← Chapters

နှစ်ငါးထောင်၊ မဟာတာအိုမျှော်စင်

Vol. 64 Ch. 682

နှစ်ငါးထောင်၊ မဟာတာအိုမျှော်စင်

Vol. 64 Ch. 682

ဟန်ကျွယ်ဟာ ဧကရီဟုတ်ထို ဘာဖြစ်လို့ တာအိုကိုရသွားလဲဆိုတာ သက်တမ်းသုံးပြီး မတွက်ချက်ပါဘူး။ ဒီကိစ္စက လိုလည်း မလိုအပ်ပါဘူး။ လူတိုင်းမှာ သူတို့အတွေ့အကြုံနဲ့သူတို့ ရှိပါတယ်။ သူ့ကို လာမခြိမ်းခြောက်ရင် အရာအားလုံး အဆင်ပြေပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်တဲ့အခါ သူ့မိတ်ဆွေ တော်တော်များများက အခွင့်အရေးတွေ ရကြတာကို တွေ့လိုက်ရပါတယ်။ ဟိုးအရင်တုန်းက အခြေအနေကို ပြန်ရောက်သွားသလိုပါပဲ။

ငြိမ်းချမ်းမှုက စစ်ဖြစ်နေတာထက် အများကြီး ပိုကောင်းပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ပန်ကူးခန်းမမှာ ပန်ရှင်း၊ ဧကရာဇ်‌ရှောင်နဲ့ ကျင်းရှန်တို့ စုဝေးနေကြပါတယ်။

ဧကရာဇ်ရှောင်က မေးလိုက်ပါတယ် “ငါတို့တွေ ဟွမ်ဇွမ်တျန်ကို တကယ်ပဲ စည်းရုံးလို့မရဘူးလား”

ပန်ရှင်းက ခေါင်းခါလိုက်ပါတယ် “ဒီကောင်လေးက ဂိုဏ်းချုပ်တျန်ကျွယ်နောက်လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်၊ တော်‌တော်သတ္တိကြောင်တဲ့ ကောင်လေး...”

ကျင်းရှန်က ဘာမှဝင်မပြောပါဘူး။

“ငါ ဒီအတောအတွင်း ပဋိပက္ခနက်ထဲကို သွားနိုင်မဲ့ လမ်းကြောင်းတစ်ကြောင်း ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာ၊ ဒီလမ်းကြောင်းမှာ သက်ရှိအားလုံးကို ကောင်းကင်တာအိုက ကာကွယ်ပေးမှာဆိုတော့ ပဋိပက္ခက မကောင်းဆိုးဝါးတွေ တိုက်ခိုက်ခံရမှာကို စိုးရိမ်စရာ မလိုဘူး၊ ဒါပေမဲ့ ဒီလမ်းက ဘယ်ကို ဦးတည်မယ်၊ ဘယ်မှာအဆုံးသတ်မယ်ဆိုတာကို သတ်မှတ်ဖို့အတွက် တစ်ယောက်ယောက်ကတော့ ပဋိပက္ခထဲသွားပြီး စူးစမ်းလေ့လာရလိမ့်မယ်” ပန်ရှင်းဟာ စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။

ပန်ရှင်း စိတ်လှုပ်ရှားလည်း စိတ်လှုပ်ရှားချင်စရာပါ။ ကောင်းကင်တာအိုနဲ့ ပဋိပက္ခကို ဆက်သွယ်ပေးမဲ့ လမ်းကြောင်းကိုသာ ဖွင့်လှစ်နိုင်မယ်ဆိုရင် ကောင်းကင်တာအို သက်ရှိတွေက ပဋိပက္ခကို ပိုပြီးတော့ စူးစမ်းလေ့လာနိုင်သွားမှာပါ။ ဒီလိုဆိုရင် ဒီလမ်းကို ဖွင့်လှစ်တဲ့ ပန်ရှင်းလည်း အနန္တကုသိုလ်ကံကို ရရှိမှာပါ။

“ငါ သွားမယ်” ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ်။ ဧကရာဇ်ရှောင်ဟာ ဒီကိစ္စက ကုသိုလ်ကံ အများကြီးရမဲ့ ကိစ္စမှန်း သိတဲ့အတွက် လက်ဦးမှုရယူလိုက်တာပါ။

ပန်ရှင်းက ပြောလိုက်ပါတယ် “ကောင်းပြီ... ဒါပေမဲ့ ဒီကိစ္စကို လောလောဆယ် လျှို့ဝှက်ထားရမယ်၊ ပဋိပက္ခထဲမှာ ပုန်းကွယ်နေတဲ့ ကမ္ဘာကြီးတွေ အများကြီးပဲ၊ အဲဒီကမ္ဘာကြီးတွေက အဆုံးသတ် အပျက်အစီးနတ်ဘုံလောက် မကျယ်ပြန့်ဘူး၊ ကောင်းကင်တာအိုလောက် မပြီးပြည့်စုံဘူးဆိုပေမဲ့ အခွင့်အရေးတွေ ပေါများသေးတဲ့ နေရာတွေပဲ၊ အဲဒီကမ္ဘာကြီးတွေက ပဋိပက္ခနတ်ဘီလူးတွေကနေ အသွင်ပြောင်းလဲလာတာ၊ အရင်တုန်းက ပန်ကူး လောကကြီးကို ဖန်တီးတုန်းက တခြားနတ်ဘီလူးတွေကိုလည်း စိတ်ကူးဉာဏ် ရင့်သန်လာအောင် လှုံ့ဆော်ပေးခဲ့တယ်၊ မင်း သေချာဂရုတစိုက်တော့ ရွေးချယ်ရလိမ့်မယ်”

ဧကရာဇ်ရှောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဧကရာဇ်ရှောင် မထွက်ခွာခင် ပန်ရှင်းက အကြံတချို့ ပေးပါတယ်။

အဲဒီနောက် ပန်ရှင်းဟာ ကျင်းရှန်ဘက် လှည့်လိုက်ပါတယ် “ရွှမ်တုက ဒီအတောအတွင်း မင်းနား ကပ်နေသလိုပဲ၊ ဘာဖြစ်လို့လဲ...”

ကျင်းရှန်က ပြန်ဖြေလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအိုငယ်လေးတစ်ခုကို ကျွန်တော်နဲ့အတူ ထိန်းချုပ်ချင်နေတယ်၊ သူက နေရာတောင် ရွေးပြီးပြီ၊ ကျွန်တော် ကောင်းကင်တာအိုငယ်လေးကို ထိန်းချုပ်နိုင်ရင် အဲဒါက စီနီယာအတွက် အကျိုးရှိတယ်မလား”

“ဟွန်း... ရွှမ်တုက တကယ့် ရည်ရွယ်ချက်ကောင်း ရှိတာပဲ၊ သူ့ကို ကြည့်ရင် ဘာမှမခံစားရတဲ့ ကျောက်ရုပ်ကြီးလိုပဲ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ သူက တခြားသူတွေထက် အကြံပိုများတယ်”

ကျင်းရှန်ဟာ ဘာမှပြန်မပြောပါဘူး။

“တိတ်ဆိတ်ဂိုဏ်းထဲဝင်ဖို့ ပါရမီရှင်အချို့ကို စီစဉ်လိုက်၊ ဟန်ကျွယ်ရဲ့ တိတ်ဆိတ်ဂိုဏ်းက ဘယ်လိုအင်အားစုလဲဆိုတာ ငါ သိချင်တယ်”

ပန်ရှင်းရဲ့ စကားက ကျင်းရှန်လည်း လက်ခံပါတယ်။ လက်ရှိ အင်မော်တယ်ကမ္ဘာမှာ အင်အားအကြီးဆုံးက တိတ်ဆိတ်ဂိုဏ်းပါ။ သက်ရှိအားလုံးက ဒီလိုမတွေးကြပေမဲ့ တာအိုပညာရှိတွေကတော့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းကြီး မြင်ရပါတယ်။

ဟန်ကျွယ်က သိုသိုသိပ်သိပ် နေတယ်လို့ ထင်ရပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ လျှို့ဝှက်အင်အားစုတွေကို တိတ်တဆိတ် ပျိုးထောင်နေတာပါ။ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ဘယ်သူမှ မသိပါဘူး။

လျှပ်တစ်ပြက်အတွင်း နှစ် ငါးထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မတ်တတ်ရပ်ကာ အကြောဆန့်လိုက်ပါတယ်။

‘အင်း... ကောင်းလိုက်တာ... နှစ်ငါးထောင် ဂူအောင်းကျင့်ကြံရတာက နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံတာထက် အများကြီး ပိုကောင်းတယ်’

ဂူအောင်းကျင့်ကြံတာက အိပ်မက်တစ်ခုကို မက်နေရသလိုပါပဲ။ အိပ်မက်ကနေ နိုးထလာတဲ့အခါ ကျင့်ကြံမှုက အများကြီး တိုးတက်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီလိုမျိုး ဆက်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို ဖွင့်လိုက်တဲ့အခါ သူ့တပည့်တွေနဲ့ သူဂရုစိုက်တဲ့ မိတ်ဆွေတွေက သက်ရှိထင်ရှား ရှိနေသေးပြီး မသေသေးတာကို တွေ့လိုက်ရပါတယ်။

လောကကြီးကနေ ဘယ်သူပဲထွက်သွား ထွက်သွား လောကကြီးက ပုံမှန်အတိုင်း လည်ပတ်ပြီး ဆက်ပြီးတော့ ပြောင်းလဲနေဦးမှာပါ။ ဒါကိုတွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို ဝန်ထုပ်ဝန်ပိုး လျော့ကျသွားတယ်လို ခံစားလိုက်ရပါတယ်။ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ နောက်ကျရင် ပိုပြီးတော့ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်မှာပါ။

ဟန်ကျွယ်ဟာ လီရွှမ်အောက်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ စောင့်နေတာကို ရှာတွေ့သွားတဲ့အတွက် တာအိုဘုံကျောင်းထဲ ကောက်ရွှေ့လိုက်ပါတယ်။ လီရွှမ်အောက်ဟာ မှင်တက်သွားပြီး ဟန်ကျွယ်ကို ခါးသီးစွာ ငေးကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော်လာတာ ငါးခါရှိပြီ၊ နောက်ဆုံးတော့ ဂိုဏ်းချုပ်က ကျွန်တော် တွေ့ချင်ပြီပေါ့”

လီရွှမ်အောက်ဟာ သူအမှားတစ်ခုခု လုပ်ထားလို့ ဟန်ကျွယ်က သူ့ကို မတွေ့တာလို့ တွေးထင်နေတာပါ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အခုအချိန်ကစပြီး ငါတစ်ခါ ဂူအောင်းကျင့်ကြံရင် နှစ်ငါးထောင် ကြာလိမ့်မယ်၊ မင်း တခြားတပည့်တွေကို ပြောပြလိုက်”

လီရွှမ်အောက်ဟာ ရင်ထဲက အလုံးကြီးကျသွားပြီး အခုမှပဲ ပြုံးနိုင်ပါတယ် “မစိုးရိမ်ပါနဲ့၊ အခုလက်ရှိ တိတ်ဆိတ်ဂိုဏ်းက ကြီးမားကျယ်ပြန့်နေပါပြီ၊ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ဘယ်သူမှ ကျွန်တော်တို့ကို ကိုင်လှုပ်နိုင်စွမ်း မရှိဘူး၊ တခြားတာအိုပညာရှိ ဂိုဏ်းတွေကလည်း ကျင့်ကြံခြင်းနဲ့ အလုပ်များနေတော့ ကျွန်တော်တို့ကို ဂရုမစိုက်အားဘူး”

ဟန်ကျွယ်ဟာ လီရွှမ်အောက်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ လီရွှမ်အောက်က ဆက်ပြောပါတယ် “ဂိုဏ်းချုပ်... ကျွန်တော် နောက်ထပ် ပါရမီရှင်တစ်ရာကို ထပ်သွင်းချင်တယ်၊ ကျွန်တော် သွင်းလို့ရမလား...”

တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ နာမည်ကြီးပါတယ်။ ဂိုဏ်းထဲမှာ တာအိုပညာရှိနှစ်ပါး ရှိနေတာနဲ့တင် လောကကို တုန်လှုပ်စေပါတယ်။ ဒါတင် မကသေးပါဘူး။ တာအိုပညာရှိဂိုဏ်း အကုန်လုံးက တိတ်ဆိတ်ဂိုဏ်းကို မျက်နှာသာ ပေးကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ တစ်မူထူခြားတဲ့ တည်ရှိမှုတစ်ခု ဖြစ်ပါတယ်။ ဒီလိုလွှမ်းမိုးမှုတွေကြောင့် တိတ်ဆိတ်ဂိုဏ်းဟာ အလွန်တရာမှ ဆွဲဆောင်မှု ရှိလှပါတယ်။ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ချင်တဲ့လူက လက်ချိုးရေလို့တောင် မရပါဘူး။ ဒါကြောင့် ပါရမီရှင်တွေ ပေါ်လာတာက အဆန်းတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကောင်းပြီ၊ အခုစီစဉ်လိုက်”

လီရွှမ်အောက်ကလည်း လက်ခံပါတယ်။ သူက ဒီကိစ္စအတွက်နဲ့ လာခဲ့တာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး လီရွှမ်အောက်ကို အပြင်ဘက် ပို့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးပါတယ်။ နောက်နေ့မှာပဲ လီရွှမ်အောက်ဟာ တပည့်တစ်ရာကို ဦးဆောင်ခေါ်လာပါတယ်။ ဟန်ကျွယ်ဟာ တပည့်တစ်ရာကို တာအိုစက်ကွင်းထဲ ရွှေ့ပြောင်းလိုက်ပါတယ်။

တပည့်တစ်ရာ ထပ်ရောက်လာတာက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက သက်ရှိတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တပည့်တစ်ရာရဲ့ အရည်အချင်းတွေက ထူးချွန်ထက်မြက်တဲ့အတွက် ၈၀ ရာခိုင်နှုန်းလောက်ကို တပည့်ရင်းတွေကို တပည့်အဖြစ် လက်ခံလိုက်ကြပါတယ်။ ဒီကိစ္စက တခြားအမည်ခံတပည့်တွေကို‌ တော်တော်လေး လှုံ့ဆော်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တွေရဲ့ ကိစ္စကို အာရုံစိုက်ခြင်းမရှိဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှု ပိုမြင့်လာလေလေ စွမ်းအား ပိုကြီးချင်လေလေပါပဲ။

အမှောင်တားမြစ်နယ်မြေမှာ ဟန်ထော်နဲ့ ယီတျန်ဟာ ကောင်းကင်စစ်သား တစ်သန်းကို ဟင်းလင်းပြင်ဆီ ဦးဆောင်လာပါတယ်။ သူတို့အားလုံးဟာ အရပ်မျက်နှာတစ်ဖက်တည်းကိုပဲ ဦးတည်နေကြပါတယ်။ အဲဒီနေရာကတော့ အလွန်ကြီးမားတဲ့ မျှော်စင်တစ်ခု ဖြစ်ပါတယ်။ ဒီမျှော်စင်မှာ အထပ် ဘယ်နှထပ်ရှိတယ်ဆိုတာ နတ်မျက်စိနဲ့ကြည့်ရင်တောင် မပြောနိုင်ပါဘူး။

မျှော်စင်ဟာ ဟင်းလင်းပြင်ထဲမှာ တိတ်တဆိတ် မားမားမတ်မတ် ရပ်တည်နေပြီး မရေမတွက်နိုင်တဲ့ နတ်ဆိုးငှက်တွေက မျှော်စင်ကို ဝန်းရံလှည့်ပတ်နေပါတယ်။ ဒီနတ်ဆိုးငှက် အရေအတွက်က ဟန်ထော်တို့ ဦးဆောင်လာတဲ့ ကောင်းကင်စစ်သား အရေအတွက်နဲ့ နှိုင်းယှဉ်ရင် မိုးနဲ့မြေလိုပါပဲ။

ယီတျန်ဟာ တံတွေးကို မျိုချလိုက်ပါတယ် “ငါတို့တွေ တကယ်တိုက်မှာလား”

ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အခုမှ နောက်ဆုတ်မလို့လား၊ ရှက်ဖို့ မကောင်းဘူးလား”

“ဒီမဟာတာအိုမျှော်စင်က ထူးဆန်းလွန်းတယ်၊ ကြည့်ရုံနဲ့တင် ဝိညာဉ်စုပ်ယူခံလိုက်ရသလို ခံစားရတယ်၊ ငါတို့တောင် ဒီလို ဖြစ်နေရင် ငါတို့ထက် ကျင့်ကြံမှုနိမ့်တဲ့လူတွေဆို ဘယ်လိုခံစားရမလဲ...” ယီတျန်ရဲ့အသံဟာ အနည်းငယ် တုန်နေပါတယ်။

ဟန်ထော်ဟာ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ စဉ်းစားလိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ထော်ရဲ့ နားထဲကို အသံတစ်သံ ဝင်လာပါတယ် “မင်းတိုက်ချင်ရင် တိုက်... ငါလည်း တိုက်မယ်...”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အသံကြောင့် ဟန်ထော်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး နတ်လှံတံကို ထုတ်ယူလိုက်ပါတယ်။ ဒီနတ်လှံက ဆယ်ပေရှည်ပြီး အနီရောင်နဂါး တစ်ကောင်နဲ့ ရွှေရောင် နဂါးတစ်ကောင် ရစ်ခွေနေတာကြောင့် ရောင်ဝါက တော်တော်လေး ကြမ်းပါတယ်။

“ကောင်းကင်စစ်သားတွေ... နားထောင်ကြ... ငါတို့တွေ မဟာတာအိုမျှော်စင်ကို မရမချင်း သတ်ဖြတ်ကြမယ်”

ဟန်ထော်ဟာ နတ်လှံကိုမြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။ ဟန်ထော်ရဲ့အသံဟာ မိုးခြိမ်းသံလိုမျိုး ဟင်းလင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ သက်တန့်အသွင် ပြောင်းလဲပြီး မဟာတာအိုမျှော်စင်ကို ပထမဆုံး တိုက်ခိုက်လိုက်ပါတယ်။ လက်ရှိ ဟန်ထော်ဟာ အရင်တုန်းက လူငယ်လူရွယ်လေး မဟုတ်တော့ပါဘူး။ လူအများ လေးစားကြောက်ရွံ့တဲ့ နတ်စစ်သူကြီးတစ်ပါး ဖြစ်နေပါပြီ။

ယီတျန်လည်း ဟန်ထော်နောက်ကနေ ထက်ကြပ်မကွာ လိုက်သွားပါတယ်။ ကောင်းကင်စစ်သားတွေကလည်း ဆူနာမီလှိုင်းလို မဟာတာအိုမျှော်စင်ဆီ တစ်ဟုန်ထိုး ပြေးတက်ပါတယ်။

တစ်ချိန်တည်းမှာပဲ မဟာတာအိုမျှော်စင်ထဲက ကျိုးဖန်ဟာ ခန်းမတစ်ခုထဲမှာ ထိုင်နေပါတယ်။ သူ့ရှေ့မှာ အလင်းတိုင်တစ်တိုင် ရှိနေပြီး ကြယ်မျိုးစုံ ပေါလောမျောနေပါတယ်။ ဒီကြယ်တွေဟာ အိပ်မက်ထဲက ကြယ်ပင်လယ်လိုမျိုး အရောင်တလက်လက်နဲ့ တောက်ပနေပါတယ်။

အလင်းတိုင်ထဲကနေ ရှေးကျတဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ် “မင်း ဒီလမ်းကို လျှောက်ချင်တာ သေချာပြီလား၊ ခုနစ်ပါးတာအိုပညာရှိက နှစ်ပေါင်း ဆယ်ဘီလီယံကျော် ကြိုးစားတာတောင် မအောင်မြင်ခဲ့ဘူး”

ကျိုးဖန်ဟာ မျက်လုံးပွင့်လာပြီး တက်ကြွစွာ ပြောလိုက်ပါတယ် “ကျွန်တော်က သူ့ထက် စွမ်းအားပိုကြီးတယ်၊ ကျွန်တော် ကျိန်းသေပေါက် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်”

“ထူးဆန်းတယ်၊ မင်းက မဟာတာအိုကို လှမ်းဝင်နေပြီပဲ၊ မင်းရဲ့ မဟာတာအိုက ငါရဲ့ မဟာတာအိုကို မငြင်းဆန်ဘူး”

“ဒီအကြောင်းကြောင့်သာ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိမှာလဲ” ကျိုးဖန်ဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ်။ ဟန်ကျွယ် သူ့ကို သင်ပေးထားတဲ့ မဟာတာအိုက အရမ်းစွမ်းအားကြီးတယ် မဟုတ်ပါလား။

ရှေးကျတဲ့အသံက ထပ်ပြောပါတယ် “ထားလိုက်ပါတော့... မင်းက မဟာတာအိုမျှော်စင်ကို ရထားပြီဆိုတော့ ငါ မင်းကို ဒီတာအို ဆက်ခံခွင့်ပေးမယ်၊ ဒီလမ်းက ပြန်လမ်းမရှိဘူး၊ ဆက်တိုက် တိုက်ခိုက်ပြီး သတ်ဖြတ်နေဖို့ လိုတယ်”

ကျိုးဖန်က ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ကျွန်တော်က ဘယ်တုန်းကမှ တိုက်ပွဲတွေကို မကြောက်ဘူး၊ ကျွန်တော်က တိုက်ခိုက်ဖို့ မွေးဖွားလာတာ”

“ဝုန်း...”

မဟာတာအိုမျှော်စင်ဟာ အရှိန်ပြင်းစွာ ဝင်တိုက်ခံရသလိုမျိုး ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။

ကျိုးဖန်ဟာ မတ်တတ်ရပ်ပြီး ဆဲဆိုလိုက်ပါတယ် “ခွေးမသားတွေ လာပြန်ပြီလား... မင်းတို့တွေက ငါကျိုးဖန်ကို ဗိုလ်ကျလို့ရတယ် ထင်နေတာလား၊ ဟွန်း... ဒီတစ်ခါတော့ ငါက မင်းတို့တွေ ရန်စချင်တိုင်း ရန်စလို့ရတဲ့ လူမဟုတ်ဘူးဆိုတာကို သိသွားအောင် သင်ခန်းစာ ကောင်းကောင်းပေးပြမယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters