နွီဝါ ဟန်ယွီကို အိပ်မက်ပေးခြင်း
Vol. 61 Ch. 652
ဟန်မင်ရဲ့ အဖြေကို ကြားရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် ‘မင်းက ငါ့ကို အဲဒီလို ပြောစေချင်တာလား... ငါ့ကိုတောင် မျက်နှာသာ မပေးတော့ဘူးပေါ့’ ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။
ဟန်မင်ကလည်း တိတ်ဆိတ်နေပါတယ်။ စိတ်ငြိမ်လို့ ပြန်စဉ်းစားတဲ့အခါ သူ့စကားက မှားနေတာကို ဟန်မင် သဘောပေါက်သွားပါတယ်။ ဟန်ကျွယ်က အကြောင်းမရှိဘဲ သူ့ကို လာရှာစရာအကြောင်း မရှိပါဘူး။ ဟန်မင်က ထပ်မေးလိုက်ပါတယ် “အစ်ကို ရှိသေးလား”
“အင်း ရှိတယ်”
“ကျွန်တော် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်မယ်”
“ဒါဆို ပစ္စည်းတွေသိမ်းပြီး လာခဲ့တော့”
“ဟုတ်ကဲ့ပါ”
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်မင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီကို ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့စိတ်အခြေအနေကို ပြုပြင်ပြီး ဆက်ပြီးတော့ ကျင့်ကြံ အားထုတ်ပါတယ်။
လေးငါးဆယ်နှစ် အကြာမှာတော့ ဟန်မင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ဟန်မင်ကို တာအိုဘုံကျောင်းထဲ တစ်ခါတည်း ရွှေ့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်မင်ကို အပြင်မှာ မနေခိုင်းဘဲ တာအိုဘုံကျောင်းထဲမှာသာ ကျင့်ကြံအားထုတ်စေပါတယ်။ ဟန်မင်ဟာ ကော်ဇောပေါ်မှာထိုင်ပြီး ဟန်ကျွယ်ကို သေချာကြည့်လိုက်ပါတယ်။
နတ်အလင်းရောင်တွေ တောက်ပနေတဲ့အတွက် ဟန်မင်ဟာ ဟန်ကျွယ်ရဲ့ ခန္ဓာစစ်ကို မမြင်နိုင်ပါဘူး။ ဒါက ဟန်မင် ပထမဆုံး ဒီဖိအားကို ခံစားဖူးတာပါ။ ဟန်မင်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။ အတိတ်မှာတုန်းက ဟန်မင်ဟာ ဟန်ကျွယ်ဘေးမှာ ကျင့်ကြံအားထုတ်ရဖို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်က အေးစက်လွန်းတဲ့အတွက် ဒီကိစ္စက သူ့ရဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲဆိုတာ ဟန်မင်သိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဘေးမှာ ကျင့်ကြံအားထုတ်ဖို့ အခွင့်အရေး ရခဲ့ပါပြီ။ အိပ်မက်က ရုတ်တရက်ကြီး ထဖြစ်လာတဲ့အတွက် ဟန်မင်ဟာ သူ စိတ်ကူးယဉ်နေတာလားလို့တောင် ထင်မိပါတယ်။
ဟန်မင်ဟာ သူ့ကိုယ်သူ သရော်လိုက်ပါတယ် ‘ငါ ဘာတွေ တွေးနေတာလဲ’ ဟန်မင်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါတယ်။ ဟန်ကျွယ်က သူ့ကို ဘာမှမပြောပါဘူး။ ဖြစ်နိုင်တာ သူ့ရဲ့ ကျင့်ကြံမှု သဘောထားနဲ့ အရည်အချင်းကို မြင်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟန်မင်ဟာ မျက်နှာအပျက် မခံနိုင်ပါဘူး။
ဟန်မင် မသိတာက ဟန်ကျွယ်ဟာ သူ့ကို တမင်သက်သက် လျစ်လျူရှုထားတာ မဟုတ်ပါဘူး။ သူ့အကျင့်အတိုင်း နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံမှု ပြီးဆုံးအောင် ကျင့်ကြံအားထုတ်တာပါ။ ဟန်ကျွယ်ဟာ တခြားလူတစ်ယောက်အတွက် သူ့ကျင့်ကြံမှုကို ဖျက်မှာ မဟုတ်ပါဘူး။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ တာအိုပညာရှိတွေဟာ စကြဝဠာခန်းမမှာ စုဝေးနေကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တု ပြန်ရာက်နေပါပြီ။ ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေက တစ်ယောက်ချင်းကြည့်ပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်နဲ့ ငါနဲ့ ပူးပေါင်းပြီး မြေအင်မော်တယ်ကမ္ဘာကို အရယူနိုင်ခဲ့ပြီ၊ နောက်ထပ်လုပ်ရမှာက မြေအင်မော်တယ်ကမ္ဘာနဲ့ ကောင်းကင်တာအိုကို ပေါင်းစပ်ဖို့ပဲ၊ ဒီလိုပေါင်းစပ်နိုင်ဖို့အတွက် လောကနှစ်ခုကို ဆက်သွယ်ပေးတဲ့ အာကာသဥမင်ကို ဖန်တီးရလိမ့်မယ်”
‘မြေအင်မော်တယ်ကမ္ဘာ’
တာအိုပညာရှိတွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ဒီလောကနာမည်ကို ကြားဖူးပါတယ်။ အတိတ်မှာတုန်းက မြေအင်မော်တယ်ကမ္ဘာဟာလည်း အင်မော်တယ်ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာပါ။ ရှေးပျက်သုဉ်းနယ်မြေလိုမျိုး တာအိုပညာရှိတွေရဲ့ တိုက်ပွဲအပြီးမှာ လောကဦးကမ္ဘာက ကွဲကြေပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတာပါ။ အခုအချိန်မှာတော့ အင်မော်တယ်ကမ္ဘာပဲ ကောင်းကင်တာအိုထဲမှာ ကျန်ရှိပါတော့တယ်။
ချုံရှီလိုင်က ပြောလိုက်ပါတယ် “အင်း... တစ်ခုခုလုပ်ဖို့ လိုတာရှိရင် ငါတို့ကို ပြောလေ”
တခြားတာအိုပညာရှိတွေကလည်း မကန့်ကွက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက သိပ်မကြီးဘူးလို့ ခံစားရလို့ပါ။
ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “ဒီအတောအတွင်း လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားတစ်ခု ငရဲပြည် အပြင်ဘက်မှာ ပေါ်လာတယ်၊ ဒီခေါင်းတလောင်းရဲ့ ရောင်ဝါက အရမ်းနက်နဲတယ်၊ ငါ အဲဒီခေါင်းတလားနားကို မချဉ်းကပ်ရဲဘူး၊ ဒီကိစ္စကို ကောင်းကင်အရှင်ရွှမ်တုပဲ စုံစမ်းပေးပါ”
“အို...”
ကောင်းကင်အရှင်ရွှမ်တုဟာ ချက်ချင်းပဲ ငရဲပြည် အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။ တစ်ခဏအကြာမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ မူလလောကဦးရဲ့ ခေါင်းတလားကို တွေ့သွားပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ကျန်တဲ့ တာအိုပညာရှိတွေလည်း ကောင်းကင်အရှင်ရွှမ်တုနောက် လိုက်သွားကြပါတယ်။ တာအိုပညာရှိတွေဟာ မူလလောကဦး ခေါင်းတလားဆီကို အတူတူ ရောက်သွားကြပါတယ်။ ဖန်းလျန်ဟာ ခေါင်းတလားကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ခေါင်းတလားရှေ့မှာရှိတဲ့ ကျောက်ကမ္ပည်းတိုင်က မလှုပ်ရှားပါဘူး။ ဒါပေမဲ့ တာအိုပညာရှိတွေကို တုန်လှုပ်စေပါတယ်။
“ဒါက ဘာတွေလဲ”
“ဘယ်တုန်းက ပေါ်လာတာလဲ၊ ဧကရာဇ်ရှောင်.... ဘာလို့ အစောကြီးကတည်းက မပြောတာလဲ”
“ငါလည်း ရှာတွေ့ထားတာ မကြာသေးဘူး၊ နောက်ပြီး ကောင်းကင်အရှင်ရွှမ်တုကလည်း မရှိဘူးလေ၊ မင်းတို့တွေကရော စုံစမ်းရဲလို့လား၊ ဘာပဲဖြစ်ဖြစ် ငါတော့ မစုံစမ်းရဲဘူး”
“ငါ ဘာဖြစ်လို့ ဒီဟာကို အရင်က ရှာမတွေ့ရတာလဲ”
“ဒီဟာက ဧကရီဟုတ်ထိုကို တိုက်ခိုက်ခဲ့တဲ့ ပစ္စည်းများလား”
တာအိုပညာရှိတွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက အသံလွှင့်ပြီး သတင်းပေးလိုက်တဲ့အတွက် မကြာခင်မှာ ဧကရီဟုတ်ထိုလည်း ရောက်လာပါတယ်။
“ဒီဟာက ဧကရီကို ဒဏ်ရာရအောင် လုပ်တာလား” ကောင်းကင်အရှင်ရွှမ်တုဟာ မူလလောကဦး ခေါင်းတလားကို ညွှန်ပြပြီး မေးလိုက်ပါတယ်။
ဧကရီဟုတ်ထိုဟာ ခေါင်းခါလိုက်ပါတယ် “မဟုတ်ဘူး၊ ရောင်ဝါက လုံးဝကို ကွဲပြားခြားနားတယ်၊ ဒါက ဘာကြီးလဲ၊ ဒီခေါင်းတလားထဲမှာ ဘယ်သူ ပုန်းနေတာလဲ”
“ငါတို့လည်း သေချာမသိဘူး” ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေလိုက်ပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “ငါတို့တွေ ဒီဟာကို ဖိနှိပ်ဖို့ နည်းလမ်းရှာသင့်လား”
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပြီး မူလလောကဦး ခေါင်းတလားကို သေချာစိုက်ကြည့်ကာ အတွေးနက်သွားပါတယ်။ ဒီအချိန်မှာပဲ ကျောက်ကမ္ပည်းတိုင်က ပြင်းထန်စွာ တုန်ခါလာတဲ့အတွက် တာအိုပညာရှိ အကုန်လုံးကို အထိတ်တလန့် ဖြစ်သွားစေပါတယ်။ တာအိုပညာရှိတွေဟာ သူတို့ရဲ့ အကောင်းစား ဓမ္မရတနာအသီးသီးကို ထုတ်ယူပြီး လေးနက်တဲ့ မျက်နှာတွေနဲ့ စောင့်ဆိုင်းပါတယ်။
ကျောက်ကမ္ပည်းတိုင်ပေါ်မှာ သွေးစီးကြောင်းတွေ ပေါ်လာပါတယ်။ သွေးနဲ့ စာရေးသလို စာလုံးတွေလည်း တစ်လုံးပြီးတစ်လုံး ပေါ်လာပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ နားလည်ရခက်တဲ့ စာတစ်ကြောင်း ဖြစ်သွားပါတယ်။
တာအိုပညာရှိတွေဟာ ဒီသွေးနဲ့ ရေးထားတဲ့ စာကြောင်းကို နားမလည်နိုင်ပါဘူး။
ဖန်းလျန်က ဖတ်လိုက်ပါတယ် “ဝရုန်းသုန်းကားအချိန်မှာ မွေးဖွားပြီး ကောင်းကင်တာအိုအတွက် ကုသိုလ်ပြုတယ်၊ ကံကြမ္မာကြောင့် သေဆုံးခဲ့ပြီး လောကဦးပဋိပက္ခမှာ ပြန်မွေးဖွားတယ်”
တောင်ဘက်စွန်း ကောင်းကင်အရှင်က တအံ့တဩ မေးလိုက်ပါတယ် “မင်းက ဒီစာကို နားလည်တာလား”
“အင်း.. တာအိုဘိုးဘေးက ကျွန်တော့်ကို ဒီလိုစာလုံးတွေ သင်ပေးထားတယ်၊ ဒါက ပဋိပက္ခနတ်ဘီလူး ဘာသာနဲ့ ရေးထားတာ”
တာအိုပညာရှိတွေဟာ အတွေးနက်သွားကြပါတယ်။ သူတို့ဟာ ဒီစာကို မဖတ်တတ်တဲ့အတွက် ဖန်းလျန်ပြောတာက အမှန်လားဆိုတာကို မဆုံးဖြတ်ရဲပါဘူး။
လီတောက်ခုံးက ပြောလိုက်ပါတယ် “ကျွန်တော်တွေ ဒီဟာကို ရှင်းလင်းဖို့ မဟုတ်ရင် မောင်းထုတ်ဖို့ နည်းလမ်းရှာရအောင်”
လီတောက်ခုံးက ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော်လည်း သဘောတူတယ်”
လီတောက်ခုံးဟာ ရှီတုတောက်ကို အထင်သေးစွာ ကြည့်လိုက်ပါတယ်။ ရှီတုတောက်ကတော့ ဒီအကြည့်ကို မမြင်ချင်ယောင် ဆောင်လိုက်ပါတယ်။
“ကောင်းကင်တာအိုအတွက် ကုသိုလ်ပြုတယ်...” ကောင်းကင်အရှင်ရွှမ်တုဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ဖန်းလျန်က ပြောလိုက်ပါတယ် “ခေါင်းတလားထဲမှာ ပဋိပက္ခနတ်ဘီလူး ရှိနေတာ ဖြစ်လိမ့်မယ်၊ ဒီကျောက်ကမ္ပည်းတိုင်ကတော့ အကောင်းစား ရတနာ ဖြစ်လိမ့်မယ်၊ ကျွန်တော်တို့တွေ ဂရုစိုက်မှ ရလိမ့်မယ်”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ပြီး မူလလောကဦး ခေါင်းတလားကို ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးကြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ နောက်ထပ် နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံမှုဟာ ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါပြီ။ ဟန်ကျွယ် နှစ်တစ်ထောင်ကို နေ့တစ်နေ့လို့ သဘောထားလာပါတယ်။ နေ့တိုင်း တိုးတက်လာတဲ့ ခံစားချက်က အတော်လေးကို အားရကျေနပ်ဖို့ ကောင်းပါတယ်။ ဟန်ကျွယ်ဟာ သူ့ဘေးမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်မင်ကို ကြည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ ဟန်မင်ကလည်း ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ပြီး စကားတစ်လုံးတောင် မဟပါဘူး။ တော်တော်ကို လိမ္မာနေတာပါ။
‘မဆိုးဘူး...’
ဟန်ကျွယ်ဟာ ဟန်မင်ကို ဒုတိယတာအိုစက်ကွင်းဆီ တစ်ခါတည်း ရွှေ့ပြောင်းလိုက်ပါတယ်။ ဟန်မင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ တာအိုဘုံကျောင်း ပြောင်းလဲသွားတာကို တွေ့လိုက်ရပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်က ပြောလိုက်ပါတယ် “နောက်ကျရင် ဒီနေရာမှာ ကျင့်ကြံအားထုတ်ချည်၊ မင်း အပြင်ထွက်ပြီး လမ်းလျှောက်လို့ရတယ်၊ ဒီတာအိုစက်ကွင်းမှာ လူငါးယောက်ရှိတယ်၊ နောက်ကျရင် မုရုံချီရဲ့ စကားကို နားထောင်ချည်”
‘မုရုံချီ...’ ဟန်မင်ဟာ ဒီနာမည်ကို ခေါင်းထဲမှာအသေစွဲအောင် မှတ်သားထားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မုရုံချီကို အသံလွှင့်ပြီး ဟန်မင်အကြောင်းကို ပြောပြလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ မတ်တတ်ရပ်ပြီး အကြောဆန့်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်သား ဟန်ထော်သည် ကောင်းကင်တာအိုငယ် တစ်ခုအား ကျူးကျော်ခဲ့သည်။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်ရန်သူ ဖူရှီ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်တပည့် လုံဟောင်သည် နဂါးမျိုးနွယ်စု၏ ကံတရား အထောက်အပံ့ကို စုပ်ယူပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်သား ဟန်ထော်သည် ကောင်းကင်တာအိုငယ် သက်ရှိများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၇၂၀၂၃၉
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် ရှေးပျက်သုဉ်းနယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ရှေးပျက်သုဉ်းနယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်မျိုးဆက် ဟန်ယွီသည် သင့်ရန်သူနွီဝါ အိပ်မက်ပေးခြင်းကို ခံရပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
ဒီအတောအတွင်း ဖူရှီက တော်တော်လေး လှုပ်ရှားနေပါတယ်။ နွီဝါကလည်း အငြိမ်မနေတော့ဘဲ ဟန်ယွီကိုတောင် လာရှာပါတယ်။ ဒါက ကျိန်းသေပေါက် ထောင်ချောက်တစ်ခုပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ စာစောင်တွေ အကုန်လုံး ဖတ်ပြီးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဟန်ယွီကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်ထဲမှာ...
ဟန်ယွီဟာ မျက်လုံးဖွင်လိုက်တယ်ဆိုရင်ပဲ နတ်အလင်းရောင်တွေ တောက်ပနေတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။ ဟန်ယွီဟာ ချက်ချင်းပဲ နိုးနိုးကြားကြား ဖြစ်သွားပါတယ် “ဘာတွေ ဖြစ်ကုန်တာလဲ... ပုံရိပ်ယောင်လား” ဟန်ယွီဟာ ရန်သူတော်ကြီးကို ရင်ဆိုင်နေရသလိုမျိုး မျက်မှောင်ကြုတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီအမူအရာကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “ကောင်လေး... ငါ့ကို မမှတ်မိတော့ဘူးလား”
ဟန်ယွီဟာ ဒီအသံကို ကြားတဲ့အခါမှာတော့ မျက်လုံးပြူးသွားပြီး တုန်ယင်တဲ့ အသံနဲ့ ပြောလိုက်ပါတယ် “စီနီယာ.. တကယ်ပဲ စီနီယာလား...”
ဟန်ယွီဟာ လီတောက်ခုံးကို ဆရာတင်ထားပေမဲ့ သူ့ကို ကျင့်စဉ်ပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်ကို ဘယ်တော့မှ မမေ့ပါဘူး။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်ပေးခဲ့တဲ့ ကျင့်စဉ်ကြောင့်သာ မဟုတ်ရင် ဟန်ယွီဟာ လီတောက်ခုံး ကျေနပ်လောက်တဲ့ ကျင့်ကြံမှုအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်မှာ မဟုတ်ပါဘူး။
“ဒါဆို မင်းက ငါ့ကို သတိရသေးတယ်ပေါ့၊ တာအိုပညာရှိ တပည့် ဖြစ်သွားလို့ ငါ့ကို မေ့သွားမယ် ထင်နေတာ” ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
ဟန်ယွီဟာ ချက်ချင်း လက်သီးဆုပ်လိုက်ပါတယ် “ကျွန်တော် စီနီယာရဲ့ ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး၊ ကျွန်တော် စီနီယာအတွက် ဘာလုပ်ပေးရမလဲ”
“ဒီအတောအတွင်း မင်းရဲ့ အိပ်မက်ထဲကို တစ်ယောက်ယောက် လာလည်သေးလား”
ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပြီး နွီဝါကို တွေးမိလိုက်ပါတယ် ‘ဒီကိစ္စ ဘယ်လိုလုပ်ပြီး ဒီစီနီယာကို ဆွဲဆောင်မိသွားတာလဲ’
နွီဝါက တာအိုပညာရှိထက် ကျော်လွန်တဲ့ တည်ရှိမှုပါ။ ဒီလျှို့ဝှက်ဆန်းကြယ် စီနီယာကလည်း ကျိန်းသေပေါက် အားမနည်းပါဘူး။ မဟုတ်ရင် ဒီကိစ္စကို အာရုံခံနိုင်မှာ မဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။