အဆင့်ထိုးဖောက်ခြင်း၊ ထိပ်ဆုံးအဆင့်
Vol. 64 Ch. 687
“ဒါဆိုရင် ဗုဒ္ဓဂိုဏ်းက မင်းကို အခွင့်အရေးထပ်ပေးပြီး ဗုဒ္ဓထပ်ဖြစ်လာအောင် ကြံစည်နေတာရော မဖြစ်နိုင်ဘူးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ စကားကို လက်မခံပါဘူး။
“ကျွန်တော်က အဲဒီအခွင့်အရေးကို မှီခိုပြီး စွမ်းအားကြီးလာတာ၊ ပြီးတော့မှ ဗုဒ္ဓဂိုဏ်းထဲ ရောက်သွားတာ၊ အဲဒီ အခွင့်အရေး ရပြီးပြီးချင် ဗုဒ္ဓဂိုဏ်းထဲ ဝင်ခဲ့တာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။
ချူရှီရန်က အလေးအနက် ဆက်ပြောပါတယ် “ဆရာဘိုးဘိုး... ကျွန်တော် မကြာခင် တာအိုပညာရှိအတု ဖြစ်လာတော့မှာ၊ ကျွန်တော်ကို အပြင်ထွက်ခွင့် ပြုပါ၊ ဆရာဘိုးဘိုးက ကျွန်တော်တို့ကို ဒီလောက်ကြာအောင် စောင့်ရှောက်ခဲ့ပြီပဲ၊ ဆရာဘိုးဘိုးက ကျွန်တော်တို့ကို အလှထိုင်ကြည့်မလို့လား၊ တစ်နေ့ကျရင် ဆရာဘိုးဘိုးလည်း ကျွန်တော်တို့ရဲ့ အကူအညီကို ကျိန်းသေပေါက် လိုအပ်လာမှာပါ”
“ကျွန်တော် ပဋိပက္ခထဲမှာ တာအိုပညာရှိဖြစ်လာခဲ့ရင် ကျိန်းသေပေါက် တိတ်ဆိတ်ဂိုဏ်းကို ပြန်လာပြီး တိတ်ဆိတ်ဂိုဏ်းကို ဒီထက် ပိုတိုးတက်အောင် စွမ်းဆောင်မှာပါ၊ ဆရာဘိုးဘိုး ပြောတဲ့ စကားက မှန်တယ်၊ လောကကြီးမှာ ဒုက္ခခံစားရတာတွေကို မမြင်ချင်ဘူးဆိုရင် ကျင့်ကြံမှုကို စွန့်ပစ်တာလောက် မရိုးရှင်ဘူး၊ အကြွင်းမဲ့ စွမ်းအားကြီးပြီး လောဘအားလုံးကို ဖိနှိပ်နိုင်မှပဲ ရလိမ့်မယ်”
“ကျွန်တော် ဆရာဘိုးဘိုးရဲ့ စကားအတိုင်း စွမ်းအားအကြီးဆုံးဖြစ်အောင် ကျင့်ကြံပြီး တကယ့်အေးချမ်းပြီး သာယာလှပတဲ့ ကမ္ဘာကို ဖန်တီးချင်တယ်”
ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ စကားကို နားထောင်ပြီး ဆွံအသွားပါတယ် ‘မင်းက ငါ့ကြိုးနဲ့ ငါ့ကို ပြန်ချည်နေတာလား...’
“ဒီလိုဆိုရင်လည်း သွား၊ ပဋိပက္ခက အရမ်းအန္တရာယ်များတယ်၊ နောက်ကျရင် ကျန်တဲ့တပည့်တွေလည်း ပဋိပက္ခကို သွားမှာပဲ၊ မင်းတို့တွေ သေရင် ငါ တစ်ယောက်ချင်း လိုက်မကယ်နိုင်ဘူး”
ချူရှီရန်ဟာ ရင်ထဲမှာ ထိသွားပြီး အလေးအနက် ကတိပေးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့ ဆရာဘိုးဘိုး... ကျွန်တော် ဆရာဘိုးဘိုးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး၊ နောက်ပြီး ကျွန်တော်ရဲ့ ရတနာတွေကို ထုတ်မပြသလို တခြားသူတွေနဲ့လည်း မတိုက်ခိုက်ပါဘူး၊ ကျွန်တော်က ဒုက္ခသိပ်မရောက်တတ်ပါဘူး၊ တကယ်လို့ ဒုက္ခရောက်ခဲ့ရင်လည်း ကျွန်တော်ကိုယ် ကျွန်တော် အားကိုးနိုင်ပါတယ်”
ဟန်ကျွယ်ဟာ ဘာမှပြောစရာ မရှိတော့တဲ့အတွက် ချူရှီရန်ကို သွားပြီး ပြင်ဆင်ခိုင်းလိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဘယ်တပည့်ရင်းမှ ချူရှီရန်နဲ့ လိုက်သွားဖို့ ဟန်ကျွယ်ကို လာမတောင်းဆိုပါဘူး။ အဲဒီနေ့မှာပဲ ဟန်ကျွယ်ဟာ ချူရှီရန်ကို အပြင်ဘက် ပို့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို လှမ်းကြည့်လိုက်ပြီး စာစောင်တွေကို ဖတ်ပြီးတဲ့နောက် ထပ်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။
၂,၇၃၁ နှစ် ကြာတဲ့အခါမှာတော့...
ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်နိုင်သွားပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၂၃၄,၈၄၁/၉,၄၀၇,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လွတ်လပ်မှု လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
သူ့ရဲ့ ရှည်လျားလှတဲ့ သက်တမ်းကို ကြည့်ပြီး ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ် ‘နောက်ကျလို့ ငါ မဟာတာအိုပညာရှိအဆင့်ကို ထိုးဖောက်နိုင်ခဲ့ရင် ငါ့သက်တမ်းက နောက်ထပ် ဂဏန်းနှစ်လုံးစာ တိုးသွားမှာပဲ..’ တွေးကြည့်ရုံနဲ့တင် ဟန်ကျွယ်ဟာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင် ဆက်ပြီးတော့ ကျင့်ကြံပါတယ်။ သူ့ကျင့်ကြံမှု လုံးဝခိုင်ခံ့ တည်မြဲဖို့အတွက် ဟန်ကျွယ်ဟာ နှစ်ငါးဆယ် အချိန်ယူလိုက်ရပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားတွေကို အဆင့်မမြှင့်ဘဲ စာစောင်တွေကို အရင်စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်ရန်သူ ကျောက်စိမ်းဗောဓိ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်သား ဟန်ထော်သည် သင့်ရန်သူ ကျောက်စိမ်းဗောဓိ၏ ဖိနှိပ်ခြင်းကို ခံရပြီး စိတ်ဆန္ဒ အားသုံးဖျက်ခြင်းကို ခံနေရ၏။]
[သင့်တပည့် ကျိုးဖန်သည် မဟာတာအိုမျှော်စင်နှင့် ပေါင်းစပ်ပြီး ခန္ဓာကိုယ်မှာ မဟာတာအိုခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလဲကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မြေးတပည့် ချူရှီရန်သည် ပဋိပက္ခရုပ်ကြွင်းကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်ရန်သူ ကျိန်စာနတ်ဘီလူး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဧကရာဇ်ဟုတ်ထိုသည် ဘိုးဘေးမှော်ပညာရှိ ဆယ့်နှစ်ပါးအား အသက်ပြန်သွင်းလိုက်သဖြင့် မှော်မျိုးနွယ်စု၏ ကံတရား အထောက်အပံ့သည် များစွာ တိုးတက်သွား၏။]
‘ကျောက်စိမ်းဗောဓိ... ကောင်းတယ်... မင်းက ငါ့ရဲ့ နောက်ထပ် ပစ်မှတ်ပဲ’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာစတိုက်ပါတယ်။ ဟန်ကျွယ်အတွက် အဆင့်ထိုးဖောက်ဖို့က လွယ်ကူတာ မဟုတ်ပါဘူး။ ဒီလိုအဆင့်ထိုးဖောက် ပြီးပြီးချင်း ကျိန်စာတိုက်ဖို့ ရန်သူတွေ့တာကလည်း ပို့လို့တောင် ရှားပါသေးတယ်။ ဟန်ကျွယ်ဟာ သူ အမှောင်သခင်ကြီးဆိုတာ ပေါ်သွားမှာကို မကြောက်ပါဘူး။ တကယ်လို့ တခြား မဟာတာအိုပညာရှိတွေ ခန့်မှန်းမိရင်လည်း ဟန်ကျွယ်ကို ကြောက်ပြီး ဟန်ကျွယ်ဘေးနားက လူတွေကို ဆက်ပြီးတော့ တိုက်ခိုက်ရဲတော့မှာ မဟုတ်ပါဘူး။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျင်မြန်စွာ လျော့ကျသွားပါတယ်။
တခြားတစ်ဖက်မှာတော့...
တောက်ပတဲ့ခန်းမတစ်ခုမှာ ခမ်းနားထည်ဝါတဲ့ ဗုဒ္ဓရုပ်တုတစ်ခု မတ်မတ်ရပ် နေပါတယ်။ ဝိုင်းဝန်းတဲ့ စင်မြင့်တစ်ခုပေါ်မှာတော့ တာအိုကျင့်ကြံသူနှစ်ပါး ထိုင်နေကြပါတယ်။ ကျောက်စိမ်းဗောဓိနဲ့ ကျဲ့ယင်တို့ပဲ ဖြစ်ပါတယ်။
ကျဲ့ယင်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “သူက ကျိန်စာတိုက်နေတုန်းပဲလား...”
ကျောက်စိမ်းဗောဓိဟာ အံကြိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ကျိန်စာစွမ်းအားက ရုတ်တရက်ကြီး ပိုအားကောင်းလာတယ်”
ကျဲ့ယင်ဟာ သက်ပြင်းချလိုက်ပါတယ် “မင်းက ကောင်းကင်ရုံးတော်ကို ဒုက္ခပေးချင်နေတာကိုး... မင်းဘာလို့ မတွေးမိရတာလဲ၊ ကောင်းကင်ရုံးတော်မှာ နောက်ခံမရှိရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဘယ်လိုဖြစ်ပြီး အင်အားကြီးလာနိုင်မှာလဲ၊ ပြီးခဲ့တဲ့ ကံကောင်းကင်က ကောင်းကင်ရုံးတော်နဲ့ ဘာမှပတ်သက်မှု မရှိဘူးလို့ ထင်နေတာလား၊ အမှောင်သခင်ကြီးက ဟန်ကျွယ်နောက်ကွယ်မှာရှိတဲ့ တည်ရှိမှုတစ်ခု ဖြစ်နိုင်တယ်၊ ဟန်ကျွယ် မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဂရုစိုက်တယ်၊ မင်း ဖမ်းထားတဲ့ အင်မော်တယ်တွေအထဲမှာ ဟန်ကျွယ်ရဲ့သားလည်း ပါတယ်၊ သူက ဘယ်လိုလုပ်ပြီး မင်းကို မမုန်းဘဲ နေမှာလဲ”
ကျောက်စိမ်းဗောဓိရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ် “ဟန်ကျွယ်က အမှောင်သခင်ကြီးအပေါ် ဒီလောက် လွှမ်းမိုးနိုင်လိမ့်မယ်လို့ ငါ ဘယ်လိုလုပ်ပြီး ထင်မိမှာလဲ”
အတိတ်မှာတုန်းက ကျောက်စိမ်းဗောဓိ ဟန်ကျွယ်ကို စသိတုန်းက ဟန်ကျွယ်ဟာ ပုရွက်ဆိတ်တစ်ကောင်ပါ။ ဒါပေမဲ့ နှစ်ဘယ်လောက်မှ မကြာသေးပဲ ဟန်ကျွယ်က သူ ရန်စလိုမရတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာပါပြီ။
နောက်ထပ် အားကောင်းတဲ့ ကျိန်စာရဲ့ တိုက်ခိုက်မှုက ကျောက်စိမ်းဗောဓိရဲ့ စိတ်ဆန္ဒကို ဆွဲနှစ်လုနီးပါးပါပဲ။
ဒါကို ခံစားမိတဲ့ ကျဲ့ယင်ဟာ မျက်နှာပျက်သွားပါတယ် ‘သေစမ်း... ဒီကောင်က ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းရတာလဲ၊ အရင်တစ်ခေါက် ဆွမ်တိကို ကျိန်စာတိုက်တုန်းကထက်တောင် ပိုပြင်းလာပါ့လား...’
‘အမှောင်သခင်ကြီးက ဆက်တိုက် စွမ်းအားကြီးလာတာလား ဒါမှမဟုတ် စတေးမဲ့ သက်ရှိတွေကို ပိုရှာတွေ့သွားတာလား...’
ကျောက်စိမ်းဗောဓိက အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ငါတို့တွေ ဘာလုပ်ကြမလဲ၊ ငါ ဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး”
“ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်၊ ငါ မင်းရဲ့ ဝိညာဉ်နှစ်ကို ကာကွယ်ပေးမယ်၊ မဟာတာအို ကပ်ဘေး ကျရောက်လာရင် ငါ မင်းနဲ့ ဆွမ်တိကို အသက်ပြန်သွင်းပေးမယ်”
ကျောက်စိမ်းဗောဓိဟာ ကျဲ့ယင်ရဲ့ စကားကို လက်မခံချင်ပါဘူး။ ဒါပေမဲ့ အခြေအနေတွေက ဒီလိုမလုပ်ရင် မဖြစ်တဲ့အထိကိုတောင် ရောက်နေပါပြီ။
“ကောင်းပြီလေ”
ကျောက်စိမ်းဗောဓိဟာ ကျဲ့ယင်ရဲ့ အကြံကို သဘောတူလိုက်ပြီး တစ်ခါတည်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကာ လက်ကျန်ဝိညာဉ်တစ်စပဲ ချန်ထားလိုက်ပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကျောက်စိမ်းဗောဓိ သေဆုံးပြီး လက်ကျန်ဝိညာဉ်သာ ကျန်ရှိတော့၏။]
ဟန်ကျွယ် ဒီစာစောင်ကို မြင်တွေ့လိုက်ရတဲ့အချိန်မှာ ကျိန်စာတိုက်တာ ပစ်မှတ် ပျောက်သွားပါတယ်။
‘မြန်လှချည်လား... ငါ သက်တမ်း ၁၀ ဘီလီယံတောင် မသုံးရသေးဘူး...’ ဟန်ကျွယ်ဟာ သူက အရင်ကထက် အများကြီး စွမ်းအားကြီးလာတယ်လို့တောင် ထင်မိသွားပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်ရင် တစ်ဖက်လူက ဒီကိစ္စကို အတွေ့အကြုံရှိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျိန်စာ ခဏလေးတိုက်ရုံနဲ့ လက်ကျန်ဝိညာဉ်ပဲ ကျန်ရှိတော့တာက နည်းနည်းတော့ မသင်္ကာစရာ ကောင်းပါတယ်။
‘ဒီလူက လျှို့ဝှက်နည်းလမ်းတချို့ကို တတ်ကျွမ်းတာလား... အင်း... ဒါကလည်း မဟာတာအိုပညာရှိ ဖြစ်နိုင်ပါတယ်လေ’
မဟာတာအိုပညာရှိတွေက သူတို့ကိုယ်သူတို့ မသေနိုင်ဘူးလို့ အထင်ရောက်နေပေမဲ့ လက်တွေ့မှတော့ သေခြင်းတရားက သူတို့ဆီကို အချိန်မရွေးဘဲ ရောက်လာတတ်ပါတယ်။ ဒီလိုနဲ့ပဲ ပုစီချီတောက်တစ်ယောက် ဘိုးဘေးရှီတျန် သတ်တာကို ခံလိုက်ရတာ မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ ကျောက်စိမ်းဗောဓိက ဟန်ကျွယ်ကို အချိန်တိုအတွင်း ပြဿနာရှာနိုင်တော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆန်းကြယ်စွမ်းအားတွေကို စတင်သုံးသပ်နားလည်ပါတယ်။
တခြားတစ်ဖက်မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ နန်းတော်တစ်ခုမှာ ဟန်ထော်နဲ့ ယီတျန်တို့ အကျဉ်းချထားခံရပါတယ်။ သူတို့နဲ့အတူ အင်မော်တယ် သုံးလေးရာလည်း ရှိနေပါတယ်။
ယီတျန်က စနောက်လိုက်ပါတယ် “ရောင်းရင်းဟန်... ငါတို့တွေ လောင်းကြေးစားကြေး ထပ်ကြမလား၊ ဒီတစ်ခါလည်း ကျောက်စိမ်းဗောဓိ သေမသေ ဆိုတာကိုလေ...”
ဟန်ထော်ဟာ မျက်လုံးကို ပင့်တင်လိုက်ပါတယ် “မင်းက ငါတို့တွေ အကြိမ်တိုင်း ကံကောင်းမယ်လို့ ထင်နေတာလား”
ယီတျန်က ခေါင်းခါလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ကံကောင်းတာ ဖြစ်နိုင်မှာလဲ၊ ငါ့အမြင်မှာ သာလွန်တည်ရှိမှုတစ်ခုက ငါတို့ကို ကာကွယ်နေတာပဲ၊ တာအိုပညာရှိတွေတောင် သူ့ကို မယှဉ်နိုင်ဘူး၊ ဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ”
ယီတျန်ရဲ့ စကားကြောင့် ဟန်ထော်ဟာ သူ့အဖေကို ချက်ချင်း တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ထော်ဟာ သူတို့ကို ကာကွယ်နေတာက သူ့အဖေပါလို့ သေချာ မပြောနိုင်ပါဘူး ‘ငါ့အဖေက ဒီလောက်တောင် စွမ်းအားကြီးပါ့မလား...’
ဟန်ထော် မယုံလည်း မယုံချင်စရာပါ။ အရင်တစ်ခေါက် အိပ်မက်ထဲမှာ တွေ့တုန်းက ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့ကလွဲပြီး တခြားမှီခိုစရာမရှိလို့ မျက်စိကိုဖွင့်ပြီး နားကိုစွင့်ထားဖို့ ဟန်ကျွယ်က အကြိမ်ကြိမ် သတိပေးခဲ့တယ် မဟုတ်ပါလား။ ဒီလိုအပြုအမူတွေက သူတို့ရဲ့ ကလေးတွေကို ချစ်မြတ်နိုးတဲ့ စွမ်းအားကြီး တည်ရှိမှုတွေနဲ့ သိပ်မတူပါဘူး။
ဟန်ထော်ဟာ ပြုံးမိလိုက်ပါတယ် ‘ငါ ဘာတွေ တွေးနေတာလဲ၊ ယီတျန်ရဲ့ မဟုတ်တဲ့စကားတွေကို ယုံမိရတယ်လို့... အခုအချိန်မှာ ငါတို့က အကျဉ်းသားတွေ ဖြစ်နေတုန်း၊ ကိုယ့်အသက်တောင် ကိုယ်မပိုင်တဲ့ဟာကို...’
ဒီအချိန်မှာပဲ အားကောင်းတဲ့ ရောင်ဝါတစ်ခုဟာ အမှောင်ထုထဲကနေ အကျဉ်းထောင်ကို တိုက်ခိုက်လိုက်တဲ့အတွက် အလွန်ကြမ်းတမ်းတဲ့ လေပြင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။
အင်မော်တယ်တွေဟာ ကြောက်လန့်တကြား မတ်တတ်ရပ်လိုက်ကြပါတယ်။ အကျဉ်းထောင်ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး လက်ဝှေ့ယမ်းကာ အကျဉ်းထောင်မှာရှိတဲ့ ကန့်သတ်စည်းတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီရုပ်သွင်ကတော့ တခြားလူ မဟုတ်ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ပါ။
“အရှင်မင်းကြီး...” အင်မော်တယ်တွေဟာ ကျေနပ် အံ့အားသင့်သွားကြပါတယ်။
ဟန်ထော်ကတော့ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ယီတျန်ဟာ ဟန်ထော်ရဲ့ ပခုံးကိုပုတ်ပြီး ပြောလိုက်ပါတယ် “ကဲ ငါပြောတာကို ယုံပြီလား၊ အဲဒီအံ့ဖွယ်ပုဂ္ဂိုလ်က ဘယ်လိုလူလဲဆိုတာကို ငါ မသိရုံပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။