ကောင်းကင်တာအိုခေတ်၊ လောင်ဇီက အမှောင်သခင်ကြီးလား
Vol. 59 Ch. 638
‘ရွမ်လိန့်ကျောင်းတော်က ဘဝ မမေ့သေးဘူးပဲ’
အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်တဲ့ ဟန်ကျွယ်ဟာ သက်ပြင်းချပြီး ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံမှု ပြီးဆုံးတိုင်း အင်မော်တယ်ကမ္ဘာကို ကြည့်ပါတယ်။ လီတောက်ခုံးရဲ့ လူသားမျိုးနွယ်စုကို ဂရုစိုက်မှုက ဟန်ကျွယ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ကို တကယ်တမ်း ကျေနပ်အားရစေတာကတော့ တာအိုပညာရှိတွေရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ တာအိုပညာရှိအကုန်လုံးဟာ ကောင်းကင်တာအိုရဲ့ အင်အားကို ဘယ်လိုတိုးအောင် လုပ်ရမလဲပဲ စဉ်းစားနေကြပါတယ်။
ဒီအချိန်မှာ တာအိုပညာရှိတွေဟာ ဂိုဏ်းတွေကြားက ရှုပ်ထွေးမှုကို ဂရုမစိုက်တော့ပါဘူး။ သက်ရှိအားလုံးကို တာအိုဟောကြားပြီး သူတို့ဂိုဏ်းထဲဝင်လာအောင် အရင်လို တွန်းအား မပေးတော့ပါဘူး။
သူတို့တွေရဲ့ စီမံခန့်ခွဲမှုနဲ့ ကောင်းကင်တာအိုက ပိုမိုသန်မာလာပါတယ်။ ဒီအတွက် ဟန်ကျွယ်လည်း စိတ်အေးလက်အေး ကျင့်ကြံအားထုတ်နိုင်ပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဟန်ယွီဆီ ရောက်သွားပါတယ်။ ဟန်ယွီဟာ လူသားမျိုးနွယ်စုကို ကူညီနေတာ ဖြစ်တဲ့အတွက် လူသားမျိုးနွယ်စုထဲမှာ သူ့အဆင့်အတန်းက လူသားဧကရာဇ်ပြီးရင် ပထမပါပဲ။ လူသားဧကရာဇ်တောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရပါတယ်။ အင်မော်တယ်ကမ္ဘာကို တစ်ကိုယ်တော် ခရီးနှင်ခဲ့တဲ့ ဟန်ယွီဟာ နောက်ဆုံးတော့ နေစရာနေရာကို ရှာတွေ့သွားပါပြီ။ ဟန်ယွီဟာ လူသားမျိုးနွယ်စုမှာ လက်ထပ်ပြီး ကလေးတောင် ရနေပါပြီ။
ဟန်ကျွယ်ဟာ ဟန်ယွီရဲ့ ကလေးတွေကို ဂရုမစိုက်ပါဘူး။ သူတို့ရဲ့ သွေးစည်းကာ ဝေးကွာလွန်းပါတယ်။ ဟန်ကျွယ် ဟန်ယွီကို နှစ်သက်တာက သူနဲ့တူလို့ပဲ ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ဟန်ကျွယ်ဟာ ဟန်ယွီအပေါ်မှာ ခံစားချက်တွေ သိပ်မရှိပါဘူး။
ပြောစရာရှိတာဆိုလို့ လုံဟောင်က ဟန်ယွီရဲ့ ရုပ်သွင်ကြောင့် ဟန်ယွီနဲ့ မိတ်ဆွေတွေ ဖြစ်လာပါတယ်။
“ဒီကောင်လေးက နဂါးမျိုးနွယ်စုကို မထိန်းချုပ်ဘဲ လူသားမျိုးနွယ်စုမှာ ဘာလုပ်နေတာလဲ” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပေမဲ့ လုံဟောင်ကို သတိတော့ မပေးပါဘူး။ လုံဟောင်သာ သူ့စကားကို နားမထောင်ဘူးဆိုရင် နောက်ကျရင် ဟန်ကျွယ်က သူ့ကို ဂိုဏ်းထဲကနေ ထုတ်ပစ်မှာပါ။
ဘာပဲဖြစ်ဖြစ် မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့အငယ်ဆုံးသားကို ဂရုမစိုက်တော့ပါဘူး။ ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ထပ်ပြီးတော့ ကျင့်ကြံအားထုတ်လိုက်ပါတယ်။
အေးချမ်းတဲ့ အင်မော်တယ်ကမ္ဘာမှာ အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ နှစ်တစ်သောင်းက ပြန်တွေးကြည့်ရင် အိပ်မက်တစ်ခုလိုပါပဲ။
နောက်ဆုံးတော့ ဟန်ကျွယ်ဟာ လွတ်လပ်မှု လောကဦးပဋိပက္ခ အလယ်အဆင့်နဲ့ နီးကပ်သွားပါပြီ။ ဟန်ကျွယ် အဆင့်မတက်တာကလည်း နှစ်ပေါင်း ၃၀,၀၀၀ နီးပါးရှိခဲ့ပါပြီ။ ဟန်ကျွယ်ဟာ ဒီလောက်အကြာကြီး အဆင့်မတက်တာကို အခုထက်ထိ ကျင့်သား မရသေးပါဘူး။
‘ငါ့အရည်အချင်းက ညံ့သေးတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ တကယ်တော့ ဟန်ကျွယ်က ဟာသလုပ်နေတာပါ။ သူ့ကျင့်ကြံမှုအလျင်က သေသွားတဲ့ ပန်ကူး ဒေါသထွက်ပြီး ပြန်ရှင်လာလောက်တဲ့အထိ မြန်ဆန်လွန်းပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်ကိုဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ အင်မော်တယ်ကမ္ဘာက အေးချမ်းနေတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ပြေလက်ပျောက် နေချင်လာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေရဲ့ အခြေအနေကိုကြည့်ပြီး အနားယူချင်တဲ့စိတ်ကို ဖြေဖျောက်ရပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၂၀၃၁၂
[သင့်သား ဟန်ထော်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၄၄၀၃၂
[သင့်တပည့် ကျိုးဖန်သည် သင့်ရန်သူ ခုနစ်ပါးတာအိုပညာရှိထံမှ တာအိုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃
[သင့်တပည့် စုချီသည် ပြန်လည်မွေးဖွားခြင်း ကံတရား အထောက်အပံ့ကို စုပ်ယူပြီး တာအိုပညာရှိအတုအဆင့်သို့ ရောက်ရှိသွား၏။]
[သင့်မိတ်ဆွေ ကောင်းကင်အရှင်ရွှမ်တုသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် မဟာတာအိုကို သုံးသပ်နားလည်ပြီး ကမ္ဘာတစ်ခုအား ဖန်တီးလိုက်၏။]
ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့ နှစ် ၂,၀၀၀ ကလည်း စာစောင်တွေ ဖတ်လိုက်ပါသေးတယ်။ ဒီအတောအတွင်းမှာ အဆုံးသတ် အပျက်အစီး နတ်ဘုံက တော်တော်လေး စည်ကားနေပါတယ်။ ကောင်းကင်အရှင်ရွှမ်တု ကျိန်စာတိုက်ခံရတာက ဟန်ကျွယ် အာရုံကို ဆွဲဆောင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တဲ့လူက ကောင်းကင်တာအိုထဲက မဖြစ်ဖို့ မျှော်လင့်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်က ကမ္ဘာတစ်ခု ဖန်တီးတာကို တွေ့သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘေးရှီတျန်က ကမ္ဘာတစ်ခု ဖန်တီးလိုက်တဲ့အတွက် သူ့ရပ်တည်ချက်က ပြောင်းလဲသွားနိုင်လို့ပါပဲ။ အရင်တုန်းက လီမုယဲ့လို့ပဲ သူ့ရဲ့ ကောင်းကင်တာအိုငယ်လေးကိုပဲ အာရုံစူးစိုက်မဲ့ အဖြစ်မျိုး ဖြစ်လာမှာပါ။
ဒါပေမဲ့ ဘိုးဘေးရှီတျန်က အခုထိ ပြန်မလာသေးတဲ့အတွက် လောလောဆယ်မှာတော့ ကောင်းကင်တာအိုကို ဘာမှ မသက်ရောက်သေးပါဘူး။ ကောင်းကင်တာအိုထဲမှာ ဘိုးဘေးရှီတျန်က အစွမ်းအထက်ဆုံး တည်ရှိမှုပါ။ သူနဲ့ အဆင့်တူတဲ့ တခြားတည်ရှိမှုတွေက ကောင်းကင်တာအိုထဲ မဝင်နိုင်ကြပါဘူး။
ဘိုးဘေးရှီတျန်က ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ တစ်ချိန်လုံးနီးပါး နေထိုင်တာ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုပညာရှိနဲ့ သိပ်မခြားနားပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါမှာ အခွင့်အရေးမျိုးစုံရတာတွေနဲ့ အဆင့်ထိုးဖောက်တာတွေချည်းပါပဲ။ ဒီစာစောင်တွေကနေ အင်မော်တယ်ကမ္ဘာက အကောင်းဆုံး အခြေအနေကို ရောက်လာတာ တွေ့မြင်နိုင်ပါတယ်။ အင်မော်တယ်ကမ္ဘာဟာ သမိုင်းထဲမှာ အတောက်ပဆုံးခေတ်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
အတိတ်မှာတုန်းက အေးချမ်းနေရင် တာအိုပညာရှိတွေ ပေါ်မလာကြပါဘူး။ အတိတ်မှာတုန်းက တာအိုပညာရှိတွေ ပေါ်လာရင် ကပ်ဘေး ရောက်လာတာပါ။
ချန်ကျောင်းတော်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးဟာ ဒီခေတ်က ကောင်းကင်တာအိုခေတ်လို့ ကြေညာလိုက်ပါတယ်။ သက်ရှိအားလုံးက ကောင်းကင်တာအို တိုးတက်ဖို့ကိုပဲ အာရုံစိုက်ကြတဲ့အတွက် သက်ရှိအားလုံးရဲ့ ရည်မှန်းချက်ဟာ အချင်းချင်း ပြိုင်ဆိုင်မှုကနေ ကောင်းကင်တာအို ချဲ့ထွင်ဖို့ဆီ ရောက်သွားပါတယ်။
ကောင်းကင်တာအိုခေတ်မှာ တာအိုပညာရှိတွေက နေရာအတော်လေး ယူထားပါတယ်။ ဒါပေမဲ့ တခြားတာအိုပညာရှိတွေရဲ့ ရည်ရွယ်ချက်ချက်ရှိရှိ လမ်းညွှန်မှုအောက်မှာ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သက်ရှိအားလုံး ယုံကြည်ကိုးကွယ်တာကို ခံရပါတယ်။
အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ရုပ်တုတွေကို အနန္တကမ္ဘာမှာ သွန်းလုပ်ကြတဲ့အတွက် ဟန်ကျွယ်ဆီကို အရမ်းအရမ်းကို များပြားတဲ့ ယုံကြည်မှုစွမ်းအားတွေ ရောက်လာပါတယ်။ ဒီယုံကြည်မှုစွမ်းအားတွေက ဟန်ကျွယ်ဆီ ရောက်တဲ့အခါမှာ ကံတရား အထောက်အပံ့အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကံတရား အထောက်အပံ့တွေကို မစုပ်ယူပါဘူး။ အဲဒီအစား လောကဦးကမ္ဘာမှာ ဖိနှိပ်ပြီး နောက်ကျရင် အသုံးချဖို့ သိမ်းထားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုနဲ့ မပေါင်းစပ်ချင်ပါဘူး။ တစ်နေ့မှာ ကောင်းကင်တာအိုက ရန်သူရဲ့ တိုက်ခိုက်မှု မကာကွယ်နိုင်တော့ဘူးဆိုရင် ဖျက်ဆီးခံရမှာပါ။ အဲဒီအချိန်ကျရင် ဟန်ကျွယ်က ကျိန်းသေပေါက် ထွက်ပြေးမှာပါ။ ကောင်းကင်တာအိုနဲ့ အတူတူ အသေခံမှာ မဟုတ်ပါဘူး။
စာစောင်တွေကို ဖတ်ရှုပြီးတဲ့နောက် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို ဘယ်သူက ကျိန်စာတိုက်လဲဆိုတာ တွက်ချက်ကြည့်လိုက်ပါတယ်။
[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား... ဒီလောက်ဆို မဟာတာအိုပညာရှိပဲ ဖြစ်ရမယ်’
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
[ဆွမ်တိ: မဟာတာအိုပညာရှိ၊ အနန္တဧကရာဇ်၊ ဗုဒ္ဓဂိုဏ်း တည်ထောင်သူ။ သူနှင့် ချုံရှီလိုင်၏ ကံရေစက်ကို သင် ဖြတ်တောက်လိုက်သောကြောင့် ဆွမ်တိသည် သင့်အား မုန်းတီးသွားခဲ့၏။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
‘ဒီကောင်လား...’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်က သေချင်နေပြီနဲ့ တူတယ်’
ပဋိပက္ခနတ်မင်း သေချင်ယောင် ဆောင်ပြီးတဲ့နောက် အဆုံးသတ် အပျက်အစီး နတ်ဘုံဟာ ဝရုန်းသုန်းကားဖြစ်ပြီး ကောင်းကင်တာအိုကို လောလောဆယ် မနှောင့်ယှက်နိုင်တော့ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်က ဆက်ပြီးတော့ ကျိန်စာမတိုက်တာပါ။
ဒါပေမဲ့ ဆွမ်တိက ကောင်းကင်အရှင်ရွှမ်တုကို ကျိန်စာတိုက်လိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ ဆွမ်တိကို ဖိနှိပ်ပစ်ရပါမယ်။ ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို အသုံးချပြီး အမှောင်သခင်ကြီးက ရွမ်လိန့်ကျောင်းတော်ရဲ့ လောင်ဇီလို အထင်မှားအောင် ဆွမ်တိကို လမ်းလွဲမှာပါ။
ဟန်ကျွယ်ဟာ တွေးလေလေ သူ့အကြံက ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။
လောင်ဇီက တာအိုဘိုးဘေးရဲ့ ပထမဆုံးတပည့် ဖြစ်တဲ့အတွက် သူ့စွမ်းအားက နက်နဲပြီး ခန့်မှန်းမရပါဘူး။ ဒါကြောင့် အမှောင်သခင်ကြီးနာမည်နဲ့ တော်တော်လေးကို လိုက်ဖက်ပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ဆွမ်တိကို ကျိန်စာစတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျင်မြန်စွာ လျော့ကျသွားပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းတစ်ခုလုံးနဲ့ ယှဉ်ရင်တော့ ဒီလျော့ကျနှုန်းက လိပ်ခြေကျင်း ခတ်ထားသလိုပါပဲ။
အဆုံးသတ် အပျက်အစီးနတ်ဘုံ၊ မိုးကြိုးပစ်ဘုံကျောင်း။
ဆွမ်တိဟာ ကျဲ့ယင်ကိုရှာပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးက ငါ့ကို ကျိန်စာ ထပ်တိုက်နေတယ်”
ကျဲ့ယင်ဟာ မျက်မှောင်ကြုတ်သွားပြီး ဆွမ်တိကို တရားထိုင်ခိုင်းကာ စွမ်းအင်လှည့်ပတ်ဖို့ ကူညီပေးပါတယ်။
“သူက ငါတို့ စမ်းသပ်နေတာလား၊ ဒါမှမဟုတ် ငါတို့ကို သတ်ချင်နေတာလား...” ကျဲ့ယင်က မေးလိုက်ပါတယ်။
အမှောင်သခင်ကြီးက ပဋိပက္ခနတ်မင်းကို သေအောင်ကျိန်စာတိုက်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အမှောင်သခင်ကြီးကသာ တကယ်ပစ်မှတ်ထားတာဆိုရင် ဆွမ်တိ ကျိန်းသေပေါက် ဒုက္ခရောက်မှာပါ။ အမှောင်သခင်ကြီးက ဒီလောက်စွမ်းအားကြီးလို့လည်း အမှောင်သခင်ကြီးက ကောင်းကင်တာအိုက မဟုတ်ဘဲ ပဋိပက္ခနက်ထဲက လာတာလို့ ကျဲ့ယင်က ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း ကျဲ့ယင်က အမှောင်သခင်ကြီးကို ထပ်ရန်မစဖို့ ဆွမ်တိကို သတိပေးခဲ့တာပါ။
“မပြောတတ်ဘူး..” ဆွမ်တိရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။ ဆွမ်တိဟာ အပြင်ပန်းမှာ ဒေါသထွက်ပုံပေါ်နေပေမဲ့ အတွင်းမှာတော့ တော်တော်ကို အထိတ်တလန့် ဖြစ်နေတာပါ။ ပဋိပက္ခနတ်မင်းတောင် မတားနိုင်တဲ့ ကျိန်စာကို သူက ဘယ်လိုလုပ်ပြီး တားနိုင်စွမ်း ရှိမှာလဲ။
ကျဲ့ယင်က မေးလိုက်ပါတယ် “သူက ဘာဖြစ်လို့ မင်းကို ရုတ်တရက်ကြီး ကျိန်စာတိုက်ရတာလဲ၊ မင်း တစ်ခုခု လုပ်ထားသေးလား”
ကျဲ့ယင်ရဲ့ မေးခွန်းကောင့် ဆွမ်တိဟာ မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောလိုက်ပါတယ်။ အကြောင်းရင်းကို သိသွားတဲ့အခါမှာတော့ ကျဲ့ယင်ဟာ ဆွမ်တိကို ဆူပူပါတော့တယ် “မင်းက ဘာဖြစ်လို့ ကောင်းကင်အရှင်ရွှမ်တုကို ကျိန်စာတိုက်ရတာလဲ၊ အမှောင်သခင်ကြီး မပြောနဲ့၊ ဒီလောကမှာ မင်းရန်စနိုင်တဲ့လူ ဘယ်နှယောက်ရှိလို့လဲ၊ လောင်ဇီက ဂူအောင်းကျင့်ကြံနေတာဆိုပေမဲ့ ရွှမ်တုက သူ့ရဲ့ တစ်ဦးတည်းသော တပည့်ရင်း၊ သူက ရွှမ်တုကို ကျိန်းသေပေါက် ကာကွယ်မှာပဲ”
ဆွမ်တိဟာ တော်တော်လေး စိတ်ထိခိုက်သွားပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးက လောင်ဇီများလား၊ ငါ အရင်တုန်းက ဟန်ကျွယ်ကို သံသယဝင်တာက ဟန်ကျွယ်က ငါတို့အစီအစဉ်ကို ဖျက်ခဲ့လို့ပဲ၊ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုကပါ သစ္စာဖောက်သွားတာဆိုတော့ ရွမ်လိန့်ကျောင်းတော်က သံသယဝင်ဖို့ကောင်းတယ်၊ ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအိုကို ရောက်တာ သိပ်မကြာသေးဘူး၊ ဟန်ကျွယ်နဲ့ မိတ်ဆွေတွေ ဖြစ်သွားတယ်၊ ဟန်ကျွယ်ကို ရွမ်လိန့်ကျောင်းတော်က ပံ့ပိုးထားတယ်လို့တောင် ငါ သံသယဝင်မိတယ်၊ ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိအသစ်ကလည်း ဟန်ကျွယ်ဂိုဏ်းထဲမှာ၊ ဒါကို ကောင်းကင်အရှင်ရွှမ်တုက နည်းနည်းတောင် ဂရုမစိုက်ဘူး”
ကျဲ့ယင်က ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “အဲဒီတော့ ဘာဖြစ်လဲ၊ မင်းအခုထိ နားမလည်သေးဘူးလား၊ အမှောင်သခင်ကြီးက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ကို သတ်နိုင်တယ်”
ဆွမ်တိဟာ တိတ်ဆိတ်သွားပါတယ်။
ကျဲ့ယင်ဟာ သက်ပြင်းချလိုက်ပါတယ် “မင်း ကောင်းကင်တာအိုကနေ ထွက်လာကတည်းက မင်းရဲ့ တာအိုနှလုံးသားက ဖောင်းပွပြီး အရင်လိုနိုးနိုးကြားကြား မရှိတော့ဘူး”
ဆွမ်တိက မခံမရပ်နိုင် ပြောလိုက်ပါတယ် “ဒါဆို ငါတို့တွေ အခုဘာလုပ်ကြမလဲ၊ သူက ငါ့ကို ကျိန်စာတိုက်နေတုန်း”
မြန်မာပြည် ငြိမ်းချမ်းပါစေ။