တာအိုပညာရှိများအား စည်းရုံးခြင်း
Vol. 64 Ch. 684
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ ပန်ကူးခန်းမ။
ပန်ကူးနဲ့ ကျင်းရှန်ဟာ မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။ ပန်ရှင်းဟာ မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ရာကို တော်တော်လေး မကျေမနပ် ဖြစ်နေပါတယ် “နှစ်ထောင်ချီပြီ၊ မင်း စီစဉ်ထားတဲ့ ပါရမီရှင်တွေဆီကနေ ဘာသတင်းမှ မကြားရသေးဘူးလား”
ကျင်းရှန်ဟာ တစ်ခဏ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေပါတယ် “ကျွန်တော်မှာ တပည့်တစ်ယောက်မှ မရှိဘူး၊ ကျွန်တော်က ကောင်းကင်တာအိုထဲမှာ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်နေခဲ့တာ၊ ကျွန်တော် စေလွှတ်လိုက်တဲ့ လူခုနစ်ယောက်က ကျွန်တော်ရဲ့ လမ်းညွှန်မှုကို တစ်ခါနှစ်ခါ ရထားရုံပဲ၊ ကျွန်တော် သူတို့နဲ့ သိပ်ပြီး မရင်းနှီးဘူး”
“အဲဒါဆို... မင်းဘာလို့ သူတို့ကို လွှတ်လိုက်သေးလဲ” ပန်ရှင်းက ဒေါသတကြီး မေးလိုက်ပါတယ်။
“စီနီယာက တောင်းဆိုမှတော့ ကျွန်တော်က ရတဲ့နည်းနဲ့ လုပ်ရတာပေါ့”
“မင်း စောစောက ပြောပါလား...” ပန်ရှင်းဟာ ဒေါသအိုးပေါက်ကွဲလုနီး ဖြစ်သွားပါတယ် ‘ဒီကောင်က ယုံကြည်ရတဲ့ နောက်လိုက် တစ်ယောက်မှ မရှိဘူးပဲ’
ကျင်းရှန်ဟာ တိတ်ဆိတ်နေပါတယ်။
ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် ကျင်းရှန်က သူ့ကို လှောင်ပြောင်နေတယ်လို့ ပန်ရှင်း ခံစားလိုက်ရပါတယ်။ ဒါကလည်း အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။ တာအိုပညာရှိ ဖြစ်လာပြီးနောက်ပိုင်း ကျင်းရှန်က သူ့ကို အရင်လို မကြောက်တော့ပါဘူး။
ပန်ရှင်းဟာ ကျင်းရှန်ထက် စွမ်းအားပိုကြီးပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုထဲမှာ တာအိုပညာရှိတွေကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီတာအိုပညာရှိက စိတ်လွတ်သွားတာ ဒါမှမဟုတ် နည်းလမ်းတစ်ခုခုသုံးပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ ဖြတ်တောက်ခံရမှပဲ သေမှာပါ။
ပန်ရှင်းဟာ တခြားလူတွေရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ ခွန်အားကလွဲရင် တခြားဟာတစ်ခုခုကို သုံးဖို့လိုတယ်လို့ သဘောပေါက်သွားပါတယ် ‘ဒီတာအိုပညာရှိတွေ ကြောင်သူတော် ကြွက်သူခိုးယောင် ဆောင်ပြီး ဒီလောက် အကြံအစည်များတာ မထူးဆန်းတော့ပါဘူး...’
တစ်ခါတစ်လေမှာ အကြံအစည်က လက်သီးထက် ပိုပြင်းတယ် မဟုတ်ပါလား။
ပန်ရှင်းဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ထားလိုက်တော့၊ လောလောဆယ် တိတ်ဆိတ်ဂိုဏ်းကိစ္စကို ဘေးဖယ်ထားရအောင်၊ ဧကရာဇ်ရှောင်က သင့်တော်တဲ့ ပဋိပက္ခကမ္ဘာကို ရှာတွေ့ထားပြီးပြီ၊ အများဆုံး နှစ်တစ်သောင်းအတွင်း ငါ အဲဒီကမ္ဘာကို လမ်းဖောက်မယ်၊ အဲဒီအချိန်ကျရင် လူတိုင်းဝင်ဖို့လွယ်မှာ မဟုတ်ဘူး၊ ငါတို့တွေ ကနဦးအဆင့်မှာ ကြမ်းခင်းအရည်အချင်းကို သတ်မှတ်ရလိမ့်မယ်၊ မင်းလည်း မင်းပိုင်တဲ့ အင်အားစုကို ပျိုးထောင်ထားချည်၊ ငါ မင်းတပည့်တွေကို ဒီလမ်းထဲ အရင်လျှောက်ခိုင်းပြီး ပဋိပက္ခကမ္ဘာမှာ အခွင့်အရေးသွားရှာခွင့် ပေးမယ်”
“ကျေးဇူးပါပဲ စီနီယာ”
ပန်ရှင်းဟာ ဘာမှထပ်မပြောတော့ဘဲ လက်ဝှေ့ယမ်းပြီး ကျင်းရှန်ကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ကျင်းရှန်ဟာ မတ်တတ်ရပ်ပြီး ထွက်သွားသွားပါတယ်။ ပန်ရှင်းဟာ ထွက်ခွာသွားတဲ့ ကျင်းရှန်ကို ကြည့်ရင်း မျက်တောင်တစ်ချက် ခတ်လိုက်ပါတယ် “ကြည့်ရတာ ငါ တခြား တာအိုပညာရှိတွေကို စည်းရုံးဖို့ နည်းလမ်းရှာမှပဲ၊ ငါ စွမ်းအားကြီးလာမှ ဒီကောင်က ငါ့ကို တကယ်အညံ့ခံလာမှာ”
အမှောင်တားမြစ်နယ်မြေမှာ မဟာတာအိုမျှော်စင်ဟာ ပေါလောမျောနေပါတယ်။ မဟာတာအိုမျှော်စင်ရဲ့ ပတ်လည်မှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးငှက်တွေနဲ့ ကောင်းကင်စစ်သားတွေ ရှိနေပါတယ်။ နှစ်ဖက် အင်အားစု အကြားမှာတော့ ဟင်းလင်းပြင်ထဲ ပေါလောမျောနေတဲ့ ကျောက်သားဇရပ်တစ်ခု ရှိနေပါတယ်။ ကျိုးဖန်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ဟန်ထော်နဲ့ ယီတျန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်မှာ တောင်ကြီးတစ်တောင်လို မတ်မတ် ရပ်နေကြပါတယ်။
ကျိုးဖန်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒီအတိုင်းပဲ ထားမယ်နော်၊ အနာဂတ်မှာ အမှောင်တားမြစ်နယ်မြေကို တိတ်ဆိတ်ဂိုဏ်းနဲ့ ကောင်းကင်ရုံးတော်က အညီအမျှခွဲဝေ အုပ်ချုပ်မယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ နှစ်ထောင်ချီ ပြင်ဆင်ပြီးတဲ့ နောက်မှာတော့ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ကျိုးဖန် ကျေနပ်စေမဲ့ ဧရာမ အစီအစဉ်ကြီးတစ်ခုကို ရေးဆွဲနိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်သာ အောင်မြင်မယ်ဆိုရင် ကောင်းကင်ရုံးတော်က မိုးပေါ် ထိုးတက်သွားမှာပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းရဲ့ ဆရာသခင်ရော ဘယ်လိုနေလဲ၊ ခုနစ်ပါး တာအိုပညာရှိ အသတ်ခံရတာကို သူ ဘယ်လိုသဘောထားလဲ”
“ဆရာသခင်က ကျင့်ကြံအားထုတ်နေတာပဲ၊ ဘာမှမဖြစ်ပါဘူး၊ ခုနစ်ပါး တာအိုပညာရှိကိုတော့ ဆရာသခင်က သိတောင်သိမယ် မထင်ဘူး”
ကျိုးဖန်ဟာ ငတုံးမဟုတ်တဲ့အတွက် ခုနစ်ပါး တာအိုပညာရှိကို သတ်သွားတာက ဟန်ကျွယ်ပါလို့ ထုတ်မပြောပါဘူး။ ခုနစ်ပါး တာအိုပညာရှိက မဟာတာအိုပညာရှိပါ။ ဟန်ကျွယ်ရဲ့ အသက်က ဘယ်လောက်မှ မရှိသေးပါဘူး။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ မဟာတာအိုပညာရှိကို သတ်နိုင်တဲ့ သတင်းသာ ပျံ့နှံ့သွားရင် ကျိန်းသေပေါက် ပြဿနာများမှာပါ။
နောက်ပြီး ခုနစ်ပါး တာအိုပညာရှိနဲ့ ဆက်ဆံရေးကောင်းတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း မနည်းပါဘူး။ ပြီးခဲ့တဲ့ ကောင်းကင်တာအိုကို တိုက်ခိုက်တဲ့ ကပ်ဘေးတွေ အကုန်လုံးက ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေ ကြံစည်ထားတာပါ။
“ဒါလည်း ဟုတ်တာပဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အတိတ်ကို လွမ်းဆွတ်သွားပါတယ်။ အရာများစွာကို ရင်ဆိုင်ကြုံတွေ့ရလေလေ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အတိတ်ကို သတိရလေလေပါပဲ။
အတိတ်မှာတုန်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်တာအိုထဲမှာ တောက်ပတဲ့ဂုဏ်ရှိန် ရှိခဲ့ပြီး မျိုးဆက်တွေလည်း မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လက်တစ်ဆုပ်စာ လူတွေပဲ ရှင်သန်နိုင်ခဲ့ပါတယ်။ သူ့သားလည်း တစ်ယောက်ပဲ ကျန်ပါတော့တယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ရဲ့ သားက ကောင်းကောင်းမွန်မွန် ရှင်သန်နေပြီး အရမ်းကျေးဇူး သိတတ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ အမြဲတမ်း တစ်ယောက်တည်း နေပါတယ်။ ပြောရမယ်ဆိုရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ကျွယ်က လုံးဝ ဆန့်ကျင်ဘက်လမ်းကို လျှောက်နေသလိုပါပဲ။ အစပဲဖြစ်ဖြစ် အလယ်ပဲဖြစ်ဖြစ် လုံးဝကို မတူပါဘူး။
ယီတျန်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “အရင်တုန်းက ဟန်ထော်ရဲ့ သွေးစည်း ပဲ့တင်ထပ်ခဲ့တယ်၊ အဲဒါက သူ့ညီ မဟုတ်ရင် သူ့ညီမကြောင့်မလား၊ အဲဒီကလေးရဲ့ အရည်အချင်းက ဘယ်လိုရှိလဲ”
ယီတျန်ရဲ့ မေးခွန်းကို ကြားရတဲ့အခါမှာတော့ ဟန်ထော်လည်း အဖြေကို သိချင်သွားပါတယ်။ ကျိုးဖန်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်ပါတယ် “မင်းတို့တွေ သိထားပြီးပြီဆိုမှတော့ ငါ ဖုံးကွယ်မနေတော့ဘူး၊ ဆရာသခင်ရဲ့သားက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ ဒါပေမဲ့ အခုထိ ပျိုးထောင်တဲ့ အဆင့်မှာပဲ ရှိသေးတယ်၊ ဒီလောက်အကြာကြီး ကိုယ်ဝန်ဆောင်ပြီး ပျိုးထောင်ရတဲ့ လူသား သန္ဓေသားလောင်းကို ငါ တစ်ခါမှ မကြားဖူးဘူး၊ သူက အနာဂတ်မှာ ကျိန်းသေပေါက် ပဋိပက္ခကို ကိုင်လှုပ်မဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာမှာ၊ ဆရာသခင်ရဲ့ အရည်အချင်းကိုတောင် အမွေဆက်ခံနိုင်လောက်တယ်”
ကျိုးဖန်ရဲ့ စကားကြောင့် ယီတျန်ဟာ ပိုပြီးတော့ သိချင်သွားပါတယ်။ ဟန်ထော်ရဲ့ မျက်နှာကတေ့ ရှုပ်ထွေးသွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကတော့ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အဲဒါ တကယ်ပဲ ဖြစ်နိုင်တယ်၊ ဟန်ကျွယ် ဟန်ထော်ကို မွေးတုန်းက တာအိုကို မရသေးဘူး၊ အခု ဟန်ကျွယ်က လွတ်လပ်တာအိုပညာရှိနဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှု ဖြစ်နေပြီ၊ သူ့သွေးစည်းက ပိုသန်မာလာမှာပဲ”
ကျိုးဖန်ဟာ ခေါင်းညိတ်ပြီး စကားဆက်ပြောပါတယ်။
ယီတျန်ဟာ ဟန်ထော်ကို အပြုံးနဲ့ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် “မင်းညီရဲ့ အရည်အချင်းကို မနာလိုမဖြစ်နဲ့” ဟန်ထော်ဟာ မျက်လုံးကို ပင့်တင်လိုက်ပါတယ် “ငါတို့က ညီအစ်ကိုတွေလေ၊ ဘာဖြစ်လို့ မနာလိုဖြစ်ရမှာလဲ၊ ငါက အဖေ သူ့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ သိချင်ရုံပဲ”
ယီတျန်ဟာ ဟန်ထော် ဘာကိုဆိုလိုလဲဆိုတာ နားလည်ပါတယ်။ ဟန်ထော်ဟာ အရွယ် ရောက်လာပြီးနောက် လောကတစ်ခွင်ကို တစ်ကိုယ်တော် လှည့်လည်ခဲ့ပါတယ်။ ယီတျန်လိုမျိုးပဲ ဟန်ထော်လည်း မှီခိုအားထားစရာ မရှိခဲ့ပါဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ ခံစားချက်ချင်း ထပ်တူကျပြီး ပဲ့တပ်ထပ်ကြတာပါ။
ဟန်ထော်ရဲ့ ညီလေးက နည်းမျိုးစုံနဲ့ အချစ်ခံရမယ်ဆိုရင် ယီတျန်လည်း ခံစားချက်ကောင်းမှာ မဟုတ်ပါဘူး။
လေးငါးဆယ်နာရီ အကြာမှာတော့...
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “ဒါပဲ၊ နောက်တစ်ကြိမ်ကျရင် ငါ ဟန်ထော်ကို မင်းဆီ လွှတ်လိုက်မယ်၊ မင်း မဟာတာအိုမျှော်စင်ကို တတ်နိုင်သလောက် မြန်မြန် ထိန်းချုပ်သင့်တယ်၊ ဒီရတနာက အဓိကသော့ချက်ပဲ”
ကျိုးဖန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဒါဆို လိုက်မပို့တော့ဘူး...”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်ဝှေ့ယမ်းပြီး အင်မော်တယ်တွေကို ဦးဆောင် ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် နှစ်ငါးထောင် ဂူအောင်းကျင့်ကြံပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းက ၂၂၀,၀၀၀ ကျော်သွားပြီး လွတ်လပ်မှု လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လာပါတယ်။
ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှု တိုးတက်တာနဲ့ ပတ်သက်ပြီး အတော်လေး ကျေနပ်ပါတယ်။ နောက်ထပ် သုံးလေးကြိမ်လောက် ဂူအောင်းလိုက်ရင် ထိပ်ဆုံးအဆင့်ကို ထိုးဖောက်နိုင်တော့မှာပါ။ ဒီလိုဆိုရင် မဟာတာအိုပညာရှိအဆင့်က လက်တစ်ကမ်းအကွာကို ရောက်လာမှာပါ။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို အကဲခတ်ဖို့ ပြင်လိုက်စဉ်မှာပဲ အသံတစ်သံကို ကြားလိုက်ရပါတယ်။
“တာအိုရောင်းရင်းဟန်... စကြဝဠာခန်းမကို လာခဲ့ပါဦး”
ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံပါ။ ကောင်းကင်အရှင်ရွှမ်တုက တကယ်ကို အချိန်တွက်တတ်ပါတယ်။
ဟန်ကျွယ်ဟာ အထက်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ သူနဲ့ မရင်းနှီးတဲ့ တာအိုပညာရှိ မရှိဘူးဆိုတာကို တွေ့လိုက်ရမှ စကြဝဠာခန်းမကို ခုန်တက်လိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို အပြုံးနဲ့ ကြိုဆိုပြီး နေရာထိုင်ခင်း ပေးပါတယ် “တာအိုရောင်းရင်းဟန်က တော်တော်ကြိုးစားတာပဲ၊ ဒီအတိုင်း ဆက်သွားရင် နှစ်ဆယ်သန်းအတွင်း မဟာတာအိုကို ရယူနိုင်လောက်တယ်”
‘နှစ်ဆယ်သန်း... ငါ့ကို အထင်သေးတာလား...’ ဟန်ကျွယ်ဟာ တဟားဟား ရယ်မောလိုက်ပါတယ် “အဲဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“တခြားပါရမီရှင်ဆိုရင် နတ်ဒေါင်းအရှင်တောင် မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ တာအိုရောင်းရင်းဟန် ဆိုရင်တော့ အရာအားလုံးက ဖြစ်နိုင်တယ်”
ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ ဘာမှမတတ်နိုင်ဘဲ ရယ်မောလိုက်ရပါတယ် ‘ငါက နှစ်တစ်သိန်းအတွင်း မဟာတာအိုကို ရယူနိုင်မှာကွ...’
တကယ်တော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရှေ့မှာ မမောက်မာပါဘူး။ ကောင်းကင်အရှင်ရွှမ်တုကို ကြောက်လို့တော့ မဟုတ်ပါဘူး။ သူ့အစွမ်းကို တခြားသူတွေသိအောင် မပြချင်တာပါ။
“ပြောပါဦး... ဒီတစ်ခါ ဘာကိစ္စလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ကောင်းကင်တာအို ကံတရား အထောက်အပံ့က ထပ်တိုးလာတဲ့အတွက် အရာအားလုံးက အဆင်ပြေ ချောမွေ့လောက်တယ်လို့ ဟန်ကျွယ် ခန့်မှန်းထားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဒီအတောအတွင်း ပန်ရှင်းက တခြားတာအိုပညာရှိတွေကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနေတယ်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်တို့က ပန်ရှင်းနားကို တော်တော်လေး ကပ်နေတယ်၊ ငါတို့တွေ ဒီကိစ္စကို သတိထားရမယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ မရယ်မိအောင် ထိန်းလိုက်တာပါ။ တခြားတာအိုပညာရှိတွေရင် ဟန်ကျွယ်ဟာ စိုးရိမ်ကောင်း စိုးရိမ်မိမှာပါ။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တု ပြောတဲ့ တာအိုပညာရှိသုံးပါးကိုတော့ ဟန်ကျွယ်ဟာ မစိုးရိမ်ပါဘူး။ ပန်ရှင်းက သူ့ကျွန် သုံးယောက်ကို စည်းရုံးနေတာ မဟုတ်ပါလား။
ဒါက ထောင်ချောက်ထဲ ခုန်ဆင်းတာနဲ့ အတူတူပါပဲ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ငါ သူတို့ကို မေးဖို့လိုလား၊ သူတို့တွေ ငါ့ကို မနိုင်တော့ မျက်နှာတော့ ပေးမှာပဲ”
ဟန်ကျွယ်ဟာ ပန်ရှင်းကို ထပ်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ ပန်ရှင်းကသာ ကောင်းကင်တာအိုရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးဖို့ ကြိုးစားမယ်ဆိုရင် ဟန်ကျွယ်ဟာ အားနာနေမှာ မဟုတ်ပါဘူး။ ပန်ရှင်းက သူ့မိတ်ဆွေ စာရင်းထဲ ဝင်တယ်ဆိုပေမဲ့ မျက်နှာသာပေးမှုက သိပ်မမြင့်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “လောလောဆယ်တော့ မလိုသေးဘူး၊ ငါက တာအိုရောင်းရင်းဟန်ကို သတိပေးရုံပဲ၊ တာအိုရောင်းရင်းဟန်မှာ သူ့ကို အနိုင်ယူဖို့ နည်းလမ်း ရှိလား”
“ငါတို့မှ မတိုက်ခိုက်ဖူးတာ ဘယ်လိုလုပ် သိမှာလဲ၊ ဒါပေမဲ့ သူက ကောင်းကင်တာအိုရဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်လာရင်တော့ ငါ အစွန်းကုန် ကြိုးစားပြီး တိုက်ခိုက်ရမှာပဲ၊ တကယ်တော့ သူမှ မဟုတ်ပါဘူး၊ ဘယ်တာအိုပညာရှိပဲဖြစ်ဖြစ် ကောင်းကင်တာအိုရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးရဲရင် အဲဒီလူကို ငါ အလွတ်မပေးဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။