← Chapters

အမှောင်သခင်ကြီးအား စိန်ခေါ်ခြင်း

Vol. 61 Ch. 658

အမှောင်သခင်ကြီးအား စိန်ခေါ်ခြင်း

Vol. 61 Ch. 658

‘ကံပုတီး... မဟာတာအို အကောင်းစား ရတနာ...’ ဟန်ကျွယ်ဟာ အခြေအနေကို သဘောပေါက်သွားပါတယ် ‘အဆုံးသတ် အပျက်အစီး နတ်ဘုံက အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို မကြောက်ဘဲ ကောင်းကင်တာအိုကို ကျူးကျော်ရဲတာ ဒါကြောင့်ကိုး...’

‘ဒါဆို ဒီကောင်က ပြင်ဆင်ထားပြီးပြီပဲ၊ ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိဆီမှာတောင် ဒီလိုမျိုး အကောင်းစား ရတနာ မရှိတာ ဘယ်လိုလုပ်ပြီး နတ်ဒေါင်းအရှင်ဆီမှာ ရှိနေရတာလဲ၊ ဒီကောင်နောက်မှာ စွမ်းအားပိုကြီးတဲ့ နောက်ခံ ရှိနေတာလား...’

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တွက်ချက်လိုက်ပါတယ်။

[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[လောကဦး ကောင်းကင်အရှင်သခင်: မဟာတာအိုပညာရှိ၊ အနန္တဧကရာဇ်၊ ချန်ကျောင်းတော် တည်ထောင်သူ။ အမှောင်ဘုရင် တာအိုပညာရှိ ကောင်းကင်တာအိုကို ဖျက်ဆီးခြင်းမှ သင် ဟန့်တားလိုက်သဖြင့် လောကဦး ကောင်းကင်အရှင်သခင်သည် သင့်အား မုန်းတီးသွားသည်။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]

‘ဒီကောင်ကိုး...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ပိုပြီးတော့ နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။ ကံပုတီးက လောကဦး ကောင်းကင်အရှင်သခင်အတွက် ပိုလို့တောင် တန်ဖိုးကြီးဦးမှာပါ။ ဒီလိုရတနာမျိုးက လောကဦး ကောင်းကင်အရှင်သခင်က နတ်ဒေါင်းအရှင်ကို ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။

ဒီကံပုတီးက နတ်ဒေါင်းအရှင်ရဲ့ ဓမ္မရတနာ ဖြစ်နိုင်ပါတယ်။ ဒီလို ဓမ္မရတနာမျိုးကို ထိန်းချုပ်နိုင်ပြီး မဟာတာအိုပညာရှိတွေ မလုယူနိုင်အောင် ကာကွယ်နိုင်တာက နတ်ဒေါင်းအရှင်မှာ အရည်အချင်းတစ်ခုခု ရှိနေတာကြောင့် ဖြစ်ပါလိမ့်မယ်။

ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို စမ်းသပ်ချင်တဲ့အတွက် အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး နတ်ဒေါင်းအရှင်ကို အိပ်မက်ထဲ ဆွဲထည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အမှောင်သခင်ကြီး မျက်နှာနဲ့ တွေ့ဆုံပါတယ်။ အိပ်မက်နယ်မြေကတော့ နွေဦးဝါ အထက်မှာပါ။

နှစ်ယောက်စလုံး လေပေါ်မှာ ရပ်နေပြီး နတ်ဒေါင်းအရှင်ဟာ အဝတ်အစား အကောင်းစားတွေ ဝတ်ဆင်ထားပါတယ်။ နတ်‌ဒေါင်းအရှင်ဟာ‌ ရုပ်ရည်ချောမောပြီး ဒေါင်းပုံစံရှိတဲ့ သရဖူကို ဆောင်းထားပါတယ်။ နတ်ဒေါင်းအရှင်ဟာ ရုပ်ရည်ချောမောသလို စိုးမိုးခြယ်လှယ်နိုင်စွမ်းလည်း ရှိပါတယ်။ အထူးသဖြင့် သူ့မျက်လုံးတွေက စူးရှပြီး အေးစက်နေပါတယ်။

နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ၊ တကယ်ကောင်းတဲ့ ဆန်းကြယ်စွမ်းအားပဲ၊ ငါ့ကို တစ်ခါတည်း အိပ်မက်ထဲ ဆွဲသွင်းနိုင်တယ်၊ ငါ ဘာကိုမှ အာရုံမခံမိဘူး”

ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် “မင်းကလည်း အထင်ကြီးဖို့ ကောင်းပါတယ်၊ ကျိန်စာကို ဟန့်တားနိုင်တဲ့ အကောင်းစား ရတနာ ရှိနေတယ်” နတ်ဒေါင်းအရှင်ဟာ မျက်လုံးကျဉ်းသွားပြီး အံ့ဩတကြီး ပြောလိုက်ပါတယ် “အမှောင်သခင်ကြီး...”

ဟန်ကျွယ်ဟာ မငြင်းပါဘူး။ ဟန်ကျွယ်ဟာ သူ့ကဒ်တွေကို ပြချင်တာလည်း ပါပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ရဲ့ သတင်းအချက်အလက်ထဲမှာ ချန်ကျောင်းတော်ဆိုတဲ့ စကားလုံး မပါတာကို သတိထားမိပါတယ်။ နောက်ပြီး သူ့ဆီမှာ လောကဦး ကောင်းကင်အရှင်သခင်ဆီမှာတောင် မရှိတဲ့ အကောင်းစား ရတနာ ရှိနေပါတယ်။ ဒါကြောင့် နတ်ဒေါင်းအရှင်က ကောင်းကင်တာအိုကို တိုက်ခိုက်ဖို့ ဖိတ်ခေါ်ခံရတာ ဖြစ်နိုင်ပါတယ်။

“ငါ မင်းကို အရမ်းစိတ်ဝင်စားတယ်၊ မင်းက ပဋိပက္ခနတ်မင်းကိုတောင် သေအောင် ကျိန်စာတိုက်နိုင်တယ်၊ မင်းပေါ်လာတာက ပဋိပက္ခရဲ့ ကြာရှည်လှပြီဖြစ်တဲ့ တည်ငြိမ်မှုကို ချိုးဖျက်လိုက်တာပဲ၊ ထွက်လာပြီး ငါနဲ့ တိုက်ခိုက်စမ်းပါ” နတ်ဒေါင်းအရှင်က ပြင်းပြတဲ့အကြည့်နဲ့ စိန်ခေါ်လိုက်ပါတယ်။

ဟန်ကျွယ်က စနောက်လိုက်ပါတယ် “မင်း ပဋိပက္ခနတ်မင်းကို ယှဉ်နိုင်လား”

“မယှဉ်နိုင်ဘူး၊ ငါ ရှုံးသွားတယ်”

“ဒါဆို ဘာဖြစ်လို့ ငါ့ကို စိန်ခေါ်ရဲတာလဲ”

“ငါက ထိပ်သီးကျင့်ကြံသူတွေကို စိန်ခေါ်ရတာ ကြိုက်တယ်” နတ်ဒေါင်းအရှင်ရဲ့ မျက်လုံးအစုံဟာ ပြင်းပြတဲ့ဆန္ဒတွေ တောက်လောင်သွားပြီး သူ့ရဲ့ စွမ်းအားကြီး ရောင်ဝါကလည်း ပေါက်ကွဲ ထွက်လာတာကြောင့် အိပ်မက်နယ်မြေကို ပြင်းထန်စွာ ရွဲ့လိမ်သွားစေပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာဖြစ်လို့ လောကဦး ကောင်းကင်အရှင်သခင် အတွက် အလုပ်လုပ်ပေးနေတာလဲ”

“ငါက သူ့အတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ဘူး၊ ငါက ကောင်းကင်တာအိုရဲ့ ဒဏ်ရာကို ဆားဖြူးချင်ရုံပဲ”

‘ဒဏ်ရာကို ဆားဖြူးချင်တယ်’ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်က ဒီလောက်လွယ်လွယ်ကူကူ ဝန်ခံလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

နတ်ဒေါင်းအရှင်က သရော်ပြုံးပြုံးလိုက်ပါတယ် “ပဋိပက္ခမှာရှိတဲ့ သက်ရှိတွေက ကောင်းကင်တာအိုကနေပဲ လာခဲ့တာ၊ ငါလည်း အတူတူပဲ၊ ဒါပေမဲ့ တာအိုဘိုးဘေး တာအိုကို ရယူပြီးတဲ့အခါ သူက ကောင်းကင်တာအိုနဲ့ တာအိုပညာရှိနေရာတွေကို မောင်ပိုင်စီးလိုက်တယ်၊ တာအိုပညာရှိ အကုန်လုံးက သူ့တပည့်တွေချည်းပဲ၊ နောက်တာအိုပညာရှိတွေကိုလည်း တာအိုဂိုဏ်းကပဲ ဆက်ခံတယ်၊ သက်ရှိတွေမှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းနဲ့ ကြောက်ခမန်းလိလိ ကံတရား အထောက်အပံ့ရှိရင်တောင် တာအိုဘိုးဘေး ဖိနှိပ်တာကို ခံရတာပဲ”

“တာအိုဘိုးဘေး တာအိုနဲ့ ပေါင်းစပ်ပြီးတဲ့အခါ သူက ကောင်းကင်တာအိုနဲ့ တန်းတူ ဖြစ်သွားတယ်၊ သူက ကောင်းကင်တာအို အနန္တကပ်ဘေးကို အသုံးပြုပြီး ငါတို့လို တာအိုပညာရှိအတုတွေကို ကောင်းကင်တာအိုကနေ နှင်ထုတ်လိုက်တယ်၊ ငါတို့တွေက ပဋိပက္ခမှာ ရှင်သန်နိုင်ဖို့ အတော်ကြိုးစား ရုန်းကန်ခဲ့ရတယ်၊ သူက ကောင်းကင်တာအိုကို ဒီလိုထိန်းချုပ်ပြီး တာအိုဂိုဏ်းလက်ထဲကနေ လွတ်မသွားအောင် လုပ်ထားခဲ့တယ်၊ အချိန်တွေ ကြာလာတာနဲ့ တာအိုပညာရှိတွေက မကျေမနပ် ဖြစ်လာတယ်၊ ငါတို့တွေက တာအိုဘိုးဘေးရဲ့ သင်ကြားမှုကို ကျေးဇူးတင်တယ်ဆိုပေမဲ့ သူ့ဆီမှာ ထာဝရတော့ အလုပ်အကျွေး မပြုနိုင်ဘူး”

“ငါ ကောင်းကင်တာအိုကို ဖျက်ဆီးချင်တာက ကောင်းကင်တာအိုအသစ်ကို ဖန်တီးချင်လို့ပဲ၊ လောကဦး ကောင်းကင်အရှင်သခင်က ငါလက်ခံလာအောင် ပြောနိုင်လို့ ငါ ဒီကို ရောက်လာတာ၊ သူ ငါ့ဆီ လာတာကလည်း ငါက ကျိန်စာတွေကို မကြောက်ဘူးဆိုတာ သိလို့ပဲ” နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး သူ့မျက်လုံးတွေက ပိုပိုစိတ်လှုပ်ရှားလာပါတယ်။

ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ရဲ့ အကြည့်ကို မခံနိုင်ပါဘူး။ နတ်‌ဒေါင်းအရှင်က သူ့ကိုယ်သူ ယုံကြည်မှု ရှိလွန်းနေပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ရဲ့ စကားကနေ တာအိုဘိုးဘေးကို တခြားရှုထောင့်ကနေ နားလည်လိုက်ပါတယ်။ တာအိုဘိုးဘေးက နည်းနည်းဗိုလ်ကျလွန်းပါတယ်။

ဟန်ကျွယ်သာ တာအိုဘိုးဘေးကို ထာဝရမမီနိုင်တဲ့ အဲဒီတာအိုပညာရှိတွေထဲက တစ်ပါးဖြစ်ခဲ့မယ်ဆိုရင် လုံးဝ သည်းခံနိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းကို တွေးမိလိုက်ပါတယ်။ တာအိုဘိုးဘေး သစ္စာဖောက်သွားတာက သတိထားဖို့ လိုပါတယ်။ ကံကောင်းထောက်မစွာပဲ တိတ်ဆိတ်ဂိုဏ်းမှာ တပည့်တွေ တိုက်ခိုက်ဖို့အတွက် နယ်မြေလည်း မရှိသလို အကျိုးအမြတ်လည်း မရှိပါဘူး။ တာအိုဘို‌ဘေးထက်စာရင် ဟန်ကျွယ်ဟာ အာဏာကို မတပ်မက်ပါဘူး။ ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ဝိုင်းကူညီဖို့ ပြောခဲ့သလို သူတို့ရဲ့ တိုးတက်မှုကိုလည်း ကန့်သတ်မထားပါဘူး။

နတ်ဒေါင်းအရှင် နှာမှုတ်သံ ပြုလိုက်ပါတယ် “အမှောင်သခင်ကြီး... လာ တိုက်စမ်းပါ၊ ဘယ်သူက ပိုအစွမ်းထက်လဲဆိုတာ ကြည့်ရအောင်”

“ငါတို့ရဲ့ ကျင့်ကြံမှုက ကွာခြားလွန်းတယ်၊ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ မင်းက ငါ့မျက်နှာမြင်ဖို့တောင် မတန်ဘူး”

“ဒါဆို ဘာဖြစ်လို့ ငါ့အိပ်မက်ထဲကို လာလည်တာလဲ” နတ်ဒေါင်းအရှင်က သရော်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ရဲ့ မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်ပါတယ် “မင်း ဘာကို လေ့လာလိုက်စားလဲ” ဟန်ကျွယ်ရဲ့ လက်ထဲမှာ မဟာတာအို ခရမ်းရောင်ချီ ရှိနေသလို လူတစ်ယောက်ကိုလည်း ပဋိပက္ခနတ်ဘီလူး ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ အရင်းအနှီးပါ။

နတ်ဒေါင်းအရှင်ဟာ လှောင်ပြုံးပြုံးလိုက်ပါတယ် “မင်းက ငါ့ကို အညံ့ခံစေချင်တာလား”

“မဖြစ်နိုင်လို့လား”

“ငါ့ကို အညံ့ခံစေချင်တဲ့ လူတွေ အများကြီးပဲ၊ အတိတ်မှာတုန်းက တာအိုဘိုးဘေးတောင် ငါ့ကို စည်းရုံးခဲ့တယ်၊ ဒါပေမဲ့ ငါ သူ့ကို ငြင်းလိုက်တယ်၊ ဒီအကြောင်းကြောင့်လည်း ငါ အခုထက်ထိ မဟာတာအိုကို ရယူဖို့ အခွင့်အရေး မရသေးတာ”

“ငါမင်းကို မဟာတာအိုရအောင် ကူညီပေးနိုင်တယ် ဆိုရင်ရော...”

နတ်ဒေါင်းအရှင်ရဲ့ သ‌ရော်ပြုံးဟာ အေးခဲသွားပါတယ်။ ဟန်ကျွယ်ရဲ့ စကားက နတ်ဒေါင်းအရှင်ကို လုံးဝ ကြက်သေသေသွားစေပါတယ်။ ဟန်ကျွယ်ဟာ အလျင်မလိုတဲ့အတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။

ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ရဲ့ သတင်းအချက်အလက်ကို ထပ်ပြီးတော့ စစ်ဆေးလိုက်ပါတယ်။

[နတ်ဒေါင်းအရှင်: လွတ်လပ် တာအိုပညာရှိ၊ ထိပ်ဆုံးအဆင့်၊ အနန္တဧကရာဇ်၊ နတ်ဆိုးသူတော်စင်၊ မဟာတာအို ဆန်းကြယ်စွမ်းအား အမွေခံ။]

‘မဟာတာအို ဆန်းကြယ်စွမ်းအား အမွေခံ... မဟုတ်မှလွဲရော သူက နတ်ဘုရားရွေးချယ်ပွဲထဲက ခုန်ရွှမ်လား... သူ့ရဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားက ငါးရောင်ခြယ် နတ်စွမ်းအားများလား... နတ်ဘုရား ရွေးချယ်ပွဲထဲမှာ ခုန်ရွှမ်က ငါးရောင်ခြယ် နတ်စွမ်းအားနဲ့ တာအိုပညာရှိတွေကိုတောင် အနိုင်ယူနိုင်ခဲ့တာပဲ’

“ဟမ်... ငါ့ကို အရင်ဆုံး အနိုင်ယူဦး၊ ငါ့အရည်အချင်းကို သက်သေပြနိုင်တယ်”

အိပ်မက်နယ်မြေဟာ မှန်တစ်ချပ်လို ကွဲကြေသွားပါတယ်။ နတ်ဒေါင်းအရှင်ဟာ အိပ်မက်နယ်မြေကို အတင်းချိုးဖျက်လိုက်ပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

[နတ်ဒေါင်းအရှင်သည် သင့်အား အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ နတ်‌ဒေါင်းအရှင်က ‌ဒေါသထွက်သွားတယ်လို့ ထင်နေခဲ့တာပါ။ နတ်ဒေါင်းအရှင်က သူ့အပေါ်ကို အကောင်းမြင်စိတ် ရှိသွားလိမ့်မယ်လို့ ထင်မှတ်မထားခဲ့ပါဘူး။

‘ဒါက သူ့ရဲ့ မာနလား...’

ဟန်ကျွယ်ဟာ ချက်ချင်းကြီး အပြင်ထွက်ပြီး နတ်ဒေါင်းအရှင်ကို စိန်မခေါ်ပါဘူး။ ဒီလိုလုပ်ရင် သူ အမှောင်သခင်ကြီးဆိုတာ ပေါ်သွားနိုင်ပါတယ်။

ဟန်ကျွယ်ဟာ အိပ်မက်ထဲကနေ နတ်ဒေါင်းအရှင်က လောကဦး ကောင်းကင်အရှင်သခင်နဲ့ အတူတူ မဟုတ်ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ သူသာ လွတ်လပ် တာအိုပညာရှိ နောက်ဆုံးအဆင့်ကို ရောက်သွားရင် နတ်ဒေါင်းအရှင်ကို တစ်ချက်တည်း သတ်နိုင်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီလောက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသေးပါတယ်။

‘မင်းက ပြိုင်ဘက်ကင်း အရည်အချင်းရှိတယ်ဆိုပြီး ပြောတယ်၊ ဒါပေမဲ့ မင်းအရည်အချင်းက လောကဦး နတ်ဘီလူးကို ယှဉ်နိုင်ပါ့မလား...’

အမှောင်တားမြစ်နယ်မြေ။

ဟန်ထော်နဲ့ ယီတျန်ဟာ ကောင်းကင်ရုံးတော် အင်မော်တယ်တစ်သောင်းနဲ့ လျင်မြန်စွာ ခရီးနှင်နေပါတယ်။ သူတို့နှစ်ယောက်ဟာ လုံးဝကို ပြောင်းလဲသွားပြီး သာမန်မျက်စိနဲ့ ကြည့်ရင်တောင် ထိပ်သီးကျင့်ကြံသူတစ်ပါးရဲ့ စိတ်ဝိညာဉ်မျိုး ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ သူတို့နှစ်ယောက်ဟာ ချပ်ဝတ်တွေကို ဝတ်ဆင်ထားပြီး သူတို့နှစ်ယောက်ရဲ့ ဝတ်ရုံတွေက အာကာသထဲမှာ တဖျပ်ဖျပ် ခတ်နေပါတယ်။

ဟန်ထော်ရဲ့ မျက်လုံးတွေဟာ စူးရှလာပါတယ် “ငါတို့တွေ ကောင်းကင်တာအိုနဲ့ နီးလာပြီ၊ အချိန်မရွေး တိုက်ပွဲဝင်နိုင်အောင် ပြင်ဆင်ကြတော့... ဘာပဲမြင်မြင် အကုန်သတ်”

ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ် တစ်သောင်းဟာ ခပ်တိုးတိုး ကတိပေးလိုက်ကြပါတယ်။ ဒီအင်မော်တယ်တွေက ကောင်းကင်တာအိုငယ်လေးတွေဆီကနေ မိစ္ဆာ ကောင်းကင်ဧကရာဇ် စုဆောင်းထားတဲ့ အင်မော်တယ်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုဟာ အနိမ့်ဆုံး မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်မှာ ရှိပြီး အလွန်သန်မာတဲ့ အုတ်မြစ်တွေ ရှိကြပါတယ်။ ဟန်ထော်နဲ့ ယီတျန်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်မှာတောင် ပြိုင်ဘက်တွေကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ထိပ်သီးကျင့်ကြံသူတွေ ဖြစ်ပါတယ်။

ယီတျန်ဟာ ရုတ်တရက်ပြုံးပြီး ပြောလိုက်ပါတယ် “ငါတို့တွေ ကောင်းကင်တာအိုကို မပြန်တာ အတော်ကြာပြီ၊ ငါတို့ အောင်မြင်ရင် ကောင်းကင်တာအိုပညာရှိတွေက ငါတို့ကို ကျေးဇူးတင်မယ်လို့ ထင်လား”

ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “မင်းတွေးတာ များနေပြီ၊ ငါတို့ ကောင်းကင်ရုံးတော်က ကပ်ဘေးမျိုးနွယ်စုရဲ့ အင်အားတချို့ကို အလုပ်ရှုပ်အောင် လုပ်ရုံပဲ၊ သိပ်ပြီးတော့ အသုံးဝင်မှာ မဟုတ်ဘူး”

ယီတျန်က တဟားဟား ရယ်မောလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ ငါတို့နောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ် ရှိနေတာပဲ၊ အရှင်မင်းကြီးက သူ့ကို ဘယ်လိုများ ဖျောင်းဖျလိုက်လဲ မသိဘူး၊ ကျွတ်..ကျွတ်... အဲဒီရောင်ဝါက တကယ်ကို ကြောက်ဖို့ကောင်းတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters