တာအိုပညာရှိ နေရာအတွက် တိုက်ခိုက်ခြင်း
Vol. 63 Ch. 677
နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စိတ်ကောင်းဝင်သွားပါတယ်။ လွတ်လပ်မှု လောကဦး ပဋိပက္ခ နောက်ဆုံးအဆင့်ကို ရောက်သွားပြီဆိုပေမဲ့ မဟာတာအိုကို ရယူနိုင်ဖို့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဇွဲရှိရှိနဲ့ ကြိုးစားကျင့်ကြံပါတယ်။
လောကဦး နတ်ဘီလူးရဲ့ အရည်အချင်းက တကယ်ကို ကြောက်ဖို့ကောင်းတာပါ။ ဒီလောက်မြင့်မားတဲ့ အဆင့်ကို ရောက်နေတာတောင် အမြဲတမ်း တိုးတက်လာတာကို အာရုံခံနိုင်ပါတယ်။ ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံကို ဦးတည်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်တွေက သူ့ရဲ့ ဂူအောင်းကျင့်ကြံမှု ပြီးဆုံးရင် စကြဝဠာခန်းမမှာ လာတွေ့ဖို့m ကောင်းကင်အရှင်ရွှမ်တုက တောင်းဆိုခဲ့လို့ပါပဲ။
စကြဝဠာခန်းမထဲကို ဟန်ကျွယ် ရောက်သွားတဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ တခြား တာအိုပညာရှိတွေကို ချက်ချင်းပဲ သတင်းပေးလိုက်ပါတယ်။ တခြားတာအိုပညာရှိတွေက ဟန်ကျွယ်လိုမျိုး ထူးဆန်းတဲ့ ကျင့်ကြံမှုစည်းမျဉ်းတွေ မရှိတဲ့အတွက် အချိန်မရွေး ဆင့်ဆိုလို့ ရပါတယ်။ အဆင့်ထိုးဖောက်ဖို့ကိုတော့ တချို့ တာအိုပညာရှိတွေက မေ့တောင် မေ့နေပါပြီ။ သူတို့အတွက် တာအိုပညာရှိအဆင့်က သူတို့ နောက်ဆုံးရောက်နိုင်တဲ့ အဆင့်လိုပါပဲ။ ဒီထက် ရှေ့ဆက်သွားဖို့က သူတို့အတွက် အရမ်းခက်ခဲပါတယ်။
ပန်ရှင်းလည်း ရောက်လာပါတယ်။
ပန်ရှင်းဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာ မှင်တက်သွားပါတယ်။
ဟန်ကျွယ်ဟာ နတ်အလင်းရောင် မှန်သမျှကို ရုပ်သိမ်းပြီး သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ နဂိုရုပ်ရည်နဲ့ နေနေတာပါ။ အချိန်တာအိုဝတ်ရုံရဲ့ ထပ်ဆင့်ပေါင်းမှုအောက်မှာ ဟန်ကျွယ်ရဲ့ ကိုယ်ဟန်အမူအရာက လုံးဝကို တစ်မူထူးခြားနေပါတယ်။
“မင်းပါလား”
ပန်ရှင်းဟာ ဟန်ကျွယ်ကို မှတ်မိပါတယ်။ ဓားတာအိုမြစ်မှာတုန်းက ပန်ရှင်းဟာ ဟန်ကျွယ်ရဲ့ အရည်အချင်းကို သဘောကျပြီး တပည့်အဖြစ်တောင် လက်ခံချင်ခဲ့တာပါ။
‘တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒီကောင်လေးကိုး... အရင်တုန်းက သူ့ကျင့်ကြံမှုနဲ့ အခုကျင့်ကြံမှုက...’ ပန်ရှင်းဟာ စိတ်ထဲမှာ လန့်သွားပေမဲ့ အပြင်ပိုင်းမှာတော့ ပြုံးလိုက်ပါတယ်။ သူတို့နှစ်ယောက်က မတွေ့တာ အတော်ကြာပါပြီ။ တကယ်လို့ ဒီနေ့သာ မတွေ့ဘူးဆိုရင် ပန်ရှင်းက ဟန်ကျွယ်ကို မှတ်မိမှာတောင် မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဒီနှစ်တွေမှာ ပန်ရှင်းက သူ့ကို အတော်လေး ဖျော်ဖြေပေးခဲ့တယ် မဟုတ်ပါလား။ ဟန်ကျွယ်ဟာ ဓာားတာအိုမြစ်ထဲက ပန်ရှင်းရဲ့ နောက်ကျောကို မှတ်မိနေပါသေးတယ်။ သူ့ပခုံးတွေက ပြေလျော့ပြီး သူ့လက်တွေကို တစ်ခုခုလုပ်နေတဲ့ပုံကိုပေါ့။
ပန်ရှင်းဟာ သက်ပြင်းချလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မင်းဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”
ဟန်ကျွယ်ဟာ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောလိုက်ပါတယ် “စီနီယာ ပြန်လာတာက ကောင်းကင်တာအိုရဲ့ ကံကောင်းမှုပဲ၊ နောက်ကျရင် ကောင်းကင်တာအိုက စီနီယာရဲ့ ကာကွယ် စောင့်ရှောက်မှုကို လိုအပ်လာမှာ”
ပန်ရှင်းရဲ့ အပြုံးဟာ ပိုပီပြင်သွားပြီး ဟန်ကျွယ်ကို ပိုသဘောကျသွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဘာမှမပြောပါဘူး။ ဧကရာဇ်ရှောင်ကတော့ တွေးဆလိုက်ပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ကတော့ ဂိုဏ်းချုပ်တျန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ အမူအရာက ဘာမှမပြောင်းတဲ့အတွက် တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ အများကြီး မတွေးတော့ပါဘူး။
ပန်ရှင်းဟာ ဟန်ကျွယ်က သူ့ကို စကားကောင်းပြောလို့ ပျော်သွားပါတယ်။ ပန်ရှင်းဟာ ဟန်ကျွယ်ကို ဘယ်လိုစည်းရုံးပြီး ကောင်းကင်တာအိုကို ဘယ်လိုစုစည်းမယ်ဆိုတာ စိတ်ကူးနဲ့ တိုက်အိမ် ဆောက်လိုက်ပါတယ်။ ပန်ရှင်းဟာ ဟန်ကျွယ် တာအိုရယူပြီး ဘာတွေလုပ်တယ်ဆိုတာကို သိပ်မသိပါဘူး။ တာအိုပညာရှိတွေကလည်း အများကြီး မပြောပါဘူး။ ဒီအဖြစ်အပျက်တွေကို ပြန်ပြောရင် သူတို့တွေအတွက် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေမှာပါ။
ဟန်ကျွယ်ရဲ့ အဆင့်အတန်းဟာ မျက်နှာသာပေးမှုကြောင့် ရရှိခဲ့တာ မဟုတ်ပါဘူး။ လက်သီးနဲ့ ရခဲ့တာပါ။ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ အရှေ့ဧကရာဇ်၊ လီမုယဲ့... ဒီလူတွေ အကုန်လုံးက ဟန်ကျွယ်ရဲ့ ခြေနင်းကျောက်တုံးတွေ ဖြစ်ခဲ့ရပါတယ်။
တာအိုပညာရှိတွေ စုံညီတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ပန်ရှင်း ထပ်ရောက်လာတော့ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က အများကြီး တိုးသွားတယ်၊ အခု နောက်ထပ် တာအိုပညာရှိ ၂ နေရာ ပေါ်လာပြီ၊ ငါတို့တွေ ဒီနေ့ ဒီကိစ္စကို ဆွေးနွေးကြမယ်”
တာအိုပညာရှိနေရာက အရမ်းကို အရေးကြီးပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ သူ့ဘာသာ ဆုံးဖြတ်ချက် မချရဲပါဘူး။ တကယ်တော့ သူမပြောလည်း တခြားတာအိုပညာရှိတွေက ဒီကိစ္စကို အာရုံခံမိပါတယ်။ ကောင်းကင်တာအို အင်အားကြီးလာတာနဲ့အမျှ တာအိုပညာရှိတွေ ပိုများလာမှာပါ။ နောက်ကျရင် တာအိုပညာရှိတွေက သူ့အဖွဲ့နဲ့သူ ဖြစ်လာပြီး သူတို့အကျိုးအမြတ်အတွက် ကျိန်းသေပေါက် တိုက်ခိုက်ကြမှာပါ။
ဧကရာဇ်ရှောင်က ပထမဆုံး ပြောလိုက်ပါတယ် “ကျုပ်တို့ မိစ္ဆာမျိုးနွယ်စုကို တာအိုပညာရှိ နေရာတစ်ခု ပေးဖို့ အချိန်တန်ပြီ၊ ရှေးကတည်းက ကောင်းကင်တာအို အတွင်းပိုင်းကစပြီး ပြိုလဲတော့မဲ့အချိန် ရောက်ရင် ကျုပ်တို့ မိစ္ဆာမျိုးနွယ်စုမှာ မားမားမတ်မတ်ရပ်ပြီး လူတိုင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့တာ၊ မိစ္ဆာမျိုးနွယ်စုက ကောင်းကင်တာအို သက်ရှိတွေကို စည်းလုံးညီညွတ်စေပြီး ကံတရား အရှုပ်အရှင်းတွေကို ဖြေရှင်းပေးခဲ့တယ်”
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ တကယ်တော့ မိစ္ဆာမျိုးနွယ်စုက ဓားစာခံ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ မုန်းတီးခံရအောင်လည်း မိစ္ဆာမျိုးနွယ်စုက မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။
ချုံရှီလိုင်ကလည်း အငြိမ်မနေပါဘူး “ဟွန်း... ငါတို့ အနောက်ဂိုဏ်းမှာ ရှေးကတည်းက တာအိုပညာရှိနှစ်ပါး ရှိခဲ့တာ၊ မင်းတို့ မိစ္ဆာမျိုးနွယ်စုကို ဖြေသိမ့်ပေးဖို့အတွက် တာအိုဘိုးဘေးက ဗုဒ္ဓဂိုဏ်းရဲ့ တာအိုပညာရှိ တစ်နေရာကို ဖယ်ရှားခဲ့တယ်၊ အခု ငါတို့ကို ဒီနေရာ ပြန်ပေးဖို့ အချိန်တန်ပြီ”
ပန်ရှင်းကလည်း ဗိုလ်ဝင်ကျပါတယ် “နေရာနှစ်ခု ထွက်လာတာက ငါ့ကြောင့်ပဲ၊ ငါက လွတ်လပ် တာအိုပညာရှိ ဖြစ်နေပြီ၊ အဲဒီတော့ အဲဒီထဲက နေရာတစ်ခုကို ငါပိုင်တယ်”
ပန်ရှင်းရဲ့ လေသံက တာအိုပညာရှိတွေ သဘောမတူရင် ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ ထပိုင်းတော့မဲ့ အတိုင်းပါ။
တခြားတာအိုပညာရှိတွေကလည်း တာအိုပညာရှိနေရာအတွက် စပြီးတော့ တိုက်ခိုက်ကြပါတယ်။ ဟန်ကျွယ်ကတော့ ဘာမှဝင်မပြောပါဘူး။ ဟန်ကျွယ်အတွက် တာအိုပညာရှိနေရာကို တိုက်ခိုက်ဖို့ လိုလည်း မလိုပါဘူး။ ဘယ်သူပဲ တာအိုပညာရှိဖြစ်လာ ဖြစ်လာ သူ့ကို မခြိမ်းခြောက်နိုင်ပါဘူး။ တကယ်လို့ ခြိမ်းခြောက်လာခဲ့ရင်လည်း လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်မှာပါ။
တာအိုပညာရှိတွေဟာ စပြီးတော့ အချေအတင် ငြင်းခုံကြပါတော့တယ်။ ကောင်းကင်အရှင်ရွှမ်တုနဲ့ ရှီတုတောက်ကတော့ ဘာမှဝင်မပြောပါဘူး။ လီတောက်ခုံးနဲ့ ဖန်းလျန်တောင် တာအိုပညာရှိ နေရာအတွက် တိုက်ခိုက်ကြပါတယ်။ လီတောက်ခုံးက တိတ်ဆိတ်ဂိုဏ်းအတွက် တိုက်ခိုက်တာပါ။ အရင်တစ်ခေါက်က လီရွှမ်အောက်ဟာ သူ့ဆီ လာလည်ပြီး တာအိုပညာရှိ တစ်ပါးအနေနဲ့ တိတ်ဆိတ်ဂိုဏ်းအတွက် ဘာမှမလုပ်ပေးဘူးလို့ စောဒက တက်ခဲ့ပါတယ်။ နောက်ပြီး လီတောက်ခုံးဟာ ဟန်ကျွယ်က သူ့ကို မကျေမနပ် ဖြစ်မှာကိုလည်း ကြောက်ပါတယ်။
ဖန်းလျန်ကလည်း တိတ်ဆိတ်ဂိုဏ်းအတွက် တိုက်ခိုက်တာပါ။ တကယ်လို့ တိတ်ဆိတ်ဂိုဏ်းက မလိုချင်ဘူးဆိုရင်တော့ ကောင်းကင်တာအိုဂိုဏ်းကို ပေးလိုက်မှာပါ။ ဘာပဲဖြစ်ဖြစ် တာအိုပညာရှိနေရာက ဖန်းလျန်အတွက် မတိုက်ခိုက်လို့ မရပါဘူး။
ဟန်ကျွယ်ဟာ တစ်ခဏ နားထောင်ပြီး ပျင်းလာတဲ့အတွက် မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို မတားပါဘူး။ ဟန်ကျွယ် တာအိုပညာရှိနေရာအတွက် မတိုက်ခိုက်တာက ကောင်းတဲ့ကိစ္စ မဟုတ်ပါလား။
စကြဝဠာခန်းမက ထွက်လာပြီးနောက် ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ချက်ချင်း မပြန်ဘဲ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ လျှောက်သွားပါတယ်။ ပဋိပက္ခ အကောင်းစား ရတနာ ရှိနေတာကြောင့် ဟန်ကျွယ်ဟာ တိုက်ခိုက်ခံရမှာကို မကြောက်ပါဘူး။
လီတောက်ခုံးရဲ့ တာအိုစက်ကွင်းကို အဖြတ်မှာတော့ တံခါးရှေ့မှာ ဒူးထောက်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရပါတယ်။ လူနှစ်ယောက်ထဲက တစ်ယောက်ကတော့ ဟန်ယွီပါ။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်နောက်ကို ရုတ်တရက် လျှောက်သွားပြီး နှုတ်ဆက်လိုက်ပါတယ် “မတွေ့တာ ကြာပြီနော်”
ဒူးထောက်နေတဲ့ လူနှစ်ယောက်ဟာ လန့်သွားပြီး အလိုလို လှည့်ကြည့်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဟန်ကျွယ်ကို တွေ့တွေ့ချင်း ငေးကြောင်သွားကြပါတယ်။ တျန်ယုံဟာ ဟန်ယွီကို လှည့်ကြည့်ပြီး ဟန်ယွီနဲ့ ဟန်ကျွယ်က ရုပ်ဆင်နေတာကို ရှာတွေ့သွားပါတယ်။
ဟန်ယွီလည်း ဒီအချက်ကို ရှာတွေ့သွားပါတယ် ‘ဒီလူက ဘာဖြစ်လို့ ငါနဲ့ ရုပ်ဆင်နေရတာလဲ’ ဟန်ယွီဟာ ဂရုတစိုက် မေးလိုက်ပါတယ် “စီနီယာက...” ဟန်ယွီဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်တာကြောင့် စီနီယာလို့ ခေါ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း ငါ့အသံကို မမှတ်မိဘူးလား...”
ဟန်ယွီဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး ချက်ချင်း ဒူးထောက်ကာ စိတ်လှုပ်တရှား ခေါ်လိုက်ပါတယ် “ဘိုးဘေး...”
ဟန်ယွီ ဒူးထောက်တာကို တွေ့လိုက်ရတဲ့အတွက် တျန်ယုံလည်း ဒူးထောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တျန်ယုံကို တစ်ချက်ကြည့်ပြီး သူ့မျက်ခုံးတွေက နည်းနည်း ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ တျန်ယုံကာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ သားမှန်း သိသွားပါတယ်။
ဟန်ယွီက စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ် “ဘိုးဘေး ဘာဖြစ်လို့ ဒီရောက်နေတာလဲ...”
‘ငါက ဘိုးဘေးနဲ့ တော်တော် တူတာပဲကိုး... ဘိုးဘေးက ငါ့ကို ကယ်ခဲ့တာ အံဩစရာ မရှိတော့ပါဘူး...’
ဟန်ယွီဟာ သူ့ရုပ်ရည်ကို တော်တော်လေး ယုံကြည်ချက်ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့ရည်ရည်က သူ့ဘိုးဘေးရုပ်ရည်ရဲ့ သုံးပုံတစ်ပုံလောက်ပဲ အမွေဆက်ခံထားတာကို သိသွားပါတယ်။ ဟန်ကျွယ်ရဲ့ ရုပ်ရည်က အလွန်တရာ ချောမောလှပပြီး စကားလုံးနဲ့ ဖော်ပြလို့မရတဲ့အထိ ချောမောတာပါ။
“ငါက လမ်းလာလျှောက်တာ၊ မင်းရော အဆင်ပြေလား...” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။ အကြောင်းအရင်း တချို့ကြောင့် အသက် ၂၀၀,၀၀၀ ကျော်လာတဲ့ ဟန်ကျွယ်ရဲ့ စိတ်ဟာ ပြောင်းလဲစ ပြုလာပါတယ်။ အထူးသဖြင့် သူ့မျိုးဆက်ကို ကိုယ်တိုင် တွေ့လိုက်ရတဲ့အခါမှာ မပျော်ရွှင်ဘဲ မနေနိုင်ပါဘူး။
ဟန်ယွီဟာ မျက်နှာချိုသွေးပြီး သူ့အတွေ့အကြုံတွေကို စပြောပြပါတယ်။ ဟန်ယွီဟာ အခက်အခဲတွေကို တမင်လုပ်ပြီး မပြောပါဘူး။ လီတောက်ခုံး ရှိနေတာကြောင့် သူ့အန္တရာယ်ကြီး တွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တျန်ယုံဟာ ဘေးကနေ ထိုင်နားထောင်ပြီး ဟန်ကျွယ် ဘယ်သူလဲဆိုတာကို စိတ်ဝင်စားသွားပါတယ်။
စကားအနည်းငယ် ပြောဆိုပြီးတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ ထွက်ခွာသွားပါတယ်။ ဟန်ယွီဟာ ဟန်ကျွယ်နဲ့ စကားပြောဆိုလိုက်ရတဲ့အတွက် အရမ်း စိတ်လှုပ်ရှားနေပြီး မျက်နှာပေါ်က အပြုံးကိုလည်း ဖျောက်မရပါဘူး။ ဟန်ယွီဟာ သူ့ဘိုးဘေးရဲ့ တည်ရှိမှုကို သိပေမဲ့ အခုလိုမျိုး မျက်မြင်ကိုယ်တွေ့ တွေ့ကြုံရတာက ဒါ ပထမဦးဆုံးပါပဲ။ ဒီခံစားချက်က တော်တော်လေး ခံစားလို့ ကောင်းပါတယ်။
တျန်ယုံက မနေနိုင်ဘဲ စပ်စုလိုက်ပါတယ် “ဆရာသခင်... ဆရာသခင်ရဲ့ ဘိုးဘေးက...”
“မမေးသင့်တာကို မမေးနဲ့”
ဟန်ယွီရဲ့ အဖြေကြောင့် တျန်ယုံဟာ နှုတ်ခမ်းမဲ့သွားပါတယ် ‘ဟီးဟီး... တော်တော် လျှို့ဝှက်ဆန်းကြယ်တာပဲ၊ ကျွန်တော့်အမေက ကိုယ်စွမ်းကိုယ်စနဲ့ တာအိုရယူထားတဲ့ တာအိုပညာရှိပါ၊ ကျွန်တော်တောင် ဆရာသခင်လောက် ဟန်မများဘူး...’ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သူက ဒီအချက်ကို ဖုံးထားတယ်ဆိုတာကို တျန်ယုံ သဘောပေါက်လိုက်ပါတယ်။
နှစ်နာရီ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်သွားပါတယ်။ ဒီတစ်ခါ အပြင်ထွက်တာက ဟန်ကျွယ်ရဲ့ စိတ်အခြေအနေကို အများကြီး တိုးတက်သွားစေပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်ကို လျှောက်သွားဖို့ စိတ်ကူးမရှိပါဘူး။ အချိန်တာအို ဝတ်ရုံက မဟာတာအို အဆင့်ရှိတဲ့ ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တယ်ဆိုပေမဲ့ ဒီထက်မြင့်တဲ့ တည်ရှိမှုတွေရဲ့ တိုက်ခိုက်မှုကို မခံနိုင်သေးပါဘူး။ ဟန်ကျွယ်ဟာ အန္တရာယ်က ၀.၀၀၁ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်တောင် မစွန့်စားချင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။