← Chapters

ပဋိပက္ခ ကောင်းကင်လမ်း

Vol. 64 Ch. 685

ပဋိပက္ခ ကောင်းကင်လမ်း

Vol. 64 Ch. 685

ဟန်ကျွယ်ရဲ့ ကတိစကားကို ကြားရတဲ့အခါမှာ ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းညိတ်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်က သူ့ကို သတိပေးတာလို့တောင် တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ အထိတ်တလန့် မဖြစ်ပါဘူး။

ကောင်းကင်အရှင်ရွှမ်တုဟာ ကိုယ်ကျိုးအတွက် အဆက်အသွယ်တွေ တကယ် တည်ဆောက်နေတာပါ။ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။ သူသာ တကယ်တမ်း အာဏာကို တပ်မက်တယ်ဆိုရင် ကောင်းကင်တာအိုကို ပြန်မလာခဲ့ပါဘူး။ အဆုံးသတ် အပျက်အစီးနတ်ဘုံမှာ ဆက်နေပြီး မဟာတာအိုပညာရှိတွေနောက်ကိုလိုက်ရင် ဒီထက် ပိုပြီးတော့ အာဏာရှိမှာပါ။ ကောင်းကင်အရှင်ရွှမ်တု ကောင်းကင်တာအိုကို ပြန်လာတာက သူ့ကို မွေးဖွားခဲ့တဲ့ သူ့မွေးရပ်မြေကို ကာကွယ်ချင်လို့ပါ။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ငါ ပန်ရှင်းကို ဆက်ပြီးတော့ စောင့်ကြည့်မယ်၊ ကောင်းကင်တာအိုရဲ့ ရှင်သန်မှုကို မသက်ရောက်ဘူးဆိုရင် ငါ သူလုပ်တာတွေကို မျက်စိမှိတ်ပေးထားလိုက်မယ်... ဒါနဲ့ တာအိုရောင်းရင်းဟန် လွမ်ဟွေ အာကာသကို ဘယ်လိုထင်လဲ”

“အဲဒါက မင်းစခဲ့တဲ့ အကြံပဲလေ၊ မင်းဘာသာ ဆုံးဖြတ်ပေါ့”

“ငါ လွမ်ဟွေအာကာသကို ပဋိပက္ခထဲ တွန်းပို့ဖို့ စီစဉ်ထားတယ်၊ မဟုတ်ရင် သေမျိုးကမ္ဘာရဲ့ စွမ်းအားကို မှီခိုရုံနဲ့တင် လွမ်ဟွေအာကာသ တည်ရှိဖို့ မလိုတော့ဘူး၊ ဘာပဲဖြစ်ဖြစ် မြေအင်မော်တယ်ကမ္ဘာကို ကောင်းကင်တာအိုက ပိုင်ဆိုင်သွားပြီလေ”

“ကောင်းပြီလေ... မင်းဘာသာ ကြည့်စီစဉ်လိုက်”

ဟန်ကျွယ်ဟာ နောက်ဆုံး ဆုံးဖြတ်ချက်ချသလိုမျိုး ခေါင်းညိတ်လိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ အမူအရာကိုကြည့်ပြီး ဒေါသမထွက်ပါဘူး။ အဲဒီအစား ပျော်တောင် ပျော်ပါသေးတယ်။ ဟန်ကျွယ်က ဒီကိစ္စတွေမှာ ပိုပြီးတော့ ဝင်ပါမယ်ဆိုရင် သူ ဟိတ်ဟန်ထုတ်ဖို့ ခက်မှာပါ။ ကောင်းကင်အရှင်ရွှမ်တု ဟန်ကျွယ်ကို သူ့ဘက်ပါအောင် စည်းရုံးတာက ဟန်ကျွယ်ရဲ့ စွမ်းအားကြောင့်ပါ။ အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ စကားနည်းနည်းပါးပါး ထပ်ပြောကြပါတယ်။

ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို အိပ်မက်ပေးပြီး ပန်ရှင်းက သူ့ကို ဘာလို့ရှာလဲဆိုတာ မေးလိုက်ပါတယ်။

“ဘာကိစ္စဖြစ်ရမှာလဲ၊ ကျွန်တော့်ကို စည်းရုံးချင်တာလေ၊ သူကျင့်ကြံမှုက ရုတ်တရက် တိုးသွားပေမဲ့ သူ့အကြံအစည်တွေက ကလေးလိုပဲ၊ ကျွန်တော် စကားနည်းနည်းပါးပါး ပြောလိုက်တာနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ထွက်သွားတယ်” ကောင်းကင်အရှင်ဝူဖာဟာ ပန်ရှင်းကို အကောင်းမမြင်တဲ့အပြင် အထင်တောင် သေးနေပါသေးတယ်။

ကောင်းကင်အရှင်ဝူဖာဟာ ပန်ရှင်းကို မယှဉ်နိုင်ဘူးဆိုပေမဲ့ သူလည်းပဲ လွတ်လပ် တာအိုပညာရှိပါ။ ဒါကြောင့် ပန်ရှင်းကို တန်းတူထားပြီး ကြည့်နိုင်ပါတယ်။

ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ် “မင်း သူနဲ့ နီးနီးကပ်ကပ်နေပြီး သူ ဘာကြံနေလဲဆိုတာ စောင့်ကြည့်ချည်”

ကောင်းကင်အရှင် ဝူဖာဟာ ပြုံးလိုက်ပါတယ် “ဟုတ်ကဲ့ပါ... သူသာ ပြဿနာ ရှာချင်တယ်ဆိုရင် တတ်နိုင်သလောက် မြန်မြန်ဖြေရှင်းတာက ကောင်းတဲ့ကိစ္စပဲ”

“အင်း” ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်ပြီး လက်တွေ့လောကကို ပြန်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ချုံရှီလိုင်နဲ့ ဂိုဏ်ချုပ်တျန်ကျွယ်တို့ကို အိပ်မက်ပေးပြီး ကောင်းကင်အရှင်ဝူဖာကို ခိုင်းသလိုမျိုး ပန်ရှင်းကို စောင့်ကြည့်ခိုင်းပါတယ်။ ပန်ရှင်းက သူတို့ကို ဆက်ပြီးတော့ လာရှာမယ်ဆိုရင် တစ်ခါတည်းငြင်းဖို့ မလိုပါဘူး။

စီစဉ်သင့်တာတွေ စီစဉ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ကြည့်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ ဗိုက်ထဲက သန္ဓေသားလောင်းဟာ ပျိုး‌ထောင်တဲ့အဆင့်က မတက်သေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အသက်ဓာတ်က သာမန်အင်မော်တယ်တွေကို ကျော်တက်သွားပါပြီ။ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုကလည်း ပုံမှန် တိုးတက်နေပါတယ်။ သူတို့ သားအမိနှစ်ယောက်က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီသလိုမျိုး အပြန်အလှန် ထောက်ပံ့နေကြပါတယ်။

ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသားကို မျှော်ကြည့်မိလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ဟန်ထော်ကို တွေးမိလိုက်ပါတယ်။ သူ့အငယ်ဆုံးသားရဲ့ အရည်အချင်းက ထက်မြက်လွန်းတဲ့အတွက် ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသားကို အပြင်ထွက်မခံဘဲ သူ့ဘေးနား ခေါ်ထားမှာပါ။ ဒါပေမဲ့ ဒီကိစ္စကို ဟန်ထော်သာ သိရင် တခြားအတွေးတွေ ရှိလာနိုင်ပါတယ်။

သူသာ ဟန်ထော် နေရာမှာဆိုရင်လည်း နေလို့ထိုင်လို့ကောင်းမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်က ဟန်ထော်ကို တိတ်တဆိတ် ကူညီပြီး ကာကွယ်စောင့်ရှောက်ပေးနေတယ်ဆိုပေမဲ့ ဒီအကြောင်းတွေကို ဟန်ထော်က ရှင်းရှင်းလင်းလင်း မသိပါဘူး။ သေချာစဉ်းစားပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ဟန်ထော်ကို အိပ်မက်ထဲကနေ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီမတိုင်ခင် ဟန်ကျွယ်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်ပါတယ်။ ဟန်ထော်က အန္တရာယ်ကြားထဲ ရောက်မနေဘဲ ကျင့်ကြံအားထုတ်နေတယ်ဆိုတာကို သိရမှ ဟန်ကျွယ်ဟာ ဟန်ထော်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဟန်ထော်က ကျိုးဖန်နဲ့ မတူပါဘူး။ ဟန်ထော်က သူ့ရဲ့မျိုးဆက် ဖြစ်တဲ့အတွက် တွက်ချက်ဖို့ လွယ်ပါတယ်။ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကိုတောင် သုံးစရာ မလိုပါဘူး။

အိပ်မက်ထဲမှာ...

ဟန်ထော်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ငေးကြောင်သွားပါတယ်။

အရင်တုန်းက ဟန်ကျွယ် ပေါ်လာတိုင်းမှာ နတ်အလင်းရောင်တွေ လွှမ်းခြုံထားခဲ့ပါတယ်။ အခုလို ဟန်ထော်ရှေ့မှာ မူလရုပ်နဲ့ ပေါ်လာတာက ဒါပထမဆုံးအကြိမ်ပါပဲ။ ဟန်ထော်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး သူ့အဖေကို ဦးညွှတ်လိုက်ပါတယ်။

ဟန်ထော်ဟာ တော်‌တော်လေး တရိုတသေ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအဖေနဲ့ နှစ် ၂၀ ပဲ အတူနေထိုင်ခဲ့လို့ပါ။ အသက်တစ်သိန်းကျော်နေတဲ့ သူ့အသက်နဲ့ နှိုင်းယှဉ်ရင် နှစ် ၂၀ က တိုတောင်းလွန်းပါတယ်။ ဘယ်လောက်တောင် တိုတောင်းလွန်းလဲဆိုရင် မှတ်ဉာဏ်ထဲကနေ မေ့ပျောက်လုနီးနီးပါပဲ။

ဟန်ကျွယ်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေပြီ ဖြစ်တဲ့ ဟန်ထော်ကိုကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ အရင်တစ်ခေါက် တွေ့တုန်းကနဲ့စာရင် ဟန်ထော်ရဲ့ ရောင်ဝါက ပိုပြီးတော့တောင် အားကောင်းလာပါတယ်။ ဟန်ထော်ရဲ့ ရောင်ဝါက ရှန်စစ်သူကြီး၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးတို့ထက် မနိမ့်ကျပါဘူး။ တကယ်တော့ ဟန်ထော်ရဲ့ စိတ်နေသဘောထားက ပိုပြီးတော့တောင် သန်မာပါသေးတယ်။ ဒီလိုတည်ငြိမ်တဲ့ ကိုယ်ဟန်ကိုရဖို့ မရေမတွက်နိုင်တဲ့ မုန်တိုင်းတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှာ ကျိန်းသေပါတယ်။

“တော်တယ်၊ မင်း တာအိုပညာရှိအတု ဖြစ်လာပြီပဲ၊ ငါ့ကို မျက်နှာမပျက်စေဘူး”

ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်ထော်ဟာ စိတ်လှုပ်ရှားသွားပါတယ် “ဒါတွေ အကုန်လုံးက အရှင်မင်းကြီးကို ကျေးဇူးတင်ရလိမ့်မယ်၊ ဒါပေမဲ့ အရှင်မင်းကြီး ကျွန်တော်ကို ဂရုစိုက်တာကလည်း အဖေကြောင့်ပါ”

ဟန်ထော်ဟာ သူ့စွမ်းဆောင်ရည်ကို သူသိပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေမဲ့ အကြိမ်တိုင်းမှာ သူ့ကို ဟန်ကျွယ်လို သဘောထားပြီး ဆက်ဆံနေတာပါ။ ဒါကြောင့် ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ သူ့အဖေကြားထဲက ဆက်ဆံရေးကို သံသယတောင် ဝင်သွားပါတယ်။

“ငါ မင်းကို လာတွေ့တာက ဆန်းကြယ်စွမ်းအားတစ်ပါး သင်ပေးမလို့ပဲ” ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ် သူသား ရှေ့မှာ အေးစက်တဲ့မျက်နှာကို မပြပါဘူး။

ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်ထော်ဟာ ပိုပြီးတော့ စိတ်လှုပ်ရှားသွားပါတယ်။

ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ ဆန်းကြယ်စွမ်းအားကို စတင်သင်ကြားပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်မှာတုန်းက သူလည်းပဲ သူ့မိဘတွေက သူ့ကို ဂရုမစိုက်ဘူးလို့ စောဒကတက်ခဲ့လို့ပါ။ အခုသူလည်းပဲ မသိမသာနဲ့ အဲဒီလိုမိဘမျိုး ဖြစ်လာပါပြီ။

ဒါပေမဲ့ ဒီစိတ်က အခွင့်အရေးလိုပဲ ချက်ချင်း ရောက်လာပြီး ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော် မထွက်ခွာခင်တုန်းက ဟန်ထော်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့ပါတယ်။ သူက ဟန်တော်ကို မောင်းထုတ်လိုက်တာ မဟုတ်ပါဘူး။ ဟန်ထော်ဘာသာ သူ့စိတ်နဲ့သူ ထွက်သွားတာပါ။

‘ငါ့စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေစရာ မလိုဘူး၊ ဒီဘဝမှာ ငါက ငါ့အတွက်ပဲ အသက်ရှင်မယ်၊ ကူညီနိုင်ရင် ငါ့ဘေးနားကလူတွေကို ကူညီမယ်၊ မကူညီနိုင်ဘူးဆိုရင်လည်း သူတို့ကြောင့် ဝန်ထုပ်ဝန်ပိုး အဖြစ်မခံဘူး’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပိုပြီးတော့ ပြတ်သားသွားပါတယ်။

ဟန်ကျွယ်ဟာ သူ့ဘေးနားကလူတွေကို ဂရုစိုက်ပြီးသားပါ။ အနည်းဆုံး သူ့တပည့်တွေ အသက်ရှင်နေသေးပြီး သူတို့တွေ အိပ်မက်တောင် မမက်ခဲ့တဲ့ အဆင့်အတန်းတွေ အောင်မြင်မှုတွေကို ရရှိနေကြပါပြီ။

ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်အခြေအနေဟာ ပြောင်းလဲသွားပြီးနောက် ပုံမှန် ပြန်ဖြစ်သွားပါတယ်။ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်တွေကများ စိတ်ခံစားချက်နဲ့ လိုအင်ဆန္ဒအတွက် ဒုက္ခအရောက်ခံမှာလဲ။

စာစောင်တွေကို ဖတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။

“ဒီနေ့ ငါပန်ရှင်းက ငါရဲ့ တာအိုအသီးကို အသုံးပြုပြီး ကောင်းကင်တာအိုနဲ့ ပဋိပက္ခကို ဆက်သွယ်ထားတဲ့ ပဋိပက္ခ ကောင်းကင်လမ်းကို ဖွင့်လှစ်တယ်၊ ကောင်းကင်တာအို သက်ရှိတွေ ပဋိပက္ခ ကောင်းကင်လမ်းထဲဝင်ပြီး ပဋိပက္ခဆီ သွားလာနိုင်တယ်၊ ပဋိပက္ခ ကောင်းကင်လမ်းမှာ ကောင်းကင်တာအိုရဲ့ ကာကွယ်မှုကို ရရှိလိမ့်မယ်” ပန်ရှင်းရဲ့အသံဟာ ကောင်းကင်တာအို တစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။

လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။

တာအိုပညာရှိတွေလည်း တအံ့တဩ ဖြစ်ကုန်ကြပါတယ်။

ကျယ်ပြောလှတဲ့ ကောင်းကင်တန်ခိုးဟာ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံသွားပါတယ်။ တစ်ချိန်တည်းမှာပဲ အရှေ့အရပ်မှာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ဟာ ရွှေရောင်မိုးအသွင် ပြောင်းလဲပြီး ပြန့်ကျဲကျသွားပါတယ်။ အဲဒီနောက် ရွှေရောင်မိုးရေစက်တွေဟာ ရွှေရောင်လမ်းတစ်ခုအဖြစ် လျင်မြန်စွာ ခဲသွားပြီး အင်မော်တယ်ကမ္ဘာ အရှေ့ဒေသ အစွန်းကနေ ပဋိပက္ခနက်ထဲကို အလွန်လျင်မြန်တဲ့အရှိန်နဲ့ ရှည်ထွက်သွားပါတယ်။

ပဋိပက္ခမြို့နားမှာရှိတဲ့ သက်ရှိတွေဟာ အံ့ဩကုန်ကြပါတယ်။

“ဒါက ပဋိပက္ခ ကောင်းကင်လမ်းလား...”

“တော်တော် များတဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ပဲ၊ ဒါ တာအိုပညာရှိလား...”

“မင်းက ပဋိပက္ခကို သွားချင်တာလား... ဘာဖြစ်လို့လဲ”

“ပဋိပက္ခထဲမှာ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်လို့ ပြောကြတယ်၊ ပဋိပက္ခက ပင်လယ်ဆိုရင် ကောင်းကင်တာအိုက ပင်လယ်ထဲမှာရှိတဲ့ ရေစက်တစ်စက်ပဲ”

“တာအိုပညာရှိ ပန်ရှင်းက ယုံကြည်လို့ရပါ့မလား”

ဒီလိုစကားမျိုးတွေက ပဋိပက္ခမြို့ထဲမှာတင် ပြောဆိုနေကြတာ မဟုတ်ပါဘူး။ အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းမှာ ပြောဆိုနေကြတာပါ။

ပန်ရှင်းက ရှေးဟောင်း တာအိုပညာရှိ မဟုတ်တဲ့အပြင် ကံတရား အထောက်အပံ့ဂိုဏ်းလည်း မရှိပါဘူး။ သက်ရှိအားလုံးကလည်း ပန်ရှင်းဆိုတဲ့ နာမည်နဲ့ သိပ်မရင်းနှီးတဲ့အတွက် ပဋိပက္ခ ကောင်းကင်လမ်းကို သိပ်မယုံကြပါဘူး။ ဟန်ကျွယ်ကတော့ ပန်ရှင်းစကားကို ကြားပေမဲ့ ဂရုမစိုက်ဘဲ ဆက်ပြီးတော့ ကျင့်ကြံပါတယ်။

ပန်ရှင်းက ကောင်းကင်တာအိုကိုတော့ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ အများဆုံး တာအိုပညာရှိတွေကို အကောက်ကြံရုံလောက်ပါ။ ပဋိပက္ခ ကောင်းကင်လမ်းကို ဖွင့်လှစ်လိုက်ရုံနဲ့ ပန်ရှင်းက တခြား တာအိုပညာရှိတွေကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

နှစ်ငါးထောင် ဂူအောင်းကျင့်ကြံမှု ပြီးဆုံးတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်ပြီးတော့ အများကြီး တိုးတက်သွားပါတယ်။

ဟန်ကျွယ် အဆင့်မတက်တာ နှစ်သုံးသောင်းနီးပါး ရှိခဲ့ပါပြီ။ ဟုတ်ပါတယ်။ ဟန်ကျွယ် ကံကောင်းကင်ကို ကျိန်စာတိုက်ပြီးကတည်းက အဆင့်မတက်ခဲ့တာပါ။ ဟန်ကျွယ် ကျင့်ကြံမှုကို အာရုံစိုက်လိုက်ရင် အချိန်ကုန်ဆုံးတာက တော်တော်လေးကို မြန်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters