နတ်ဒေါင်းအရှင်
Vol. 61 Ch. 656
“တိုက်ပွဲအတွက် ပြင်ဆင်ကြတော့၊ ဒီတစ်ခါ ငါတို့ရဲ့ ခံစစ်က ငရဲပြည်ပဲ၊ ငါတို့တွေ ကပ်ဘေးမျိုးနွယ်စုကို ငရဲပြည်ထဲ ဝင်ခွင့်ပြုလို့ မဖြစ်ဘူး၊ ကပ်ဘေးမျိုးနွယ်စု ငရဲပြည်ထဲကို ဝင်လာရင် ပြန်လည်မွေးဖွားခြင်း စက်ဝန်းက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်၊ အင်မော်တယ်ကမ္ဘာကို ခုခံရသလိုမျိုး လွယ်ကူမှာတော့ မဟုတ်ဘူး” ဂိုဏ်းချုပ်တျန်ကျွယ်ဟာ စကားလမ်းကြောင်းကို ကပ်ဘေးမျိုးနွယ်စုဆီ ပြန်ပို့လိုက်ပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို ကြည့်လိုက်ပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်က ချက်ချင်းပဲ ပြောလိုက်ပါတယ် “ငါက လောကဦး ကောင်းကင်အရှင်သခင်နဲ့ ဆက်ဆံရေး ဖြတ်ထားပြီးပြီ၊ ကောင်းကင်တာအို ရှုံးနိမ့်ရင် ငါလည်း ရှင်သန်နိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် မင်းတို့တွေ ငါ့ကို စိုးရိမ်စရာ မလိုဘူး၊ ငါ မင်းတို့ကို အစွမ်းကုန် ကူညီမှာပါ”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်က တခြားတာအိုပညာရှိတွေကို ပစ်မှတ်မထားဘဲ ဘာဖြစ်လို့ သူ့ကို ပထမဆုံး ပစ်မှတ်ထားလဲဆိုတာ နားမလည်ပါဘူး။ အရင်တုန်းက သူတို့နှစ်ယောက်ဟာ တော်တော်ကို ရင်းနှီးခဲ့ကြတာပါ။
ကောင်းကင်အရှင်ရွှမ်တုက ထပ်ပေါင်းပြီး ပြောလိုက်ပါတယ် “ငါတို့တွေ စည်းလုံးညီညွတ်နေပြီပဲ၊ တစ်ယောက်ကို တစ်ယောက် မစိုးရိမ်ကြတော့နဲ့၊ ကောင်းကင်တာအိုဂိုဏ်းက ငရဲပြည်ကို ပထမဆုံး သွားသင့်တယ်၊ ချန်ကျောင်းတော်၊ ကျယ်ကျောင်းတော်၊ ရွမ်လိန့်ကျောင်းတော်နဲ့ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာနဲ့ ကောင်းကင်ဘုံတွေကို အရင်ဆုံး စောင့်ကြပ်မယ်၊ ကပ်ဘေးမျိုးနွယ်စုက ပထမခြေလှမ်းပဲ ရှိသေးတယ်လို့ ငါ သံသယဝင်မိတယ်၊ အဲဒီတည်ရှိမှုတွေက ဒီလောက်ပဲ အကြံအစည်ထုတ်နိုင်မယ် မထင်ဘူး၊ နောက်ပြီး အဲဒီတည်ရှိမှုတွေက သူတို့ နယ်ရုပ်တွေကို တစ်ခါတည်း ထုတ်မှာ မဟုတ်ဘူး”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ နွီဝါက သူတို့လက်ထဲကနေ သေချင်ယောင်ဆောင်ပြီး လွတ်မြောက်သွားတာကြောင့် တာအိုပညာရှိတွေဟာ နွီဝါကို လျှော့မတွက်ရဲပါဘူး။ ဖန်းလျန်ကလည်း ဘာကန့်ကွက်မှုမှ မရှိပါဘူး “ကျွန်တော် ချက်ချင်း စီစဉ်လိုက်မယ်”
ဖန်းလျန်ဟာ ရှန်စစ်သူကြီးကို အသံလွှင့်ပြီး ကောင်းကင်တာအိုဂိုဏ်းရဲ့ တပည့်တွေကို စုစည်းခိုင်းလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဧကရာဇ်ရှောင်ဘက် လှည့်ပြီး မေးလိုက်ပါတယ် “မိစ္ဆာမျိုးနွယ်စုကို လွှဲယူထားတာ အခြေအနေ ဘယ်လိုရှိလဲ”
ဧကရာဇ်ရှောင်က ပြန်ဖြေပါတယ် “သူတို့တွေ ပမာဏတစ်ခုအထိ ရောက်နေပြီ၊ အချိန်မရွေး စစ်ပွဲထဲဝင်နိုင်တယ်၊ ဒီငရဲပြည်ခံစစ်တိုက်ပွဲမှာ သူတို့အရည်အချင်းကို စစ်ဆေးလို့ရတယ်”
မိစ္ဆာတွေဟာ ကောင်းကင်တာအို၊ ကောင်းကင်တာအိုငယ်လေးနဲ့ ပဋိပက္ခနက် စတဲ့နေရာမျိုးစုံမှာ အသီးသီး ပြန့်ကျဲနေပါတယ်။ သူတို့တွေက အပျံ့နှံ့ဆုံး မျိုးနွယ်စုဆိုရင် မမှားပါဘူး။ ရှေးပျက်သုဉ်းနယ်မြေမှာတောင် မိစ္ဆာဘိုးဘေးနဲ့ လောကဦး မိစ္ဆာမျိုးနွယ်စုကို ဖိနှိပ်ထားပါတယ်။
ဧကရာဇ်ရှောင်ဟာ အရင်တုန်းက ကောင်းကင်တာအိုထဲမှာ အခွင့်အာဏာ မရှိခဲ့ပါဘူး။ အဓိကက ဖိနှိပ်ခံထားရတဲ့ မိစ္ဆာတွေကို ထိန်းချုပ်ဖို့ ဂိုဏ်းမရှိတာပါ။ အခု မိစ္ဆာတွေ ပြန်ပေါ်လာဖို့ အခွင့်အရေး ရခဲ့ပါပြီ။ ငရဲပြည်ခံစစ်တိုက်ပွဲမှာ ကောင်းကင်တာအို ကုသိုလ်ကံကို ရရှိပြီး ကောင်းကင်အရှင်ရွှမ်တုရဲ့ လုပ်ဆောင်မှုနဲ့ ဆိုရင် မိစ္ဆာတွေက တစ်ကျော့ပြန်ပြီး အင်အားကြီးလာနိုင်ပါတယ်။
တာအိုပညာရှိတွေထဲမှာ လီတောက်ခုံးနဲ့ ရှီတုတောက်ကလွဲရင် ကျန်တဲ့တာအိုပညာရှိအားလုံးဟာ ကိုယ်ပိုင်အင်အားစုတွေ ရှိကြပါတယ်။ ကောင်းကင်အရှင်ဝူဖာရဲ့ ဝူဖာဂိုဏ်းတောင် အတော်ကြီးမား ကျယ်ပြန့်ပြီး တခြားတာအိုပညာရှိ ဂိုဏ်းတွေထက် မနိမ့်ကျပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ စီစဉ်မှုကို နားထောင်ပြီး ဘာမှဝင်မပြောပါဘူး။ ကောင်းကင်အရှင်ရွှမ်တုက တိတ်ဆိတ်ဂိုဏ်းကို ဂရုစိုက်တာ သိသာထင်ရှားပါတယ်။ ဒါပေမဲ့ ဘယ်တာအိုပညာရှိကမှ မကန့်ကွက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ဂိုဏ်းက ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို မခံစားတဲ့အပြင် ဟန်ကျွယ်ကလည်း ကောင်းကင်တာအိုကို ထပ်ခါထပ်ခါ ကာကွယ်ခဲ့လို့ပါပဲ။ ဒါကြောင့် တာအိုပညာရှိတွေက ဟန်ကျွယ်ကို မျက်နှာသာပေးတာ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိတာအိုပညာရှိတွေထဲမှာ တစ်ဝက်က ဟန်ကျွယ်လူတွေပါ။
ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ လောကဦး ကောင်းကင်ထောင်ရဲ့ ကျွန်ပြုမှုကြောင့် ဟန်ကျွယ်စကားကို တစ်သဝေမတိမ်း နားထောင်ပါတယ်။ ဖန်းလျန်နဲ့ လီတောက်ခုံးကလည်း တိတ်ဆိတ်ဂိုဏ်းကနေ ထွက်လာတာပါ။ ကောင်းကင်ရှင်ရွှမ်တုကလည်း ဟန်ကျွယ်နဲ့ ရင်းနှီးပါတယ်။ ရှီတုတောက်၊ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဧကရာဇ်ရှောင်သာ ကျန်ပါတော့တယ်။ ရှီတုတောက်ကလည်း ဟန်ကျွယ်ရဲ့ လူပါပဲ။ အမှောင်သခင်ကြီးကို ဟန်ကျွယ်မှန်း မသိရုံတင်ပါ။ တောင်ဘက်စွန်း ကောင်းကင်အရှင်ကတော့ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ အရမ်း ရင်းနှီးပါတယ်။
တခြားစကားနဲ့ ပြောရရင် ဟန်ကျွယ်ကို ငြင်းဆန်နိုင်တာ ဧကရာဇ်ရှောင်ပဲ ရှိပါတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ယောက်တည်းလုပ်ဖို့ ခက်ပါတယ်။ ကောင်းကင်တာအိုကို နောက်ကွယ်ကနေ ထိန်းချုပ်ထားနိုင်တဲ့ ခံစားချက်က တော်တော်လေးကို အရသာရှိပါတယ်။ တိုက်ပွဲအစီအစဉ်ကို ဆွေးနွေးပြီးတဲ့နောက် တာအိုပညာရှိတွေဟာ လူစုခွဲလိုက်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို တားလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ဒီတစ်ကြိမ် လွတ်လပ်တာအိုပညာရှိ ပေါ်လာရင် တာအိုရောင်းရင်းဟန် ကူညီမှပဲ ရလိမ့်မယ်၊ ဘိုးဘေးရှီတျန်က ဒီနေရာမှာ မရှိဘူး” ကောင်းကင်အရှင်ရွှမ်တုက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။
“ဒီတိုက်ခိုက်မှုမှာ မဟာတာအိုပညာရှိ ပါလား”
“မပါဘူး၊ ငါ့ဆရာသခင် ပြောတာတော့ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ မဟာတာအို ပညာရှိ အကုန်လုံး ရှေးပျက်သုဉ်းနယ်မြေကိုသွားပြီး ဖိနှိပ်ကြတယ်တဲ့၊ ဒီကိစ္စက အရမ်းအရေးကြီးတော့ ဘယ်မဟာတာအိုပညာရှိမှ မပျက်ကွက်ရဲဘူး”
ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားဟာ ဟန်ကျွယ်ကို သက်ပြင်းချသွားစေပါတယ်။
‘ဒီကောင်တွေက မဟာတာအိုပညာရှိ မရှိဘဲ ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲတာလဲ၊ တစ်ယောက်ချင်း လာအသေခံတာလား...’ ဟန်ကျွယ်ဟာ ထပ်တွေးကြည့်လိုက်ပါတယ် ‘သူတို့ဘက်ကကြည့်ရင် ငါ ပြိုင်ဘက်ကင်းတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ယုံမှာလဲ၊ ကြည့်ရတာ ဒီတစ်ခါ လွတ်လပ် တာအိုပညာရှိက အမှောင်ဘုရင် တာအိုပညာရှိထက် စွမ်းအားပိုကြီးမဲ့ပုံပဲ၊ မဟာတာအို ပညာရှိအဆင့်နဲ့တောင် တော်တော်လေး နီးကပ်လောက်တယ်’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ သူတို့ကို ရင်ဆိုင်နိုင်ရင် ရင်ဆိုင်မယ်၊ မရင်ဆိုင်နိုင်ရင်တော့ ကောင်းကင်တာအိုထဲမှာပဲ နေမယ်၊ အများဆုံး သူတို့အချိန်ကို ဖြုန်းပြီး ဘိုးဘေးရှီတျန် ပြန်လာတာကို စောင့်ကြတာပေါ့”
ကောင်းကင်အရှင်ရွှမ်တုက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်ရဲ့ တာအိုစက်ကွင်းက ကောင်းကင်တာအိုထဲမှာပဲ၊ တာအိုရောင်းရင်းဟန် ဘယ်လိုလုပ်ပြီး ကောင်းကင်တာအိုထဲမှာ နေနိုင်တာလဲ၊ ကောင်းကင်တာအိုထဲမှာရော တိုက်ခိုက်နိုင်လား...”
“ဟီးဟီး... ခင်ဗျား အတွေးလွန်နေပြီ၊ တကယ်လို့ အဲဒီလိုသာဆိုရင် ကျုပ်က မီးလျှံမျိုးနွယ်စုကို ကိုယ့်ဘာသာ ဖျက်ဆီးလိုက်မှာပေါ့၊ ကျုပ်က လျှို့ဝှက်ပညာရပ်ကိုသုံးပြီး ကောင်းကင်တာအိုထဲမှာ သီးသန့်အာကာသတစ်ခု ဖန်တီးထားတာ၊ ပြီးတော့ ကောင်းကင်တာအိုရဲ့ ကာကွယ်မှု ငှားထားလိုက်တယ်၊ အင်မော်တယ်ကမ္ဘာကို ကျုပ်ရဲ့ ခန္ဓာစစ်နဲ့ လျှောက်သွားလို့မရဘူး” ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ ထောင်ချောက်ထဲ အကျမခံပါဘူး။ မဟုတ်ရင် တော်တော်ကို ပင်ပင်ပန်းပန်း အလုပ်ရမှာပါ။
“ဒါလည်း ဟုတ်တာပဲ၊ တာအိုဘိုးဘေးတောင် အင်မော်တယ်ကမ္ဘာထဲမှာ လျှောက်သွားနိုင်တာ မဟုတ်ဘူး”
စကားနည်းနည်း ပါးပါး ထပ်ပြောပြီးမှ ဟန်ကျွယ်ဟာ စကြဝဠာခန်းမထဲကနေ ထွက်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ထွက်ခွာသွားတဲ့ အရပ်ကို ကြည့်ပြီး မျက်လုံးလှုပ်သွားပါတယ်။
တာအိုဘုံကျောင်းကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ အနာဂတ်ကို တွက်ချက်ကြည့်လိုက်ပါတယ် “ဒီကပ်ဘေးမှာ ကောင်းကင်တာအို ရင်ဆိုင်ရမဲ့ အစွမ်းအထက်ဆုံး ရန်သူက ဘယ်သူလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နတ်ဒေါင်းအရှင်: လွတ်လပ် တာအိုပညာရှိ၊ ထိပ်ဆုံးအဆင့်၊ အနန္တဧကရာဇ်၊ နတ်ဆိုးသူတော်စင်၊ မဟာတာအို ဆန်းကြယ်စွမ်းအား အမွေခံ။]
‘တကယ်ပဲ လွတ်လပ် တာအိုပညာရှိ ထိပ်ဆုံးအဆင့်ပါလား...’ ဒါပေမဲ့ ဟန်ကျွယ်ဟာ မကြောက်ပါဘူး။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ လွတ်လပ်မှု လောကဦး ပဋိပက္ခ အလယ်အဆင့်ကို ရောက်နေပြီ ဖြစ်တာကြောင့် လွတ်လပ်မှု လောကဦး ပဋိပက္ခ ထိပ်ဆုံးအဆင့်မှာရှိတဲ့ ရန်သူကို အနိုင်ယူဖို့ ယုံကြည်ချက် ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီနတ်ဒေါင်းအရှင်ကို တစ်ချက်တည်း မသတ်နိုင်ဘူးဆိုရင် လှုပ်ရှားဖို့ အစီအစဉ် မရှိပါဘူး။ မဟုတ်ရင် အရမ်းအန္တရာယ်များပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိတွေ အကုန်လုံးက ရှေးပျက်သုဉ်းနယ်မြေကို ဖိနှိပ်ဖို့ အာရုံစိုက်လိမ့်မယ်လို့ မယုံပါဘူး။ တကယ်လို့ ကိုယ်ပွားတစ်ခု စေလွှတ်ခဲ့မယ်ဆိုရင်တောင် ဟန်ကျွယ်အတွက် တော်တော်လေး အန္တရာယ်များမှာပါ။
‘ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ရမယ်’
ဟန်ကျွယ်ဟာ မျက်စိမှိတ်လိုက်ပြီး လွတ်လပ် တာအိုပညာရှိ နောက်ဆုံးအဆင့်ကို ရောက်ဖို့ ကြိုးစားကျင့်ကြံပါတယ်။ နောက်ဆုံးအဆင့်ကို ရောက်ရင် ထိပ်ဆုံးအဆင့်နဲ့ သိပ်ဝေးတော့မှာ မဟုတ်ပါဘူး။ ထိပ်ဆုံးအဆင့်ကို ရောက်ရင်လည်း မဟာတာအိုပညာရှိ ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့မှာပါ။
အမှောင်တားမြစ်နယ်မြေထဲမှာ အတိုင်းမသိတဲ့ မြူခိုးတွေဟာ အာကာသထဲ ပြည့်နှက်နေပါတယ်။ ဒီမြူခိုးတွေထဲမှာ မရေမတွက်နိုင်တဲ့ သက်ရှိတွေ ပုန်းအောင်းနေကြပါတယ်။ သူတို့ရဲ့ ကိုယ်ဟန်တွေက ကွဲပြားခြားနားပြီး အကုန်လုံးမှာ တူညီတဲ့အချက်တစ်ချက်ကတော့ ရှေးဟောင်းသားရဲကြမ်းတွေလို ရုပ်ဆိုးတာပါ။
ကျားရဲနဲ့တူတဲ့ ဧရာမသားရဲ ကိုးကောင်ကို ချိန်းကြိုးတွေနဲ့ ရစ်ပတ်ထားပါတယ်။ ဒီချိန်းကြိုးတွေရဲ့ တခြားတစ်ဖက် အစွန်းမှာတော့ ကြီးမားပြီး ခမ်းနားထည်ဝါတဲ့ မြို့တစ်မြို့ ရှိနေပါတယ်။ ဒီမြို့က နက်မှောင်ပြီး ရက်စက်ယုတ်မာတဲ့ အသွင်အပြင် ရှိပါတယ်။ မြို့ရဲ့ အမြင့်ဆုံး အဆောက်အဦးထက်မှာတော့ အသွင်ပြောင်းထားတဲ့ ရုပ်သွင် ဒါဇင်ကျော် မတ်တတ်ရပ်နေကြပါတယ်။
ခေါင်းဆောင်က အမျိုးသမီးတစ်ယောက် ဖြစ်ပြီး အနက်ရောင် ချပ်ဝတ်နဲ့ နဂါးအရိုးသရဖူကို ဆောင်းထားပါတယ်။ ရုပ်ရည်က ချောမောလှပပေမဲ့ သူမရဲ့ ဘယ်မျက်နှာကို ကြေးခွံနက်တွေ ဖုံးနေတာကြောင့် ရက်စက်တဲ့အသွင်အပြင် ရှိနေပါတယ်။ ဒီအမျိုးသမီးဟာ ရှေ့ကို လှမ်းကြည့်ပြီး မေးလိုက်ပါတယ် “နတ်ဒေါင်းအရှင်က ဘယ်တော့ ရောက်လာမှာလဲ”
ဘေးမှာရှိတဲ့ ဝတ်ရုံနက် အမျိုးသားက ပြန်ဖြေပါတယ် “နတ်ဒေါင်းအရှင်က လာနေပြီ၊ အမှောင်တားမြစ်နယ်မြေရဲ့ ကောင်းကင်ရုံးတော်ကြောင့် ကြာနေတာ၊ အချိန်နည်းနည်းတော့ ယူရလိမ့်မယ်”
အနက်ရောင် ချပ်ဝတ်နဲ့ အမျိုးသမီးဟာ မျက်မှောင် ကြုတ်သွားပါတယ်။ ဒီအချိန်မှာပဲ အမျိုးသမီးရဲ့ဘေးမှာ အနက်ရောင် မီးခိုးလုံးတစ်လုံး ပေါ်လာပြီး ရုပ်သွင်တစ်ခု ထွက်လာပါတယ် “ဦးစီး... သူက ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် စက်ဝန်းထဲမှာ ပြန်လည်မွေးဖွားပြီးပြီ၊ သူက အချိန်မရွေး တိုက်ခိုက်လို့ ရနေပြီ”
အနက်ရောင် ချပ်ဝတ်နဲ့ အမျိုးသမီးဟာ အတွေးနက်သွားပါတယ်။ အတန်ကြာတဲ့အခါမှာတော့... “ယင်ယင် အစီအမံကို အသက်သွင်းပြီး ကောင်းကင်တာအို ငရဲပြည်ရဲ့ အရံအတားကို ဥမင်ဖောက်လိုက်တော့၊ ဥမင်ပွင့်တာနဲ့ မျိုးနွယ်စုတစ်ခုလုံး အတင်းချီတက်ပြီး ငရဲပြည်ကို အမြန်ဆုံး နေရာယူရမယ်၊ ငါ့အမိန့်မရှိဘဲ သက်ရှိတွေရဲ့ လောကကို မကျူးကျော်နဲ့” အနက်ရောင် ချပ်ဝတ်နဲ့ အမျိုးသမီးက အမိန့်ပေးလိုက်ပါတယ်။
သူ့နောက်မှာရှိတဲ့ ကပ်ဘေးမျိုးနွယ်စုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တညီတညွတ်တည်း သဘောတူကြပါတယ်။ မကြာခင်မှာပဲ အတိုင်းမသိ မြူခိုးတွေထဲမှာ သားရဲကြမ်းတွေရဲ့ ဟိန်းဟောက်သံတွေ ဆူညံသွားပြီး တံပိုး ခရာသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။
ငရဲပြည်၊ နွေဦးဝါရဲ့ အဆုံးမှာ မရေမတွက်နိုင်အောင် များပြားလှတဲ့ အင်မော်တယ်တွေနဲ့ သရဲတွေဟာ နွေဦးဝါရဲ့ တစ်ဖက်တစ်ချက်မှာ ရပ်နေကြပါတယ်။ နတ်အလင်းရောင်တွေ တောက်ပနေတဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးဝါအဆုံးက အမှောင်ထုမှာ အာကာသ နိယာမတွေ မတည်မငြိမ် ဖြစ်သွားလို့ပါပဲ။
“ဝုန်း...”
အာကာသ နိယာမှ ကွဲကြေပြီး ကြောက်မက်ဖွယ် အနီရောင် အလင်းတိုင်ဟာ နွေဦးဝါကို လှိုင်းထစေပြီး ငရဲပြည်ရဲ့ အတွင်းပိုင်းထဲကို ပြေးဝင်သွားပါတယ်။ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ချက်ချင်းပဲ တိုက်ခိုက်လိုက်ပါတယ်။ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး အနီရောင်အလင်းတိုင်ကို ဟန့်တားပါတယ်။
အာကာသ အပေါက်ကနေ ကြောက်မက်ဖွယ်ရောင်ဝါ လျှံထွက်လာပြီး ပေတစ်သောင်းကျော် မြင့်မားတဲ့ ဧရာမဘီလူးက ပထမဆုံး ထွက်ပေါ်လာပါတယ်။ ဒီဘီလူးက တစ်ကိုယ်လုံး အသားတွေနဲ့ချည်း လုပ်ထားသလား ထင်မှတ်ရပြီး ကြောက်မက်ဖွယ် ရောင်ဝါ ရှိပါတယ်။
မြန်မာပြည် ငြမ်းချမ်းပါစေ။