင် ဖောင်ဖျက်တဲ့ကိန်းပါ။

အရှေ့ဧကရာဇ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ ကြေညာချက်ကို ကြားရတဲ့အခါမှာ မျက်ခုံးလှုပ်သွားပါတယ်။ ဒါက စစ်ကြေညာတာနဲ့ အတူတူပါပဲ။

ကောင်းကင်အရှင်ရွှမ်တုဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

“ဒီနေ့ ဒီအချိန်ကစပြီး ကျယ်ကျောင်းတော်က ကောင်းကင်တာအို ကျယ်ကျောင်းတော်နဲ့ အဆုံးသတ် အပျက်အစီး ကျယ်ကျောင်းတော်ဆိုပြီး ကွဲသွားပြီ၊ ကောင်းကင်တာအို ကျယ်ကျောင်းတော်က ကောင်းကင်တာအိုအတွက်ပဲ အလုပ်လုပ်မယ်”

“ဒီနေ့ ဒီအချိန်ကစပြီး ချန်ကျောင်းတော်ကလည်း ကောင်းကင်တာအို ချန်ကျောင်းတော်နဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံက ချန်ကျောင်းတော်ဆိုပြီး ကွဲသွားပြီ၊ ကောင်းကင်တာအို ချန်ကျောင်းတော်က ကောင်းကင်တာအိုအတွက်ပဲ အလုပ်လုပ်မယ်”

တာအိုပညာရှိနှစ်ပါးဟာ တစ်ခါတည်း ဘက်ရွေးလိုက်ပါတယ်။ ချုံရှီလိုင်၊ ဧကရာဇ်ရှောင်နဲ့ ကောင်းကင်အရှင်ဝူဖာတို့ကလည်း အတူတူပါပဲ။

အရှေ့ဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ နတ်အလင်းရောင်တွေ ဖုံးကွယ်ထားတဲ့အတွက် ဟန်ကျွယ်ရဲ့ သရော်အပြုံးကို ဘယ်သူမှ မမြင်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ဒီလိုအခြေအနေမှာ အရှေ့ဧကရာဇ် ဘာလုပ်မယ်ဆိုတာကို မြင်တွေ့ချင်နေပါတယ်။

ဒီအရှက်ရစရာ ကိစ္စကို သည်းခံမလား၊ ကစားပွဲကို လှန်ပစ်မလား။

ဖန်းလျန်၊ လီတောက်ခုံးနဲ့ ရှီတုတောက်တို့ကလည်း အရှေ့ဧကရာဇ်ကို ကြည့်လိုက်ပါတယ်။ ခန်းမထဲက လေထုဟာ ထူးဆန်းလာပါတယ်။

“ဟားဟား...”

အရှေ့ဧကရာဇ်ဟာ ရုတ်တရက် လှောင်ရယ်လိုက်ပါတယ်။ အဲဒီနောက် မျက်လုံးမှိတ်ပြီး ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်လွှတ်တဲ့အခါမှာ ခန်းမတစ်ခုလုံး တုန်လှုပ်သွားပါတယ်။

“မင်းက မင်းတို့ရဲ့ ကောင်းကင်တာအိုပညာရှိအဆင့်နဲ့ ငါ့ကို ဖိအားပေးချင်တာလား” အရှေ့ဧကရာဇ်ရဲ့ လေသံဟာ သတ်ဖြတ်ငွေ့တွေ အပြည့်ပါပဲ။

‌ကောင်းကင်အရှင်ရွှမ်တုဟာ တည်ငြိမ်စွာ ပြောလိုက်ပါတယ် “အရှေ့ဧကရာဇ်... မင်းက နယ်ရုပ်အဖြစ်နဲ့ တိုက်ခိုက်မှာလား၊ ကိုယ့်အတွက်ကိုယ် တိုက်ခိုက်မှာလား၊ မင်း ရွေးချယ်နိုင်တယ်၊ မင်း မင်းအစ်ကိုရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ချင်ရင် ဒါက အကောင်းဆုံး အခွင့်အရေးပဲ”

အရှေ့ဧကရာဇ်ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အတွက် တခြားတာအိုပညာရှိတွေကို ထိတ်လန့်သွားစေပါတယ်။ အရှေ့ဧကရာဇ် ညာလက်ကို မြှောက်လိုက်တဲ့အခါ လက်ဝါးပြင်မှာ မီးလျှံတွေ တောက်လောင်သွားပါတယ်။ အဲဒီနောက် ရှေးကျတဲ့ ရောင်ဝါတွေ ထုတ်လွှတ်နေတဲ့ ခေါင်းလောင်းနက် တစ်လုံးဟာ မီးလျှံကြားထဲကနေ ထွက်ပေါ်လာပါတယ်။

တာအိုပညာရှိတွေကလည်း သူတို့ရဲ့ ဓမ္မရတနာကို ထုတ်ယူပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်က သရော်လိုက်ပါတယ် “အရှေ့ဧကရာဇ်... မင်းက ကောင်းကင်တာအိုပညာရှိကို ကောင်းကင်တာအိုထဲမှာ သတ်ချင်တာလား... ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ”

အရှေ့ဧကရာဇ်ဟာ တာအိုပညာရှိတွေကို အထင်အမြင်သေးစွာ ကြည့်လိုက်ပါတယ် “အဆုံးသတ် အပျက်အစီး နတ်ဘုံက ငါ့ကို ဘာလို့ ကောင်းကင်တာအိုဆီ လွှတ်လိုက်လဲ မင်းတို့တွေ သိလား၊ မင်းတို့တွေ ပုန်ကန်မယ်ဆိုတာကို သိနေလို့ပဲ၊ ငါ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်လိုက်ပြီးကတည်းက မင်းတို့တွေ ရှုံးသွားပြီ”

“ဝုန်း...”

အရှေ့ဧကရာဇ် လက်ထဲက ခေါင်းလောင်းနက်ကနေ ကြောက်မက်ဖွယ် စုပ်အားတစ်ခု ထွက်ပေါ်လာပါတယ်။ စကြဝဠာခန်းမတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ တာအိုပညာရှိတွေဟာ ထိတ်လန့်သွားကြပြီး သူတို့ခန္ဓာကိုယ်ထဲကနေ တစ်စုံတစ်ခု ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ကြရပါတယ်။

“ဒါ ဘယ်လိုစွမ်းအားမျိုးလဲ”

ချုံရှီလိုင်က ဒေါသတကြီး ပြောလိုက်ပါတယ် “သူက ငါတို့ရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို စုပ်ယူနေတာ”

ကောင်းကင်တာအို ကံတရား အထောက်အပံ့ ကုန်အောင် စုပ်ယူခံလိုက်ရင် သူတို့တွေ အကုန်လုံး မရဏလမ်းကို မြန်းရမှာပါ။

အရှေ့ဧကရာဇ်ဟာ အရူးအမူး ရယ်မောလိုက်ပါတယ် “ဟားဟား... မင်းတို့တွေ ဘယ်လောက်ထိ တုံးတယ်ဆိုတာ နားလည်ပြီလား၊ နယ်ရုပ်ကများ ကျားခုံကနေ ခုန်ထွက်ချင်သေးတယ်၊ မင်းတို့မှာ အရည်အချင်း ရှိလို့လား...”

“ဝုန်း...”

ခေါင်းလောင်းနက်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပြီး ကြောက်မက်ဖွယ်စုပ်အားက ပိုတိုးလာပါတယ်။ တာအိုပညာရှိတွေဟာ အကောင်းဆုံး ကြိုးစားတာတောင် နေရာကနေ မရွေ့နိုင်ကြပါဘူး။ သူတို့ကြားက ကျင့်ကြံမှုဟာ အတော်ကို ကွာခြားလွန်းပါတယ်။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး စိုးမိုးခြယ်လှယ်တဲ့ ရောင်ဝါကို ထုတ်လွှတ်ကာ ခေါင်းလောင်းနက်ရဲ့ စုပ်အားကို လွင့်ပါးပျောက်ကွယ်အောင် လုပ်လိုက်ပါတယ်။ ဒီတော့မှာ တာအိုပညာရှိတွေဟာ သူတို့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်ကြပြီး ဟန်ကျွယ်နောက်ကို ချက်ချင်း ရောက်သွားကြပါတယ်။

ရှီတုတောက်ဟာ ဟန်ကျွယ် နောက်ကျောကို တအံ့တဩ ကြည့်လိုက်ပါတယ် “စွမ်းလှချည်လား...” ဟန်ကျွယ် မတ်တတ်ရပ်လိုက်တယ်ဆိုရင်ပဲ သူတို့ကို မျှော်လင့်ချက်ကင်းမဲ့စေတဲ့ စုပ်အားကို လွင့်ပါးပျောက်ကွယ်သွားစေတယ် မဟုတ်ပါလား။

ဖန်းလျန်ရဲ့ မျက်နှာကလည်း ရှုပ်ထွေးသွားပါတယ်။ ဖန်းလျန်ဟာ သူ့ဆရာဘိုးဘိုးက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို ဘယ်တုန်းကမှ ကောက်ချက် မချနိုင်ခဲ့ပါဘူး။ တခြား တာအိုပညာရှိတွေကတော့ သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ်။ ဒီနေ့ ဒီနေရာမှာ ဟန်ကျွယ် ရှိနေတာက သူတို့အတွက် တော်တော် ကံကောင်းသွားတာပါ။

မျက်လုံးချင်း ဆုံသွားတဲ့အခါ ဟန်ကျွယ်နဲ့ အရှေ့ဧကရာဇ်ရဲ့ ရောင်ဝါတွေဟာ တဖြည်းဖြည်း တိုးသွားပါတယ်။

ကောင်းကင်နိမိတ်က ပြောင်းလဲသွားပြီး တိမ်မည်းတွေ ထိုးထွက်ကာ ကောင်းကင်တန်ခိုးလည်း ထွက်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်ကြောင့် အင်မော်တယ်ကမ္ဘာက သက်ရှိတိုင်း တုန်လှုပ်ချောက်ချားသွားကြပါတယ်။ သေမျိုးကမ္ဘာ ထောင်ချီလည်း ထိတ်လန့်ကုန်ပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ ရှိတဲ့ တာအိုရှာဖွေသူတွေဟာ ထွက်ပြေးကြပါတယ်။ ပဋိပက္ခမြို့က ကျင့်ကြံသူတွေသာ ပဋိပက္ခမြို့ကို ဆက်ပြီးတော့ စောင့်ကြပ်နေကြပါတယ်။

ကျိုးဖန်ဟာ မြို့ရိုးပေါ်မှာ မတ်တတ်ရပ်ပြီး စကြဝဠာခန်းမကို မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်ပါတယ်။ ဂိုဏ်းအသီးသီးက တပည့်တွေဟာလည်း ဘာဖြစ်တယ်ဆိုတာကို ထင်ရာမြင်ရာ ဆွေးနွေးကြပါတယ်။

စကြဝဠာခန်းမ။

အရှေ့ဧကရာဇ်ဟာ မျက်လုံးကျဉ်းပြီး ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းချုပ် ဟန်ကျွယ်... ခင်ဗျားက တကယ်ပဲ ကျုပ်ကို တားမှာလား၊ ခင်ဗျားပြောတော့ ကံတရား သက်‌ရောက်မှုကို မခံချင်ဘူးဆို၊ ပြဿနာ မတက်ချင်ဘူးဆို”

ဟန်ကျွယ်က ခပ်တည်တည်ပဲ ပြန်ပြောလိုက်ပါတယ် “မင်းက ကောင်းကင်တာအိုကို ဒုက္ခပေးချင်မှတော့ ငါက မလှုပ်ရှားချင်လည်း လှုပ်ရှားရမှာပဲ”

“ခင်ဗျားက လွတ်လပ်မှု အဆင့်ကို ဝင်ရုံပဲ ရှိသေးတာပဲ၊ ကျုပ်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား”

“ငါက လာရဲမှတော့ မင်းကို ကျိန်းသေပေါက် သတ်နိုင်လို့ပေါ့”

အရှေ့ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အရှေ့ဧကရာဇ်ဟာ ဟန်ကျွယ်ကို တော်တော် ကြောက်ပါတယ်။ အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ အစီအစဉ်တွေကို ဟန်ကျွယ်က တစ်ခုပြီးတစ်ခု ဖျက်ဆီးခဲ့တယ် မဟုတ်ပါလား။ ဟန်ကျွယ်ရဲ့ နက်နဲမှုကို ဘယ်သူမှ တကယ် မသိပါဘူး။

အရှေ့ဧကရာဇ်ဟာ စကားဆက်ပြောချင်ပေမဲ့ ဟန်ကျွယ်က ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ် လက်ထဲမှာ ဟွမ်သွမ့်ဓားပေါ်လာပြီး အရှေ့ဧကရာဇ်ကို ခုတ်ချလိုက်ပါတယ်။

ပြိုင်ဘက်ကင်းဓားချီ။

ကြောက်မက်ဖွယ် ဓားချီဟာ စကြဝဠာခန်းမကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေပါတယ်။ ဟန်ကျွယ်နောက်က တာအိုပညာရှိတွေလည်း အသတ်ခံလိုက်ရပါတယ်။ အရှေ့ဧကရာဇ်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ခေါင်းလောင်းကို မြှောက်ကာ ကာကွယ်လိုက်ပေမဲ့ လွင့်စင် ထွက်သွားပါတယ်။

အရှေ့ဧကရာဇ်ဟာ သူ့ခန္ဓာကိုယ်ကို အမြန်ပြန်ထိန်းလိုက်ပါတယ်။ မျက်နှာမှာလည်း ကြောက်ရွံ့မှုတွေ အထင်းသား ပေါ်လာပါတယ် ‘ဒီဓားချီ... သူက တကယ်ပဲ လွတ်လပ်မှုအဆင့်ကို ဝင်ခါစလား...’

အရှေ့ဧကရာဇ်ဟာ စကြဝဠာခန်းမကနေ ဖြစ်ပေါ်လာတဲ့ ကျယ်ပြောလှတဲ့ အမှုန့်တွေကို မျက်တောင်မခတ် စိုက်ကြည့်လိုက်တဲ့အခါ ကြောက်မက်ဖွယ် ဓမ္မရုပ်တုတွေ ထွက်ပေါ်လာပြီး သဲမှုန့်တွေကို လွင့်ပါး ပျောက်ကွယ်အောင် လုပ်လိုက်ပါတယ်။ ဟန်ကျွယ် ခေါင်းထက်မှာ နတ်ဘီလူး ဓမ္မရုပ်တုကိုးပါး ထွက်ပေါ်လာပြီး အရှေ့ဧကရာဇ်ဆီ ချဉ်းကပ်သွားပါတယ်။

စောစောက အချောင်ခံလိုက်ရတဲ့ တာအိုပညာရှိတွေဟာလည်း သူတို့ခန္ဓာကိုယ်ကို ပြန်ခဲပြီး ဝေးရာကို ပြေးကြပါတယ်။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်က အရှေ့ဧကရာဇ်ကို ရင်ဆိုင်ဖို့ သူတို့ကို မတော်တဆ သတ်မိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ လီတောက်ခုံးကိုယ်တိုင်လည်း ဟန်ကျွယ် အစွမ်းကို မြင်ပြီး ထိတ်လန့်သွားပါတယ် ‘ဂိုဏ်းချုပ်က တကယ်ကို ရက်စက်တာပဲ’

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထပ်မြှောက်လိုက်ပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု ကိုးပါးဟာ အတူပေါင်းစပ်ပြီး ကြောက်မက်ဖွယ်စွမ်းအား အသွင် ပြောင်းလဲကာ ဓားသွားထဲ ဝင်သွားပါတယ်။

အရှေ့ဧကရာဇ်ကလည်း ခေါင်းလောင်းနက်ကို ထုတ်ယူပြီး လှုပ်ယမ်းလိုက်ပါတယ်။ ခေါင်းလောင်းသံ ထွက်ပေါ်လာတဲ့အခါ သက်ရှိအားလုံး ကြက်သေသေသွားပြီး ပဋိပက္ခ အာကာသ တွန့်လိမ်ရှုံ့တွ သွားပါတယ်။

ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခုက အချိန်မြစ်ကို ဖြတ်သန်းပြီး သူ့ကို ပစ်မှတ်ထားနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဒီခံစားချက်က အရမ်း ထူးဆန်းပါတယ်၊ တကယ် ရှိနေတာပါ။ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့ရန်သူရဲ့ အတိတ်က ရုမ်နာမ်ကို တိုက်ခိုက်ပြီး ဒုက္ခပေးလေ့ရှိပါတယ်။

[အရှေ့ဧကရာဇ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[အရှေ့ဧကရာဇ်သည် အချိန်မြစ်အား ဖြတ်ကျော်ပြီး အတိတ်မှ သင့်ကို ဒုက္ခပေးချင်နေ၏။ စနစ်ကို အသုံးပြု၍ ခုခံလိုပါသလား။]

ခုခံမယ်။

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်တာနဲ့ ခုခံဖို့ တစ်ခါတည်း ရွေးချယ်လိုက်ပါတယ်။ စနစ်ရှိနေတာကြောင့် ဟန်ကျွယ်ဟာ ရှေ့ကတိုက်ပွဲကို အာရုံစိုက်နိုင်သွားပါတယ်။

အရှေ့ဧကရာဇ်က တစ်ခုခုတော့ တစ်ခုခုပါပဲ။ သူ့ရှေ့မှာရှိတဲ့လူရဲ့ အတိတ်က ရုပ်နာမ်ကို တကယ်ကြီး ဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်။ အချိန်စွမ်းအားက အသွင်တူလက်ရည်စမ်းပွဲထဲမှာ ထုတ်ပြနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ရဲ့ စွမ်းအားကို လျှော့တွက်မိခဲ့တာပါ။ ဒါပေမဲ့ စနစ်ရှိနေတာက ဟန်ကျွယ်ကို ကံကောင်းသွားစေပါတယ်။

မဟာတာအို ဆန်းကြယ်စွမ်းအား လောကဦး နတ်‌ဒေါသဟာ နတ်ဘီလူးဓမ္မရုပ်တု ကိုးပါး ပေါင်းစပ်ထားတဲ့ စွမ်းအားဟာ ဓားချီအဖြစ်နဲ့ အရှေ့ဧကရာဇ်ဆီ အလွန်လျင်မြန်စွာ ပျံသန်းသွားပါတယ်။ ပဋိပက္ခအာကာသမှာ ကြောက်စရာကောင်းတဲ့ အက်ကြောင်းနက်တစ်ခု ဖြစ်ပေါ်လာပါတယ်။

ဒီဓားချီက မြန်ဆန်လွန်းတဲ့အတွက် တာအိုပညာရှိတွေတောင် ဒီဓားချီကို မမြင်လိုက်ရပါဘူး။ စွမ်းလှပါတယ်ဆိုတဲ့ အရှေ့ဧကရာဇ်တောင် ဒီဓားချီအောက်မှာ တုံ့ပြန်ချိန်မရဘဲ အမှုန့်ဖြစ်သွားရပါတယ်။

ချက်ချင်းဆိုသလိုပဲ အရှေ့ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ ပြန်ဖြစ်တည်လာပါတယ်။

ကောင်းကင်တာအိုပညာရှိက မသေနိုင်သလို ဖျက်ဆီးလို့လည်း မရပါဘူး။

အရှေ့ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ မိုးမီးလောင်နေပါပြီ။ အရှေ့ဧကရာဇ်ဟာ ခေါင်းလောင်းနက်ကို မြှောက်ပြီး ခေါင်းလောင်းပါးစပ်ကို ဟန်ကျွယ်ဆီ ရွယ်လိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ ရွှေကျီးကန်းတွေဟာ ခေါင်းလောင်းနက်ထဲကနေ ထွက်လာပြီး ဟန်ကျွယ်ဆီ တစ်ဟုန်ထိုး ပျံသန်းသွားပါတယ်။

ရွှေကျီးကန်းတွေ ပျံသန်းရာ လမ်းတစ်လျှောက်မှာရှိတဲ့ တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းတွေဟာ တစ်ခုပြီးတစ်ခု အမှုန့်ဖြစ်ကုန်ပါတယ်။

တာအိုပညာရှိတွေဟာ ဒီတိုက်ပွဲကို အဝေးကနေပဲကြည့်ပြီး အနားမကပ်ရဲပါဘူး။ လွတ်လပ် တာအိုပညာရှိရှေ့မှာ ကောင်းကင်တာအိုပညာရှိက ပုရွက်ဆိတ်လိုပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters