နောက်ထပ် စွမ်းအားကြီးရန်သူအား သတ်ဖြတ်ခြင်း
Vol. 59 Ch. 639
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ပြီး ဆွမ်တိကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်း ၅၀၀ ထရီလီယံ ကုန်ဆုံးသွားပါပြီ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ဆွမ်တိ၏ တာအိုနှလုံးသားသည် ထိခိုက်သွား၏။]
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ ဒီကောင်ကို သတ်သင့်လား... သတ်သင့်တယ်’
မုန်းတီးမှု ကြယ်ခြောက်ပွင့်က ထင်ရှားတဲ့ လက္ခဏာပါ။ ဟန်ကျွယ်ဟာ အံကြိတ်လိုက်ပြီး သူ့မျက်လုံးတွေက ရက်စက်သွားပါတယ်။ ကြမ္မာဆိုးစာအုပ်က ထုတ်လွှတ်တဲ့ အနက်ရောင်ဟာ ဟန်ကျွယ်မျက်နှာကို လာဟပ်တဲ့အတွက် ဟန်ကျွယ်ကို ပိုကြောက်ဖို့ကောင်းပြီး မကောင်းဆိုးဝါး ပိုဆန်သွားစေပါတယ်။
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျင်မြန်စွာ လျော့ကျသွားပါတယ်။
၁ ကွာဒီလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ဆွမ်တိသည် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
၂ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ဆွမ်တိ၏ တာအိုနှလုံးသားသည် ကွဲကြေပြီး ကျင့်ကြံမှု များစွာ လျှောကျသွား၏။]
၃ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ဆွမ်တိသည် ကံတရားကို စွန့်ပစ်လိုက်ရ၏။]
[သင့်ရန်သူ ဆွမ်တိသည် သင့်ရန်သူ ကျဲ့ယင်၏ ချိပ်ပိတ်မှုကြောင့် ကျင့်ကြံမှုအားလုံး သဲထဲရေသွန် ဖြစ်သွား၏။]
နောက်ဆုံး စာစောင် ရောက်လာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျိန်စာဟာ လွဲချော်သွားပါတယ်။ ဟန်ကျွယ်ဟာ ရုတ်တရက် လေထဲကို နင်းလိုက်ရသလိုမျိုး ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းပြီး စနစ်ကို မေးလိုက်ပါတယ် “ဆွမ်တိက သူ့ကျင့်ကြံမှု ပြန်ရဖို့ အချိန် ဘယ်လောက်ယူရမလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တန်ဖိုးက ဒီလောက်တောင် မြန်မြန်ဆန်ဆန် ကျသွားတာလား...’ ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။
ဆက်တွက်မယ်။
[အနန္တတည်း။ အနည်းဆုံး လက်ရှိအဆင့်ထိ ရောက်အောင် ကျင့်ကြံခဲ့သော အချိန်ထက် ပိုမိုကြာမြင့်လိမ့်မည်။]
‘ဒီကောင် မျိုးတုံးသွားပြီပဲ’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဆွမ်တိကို သူ သေအောင် ကျိန်စာမတိုက်လိုက်ပေမဲ့ အနည်းဆုံးတော့ အလားအလာရှိတဲ့ ရန်သူတစ်ယောက်ကို သတ်လိုက်ပါပြီ။ မုန်းတီးမှု ကြယ်ခြောက်ပွင့်က ထားကို မထားသင့်တာပါ။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးထဲက လူတွေကို မုန်းတီးမှုကြယ်ပွင့်အလိုက် ကြီးစဉ်ငယ်လိုက် စီလိုက်ပါတယ်။
ဟန်ကျွယ်ဟာ နိုးနိုးကြားကြားနေရပါမယ်။ ရန်သူတွေက မိတ်ဆွေတွေထက် ပိုပြီးတော့ အရေးကြီးပါတယ်။ ရန်သူတွေက သူ့အသက်ကို လာယူကောင်း လာယူနိုင်တယ် မဟုတ်ပါလား။ ဟန်ကျွယ် နာရီအနည်းငယ် နားပြီးတာနဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ တတ်နိုင်သလောက်မြန်မြန် အဆင့်တက်ချင်နေပါပြီ။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။ ဟန်ကျွယ်ကလွဲရင် ဧကရီဟုတ်ထိုတောင် စုဝေးတဲ့အထဲ ပါပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ထူးဆန်းတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ငါ အခုလေးတင် သတင်းတစ်ခု ကြားလာခဲ့တယ်”
ကောင်းကင်အရှင်ရွှမ်တုဟာ ချုံရှီလိုင်ကို ကြည့်လိုက်ပါတယ်။ မျက်နှာသေနဲ့ ချုံရှီလိုင်ဟာ အံ့အားသင့်သွားပါတယ် ‘ဒီသတင်းက ငါနဲ့ ပတ်သက်နေတာလား...’
တောင်ဘက်စွန်း ကောင်းကင်အရှင်က မေးလိုက်ပါတယ် “သတင်းကောင်းလား သတင်းဆိုးလား...”
တခြားတာအိုပညာရှိတွေလည်း ရင်ထိတ်သွားကြပါတယ်။ သူတို့တွေဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီ ဖြစ်တဲ့အတွက် ရုတ်တရက် တိုက်ခိုက်မှာကို အမြဲတမ်း စောင့်ကြပ်နေခဲ့တာပါ။ ကံကောင်းထောက်မစွာပဲ အခုထက်ထိ ငြိမ်းချမ်းနေပါသေးတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ အသက်ခပ်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ဗုဒ္ဓဂိုဏ်းရဲ့ ဘိုးဘေး ဆွမ်တိက အမှောင်သခင်ကြီး ကျိန်စာတိုက်မှုကြောင့် ပျံလွန်တော်မူသွားပြီ”
တာအိုပညာရှိတွေ မျက်လုံးပြူးသွားကြပါတယ်။ ဗုဒ္ဓဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ အမြဲတမ်းမှာ အင်အားစုကြီးတစ်ခု ဖြစ်ခဲ့တာပါ။ ဗုဒ္ဓဂိုဏ်းရဲ့ ဒဏ္ဍာရီတွေက အနန္တကမ္ဘာမှာ ပျံ့နှံ့ တည်ရှိနေပါတယ်။
ဆွမ်တိက ဗုဒ္ဓဂိုဏ်းရဲ့ ဘိုးဘေးတင် မဟုတ်ပါဘူး။ တာအိုဘိုးဘေးရဲ့ တပည့်လည်း ဖြစ်ပါတယ်။ တာအိုပညာရှိတွေဟာ ဆွမ်တိလိုမျိုး ရှေးဟောင်း စွမ်းအားကြီးပုဂ္ဂိုလ်က မဟာတာအိုနဲ့တောင် ယှဉ်လို့ရနေပြီဆိုတာကို သိထားကြပါတယ်။ ဒီလိုစွမ်းအားကြီးပုဂ္ဂိုလ်က အခုလိုမျိုး သေသွားတာက မယုံနိုင်စရာပါ။
ချုံရှီလိုင်ဟာ နှလုံးလှုပ်သွားပြီး စိတ်ထဲမှာလည်း လန့်သွားပါတယ်။ ချုံရှီလိုင်ဟာ ဟန်ကျွယ်ရဲ့ ကျွန်ပြုမှုကို ခံရပြီးကတည်းက ဆွမ်တိနဲ့ ကံတရား ပျက်ပြယ်သွားပါတယ်။ ဒီကိစ္စကြောင့် ဆွမ်တိဟာ ချုံရှီလိုင်ရဲ့ အိပ်မက်ထဲကို လာလည်ပြီး စီနီယာတစ်ယောက်ရဲ့ သိက္ခာတရား မရှိဘဲ ဆဲဆိုကြိမ်းမောင်းပါတယ်။ ဒါပေမဲ့ ချုံရှီလိုင်ဟာ ဆွမ်တိက ရုတ်တရက်ကြီး သေသွားလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။
ရှီတုတောက်က တာအိုပညာရှိတွေအထဲမှာ အပျော်ဆုံးပါ။ ဒါပေမဲ့ မပေါ်အောင် နေပါတယ်။
‘ထပ်ပြီးတော့ အမှောင်သခင်ကြီးပဲလား... သူက ဘယ်လောက်တောင် စွမ်းနေတာလဲ’
လီတောက်ခုံးက မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက ကောင်းကင်တာအိုကို ဘယ်လို သဘောထားလဲ၊ သူက ဘာဖြစ်လို့ ဆွမ်တိကို သေအောင် ကျိန်စာတိုက်ရတာလဲ’
ကောင်းကင်အရှင်ရွှမ်တုက ဖြေလိုက်ပါတယ် “အမှောင်သခင်ကြီးရဲ့ ရည်ရွယ်ချက်ကို ငါလည်း မခန့်မှန်းတတ်ဘူး၊ ဒါပေမဲ့ ငါ ကျိန်းသေပြောနိုင်တာ တစ်ခုတော့ရှိတယ်၊ အမှောင်သခင်ကြီးက ကောင်းကင်တာအိုကို ပံ့ပိုးပေးနေတယ်၊ ငါ့ဆရာသခင်က ငါ့ကို ပြောတယ်၊ ကျဲ့ယင်က သူ့ကိုရှာပြီး ဆွမ်တိကို ခွင့်လွှတ်ပေးဖို့ တောင်းပန်တယ်တဲ့၊ ကျဲ့ယင်က ငါ့ဆရာသခင်ကို အမှောင်သခင်ကြီးလို့ ထင်နေတာ၊ ဒီအတောအတွင်း ဆွမ်တိက အမှောင်သခင်ကြီးယောင်ဆောင်ပြီး ငါ့ကို ကျိန်စာတိုက်ခဲ့တယ်၊ ငါ မပြောဘဲ ထားခဲ့တာ”
ကောင်းကင်အရှင်ဝူဖာဟာ နှာခေါင်းထဲကလေကို အသံမြည်အောင် မှုတ်လိုက်ပါတယ် “ငါလည်း ကျိန်စာတိုက်ခံရတာပဲ၊ ဒီလိုဆို ဆွမ်တိရဲ့ လက်ချက်ပေါ့၊ အမှောင်သခင်ကြီးက ကောင်းကင်တာအိုကို ပံ့ပိုးပေးတာ မဟုတ်လောက်ဘူး၊ သူက ဆွမ်တိ အယောင်ဆောင်တာကို မခံနိုင်တာ ဖြစ်ရမယ်”
“အဲဒါလည်း ဖြစ်နိုင်တာပဲ၊ ဘာပဲဖြစ်ဖြစ် အမှောင်သခင်ကြီးက ငါတို့ကို ပစ်မှတ်မထားဘူးမလား”
ကောင်းကင်အရှင်ရွှမ်တုဟာ အပြုံးနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ အရင်တုန်းက ကောင်းကင်တာအိုကို ပံ့ပိုးဖို့ ကောင်းကင်အရှင်ရွှမ်တု ရွေးချယ်ခဲ့တုန်းက ဖိအားတော်တော်များခဲ့တာပါ။ ဒါပေမဲ့ ကိစ္စတွေက အဆင်ပြေသွားလိမ့်မယ်လို့ ကောင်းကင်အရှင်ရွှမ်တု ထင်မထားခဲ့ပါဘူး။ အခုဆိုရင် ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုကို သေချာစီမံခန့်ခွဲဖို့ပဲ လိုပါတော့တယ်။ စွမ်းအားကြီးရန်သူတွေကို တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေက ဟန့်တားထားပါတယ်။
“ခင်ဗျားရဲ့ ဆရာသခင်က ကောင်းကင်တာအိုကို ဘယ်လိုတွေးလဲ” ဖန်းလျန်က ကောင်းကင်အရှင်ရွှမ်တုကို ရုတ်တရက် မေးလိုက်ပါတယ်။
တာအိုပညာရှိတွေကလည်း ကောင်းကင်အရှင်ရွှမ်တုကို ကြည့်လိုက်ကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက သူ့ဆရာသခင်ကို ခုနက ထည့်ပြောလိုက်ပါတယ်။ အရင်တုန်းက အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ဆက်ဆံရေး ပျက်သွားပြီလို့ သူကိုယ်တိုင်ပဲ ကြေညာခဲ့တာ မဟုတ်ပါလား။
“ငါ့ဆရာသခင် လောင်ဇီက ဂူအောင်းကျင့်ကြံနေတာ ကြာပြီ၊ သူက လက်ရှိ ရွမ်လိန့်ကျောင်းတော်ကို စီမံကွပ်ကဲနေတာ မဟုတ်ဘူး၊ င့ါဆရာသခင်က မဟာအဂ္ဂနှလုံးသားမဲ့တာအိုကို ကျင့်ကြံအားထုတ်တာဆိုတော့ ကောင်းကင်တာအိုကို ပံ့ပိုးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံကိုလည်း ပံ့ပိုးပေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဆရာသခင်က ငါ့ကို ဒီသတင်းပြောတာဆိုတော့ အခြေအနေကောင်းတယ်၊ ငါသာ ငါ့ဆရာသခင်ကို ကောင်းကင်တာအိုအဖွဲ့ထဲဝင်ဖို့ စည်းရုံးနိုင်ရင် ကောင်းကင်တာအို လုံခြုံပြီ”
“ငါ့ဆရာသခင်က တာအိုဘိုးဘေးအောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ၊ သူသာ အမိန့်ပေးလိုက်တာနဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက စိတ်ထင်တိုင်း ကြဲရဲမှာ မဟုတ်ဘူး”
ဒီအကြောင်းပြောတဲ့ အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုရဲ့ လေသံဟာ လေးစားမှုတွေနဲ့ ပြည့်နေပါတယ်။ တာအိုပညာရှိတွေကတော့ ဘာမှမပြောပါဘူး။ သူတို့ဟာ လောင်ဇီရဲ့ အစွမ်းကို မေးခွန်း မထုတ်ရဲပါဘူး။ ဒါပေမဲ့ လောင်ဇီ ကောင်းကင်တာအိုကို ဆင်းသက်လာရင် ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်လောက်ပါဘူး။
အဲဒီအချိန်ကျရင် ကောင်းကင်တာအိုက ရွမ်လိန့်ကျောင်းတော်ရဲ့ ကောင်းကင်တာအို ဖြစ်သွားမှာပါ။ တာအိုပညာရှိတွေ စည်လုံးနေရတာက ရန်သူတူလို့ပါ။ လောင်ဇီသာ ရောက်လာရင် စွမ်းအားကြီးရန်သူ ရှိတော့မှာ မဟုတ်ပါဘူး။
ရှီတုတောက်ဟာ တာအိုပညာရှိတွေကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ လီတောက်ခုံးရဲ့ အကြည့်ကို ခံစားမိတဲ့အတွက် မျက်နှာကို ပြန်တည်လိုက်ပါတယ် ‘ဟမ်... ဒီကောင်စုတ်လေး...’
ရှီတုတောက်ဟာ လီတောက်ခုံးကို မြင်လိုက်ရတဲ့အခါမှာ ဒေါသထွက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီတောက်ခုံးက အချိန်ရှိတိုင်း သူ့ဆီလာပြီး တိုက်ခိုက်လို့ပါပဲ။ တကယ်ကို စိတ်ညစ်ဖို့ကောင်းတာပါ။
ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “ရှေးပျက်သုဉ်းနယ်မြေရဲ့ ချိပ်ပိတ်စည်းက ကျိုးပျက်ခါနီးနေပြီ၊ လောကဦး မိစ္ဆာမျိုးနွယ်စုရဲ့ ရောင်ဝါကို ငါ အာရုံခံလို့ရတယ်”
လောကဦး မိစ္ဆာဘိုးဘေး။
လောကဦးမိစ္ဆာဘိုးဘေးဟာ တာအိုဘိုးဘေး ရှေးပျက်သုဉ်းနယ်မြေမှာ ဖိနှိပ်ထားခဲ့တဲ့ ပထမဆုံး အကျဉ်းသားအုပ်စုထဲက တစ်ယောက် ဖြစ်ပါတယ်။
ဧကရီဟုတ်ထိုကလည်း ပြောလိုက်ပါတယ် “ပြန်လည်မွေးဖွားခြင်းကလည်း ရှေးပျက်သုဉ်းနယ်မြေရဲ့ ရောင်ဝါကို အာရုံခံမိတယ်၊ နောက်ပြီး...” ဧကရီဟုတ်ထိုဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်ပါတယ် “ကျွန်မအစ်ကိုတွေကလည်း ရှေးပျက်သုဉ်းနယ်မြေမှာ ချိပ်ပိတ်ခံထားရတာလား၊ ကျွန်မ သူတို့ခေါ်သံကို ခံစားမိတယ်”
တာအိုပညာရှိတွေဟာ နှလုံးလှုပ်သွားကြပါတယ် ‘ဘိုးဘေးမှော်ဆရာက လုံးဝသေသွားတာ မဟုတ်ဘူးလား...’
“မဖြစ်နိုင်ဘူး၊ ဘိုးဘေးမှော်ဆရာ သေတာကို ငါကိုယ်တိုင် ငါ့မျက်လုံး တပ်အပ်မြင်ခဲ့တာ၊ သူတို့မှာ ဝိညာဉ်မရှိဘူး” ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး မျက်နှာပျက်သွားပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်က မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ၊ မင်းဘာတွေးမိလို့လဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပါတယ် “အတိတ်မှာ ကျဆုံးခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက မဟာဆန်းကြယ်စွမ်းအားတချို့ရဲ့ စုပ်ယူမှုကိုခံရပြီး ရှေးပျက်သုဉ်းနယ်မြေမှာ ဖိနှိပ်ခံထားရတာလား... အခုလက်ရှိမှာ ငါတို့တွေ သိတာက ရှေးပျက်သုဉ်းနယ်မြေမှာ မိုးကောင်းကင်ဂိုဏ်းချုပ်နဲ့ လောကဦးမိစ္ဆာ ဘိုးဘေးကို ဖိနှိပ်ထားတယ်ဆိုတာပဲ၊ တကယ်တမ်း စဉ်းစားကြည့်ရင် ရှေးပျက်သုဉ်းနယ်မြေက အရမ်းကျယ်တယ်၊ အဆုံးသတ် အပျက်အစီး နတ်ဘုံထက်တောင် ပိုကျယ်သေးတယ်”
“ဒီလိုနယ်မြေအကျယ်ကြီးမှာ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးကို ချုပ်နှောင်ထားတာက ဖြစ်သင့်တယ်၊ နောက်ပြီး တာအိုဘိုးဘေးရဲ့ နည်းလမ်းတွေက ခန့်မှန်းလို့မရဘူး၊ လောကဦးခရမ်းရောင်ချီရဲ့ အမှန်တရားကိုလည်း ငါတို့မသိအောင် ဖုံးကွယ်ခဲ့သေးတာပဲ၊ တာအိုဘိုးဘေးက ရှေးပျက်သုဉ်းနယ်မြေရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ခဲ့တာလား”
တာအိုပညာရှိတွေဟာ မျက်မှောင်ကြုတ်သွားကြပါတယ်။
ကောင်းကင်အရှင်ဝူဖာက ပြောလိုက်ပါတယ် “တကယ်လို့ အမှောင်သခင်ကြီးက တာအိုဘိုးဘေး ဖြစ်နေရင်ရော... ဒါမှမဟုတ် တာအိုဘိုးဘေး လက်အောက်က တစ်ယောက်ယောက် ဖြစ်နေရင်ရော...”
တောင်ဘက်စွန်း ကောင်းကင်အရှင်က မေးလိုက်ပါတယ် “သူသာ တာအိုဘိုးဘေးဆိုရင် သူဖန်တီးထားတဲ့ လှောင်ချိုင့်ကို ဘာဖြစ်လို့ လွှတ်ပေးမှာလဲ၊ ဒါ အဓိပ္ပာယ် မရှိဘူး”
တာအိုပညာရှိတွေဟာ ဖန်းလျန်ကို ကြည့်လိုက်ပါတယ်။ ဖန်းလျန်က တာအိုဘိုးဘေးရဲ့ အသွင်တစ်ခု မဟုတ်ပါလား။ ဖန်းလျန်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။ သူ ဘာတွေးနေတယ်ဆိုတာကို သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဖန်းလျန်ရဲ့ မျက်နှာကိုကြည့်ပြီး တာအိုပညာရှိတွေဟာ နှလုံးခုန် မြန်သွားကြပါတယ်။
ဒီအချိန်မှာ ဧကရီဟုတ်ထိုက ရုတ်တရက် ပြောလိုက်ပါတယ် “ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မ ကျင့်ကြံအားထုတ်နေတုန်း ကျွန်မအဖေက အိပ်မက်ပေးခဲ့တယ်”
ဧကရီဟုတ်ထိုရဲ့ စကားက တာအိုပညာရှိတွေကို လန့်သွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်မှာတုန်းက ဧကရီဟုတ်ထိုဟာ ဘိုးဘေးမှော်ဆရာ ဖြစ်ခဲ့တာပါ။ ဘိုးဘေးမှော်ဆရာရဲ့ အဖေက လောကကြီးကို ဖန်တီးသူ ပန်ကူးနတ်ဘုရား မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။