← Chapters

ဧကရီဟုတ်ထို တိုက်ခိုက်ခံရခြင်း

Vol. 60 Ch. 649

ဧကရီဟုတ်ထို တိုက်ခိုက်ခံရခြင်း

Vol. 60 Ch. 649

လူသားဧကရာဇ်ဟာ လုံဟောင်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “လုံဟောင်၊ ကောင်းကင်ရုံးတော် ကောင်းကင်ဧကရာဇ်ဟောင်းရဲ့ သားတော်၊ ငါ မှတ်မိတာ မမှားဘူးဆိုရင် မင်းက တိတ်ဆိတ်ဂိုဏ်းသားပဲ၊ မင်းအခု နဂါးမျိုးနွယ်စုကို တိုက်ခိုက်ချင်တာက မင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်လား ဒါမှမဟုတ် တိတ်ဆိတ်ဂိုဏ်းရဲ့ ရည်ရွယ်ချက်လား”

လုံဟောင်ဟာ ပြုံးပြီး ပြန်မေးလိုက်ပါတယ် “ဧကရာဇ်က ဘယ်လိုထင်လို့လဲ”

လူသားဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေဟာလည်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ပြီး မျက်လုံးချင်း စကားပြောလိုက်ကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းဆိုတဲ့ စကားလုံးကြောင့် ဟန်ယွီဟာ နှလုံးလှုပ်သွားပါတယ်။

ဟန်ယွီဟာ သူ့ဆရာသခင် လီတောက်ခုံးက တိတ်ဆိတ်ဂိုဏ်းက ဆိုတာကို မှတ်မိပါတယ်။ အဲဒီနောက် ဟန်ယွီဟာ လုံဟောင်ရဲ့ စကားတွေကို ပြန်တွေးမိလိုက်ပါတယ် ‘ဒီကောင်က တကယ်ပြောနေတာလား... တကယ်ပဲ ငါ့ဆရာသခင်က သူ့ဆရာသခင်က ဦးညွှတ်ရတာလား...’

လုံဟောင်က မတတ်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ငါ ပေါ်တင်ပြောလို့မရတဲ့ စကားတွေ ရှိတယ်၊ မင်းတို့ နားလည်မယ်လို့ ထင်တယ်၊ ငါက တကယ်တော့ လူသားတွေကို အမြင့်ကြီး မတွေးပါဘူး၊ ဟန်ယွီကြောင့်သာ မင်းတို့ကို ဖိတ်ခေါ်တာ၊ ဟန်ယွီရဲ့ ဆရာသခင်က ဘယ်သူလဲဆိုတာကို မင်းတို့လည်း သိနေတာပဲ”

လူသားမျိုးနွယ်စုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ နှလုံးလှုပ်သွားကြပါတယ်။ လူသားမျိုးနွယ်စု အခုလို အခြေအနေအထိ ရောက်လာနိုင်ခဲ့တာက လီတောက်ခုံးရဲ့ ကျေးဇူးကြောင့်ပါ။ ဒါကြောင့် သူတို့တွေဟာ လီတောက်ခုံးရဲ့ ဒဏ္ဍာရီတွေကို အကောင်းဆုံး ကြိုးစားစုဆောင်းပြီး မျိုးနွယ်စုထဲမှာ ဖြန့်ကြက်ပါတယ်။

လီတောက်ခုံးဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ ကျင့်ကြံသူတစ်ဦးပါ။ တိတ်ဆိတ်ဂိုဏ်းချုပ်က တန်ခိုးစွမ်းအား အလွန်ကြီးမားတဲ့ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင် တာအိုပညာရှိပါ။

လူသားဧကရာဇ်ဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းက ပေးတဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်၊ ငါတို့လူသားတွေက နဂါးမျိုးနွယ်စုကို နှိပ်ကွပ်ဖို့ ကူညီပေးပါ့မယ်”

လုံဟောင်ဟာ ပြုံးလိုက်ပါတယ် “ဒီလိုဆိုမှတော့ သွားပြင်ဆင်ကြတော့၊ မင်းတို့တွေ အဆင်သင့်ဖြစ်တာနဲ့ ထွက်ခွာကြမယ်”

“ကောင်းပြီ”

လူသားဧကရာဇ်နဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ချက်ချင်း ထွက်ခွာသွားကြပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းလှေပေါ်ကို တက်လိုက်နိုင်တဲ့အတွက် အလွန်တရာမှ စိတ်လှုပ်ရှားနေကြပါတယ်။ သူတို့တွေ ထွက်ခွာသွားတဲ့အခါ ဟန်ယွီက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းချုပ်က လူသားတွေကို သဘောကျနေပြီလား...”

တကယ်လို့ ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် လီတောက်ခုံးက သူ့ကို ကျိန်းသေပေါက် အမိန့်ပေးမှာပါ။ ဒါပေမဲ့ လီတောက်ခုံးက သူ့ကို အမိန့်မပေးခဲ့ပါဘူး။ ဒါကြောင့် လုံဟောင်က ဟိတ်လုံးထုတ်နေတာလို့ ဟန်ယွီက သံသယဝင်နေတာပါ။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းဆိုတဲ့ နာမည်က ဆွဲဆောင်နိုင်လွန်းလှပါတယ်။

တိတ်ဆိတ်ဂိုဏ်းဟာ မိုးကောင်းကင်မျိုးနွယ်စုကစလို့ ငရဲပြည်အဆုံး သူတို့လူတွေ ရှိပါတယ်။ လူသားမျိုးနွယ်စုသာ တိတ်ဆိတ်ဂိုဏ်းရဲ့ ကာကွယ်မှုကို ရခဲ့မယ်ဆိုရင် လုံးဝနီးပါး လုံခြုံသွားမှာပါ။ လုံဟောင်ဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ မင်းကို မလှည့်စားပါဘူး”

ဟန်ယွီဟာ လုံဟောင်ကို သေချာစိုက်ကြည့်လိုက်ပါတယ်။

“မင်းရဲ့ဆရာသခင်က တိတ်ဆိတ်ဂိုဏ်းချုပ်လား”

“ဟုတ်တယ်”

“ဒါဆို ငါ့ရဲ့ ဆရာသခင်က တိတ်ဆိတ်ဂိုဏ်းရဲ့ ဘယ်နေရာမှာရှိလဲ”

“ပထမ အစောင့်အရှောက်”

“ငါ့ဆရာသခင်က တကယ်ကို စွမ်းအားကြီးတာပဲ”

“ဟီးဟီး...”

“ဘာလဲ မင်းက လက်မခံနိုင်ဘူးလား၊ ဒါဆို ငါ ဆရာသခင်ကို ဒီအကြောင်း ပြောလိုက်မယ်”

“မဟုတ်ပါဘူး... ငါ လက်ခံပါတယ်၊ ငါက လီတောက်ခုံးကို လက်အခံဆုံးပဲ”

နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၂၀၄၈

[သင့်သား ဟန်ထော်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၉၂၈၃၂၇

[သင့်တပည့် ရန်ထျန်တုန်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် ကျင့်ကြံအားထုတ်နေစဉ်အတွင်း တာအိုဘိုးဘေးကို အိပ်မက်မက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်တပည့် ကျိုးဖန်သည် သင့်ရန်သူ ခုနစ်ပါးတာအိုပညာရှိကို အိပ်မက်မက်ပြီး ကောင်းကင်တာအိုမှ ထွက်ခွာသွား၏။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခု၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

‘ဟန်ထော်က မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ အတူတူ အဆော်ခံနေရပါလား...’ ဟန်ကျွယ်ဟာ သူ့သား အဆော်ခံနေရတာတွေ့လို့ ဘာမှ မခံစားရပါဘူး။ ရယ်တောင် ရယ်ချင်သွားပါသေးတယ်။

ဟန်ကျွယ်ဟာ ပြီးခဲ့တဲ့ ကပ်ဘေးတုန်းက ကောင်းကင်ရုံးတော်ရဲ့ အင်‌မော်တယ်တွေ အဆော်ခံရတာကို ပြန်တွေးမိသွားပါတယ်။ ဘာပဲပြောပြော ဒီကိစ္စက စိတ်ဝင်စားဖို့ ကောင်းတာတော့ အမှန်ပါ။ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဟန်ထော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အနာဂတ်ကို သူ တွက်ချက်ကြည့်ပြီး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ ခုနစ်ပါးတာအိုပညာရှိနဲ့ တာအိုဘိုးဘေး နှစ်ယောက်စလုံး လှုပ်ရှားနေတာကို တွေ့လိုက်ရပါတယ်။ သူတို့တွေ ဘာကြံစည်နေလဲ ဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။ ဖန်းလျန်ကလည်း တာအိုဘိုးဘေး ဖြစ်သွားတာကြောင့် ဟန်ကျွယ်ဟာ ဖန်းလျန်ကို သိပ်ဂရုမစိုက်တော့ပါဘူး။

ဒါပေမဲ့ ကျိုးဖန် ကောင်းကင်တာအိုကနေ ထွက်သွားတာက ထူးဆန်းပါတယ်။ ဧကရီဟုတ်ထိုကလည်း ငရဲပြည်မှာ နေရင်းထိုင်ရင်းနဲ့ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရသွားပါသေးတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။

စာစောင်တွေကို ဖတ်လို့ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျိုးဖန်ဆီ ပထမဆုံး အိပ်မက်ထဲကနေ သွားလည်ပါတယ်။ ကျိုးဖန်က ဟန်ကျွယ် တော်‌တော်လေး မျှော်လင့်ထားတဲ့ တပည့်ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျိုးဖန်ကို လျစ်လျူရှု မထားနိုင်ပါဘူး။ အနည်းဆုံးတော့ ခုနစ်ပါးတာအိုပညာရှိနဲ့ ကစားပေးရပါမယ်။

အိပ်မက်ထဲမှာ ကျိုးဖန်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဘေးဘီဝန်းကျင်ကို ကြောက်လန့်တကြား ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”

ကျိုးဖန်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း ပြန်ဖြေပါတယ် “ဆရာသခင်... ကျွန်တော်ရဲ့ အိပ်မက်ထဲကို လာမလည်ပါနဲ့ဦး၊ ကျွန်တော် တိုက်ခိုက်နေတာ”

ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို ချက်ချင်းအဆုံးသတ်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် ကျိုးဖန်သည် အမင်္ဂလာ မကောင်းဆိုးဝါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်တပည့် ကျိုးဖန်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာပျက်စီးပြီး ဝိညာဉ်လွင့်လုနီး ဖြစ်သွား၏။

[သင့်တပည့် ကျိုးဖန်သည် သင့်ရန်သူ ခုနစ်ပါး တာအိုပညာရှိ၏ ကာကွယ်မှုကြောင့် ဒဏ်ရာများ ပြန်ကောင်းပြီး အသက်ပြန်ရှင်သွား၏။]

ဟန်ကျွယ်ဟာ တစ်စောင်ပြီး တစ်စောင် ပေါ်လာတဲ့ စာသုံးစောင်ကို ကြည့်ပြီး မတိတ်ဆိတ်ဘဲ မနေနိုင်ပါဘူး ‘အို... ကြည့်ရတာ ငါ နောက်ကျရင် ဒီထက် သတိထားမှ ဖြစ်တော့မယ်’

အမှောင်ထုရဲ့ အိပ်မက်ဆိုးက လူတွေကို အိပ်မက်ထဲ အတင်းဆွဲထည့်နိုင်တဲ့ မဟာတာအို ဆန်းကြယ်စွမ်းအား ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက တိုက်ပွဲထဲမှာဆိုရင် အသက်ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျိုးဖန်က အကောင်းဆုံး ဥပမာပါပဲ။

‘အင်း... ဟုတ်ပြီ...‘ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး မျက်လုံးတွေ အရောင်တောက်သွားပါတယ်။ တစ်ဆက်တည်းပဲ မိစ္ဆာပြုံး ပြုံးလိုက်ပါတယ် ‘နောက်ကျရင် ငါ့ရန်သူတွေကို ဒီလိုမျိုး ဒုက္ခပေး လို့ရတာပဲ’

ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေ ရှင်းထုတ်လိုက်ပြီး ဧကရီဟုတ်ထိုကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက နွေဦးဝါပါ။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဧကရီ တိုက်ခိုက်နေတာလား...”

ဧကရီဟုတ်ထိုဟာ မှင်သက်သွားပါတယ် “မတိုက်ပါဘူး... ဘာဖြစ်လို့ ဒီလို မေးတာလဲ”

“ကျွန်တော် တပည့်တစ်ယောက်ကို ခုနက အိပ်မက်ပေးလိုက်တာ၊ သူက တိုက်ခိုက်နေတော့ သေခါနီးအထိ ဖြစ်သွားတယ်”

ဧကရီဟုတ်ထို “......”

ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။ ဧကရီဟုတ်ထိုကို လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခုက တိုက်ခိုက်ပေမဲ့ တာအိုပညာရှိတွေက မလှုပ်ရှားပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီကိစ္စက တော်တော်လေး လျှို့ဝှက်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီကိစ္စကို ဘယ်လိုမေးရမှန်း မသိ ဖြစ်သွားပါတယ်။

“ငါ မကြာသေးခင်က ဒဏ်ရာရထားတယ်၊ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခုက ငရဲပြည်ကို ချောင်းကြည့်နေတယ်” ဧကရီဟုတ်ထိုဟာ သက်ပြင်းချပြီး ဆက်ပြောပါတယ် “တစ်ဖက်လူက ဘယ်သူလဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ သူက တော်တော်လေး စွမ်းအားကြီးပြီး ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်စွမ်းအားကို တန်ပြန်နိုင်တယ်၊ သူက အနည်းဆုံး လွတ်လပ် တာအိုပညာရှိပဲ၊ မဟုတ်ရင် သူ ငရဲပြည်ထဲကို ဝင်လာနိုင်မှာ မဟုတ်ဘူး”

ဟန်ကျွယ်က တအံ့တဩ ပြောလိုက်ပါတယ် “လွတ်လပ် တာအိုပညာရှိက ကောင်းကင်တာအိုရဲ့ စွမ်းအားကို မထိုးဖောက်နိုင်လောက်ပါဘူး၊ ဟုတ်တယ်မလား...”

“သူက လျှို့ဝှက်ပညာရပ် တစ်ခုခုကို သုံးလိုက်တာ ဖြစ်နိုင်တယ်၊ သူ့စွမ်းအားက ကောင်းကင်တာအိုပညာရှိထက် ပိုသန်မာတယ်၊ ဒါပေမဲ့ အများကြီး သန်မာတာလည်း မဟုတ်ဘူး၊ ငါ သူ့ဆီကနေ တရင်းတနှီးရှိတဲ့ ရောင်ဝါကို ခံစားမိတယ်၊ ဒါပေမဲ့ ဒီရောင်ဝါ ဘယ်ကနေ လာလဲဆိုတာ ငါ မမှတ်မိဘူး”

ဧကရီဟုတ်ထိုက ပြန်လည်မွေးဖွားခြင်းရဲ့ တာအိုပညာရှိပါ။ သူ သတိမရတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ တစ်ဖက်လူက ဧကရီဟုတ်ထို တွက်ချက်လို့ မရအောင် ကံတရားကို ဖျက်ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဧကရီဟုတ်ထိုကို ဘယ်သူ တိုက်ခိုက်တာလဲ”

ဟန်ကျွယ်ဟာ တခြားလူတစ်ယောက်အတွက် သူ့သက်တမ်းကို မသုံးချင်ပါဘူး။ ဒါပေမဲ့ ငရဲပြည် ကျိုးပျက်သွားရင် ကောင်းကင်တာအို ဘေးတွေ့မှာပါ။

[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ရှေ့မှာ စာတစ်ကြောင်း ပေါ်လာပါတယ်။

[ဖူရှီ: မဟာတာအိုပညာရှိ၊ လူသားမျိုးနွယ်စု၏ ဘိုးဘေး၊ အနန္တဧကရာဇ်၊ ရှစ်ထောင့်အင်း ဘိုးဘေး။]

‘ဖူရှီလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ဒီကောင်က ဘယ်လိုလုပ်ပြီး မဟာတာအိုပညာရှိ ဖြစ်သွားတာလဲ’ ဟန်ကျွယ်ဟာ ဒီအကြောင်းကို စာစောင်ထဲမှာ မတွေ့ရပါဘူး။ သေပြီး သိပ်မကြာခင်မှာပဲ မဟာတာအိုပညာရှိ ဖြစ်သွားတာက တကယ်ကို မရိုးရှင်းလှပါဘူး။

‘ဒါ ခိုးဆော့တာပဲ’ ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုက ပြောလိုက်ပါတယ် “ငါ ဒီကိစ္စကို တခြားတာအိုပညာရှိတွေ သိအောင် ပြောပြရမယ်၊ မင်း မပြောချင်ရင် ငါသွားပြောလိုက်မယ်”

“ကျေးဇူးပါပဲ”

အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို သွားပြီး တခြားတာအိုပညာရှိတွေကို ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ တာအိုစက်ကွင်းမှာ စုဝေးခိုင်းလိုက်ပါတယ်။ အဲဒီနောက် တာအိုပညာရှိတွေ စုံညီတဲ့အခါ ဟန်ကျွယ်ဟာ ဧကရီဟုတ်ထို တိုက်ခိုက်ခံရတဲ့ အကြောင်း ပြောပြလိုက်ပါတယ်။

တာအိုပညာရှိတွေဟာ လန့်သွားကြပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်လည်း အံ့အားသင့်သွားပါတယ် “ငါတို့တွေ ဘာဖြစ်လို့ အာရုံမခံမိကြတာလဲ”

ကောင်းကင်အရှင်ဝူဖာက နှာခေါင်းရှုံ့လိုက်ပါတယ် “ဘာဖြစ်ရမလဲ... တစ်ဖက်လူက ငါတို့ထက် စွမ်းအားကြီးလို့ပေါ့၊ သူက ကောင်းကင်လျှို့ဝှက်ချက်ကိုတောင် ရှောင်နိုင်တယ်”

တာအိုပညာရှိတွေဟာ တိတ်ဆိတ်သွားပါတယ်။ ဖန်းလျန်က ရုတ်တရက် ထပြောပါတယ် “မဟုတ်ဘူး... တစ်ဖက်လူက ကောင်းကင်တာအိုထဲမှာ တိုက်ခိုက်ရင် ကောင်းကင်တာအို နိယာမကို ရှောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တစ်ခုပဲ... သူက ကောင်းကင်တာအို သက်ရှိ ဖြစ်နေရင်တော့ ရှောင်နိုင်လိမ့်မယ်၊ နောက်ပြီး ငရဲပြည်က ကောင်းကင်တာအိုရဲ့ အနိမ့်ဆုံးအဆင့်ပဲ”

“ကောင်းကင်တာအို သက်ရှိ... ကောင်းကင်အရှင်ရွှမ်တုများလား... သူက ငါတို့ထက် အများကြီး စွမ်းအားကြီးတာပဲ” တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ နောက်ဆုံးမှာ သူ့အမြင်ကိုပါ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို တစ်ချက် ကြည့်လိုက်ပါတယ် ‘ဒီကောင်က ခန့်မှန်းတဲ့နေရာမှာ ရွှေဉာဏ်တော် စူးရှတာပဲ’

ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ဝင်ပြောလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တု မဖြစ်နိုင်ဘူး၊ ငါ သူနဲ့ အဆက်အသွယ် ရှိတယ်၊ ဒါနဲ့ အရင်တုန်းက‌ သေသွားတဲ့ တာအိုပညာရှိတွေက တကယ် သေသွားတာလား...”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters