← Chapters

ပန်ကူးနဲ့ ယှဉ်နိုင်လိမ့်မယ်

Vol. 62 Ch. 667

ပန်ကူးနဲ့ ယှဉ်နိုင်လိမ့်မယ်

Vol. 62 Ch. 667

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သူ့လက်ထဲက ကွဲကြေသွားတဲ့ ရွှေကြေးမုံပြင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို ကြည့်ရင်း စိတ်ထဲမှာ မရေမရာ ဖြစ်သွားပါတယ်။‌

“ဒီရွှေကြေးမုံက ပဋိပက္ခ စိတ်ဝိညာဉ် ရတနာပဲ၊ ပဋိပက္ခ နတ်ဘီလူးကိုတောင် တွက်ချက်နိုင်တယ်၊ ဘယ်လို ကံတရားမျိုးက ဒီကြေးမုံပြင်ကို ကွဲကြေစေရတာလဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စိတ်လေးသွားပါတယ် ‘ပဋိပက္ခနတ်ဘီလူးထက် ကျော်လွန်တဲ့ ကြောက်မက်ဖွယ် တည်ရှိမှုက ဟန်ထော်ကို ပစ်မှတ်ထားနေတာလား...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ကို သူ့မြေးလို့ ဆက်ဆံတာကြောင့် ဟန်ထော် တစ်ခုခုဖြစ်မှာကို မလိုလားပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “စီနီယာ တစ်ယောက်ဆီ သွားလည်ရအောင်... ငါ့နောက်လိုက်ခဲ့”

ဟန်ထော်က စပ်စုလိုက်ပါတယ် “ဘယ်လို စီနီယာလဲ”

“ကံကြမ္မာမြစ်ရဲ့ အဆုံးမှာ ရပ်နေတဲ့ ရှေးဟောင်းနတ်ဘုရားပဲ၊ သူက တည်ရှိမှုကို ဖြတ်ကျော်ပြီး အချိန်ကနဦးကတည်းက တည်ရှိနေတာ၊ ငါတို့တွေ အဲဒီကိုရောက်ရင် ငါရဲ့ ညွှန်ကြားမှု မပါဘဲ မင်း စကားမပြောနဲ့၊ သူ့ကိုလည်း မကြည့်မိစေနဲ့”

“ဟုတ်ကဲ့ပါ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်ဝှေ့ယမ်းပြီး ဟန်ထော်နဲ့ ထွက်ခွာသွားပါတယ်။

လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်မြို့တော်။

ဟန်ယွီဟာ သူ့ခြံထဲက သစ်တစ်ပင်အောက်မှာ ထိုင်နေပါတယ်။ ဒီခြံထဲမှာ ကျင့်ကြံမှု အစီအမံ ဆယ်ခုကျော်လောက် ရှိပြီး ရှန်တျန်ချီကလည်း အလွန်ကြွယ်ဝပါတယ်။ ဟန်ယွီဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်နှာမှာလည်း စိုးရိမ်သောကတွေ ယှက်သမ်းသွားပါတယ် “ဘာတွေ ဖြစ်ပျက်နေတာလဲ” ဟန်ယွီဟာ သူ့ဘာသာ ‌ရေရွတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်း ဟန်ယွီဟာ ကပ်ဘေးတစ်ခု လာနေသလိုမျိုး မကြာမကြာဆိုသလို စိတ်ထဲမှာ တထင့်ထင့် ဖြစ်နေပါတယ်။ ဒီခံစားချက်က တော်တော်ကို နေလို့ မကောင်းတာပါ။ အရင်တုန်းက ကိစ္စမရှိခဲ့ပေမဲ့ အခုတော့ ဒီခံစားချက်က သူ့ကျင့်ကြံမှုကို သက်ရောက်လာပါပြီ။

ဒီလိုသာ ဆက်သွားမယ်ဆိုရင် ဟန်ယွီဟာ သူ စိတ်လွတ်သွားမှာကိုတောင် စိုးရိမ်လာပါတယ်။ ဟန်ယွီဟာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ယွီဟာ ပုကျိုးနတ်တောင်ထိပ်ကို ရောက်ရှိသွားပါတယ်။ ဒီနေရာမှာ ရိုးရှင်းတဲ့ တာအိုဘုံကျောင်းတစ်ကျောင်း ရှိနေပါတယ်။ ဒီနေရာဟာ အရင်တုန်းက လီတောက်ခုံးရဲ့ ကျင့်ကြံရာ နေရာဟောင်းပါ။

ဟန်ယွီဟာ တံခါးကို တွန်းဖွင့်လိုက်ပြီး လီတောက်ခုံး ထိုင်ခဲ့ဖူးတဲ့ ကော်ဇောကို ဦးညွှတ်လိုက်ပါတယ် “ဆရာသခင်... ကျွန်တော် ဆရာသခင်ကို မေးစရာရှိလို့ပါ” ဟန်ယွီဟာ တလေးတစား ပြောလိုက်ပါတယ်။ တစ်ခဏအကြာမှာတော့ လီတောက်ခုံးရဲ့ အသံ ထွက်ပေါ်လာပါတယ် “ဘာကိစ္စလဲ”

ဟန်ယွီဟာ သူ့ပြဿနာကို ပြောပြလိုက်ပါတယ်။

လီတောက်ခုံးက ပြောလိုက်ပါတယ် “မစိုးရိမ်နဲ့၊ မင်း ကောင်းကင်တာအိုထဲမှာ ရှိနေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး”

ဟန်ယွီဟာ တုံ့ဆိုင်းသွားပေမဲ့ ဆက်ပြောလိုက်ပါတယ် “ဒါပေမဲ့ ဒီအခြေအနေက ကျွန်တော်ရဲ့ ကျင့်ကြံမှုကို သက်ရောက်နေပြီ”

“သည်းခံ... ဒီကိစ္စက မင်းရဲ့ ဘိုးဘေးနဲ့ ပတ်သက်နေလိမ့်မယ်၊ ငါလည်း ဘာကြောင့်လဲဆိုတာ မသိဘူး၊ ဒါပေမဲ့ ငါ သေချာသိတာတော့ တစ်ခုရှိတယ်၊ လောလောဆယ် ကောင်းကင်တာအိုထဲကနေ မထွက်ခွာနဲ့၊ ငါပြောတာ နားလည်လား...”

“ကျွန်တော် နားလည်ပါတယ်”

ဟန်ယွီဟာ သူ့ဘိုးဘေးနဲ့ ပတ်သက်နေတယ်လို့ ကြားတဲ့အခါ ချက်ချင်းပဲ နားလည်သွားပါတယ်။ သူ့ဘိုးဘေး ပြဿနာတွေ့ရင် သူ့မျိုးဆက်ကို ပဲ့တင်ထပ်ပြီး တာအိုနှလုံးသားကို မတည်ငြိမ် ဖြစ်စေတာက သဘာဝပါ။ ဟန်ယွီဟာ ဒီလိုကိစ္စမျိုးကို အရင်ကလည်း ကြားဖူးပါတယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားလို့ရသလို အဲဒီသစ်ပင်လဲရင်လည်း ငှက်တစ်သောင်း ဒုက္ခရောက်မှာပါ။

လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခု။

တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရင်းတွေဟာ ဒီနေရာမှာ စုဝေးနေကြပါတယ်။ ဒီနေရာက ဟန်ကျွယ်ရဲ့ စနစ် ဖန်တီးထားတဲ့ အန္တကမ္ဘာမြင်ကွင်း ဖြစ်ပါတယ်။ ကျင့်ကြံအားထုတ်ရင်း တပည့်ရင်းတွေဟာ ဒီနေရာမှာ စုဝေးလေ့ရှိကြပါတယ်။

ကျိုးဖန်ကနေတစ်ဆင့် အင်မော်တယ်ကမ္ဘာနဲ့ ပဋိပက္ခမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို သူတို့တွေ နားလည်နိုင်ကြပါတယ်။

လီတောက်ခုံးက ရုတ်တရက် မေးလိုက်ပါတယ် “ဂိုဏ်းချုပ် ဒီအတောအတွင်း ဂိုဏ်းထဲမှာ ရှိလား”

ချူရှီရန်က ပြန်ဖြေလိုက်ပါတယ် “ရှိတယ်လေ... ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး၊ ဒီအတိုင်း မေးကြည့်တာပါ” လီတောက်ခုံးဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချပြီး ပြန်ဖြေလိုက်ပါတယ်။ ဟန်ကျွယ် ဘာမှမဖြစ်ရင် ဘာမှစိုးရိမ်စရာ မရှိပါဘူး။ ထူးဆန်းစွာပဲ လီတောက်ခုံး တာအိုပညာရှိ ဖြစ်လာတာတောင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ထောက်လှမ်းကြည့်လို့ မရပါဘူး။ ဒါကြောင့်လည်း လီတောက်ခုံးဟာ ဟန်ကျွယ်က တိတ်ဆိတ်ဂိုဏ်းထဲမှာ ရှိနေသေးလားဆိုတာကို မသိတာ ဖြစ်ပါတယ်။

ရွှင်ချန်အန်းက ရုတ်တရက် ပြောလိုက်ပါတယ် “ဆရာသခင်မှာ ပျိုးထောင်တုန်း ရှိသေးတဲ့ သားတစ်ယောက် ရှိလာပြီ၊ သူ့ကို နှစ်လေးထောင်တောင် ပျိုးထောင်ပြီးပြီ၊ သူ မွေးဖွားလာရင် လူတိုင်းထက် ထူးကဲသာလွန်တဲ့ အရည်အချင်းရှိလာနိုင်တယ်”

တခြားတပည့်တွေဟာလည်း မျှော်လင့်ချက်ကြီးစွာ သက်ပြင်းချလိုက်ပါတယ်။ လီတောက်ခုံးဟာ တစ်ခဏ မှင်သက်သွားပြီး အကျိုးအကြောင်းကို သ‌‌ဘောပေါက် နားလည်သွားပါတယ်။

‘ဒီလိုကိုး... ဟန်ယွီက သူ့သွေးစည်းရဲ့ သက်ရောက်မှုကို တကယ် ခံနေရတာပဲ’ လီတောက်ခုံးဟာ စကားများတဲ့လူ မဟုတ်တာကြောင့် ထပ်ပြီး မမေးတော့ပါဘူး။ အကြောင်းအရင်းကို နားလည်ပြီးနောက် လီတောက်ခုံးဟာ ဟန်ယွီအတွက် ဆက်ပြီးတော့ မစိုးရိမ်တော့ပါဘူး။

တခြားတစ်ဖက်မှာတော့ ဟန်ထော်ဟာ မိစ္ဆာ ‌ကောင်းကင်ဧကရာဇ်နောက်ကို လိုက်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အာကာသတစ်ခုကို ရောက်သွားပါတယ်။ မြူခိုးတွေက ကျယ်ပြောလှပြီး မကြာမကြာဆိုသလို အရောင်စုံ လင်းလက်နေပါတယ်။

ဒီလို အာကာသမျိုးကို ဟန်ထော် ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ ဟန်ထော်ဟာ ဒီနေရာမှာ အသက်ဓာတ်ကို လုံးဝ မခံစားရပါဘူး။ ပတ်ဝန်းကျင်က ဖိအားကြောင့် ဟန်ထော်ဟာ စိတ်ထဲ တင်းကျပ်သွားပြီး ဘေးဘီဝန်းကျင်ကိုတော့ မကြည့်ရဲတော့ပါဘူး။

ဟန်ထော်ဟာ တစ်စုံတစ်ခုက သူ့ကို စိုက်ကြည့်နေတာကို ဆက်တိုက်ခံစားရပြီး သူ့ကို မသက်မသာ ဖြစ်စေပါတယ်။ အချိန်တစ်ခုကြာအောင် ခရီးနှင်ပြီး နောက်မှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ရုတ်တရက် ရပ်လိုက်ပါတယ်။ ဟန်ထော်လည်း အလိုလို မော့ကြည့်မိလိုက်တဲ့အခါ ပုကျိုးနတ်တောင်လောက် ရှည်လျားတဲ့ ဧရာမ ခြေထောက်တစ်စုံက သူ့ရှေ့မှာ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ အပေါ်ကို ထပ်ကြည့်လိုက်တဲ့အခါ ချက်ကြီးကို တွေ့လိုက်ရပြီး အဲဒီထက် အပေါ်ကိုတော့ တိမ်တွေ ဖုံးကာထားတာကြောင့် မမြင်ရတော့ပါဘူး။

ဒီတည်ရှိမှုက ခန္ဓာကိုယ် အောက်ပိုင်းနဲ့တင် ပေသန်းချီ မြင့်မားပါတယ်။ ကြီးမားတာထက်ကိုပိုပြီး မြင်ရသူတိုင်းကို မှင်သက်စေမှာ ကျိန်းသေပါတယ်။ ကြီးမားလှတဲ့ ချက်ထဲမှာ အေးစက်တဲ့ မျက်လုံးတစ်လုံး ရှိနေပြီး ဒီမျက်လုံးနဲ့ အကြည့်ချင်း ဆုံမိတဲ့အခါ ဟန်ထော်ရဲ့ ဝိညာဉ်ကို ပေါက်ကွဲထွက်လုနီး ဖြစ်သွားစေပါတယ်။ ဟန်ကျွယ်ဟာ ကြောက်လန့်သွားပြီး ခေါင်းကို မြန်မြန် ငုံံ့လိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဦးညွှတ်ပြီး ပြောလိုက်ပါတယ် “နတ်ဘိုးဘေး မင်္ဂလာပါ”

“မင်း ဘာဖြစ်လို့ ငါ့ဆီ ရောက်လာတာလဲ” ရှေးကျတဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဒီအသံက စကားကို တစ်လုံးချင်း ပြောတာထက် နှေးကွေးပါတယ်။ ဒါပေမဲ့ ဒီစကားလုံးတွေနဲ့တင် ဟန်ထော်ကို လေးရာသီ နေထိုင်ပြီးခဲ့သလိုမျိုး ခံစားရစေပါတယ်။ ဒီခံစားချက်က တော်တော်လေး ထူးဆန်းပါတယ်။ ဟန်ထော်ဟာ သူ့ဓမ္မစွမ်းအား အများကြီး တိုးတက်သွားတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ် ‘တစ်ဖက်လူရဲ့ စကားကို နားထောင်ရုံနဲ့ ငါ့ကျင့်ကြံမှုက တိုးသွားတာလား...’

ဟန်ထော်ဟာ ပိုပိုပြီးတော့ ရင်ထိတ်လာပါတယ်။ တစ်ဖက်လူရဲ့ တည်ရှိမှုက သူမျှော်လင့်ထားတာ သူ နားလည်ထားတာထက် အများကြီး ပိုသာနေပါတယ်။ ရုတ်တရက်ဆိုသလို ခြေထောက်နဲ့ ချက်က ဘာနဲ့တူလဲဆိုတာကို ဟန်ထော် မေ့သွားပါတယ်။

“နတ်ဘိုးဘေး... ဘယ်လိုအကြောင်းကြောင့် နတ်ဘိုးဘေး ကျွန်တော်ကို ပေးခဲ့တဲ့ ကြေးမုံပြင်က ကွဲကြေသွားရတာလဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်က တလေးတစား မေးလိုက်ပါတယ်။

ရှေးကျတဲ့အသံက ထပ်မံ ထွက်ပေါ်လာပါတယ် “ဒီကံတရားက ကြီးမားလွန်းတယ်၊ အဲဒီကြေးမုံပြင် ခံနိုင်တဲ့အရာ မဟုတ်ဘူး၊ အဲဒါက ဒီကလေးရဲ့ သွေးစည်းနဲ့ ဆက်စပ်နေတယ်၊ သူ့သွေးစည်း ကံတရားမှာ အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ပေါ်လာပြီး ပဋိပက္ခကို ဗြောင်းဆန်စေလိမ့်မယ်”

ထိတ်လန့်သွားတဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သတိကြီးစွာနဲ့ မေးလိုက်ပါတယ် “အဲဒီလူက ပေါ်လာပြီလား၊ ဒါမှမဟုတ် အဆင့်ထိုးဖောက်တော့မှာလား၊ ဒါမှမဟုတ် မွေးဖွားလာတော့မှာလား...”

“ပျိုးထောင်တဲ့အဆင့်မှာပဲ ရှိသေးတယ်”

ရှေးကျတဲ့အသံရဲ့ စကားလုံးတွေက မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော်ကို အများကြီး တွေးတောသွားစေပါတယ်။ ဟန်ထော်ဟာ ဟန်ယွီကို ပထမဆုံးတွေးမိလိုက်ပါတယ် ‘ဟန်ယွီက ငါ့ကို တကယ်ပဲ ကျော်တက်နိုင်မှာလား၊ ဒါမှမဟုတ် ဟန်ယွီရဲ့ မျိုးဆက်က ပဋိပက္ခကို တုန်လှုပ်စေတဲ့ ပါရမီရှင်လား’

မိစ္ဆာ ကောင်းကင်ဧကရာဇ်ကတော့ ဟန်ကျွယ်ကို တွေးမိလိုက်ပါတယ် ‘ဒီကောင်လေးက နောက်ကလေးတစ်ယောက် ထပ်ရတော့မှာလား ‘ အတိတ်မှာတုန်းက သူ ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့တုန်းကလည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီမှာ ကလေး အများကြီး ရှိခဲ့ပါတယ်။ မကြာခဏဆိုသလိုလည်း သုံးလောကကို တုန်လှုပ်စေတဲ့ လုံဟောင်လိုမျိုး အရည်အချင်းရှိတဲ့ သားသမီးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

“ဘိုးဘေးရဲ့ ညွှန်ပြမှုအတွက် ကျေးဇူးတင်ပါတယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဦးညွှတ်လိုက်ပါတယ်။ ဟန်ကျွယ်နဲ့ ပတ်သက်တဲ့ကိစ္စမို့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ထပ်မမေးတော့ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တစ်ဖက်လှည့်ပြီး ဟန်ထော်နဲ့ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။

ဒီအချိန်မှာပဲ ရှေးကျတဲ့အသံက ထပ်မံထွက်ပေါ်လာပြန်ပါတယ် “ဒီကလေးက မရိုးရှင်းတာထက် ပိုတယ်၊ ရှေးအချိန်ကစလို့ ဒီကလေးကို ယှဉ်နိုင်တာ နှစ်ယောက်ပဲ ရှိတယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မှင်သက်သွားပြီး ပြန်လည့်ကာ မေးလိုက်ပါတယ် “နတ်ဘုရားပန်ကူးနဲ့ တာအိုဘိုးဘေးလား”

“တာအိုဘိုးဘေး... သူက အခွင့်အရေးသမားပဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော် နှစ်ယောက်စလုံး တုန်လှုပ်သွားပါတယ် ‘ပန်ကူးနတ်ဘုရားကို ယှဉ်နိုင်ပြီး တာအိုဘိုးဘေးထက် ကျော်လွန်တဲ့ ကြောက်မက်ဖွယ် တည်ရှိမှုလား...’ အဲဒီနောက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်နှာအကြီးအကျယ် ပြောင်းလဲသွားပြီး ဟန်ထော်နဲ့ ချက်ချင်း ထွက်ခွာသွားပါတယ် “လှည့်မကြည့်နဲ့”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ဟန်ထော်ဟာ ကြောက်လန့်သွားပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်ကို ထက်ကြပ်မကွာ လိုက်ပါတယ်။ မသိမသာနဲ့ ဟန်ထော်ဟာ ထူးဆန်းတဲ့ သီချင်းတစ်ပုဒ်ကို ကြားလိုက်ရပါတယ်။ ဒီအသံက တစ်ခါတစ်ရံမှာ စိတ်ကောက်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံနဲ့တူပြီး တစ်ခါတလေမှာ လူစွမ်းကောင်းရဲ့ အော်ဟစ်သံနဲ့ တူပါတယ်။ ဒီအသံကြောင့် ဟန်ထော်ရဲ့ သိစိတ်ဟာ မှုန်ဝါးသွားပါတယ်။

ဟန်ထော် နိုးထလာတဲ့အခါ စိတ်ဝိညာဉ်နန်းတော်ကို ပြန်ရောက်နေပြီဆိုတော ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။ ဟန်ထော်ရဲ့ သိစိတ်ဟာ လျင်မြန်စွာ ရှင်းလင်းသွားပါတယ်။ ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “အရှင်မင်းကြီး... ခုနက...”

မိစ္ဆာ ကောင်းကင်ဧကရာဇ်က အသက်မပါတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဘာခုနကလဲ... နှစ်တစ်ရာ ကုန်သွားပြီ၊ မင်းက အဲဒီတည်ရှိမှုရဲ့ တာအိုထဲမှာ ဖမ်းစားခံရတော့မလို့ပဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters